လူပျိုလှည့်တေး
အပိုင်း ၁၃
ပျင်းစရာကောင်းသော ခေတ်မီသည့် တရုတ်ဘာသာစကားအတန်းတွင်။
ကျင်းရှီသည် ငိုက်မျဉ်းနေပြီး စားပွဲပေါ် မေးစေ့ကို ထောက်ကာ ညင်သာစွာ သမ်းလိုက်သည်။ သူမ ခေါင်းလေးငုံ့ကာ ရုတ်တရက် သတိပြန်ဝင်လာ၍ ခဏကြာသောအခါ သူမစိတ်မှာ မှုန်ရီဝါးလာကာ သစ်တောက်ငှက်တစ်ကောင်လို ခေါင်းညိမ့်နေသည်။
တနင်္လာနေ့နှင့် အင်္ဂါနေ့နေ့လည်အတန်းများကို ဖြတ်သန်းရသည်မှာ အလွန်ခက်ခဲလှပါသည်။
အတန်းပြီးသည်နှင့် တစ်ပြိုင်နက် ကျင်းရှီသည် တက်ကြွသောအရှိန်ဖြင့် စာသင်ခန်းထဲမှ ထွက်သွားလေသည်။
“အမျိုးသားနေ့ ပိတ်ရက်ရောက်ရင် အပြင်ထွက်ပြီး လျှောက်လည်ကြရအောင်” ချူးကျောက်က အကြံပေးလိုက်သည်။ “ခရီးထွက်ရအောင်”
ကျင်းရှီက စကားပြန်မပြောခင် လင်းလောက ပြောလိုက်သည်။ “အမျိုးသားနေ့ အားလပ်ရက်ရှည်မှာ နေရာတိုင်းက လူတွေနဲ့ ပြည့်နေမှာ၊ နင်တို့နှစ်ယောက်က အရမ်းပုတယ်၊ အဲ့တော့ နင်တို့တွေ လူတွေကို ကြည့်ပြီး ပြန်လာရလိမ့်မယ်”
ချူးကျောက်က ကျင်းရှီကို မသိမသာ တံတောင်တွတ်ပြီး ပြောလိုက်သည်။ "ဖင်သေးလေးရှီရေ၊ သူက နင့်ကို အရပ်ပုတယ်ဆိုပြီး လှောင်နေတာပဲ၊ အဲ့လိုပုတော့ တခြားလူတွေရဲ့ ဖင်တွေကို ကြည့်ဖို့သာ သင့်တော်တယ်တဲ့”
လင်းလောသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှ မိန်းကလေးဖြစ်ကာ အရပ်ရှည်ပြီး လှပသည်။ ဒေါက်မြင့်ဖိနပ် ဝတ်ထားလျှင် အရပ်မှာ ၁၇၅ စင်တီမီတာအထိ ရှည်သွားပြီး ယောက်ျားလေးများထက် အရပ်သလိုဖြစ်နေသည်။
ကျင်းရှီနှင့် ချူးကျောက်တို့သည် သာမန် တောင်ပိုင်းမိန်းကလေးများဖြစ်ပြီး အရပ်အမောင်းတွင် အနည်းငယ် ပုကြပြီး ၁၆၀ စင်တီမီတာသို့ မရောက်နိုင်ကြပေ။ လင်းလောနှင့် အတူတွဲရပ်လိုက်လျှင် သူမသည် ကလေးမလေးနှစ်ယောက်ကို ခေါ်လာသလိုဖြစ်နေသည်။
ကျင်းရှီက ပြောလိုက်သေးသည်။ “ငါကြားသားပဲ၊ သူက ငါတို့နှစ်ယောက်လုံးကို လှောင်ပြောင်နေတာ ချူးချူး နင်ရော ဘယ်လိုသဘောရလဲ”
ချူးကျောက် - “သူက ကြောက်စရာကြီးဟ၊ သွားမလုပ်လိုက်နဲ့၊ ငါ သူ့ကို သည်းခံဖို့ ဆုံးဖြတ်ပြီးပြီ၊ နင်ရော ဘယ်လိုလဲ”
ကျင်းရှီက ခေါင်းညိမ့်ပြီး “ငါလည်း သည်းခံရမယ်”
ထိုငကြောက်နှစ်ကောင်သည် လင်းလောပြောသည်ကို အရှက်မဲ့စွာ လိုက်ပြီးနားထောင်ရန် စိတ်ပိုင်းဖြတ်ထားပြီး သူမနှင့် ငြင်းခုံရန် စိတ်တောင်မကူးတော့ပေ။
“ငါတို့တွေ
ရှုခင်းသာနေရာတွေကို ကျော်သွားနိုင်မယ်ထင်တယ် ဒါပေမယ့် ငါတို့ မြို့ထဲသွားပြီး လျှောက်လည်လို့ရသေးတယ်”
လင်းလောက ပြောလိုက်သည်။ “စားမယ်၊ စျေးဝယ်ထွက်မယ်၊ ကြောက်စရာကောင်းတဲ့ ဝင်္ကပါအသစ်တစ်ခု ဖွင့်ထားတယ်လို့ ကြားလိုက်ရတယ်၊ သွားစမ်းကြည့်ရအောင်”
“လူသုံးယောက်တည်း ဝင်္ကပါထဲ ဝင်ဖို့က မလုံလောက်ဘူးမလား”
လင်းလောက ခဏလောက်တွေးပြီး “ကောင်လေးတစ်ချို့ကို ငါတို့နဲ့ အဖော်လိုက်ခိုင်းဖို့ လာခိုင်းလိုက်လို့ရတယ်လေ၊ အဲ့လောက်လည်း ကြောက်စရာမကောင်းပါဘူး”
ကောင်မလေးများ ဆွေးနွေးနေကြစဉ် ထိုအချိန်တွင် ရန်လိုသောအကြည့်ဖြင့် ကျောင်းသားတစ်ယောက်သည် သူတို့နှင့် မျက်နှာချင်းဆိုင်တစ်ဖက်က လျှောက်လမ်းမှ ဖြတ်လျှောက်သွားသည်။
ကျင်းရှီသည် ထိုဖြတ်လျှောက်သွားသော ကောင်လေးကို တစ်နေ့က ကန်တင်းဆိုင်မှာ တွေ့ဖူးသည့် ခေါင်းပြားကောင်လေးအဖြစ် သွားမှတ်မိလေသည်။
ထိုကောင်လေးသည် ဒဏ်ရာရထားပုံပေါ်သည်။ သူ့ခေါင်းကို ပတ်တီးနှင့် ပတ်ထားပြီး ရှေ့သွားနှစ်ချောင်းမှာ ပျောက်နေပုံရသည်။
သူနှင့်မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း ဘယ်လိုဖြစ်လို့ အခုလိုမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသနည်း။
ထိုကောင်လေးမှာ အပေါင်းအဖော်အနည်းငယ်နှင့်အတူ ရောက်လာပြီး ကျင်းရှီကို ဒေါသတကြီးအော်လိုက်သည် - “ဒီမိန်းမယုတ်၊ မင်းငါ့ကို ပလေးသွားတာပဲ!”
သူ၏ ရန်ငြိုးထားနေသော အကြည့်ကို မြင်ပြီး ကျင်းရှီသည် အရပ်အရှည်ဆုံးဖြစ်သော လင်းလောနားသို့ အလိုလို ကပ်သွားလိုက်သည်။
လင်းလောက သူမကို ကာကွယ်ဖို့ ကျင်းရှီရှေ့မှာ ရပ်လိုက်သည်။ “နင်တို့တွေ အုပ်စုလိုက် ရန်ဖြစ်ချင်တာလား ဒါမှမဟုတ် မိန်းကလေးတွေကို ခြိမ်းခြောက်ချင်တာလား၊ ဘယ်သူက ပိုကျယ်ကျယ်အော်နိုင်လဲ”
“ငါအခု ဖြစ်သွားတာ မင်းကျေးဇူးကြောင့်ပဲ”
“ကျွန်မမှာ
ရှင့်ကို အဲ့လိုဖြစ်အောင် မလုပ်နိုင်ပါဘူး...အဲဒီလို လုပ်နိုင်စွမ်းလည်းမရှိဘူး” ကျင်းရှီသည် လင်းလော၏ နောက်တွင် ပုန်းနေပြီး မျက်လုံးတစ်ဖက်တည်းဖြင့် သူ့ကို ကြောက်ရွံ့စွာ စိုက်ကြည့်နေသည်။
စွန်းခိုင်က ကျင်းရှီကို တုန်လှုပ်သွားသည်အထိ ဒေါသတကြီး လက်ညှိုးထိုးပြပြီး “မင်းငါ့ကို လှည့်စားရဲတယ်ပေါ့၊ မင်းကိုယ်တိုင်ဘားမှာပေါ်မလာပဲ ငါ့ကို လှည့်စားခဲ့တယ်၊ ပြီးတော့ မင်းရဲ့အပေါစားကောင် ချွမ်က ငါ့ဆီလာပြီး ငါ့ခေါင်းကို ပုလင်းနဲ့ ရိုက်ခွဲသွားတယ်၊ အခုတော့ မင်းက ငါ့ကို သနားချင်ယောင်ဆောင်နေတယ်!”
ကျင်းရှီက ခဏလောက်စဉ်းစားပြီး “ဝိုး၊ ဒါဆို ရှင်က ကျွန်မအစ်ကိုကို ရဲစခန်းရောက်အောင် လုပ်လိုက်တဲ့ တစ်ယောက်ပေါ့”
ရှန်ဖျင်ချွမ် တစ်ယောက် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို တွေးတောရင်း သူမ ဘာတွေဖြစ်ပျက်နေသည့်ကို သူမနားလည်သွားသည်။
အရင်တုန်းက ရှန်ဖျင်ချွမ်ဟာ ထိုသို့အရှုပ်ထုပ်များကို ဖြေရှင်းပေးပြီး ကိစ္စအားလုံးကို သပ်ရပ်စွာ ကိုင်တွယ်ရာမှာ ကူညီပေးခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦး၏ ပုံစံမျိုးမဟုတ်ပဲ တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့သည်။
ထိုခေါင်းပြားပြားကောင်လေးမှာ သူမအိမ်က “ဝါရင့်ကျောင်းသားအဖွဲ့ဝင်” ကိုဒေါသထွက်အောင် လုပ်ခဲ့သောကြောင့် လူကောင်းတစ်ယောက် မဟုတ်မှန်း ထင်ရှားနေသည်။
“အဲ့အပေါစားချွမ်က ငါ့ကို လာထိရဲတော့ ငါလည်း မင်းကနေတစ်ဆင့် သူ့ကို ပြန်ဆော်မလို့ပဲ”
ကျင်းရှီက အတန်ငယ် စိတ်ဆိုးသွားပြီး “ရှန်ဖျင်ချွမ်က အပေါစားချွမ် မဟုတ်ဘူး၊ ရှင် သူ့ကို အဲ့လိုဆက်ခေါ်နေမယ်ဆိုရင် ကျွန်မ...”
စွန်းခိုင်က ရန်လိုစွာဖြင့် ရှေ့သို့ ခြေနှစ်လှမ်းလှမ်းပြီး “အဲ့တော့ မင်းက ဘာပြန်လုပ်မှာလဲ”
ကျင်းရှီသည် အနည်းငယ် နောက်ပြန်ဆုတ်သွားကာ ပါးပြင်ကို ဖောင်းလိုက်ပိန်လိုက်လုပ်ရင်း စူးရှစွာ စူးစိုက်ကြည့်နေသလို ဟန်ဆောင်ကာ “သင်ကြားရေးဌာနကို ကျွန်မ သွားပြောပြပြီး ရှင့်ရဲ့အကျင့်စာရိတ္တအမှတ်တွေကို နုတ်ဖို့ ပြောလိုက်မယ်!”
အမျိုးသား ကာကွယ်ရေး အကယ်ဒမီကျောင်းမှ ကျောင်းသား အချို့သည် ပြည်သူ့ရွေးကောက်မှုအကြောင်း သင်ကြားသည့် အတန်းကို ပြီးသွားခဲ့ကြသည်။
ပေါ်ရန်နှင့် အခြားသူများ ဤနေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်လိုက်ကြပြီး လူအုပ်ထဲသို့ တိုးဝင်ရန် ပျင်းရိစွာ လမ်းလျှောက်လာကြသည်။ ထိုလူအုပ်ထဲဝင်လာပြီးချင်းမှာပဲ ကျင်းရှီက တခြားသူ၏ အကျင့်စာရိတ္တအမှတ်ကနေ အမှတ်များကို နုတ်ပစ်မယ်ဟု ခြိမ်းခြောက်နေသည်ကို ကြားလိုက်ရသည်။
အလွန်ခက်ထန်သည့်ပုံပေါ်ပေမဲ့ အလွန်ချစ်စရာကောင်းနေသည်။
ပေါ်ရန်သည် အကဲခတ်သူအဖြစ် လက်ပိုက်လျက် မတ်တပ်ရပ်ကာ ဖျက်ခနဲ ပြုံးလိုက်သည်။
စွန်းခိုင် - “ငါထင်ထားသားပဲ မင်းနဲ့ အပေါစားရှန်ကောင်တို့က အတူတူပဲဆိုတာ၊ ဒီပုတ်ထဲက ဒီပဲတွေပဲ”
ချူးကျောက်သည် အလွန်ကြောက်သွားကြောင့် ငိုတော့မလိုဖြစ်နေသည်။ သူမသည် လင်းလောကို တွန်းလိုက်ပြီး တီးတိုးပြောလိုက်သည်။ “သူက ဘယ်လိုလုပ် ဆိုရိုးစကားတွေ သိနေရတာလဲ!”
လင်းလော - “နင်လည်း သိနေတာပဲလေ၊ ငါတို့က တရုတ်မေဂျာကပဲကို၊ ရှုံးတာကို ဘယ်တော့မှ ဝန်မခံတဲ့လူတွေလေ။ သူ့ရဲ့ တောသားဆန်နေမှုကို မကြောက်ပါနဲ့”
ချူးကျောက်သည် သူမ၏ သတ္တိကို စုစည်းပြီး စွန်းခိုင်၏ နှိပ်စက်ညှဉ်းပန်းမှု အများအပြားကို ထုတ်ဖော်ခဲ့သည် - “ကောင်လေးတစ်အုပ်စုက မိန်းကလေးတွေကို အနိုင်ကျင့်နေတယ်၊ ရှင်တို့လည်း ဒီပုတ်ထဲက ဒီပဲတွေပဲ! စိတ်ဓါတ်တွေကအတူတူပဲ!”
ကျင်းရှီက သူမကို လက်မထောင် ပြလိုက်သည်။
စွန်းခိုင် - ......
“ကောင်းပြီ
မင်းက အကြောင်းပြချက်ကို ပြောချင်နေတာ မဟုတ်လား” စွန်းခိုင်က လက်ဆွဲခေါ်ပြီး ကျင်းရှီကို တွန်းလိုက်သည်။ “မင်းအစ်ကိုက ငါ့ကိုဒီလိုထိုးခဲ့တယ်၊ အဲ့ဒါအတွက် မင်းငါ့ကို အနည်းဆုံးရှင်းပြရမယ်”
ဒီအချိန်မှာ လက်တစ်ဖက်က သူ့ပခုံးကို ဆုပ်ကိုင်လိုက်သည်။ သူ မတုံ့ပြန်ခင်မှာ သူ့လက်ကောက်ဝတ်အဆစ်ပေါ် တစ်ချက်ထုခံလိုက်ရသလို ခံစားလိုက်ရသည်။
“အိုး!” စွန်းခိုင်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ တံတောင်ဆစ်သည် ချက်ခြင်း ပြုတ်ထွက်သွားပြီး သူ့ခန္ဓာကိုယ်သည် နာကျင်စွာ တွန့်လိမ်သွားသည်။
ပေါ်ရန်သည် လက်ဆုပ်ကိုင်အား စကေး အရည်အချင်းစစ် အကဲဖြတ်ရာတွင် အကယ်ဒမီ၌ ပထမအဆင့်ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများသည် အမြဲတမ်း တိကျသည်၊ ရက်စက်ကြမ်းကြုတ်ပြီး ပြတ်ပြတ်သားသားကာ ခုခံရန် နေရာမရှိပေ။
ပေါ်ရန်လက်ထဲတွင် သူသည်ကို စွန်းခိုင်ကို သုံးချက် ငါးချက်လောက် အသာလေး ချလိုက်ပြီး ကြည့်ရှုနေသော လူအုပ်ကြီးအတွက် ကျေနပ်စရာကောင်းအောင် လုပ်ပြဖို့ အားစိုက်ထုတ်လိုက်သည်။
ပေါ်ရန်သည် စွန်းခိုင်ကို ရှုချောင်းယန် ရှေ့မှာ ပစ်ချလိုက်သည်။ အေးစက်သော လေသံဖြင့် “နည်းပြရှု၊ အခု သူက မင်းအပိုင်ပဲ”
ရှုချောင်းယန်က စွန်းခိုင်ကို ကော်လာကနေ ဆွဲကိုင်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ရှန်ဖျင်ချွမ်ကိုတော့ တိုက်ရိုက်သွားရှာဖို့ သတ္တိမရှိဘူး၊ ဒါပေမယ့် မင်းက ငါ့တပည့်ကို လာအနိုင်ကျင့်နေတယ်။ မင်း ယောက်ျားရော ဟုတ်သေးရဲ့လား!”
စွန်းခိုင်သည် အားကစားရုံတွင် ကြွက်သားများ တောင့်တင်းအောင် လုပ်နေသော်လည်း အမျိုးသား ကာကွယ်ရေး အကယ်ဒမီမှ တိုက်ခိုက်ရေးအတွက် လေ့ကျင့်ပေးထားသည့် ဆရာကြီးများကို လုံး၀ မယှဉ်နိုင်ခဲ့ပေ။ သူသည် ချက်ချင်းပဲ လက်နက်ချလိုက်ပြီး ပျော့ညံ့စွာ ဝန်ခံခဲ့သည်။
“ကျွန်တော်က သူရှင်းပြတာကို ကြားချင်လို့ပါ။ ဒီကောင်မလေးက ကျွန်တော့်ကို ပလေးခဲ့တယ်၊ အဲ့ဒါကြောင့် ဘာဖြစ်လို့ အဲ့လိုလုပ်ခဲ့လဲဆိုတာ မေးဖို့ လာခဲ့တာ၊ ဒီလောက်ပါပဲ”
ကျင်းရှီက အဖြေကို ပြောပြရန်အတွက် ရှေ့သို့ မဝံ့မရဲထွက်လာသော်လည်း ပေါ်ရန်က သူမကို ကော်လာကနေဆွဲကာ နောက်ပြန်ဆုပ်ခိုင်းလိုက်သည်။ သူက စွန်းခိုင်ကို ကြည့်ပြီး အလွန်နက်သော လေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
“မရဘူး”
စွန်းခိုင်က စိတ်ပျက်သွားပြီး စိတ်ကသိကအောင့်ဖြစ်သွားပေမယ့် သတ္တိရှိရှိ လက်သီးဆုပ်ထားဆဲဖြစ်သည် - “ဘာအကြောင်းကြောင့်လဲ!”
ကျင့်ချီသည် သူ့လက်ထဲတွင် နို့ဘူးနှစ်ဘူးကို ကိုင်ထားရင်း ရှေ့သို့ တိုးလာသည်။ စွန်းခိုင်က “မင်းဒါကို မြင်လား ရှန်ဖျင်ချွမ်က ဆရာကြီးပေါ်ကို ဂုဏ်ပြုထားတာ။ ဒီနေ့ကစပြီး ရှန်ဖျင်ချွမ်က သူ့ညီမလေးကို ဆရာပေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာပဲ ရှိနေတော့မယ်”
ကျင်းရှီ - !
အစပိုင်းမှာတော့ သူမဟာ သူတို့သည် ပေါက်ကရများ ပြောနေသည်ဟု ထင်ခဲ့သော်လည်း ကျင့်ချီ၏ လက်ထဲက မဖွင့်ရသေးတဲ့ နို့ဘူးနှစ်ဘူးကို အနီးကပ်ကြည့်လိုက်ရာ ဦးလေးရှန်က မကြာသေးမီက သြစတြေးလျမှ အလုပ်ကိစ္စနှင့် ပြန်လာခဲ့ပြီး သူမအရပ်ပိုရှည်လာရန် သူမအတွက်ယူလာပေးသော အဆီနည်းသည့် နို့ဘူးများဖြစ်ပေသည်။
မျက်စိတစ်မှိတ်အတွင်း ပေါ်ရန်လက်ထဲ ဘယ်လိုလုပ်ပြီး ရောက်သွားခဲ့သနည်း။
နို့ဘူးကိုမြင်သွားပြီး ပေါ်ရန်နောက်မှာ ကျုံ့ကျုံ့လေးနေနေသော ယုန်ငယ်လေး ကျင်းရှီကိုမြင်ရင်း စွန်းခိုင်က ရှန်ဖျင်ချွမ်မှာ အတော်ပင် ယုတ်မာသည့်ကောင်ဖြစ်သည်ဟု ခံစားမိလိုက်သည်။ သူ့ညီမကို ပေါ်ရန်၏ ကာကွယ်မှုအောက်သို့ ပို့လိုက်ခြင်းကြောင့် သူ့အနေနှင့် အခွင့်အရေး မရတော့သည့်အပြင် ကျောင်းရှိ ဘယ်ယောကျ်ားလေးကိုမှလည်း အခွင့်အရေး မပေးတော့ချေ။
“စိတ်အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်”
ဘယ်အချိန်နောက်ပြန်ဆုတ်ရမည်ကို သိတတ်ခြင်းသည် ဉာဏ်ပညာရှိခြင်း တစ်ရပ်ပင်ဖြစ်ပေသည်။ စွန်းခိုင်သည် နာကျင်နေသော လက်မောင်းကို ထောက်ကာ ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းပြီး တုံ့ဆိုင်းစွာနှင့် ထွက်သွားခဲ့သည်။
သို့သော် ကျင်းရှီက ရုတ်တရက် ပြောလိုက်သည်။ “ကျွန်မကို တောင်းပန်”
စွန်းခိုင်က ပြန်လှည့်ကြည့်ပြီး “ဘာ?”
“ရှင်က ရှန်ဖျင်ချွမ်ကို အပေါစားချွမ်လို့ ခေါ်ခဲ့တယ်၊ အဲ့ဒါကြောင့် တောင်းပန်”
စွန်းခိုင်က တုံ့ဆိုင်းသွားပြီး ပေါ်ရန်ကို ကြည့်လိုက်သည်။ ပေါ်ရန်က ပေါ့ပေါ့တန်တန်ပြောခဲ့သည် - “သူတစ်ပါးကို စော်စော်ကားကား ပြောထားရင်လည်း တောင်းပန်ရမှာ အမှန်ပဲလေ”
စွန်းခိုင်သည် နိုင်ငံတော် ကာကွယ်ရေး အကယ်ဒမီမှ ဤအဖွဲ့အား မထင်မဲ့မြင်လုပ်ရန် အမှန်တကယ်ပင် မတတ်နိုင်တော့ပေ။ သူရဲကောင်း၏ ဒေါသသည် သူ၏ ရည်မှန်းချက်ကို ထိပါးစေနိုင်သည်။ ယခုလောလောဆယ်တွင် နည်းဗျူဟာကျကျ ဆုတ်ခွာရပေမည်။
အရှက်ရသွားပြီး သူတောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်”
ရှုချောင်းယန်က ရယ်ပြီး “ကျေးဇူးပြုပြီး ကျယ်ကျယ်ပြော ငါ့တပည့်မလေး မကြားရဘူး”
“ငါတောင်းပန်ပါတယ်!” စွန်းခိုင်က အသံကျယ်ကျယ်ပြောလိုက်သည်။ “ရှန်ဖျင်ချွမ်ကို မစော်ကားသင့်လိုက်ဘူး တောင်းပန်ပါတယ်!”
ထိုသို့ထိပ်တိုက်ရင်ဆိုင်မှုကြီးသည် ပေါ်ရန်၏ လက်အောက်တွင် “အေးချမ်းစွာ” ဖြေရှင်းနိုင်လိုက်ပြီး ကျင်းရှီကို ခုတုံလုပ်ပြီး ရှန်ဖျင်ချွမ်ကို ပြန်ကလဲ့စားချေချင်သော ကျောင်းရှိ အခြားသူများကို စွန်းခိုင်၏ အဖြစ်အပျက်ဖြင့် သင်ခန်းစာပြပေးလိုက်လေသည်။
ရှန်ဖျင်ချွမ်သည် သူ့ညီမကို ပေါ်ရန်ဆီ အပ်ထားပြီး နွားနို့ဘူးနှစ်ဘူး ဆုချထားခြင်းသည် “အရင်းအမြစ်ကို ခြေကုပ်ယူထားခြင်း” ဟူ၍ လှပစွာ အကွက်ချပြနိုင်ခဲ့သည်။
ကျောင်းကလူတိုင်းသည် ပေါ်ရန်က နွားနို့သောက်ရသည်ကို ကြိုက်မှန်းသိကြသည်။ ရှန်ဖျင်ချွမ်သည် ဤဘူးနှစ်ဘူးကို ပေးခြင်းသည်လည်း သူ့အကြိုက်ကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။
ညစာစားချိန်၌ အိမ်နီးနားချင်း အဆောင်နှစ်ခန်းသည် ကျောင်းဝင်းထဲရှိဆိုင်တွင် ဟော့ပေါ့သွားစားရန် ထွက်လာမိကြသောကြောင့် သူတို့တွေ အတူတူသွားခဲ့ကြသည်။
ကျင်းရှီသည် ပေါ်ရန်ဘေးတွင်ထိုင်ကာ သူမ၏ နက်မှောင်ပြီး နူးညံ့သော မျက်လုံးတစ်စုံသည် ပေါ်ရန်၏နွားနို့ဘူးကို ခါးခါးသီးသီး စိုက်ကြည့်နေသည်။ “ဦးလေးရှန်က အဲ့ဒါတွေကို ကျွန်မအတွက် ယူလာပေးခဲ့တာ”
ပေါ်ရန်က ထိုနို့ဘူးများကို သူ့ဘေးနားသို့ တိုးထားလိုက်ပြီး “ရှန်ဖျင်ချွမ်ကို သွားရှာ။ သနားစရာအောင် လာလုပ်ပြနေတာက ငါ့အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မင်းကို တစ်စက်လေးတောင် ပေးမတိုက်နိုင်ဘူး”
သူ ထိုစကားပြောပြီးသည်နှင့် ကျင်းရှီက ပိုက်ကို သူမပါးစပ်ဖြင့် ကိုက်ပြီး အသံကျယ်လောင်စွာ စုပ်သောက်လိုက်လေသည်။ စက္ကန့်ပိုင်းအတွင်း သူမသည် ပုလင်းတစ်ဝက်ကျော်ကို သောက်ပစ်လိုက်ပြီး ပုလင်းအောက်ခြေတွင် အရည်များ မရှိတော့သည့်အသံ ထွက်ပေါ်အောင် လုပ်နေသည်။
ပေါ်ရန် - ......
မင်းနိုင်သွားပါပြီ။
ကျင်းရှီက တိုးတိုးလေးပြောနေသည်။ “ထင်ထားသည့်အတိုင်းပဲ၊ ဒီညီမလေးက နို့နှစ်ဘူးပဲ တန်ပုံရတယ်”
ပေါ်ရန်၏ မျက်လုံးများတွင် ကြည်နူးမှု အရိပ်အယောင်များ တွေ့လိုက်ရသည်။ သူ့တူများကို ချလိုက်ပြီး သူမကိုကြည့်ရင်း “ဒါဆို မင်းကိုယ်ကိုမင်း စျေးဖြတ်ကြည့်”
ကျင်းရှီက ထိုအကြောင်းကို လေးလေးနက်နက် တွေးလိုက်သည်- “နို့နှစ်ဘူး၊ ရာကွန်းပုံစံ ကရက်ကာငါးထုပ်နဲ့ အာလူးကြော်တစ်ထုပ်”
ပေါ်ရန်က ပြောလိုက်သည် “အဲ့ဒါဆို ငါတို့တွေစားပြီးသွားရင် အဲ့မုန့်တွေကို စူပါမားကက်ကနေ မင်းကိုယ်တိုင်သွားဝယ်ပြီး ငါ့ဆီ ယူလာခဲ့”
ကျင်းရှီက သူပြောသည်ကို တွေးကြည့်ပြီး ထိုစကားမှာ စဉ်းစားကြည့်လျှင် မဖြစ်နိုင်စရာအကြောင်း မရှိသောကြောင့် - “ကောင်းပြီ” ဟုပြောလိုက်လေသည်။
ထိုညတွင် ပေါ်ရန်အတွက် သူမ၏ “တန်ဖိုး”ကို ထပ်ဖြည့်တင်းရန်အတွက် စူပါမားကတ်တွင် အထူးစျေးဝယ်ထွက်ခဲ့သည် ။
ရှုချောင်းယန်က ပေါ်ရန်ကို စောတကတက်ခဲ့သည် “မင်းနဲ့ မင်းရဲ့ မိုက်မဲတဲ့လှည့်ကွက်တွေချည်းပဲ၊ ငါ့တပည့်မလေးက ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ ကလေးမလေးတစ်ယောက်ကို။ မင်းရဲ့ အကြံအစည်ကြီးတဲ့ လက်ထဲမှာ နောက်ဆို သူ့အနာဂတ်ကရော ဘယ်လိုဖြစ်လာမလဲမသိတော့ဘူး”
ပေါ်ရန်က သူ့ကို လျစ်လျူရှုပြီး ရှေ့ကို လျှောက်လာရင်း သူ့အရှိန်ကို မြှင့်လိုက်သည်။
ညမိုးချုပ်လာသည်နှင့်အမျှ ကျောင်းထဲရှိ အားကစားပြေးကွင်း၌ လူငယ်များ၏ အော်ဟစ်သံများ ရံဖန်ရံခါ ကြားနေရသည်။
ကျင့်ချီက ရယ်ပြီး ရှုချောင်းယန်ကို ပြောလိုက်သည်။ “မင်းရဲ့တပည့်မလေးက အခု ဆရာပေါ်ရဲ့ လေဒီဖြစ်သွားပြီ။ သူ့အစ်ကိုကြီးတောင် ဆုံးဖြတ်ပေးလိုက်ပြီမို့ မနာလိုပဲ ဖြစ်နေလိုက်တော့”
“သူနောက်နေတာပဲလို့ ထင်နေခဲ့တာ” ရှုချောင်းယန်က ပေါ်ရန်နောက်ကို လိုက်လာပြီး မေးလိုက်သည်။ “မင်းတကယ်ကြီးလား၊ မင်းတကယ်ပဲ အဲ့ဒါအတွက် လုပ်တော့မှာလား”
ပေါ်ရန်သည် အိပ်ထ ‘မ’တင်ဘားတန်းသို့ ရောက်ရှိလာပြီး လက်တစ်ဖက်တည်းဖြင့် အိပ်ထ ‘မ’တင်လုပ်နေလေသည်။ သူ့လက်မောင်း၏ ဖြူနေသော အသားအရေတွင် စိမ်းစိုနေသော သွေးပြန်ကြောများ ထောင်ထွက်နေသည်။ “ဘာကို တကယ်လားလို့ မေးနေတာလဲ” ဟုရေရွတ်လိုက်သည်။
“မင်းက ဟိုရှီသေးသေးလေးကို သဘောကျနေတာမလား”
ပေါ်ရန်သည် ဘားတန်းပေါ်မှ ပြုတ်ကျသွားသည်။ သူ့လေသံက ဘာမှမထူးခြားပေ - “သူက ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးမလေးတစ်ယောက်ပဲရှိသေးတယ်။ သူ့ရဲ့ ဘယ်နေရာက သွားကြိုက်စရာရှိလို့လဲ”
ရှုချောင်းယန်သည် သက်ပြင်းတစ်ချက်ချရင်း ပေါ်ရန်က ဆက်ပြောလိုက်သည် - “သူကြီးလာတာကို ကြည့်ကြသေးတာပေါ့”