လူပျိုလှည့်တေး
အပိုင်း ၁၂
အဲ့ဒီညအတွေ့အကြုံသည် ပေါ်ရန်အတွက် မှော်ဆန်လှသည်ဟု ပြောရပေမည်။
ကောင်မလေးများသည် Hello Kitty ပစ္စည်းဆိုင်တွင် တစ်နာရီကြာအောင် ဆယ်လ်ဖီ ရိုက်ရင်း ကုန်ဆုံးခဲ့ပြီးနောက် အချိုပွဲမုန့်များစားရန် သွားခဲ့သော်လည်း ထိုအချိုပွဲဆိုင်တွင် ဓာတ်ပုံများ ထပ်မံရိုက်ခဲ့ကြသည်။ ထို့နောက် သူတို့သည် အဝတ်အစားများ လိုက်ဝယ်ကြရင်း ရှန်ရှိရှန်းက ဓါတ်ပုံရိုက်ပြန်သည်။
ဓာတ်ပုံများရိုက်ပြီးနောက် သူတိုချင်းသဘောတူထားသည့်အချို့ကိုသာ ဂရုတစိုက် ရွေးချယ်ကြပြီး effect လှလှလေး အမျိုးမျိုးကို စီစစ်ထည့်ကာ Moments မှာ တင်ကြပြီး တစ်ယောက်ကို တစ်ယောက် လိုက်ခ်များ ပေးကြလေသည်။
ပေါ်ရန်သည် သူတို့ကို တစ်ချိန်လုံး “ဘာကြီးလဲဟ” ဟူသော အံ့သြမှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။
ပေါ်ရန်သည် သူမနှင့် သူမသူငယ်ချင်းများနောက်သို့လိုက်ရသည်မှာ အလွန်ငြီးငွေ့လာသည်ဟု ကျင်းရှီ ခံစားမိသောကြောင့် သူမသည် အတူတူဓါတ်ပုံရိုက်ရန် သူ့ကိုဆွဲခေါ်လာသောကြောင့် သူကိုပါ ပါဝင်စေချင်သည်ဟု ခံစားစေချင်သည်။
ပေါ်ရန်သည် ဓာတ်ပုံရိုက်ခြင်းကို သိပ်မကြိုက်သော်လည်း ယခုတစ်ကြိမ်တွင် သူမနှင့်အတူ လိုက်သွားကာ ပရော်ဖက်ရှင်နယ် အပြုံးဖြင့် မိန်းကလေးများနှင့် ဆယ်လ်ဖီရိုက်လိုက်သည်။
“ကျင်းရှီ၊
နင့်စီနီယာနဲ့ ရိုက်ထားတဲ့ ပုံတွေကို Moments ပေါ်တင်လို့ရမလား” သူမ၏ အချစ်ဆုံးသူငယ်ချင်းလေးက ကျင်းရှီကို မေးလိုက်သည်။ “ငါတို့နဲ့ လျှောက်လည်ပေးခဲ့တဲ့ ခပ်ချောချော ကောင်လေးမိုလို့လေ! အဲ့ပုံတွေကို ပို့စ်တင်တာလျှင် တခြားသူတွေကို မနာလိုစိတ်တွေ တဖွားဖွား ဖြစ်လာလိမ့်မယ်”
ကျင်းရှီ လှည့်ပြီး ပေါ်ရန်ကို မေးလိုက်သည်။ “ရှင့်ရဲ့ ဓာတ်ပုံတွေကို Moments မှာ တင်လို့ရမလား”
“မင်း အဲ့ဒီပုံတွေကို တင်ချင်လို့လား”
ကျင်းရှီ - “ကျွန်မသူငယ်ချင်းတွေက တင်ချင်လို့ပါ”
ပေါ်ရန်သည် သူမ၏ မျက်စောင်းထိုးမှုလေးကို ကြည့်ပြီး သူ့မျက်လုံးထောင့်များ အနည်းငယ် ပင့်တက်လာကာ “မင်းရော တင်စေချင်လား”
ကျင်းရှီသည် သူမ၏ ကြည်လင်သော သမင်လိုမျက်လုံးများကို မှိတ်ပြပြီး “ကျွန်မက အဆင်ပြေတယ်”
ပေါ်ရန် - “မင်း ငါသဘောတူတာကို လိုချင်ရင် မင်းလည်း အဲ့ပုံတွေပို့စ်တင်ရမယ်”
ကျင်းရှီက သူမသူငယ်ချင်းများကို ပြန်ကြည့်လိုက်သောအခါ အသားကုန် ခေါင်းညိမ့်လိုက်ကြသည်။
ရွေးချယ်စရာ မရှိတော့သဖြင့် ကျင်းရှီသည် ဓာတ်ပုံများကို ပြန်ပြင်ပြီး ၎င်းတို့ကို တင်ခဲ့သည်။
“ထာဝရသူငယ်ချင်းများ...”
အဖွဲ့မှားပြီး လျှောက်လည်မိသော ယောက်ျားတစ်ယောက်။
ည၉ နာရီတွင် ထိုကောင်မလေးများသည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းရှုံ့ကာ နှုတ်ဆက်ကြသည်။
ဤညတွင် လရောင်အောက်မှာ လမ်းလျှောက်ရင်း ပေါ်ရန်က ကျင်းရှီနှင့်အတူ အဖော်ပြကာ ကျောင်းသို့ လမ်းလျှောက်ပြန်ခဲ့သည်။
ညကောင်းကင်သည် လနှင့် ကြယ်များကင်းစင်ကာ လေညင်းလေးများက ဆောင်းဦးအကြို၏ အအေးဓာတ်ကို ဆောင်ကြဉ်းပေးလာသည်။
ပေါ်ရန်သည် သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ ပျင်းရိစွာဖြင့် အေးစက်သော လေကိုရှူထုတ်နေကာ သူမအနောက်မှ လမ်းလျှောက်လာသည်။
အကြောင်းတစ်ခုခုကြောင့် ပေါ်ရန်နှင့်အတူ ရှိနေခြင်းသည် ကျင်းရှီအတွက် အမြဲလိုလို အိပ်ငိုက်နေတတ်ပြီး သူ့အပေါ် အိပ်ချင်နေခဲ့သည်။
ထိုအရာဟာ သူမကို အတော်လေး လုံခြုံစေသည်ဟု ခံစားရစေသည်။
တစ်စုံတစ်ခုကို သတိရသွားသလိုနှင့် ကျင်းရှီက မေးလိုက်သည်။ “ရှင် ဘာလို့ ရုတ်တရက်ကြီး ကျွန်မနဲ့ လျှေောက်လည်ချင်ရတာလဲ”
ပေါ်ရန်က သူမကို ဖုံးကွယ်မထားတော့ပဲ တည့်တည့်သာ ပြောချလိုက်သည်။ “တစ်စုံတစ်ယောက်က မင်းဒီည သွားချိန်းတွေ့မယ်ပြောလို့ မင်းရည်းစားက ဘယ်သူလဲဆိုတာ သိချင်သွားတယ်”
ကျင်းရှီသည် ခဏလောက် အံ့အားသင့်သွားပြီး သူမမျက်နှာ နီမြန်းလာသည်။ “ရည်းစား! ဒီလိုကောလဟာလတွေ ဘယ်သူဖြန့်နေတာလဲ စိတ်ညစ်စရာကောင်းလိုက်တာ”
ပေါ်ရန်က ပြောလိုက်သည်။ “ကျောင်းကိုပြန်သွားပြီး အဲ့လိုပြောတဲ့ကောင်ကို ဝိုင်းရိုက်ကြမယ်လေ”
ကျင်းရှီသည် လမ်းလျှေောက်နေရာမှ ရပ်သွားပြီး ပေါ်ရန်ကို လှမ်းကြည့်လိုက်သည်။ “ဒါပေမယ့် ဒါကတစ်မျိုးကြီး ဖြစ်နေသလိုပဲ ကျွန်မ ချိန်းတွေ့တယ်ဆိုရင်တောင် ရှင်က ကျွန်မရည်းစားကို ဘာလို့ တွေ့ချင်ရတာလဲ”
ပေါ်ရန်သည် သူမထံသို့ ပေါ့ပေါ့ပါးပါး လျှောက်လာပြီး ငုံ့ကာ သူမမျက်နှာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
ကျင်းရှီသည် သူ၏ ချောမောသော အသွင်အပြင်မှာ တဖြည်းဖြည်း နီးသထက်နီးလာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
“ဟမ်...”
သူ ဘာလုပ်နေတာလဲ။
သူတို့ကြား အကွာအဝေးသည် စင်တီမီတာအနည်းငယ်မျှသာရှိ၍ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။ ကျင်းရှီသည် အနည်းငယ် အသက်ရှူကျပ်နေသလို...ခံစားလာရသည်။
သူမအကြည့်ကို တခြားနေရာကို လွှဲလိုက်ပေမယ့် ပေါ်ရန်က သူ့ခေါင်းနောက်ကို ကိုင်ထားပြီး သူ့ကို ဆက်ကြည့်နေဖို့ တွန်းအားပေးနေသည်။
သူ့အသွင်အပြင်က ကွဲပြားသည်။ သူ့ပရိုဖိုင်က တော်တော် ပိုင်စိုးပိုင်နိုင်ပုံပေါက်သည်။ သူ့မျက်လုံးများက စူးရှသည် -
“ချိန်းတွေ့တာမျိုး ခွင့်မပြုဘူး”
ကျင်းရှီက မျက်လုံးကိုမှိတ်လိုက်ပြီး သူမမျက်တောင်များက သူ့နှာခေါင်းကို စုတ်တံလေးများလို ပွတ်တိုက်မိသွားသည် - “ဟင်?”
“မင်းက အရမ်းငယ်သေးတယ်၊ အခုခေတ်ယောက်ျားလေးတွေက မရိုးသားကြဘူး၊ သူတို့နဲ့ မပတ်သက်နဲ့ နားလည်လား”
ကျင်းရှီသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ပေါ်ရန်ကို မော့ကြည့်လိုက်ရာ ပေါ်ရန်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်မိကာ နားရွက်များနီရဲလာသည်။
“မင်း ချိန်းတွေ့ချင်ရင် ဒီထက်ပိုကောင်းတဲ့ လူကောင်းတစ်ယောက်ကို ရှာရမယ်”
မင်းရှေ့က လူလိုပေါ့။
အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် ကျင်းရှီသည် သူမသဘောတူသည့်ဟန်ဖြင့် “အိုး" ဟု ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။
ပေါ်ရန်သည် သူမ၏ဆံပင်များကို ဖြည်းညင်းစွာ ဖွလိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ ပြုံးယောင်သမ်းသွားပြီး သူမကို ကျေောင်းသို့ ပြန်ခေါ်သွားခဲ့သည်။
ကောင်မလေးက သူ့နောက်ကို နာခံတတ်စွာဖြင့် လိုက်လာပြီး အလွန်လိမ္မာရေးခြားရှိနေသဖြင့် သူသည် ရှန်ဖျင်ချွမ်ကို အနည်းငယ် မနာလိုဖြစ်မိသည်။
ယခုလို ချစ်စရာကောင်းပြီး ပြောစကားနားထောင်သော ညီမလေးတစ်ယောက်နှင့်အတူ ကြီးပြင်းလာသော်လည်း ရှန်ဖျင်ချွမ်မှာ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းနေသည်မှာ အမှန်တကယ်ပင် သူ့ကြမ္မာကို သူဖန်တီးနေခြင်းသာဖြစ်သည်။
သူတို့နှစ်ယောက် ကျောင်းအ၀င်ဝသို့ရောက်သောအခါ ကျင်းရှီသည် သူ့ပထွေးဖြစ်သူ ရှန်ရှိရှန်းဆီမှ ဖုန်းကောကို လက်ခံရရှိခဲ့သည်။
“သမီးရှီလေး၊ သမီးဘယ်မှာလဲ”
“သမီးကျောင်းမှာပါ” ကျင်းရှီသည် နောက်ကျနေပြီဖြစ်သောကြောင့် ထိုသို့ပြောလိုက်သည်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
သို့သော် သူမသည် ကျောင်းတံခါးကို အမှန်တကယ်မဝင်ရသေးပဲ ကျောင်းနားမှာ ရှိနေသောကြောင့် ကျောင်းမှာဟုပြောခဲ့ခြင်းဖြစ်သည်။
“ဦးလေးရှန်
ဘာဖြစ်လို့လဲ”
ရှန်ရှိရှန်းက ဒေါသတကြီးနှင့် ပြောလိုက်သည်။ “မင်းအစ်ကို ရန်ဖြစ်လို့ ရဲစခန်းကို ခေါ်သွားတယ်တဲ့။ သမီးလည်း တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်လို့ ဖုန်းဆက်မေးကြည့်တာ၊ ဘာမှမဖြစ်ဘူးဆိုတော့ တော်သေးတာပေါ့”
“ရှန်ဖျင်ချွမ်က ရန်ဖြစ်တယ်? ပြီးတော့ သူ့ကို ရဲစခန်း ခေါ်သွားတယ်?”
ပေါ်ရန်က ကျင်းရှီကို ကြည့်လိုက်သည်။
ကျင်းရှီက ထပ်ပြောလိုက်သည်။ “ရှန်ဖျင်ချွမ်က လိမ္မာတဲ့ကျောင်းသားတစ်ယောက်ပါ၊ သူက ဘာလို့ ရန်ဖြစ်ရမှာလဲ။ အထင်လွဲတာပဲဖြစ်မယ်!”
ရှန်ရှိရှန်း - “ဦးလေး အခု ရဲစခန်းကို သွားပြီး သူ့ကိုသွားခေါ်မလို့။ အသေးစိတ်တော့ မသိသေးဘူး။ ညနက်မှ အပြင် လျှောက်မထွက်နဲ့ ကျောင်းမှာ နေနော်”
ကျင်းရှီ ဖုန်းချပြီးနောက် စိုးရိမ်စိတ်များ ပြည့်နှက်နေခဲ့သည်။
“စီနီယာ၊ ရှန်ဖျင်ချွမ်က ဘယ်လိုလုပ်ပြီး ရန်ဖြစ်ရမှာလဲ ပြီးတော့ ရဲစခန်း ရောက်သွားတယ်တဲ့၊ ရှန်ဖျင်ချွမ်က ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ဘူး၊ သူက အမြဲတမ်း အကျိုးသင့်အကြောင်းသင့် ပြောတတ်တယ်။ ကျောင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့ သူက အမြဲတမ်း စံနမူနာဖြစ်ခဲ့တယ်။ သူ့ကို အုပ်စုလိုက် ဝိုင်းရိုက်ကြတာပဲဖြစ်မယ်”
ပေါ်ရန်သည် ရှန်ဖျင်ချွမ်အတွက် ထိုသို့အရိုက်ခံရသည်မှာ ပုံမှန်ပဲဟုပြောချင်မိသည်။ သို့သော် ကျင်းရှီ မည်မျှထိတ်လန့်သွားသည်ကို မြင်ပြီး သူမကို စနောက်ဖို့ အင်အားပင် မရှိတော့ပေ။ သူက လမ်းလျှောက်လာပြီး သူမပုခုံးကို ပုတ်ပေးရင်း “မလန့်ပါနဲ့ မင်းဦးလေး ကြည့်လုပ်ပေးလိမ့်မယ်၊ အရင်ဆုံး မင်းအဆောင်ကို ပြန်သွားသင့်ပြီ”
ကျင်းရှီကခေါင်းကို ခါယမ်းလိုက်ပြီး “အိမ်ပြန်သွားပြီး ထိုင်စောင့်နေရမယ် ဦးလေးရှန် ဒေါသထွက်နေလောက်ပြီ၊ အစ်ကို့ကို ရိုက်လိမ့်မယ် အဲ့ဒါကြောင့် ကျွန်မ အိမ်ပြန်ပြီး ဦးလေးကို တားရမယ် အဲ့လိုမှမဟုတ်ရင် ရှန်ဖျင်ချွမ်ကို ဒီည ဆေးရုံတင်ရလိမ့်မယ်”
“ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်”
“မလိုပါဘူး၊ အဆောင်မှာက မကြာခင် ညမထွက်ရအချိန် ရောက်လာတော့မယ်၊ ကျွန်မအိမ်က တော်တော်ဝေးတယ်၊ စီနီယာ ကျွန်မကို ပြန်ပို့စရာ မလိုပါဘူး”
ကျင်းရှီက စကားပြောနေရင်း သူမသည် taxi ငှားသည့် အက်ပလီကေးရှင်းကို ဖွင့်ထားပြီးဖြစ်သည်။
“မင်းအိမ်က
အဝေးကြီးမှာဆိုတော့ ငါမင်းကို တစ်ယောက်တည်း လွှတ်လို့မဖြစ်ဘူး” ပေါ်ရန်က ထိုသို့ပြောပြီး “မင်း သတင်းတွေ မတွေ့ဘူးလား။ တက္ကသိုလ် ကျောင်းသူလေးတွေ ပျောက်နေပြီး နောက်ရက်ပိုင်းလောက်ကြာတော့ တောထဲမှာ စွန့်ပစ်ထားတဲ့ အလောင်းတွေ တွေ့တယ်ဆိုတာလေ” ဟု ပေါ်ရန်က ထပ်ပြောလိုက်သည်။
ကျင်းရှီ တုန်လှုပ်သွားပြီး “ဒါဆို... စီနီယာကို ကျွန်မကို အိပ်ပြန်ပို့ခိုင်းဖို့ ဒုက္ခနည်းနည်းပေးရတော့မှာပေါ့”
သူမ၏အိမ်သည် မြို့စွန်ရှိ အဆင့်မြင့် ရပ်ကွက်တစ်ခုတွင် ရှိနေပြီး အမှန်တကယ်ပင် ဝေးကွာလှသည်။
ပေါ်ရန်သည် ဤရပ်ကွက်ကို သိနေသည်၊ ၎င်းသည် မြို့၏ ပို၍ ပကာသနမရှိသော လူချမ်းသာများနေသည့် ရပ်ကွက်များထဲမှ တစ်ခုဖြစ်သည်။ ပကာသနမရှိရခြင်းအကြောင်းရင်းမှာ ရပ်ကွက်တွင် ခမ်းနားထည်ဝါသော အိမ်ကြီးများမရှိပဲ ၃-၄ ထပ်သာ ပါသောအိမ်လေးများနှင့် ဥယျာဉ်ခြံအိမ်များသာ ရှိသောကြောင့် ကြွားဝါဟန်ရေးပြမှုများ မရှိပေ။ သို့သော် ပတ်ဝန်းကျင်နှင့် အိမ်ခြံပိုင်ဆိုင်မှုများ စီမံခန့်ခွဲမှုမှာ အလွန်ကောင်းသည်။
ကားက ရပ်ကွက်အဝင်ဝမှာ ရပ်သွားသည်။ ပေါ်ရန်က သူမကို မေးလိုက်သည်။ “အိမ်မှာ တစ်ယောက်ယောက်ရှိလား”
ကျင်းရှီက ခေါင်းခါလိုက်ပြီး “မသိဘူး၊ ဦးလေးရှန်လည်း ပြန်မလာလောက်သေးဘူး”
“မင်းအမေကော”
“အာ အမေက ဆုံးသွားပြီ”
ပေါ်ရန်သည် အနည်းငယ် အံ့အားသင့်သွားကာ လျင်မြန်စွာ သဘောပေါက်သွားပြီး သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမသည် ကြည့်ရသည်မှာ သာမာန်ခံစားချက်မှုမျိုးသာ မြင်တွေ့ရသောကြောင့် သူ့အမေဆုံးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပေမည်။
ထို့ကြောင့် သူ ဒီအကြောင်းကို ဘာမှ ထပ်မပြောတော့ပေ။
ကျင်းရှီသည် သူမ၏ ဝင်ခွင့်ကတ်ကို ပွတ်ဆွဲပြီး နောက်လှည့်မကြည့်ခင် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားကာ အိမ်ရာဝင်းထဲသို့ ဝင်သွားခဲ့သည်။ ပေါ်ရန်သည် ထွက်မသွားသေးသည်ကို ရိပ်မိသွားပြီး လမ်းမီးတိုင်၏ မီးရောင်အောက်တွင် တစ်ယောက်တည်း ရပ်ကာ သူမကိုကြည့်နေသည်။
သူ့လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားရင်း အရပ်ရှည်ရှည် အသွင်အပြင်က မီးရောင်အောက်မှာ အနည်းငယ် စိတ်မကြည်မသာ ပုံပေါက်နေသည်။
ကျင်းရှီက သူ့ကို လက်ပြနှုတ်ဆက်ပြီး ထွက်သွားခိုင်းနေသည်။
သူမ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ရှန်ရှိရှန်းသည် ရှန်ဖျင်ချွမ်ကို ခွေးကလေးတစ်ကောင်လို ကော်လာကနေ
ဆွဲခေါ်သွားသည်။
ရှန်ရှိရှန်း၏ အမူအရာသည် ကြည့်ရဆိုးလှသည်။ အိမ်ထဲသို့ဝင်သွားသောအခါ ရှန်ဖျင်ချွမ်ကို တွန်းလိုက်သည်။
“ရန်ဖြစ်လိုက်ပြီး ရဲစခန်းကိုတောင် ခေါ်သွားခံရတယ်! မင်းတော်တော် လွန်လွန်းနေပြီ၊ ရှန်ဖျင်ချွမ်”
ရှန်ဖျင်ချွမ်သည် တွန်းရာမှ လဲကျသွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မစွာနှင့် ကျင်းရှီ သည် သူ့ကို လဲမကျသွားအောင် ထိန်းထားပေးလိုက်သည်။
ရှန်ဖျင်ချွမ်၏ မျက်နှာသည် ပွန်းပဲ့နေပြီး နှုတ်ခမ်းထောင့်တွင် နီညိုရောင် သွေးစများပေနေကာ မျက်လုံးတစ်ဝိုက် ရောင်ရမ်းနေသည်။ သူတကယ် ရန်ဖြစ်ခဲ့ပြီး သူရဲကောင်းဆန်စွာ ဒဏ်ရာရခဲ့လေသည်။
“အဖေတူသားလိုပဲ၊ ချမ်းသာပြီး ပါဝါရှိတဲ့အဖေနဲ့အတူ ကျွန့်တော့်သတ္တိရှိမှုကလည်း အဖေ့ဆီကနေ ရခဲ့လို့ ချစ်ရတဲ့အဖေ့ကို ကျေးဇူးအများကြီးတင်ပါတယ်”
“မင်း အဲ့လိုတွေ ပြောနိုင်သေးတယ်ပေါ့၊ ငါ မင်းကို သေတဲ့အထိ မရိုက်ပါဘူး”
ကျင်းရှီသည် ရှန်ဖျင်ချွမ်ရှေ့မှာ အမြန် ဝင်ရပ်လိုက်သည်။
“ဆက်ပြီး ကားပေးနေလိုက်၊ မင်းကို ဒီနေ့ ကောင်းကောင်း ဆုံးမမှ ရမယ်”
“ဘာလို့အိမ်ပြန်လာတာလဲ” ရှန်ဖျင်ချွမ်က ကျင်းရှီကို တွေ့သွားပြီး အံ့သြသွားသည်။ “မင်းကို အိမ်ပြန်လာဖို့ ဘယ်သူက ပြောလိုက်တာလဲ”
“ဦးလေးရှန်က အစ်ကို့ကို ရိုက်တာ ကြည့်ဖို့ ကျွန်မပြန်လာခဲ့တာ!” ကျင်းရှီက ပြောလိုက်သည်။ “အစ်ကိုက ရန်ဖြစ်ချင်တဲ့စိတ်တွေ ရှိနေတယ်ပေါ့”
ရှန်ဖျင်ချွမ်က သူမကို ဒေါသတကြီး တွန်းထုတ်လိုက်ပြီး “သွားသွား၊ မင်းအခန်းထဲကို ပြန်သွားလိုက်။ တော်တော် အနှောင့်အယှက်ပေးတဲ့ ကလေးမလေး၊ မင်းအစ်ကို ဒုက္ခရောက်နေတာကို ကြည့်ရတာ ကြိုက်လို့ အိမ်ကိုပြန်ပြေးလာတဲ့ဟာမလေး”
“မင်းကများ
မင်းညီမကို ဆူဆဲရဲသေးတယ်ပေါ့” ရှန်ရှိရှန်းက ဒေါသအရမ်းထွက်ပြီး သူ့ကိုရိုက်ဖို့ ကြိမ်တုတ်ကို ဆွဲကိုင်လိုက်သည်။ “မင်း ပြန်ပြောနေတုန်းပဲ၊ မင်းညီမအတွက် စံနမူနာကောင်းဖြစ်ဖို့ ငါပြောခဲ့တယ်လေ၊ ဒါက မင်းပြချင်တဲ့ စံနမူနာကောင်းလုပ်ရပ်တစ်ခုပေါ့၊ ဘားမှာ သောက်စားပြီး ရန်ဖြစ်တာတွေ၊ မင်းဖတ်ထားတဲ့ စာတွေ ခွေးဗိုက်ထဲ ရောက်သွားပြီလား”
ရှန်ဖျင်ချွမ်သည် ကြိမ်တုတ်ကို ရှောင်လိုက်ပြီး စကားမပြောတော့ပဲ ခေါင်းငိုက်စိုက်ကျသွားသည်။
ရှန်ရှိရှန်းက ဒေါသတကြီးနှင့် “မင်းဘွဲ့ရပြီးရင် ကုမ္ပဏီကို မင်းလက်ထဲ အပ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်နေခဲ့တာ။ ဒါပေမယ့် အခု မင်းညီမကတောင် မင်းထက် အလားအလာ ပိုရှိပုံပေါက်နေပြီ!”
ရှန်ရှိရှန်းက ကျင်းရှီကို တစ်ချက်ကြည့်လိုက်ပြီး “သူက ဘာသိမှာမလို့လဲ၊ ဒီအတိုင်း ချာတိတ်လေးပဲကို။ နာမည်မှာတောင် ရှန်ဆိုတဲ့ မျိုးရိုးနာမည်တောင် မတပ်ထားပဲနဲ့။ အဖေရေ၊ ကျွန်တော်ကသာ အဖေ့ရဲ့တစ်ဦးတည်းသောသားပါ”
“ကျင်းရှီကလည်း ငါ့ရဲ့ တစ်ဦးတည်းသော သမီးပဲ”
ရှန်ဖျင်ချွမ်က ရယ်ပြီး ပြောလိုက်သည်။ “ဒါဆို သူ့ကို အဖေလို့ ခေါ်ခိုင်းလေ”
ရှန်ရှိရှန်း၏ ဖိနပ်က သူ့ဆီ ထပ်ပျံလာပြန်သည်။ ရှန်ဖျင်ချွမ်က ခေါင်းကိုစောင်းပြီး ရှောင်လိုက်သည်။
ကျင်းရှီက ရှန်ရှိရှန်းအတွက် ထိုဖိနပ်များကို ကောက်ယူလိုက်သည်။ နာခံသိတတ်စွာဖြင့် သူ့ခြေရင်းမှာ သွားထားလိုက်ပြီး ရှန်ဖျင်ချွမ်ကို လှည့်ပြီး ပြောလိုက်သည်။ “အပြစ်တင်တာကို စကားလမ်းကြောင်းပြောင်းဖို့ မကြိုးစားနဲ့။ အစ်ကို ဘာလို့ ဘားမှာ ရန်ဖြစ်ခဲ့လဲ ဆိုတာကို အမြန်ဆုံးနှင့် ရိုးရိုးသားသား ရှင်းပြ”
ရှန်ဖျင်ချွမ်သည် ကောက်ကျစ်တတ်သော ဝံပုလွေသားပေါက်ကဲ့သို့ ကြည့်ကာ “အဲ့ဒါက တစ်စုံတစ်ယောက်ကြောင့် ဖြစ်ရတာပဲ!”
ကျင်းရှီက မျက်မှောင်ကြုတ်ပြီး “ကျွန်မကြောင့်တော့ မဖြစ်နိုင်ဘူး ဘာလို့ဆို အစ်ကို့ကို ဘားသွားခိုင်းတာလည်း ကျွန်မ မဟုတ်ဘူးလေ”
“ဟိုဟာကြောင့်များလား...”
ရှန်ဖျင်ချွမ်သည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သူ့အမှားများကို သူ့အဖေထံ နာခံမှုအပြည့်ဖြင့် ဝန်ခံခဲ့သည် - “မကြာသေးခင်က ကျောင်းက ကိစ္စတွေကြောင့် ပရက်ရှာ တော်တော်ရသွားတယ် ပြီးတော့ သူငယ်ချင်းတွေက ကျွန်တော့်ကို ဘားကို အတင်းဆွဲခေါ်သွားကြတယ်၊ အဲ့မှာ ကျွန်တော့်ကို မထင်မဲ့မြင်လုပ်တဲ့ စောက်ချိုးမပြေတဲ့ လမ်းသရဲကောင်တွေနဲ့ တွေ့ပြီး ကိုယ့်ဒေါသကိုယ် မထိန်းနိုင်ဖြစ်သွားလို့ သူတို့ကို ထိုးကြိတ်မိသွားတာပါ”
“ဘယ်လို ကျောင်းကိစ္စကြောင့် ပရက်ရှာရှိရမှာလား၊ ကျောင်းက အခုမှစတာကို!”
ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ ဆင်ခြင်ကို နည်းနည်းမှ မယုံပေ။ သူမက သူ့အကြောင်းကို ကောင်းကောင်းသိသည်။ အခြေခံအားဖြင့်တော့ သူသည် စာလုပ်နိုင်သည့် စက်တစ်လုံးဖြစ်သည်။ သူ ဘယ်လို ပရက်ရှာတွေ ခံစားနေရမှာလဲ။
“ဦးလေးရှန်
သူပြောတာကို မယုံနဲ့၊ တခြားအကြောင်းတစ်ခုခု ရှိလိမ့်မယ်”
“ကလေးမလေးရေ၊ တိတ်တိတ်နေစမ်း။ အရိုက်ခံချင်နေတာလား”
“မင်းညီမကိုတောင် ဆူရဲသေးတယ်ပေါ့!” ရှန်ရှိရှန်းသည် ချက်ချင်းပင် သူ့ကိုရိုက်ရန် ကြိမ်တုတ်ကို ဆွဲလိုက်သည်။ “အမှန်အတိုင်းပြောစမ်း! ဘာလို့ရန်ဖြစ်တာလဲ!”
ရှန်ရှိရှန်းသည် ကလေးများကို ကောင်းစွာမဆုံးမတတ်သော လူကြမ်းကြီး တစ်ယောက်ဖြစ်သည်။ သူ့ကိုယ်တိုင် တုတ်နှင့်အရိုက်ခံရပြီး ကြီးပြင်းလာသည့်အတွက် တုတ်က ကလေးများကို ပညာပေးနိုင်သည်ဆိုသော အတွေးအခေါ်ကို အမြဲတမ်းကျင့်သုံးနေခဲ့သည်။
ကံကောင်းထောက်မစွာ ရှန်ဖျင်ချွမ်သည် ငယ်စဉ်ကတည်းက နာခံမှုရှိသော ကလေးတစ်ဦးဖြစ်ခဲ့ပြီး အရိုက်ခံရသည်မှာ ရှားသည်။ ကျင်းရှီအတွက်တော့ သူဟာ သူမပထွေးဖြစ်ပြီး တစ်ခါတလေ သူမ မလိမ္မာလျှင်တောင် မရိုက်ပဲမနေနိုင်ပေ။
ယခုတွင်မူ ရှန်ဖျင်ချွမ် ကျောပေါ်သို့ တုတ်ဖြင့် နာနာနှစ်ချက်ရိုက်လိုက်ပြီး နာကျင်စွာ အော်နေသည်။ နောက်ဆုံးတော့ သူ့ညီမနောက်တွင် အရှက်မဲ့စွာ ပုန်းနေသေးသည်။
ရှန်ဖျင်ချွမ်ကို ကာကွယ်ရန် ကျင်းရှီသည် ရှေ့ကနေကာရပ်ပေးလိုက်သည်။ “ဦးလေးရှန် အစ်ကို့ကို မရိုက်ပါနဲ့တော့။ ကျွန်မအစ်ကိုက နုနယ်ပြီး နူးညံ့တဲ့ အသားအရည်ရှိတယ်။ အဲ့တော့ရိုက်လို့ မဖြစ်ဘူး။ ကျေးဇူးပြုပြီး ထိုင်ပြီး နားလိုက်ပါဦး။ ဒီအကြောင်းကို အေးဆေး ဆက်ပြောကြရတာပေါ့”
ရှန်ရှိရှန်းက အမြဲတမ်း သမီးလေးတစ်ယောက် လိုချင်ခဲ့သည်။ ကျင်းရှီကို မွေးစားပြီးနောက်တွင် သူက သူ့အငယ်ဆုံးသမီးလေးလိုပင် သူမကို အလိုလိုက်ပြီး ချစ်ခဲ့သည်။ သူမသည် ရုန်းရင်းဆန်ခတ်မှုကို ကြည့်ဖို့ အိမ်သို့ အမြန်ပြန်လာခဲ့သည်။ မိဘအနေဖြင့် အဘယ့်ကြောင့်မသိလိုက်ရသနည်း။ သူ့အစ်ကိုကို ကာကွယ်ဖို့ သူမ ဒီကို ရောက်လာခြင်း ဖြစ်သည်။
ရှန်ရှိရှန်းက ရှန်ဖျင်ချွမ်ကို ဒေါသကြီးစွာနှင့် လက်ညှိုးထိုးလိုက်သည်။ “မင်းညီမကြောင့်သာ ငါ မင်းကို ဒီတစ်ခါ လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါဆိုရင် မင်းကို အလွတ်မပေးတော့ဘူး”
ရှန်ဖျင်ချွမ်က ထပ်ရှင်းပြချင်ပေမယ့် ကျင်းရှီက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသောကြောင့် သူ့စကားများကို မျိုချလိုက်သည်။
ညနက်လာသောအခါ ကျင်းရှီသည် ပိုးသတ်ဆေး အိုင်အိုဒင်းနှင့် ဆေးဖက်ဝင်အပင်များ၊ သွေးလည်ပတ်မှုကို မြှင့်တင်ပေးသည့် လိမ်းဆေးအချို့ ယူဆောင်လာပြီး ဒဏ်ရာများကို သက်သာအောင် လုပ်ပေးခဲ့သည်။ သူမသည် ရှန်ဖျင်ချွမ် အခန်းထဲသို့ ခိုးဝင်သွားသည်။
စားပွဲတင်မီးအိမ်ကို ဖွင့်ထားသည်။ သူသည် ညစဉ်ညတိုင်း စာဖတ်ခြင်းထဲ နှစ်မြောနေကျဖြစ်ကာ စာကြည့်စားပွဲမှာ ထိုင်နေသည်။
“ကျွတ်စ် ကျွတ်စ် စံပြကျောင်းသားက ဒီနေ့ အရိုက်ခံလိုက်ရတယ်ပေါ့”
ရှန်ဖျင်ချွမ်သည် ခေါင်းမမော့ပဲ စာမျက်နှာ တစ်မျက်နှာကို လှန်ကာ ဆက်ဖတ်နေသည်။ “မျက်လုံးဖြူဖြူနဲ့ ဝံပုလွေလေး” တိတ်ဆိတ်စွာ နှာမှုတ်ထုတ်ရင်း ပြောလိုက်သည်။
ကျင်းရှီသည် စားပွဲဆီသို့ လျှောက်သွားကာ အိုင်အိုဒင်းပါသော ဝါဂွမ်းစကို သူမဘာသာ ဆေးရည်စိမ်လိုက်လေသည်။ ထို့နောက် ရှန်ဖျင်ချွမ်၏ မေးကို ကိုင်လိုက်ပြီး နှုတ်ခမ်းနားကို တို့ပေးလိုက်သည်။
မီးအလင်းရောင်သည် သူ၏ ငယ်ရွယ်နုပျိုသော မေးရိုးကို စွဲဆောင်မှုရှိသွားစေသည်။ ယခုမှပင် ကျင်းရှီသည် သူမအစ်ကိုမှာ အမှန်တကယ်ပင် ကြီးပြင်းလာသည်ကို သိလိုက်ရသည်။
အရပ်ရှည်ရုံသာမက ကြွက်သားများလည်း ကြီးထွားလာခဲ့သည်။ ကောင်ကလေးကနေ လူပျိုလေးဖြစ်လာပြီး လူပျိုလေးကနေ ယောကျ်ားတစ်ယောက် ဖြစ်လာသည်။
ရှန်ဖျင်ချွမ်က သူ့မျက်နှာကို လှည့်လိုက်ပြီး မြည်တွန်တောက်တီးလိုက်သည်။ “ထွက်သွား။ ငါ ဒေါသထွက်နေတုန်းပဲ”
“မလှုပ်နဲ့”
ကျင်းရှီသည် ရှန်ဖျင်ချွမ်ကို သူမ၏ ခိုငှက်လို မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။ ရှန်ဖျင်ချွမ်သည် ချက်ချင်းပင် သူ့နှုတ်ခမ်းထောင့်ရှိ ဒဏ်ရာကို ဆေးထည့်ပေးဖို့ လှည့်ပေးလိုက်သည်။ “အား နာလိုက်တာ!”
“နာမှန်းသိနေတာတောင် လူတွေနဲ့ ရန်ဖြစ်ခဲ့သေးတယ်”
“ဒီကောင်က လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာ မဟုတ်ဘူး။ ငါ သူ့သွားနှစ်ချောင်းကျွတ်သွားအောင် ထိုးလိုက်တယ်လေ!”
ကျင်းရှီ - သူ့ကိုယ်သူ တော်တော် ဂုဏ်ယူနေပုံပဲ။
“ဒါဆို အတိအကျပြောရရင် ဘာဖြစ်ခဲ့တာလဲ?” သူမက မေးလိုက်သည်။ “အစ်ကိုက ဘာလို့ ဘားမှာရှိနေရတာလဲ”
သူ့အဖေကို မပြောပြနိုင်သော ကိစ္စများစွာရှိပေမယ့် မောင်နှမချင်းက အရာအားလုံးကို မျှဝေပြောဆို၍ ရပေသည်။ သေချာပေါက် သူမကို ပြောပြနိုင်မလား?
သို့သော် ရှန်ဖျင်ချွမ်က စိတ်မရှည်စွာဖြင့် “မင်းနဲ့ မဆိုင်ဘူး၊ အဲ့ဒါ ငါ့ကိစ္စ”
“ကျောင်းက တစ်ယောက်ယောက်က အစ်ကို့ကို ပြန်ကလဲ့စားချေချင်နေလို့လား”
“ငါ့ကို သည်းမခံနိုင်တဲ့သူတွေ အများကြီးပဲ” ရှန်ဖျင်ချွမ်က “ဒီနေ့ဖြစ်သွားတာက ဥပမာတစ်ခုပဲ၊ အခုကစပြီး ငါ့ညီမကို လက်ညိုးမထိုးခင် သူတို့ နှစ်ခါပြန်စဉ်းစားရလိမ့်မယ်...”
သူက တစ်စက္ကန့်လောက် ရပ်သွားပြီး “ငါ့ကို မကြံစည်ခင် သူတို့ကို အရှင်လတ်လတ် အရေခွံနွှာရမယ်”
ကျင်းရှီက ဒဏ်ရာကို ပြင်းပြင်းထန်ထန် ဖိချလိုက်သဖြင့် ရှန်ဖျင်ချွမ်က နာကျင်စွာအော်လိုက်သည်။
သူမက သူ့ကို စိုက်ကြည့်ရင်း “ဒါက ကျောင်းက သူတစ်ယောက်ပဲ ဖြစ်ရမယ်။ အရမ်းကြီး လုပ်မပြဖို့ ကျွန်မပြောထားတယ်လေ။ အစ်ကိုက နားမထောင်ဘူး။ အခုတော့ တစ်ကျောင်းလုံး အစ်ကို့ကို မုန်းနေလောက်ပြီ”
“သူတို့တွေ
ဘာတွေတွေးနေလဲ ငါဂရုမစိုက်ဘူး။ ငါ့ဘာသာ လုပ်ချင်တာ လုပ်မယ်။ ငါသူတို့နဲ့ မဆိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ့အကြောင်း လုံလောက်ပြီ ညီမလေး။ မင်းဒီနေ့ အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ ဈေးဝယ်မသွားဘူးလား ဘယ်လိုနေလဲ”
“တကယ်ပျော်ဖို့ကောင်းတယ်။ ရှေောင်ကျားနဲ့ တခြားသူတွေက အရင်အတိုင်းပါပဲ” ရုတ်တရက် ကျင်းရှီ၏ ပါးစပ်က ပြုံးသွားကာ “ဒီနေ့ ရယ်စရာတစ်ခု ဖြစ်သွားတယ်။ ပေါ်ရန်လည်း ကျွန်မတို့နဲ့ အတူ လိုက်လာခဲ့တယ်လေ”
“ပေါ်ရန်?”
ရှန်ဖျင်ချွမ်၏ အမူအရာပြောင်းသွားပြီး “သူကဘာလာလုပ်တာလဲ”
“သူက ကျွန်မ သွားချိန်းတွေ့မယ်ထင်ပြီး ကျွန်မကို လိုက်စောင့်ကြည့်ချင်တယ်လို့ ပြောခဲ့တယ်” ကျင်းရှီက
ထိုအကြောင်းကို ပိုတွေးလေလေ သူမ ပိုပျော်လေလေဖြစ်လာသည်။ “အစ်ကို အဲ့တုန်းက မရှိလို့၊ မဟုတ်ရင် အစ်ကိုလည်း ယုံနိုင်မှာ မဟုတ်ဘူး။ သူက ကျွန်မတို့မိန်းကလေးအုပ်စု Hello Kitty စတိုးဆိုင်သွားတာတောင် လိုက်လာတယ်လေ။ သူ့အတွက်တော့ သိပ်အဆင်မပြေဘူးပေါ့...”
ရှန်ဖျင်ချွမ်က ပါးစပ်ကို အနည်းငယ် ဖြည်းဖြည်းချင်း ဟလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်ပိတ်လိုက်သည်။ သူဘာပြောရမှန်းမသိ ဖြစ်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူသည် ကျင်းရှီ၏ ဆံပင်ကို ပွတ်သပ်လိုက်ကာ “အခုတော့ အိပ်လိုက်ဦး”
“အစ်ကိုရောပဲ စောစောအိပ်” ကျင်းရှီသည် စားပွဲပေါ်ရှိ ဆေးပုလင်းများကို သိမ်းလိုက်သည်။ “ဦးလေးရှန်ကို အစ်ကို့ကို စိတ်မဆိုးဖို့ ကျွန်မ ပြောလိုက်မယ်”
ရှန်ဖျင်ချွမ်က သူမကို ရွံရှာစွာ ကြည့်ပြီး “ညီမလေး၊ ငါ့အဖေကို ငါ့ဆီကနေ ခိုးယူဖို့ မကြိုးစားနဲ့။ သူက ငါ့အဖေအစစ်။ ငါ့အတွက် စကားလုံးလှလှလေးတွေ ပြောပေးစရာ မလိုပါဘူး၊ မိထွေးရဲ့သမီးရေ”
ကျင်းရှီ ပခုံးတွန့်လိုက်သည်။ “ကောင်းသောညပါ လူမိုက်ရေ”
ထိုညတွင် ပေါ်ရန်သည် သူ့အဆောင်သို့ ပြန်ရောက်သောအခါ မျှော်လင့်ထားသည့်အတိုင်း တံခါးမှာ သော့ခတ်ထားပြီးနေသည်။ သို့သော် သူ့မှာ အလွန်ပြောတတ်သော ငွေရောင်လျှာလေးရှိပြီး ပျော်ရွှင်စရာတချို့ကို ပြောပြရင်း အဆောင်မန်နေဂျာ အဒေါ်ကြီးက သူ့အတွက် တံခါးကို ပျော်ရွှင်စွာ ဖွင့်ပေးလိုက်သည်။
ရေချိုးပြီး လဲလျောင်းပြီးသည်နှင့် ချက်ချင်းပင် WeChat သူငယ်ချင်း တောင်းဆိုချက်ကို တောင်ကျစမ်းချောင်းဒီရေ အကောင့်မှ လက်ခံရရှိခဲ့သည်။
ဤနာမည်ကိုမြင်သည်နှင့် ပေါ်ရန်မှာ အနည်းငယ်အသည်းနာသွားသလို ခံစားလိုက်ရသည်။ သူ့ကို ဘယ်သူက အပ်ခဲ့တာလဲဆိုသည်ကို ခန့်မှန်း၍ရနေသည်။
ထိုတောင်းဆိုချက်ကို လက်ခံပြီးနောက် ရှန်ဖျင်ချွမ်က တည့်ပဲပြောလိုက်သည်။ “ပေါ်ရန်၊ မနက်ဖြန် ကျောင်းသားကောင်စီရုံးခန်းကို လာခဲ့ မင်းအဆောင်အခန်းထဲက 18+ မဂ္ဂဇင်းတွေကို ယူလာခဲ့”
ပေါ်ရန် - “မင်းရော ဖတ်ပြီးပြီလား အဘိုးကြီး”
ရှန်ဖျင်ချွမ် - “သွားစမ်းပါ”
ပေါ်ရန် - “ရုပ်ဆိုးပြီး မိုက်ရိုင်းလိုက်တာ။ မင်း အရိုက်ခံရတာ မဆန်းပါဘူး”
ရှန်ဖျင်ချွမ်က “ဘာပဲဖြစ်ဖြစ်...ဒီနေ့ ငါ့ညီမလေးကို စောင့်ရှောက်ပေးလို့ ကျေးဇူးပဲ” ဟု ထိုသို့မပြောခင် မိနစ်အနည်းငယ်လောက် နှုတ်ဆိတ်နေခဲ့သည်။
ပေါ်ရန်က စာမပြန်တော့ပေ။ မိနစ်အနည်းငယ်ကြာသည့်အခါ သူ့ဖုန်းမှာ ပြန်လင်းလာခဲ့သည်။
ရှန်ဖျင်ချွမ်က “မင်း နေတာ ငါ့ညီမလေးနားမှာ မလား။ သူ့ကို စောင့်ကြည့်ထား၊ လူယုတ်မာတွေ သူ့အကြောင်းကိုတောင် မတွေးမိအောင် လုပ်ထား”
ပေါ်ရန်က မျက်ခုံးပင့်လိုက်ပြီး “အဲ့အတွက် ငါဘာပြန်ရနိုင်လဲ”
ရှန်ဖျင်ချွမ် - “အခုချိန်ကစပြီး အခန်းတွေစစ်တဲ့အခါကျရင် အခန်း ၄၀၉ကို လိမ္မာတဲ့အခန်းအဖြစ် စာရင်းသွင်းထားတော့မယ်။ မင်း နွားနို့သောက်ရတာ ကြိုက်တယ်လို့ ငါကြားတယ်။ သြစတြေးလျက အဆီထုတ်ထားတဲ့ နွားနို့စစ်စစ် နှစ်ဘူး ထပ်ပေးမယ်ကွာ”
ပေါ်ရန် - “အပေးအယူ ဖြစ်မြောက်သွားပြီ”