အပိုင်း ၇
Viewers 413

သန်းခေါင်ယံ စင်ဒရဲလား

 

အပိုင်း

 

 

 

ဖန့်ကျင်း နိုးလာပြီးနောက် သူ ပထမဆုံးလုပ်ခဲ့တဲ့အရာက ကြိုးချည်ထားခြင်း ရှိ၊ မရှိ စစ်ဆေးတာပင်။

 

 

 အရမ်းတော်တယ် သူ မချည်ထားဘူး။ မီရှန့်အာက သူ့ကန့်သတ်ချက်တွေကို သိနေပုံရသည်။

 

 

 သူရေချိုးပြီး အဝတ်အစားလဲပြီးနောက် မီရှန့်အာက တံခါးကိုခေါက်ပြီး အထဲဝင်လာခဲ့သည်။ ဖန့်ကျင်းက မှန်ရှေ့မှာ ရပ်နေပြီး ဆံပင်တွေကို သေသပ်အောင်လုပ်နေသည်။ သူ မီရှန့်အာကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ "မနေ့ညက အခြေအနေ ဘယ်လိုရှိလဲ"

 

 

မီရှန့်အာက အခြေအနေကို အတိအကျ ပြောဆိုခဲ့သည်။ "မနေ့က မင်း နည်းနည်းစိတ်အားငယ်နေသလိုပဲ၊ ဘာပြဿနာမှတော့ မရှိခဲ့ဘူး။ အော် ဟုတ်သားပဲ၊ မင်း ဟိုတယ်ခန်းထဲက ဘီစကစ်ကိုလည်း စားခဲ့တယ်"

 

 

 ဖန့်ကျင်း - "……"

 

 

 ခွေးက သူ့ရဲ့ခွေးစာဘီစကွတ်တွေကို တကယ်ကြိုက်ပုံရသည်။

 

 

မီရှန့်အာသည် သူအမြဲဆောင်သွားသော မှတ်စုစာအုပ်ကိုဖွင့်ကာ ဖန့်ကျင်းအား တစ်နေ့တာအချိန်ဇယားကို အစီရင်ခံခဲ့သည် - "ဒီနေ့ ရုပ်ရှင်အဖွဲ့သားတွေ ဟိုတယ်ပြောင်းဖို့ လိုတယ်။ မင်းရဲ့ ခရီးဆောင်အိတ်တွေကိုထုပ်ပိုးဖို့ ငါတာဝန်ယူထားရတာမို့ ညဘက်ကျရင် မင်းဟိုတယ်အသစ်ကို တိုက်ရိုက်သွားလို့ရတယ်။ နောက်ပြီး နေ့လည် နာရီ လောက်မှာ မင်းဆီ လာလည်မယ့် ပရိသတ်တွေ ရှိတယ်

 

 

 "ရပြီ၊ ပြီးရင် မင်းအဲ့တာကို သွားစီစဉ်လိုက်တော့ "

 

 

 "အိုကေ၊ ဒါရိုက်တာကပြောတယ် ဒီဇာတ်ကားက တိုးတက်တာ ကောင်းနေပြီး အရာအားလုံး ချောချောမွေ့မွေ့ ရွေ့လျားနေတယ်တဲ့။ သူတို့ စောစောစီးစီး အပြီးသတ်ဖို့ ဖြစ်နိုင်ခြေရှိတယ်"

 

 

 ဒီသတင်းက ဖန့်ကျင်း သက်ပြင်းချနိုင်စေသည်။ သူသည် ညဘက်တွင် ခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း ဤကိစ္စက ချိန်ကိုက်ဗုံးအဖြစ် ရှိနေဆဲပင်။ အေမြို့တော်ကို စောစောပြန်လာပြီး ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတာက ပိုကောင်းသည်။ ဤနေရာအထိ တွေးတောရင်း ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေးဆီ မက်ဆေ့ချ်ပို့ရန် ဖုန်းကိုဖွင့်လိုက်သည်။ "မင်းရဲ့သူဌေး ပြန်ရောက်ပြီလား"

 

 

 ဒီမနက် အတွင်းရေးမှူး အွန်လိုင်းမှာ ရှိနေမယ်လို့ သူ မထင်ထားပေ။ သူမက ဖန့်ကျင်းကို အမြန်ပြန်ပေးခဲ့သည်။ "မရောက်သေးပါဘူးရှင့်"

 

 

 F.J. - ကောင်းပြီ။

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ^_^

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ဟုတ်သားပဲ၊ ခွေးရဲ့အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး သေချာစုံစမ်းပြီးပြီလား။

 

 

 F.J.- ……ကြိုးစားနေတုန်းပဲ။

 

 

 မနေ့ညက သူသည် အဲ့အစား ဟဲကျစ်ယွမ် အမည်ရှိတဲ့ အမျိုးသားကို အာရုံစိုက်ခဲ့ပြီး အထုပ်တွေဆီက လိပ်စာကို စစ်ဆေးရန် သိုလှောင်ခန်းထဲသို့ သွားဖို့ မေ့သွားခဲ့သည်။

 

 

 "မစ္စတာ ဖန့်၊ မနက်စာစားချိန်ရောက်ပြီ"

 

 

 "အင်း" ဖန့်ကျင်း ဖုန်းကိုချလိုက်ပြီး ထမင်းစားခန်းဆီသို့ လျှောက်သွားလိုက်သည်။

 

 

 ရိုက်ကူးရေး လုပ်နေတဲ့ နေ့ခင်းဘက်မှာတော့ ပရိသတ်တွေ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။  တော်တော်များများက လက်ဆောင်တွေတောင် ယူလာကြသည်။

 

 

ဖန့်ကျင်းက မီရှန့်အာကို စာတွေ၊ ပန်းလက်ဆောင်တွေ စုဆောင်းပေးဖို့ ပြောခဲ့ပေမယ့် ကျန်တာတွေကို အကုန်ပြန်ပေးခဲ့သည်။ ပရိတ်သတ်တွေက အစားအသောက်များစွာကို ယူဆောင်လာခဲ့ကြသော်လည်း ဖန့်ကျင်းက လက်မခံကြောင်းကို မြင်သောအခါတွင် ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း စားဖို့ ပေးရမည်ဟု သူတို့ ထင်ခဲ့ကြသည်။

 

 

မီရှန့်အာက မိန်းကလေးတွေက အတော်လေး လိမ္မာပါးနပ်သည်ဟု တွေးကာ စိတ်ထဲမှာ သူတို့ကို ချီးကျူးလိုက်သည်။

 

 

 "ရုပ်ရှင်ဧကရာဇ် ဖန့် ဒီကို လာပြီး ပရိသတ်တွေနဲ့ ဓာတ်ပုံရိုက်ပေးလိုက်ပါဦးမီရှန့်အာက သူ့လက်ထဲတွင် ဖုန်းကိုကိုင်ပြီး ဖန့်ကျင်းကို ဝှေ့ယမ်းပြလိုက်သည်။  ပရိတ်သတ်လေးတွေ အရမ်းစိတ်လှုပ်ရှားသွားကြသည်။ 

 

 

ဖန့်ကျင်း လမ်းလျှောက်လာသည်ကို တွေ့လိုက်ကြပြီး ". မီတာ ခြေထောက်တွေရှိတဲ့ မစ္စတာဖန့်က အရမ်းချောတာပဲ "လို့ စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြပါတော့သည်။

 

 

 "အား!!!! ဒီ vampire ပုံစံက အရမ်းမိုက်တာပဲ၊ မင်းရဲ့ အစွယ်လေးတွေကို ထိကြည့်လို့ရမလား"

 

 

 "ရုပ်ရှင်ဧကရာဇ် ဖန့် သဘက်ခါ Double Seven Festival အတွက်၊ အဲဒါကို ဘယ်လိုကျင်းပဖို့ စီစဉ်ထားလဲ"

 

 

 ……အွန်ဖန့်ကျင်းရဲ့ မျက်ခုံးတွေ အနည်းငယ် ကြွတက်လာသည်။ သဘက်ခါက Double Seven Festival လား?

 

 

 ထိုနေ့ အတိအကျတွင် ဟဲဘယ်သူဆိုတာက ကျန်းရန်နဲ့  တွေ့ဆုံဖို့ စီစဉ်ထားသည်ကို သူသတိရမိသွားသည်။

 

 

 ဟားဟား ?

 

 

 ဖန့်ကျင်းသည် သူ၏ပရိသတ်တွေနဲ့ အပြန်အလှန်စကားပြောဆိုနေချိန်တွင် ကျန်းရန်က "ကုဒ်နာမည် Omega" ကို ကြည့်လို့ ပြီးသွားပြီပင်။ သူမရဲ့ လက်ရှိ စိတ်နေစိတ်ထားကို နှိုင်းယှဥ်လိုက်မယ်ဆိုရင်  "Deep Blue" ပြီးသွားတဲ့ အချိန်ကထက်ပိုပြီး ရှော့ခ်ရနေခဲ့သည်။

 

 

ဖန့်ကျင်း သရုပ်ဆောင်ထားတဲ့ အမျိုးသားဇာတ်ဆောင်က မိဘမဲ့ဂေဟာတစ်ခုရဲ့ အဝင်ဝမှာ ငယ်စဉ်ကတည်းက မိဘတွေ စွန့်ပစ်တာကိုခံခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်သည်။ ရှစ်နှစ်သားအရွယ်တွင် လူငယ်စုံတွဲတစ်တွဲက သူ့ကို မွေးစားခဲ့သည်။ 

 

 

ထိုအချိန်တွင် သူသည် သူအမြဲတမ်းတောင့်တခဲ့သော အချစ်ကို နောက်ဆုံးတွင် ရရှိနိုင်လိမ့်မည်ဟု သူထင်နေခဲ့သည်။ ဒါပေမယ့် ထိုလူငယ်ဇနီးမောင်နှံက နည်းပညာနှင့်ပတ်သက်သည့် စွမ်းရည်ကြောင့်သာ သူ့ကို အမြင်အာရုံတွေ ပေးခဲ့ကြတာ။ သူ့ကို ငွေရှာဖို့ ကိရိယာတစ်ခုလို့ပဲ ထင်ခဲ့ကြသည်။ 

 

 

ရုပ်ရှင်ရဲ့ အစောပိုင်း မြင်ကွင်းတွေမှာ သူ့ကို နာမည်တောင် မပေးခဲ့ဖူးပေ။ သူ့ကို ရာဇ၀တ်အဖွဲ့အစည်းတစ်ခုက ရှာဖွေတွေ့ရှိပြီးနောက် သူ့အတွက် ကုဒ်နာမည်တစ်ခုကိုသာ ရွေးချယ်ခွင့်ပေးခဲ့သည်။

 

 

ခေါင်းဆောင်မင်းသားက ၎င်းကိုစဉ်းစားပြီး ရာဇ၀တ်မှုဆိုင်ရာအဖွဲ့အစည်း၏ အစီအစဉ်- Omega ဆိုတဲ့အမည်ကို ရွေးချယ်ပြီး အဆုံးသတ်ခဲ့သည်။

 

 

 ဤအချိန်တွင် သူက နောက်ဆုံးမှာ သူ့မှာ "နာမည်" ရှိလာသည်ဟု ယူဆခဲ့သည်။ နောက်ပိုင်းတွင် အဖွဲ့အစည်းက ရဲတစ်ဦး၏ သမီးကို ပြန်ပေးဆွဲကာ Omega ကို ပြုစုရန် လက်မှတ်ရေးထိုးခဲ့သည်။ Omega မွေးစားမိဘများ၏ ရည်ရွယ်ချက်ရှိရှိ ပြုစုပျိုးထောင်မှုအောက်တွင် သူသည် လူသားတစ်ဦးဖြစ်ခြင်း၏ အခြေခံပျော်ရွှင်မှုနှင့် ဝမ်းနည်းခြင်းများကို အချိန်အတော်ကြာ ဆုံးရှုံးခဲ့ရသည်။  ဒါပေမယ့် သူ့အတွက် ရိုးရှင်းပြီး ဖြူစင်သော ကလေးမလေးက နတ်သမီးလေးတစ်ပါးနှင့်တူသည်။  သူမထံမှ သူသည် လူ့လောကထဲက အလှတရားကို တစ်ဖန်ပြန်မြင်နိုင်ခဲ့သည်။

 

 

 ကောင်မလေးကို သူ့အမေဘက်ဆီ ပြန်ပို့ဖို့အတွက် Omega က အဖွဲ့အစည်းကို သစ္စာဖောက်ခဲ့ပြီး နောက်ဆုံးမှာတော့ သူ့အသက်ကို စွန့်လွှတ်လိုက်ရသည်။  ဒါပေမယ့် သူပေးခဲ့တဲ့ သဲလွန်စတွေကြောင့် ရဲတွေဟာ သူတို့ရဲ့ "Omega Plan" ကို တားဆီးခဲ့ပြီး ရာဇ၀တ်ဂိုဏ်းကို ချောမွေ့စွာ နှိမ်နင်းနိုင်ခဲ့သည်။

 

 

 ရုပ်ရှင်တစ်ကားလုံးမှာ အရှိန်အဟုန်က အရမ်းမြန်ဆန်သည်။ ကျန်းရန်သည် ၎င်းကိုကြည့်နေစဉ် လေပြင်းတစ်ချက် ရှုရှိုက်ရန်ပင် မဝံ့ရဲခဲ့ပေ။ သူမသည် ရုပ်ရှင်ရုံအပြင်ဘက်ရှိ ဧည့်ခန်းဆီသို့ လျှောက်သွားကာ ဖုန်းကိုကိုင်ပြီး သူမရဲ့သူငယ်ချင်း ရန်ဟွမ်ဟွမ်ဆီ သတင်းတွေ ပို့လိုက်သည်။

 

 

 ကျန်းရန် - ဟွမ်ဟွမ်၊ ငါ "ကုဒ်နာမည် Omega" ကို သွားကြည့်လာတာ

 

 

 ရန်ဟွမ်ဟွမ် - [မယုံကြည်တဲ့မျက်လုံးတွေ.jpg]

 

 

ရန်ဟွမ်ဟွမ်  - အရင်တုန်းကတော့ နင့်ကို ငါ ဘယ်နှစ်ခါလောက်တောင် ဖိတ်ခဲ့ရလဲ။ နင်က တစ်ခါလေးတောင်မှ လာမကြည့်ဘူး ^_^

 

 

ကျန်းရန် - အာ၊ အရင်က ငါ အလုပ်များနေလို့ပါ။  တကယ်တော့ ဒီနေ့ ငါကြည့်ဖို့ အချိန်ယူလိုက်လို့လေ။  အထုပ်အပိုးတွေ လိုက်ပို့ပေးဖို့ ငါ အိမ်မြန်မြန်ပြန်ဖို့ ရှိသေးတယ်။

 

 

ရန်ဟွမ်ဟွမ် - [မယုံကြည်တဲ့မျက်လုံးတွေ.jpg]

 

 

ရန်ဟွမ်ဟွမ် - ဘယ်လိုလဲ၊ ငါတို့ရဲ့ မစ္စတာဖန့်က အရမ်းချောတယ် မလား။  Fanclub မှာ အတူတူလာ join ချင်လား။

 

 

ကျန်းရန် - သူက အရမ်းချောတယ်။ ဒါပေမယ့် fanclub ထဲဝင်ဖို့တော့ ငါ အောင်မှရမှာပေါ့။ ငါက အေးဆေးတည်ငြိမ်ပြီး အိုင်ဒေါတွေကို လိုက်ဖို့ ချောင်းနေတဲ့သူမဟုတ်တဲ့ လောကီပညာရှိတစ်ယောက်ပါနော်

 

 

ရန်ဟွမ်ဟွမ် - ^_^

 

 

ကျန်းရန် - စကားထပ်ပြောလို့မရတော့ဘူး၊ငါ မြေအောက်ရထားစီးဖို့ အမှီသွားမှရမယ်။

 

 

ရန်ဟွမ်ဟွမ် - သွားတော့၊ ဒါပေမယ့် နင်ဒီအကြောင်းပြောပြီးကတည်းက ငါရုပ်ရှင်ကို လေးကြိမ်မြောက်အတွက် သွားကြည့်ချင်လာပြီ။

 

 

ကျန်းရန် - …… True love

 

 

 ထိုစကားနှစ်လုံးကို ပြောပြီးသည်နှင့် ဖုန်းချကာ သူမ အောက်ထပ်သို့ ဆင်းသွားလိုက်သည် သူမသည် နေ့ချင်းပြန် deli ပို့သူနှင့် အချိန်တစ်ခု သဘောတူထားပြီးဖြစ်သောကြောင့် အထုပ်ကို လက်ခံရန် အိမ်သို့ အမြန်သွားရသည်။

 

 

 ရုပ်ရှင်ရုံသည် သူမအိမ်နှင့် ငါးမှတ်တိုင်သာဝေးသည်။  သူမ မြေအောက်ရထားပေါ်တွင် ထိုင်နေချိန်တွင် ဖန့်ကျင်းကို ရှာဖွေရန် သူမ၏ ဖုန်းကို ထပ်မံထုတ်ယူခဲ့သည်။

 

 

 သူမသည် ရုပ်ရှင်ကိုကြည့်ရုံနှင့် ဖန့်ကျင်း ကြောင့် ရှော့ခ်ရသွားသောကြောင့် သူ့ပုံတွေကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေကာ အနည်းငယ်လှန်လှော ကြည့်လိုက်သည်။  ထို့နောက် Z ရေးထားသော ပို့စ်ကို ကလစ်နှိပ်ကာ စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။

 

 

 "ဒီသရုပ်ဆောင် ဖန့်ကျင်းကို မင်း ဘယ်လို အကဲဖြတ်မလဲ"  -Z

 

 

 အနီရောင် ဖရဲသီးအနှစ်

 

 

 မေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

 

 တကယ်တော့၊ မေးခွန်းကိုယ်တိုင်က ဖန့်ကျင်းကိုဖော်ပြဖို့ "သရုပ်ဆောင် " ကို ကိုယ်စားပြောပြီး သုံးထားပြီးသား၊ "idol" ဒါမှမဟုတ် "star" လို့သုံးတဲ့ တစ်စုံတစ်ခုကို ကိုယ်စားပြုနိုင်ပြီးသားပါ။ "ဖန့်ကျင်း" က "သရုပ်ဆောင် " ဆိုတဲ့ title ကို သယ်ဆောင်နိုင်တဲ့လူတစ်ယောက်လို့လည်း ကိုယ်တွေ့ယုံကြည်တယ်။ 

 

 

 ပထမဆုံးအနေနဲ့ ဖန့်ကျင်းက သရုပ်ဆောင်ကျောင်းမှာ သင်ကြားခဲ့တာ။  ထို့အပြင် သူ့ကို ထိပ်တန်းကျောင်းသားအဖြစ် ထိုအတန်းတွင် လက်ခံခဲ့သည်။  ဒုတိယအနေနဲ့ သူ့သူငယ်ချင်း တော်တော်များများဟာ သူတို့ကိုယ်သူတို့ ထိန်းမနိုင် သိမ်းမရဖြစ်ပြီး ဖျော်ဖြေရေးအဝိုင်းထဲကို ခြေတစ်လှမ်းတိုးဖို့ အပြေးအလွှားသွားနေချိန်မှာတော့ သူက သူ့ဆရာနဲ့အတူ ပြဇာတ်မှာ ပါဝင်သရုပ်ဆောင်နေပြီ။

 

 

 မှန်ပါတယ်။  ပြဇာတ်ရုံမှာပါ။

 

 

 ပြဇာတ်နဲ့ ရုပ်ရှင်ကြားက ကွာခြားချက်ကို မှတ်ချက်ပေးစရာတောင် မလိုပါဘူး။ စာသင်နှစ်တွင် သူသည် စုစုပေါင်း ပြဇာတ်သုံးပုဒ်တွင် ပါဝင်ခဲ့သည်။ သူ၏ ဖျော်ဖြေပွဲများနှင့် ပြန်လည်လည်ပတ်မှုများအားလုံးကို ပေါင်းထည့်လိုက်လျှင် စုစုပေါင်း ဖျော်ဖြေပွဲ လေးဆယ်မှ ငါးဆယ်အထိ ရှိမည်ဖြစ်သည်။ အခြားမည်သည့်အရာကိုမျှ ထည့်မတွက်ဘဲ ဤအရာတစ်ခုတည်းအပေါ် အခြေခံ၍ အခြား "သရုပ်ဆောင်များ" ကို နဂါးငွေ့တန်းလမ်းတစ်ဝက်တွင် ထားခဲ့ရန် လုံလောက်နေပြီ။

 

 

 ငါ့ကို ပြဇာတ်ဝါသနာရှင် တစ်ဝက်လောက်လို့ ယူဆနိုင်တာကြောင့် ဖန့်ကျင်း ပါဝင်ခဲ့တဲ့ ပြဇာတ်တွေထဲက တစ်ကားကို ကြည့်ရတာက အရမ်းကံကောင်းသည်။ အဲဒီတုန်းက သူ့ကို လူတော်တော်များများ မသိခဲ့ကြပေမယ့် သူ့မှာ အလားအလာရှိသော အနာဂတ်တစ်ခုရှိတယ်ဆိုတာ ငါကတော့ သိခဲ့တယ်။

 

 

 သူဘွဲ့ရပြီးနောက် ထန်ချင် Entertainment နှင့် လက်မှတ်ရေးထိုးခဲ့ပြီး "Deep Blue" မှာ ဒုတိယမြောက်အမျိုးသားဇာတ်ဆောင် လင်းယွီ အဖြစ် "Deep Blue" ရုပ်ရှင်အတွက် ဒါရိုက်တာ လီမှ သူ့ကိုရှာဖွေခဲ့တယ်။

 

 

 လီလျန်း + ကွမ်းရန် + နီပိုင်တို့က ဒီဇာတ်ကားအတွက် စံသတ်မှတ်ထားပြီးသားပါ။  ဒါလည်း မမှားပါဘူး၊ ဒါက ရုပ်ရှင်ပဲ။ ရုပ်ရှင်တစ်ကားအတွက် လူတစ်ဦး၏ ပွဲဦးထွက်ဖြစ်ရန်မှာ ရှားရှားပါးပါးဖြစ်ပြီး ဖန့်ကျင်းက မကြာခင်ကမှ ဘွဲ့ရတဲ့သူတစ်ယောက်။ 

 

 

ဒီဒုတိယမြောက် အမျိုးသားဇာတ်ဆောင်ဖြစ်တဲ့ လင်းယွီ နေရာအတွက် သူ့ကို ဒါရိုက်တာ လီက ဘာကြောင့် ရှာခဲ့တာလဲ။ ဒါရိုက်တာ လီနှင့် အင်တာဗျူးတစ်ခုတွင်၊ ဖန့်ကျင်းကို ယခင်က ပြဇာတ်တစ်ခုတွင် ပါဝင်သရုပ်ဆောင် ထားသည်ကို မြင်ခဲ့ရပြီး ဖန့်ကျင်းကို သူ ချက်ခြင်းဆုံးဖြတ်ချက် ချခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားတယ်။

 

 

 တရုတ်နိုင်ငံတွင် ပြဇာတ်ရုံက ပင်မရေစီးကြောင်းမဟုတ်သည့် အရာတစ်ခုဟု ဆိုနိုင်သော်လည်း အခက်အခဲက မြင့်မားပြီး လစာနည်းတယ်။ လုပ်ချင်တဲ့သူတွေလည်း မရှိဘူး။ 

 

 

ဒီနေရာမှာတော့ ငါ ဖန့်ကျင်းရဲ့ ဆရာ ကောဟုန်ယီကို ပြောရမယ်။ ကောလောင်ရဲ့ နာမည်က လူအများနဲ့ မရင်းနှီးနိုင်ဘူး။ ဒါပေမယ့် သူ့ကျောင်းသားရဲ့ နာမည်အများစုကတော့ မင်း အတွက် ရင်းနှီးနေပေလိမ့်မယ်။  ဖန့်ကျင်းက ၎င်းတို့ထဲက တစ်ဦးပဲ။ 

 

 

ထိုအချိန်တွင် ဒါရိုက်တာ လီသည် ပြဇာတ်များကို ကြည့်ရှုရန် ကောလောင် ကိုလည်း တွန်းအားပေးခဲ့ပြီး ရလဒ်အနေဖြင့် ဖန့်ကျင်းကို မြင်တွေ့ခဲ့ရတယ်။ ကောလောင်သည် လူလတ်တစ်ဦးအဖြစ် တမင်တကာ ရည်ရွယ်ချက်ရှိရှိ သရုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ အဲ့လိုမဟုတ်ခဲ့သည်ဖြစ်စေ ပြောစရာ မလိုအပ်ဘူး။ 

 

 

ဒါပေမဲ့ ဒါက သရုပ်ဆောင်ကျောင်းက လာတဲ့သူတွေဟာ တကယ်ပဲ အားသာချက်လေးတွေ ရနိုင်တယ်ဆိုတဲ့ အချက်ကို ထင်ဟပ်စေတယ်။

 

 

 "Deep Blue" ရေပန်းစားလာပြီးနောက် ဖန့်ကျင်း သည် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်အတွက် Taurus Award ကို ရရှိခဲ့ပြီး သူ၏ကျော်ကြားမှုမှာ တဟုန်ထိုးတက်လာခဲ့တယ်။ အကြောင်းပြချက်အရ ဤအချိန်သည် အပူနှင့် တူသောသတ္တုကို အသုံးပြုရန် အကောင်းဆုံးအချိန်ဖြစ်မည်ဖြစ်ပြီး ကမ်းလှမ်းမှုများကို ဆက်လက်ခံယူကာ ထောက်ခံချက်ရယူဖို့ အတွက်ပဲ။

 

 

 ဒါပေမယ့် သူသည် သရုပ်ဆောင်ပညာ မဟာဘွဲ့ယူဖို့ လွင်ယိဆီကို မသွားခင် အာလူးကြော်အတွက် ကြော်ငြာအသေးစားတစ်ခုကိုသာ ယူခဲ့သည်။ (ဒါက  တော်တော်စားကောင်းတုန်းပဲ)

 

 

 တစ်နှစ်အကြာတွင် ဖန့်ကျင်းက တရုတ်နိုင်ငံသို့ ပြန်လာခဲ့တယ်။ သူပြန်လာပြီးတာနဲ့ "ကုဒ်နာမည် Omega" အတွက် သူ့ကို ရှာခဲ့တယ်။ တစ်နှစ်လောက် လေ့လာပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်က ပိုမြင့်မားလာပြန်တယ်။ Omega အခန်းကဏ္ဍက ဆုပ်ကိုင်ဖို့ အလွန်ခက်ခဲတယ်။ သူ့မှာ စာကြောင်းများစွာမရှိရုံတင်သာမက မျက်နှာအကြောသေနေသည့် ဇာတ်ကောင်တစ်ဦးလည်းဖြစ်တယ်။ 

 

 

ရုပ်ရှင်ထဲမှာတော့ သူ မျက်တောင်တောင်မခတ်ခဲ့ဘူး။  အကယ်၍ ငါတို့က Omegaကို သရုပ်ဖော်ဖို့ အတခြား "သရုပ်ဆောင် " နဲ့ လဲလိုက်ရင်၊ ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော သူတစ်ယောက်ကဲ့သို့ ဖြစ်နေမည်မှာ သေချာသည်။  တစ်ဖက်မှာတော့ ဖန့်ကျင်းနဲ့ဆိုရင် လူတွေဟာ ချောတယ်ဆိုတဲ့ စကားတစ်ခွန်းပဲ တွေးကြလိမ့်မယ်။

 

 

 ဒီသရုပ်ဆောင် ဖန့်ကျင်းက လုံးဝကို နှစ်မြှုပ်ထားတာ။ စက္ကန့်အနည်းငယ်မျှသာ ကြာသည့် sceneအတွက် သူသည် လေ့ကျင့်ဖို့ အချိန် တစ်လကြာအောင် သူ့ကိုယ်သူ ပိတ်ထားတယ်။ 

 

 

ဟုတ်ပါတယ်၊ နောက်ဆုံးရလဒ်က သိသာထင်ရှားပြီး အလွန်သန့်ရှင်းပြီး ဖြူစင်တဲ့ပုံသဏ္ဍန်ဖြစ်ပြီး ငယ်ရွယ်တဲ့မိန်းကလေးတွေကို ဆွဲဆောင်မှုများစွာနဲ့ အဆုံးသတ်ခဲ့သည်။ သူ မသေခင်မှာ ရဲရဲ့သမီးကို တခဏတာ အပြုံးလေးပေးခဲ့တဲ့ ငါဆိုတဲ့ ယောကျ်ား အဖြောင့်ကြီးတောင်မှ  သူ့ကို သုံးစက္ကန့်တောင် ဦးညွှတ်ခဲ့ရတယ် !!

 

 

 ပရိသတ်ကြီးတို့ရေ၊ ယောက်ျားတစ်ယောက်မှာ သရုပ်ဆောင်စွမ်းရည်ရှိပြီး လုံ့လဝီရိယရှိမယ်ဆိုရင် အဲ့တာက ကြောက်စရာမဟုတ်ဘူး ဘာကကြောက်စရာကောင်းတာလဲဆိုရင်တော့ သူက မင်းထက် ပိုချောနေတာကမှ ကြောက်စရာကောင်းတာ။

 

 

ခစ်ခစ်၊ အကျဉ်းချုပ်ပြောရရင် ဒီနေ့ခေတ်မှာ "သရုပ်ဆောင်တွေ" မြောက်မြားစွာ ရှိနေပြီဖြစ်ပြီး ဘယ်ဇာတ်ရုပ်မျိုးမှာမဆို သူတို့ကိုယ်သူတို့ ခံစားချက်ကို စွန့်လွတ်ကြဆဲပဲ။ ဖန့်ကျင်းရဲ့ အထင်ကြီးစရာကောင်းတာက လွင်ယိနဲ့ Omega တို့က အတူတူပဲလို့ မင်းထင်မှာမဟုတ်ဘူး။  သူရရှိခဲ့တဲ့ Golden Pine Film Emperor Award က သူနဲ့ ထိုက်တန်တယ်။

 

 

ထပ်လောင်းပြောရမယ်ဆိုရင် မိုကျန့် ပရိသတ်တွေက ဒီကိုလာပြီး မနာလိုမဖြစ်သင့်ဘူး။  ကျွန်တော်ကလည်း မိုကျန့်ရဲ့ ပရိတ်သတ်တစ်ယောက်ပါပဲ၊ ဒါပေမယ့် ဖန့်ကျင်းကို ကျွန်တော့်ရဲ့ ကြည်ညိုလေးစားမှုနဲ့ ကွဲလွဲနေစရာ မလိုပါဘူး ဟုတ်တယ်မလား။

 

 

 မိုကျန့် ပွဲဦးထွက်ကတည်းကဆိုတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုတွေကို ကျော်လွန်နိုင်တဲ့သူက ခုထိ တစ်ယောက်ပဲရှိသေးတယ်။ ဒါပေမယ့် ဖန့်ကျင်း ထွက်လာပြီးတာနဲ့ မင်းက သူ့ကို မိုကျန့်နဲ့ နှိုင်းယှဥ်ပြီး ဆွဲထုတ်ခဲ့တယ်။ ရိုးရိုးသားသားပြောရရင် တခြားရှုထောင့်ကနေ ကြည့်လိုက်ရင် ဒီဟာက သူ့ရဲ့စွမ်းရည်ကို ပိုမိုသက်သေပြနေတာ မဟုတ်ဘူးလား။

 

 

 လူတစ်ယောက်က အရည်အချင်းပိုရှိလေ၊ ပြိုင်ဖက်ကောင်းတွေ လိုအပ်လေလေပဲလို့ အမြဲတွေးနေမိတယ်။  ကုရှင်းနဲ့  စီမာ ရှောင်ရှောင်တို့ ဂီတမြင်ကွင်းကို လွှမ်းမိုးထားချိန်အတွင်း စီမာ ရှောင်ရှောင် ထွက်သွားပြီးတာနဲ့ ကုရှင်း တစ်ယောက်တည်း ထိပ်တန်းနေရာတွင် ရှိနေခဲ့တယ်။

 

 

 ကုရှင်းက တုနှိုင်းမမှီတဲ့ အချိန်တိုလေးအတွင်း သူ့ရဲ့ဂီတက တုံ့ဆိုင်းသွားပြီး မတိုးတက်လာခဲ့ပေ။ သူ့အလုပ်က တစ်ဆို့သွားတယ်ဆိုတာ ထင်ရှားနေတာပဲ။ တင်းမင် ဆို အောင်မြင်မှုတွေရရှိပြီးတော့ "ကုဒ်နာမည် Omega" အတွက် အဓိကဇာတ်ဝင်သီချင်းဖြစ်တဲ့ "Eternal" ကို ရေးချပြီး အောင်မြင်မှုတွေ မရလာသေးတဲ့အထိပဲ။

 

 

 နောက်ဆုံးထပ်ပြောချင်တာက မင်းတို့တွေက ဖန့်ကျင်း  နဲ့ မိုကျန့်ကို နှိုင်းယှဉ်ဖို့ ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ သူတွေပဲ၊ ပြီးတော့ ဖန့်ကျင်းက မိုကျန့် အတွက် သင့်တော်တဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ မင်းတို့က ပြောနေကြတယ်။  မင်းတို့မှာ schizophrenia ဒါမှမဟုတ် တစ်ခုခုရှိနေတာများလား။ တချို့သောသူတွေက ဧကရာဇ်မိုရဲ့ဂုဏ်သိက္ခာကို မည်းမှောင်စေတာကို ရပ်တန့်ဖို့ လိုအပ်နေပြီ။

 

 

 ကျိခဲလ်ခဲလ်

 

 

 သူ့ရုပ်ရည်က အရမ်းကောင်းတာကြောင့် သူ့မှာ သရုပ်ဆောင်စွမ်းရည်မရှိဘူးလို့ ကျွန်တော် အမြဲတွေးနေခဲ့တာ။

 

 

 "ကုဒ်နာမည် Omega" ကို မကြည့်မချင်း တောက်လျှောက် အဲ့လိုတွေးလာတာ။ လင်းယွီနဲ့ ခဏတာတွေ့ဆုံပြီးတဲ့နောက် ရုပ်ရှင်ရုံထဲမှာ ကျွန်တော် ဒူးထောက်ပြီး အဆုံးသတ်လိုက်ရတယ်။

 

 

 ကျေးဇူးတင်ပါတယ်ခင်ဗျသတိပေးချက် - ရှေ့မှာ ပုံတွေအများကြီးပါပါတယ်။

 

 

 လုံလောက်ပြီဟု လူတိုင်းက ပြောနေကြတာကြောင့် ငါ တစ်ခြားတစ်ခုတော့ ပြောဦးမယ်။ မစ္စတာ ဖန့်က ထိပ်တန်းကျောင်းသားတစ်ယောက်။ သူကိုယ်တိုင်က ကိုယ့်ကိုယ်ကို ကြေညာနေတဲ့ ထိပ်တန်းကျောင်းသားတွေနဲ့ မတူဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် သူ့ရမှတ်က အမှတ် ၆၀၀ ကျော်တယ်။ သရုပ်ဆောင် အတန်းက မဟုတ်တဲ့လူတွေကို နှိုင်းယှဥ်ကြည့်ရင်တောင် သူက ထိပ်တန်းကျောင်းသားတစ်ယောက်လို့ ထင်ထင်ရှားရှားရှိနေဆဲပဲ။

 

 

 လွင်ယိကိုလည်း စမ်းသပ်နေတုန်းမှာ သူ့အင်တာဗျူးတစ်ခုမှာ တိုက်ရိုက်ကမ်းလှမ်းချက်တစ်ခု ပေးထားတယ်။ မစ္စတာ ဖန့်က low -key နေတဲ့သူ ဖြစ်ပြီးတော့ မလိုအပ်ပေမယ့် အဲ့တာကို အရင်က တစ်ခါမှ မပြခဲ့ဖူးဘူး။  သူ့လက်ရာတွေက သူ့တန်ဖိုးကို သက်သေပြနိုင်လောက်အောင်ပဲ။

 

 

 အောက်က ဓာတ်ပုံတွေမှာ မင်းတို့ရဲ့candy မျက်လုံးလေးတွေနဲ့ ခံစားကြည့်လိုက်ကြ

 (~ ̄)

 

 

 ငါက မင်းတို့ရဲ့အိမ်နီးချင်း မစ္စတာ ဝမ်ပါ။

 

 

ဖန့်ကျင်းကို ​​ထင်ရှားတဲ့ နောက်ခံ ဇာတ်ဆောင်တစ်ယောက်လို့ ခံစားရသည်။ ထန်ချင် Entertainment က သူရဲ့ကျော်ကြားမှု အရှိန်အဟုန်နဲ့ မြင့်တက်နေချိန်မှာ သူ့ကို တစ်နှစ်စာ စာသင်ခွင့်ပြုဖို့ ဘာကြောင့် သဘောတူခဲ့တာလဲ။  ဒါပေမယ့် ရေရှည်ရှုထောင့်မှကြည့်လျှင် ထိုဆုံးဖြတ်ချက်က အမှန်တကယ်ပင် မှန်ကန်သည်။

 

 

 စတားနောက်လိုက်တဲ့ မိန်းကလေး နံပါတ်

 

 

 ရုပ်ရှင် ဧကရာဇ်ဖန့် ရဲ့ သရုပ်ဆောင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးစရာ မလိုပါဘူး။  ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းနဲ့ ဇာတ်ရုပ်တစ်ခုကို ပီပြင်အောင်လုပ်ဖို့ သူ့ကိုပဲ မေတ္တာရပ်ခံတယ်။  QAQ လင်းယွီနဲ့  Omega နှစ်ယောက်စလုံးက သနားစရာကောင်းတဲ့ ဘဝတွေရှိကြတဲ့ ဇာတ်ကောင်တွေ။ ငါ ထပ်ပြီး မငိုချင်တော့ဘူး QAQ