အပိုင်း ၈
Viewers 466

သန်းခေါင်ယံ စင်ဒရဲလား

 

 အပိုင်း

 

 

 

 Double Seven ပွဲတော်နေ့တွင် ဧရိယာတစ်ခုလုံးသည် မရေရာသောလေထုထဲသို့ နစ်မြုပ်သွားခဲ့သည်။

 

 

 အလုပ်သမား A - ဒီည ဒီတိုင်းပြည်ကနေ ထွက်သွားတဲ့ ငါ့ကောင်မလေး ပြန်လာမှာ ဟီးဟီး။

 

 

 အလုပ်သမား B - ဟိုနေ့က တွေ့ခဲ့တဲ့ ကောင်မလေးက ဒီညမှာ ငါနဲ့တွေ့ဖို့ စီစဉ်ထားတယ် ဟီးဟီး။

 

 

 အလုပ်သမား C - ငါ ဒါရိုက်တာကို မေးလိုက်တာ ဒီနေ့ ငါတို့ အလုပ်ကနေ စောစောဆင်းလို့ရတယ်လို့ပြောတယ်  ဟီးဟီး။

 

 

ဖန့်ကျင်း - "……"

 

 

 စည်းကမ်းမဲ့လွန်းတယ်။

 

 

 ထိုစကားကို စိတ်ထဲတွင် အော်ပြောပြီးနောက် ကျန်းရန် လည်း ဟဲကျစ်ယွမ်နှင့် ဒီနေ့ ထမင်းစားရန် စီစဉ်ထားကြောင်း သူ ရုတ်တရက် သတိရသွားသည်။ သူမလည်း အပြင်မှာ ညအိပ်မယ်လို့တော့ ငါ့ကို မပြောနဲ့နော်။

 

 

 ……သူမက သူမရဲ့ခွေးကို ဂရုမစိုက်ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်

 

 

 "ဟက်ချိုး!" ကွန်ပြူတာရှေ့ထိုင်နေတဲ့ ကျန်းရန်  နှာချေပြီးနောက် ဂျပန်ရှိ သူမ၏ကောလိပ်ကျောင်းနေဖက်များထံ သတင်းအချက်အလက်များ ဆက်လက်ပေးပို့ခဲ့သည်။ 

 

 

အနှစ်ချုပ်ရရင် ဗီတာမင်ဓာတ်တွေ ဖြည့်ဖို့ လိုတယ်။  ကောင်းတဲ့ ညလိမ်းပေါင်ဒါ တစ်ချို့ယူလာဖို့လည်း မမေ့နဲ့။ { ကောင်းမွန်တဲ့ ညလိမ်းပေါင်ဒါမှုန့်၊ အလှကုန်ပစ္စည်း အမျိုးအစား}"

 

 

 ကျောက်ခဲ့ - အယ်အခု နင့်မှာ ရည်းစားရှိနေပြီလား။  နင်က တကယ်ကောင်းတဲ့ ညလိမ်းပေါင်ဒါကို လိုချင်နေပြီပေါ့။

 

 

 ကျောက်ခဲ့ - အိုး၊ဟုတ်သားပဲ။ ဒီနေ့က Double Seven Festival ပဲ။ နင် အပြင်မှာ တစ်ညအိပ်မှာလား??

 

 

ကျန်းရန် - ……

 

 

ကျန်းရန် - ငါ့မှာ ရည်းစားမရှိရင် အဲ့ဒါကို ငါသုံးလို့မရနိုင်ဘူးလို့ ဆိုလိုတာလား။  [ဘိုင့်] ကိုယ့်ကိုယ်ကိုယ်တောင် ပြင်ဆင်ပြီးနေလို့မရဘူးလား ^_^

 

 

 ကျောက်ခဲ့ - ကောင်းပါပြီ၊ ချမ်းသာတဲ့သူတွေက သူတို့ရဲ့ ပိုက်ဆံတွေကို စိတ်ကြိုက် ဝိုင်းပြီး ပစ်နိုင်တာပေါ့[picks nose ]

 

 

 ကျောက်ခဲ့ - နင် ဒီကို ဘယ်အချိန်လာပြီး ကစားနိုင်မှာလဲ။ လမ်းတစ်လျှောက်လုံး နင် ပစ္စည်းအချို့ ယူလာလို့ရတယ်လေ။

 

 

 ကျန်းရင် - မမျှော်လင့်ထားတဲ့ အရာတစ်ခုပေါ်လာရင်တော့ နောက်လလောက်လာခဲ့မယ်

 

 

ကျောက်ခဲ့ - ကောင်းတာပေါ့၊ မကြာခင်က ငါ အိမ်ပြောင်းချင်နေခဲ့တာ၊ ဒါကြောင့် ငါ အခြေချပြီးသွားတာနဲ့ နင့်ကိုပြောပြမယ်။

 

 

 ကျန်းရန် OK လို့ပို့လိုက်ပြီးနောက် သူမရဲ့ ကွန်ပျူတာကို ပိတ်လိုက်သည်။ ဒီနေ့ည သူမ ဟဲကျစ်ယွမ်နှင့် ညစာစားဖို့ စီစဉ်ထားသည်။  ပြင်ဆင်ဖို့ နောက်ကျရင် နောက်ကျသွားလိမ့်မယ်။

 

 

 ပြောစရာမရှိတော့ပဲ နောက်တစ်နေ့ ဟဲကျစ်ယွမ်က အချိန်တစ်ခု ရွေးနေတဲ့နေ့တွင် သူမ Double Seven Festival ကို လုံးဝမေ့သွားခဲ့သည်.....

 

 

 အချိန်က သတ်မှတ်ပြီးသားဆိုတော့ အခုပြောင်းဖို့ဆိုရင် အရမ်းကြိုးစားရလိမ့်မည်။ ကျန်းရန် သူမ၏ ဗီရိုကိုဖွင့်လိုက်ပြီး ဘာဝတ်ရမလဲ စဉ်းစားနေလိုက်သည်။

 

 

 သူမသည် အရမ်းတရားဝင်လွန်းသော တစ်ခုခုကို ၀တ်ထားလျှင် တစ်ဖက်လူကို အထင်အမြင်လွဲမှားသွားစေမှာကို သူမ ကြောက်သည်။ ဒါပေမယ့် အရမ်းပေါ့ပေါ့ပါးပါးဖြစ်နေတယ်ဆိုရင် အရမ်းယဉ်ကျေးသလိုဖြစ်မှာ မဟုတ်ဘူး။ ကျန်းရန် အချိန်အတော်ကြာ ရွေးယူကာ နောက်ဆုံးတွင် ၀တ်စုံတစ်စုံကို ဝတ်ဆင်ခဲ့သည်။ စတိုင်က ရိုးရှင်းပြီး ခေတ်ဆန်သည်။

 

 

 သူမက ဖိတ်ကြားတဲ့သူဖြစ်တာကြောင့် ဟဲကျစ်ယွမ်က ထိုနေရာကို ရွေးချယ်ခဲ့သည်။ သူရွေးတဲ့ နေရာက အနောက်တိုင်း စားသောက်ဆိုင်။ ကျန်းရန် ရောက်လာတော့ သူခဏလောက် စောင့်နေပြီ။ စားပွဲထိုးက သူမကို ခေါ်လာပေးတာကို တွေ့တော့ သူ ချက်ချင်း ထရပ်လိုက်သည်။

 

 

 "တောင်းပန်ပါတယ်၊ ကျွန်မက ရှင့်ကိုဖိတ်ထားပေမယ့် ကျွန်မ လာတာ နောက်ကျသွားတယ်ကျန်းရန် ချက်ချင်းတောင်းပန်လိုက်သည်။

 

 

ဟဲကျစ်ယွမ် အမြန်ပြန်ဖြေခဲ့သည်။မဟုတ်ပါဘူး၊ ကျွန်တော်ကသာ အစောကြီးရောက်လာတာ သူတကယ် အစောလာလိုက်တာ။  ကားအသွားအလာ များလာမှာကို ကြောက်သဖြင့် နှစ်နာရီစောပြီး အိမ်ကနေ ထွက်လာတာ....

 

 

 "ဟုတ်သားပဲ၊ ဒီပန်းတွေက မင်းအတွက်သူ့လက်ထဲမှာ ထုပ်ပိုးထားတဲ့ နှင်းဆီလှလှလေးကို ကျန်းရန် ကို ပေးလိုက်သည်။ ကျန်းရန်က တစ်ချက်ကြည့်လိုက်ပေမယ့် ယူဖို့လက်မလှမ်းခဲ့ဘူး။  "ဒါက……"

 

 

 ဟဲကျစ်ယွမ် အနည်းငယ် ရယ်လိုက်သည်။  “ဒီကိုလာတဲ့လမ်းမှာ နှင်းဆီရောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့လို့။ သူ့ရည်းစားနဲ့ အချိန်ဖြုန်းဖို့ အမြန်ပြန်ဖို့လိုနေလို့ လို့ သူ ပြောလို့။ ဒီနှင်းဆီက နောက်ဆုံးပန်းဖြစ်တော့ သူက ငါ်ကို တိုက်ရိုက်လက်ဆောင်ပေးလိုက်တာ။  ကံကောင်းစွာနဲ့ မင်းအတွက် လက်ဆောင်အဖြစ် ပေးဖို့ သုံးလို့ရသွားတာပေါ့"

 

 

 “အင်း……ဒါဆို ကျေးဇူးတင်ပါတယ်  ကျန်းရန်က သူ့ဘက်လှည့်ပြီး အနည်းငယ် ပြန် ပြုံးပြပြီး နှင်းဆီပန်းကို လက်ခံလိုက်သည်။

 

 

 ဒီနေ့ ဖန့်ကျင်း အတွက် အလုပ်က တကယ်စောပြီး ပြီးသွားသည်။ ရိုက်ကူးရေးအဖွဲ့သားတွေက  သူတို့လမ်းလျှောက်ရင်း ခြေလှမ်းတွေကသွက်ပြီး အရမ်းပျော်နေကြသည်။ ဖန့်ကျင်းမှာ ညအတွက် အစီအစဉ်မရှိသဖြင့် ဟိုတယ်သို့ တိုက်ရိုက်ပြန်သွားခဲ့သည်။

 

 

 သူရေချိုးပြီး ဆိုဖာပေါ်ထိုင်ကာ Weibo ကိုဖွင့်လိုက်သည်။ နေရာတိုင်းတွင် အများသူငှာ ချစ်ခင်ကြင်နာမှုပြသမှုများကို သူမြင်ခဲ့ရပြီး လူသိရှင်ကြား ချစ်ခင်ကြင်နာမှုပြမှုများကိုသာ မြင်တွေ့ခဲ့ရပြီး ၎င်း၏ မိတ်ဆွေ အသိုင်းအဝိုင်းများကို စစ်ဆေးကြည့်ရှုခဲ့သည်။ ဆယ့်နှစ်နာရီက မထိုးသေးဘူး။

 

 

 "မစ္စတာ ဖန့်၊ အလုပ် စောစော ပြီးဖို့ အခွင့်ကောင်းက ရခဲတယ်၊ ဒါကြောင့် မင်း ဒီနေ့ စောစော အိပ်သင့်တယ်မီရှန့်အာက ဖန့်ကျင်း တစ်ညလုံး သူ့ဖုန်းကိုပဲသုံးနေတာကို မြင်လိုက်ရတော့ အွန်လိုင်းမှာ ပိုဆိုးတဲ့ သတင်းတွေ ထွက်လာမှာကို သူ ကြောက်နေသည်။ သူက ဖန့်ကျင်း ကို အိပ်ဖို့ အမြန် ဖျောင်းဖျခဲ့သည်။

 

 

ဖန့်ကျင်းက သူ့စကားကြားပြီးနောက် ခေါင်းကို မော့ကာ မီရှန့်အာကို အကဲခတ်လိုက်သည် - “ မီရှန့်အာ၊ မင်းမှာ ကောင်မလေးရှိလား။ Double Seven ပွဲတော်ကို ကျင်းပဖို့ မလိုဘူးလား"

 

 

မီရှန့်အာ - “……”

 

 

 သူ့သူဌေးရဲ့ ရုတ်တရက် စုံစမ်းမေးမြန်းမှုကြောင့် သူ့ရဲ့ single dog က ဆုံးရှုံးသွားခဲ့သည်။

 

 

 "ကြီးကြပ်ရေးမှူး ချင်က ချစ်သူရည်းစားမရှိတဲ့ လက်ထောက်တွေကိုပဲ လိုချင်တယ်ဆိုတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ အရင်ကတည်းက ပြောထားပြီးသား"

 

 

 ဖန့်ကျင်း သံသယစိတ်ဖြင့် မျက်ခုံးပင့်လိုက်သည်။ "ဒီလို လိုအပ်ချက်ရှိလို့လား"

 

 

 “အဲလောက်လည်း မဆိုးရွားပါဘူး။ လက်ထောက်အဖြစ် လုပ်ရတဲ့အလုပ်က အရမ်းအလုပ်များတဲ့အတွက် ချိန်းတွေ့ဖို့ အချိန်မရှိဘူးလေ

 

 

 "ဒီလိုပြောနေတာက မင်း ငါ့ကို တန်းစီးပြီး ကွန်ပလိန်းတက်နေတာလား "

 

 

 "မဟုတ်ဘူး ငါ အဲ့လိုပြောတာ မဟုတ်ဘူး!"  မီရှန့်အာ ခေါင်းကို အမြန်ခါလိုက်သည်။လောလောဆယ်တော့ ငါ့အလုပ်ကို ကောင်းကောင်းမွန်မွန်ပဲ လုပ်ချင်တယ်။  လူတစ်ယောက်နဲ့ မချိန်းတွေ့ချင်သေးပါဘူး!" 

 

 

သူသည် ရုတ်တရက်ဧကရာဇ်မင်းနဲ့ နီးနီးကပ်ကပ်နေတာက ကျားနဲ့ နီးနီးကပ်ကပ်နေနေသလိုမျိုး အန္တရာယ်ရှိတယ် ဟု ခံစားလာရသည်။ ဒီလိုအခြေအနေမျိုးမှာ စာကြောင်းတစ်ကြောင်းတည်းနဲ့ စကားပြောမှားလို့မဖြစ်ဘူး။

 

 

 ဖန့်ကျင်းက သူ့ လက်ထောက်ရဲ့ အသည်းအသန် ကြေငြာချက်အပေါ် တုံ့ပြန်မှု သိပ်မရှိဘဲ ခေါင်းကို အနည်းငယ်သာ ညိတ်လိုက်သည်။

 

 

 မီရှန့်အာက ဖန့်ကျင်း သူ့ဖုန်းကိုကြည့်ဖို့ ခေါင်းထပ်ငုံ့ပြန်ပြီလို့ စိတ်ထဲမှာ တွေးနေခဲ့သည်။ ဒီစုံစမ်းမေးမြန်းမှုရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာလဲ။

 

 

မစ္စတာဖန့် က တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ချင်နေတာများ ဖြစ်နိုင်လား။ ၎င်းသည် နှစ်အနည်းငယ်အတွင်း သူ့အသက် ၂၆ နှစ်တွင် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။ ဒါပေမယ့် သူ့မှာ ဒီဆန္ဒရှိရင် ကြီးကြပ်ရေးမှူး ချင် ကို ကြိုတင်ပြောပြထားသင့်သည်။ ဟမ်၊ ဒါကို မစ္စတာဖန့် နဲ့ ဆွေးနွေးဖို့ သူ အချိန်ရှာသင့်လား။

 

 

 မီရှန့်အာက မိခင်အိုကြီးတစ်ယောက်လို ဆက်ငြီးတွားခဲ့ပြီး ဆယ့်နှစ်နာရီ ထိုးခါနီးနေပြီဖြစ်သည်။

 

 

ဖန့်ကျင်းက သူ့အခန်းထဲက မီးတွေကိုပိတ်ပြီး သိပ်မကြာခင်မှာပဲ ကျန်းရန်ရဲ့ဧည့်ခန်းထဲ သူပြန်ပေါ်လာခဲ့ပြန်သည်။

 

 

 ဧည့်ခန်းက လုံးဝမှောင်နေသည်။ ဖန့်ကျင်း၏ နှလုံးသားက မသိစိတ်က တခဏမျှ "ခုန်" သွားခဲ့သည်။  ဒါပေမယ့် အိပ်ခန်းထဲမှ မီးရောင်ကို သူ အမြန်မြင်လိုက်ရသည်။

 

 

 …… အဲ့ကောင်လေးကို သူမ အိမ်ပြန်ခေါ်လာတာတော့ မဟုတ်ဘူးမလား။

 

 

 ဖန့်ကျင်း စင်္ကြံထဲသို့ ခေါင်းကိုထိုးကာ ခြေလှမ်းသေးသေးလေးဖြင့် လှမ်းပြီးချောင်းကြည့်လိုက်သည်။ ပင်မအိပ်ခန်းတံခါးက ပွင့်နေသည်။ အတွင်းဘက်တွင် ပေါ့ပါးသောတေးဂီတကို ဖွင့်ထားပြီး ကျန်းရန်က ကုတင်ပေါ်တွင် လဲလျောင်းနေကာ mask ကပ်ထားသည်။

 

 

ဖန့်ကျင်း - " ...... "

 

 

 သူမမျက်နှာပေါ်ရှိ တောက်ပနေတဲ့ mask ကို တစ်ချက်ကြည့်လိုက်ပြီး အခန်းထဲတွင် ဖွင့်ထားသည့် သီချင်းသံကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

 

 

 ၎င်းသည် လွန်ခဲ့သော ကိုးနှစ်က လူကြိုက်များခဲ့သော ရော့ခ်နှင့် ရိုးလ်တီးဝိုင်းဖြစ်သည့် Pumpkin အကျော်ကြားဆုံးသီချင်း "Dorothy" ဖြစ်သည်။

 

 

ဖန့်ကျင်း အံ့သြသွားရသည်။ ဒီခေတ်မီတဲ့ကိုယ်စားလှည်ဝန်ဆောင်မှုလုပ်တဲ့ မိန်းကလေးက ဒီသီချင်းဟောင်းကို အမှန်တကယ် နှစ်သက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။  ထိုအချိန်က Punmpkin သည် အလွန်ရေပန်းစားခဲ့သော်လည်း သူတို့ကို အနုပညာရှင်အသစ်များနှင့် အစားထိုးခဲ့သည်မှာ ကြာပါပြီ။ ဒါ့အပြင် သူတို့ရဲ့ အကျော်ကြားဆုံးအချိန်တွေမှာ ကျန်းရန်က အသက်ဘယ်လောက်ရှိပြီလဲ။

 

 

 ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး စားပွဲခုံပေါ်တွင် ပန်းအိုးအသစ် တစ်လုံးရှိသည်ကို တွေ့လိုက်ရသည်။ ဒါတင်မကဘူး ပန်းအိုးထဲမှာ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ နှင်းဆီလည်း ရှိနေသည်။

 

 

 …… ဟီးဟီး၊ ဆက်တွေးနေစရာ မလိုတော့ဘူး။ အဲဒီအစ်ကို ဟဲကျစ်ယွမ် ပေးခဲ့တာပဲဖြစ်မယ်။ ဒီကောင်က ကျန်းရန်ကို ချိန်းတွေ့ဖို့ အကြံပေးခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး၊ တကယ်ပဲ လူတွေကို သက်တောင့်သက်သာ မဖြစ်စေဘူး။

 

 

 ဒါဆို ကျန်းရန်ကို သူ ဝန်ခံခဲ့တာလား။

 

 

 …… လက်ရှိအခြေအနေကို ကြည့်လိုက်ရင် သူ ဝန်ခံခဲ့ပေမဲ့ မအောင်မြင်ဘူးလို့ ထင်ရတယ်။

 

 

 သူက မျက်လုံးမှိတ်ထားရင်း mask နဲ့ ငြိမ်သက်စွာ လှဲလျောင်းနေတဲ့ ကျန်းရန်ကို ကြည့်လိုက်ပြီး စတိုးခန်းဆီ တိတ်တဆိတ် တိုးဝင်သွားလိုက်သည်။ လွန်ခဲ့သည့်နှစ်ရက်က သူဝင်ချင်နေခဲ့တာ။ ဒါပေမယ့်လည်း ကျန်းရန်က တံခါးကို အမြဲ သော့ခတ်ထားခဲ့သည်။ သူ အရှုံးမပေးချင်ဘဲ အမှိုက်ပုံးထဲ လှန်လှောရှာဖွေခဲ့ပေမယ့် ဘယ်အထုပ်ဆီကမှ တံဆိပ်ကလေးကိုတောင် မတွေ့ခဲ့ရပေ။

 

 

သူမက သူမရဲ့ အမှိုက်တွေကို သန့်ရှင်းရေးလုပ်ရာမှာ အလုပ်အရမ်းကြိုးစားသည်။

 

 

 ဒီနေ့ညမှာတော့ သူ မျှော်လင့်ချက်မဲ့စွာ ကျန်ရစ်ခဲ့သည်။ သိုလှောင်ခန်းတံခါးကို သော့ခတ်ထားဆဲဖြစ်သည်။ တံခါးဝတွင် တစေ့တစောင်း တစ်ချက် နှစ်ချက်လောက် ကြည့်ပြီးနောက် ကျန်းရန်၏ ပင်မအိပ်ခန်းသို့ ပြန်သွားခဲ့သည်။

 

 

 "အာ့ဟွမ်၊ နင် ဒီကို ဘယ်လိုပြန်ပြေးလာတာလဲကျန်းရန်က သူမ၏ mask ကို တပ်ထားဆဲဖြစ်ပြီး သူမ၏ ခွေးကို လှမ်းကြည့်ရန် မျက်လုံးဖွင့်လိုက်သည်။ မကြာသေးမီက သူမ၏ခွေးသည် အထူးသဖြင့် သူမ၏အခန်းထဲသို့ ပြေးဝင်ခြင်းကို နှစ်သက်နေပုံရသည်။

 

 

 “ဝုတ်  ဖန့်ကျင်းက သူမအား ရင်ဆိုင်ကာ အမြီးကိုယမ်းပြီး ပြတင်းပေါက်ဆီသို့ ခုန်တက်ကာ လှဲချလိုက်သည်။

 

 

ကျန်းရန် - “……”

 

 

 နေ့ခင်းဘက်တွေမှာ ဒရာမာတွေ ကြည့်ဖို့ စာဖတ်ဖို့ သူမ ထိုင်လေ့ရှိတဲ့ ပြတင်းပေါက်နားက အဲဒီနေရာကို အခုတော့ သူမရဲ့ခွေးက မကြာခဏ နေရာယူလာတတ်နေပြီ။

 

 

 သူမရဲ့ဖုန်းဆီမှ မက်ဆေ့ခ်ျအသစ်တစ်ခုကို ညွှန်ပြနေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းရန် သူမရဲ့ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့ ရန်ဟွမ်ဟွမ် ထံမှ WeChat မက်ဆေ့ချ်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။

 

 

 ရန်ဟွမ်ဟွမ် - အခု ဆယ့်နှစ်နာရီ ထိုးနေပြီ၊ စစ်ဆေးဖို့ ရောက်လာတာ။ နင် အိမ်ပြန်ရောက်ပြီလား။

 

 

ကျန်းရန် - …… ငါရောက်နေတာကြာပြီ။ maskတောင် ကပ်ပြီးသွားပြီ။

 

 

ရန်ဟွမ်ဟွမ် - ကောင်းတာပေါ့ ဟားဟားဟား။ အတန်းဖော် ဟဲကျစ်ယွမ်က နင့်အတွက် ဘာမှ မလုပ်ပေးဘူးလား?

 

 

ကျန်းရန် - မလုပ်ပေးပါဘူး၊ ငါတို့ ညစာပဲစားပြီး လမ်းခဏလျှောက်ခဲ့တာ။ ပြောရမယ်ဆိုရင် ဒီနေ့ရဲ့ အငွေ့အသက်က နေရာတိုင်းမှာ စုံတွဲနဲ့ဆိုတော့ ကြည်နူးစရာတော့ ကောင်းပါတယ်

 

 

ရန်ဟွမ်ဟွမ် - ^_^

 

 

ရန်ဟွမ်ဟွမ် - ဟဲကျစ်ယွမ်က နင့်ကို ဝန်မခံဘူးလား

 

 

ကျန်းရန် - မခံပါဘူး

 

 

 ရန်ဟွမ်ဟွမ် - အရမ်းကောင်းတယ်၊ သူအရမ်း မြိုသိပ်ထားနိုင်တဲ့ပုံပဲ။ နင် ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့နေရပြီပဲ။

 

 

 ကျန်းရန် - ……

 

 

ကျန်းရန် - ငါ့ရဲ့ face mask ကပ်ထားတာကို သွားဆေးလိုက်ဦးမယ်။

 

 

ရန်ဟွမ်ဟွမ် -ခဏလေး နေပါဦး။ မကြာခင်ရက်ပိုင်းအတွင်းမှာ ရုပ်ရှင်ဧကရာဇ် ဖန့်  ​​နိုင်ငံခြားကနေ ပြန်လာတော့မှာတဲ့။ ငါတို့  လေဆိပ်မှာ သူ့ကိုသွားကြိုရအောင်လေ။

 

 

ကျန်းရန် - ငါက ဘာလို့ သွားရမှာလဲ။

 

 

ရန်ဟွမ်ဟွမ် - နင် မေးစရာတောင် လိုသေးလို့လား။  ရုပ်ရှင်ဧကရာဇ် ဖန့်နဲ့ တွေ့ဆုံဖို့က အကြောင်းပြချက် မလုံလောက်ဘူးလား။

 

 

ကျန်းရန် - ……

 

 

ကျန်းရန် - အခု ငါ့face maskကို တကယ်သွားဆေးမှရတော့မယ်။

 

 

ရန်ဟွမ်ဟွမ် - [ဘိုင့်]

 

 

ကျန်းရန်က ရန်ဟွမ်ဟွမ်ကို ငြင်းဆိုခဲ့ပေမယ့် ဖန့်ကျင်း ပြန်ရောက်တဲ့နေ့မှာ ရန်ဟွမ်ဟွမ်က ဘာပဲဖြစ်ဖြစ် သူမကိုလေဆိပ်ကို ဆွဲခေါ်သွားတဲ့အထိ ဖြစ်ခဲ့သည်။

 

 

 "ကောင်းလိုက်ချက်။ မနက်အစောကြီး နင်ကတော့ မအိပ်ပေမယ့် အဲ့အစား ဒီမှာလာစောင့်နေတယ်ကျန်းရန်က သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ မထိန်းနိုင်ဘဲ သမ်းနေခဲ့သည်။

 

 

ရန်ဟွမ်ဟွမ် - "ဒါက အစောကြီးပဲလို့ စဉ်းစားနေတာလား။ ရှေ့က ကောင်မလေးတွေဆို စောင့်နေတာ နှစ်နာရီတောင် ရှိနေပြီ!"

 

 

ကျန်းရန် - "……"

 

 

 "တကယ်လို့ အားပေးထောက်ခံတဲ့ ပစ္စည်းတွေ အများကြီး မဝယ်ခဲ့ဘူးဆိုရင် ငါတို့ ဒီလောက်အထိ ရပ်တည်နိုင်မှာ မဟုတ်ဘူးသူမစကားပြောပြီးနောက် သူမလက်ထဲက ပရိတ်သတ်ဆိုတဲ့အလံအချို့ကို ကျန်းရန်ကို ပေးခဲ့သည်။

 

 

 “ခဏလေးအတွင်းမှာ ဒါတွေကိုမြှောက်ထားသင့်တယ်။  အခြားသူတွေရဲ့ နဖူးစည်းစာတန်းတွေကို ပိတ်ဆို့သွားအောင် ဒါတွေကို မြင့်မြင့်မြှောက်မိဖို့ ဂရုစိုက် မဟုတ်ရင် နင် ဝေဖန်တာခံရလိမ့်မယ်"

 

 

 “……” ကြောက်စရာကြီး သူမ အိမ်ကော ပြန်နိုင်ပါ့မလား။

 

 

 "အင်း၊ ငါ့ကိုကြည့်​​ပေးပါဦး ငါ့မိတ်ကပ်အဆင်​​ပြေရဲ့လားလို့"

 

 

ကျန်းရန်က ရန်ဟွမ်ဟွမ်ကို အသေအချာ စစ်ဆေးပေးလိုက်သည်။ အလုပ်သွားဖို့အတွက် မိတ်ကပ်လိမ်းဖို့ ပျင်းလွန်းတဲ့ ရန်ဟွမ်ဟွမ်က ဒီနေ့မှာတော့ eyeliner ကိုတောင် ဆွဲထားသည်။ဒီနေရာလေး။ ဒီနားလေးက နည်းနည်း ရုပ်ဆိုးနေတယ်။  ခဏလောက် ပြန်ပြီးသွားဆွဲလိုက်ဦး

 

 

 ရန်ဟွမ်ဟွမ် - “……”

 

 

ကျန်းရန် စကားပြောပြီးနောက် သူမသည် အနီးနားရှိ မိန်းကလေးများကို လှည့်ပတ်ကြည့်လိုက်သည်။  သူတို့ဟာ ထူးထူးခြားခြားကြီး မလှပနေပေမယ့် လှလှပပ ၀တ်စားဆင်ယင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ပြောလို့ရနိုင်သည်။  ဒါပေမယ့် ဒေါက်မြင့်ဖိနပ်နဲ့ ဂါဝန်ကို ၀တ်ထားတဲ့ ရှေ့ကကောင်မလေးက နောက်ကျ ပန်ကိတ်ထဲကို အညှပ်ခံရမှာကို တကယ်မကြောက်ဘူးလား။

 

 

 "ဒီနေ့ အလုပ်သွားစရာ မလိုဘူးလားကျန်းရန်  ရန်ဟွမ်ဟွမ်ကို သံသယအချို့ဖြင့် ကြည့်လိုက်သည်။ သူမနှင့်မတူဘဲ ရန်ဟွမ်ဟွမ်က စံပြအဆင့် ကိုးမှ ခြောက်ဝင်တဲ့ ရုံးဝန်ထမ်းတစ်ယောက်ဖြစ်သည်။

 

 

 "အဟွတ်ရန်ဟွမ်ဟွမ်က အဆင်မပြေသည့် မျက်နှာကို ထုတ်ဖော်လိုက်သည်။ "ငါ ခွင့်ရက်တစ်ဝက်ယူထားတယ်"

 

 

 “…… အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်။  နင် ပိုက်ဆံကုန်သွားရင် ငါ့အိမ်ကို လာပြီး စားစရာတွေ လာမစားနဲ့"

 

 

"လာစမ်းပါ~ ငါတို့နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့ကြတာပဲဟာ၊ ထမင်းလေး တစ်နပ်စာလောက်ကို နင်က ဂရုစိုက်နေတုန်းလား~" လို့ပြောနေရင်းနဲ့ ရန်ဟွမ်ဟွမ် က ကျန်းရန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။ 

 

 

"ငါတို့ တစ်သက်မှာ တစ်ကြိမ်တည်းပဲ လေဆိပ်မှာ ဖန့်ကျင်းကိုကြိုဖို့  အခွင့်အရေး ရှိကောင်းရှိနိုင်တာကို။ ဖန်ကျင်းကို အဝေးက မြင်နိုင်ရင်လည်း အရှုံးတော့မရှိပါဘူး

 

 

ကျန်းရန် မှတ်ချက်မပေးဖို့ ဆုံးဖြတ်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ သူမ ဒီလိုညှဉ်းပန်းနှိပ်စက်တဲ့ လေဆိပ်ကို ဒုတိယအကြိမ်အဖြစ် ဘယ်တော့မှ မသွားဖြစ်မှာ သေချာသည်။  ဒါပေမယ့် ဖန့်ကျင်း၏ ဇာတ်ကားနှစ်ကားကိုကြည့်ရှုပြီးနောက်၊ သူမ ဖန်ကျင်းကိုလက်တွေ့ဘဝတွင်တွေ့မြင်ရန် မျှော်လင့်ချက်မထားခဲ့ပေ။

 

 

 "သူ ဘယ်လေယာဉ်နဲ့လာမှာလဲ။ သူဘယ်တော့ရောက်မှာလဲ"

 

 

 ရန်ဟွမ်ဟွမ် ပြန်ဖြေလိုက်သည်။မကြာတော့ဘူး၊  ရောက်ခါနီးပြီ။ လေယာဥ်ဆိုက်တာ နှောင့်နှေးမှုမရှိဘူးဆိုရင် လေယာဉ်က တစ်နာရီကျော်အတွင်း ရောက်လာလိမ့်မယ်

 

 

ကျန်းရန် - “……”

 

 

 ဆိုလိုတာက သူမ ဒီမှာ တစ်နာရီကျော်လောက် ရပ်နေရဦးလား။

 

 

 ထိုအချိန်တွင် ဖန့်ကျင်းသည် ရိုက်ကူးရေးများ ပြီးသွားကာ လေယာဉ်ပေါ်တက်ခဲ့သည်မှာ အချိန်ခဏမျှသာရှိသေးသည်။ မီရှန့်အာက သူ့ဘေးမှာထိုင်ပြီး ခေါင်းလှည့်ကာ ပြောလိုက်သည်။ "မစ္စတာဖန့်၊ ဖန်ကလပ်က မင်းကို ဒီနေ့လေဆိပ်မှာ ကြိုဖို့စီစဉ်ထားတယ်၊ ဒါကြောင့် VIP ဧရိယာကို ဖြတ်မသွားတော့ဘူး"

 

 

 "အင်း၊ အချိန်တန်ရင် ငါ့ကို နှိုးလိုက်ဖန့်ကျင်း  စကားပြော ပြီးသွားသောအခါတွင် သူသည် နားကြပ်တပ်ကာ အိပ်ရေးဝအောင် အိပ်ဖို့ ပြင်ဆင်လိုက်သည်။  သူ့အိတ်ထဲမှာ MP3 တစ်လုံးရှိတယ်၊သူ ကောလိပ်တက်တုန်းက ဝယ်ထားတဲ့ဟာ။ အဲ့ထဲမှာ သီချင်းတစ်ပုဒ်ကို save ထားပြီး loop မှာဖွင့်ထားသည်။ အဲ့တာက  Pumpkin တီးဝိုင်းမှ Dorothy သီချင်းဖြစ်သည်။