အပိုင်း ၉
Viewers 468

သန်းခေါင်ယံ စင်ဒရဲလား

 

 အပိုင်း

 

 

 လေဆိပ်တွင် တစ်နာရီကျော်ကြာ စောင့်ပြီးနောက် ဖန့်ကျင်း လိုက်ပါလာသည့် လေယာဉ်က အချိန်မှန်ရောက်ရှိလာခဲ့သည်။

 

 

 ထွက်ပေါက်နေရာများတွင် စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေ လှုပ်လှုပ်ရွရွ ဖြစ်နေတော့သည်။  Fan club ဝန်ထမ်းတွေ လမ်းလျှောက်လာရင်း သတိထားရမည့်အချက်များစွာကို အလေးပေးဖော်ပြခဲ့သည် - "လူစုလူဝေးကြီးဖြစ်အောင် မလုပ်ကြပါနဲ့၊ တခြား ခရီးသည်တွေကို မနှောင့်ယှက်မိအောင် အသံကို တိုးထားကြဖို့ ကြိုးစားပေးကြပါ။ စည်းမျဥ်းတွေကို လိုက်နာပေးကြပါ။ ကားနောက်ကို လိုက်တာမျိုး၊ လေဆိပ်က ထွက်သွားပြီးရင် ကားနောက်က လိုက်တာတွေကို ခွင့်မပြုပါဘူး။ သူ့ကို လက်မှတ်ထိုးခိုင်းတာ၊ ဓာတ်ပုံရိုက်ဖို့တောင်းဆိုတာမျိုးတွေလည်း ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့ "

 

 

 ဤစကားလုံးများကို အကြိမ်များစွာ ထပ်ခါတလဲလဲ ပြောပြီးသားပါ။  ပရိသတ်တွေ ဘယ်လောက်ထိ နှလုံးသားထဲစွဲမြဲသွားလဲ ဆိုတာတော့ မသိရသေးပေ။ ဧရိယာအတွင်း လုံခြုံရေးအစောင့်များ တိုးမြှင့်ချထားပြီး အထွက်လမ်းဘေးရှိ ပရိသတ်များကို မတ်တပ်ရပ်ရန် စီစဉ်ပေးခဲ့သည်။ လုံခြုံးရေးတွေက အလယ်လမ်းကို ရှင်းရှင်းလင်းလင်း ရှင်းထားပေးဖို့ အတားအဆီးများကိုပင် ပြုလုပ်ထားကြသည်။

 

 

 ခဏအကြာတွင် ဖန့်ကျင်းက ဘော်ဒီကပ် များစွာဖြင့် ဝန်းရံကာ ထွက်လာခဲ့သည်။ ပရိတ်သတ်တွေရဲ့ ကျယ်လောင်စွာအော်သံများနှင့် အော်သံများ တိတ်သွားသည်အထိ သူစောင့်နေခဲ့သည်။

 

 

 ဖန့်ကျင်းသည် အနက်ရောင် နေကာမျက်နှာ တစ်လတ်နှင့် ဦးထုပ်ဆောင်းထားသည်။ သူ့ရဲ့ စိတ်အားထက်သန်နေကြတဲ့ ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့သည်။  လူပင်လယ်ထဲမှာ ကျန်းရန်ကို သူ တစ်ချက်တည်းနဲ့ သတိထားမိလိုက်သည်။

 

 

 သူမက အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားပြီး လက်ဖက်ရည်ရောင် ဆံပင်တွေကို သူမ၏ ပခုံးထက်တွင် ချထားသည်။

 

 

 သူ့မျက်လုံးတွေ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ဒါပေမယ့် သူ့မျက်နှာကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ထားသည့် အမိုက်စား နေကာမျက်မှန်ကို ဝတ်ဆင်ထားသောကြောင့် ဘယ်သူမှ သတိမထားမိခဲ့ကြပေ။

 

 

 ဖန့်ကျင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး သူ့ပတ်ဝန်းကျင်ရှိ ပရိသတ်များကို ဆက်ပြုံးပြခဲ့သည်။ တကယ်တော့ ဒီလိုလေဆိပ်ပတ်ဝန်းကျင်မှာ စတားတော်တော်များများက ပျော်ရွှင်နေမှာ မဟုတ်ချေ။  တစ်ဖက်မှာလည်း ပရိသတ်တွေက အဲ့တာကို လွယ်လွယ်နဲ့ မရခဲ့တာမို့ ဖန့်ကျင်းက အကောင်းဆုံး ပြုံးပြခဲ့သည်။

 

 

 တဖြည်းဖြည်းနှင့် ကျန်းရန်ရပ်နေသည့်နေရာသို့ သူ နီးကပ်လာခဲ့သည်။ သူ့မျက်နှာက ပိုပြီး ကြည်လင်လာသည်။

 

 

 သူသည် အိမ်မွေးခွေး (ခွေး) ခေါင်းကို ငုံ့ခိုင်းတဲ့ သူမ၏ လုပ်ရပ်ကို ရုတ်တရက် တွေးလိုက်မိသည်။ အလုပ်မှာ နတ်ဆိုးနဲ့ သရဲတစ္ဆေဆိုတာကို သိတဲ့အလုပ်နဲ့အတူ သူကလည်း သူမရဲ့ခေါင်းကို ပွတ်သပ်ဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

 

 

ကျန်းရန်က သူမ၏ ပရိသတ်ပိုစတာကို ကိုင်ဆောင်ကာ ထိုနေရာတွင် တစ်ချိန်လုံး ရပ်နေခဲ့သည်။ ဖန့်ကျင်း မရောက်မချင်း နောက်ဆုံးတွင် သူမသည် သူမ၏ဝိညာဉ်ဆီသို့ အနည်းငယ်ပြန်သွားခဲ့သည်။ သူမ ဒီလို လောကီစိတ်လှုပ်ရှားမှုမှ သူ့ကိုယ်သူ ဖယ်ရှားခဲ့သည်ဟု မူလက ထင်ထားခဲ့သည်။ ဒါပေမယ့်လည်း သူမအနားမှာ ဝိုင်းအော်နေကြတဲ့ ပရိသတ်တွေရဲ့ ရင်ခုန်သံတွေနဲ့အတူ သူမဟာ လေထုထဲမှာတောင် သူတို့နဲ့အတူ အော်ဟစ်ပါဝင်လုနီးပါး ဖြစ်သွားခဲ့သည်။

 

 

ဖန့်ကျင်း ပေးလိုက်တဲ့ ခံစားချက်က ရုပ်ရှင်ရုံမှာ သူမမြင်ဖူးတဲ့ ခံစားချက်နဲ့ အရမ်းကွာခြားသည်။ သူသည် ရက်စက်ကြမ်းကြုတ်သော လင်းယွီလည်း မဟုတ်သလို ခံစားချက်မဲ့တဲ့ Omega လည်း မဟုတ်ပေ။ ဟုတ်ပါတယ်၊ သူ့ရဲ့ ချောမောတဲ့ အသွင်အပြင်က အတူတူပါပဲ- အရပ်ရှည်တဲ့ ဘောဒီကပ်တွေ ဝန်းရံထားရင်တောင် သူက မျက်လုံးကို အဖမ်းစားနိုင်ဆုံးပဲ။

 

 

 သူက စာနာတတ်သူဖြစ်သည်မှာ သေချာသည်။ အကြောင်းမှာ ကျန်းရန် ထိုအကြောင်းကို စဉ်းစားသောအခါတွင် ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို လေဆိပ်မှ ဆွဲထုတ်လာရမည်ဆိုလျှင် ထိုကဲ့သို့သော မြင်ကွင်းမျိုးနှင့် ကြုံဆုံရလျှင် ဘယ်သူကမှ အထူးတလည်ကြီး ပျော်ရွှင်မည်မဟုတ်ကြောင်းကို သူမ သိသည်။ ဒါပေမယ့်လည်း သူကတော့ အပြုံးလေးတွေနဲ့ ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံနေဆဲပင်။

 

 

 သူမ လက်ထဲမှာ ဖန် ပိုစတာကို ကိုင်ထားကာ သူ ဖြည်းဖြည်းချင်း နီးကပ်လာသည်ကို ကြည့်နေပြီးနောက် အဲ့မှာ …….. သူက သူ့ရဲ့လက်ကို မြှောက်ပြီး သူမ၏ ခေါင်းကိုပုတ်သွားခဲ့သည်။

 

 …………

 

 သူမရဲ့ပတ်ဝန်းကျင်က အော်သံတွေက ဒီရေလို ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ကျန်းရန်သည် အချိန်အတော်ကြာအောင် လွတ်ထွက်သွားသည်ဟု ခံစားမိသော်လည်း တစ်စက္ကန့်မျှသာ ကြာသွားနိုင်သည်။ 

 

 

သူမ ခေါင်းကို မော့လိုက်သည်နှင့် ဖန့်ကျင်းက သူ့လက်ကို ပြန်ရုတ်ကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမပတ်ဝန်းကျင်ရှိ ပရိတ်သတ်တွေကလည်း တိတ်တိတ်ဆိတ်ဆိတ်ပင် မရှိတော့ပေ။ တကယ်တော့ လေဆိပ်မှာ ဆူညံသံတွေသာ တိုးလာခဲ့သည်။

 

 

 မီရှန့်အာက ဖန့်ကျင်း ရဲ့လက်မောင်းကို ရုတ်တရက်ဆွဲလိုက်ပြီး ရှေ့ကို မြန်မြန်လျှောက်လှမ်းဖို့ လောခဲ့သည်။ "မြန်မြန်၊ အရှိန်မြှင့်တော့"

 

 

ဖန့်ကျင်းလေဆိပ်မှ ထွက်လာစဉ် ပရိသတ်အများအပြားက နောက်က လိုက်ခဲ့ကြသည်။ ကျန်းရန်ကတော့ သူမ၏ မူလနေရာ၌ပင် အေးခဲနေခဲ့သည်။

 

 

 အခုလေးတင် ဖန့်ကျင်းက သူမရဲ့ခေါင်းကို တကယ်ပဲပုတ်သွားခဲ့တာလား။ အဲဒီမှာ ထောင်နဲ့ချီတဲ့ ပရိတ်သတ်တွေထဲကနေမှ ဘာလို့ သူမရဲ့ခေါင်းကို ရွေးသွားတာလဲ။  ဒီနေ့ သူမရဲ့ဆံပင်က ထူးထူးခြားခြား သန့်နေလို့လား။

 

 

 ပရိတ်သတ်တွေ တရွေ့ရွေ့ လျှောက်သွားရင်း အော်ဟစ်သံများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ဒါပေမယ့် ကျန်းရန်ရဲ့ ရင်ဘတ်ထဲမှာတော့ သူမရဲ့ နှလုံးခုန်သံက ပိုကျယ်လောင်လာခဲ့သည်။

 

 

 ဒုန်း ဒုန်း။

 

 

 သူမသည် စတားနောက်ကိုလိုက်ရာတွင် ပျော်ရွှင်မှုအနည်းငယ်ကို ထပ်မံတွေ့ရှိခဲ့ပုံရသည်။

 

 

 "ငရဲပဲ! ကျန်းရန်၊ နင် အရမ်းကံကောင်းလွန်းတယ်!"  ဖန့်ကျင်း ပြန်သွားပြီးနောက် ရန်ဟွမ်ဟွမ်က သူ့နောက် လိုက်ရန် အပြင်သို့ထွက်သွားဖို့လုပ်နေစဥ် ကျန်းရန်ကတော့ ထိုနေရာတွင် စိတ်လွတ်ပြီး မတ်တပ်ရပ်နေဆဲပင်။ 

 

 

"နင် ဒီနေ့ ထီလက်မှတ်တွေ တိုက်ရိုက်သွားဝယ်လို့ရပြီ။ အဲဒါက ထီပေါက်တာထက် အခွင့်အရေး အများကြီးနည်းတယ်"

 

 

 နောက်ဆုံးမှာတော့ ကျန်းရန်ဟာ သူ့ကိုယ်သူအသိပြန်ရလာပြီး ရန်ဟွမ်ဟွမ်ကို ပြန်ပြောလိုက်သည်။ "မဟုတ်ဘူး၊ ငါ့ကံတွေ အကုန်လုံးကို ဒီနေရာမှာ သုံးလို့ကုန်သွားပြီ၊ ဒါကြောင့် ငါ ထီမပေါက်နိုင်တော့ဘူး"

 

 

 "……အဲဒါလည်း တော်တော်ယုတ္တိရှိသားပဲ"

 

 

 "ဒါနဲ့" ကျန်းရန်က ရန်ဟွမ်ဟွမ်ဆီမှ အတည်ပြုချက်ကို ရှာဖွေခဲ့သည်။ "အခု ဖန့်ကျင်းက ငါ့ခေါင်းကိုတကယ် ပုတ်သွားတာလား။ အဲဒါက ငါ့ရဲ့စိတ်ကူးယဉ်သက်သက်မဟုတ်ဘူးလား"

 

 

 "ဟုတ်တယ် အဲ့တာက တကယ့်အစစ်။ နင်က ပျော်ရွှင်မှု သူခိုးပဲ!"  ရန်ဟွမ်ဟွမ်က စိတ်လိုလက်ရ ပြန်ဖြေခဲ့သည်။ သူမသည် ကျန်းရန်၏ဘေးတွင် ရပ်နေခဲ့သည်။  ရုပ်ရှင်ဧကရာဇ် ဖန့်၏ လက်က ဘေးဘက်သို့ အနည်းငယ်ရွှေ့သွားရင် သူမရဲ့ခေါင်းကို ပုတ်ပေးသလိုဖြစ်သွားမှာ။

 

 

 "ဖူး " ကျန်းရန် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပျော်ရွှင်မှုမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

 

 

 ရန်ဟွမ်ဟွမ် - "……"

 

 

 သူမ ရုတ်တရက် သူမနှင့် ဆက်ဆံရေး ပြတ်တောက်ပစ်လိုက်ချင်သည်။

 

 

 တစ်ဖက်တွင် ကုမ္ပဏီကားအတွင်းမှ ဖန့်ကျင်းသည် ၎င်း၏ဦးထုပ်နှင့် နေကာမျက်မှန် ကို ချွတ်ကာ သူ၏ညာလက်ကို ကြည့်လိုက်သည်။ တစ်စက္ကန့်မျှသာကြာသော်လည်း ကျန်းရန်၏ ဆံပင်တွေက သူစိတ်ကူးထားသည့်အတိုင်း ပျော့ပျောင်းနေသည်။ ထို့အပြင် သူ့လက်က သူ့အား စွဲမက်သွားစေမည့် သဘာဝရနံ့ကို ထိန်းသိမ်းထားပုံရသည်။

 

 

 "ရုပ်ရှင်ဧကရာဇ် ဖန့်မီရှန့်အာ ကားထဲသို့ဝင်လိုက်ကာ သူ့ဘေးက ခုံတွင် ဝင်ထိုင်လိုက်သည်။ "အခုလေးတင် မင်းရဲ့ အကျင့်စရိုက်က အဆင်မပြေဘူး။ ပရိတ်သတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေရင် မင်းကို ဝိုင်းအုံလာကြလိမ့်မယ်။ ဒီလိုမျိုးတွေ ဖြစ်လာရင် လေဆိပ်က ထွက်သွားရဖို့ မင်း အိပ်မက် မမက်သင့်တော့ဘူး!"

 

 

 ဖန့်ကျင်းက သူ့လုပ်ရပ်တွေက မမှန်ဘူးဆိုတာ သိထားတော့ သူက ချေပဖို့ ဘာမှပြန်မပြောခဲ့ပေ။ "အင်း၊ ငါ အနာဂတ်မှာ ပိုအာရုံစိုက်လိုက်ပါ့မယ်"

 

 

 "……" သူ၏ နှစ်သက်ဖွယ်ကောင်းတဲ့ စိတ်သဘောထားက ကောင်းမွန်သော်လည်း မီရှန့်အာကို ထိတ်လန့်စေခဲ့သည်။ သူ ဘာပြောရမှန်းမသိတော့ဘူး။

 

 

ဝါဂွမ်းပေါ် အပြင်းအထန်ထိုးလိုက်သလို ခံစားလိုက်ရလို့ သူ စိတ်မသက်မသာဖြစ်မိသည်။

 

 

 ဒါပေမယ့် သူ့ လက်ထောက်က ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ ဖန့်ကျင်းက ဂရုမစိုက်ချေ။  လောလောဆယ် သူဂရုစိုက်တာက ကျန်းရန် လေဆိပ်မှာ ဘာကြောင့် ပေါ်လာတာလဲဆိုတာပဲ။

 

 

 ယခုအကြိမ် လာကြိုသည့်ပွဲကို အေမြို့တော်ရှိ ဖန်ကလပ်မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ အေမြို့တော် တွင် နေထိုင်ခြင်းမရှိတဲ့ ပရိသတ်တွေရှိရင်တောက် ရာခိုင်နှုန်းအနည်းငယ်သာ ရှိမည်ဖြစ်သည်။

 

 

ကျန်းရန်က အေမြို့တော်မှာ နေထိုင်နေတာဖြစ်သင့်သည်။

 

 

ဒါပေမယ့် သူမက မမျှော်လင့်ဘဲ ၎င်း၏ ဖန်ကလပ် သို့ဝင်ရောက်ခဲ့ပြီး လေဆိပ်ကြိုဆိုပွဲသို့ပင် ရောက်ရှိလာခဲ့သည်။  အွန်း၊ ငါတကယ် မပြောနိုင်တော့ဘူး။ သူမက မိုကျန့်ရဲ့ ပိုစတာကို သူမရဲ့အိပ်ခန်းထဲမှာ ရှင်းရှင်းလင်းလင်း ကပ်ထားတာလေ ...

 

 

 ဘာပဲဖြစ်ဖြစ် နောက်တစ်ခါကျရင် သူ့ရဲ့ကိုယ်ပိုင် ပိုစတာနဲ့ သူမကို လျော်ကြေးပေးလိုက်မယ်။

 

 

 သူ့ပါးစပ်ထောင့်တွေက မသိစိတ်တွင် သေးငယ်သော အဝိုင်းတစ်ခုအဖြစ်သို့ ကွေးသွားသည်။ ဒါကို မီရှန့်အာ က အဲ့တာကိုမြင်သွားပြီး ထိတ်လန့်တကြားမေးလိုက်သည်။ "မစ္စတာဖန့်၊ ဘာဖြစ်နေတာလဲသူဘာလို့ ဒီလောက်ထိ ချိုမြိန်နေအောင် ပြုံးနေရတာလဲ။

 

 

ဖန့်ကျင်း ပြန်ဖြေလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ မင်း တစ်ခုခုကို ရှာချင်တဲ့အခါ အားထုတ်ပြီးရင်တောင်မှ ရှာလို့တောင် တွေ့နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်း အဲ့တာကို အနည်းဆုံး မျှော်လင့်ထားတယ်ဆိုရင်တော့ အဲ့တာကို လုံးဝကြိုးစားအားထုတ်မှုမရှိဘဲ ရှာတွေ့သွားလိမ့်မယ်

 

 

 "ဘာမီရှန့်အာသည် ဖန့်ကျင်း ဘာကြောင့် ထိုသို့သော အသုံးအနှုန်းကို သုံးရသည်ကို သူ နားမလည်နိုင်ခဲ့ပေ။

 

 

ဖန့်ကျင်းက သူ့ကို ပြုံးပြပြီး ရှေ့ကိုကိုင်းကာ မီရှန့်အာရဲ့ ပုခုံးပေါ် တင်ခေါင်းကိုတင်ကာ အနီးကပ် ပြုမူလိုက်သည်။ "မီရှန့်အာ၊ အနီးနားမှာ အသားကင်ဆိုင်ရှိတဲ့ ရေကန်နားက တိုက်ခန်းတစ်ခုကို ရှာပေး။ မြောက်ဘက်ကနေ စပြီး ရှာသင့်တယ်"

 

 

"ဟမ်မီရှန့်အာ နိုးကြားလာသည်။ "အိမ်ပြောင်းချင်လို့လား"

 

 

ဖန့်ကျင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့သည် - "မင်း အဲ့တာကို သွားရှာရမှာ။ ငါ့အရည်အချင်းနဲ့ ကိုက်ညီတဲ့တစ်ခုကို မင်းရှာတွေ့ပြီဆိုတာနဲ့ ကြည့်ဖို့ ငါ့ဆီပို့ပေးထားအဆုံးတွင် သူ့စကားက ခြိမ်းခြောက်မှုတစ်ခုပါရှိသည်။  "ဒီကိစ္စအတွက် ချင်ဖန်းကို မပြောနဲ့"

 

 

မီရှန့်အာ - "……"

 

 

 မစ္စတာ ဖန့်၊ မင်း ကြီးကြပ်ရေးမှူး ချင် ဆီကနေ ပိုပိုပြီး ဖုံးကွယ်နေတယ်။ ဒီလိုပြုမူတာက မကောင်းဘူးနော်။

 

 

 "မင်း နားလည်လား"

 

 

 " …… နားလည်ပါတယ်မီရှန့်အာ အသက်မဲ့စွာ ခေါင်းညိတ်လိုက်သည်။

 

 

ဖန့်ကျင်းသည် အေမြို့တော်သို့ ပြန်သွားသည့် အဖြစ်အပျက်ဖြစ်ပြီးနောက် ပရိတ်သတ်အား လက်ခံရယူမှုမှာ လျင်မြန်စွာ အရှိန်ပြင်းလာခဲ့သည်။ ကျန်းရန်သည် Weibo တွင် ပေါ့ပေါ့ပါးပါး ရှာဖွေခဲ့ရာ လေဆိပ်က ဓာတ်ပုံအကြည် များစွာ တင်ထားသည်ကို တွေ့လိုက်ရသည်။ 

 

 

ရှေ့တန်းတိုက်ခိုက်ရေးသမားတွေက ၎င်းတို့၏ နေရာနှင့် ဂုဏ်သတင်းက အမှန်တကယ် ထိုက်တန်ပါသည်- သူတို့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ရန်ဟွမ်ဟွမ်၏ ဖုန်းဖြင့် ရိုက်ထားသော ဓာတ်ပုံများထက် မိုင်ပေါင်းများစွာ ပိုကောင်းမွန်သည်။

 

 

 ဒါပေမယ့်လည်း ရန်ဟွမ်ဟွမ်၏ ကျွမ်းကျင်မှုဖြင့်ပင် ဖန့်ကျင်း၏ ဓာတ်ပုံတွေက ရုပ်ဆိုးခြင်းမရှိပေ။  မြင့်မားသော မျက်နှာတန်ဖိုးက မည်သည့်အရာအတွက်မဆို ဖန်တီးပေးနိုင်သည်ဟုသာ ပြောနိုင်သည်။

 

 

 သူမသည် ဓါတ်ပုံအချို့ကို saveထားခဲ့ပြီး အထူးသဖြင့် ဖန့်ကျင်းက သူမခေါင်းကိုပုတ်သွားတဲ့ပုံတွေပေါ့။ သူမရဲ့ မျက်နှာတစ်ဝက်လောက်ကိုသာ ပြသထားပေမယ့် ဒါဟာ သူမရဲ့ စတားနောက်ကိုလိုက်တဲ့သမိုင်းရဲ့ အထွတ်အထိပ်ဖြစ်နေဆဲပင်။ 

 

 

ဖန့်ကျင်းနှင့်ပတ်သက်သည့် နောက်ထပ်သတင်းတစ်ခု ထွက်ပေါ်လာခြင်းမပြုမီတွင် သူမသည် အချိန်အတော်ကြာအောင် ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေခဲ့သည် - ဖန့်ကျင်းက Gay ဖြစ်တယ်ဆိုတဲ့သတင်းတွေ နောက်ဆုံးမှာ ထွက်ပေါ်လာခဲ့သည်။

 

 

ကျန်းရန် - "……"

 

 

 Wow …… ပွဲထိုင်ကြည့်ဖို့ အချိန်ရောက်ပြီ။

 

 

 ဒီသတင်းကို နာမည်ကြီး အတင်းအဖျင်း Weibo အကောင့်မှာ ပထမဆုံး တင်ထားတာဖြစ်သည်။ ပထမဝါကျတွင် ၎င်းကို " အတွင်းလူသတင်းပေးသမားမှ ထုတ်ဖော်ပြောကြားထားသည် " ဟု ဖော်ပြထားသည်။  ကြည့်ရတာတော့ …… လုံးဝ စိတ်မချရပေ။

 

 

 မင်းမှာ အရည်အချင်းရှိရင် "အတွင်းလူ သတင်းပေးသမား " လို့ ခေါ်တဲ့လူရဲ့ နာမည်ကို ရေးထားသင့်တယ်။

 

 

ကျန်းရန် သူမ၏ စိတ်ထဲတွင် လှောင်ရယ်လိုက်ပြီး အောက်သို့ ဆက်ရွေ့လျားခဲ့သည်။ အတွင်းလူသည် ဖန့်ကျင်း မကြာသေးမီက ရိုက်ကူးလို့ ပြီးသွားခဲ့သော နှုတ်ခမ်းနီကြော်ငြာ၏ ကြော်ငြာအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သင့်သည်။

 

 

 TA အဆိုအရ ဖန့်ကျင်းနှင့် ၎င်း၏ လက်ထောက် တို့သည် ညသန်းခေါင်တွင် ကြီးမားသော လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ဘယ်သူကမှ သူတို့ဘာလုပ်နေတယ်ဆိုတာ မသိကြပေ။ ဒါပေမယ့် သူတို့ ဖရိုဖရဲ  ၀တ်စားဆင်ယင်မှုမျိုးတော့ ရှိခဲ့ကြသည်။  ကြိုးနဲ့ကစားတယ်ဆိုတာကလည်း မသင်္ကာစရာပဲ။

 

 

ကျန်းရန် - "……"

 

 

 ဤအတင်းအဖျင်း အပိုင်းအစသည် လူများကို အနည်းအကျဉ်း ချေဖျက်နိုင်စေခဲ့သည်။

 

 

 အွန်လိုင်းပို့စ်သည် အလွန်လျင်မြန်စွာ ပေါက်ကွဲသွားခဲ့ပြီး ဖန့်ကျင်း၏ ပရိသတ်တွေက အခြေအနေကို ချက်ချင်းထိန်းချုပ်ကာ လူတိုင်းကို မယုံကြည်ဖို့ပြောခဲ့သည်။  မိုကျန့်ရဲ့ ပရိသတ်တွေက စိတ်အားထက်သန်စွာ ထိုင်ကာ ပေါက်ပေါက်စားပြီး ပွဲကိုကြည့်ရှုရန် စိတ်အားထက်သန်နေကြသည်။

 

 

ထန်ချင်၏ အဆင့်မြင့်ဝန်ထမ်းတွေက လျင်မြန်စွာ alarm လုပ်လာကြသည်။  ဖန့်ကျင်းနှင့် မီရှန့်အာတို့ကိုချင်ဖန်း၏ ရုံးခန်းသို့ ချက်ချင်းခေါ်ခဲ့သည်။

 

 

 "ပြော၊ ဘာဖြစ်တာလဲ" ချင်ဖန်း၏ အကြည့်က ဖန့်ကျင်းကို သိသိသာသာ လွှမ်းခြုံသွားပြီး နောက်ဆုံးတွင် မီရှန့်အာ ပေါ်တွင် ငြိမ်ကျသွားခဲ့သည်။

 

 

မီရှန့်အာကလည်း ထိုနေရာတွင် ဒူးထောက်ထိုင်ချလိုက်သည် - "ကြီးကြပ်ရေးမှူး ချင်၊ အဲဒါက နားလည်မှုလွဲနေတာပါ၊ ကျွန်တော်က gay ဖြစ်နေရင်တောင်မှ မစ္စတာဖန့် အပေါ် မပြုမူရဲပါဘူး!"

 

 

ချင်ဖန်း ခေါင်းညိတ်သဘောတူလိုက်သည်။ " ဖန့်ကျင်း ရဲ့ အမြင်က ဒီလောက်ညံ့မှာမဟုတ်ဘူးဆိုတာ ငါယုံကြည်တယ် "

 

 

မီရှန့်အာ - "……"

 

 

 "မင်းတို့ နှစ်ယောက်ထဲက ဘယ်သူပြောမလဲချင်ဖန်းသည် သူဌေး ထိုင်ခုံတွင် ထိုင်ကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

 

 

မီရှန့်အာ စကားပြောခါနီးတွင် ချင်ဖန်း ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဖန့်ကျင်းက ပါးစပ်ဖွင့်ဟခဲ့သည်။ "သူတို့ပြောတာတွေက ပိုးဟပ်ကို သတ်ဖို့ကြိုးစားခဲ့တဲ့ညက အကြောင်းဖြစ်လိမ့်မယ် "

 

 

 "ပိုးဟပ်ချင်ဖန်း မယုံနိုင်လောက်အောင် မျက်ခုံးပင့်လိုက်သည်။  "အဲ့နေရာက ကြယ်ငါးပွင့်ဟိုတယ်လေ။ မင်းလည်း အဲဒီ့မှာ အကောင်းဆုံးအခန်းမှာ နေခဲ့တာလေ"

 

 

 "အဲ့တာနဲ့ပဲ ပိုးဟပ် မရှိဘူးဆိုတာကို လုံးဝမသေချာဘူးလေ"

 

 

ချင်ဖန်းက သူ့ကို အေးစက်စွာ ပြုံးပြပြီး မေးလိုက်သည်။ "အဲဒီတုန်းက ကြိုးနဲ့ကစားတာကကော ဘာတွေလဲ။  မင်းရဲ့အရသာက အရမ်းလေးတယ်လို့ လူတွေ ဘယ်တုန်းကမှ မပြောနိုင်ကြဘူး"

 

 

"……" ဖန့်ကျင်း သူ့နှုတ်ခမ်းကိုသပ်လိုက်သည်။ မင်း သူ့ကိုသတ်ခဲ့ရင်တောင် အမှန်အတိုင်းပြောဖို့ အဆင်သင့်ဖြစ်မှာမဟုတ်ဘူး။  "ဒါက စိတ်ကူးယဉ်သက်သက်ပါ။ အဲဒီ သတင်းထောက်တွေ၊ ဘယ်လို အခြေအနေမျိုးတွေမှာ သူတို့ဆုံးဖြတ်နိုင်ကြလို့လဲ"

 

 

ချင်ဖန်းက သူ့ကို ခဏလောက်ကြည့်ပြီးနောက် သူ့ရဲ့တစ်ဖက်လှည့်ကာ မီရှန့်အာကို စိုက်ကြည့်လိုက်သည်။  "မီရှန့်အာ မင်းပြော"

 

 

 ချင်ဖန်း ရုတ်တရက် အော်ခေါ်လိုက်ရာ မီရှန့်အာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ မကြာခင်မှာပဲ ဖန့်ကျင်းရဲ့ စူးရှတဲ့ မျက်လုံးတွေကလည်း သူ့အပေါ် ကျရောက်လာသည်။ မီရှန့်အာ …… ခါးသီးစွာ နပမ်းလုံးနေရသော်လည်း မည်သည့်နေရာမှ ကွန်ပလိန်းတက်ရန် မရှိပေ။

 

 

ဖန့်ကျင်းနှင့် ချင်ဖန်းတို့၏ စူးရှတဲ့ အကြည့်တွေအောက်မှာ သူ တုံ့ဆိုင်းသွားရသည်။ အဆုံးတွင် သူသည် သူဌေးကြီး ချင်ဆီ အပ်နှံရန် ရွေးချယ်လိုက်သည် - "ကြီးကြပ်ရေးမှူး ချင် ဒီဗီဒီယိုကို ကြည့်လိုက်ပါ!"  မီရှန့်အာက သူ့ဖုန်းကို ချင်ဖန်းဆီ အမြန်လွှဲပေးလိုက်သည်။  ဖန်သားပြင်ပေါ်တွင် ဖန့်ကျင်းက လေးဖက်ထောက် ဟောင်ကာ ပတ်ပြေးနေသည်ကို တွေ့လိုက်ရသည်။

 

 

ဖန့်ကျင်း - "……"

 

 

 "မီရှန့်အာ !" သူ အသံကိုမြှင့်ပြီးအော်လိုက်သည်။ "ဒီဗီဒီယိုကို ဖျက်ဖို့ ငါပြောထားတာ မဟုတ်ဘူးလား"

 

 

မီရှန့်အာ မှားသွားသလို ခံစားလိုက်ရသည် - "ဒီ ..ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြီးကြပ်ရေးမှူး ချင်ကို ပြောပြတာက ပိုကောင်းတယ်လို့ ကျွန်တော် ထင်နေတုန်းပဲ!"

 

 

 ဗီဒီယိုကိုကြည့်ပြီးနောက် ချင်ဖန်းက စခရင်ပေါ် နှိပ်ကာ ဖျက်ပစ်လိုက်သည်။  "မင်းလုပ်တာ ကောင်းတယ်ထို့နောက် သူက သူ့ဘေးနားတွင် ထိုင်နေတဲ့ ဖန့်ကျင်း ကို ကြည့်ရန် ခေါင်းကို မြှောက်လိုက်သည်။ "မင်း မှာ အခုရှင်းပြဖို့ အစီအစဉ်ရှိလား"

 

 

ဖန့်ကျင်း မျက်ခုံးပင့်ကာ ငြိမ်နေလိုက်သည်။  ချင်ဖန်းက ဘေးဘက်ကိုကြည့်လိုက်သည်။ "မီရှန့်အာ"

 

 

မီရှန့်အာ ချက်ခြင်းထရပ်ပြီး စစ်တပ်က ပုံစံအတိုင်း အသွင်ပြောင်းလိုက်သည်။