‘’ဒေါက်တာ
ကျွန်တော့် ဇနီးအဆင်ပြေရဲ့လား... ဘာလိုသူမ မနိုးသေးတာလဲ...’’
‘’ အပြင်ဘက်ဒဏ်ရာတွေကြည့်ပြီး
ဆေးစစ်ချက်ရလဒ်တွေအရ ပြောရမယ်ဆိုရင် သူမခြေထောက်ကပျက်စီးသွားတဲ့တစ်သျှူးတွေကပဲ
ပြဿနာနည်းနည်းရှိတော့တာပါ...
တခြားအရာတွေကတော့ အဆင်ပြေပါတယ်...သူမ မကြာခင်နိုးလာတော့မှာပါ...’’
‘’ဒါဆို
ကျွန်တော်တို့ သူမနိုးလာတာနဲ့ ပြန်လို့ရနိုင်မလား... သူမကိုဆေးရုံမှာ မထားချင်လို့ပါ...’’
‘’ဒါက…အိမ်မှာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်
အဆင်ပြေပါတယ်...သူမခြေထောက်ကိုတော့ဖိအားမများစေဖို
သတိထားပေးပါ၊ လုံလောက်တဲ့ ကုသမှုလဲလိုပါသေးတယ်’...’
‘’ဟုတ်တာပေါ့...
ကျေးဇူးတင်ပါတယ် ဒေါက်တာ...’’
စကားဝိုင်းကို
ထန်ထန် နားစွင့်နေလိုက်တယ်။ သူမ မျက်လုံးကိုမဖွင့်ရဲသေးဘူး။
သူမနိုးနေတာကိုသိသွားမှာစိုးလို့
...သူမရဲ့အသက်ရှုသံကို
တောင် တိုးတိုးလေးနဲ့ဖြည်းဖြည်းချင်းရှုနေမိတယ်။
စကားဝိုင်းပြီးသွားတဲ့အချိန်မှာ
ခြေသံတွေတဖြေးဖြေးဝေးသွားတာကို သိလိုက်တယ်။ ယောကျာ်းကအခန်းထဲမှထွက်သွားပြီး
စကားပြောနေတဲ့ အမျိုးသမီးတစ်ယောက်သာကျန်ခဲ့တယ်။
‘’တကယ်ပါပဲ...ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရတယ်ကိုမရှိပါဘူး... ဒီမိန်းမကိုလက်ထက်လိုက်တာက တကယ်ကိုကံမကောင်းတာပဲ... အဲ့အချိန်က သူဘာတွေတွေးနေလဲဆိုတာ စဉ်းစားမရဘူး...ပြီးတော့ သူက ထက်မြက်တဲ့သူတစ်ယောက်ပါ…အာ...’’
အမျိုးသမီးက တခုခုကိုသတိရသွားဟန်ရှိပြီး
အခန်းထဲကထွက်ခွာသွားတယ်။
အခန်းက တဖန်တိတ်ဆိတ်သွားပြန်တယ်။
အခန်းထဲဘယ်သူမှမရှိတာ
သူမသေချာသိပြီးတဲ့နောက်
သူမမျက်လုံးကိုဖြေးငြင်းစွာဖွင့်လိုက်တယ်။
ပထမဆုံးမြင်လိုက်ရတာက
အဖြူရောင်မျက်နှာကျက်ဖြစ်ပြီး
အလယ်မှာလေးထောင့်ပုံစံတစ်ခုရှိနေတယ်။
ထန်ထန်
တိတ်တဆိတ်အသက်ရှုထုတ်လိုက်တယ်။
ထိုနောက်သူမဘေးပတ်လည်ကို
တဖြည်းဖြည်းကြည့်လိုက်တယ်။
သူမကြည့်လေလေ သူမပိုစိုးရိမ်လေဖြစ်လာတယ်။
ဘယ်လိုတောင်
နေရာစိမ်းကြီးလဲ၊ သူမ မမြင်ဖူးတဲ့ အရာဝတ္ထုတွေ အများကြီးကိုသူမတွေ့လိုက်ရတယ်။
သူမအခန်းရှေ့ကဖြတ်လျောက်သွားတဲ့သူတွေကိုကြည့်ပြီး
သူတို့အဝတ်အစားတွေကထူးဆန်းနေတာကိုသိလိုက်တယ်။
သူမဘယ်လိုပဲကြည့်ကြည့်
ဒီနေရာကသူမအတွက် အသစ်အဆန်းဖြစ်တယ်ဆိုတာကိုငြင်းမရဘူး။
‘သူမဘယ်ရောက်နေတာလဲ...’
သူမ
အစ်မတစ်ဝမ်းကွဲက သူမကိုရေထဲတွန်းချပြီးနောက်
သူမသေသွားပြီဖြစ်တယ်။
အဲ့မှာ မျက်မြင်သက်သေ လူတွေအများကြီးရှိကြပေမယ့် ဘယ်သူမှသူမကိုလာမကယ်ကြဘူး။ သူမကိုချစ်တဲ့ သူမရဲ့အစေခံတစ်ယောက်ကိုလဲ အိမ်ကနေသူတိုကမောင်းထုတ်လိုက်ကြတယ်။
ဘယ်သူမှသူမကို လာကယ်မှာမဟုတ်ဘူး။ အဲ့ဒီအချက်ကပဲ သူမကိုယ်သူမလက်လျော့စေပြီး ရေနစ်တာကိုလက်သင့်ခံနိုင်လိုက်တယ်။
တနည်းနည်းနဲ့ တခြားကမ္ဘာမှာ သူမအမေကိုတွေ့နိုင်ပြီး မိခင်မေတ္တာကိုလဲခံစားနိုင်လောက်တယ်။
အဲ့ဒါကြောင့် သူမအနေနဲ့ ဝိညဏ်လောကကိုရောက်နေသင့်တယ်မဟုတ်ဘူးလား....ဘာလိုသူမဒီကိုရောက်နေရတာလဲ...
ဒါမှမဟုတ်
ဒါကပဲ ဝိညဏ်လောကပဲလား... မဟုတ်သေးပါဘူး အဲ့ဒါမဖြစ်နိုင်ဘူး။ အဲ့ဒါက ဘယ်လိုလဲဆိုတာ သူမမသိပေမယ့် သေချာတာကတော့ ဒီနေရာကတော့မဟုတ်သေးဘူးလေ။ ဘာလိုလဲဆိုတော့ ဒီမှာရှိနေတဲ့သူတွေအကုန်လုံးက
အသက်ရှိနေကြတာပဲ။
ထန်ထန်
တဖြည်းဖြည်းနဲ့ ပိုရှုပ်ထွေးလာတယ်။ သူမလက်မောင်းကို အားကုန်သုံးပြီး ဆွဲလိမ်လိုက်တယ်။ နာလွန်းလို့ အသက်ထွက်အော်မိမလိုတောင်ဖြစ်သွားတယ်။
အဲဒါကပဲ အိမ်မက်မဟုတ်ပဲ အားလုံးကအစစ်ဆိုတာ သေချာသွားစေတယ်။
သူမဘာတွေဖြစ်နေလဲဆိုတာ
ပုံဖော်ပြီးတဲ့နောက် မသိလိုက်ဘာသာပဲ ငုံကြည့်လိုက်မိတယ်။ သူမကိုယ်သူမ မြင်မြင်ချင်းမှာပဲ နောက်တစ်ကြိမ် အထိတ်တလန့်ဖြစ်သွားပြန်တယ်။
သူမက
အရမ်းပိန်တာပဲ၊ မယုံကြည်နိုင်လောက်အောင်ကိုပိန်နေတာ။
သူမလက်ကောက်ဝတ်လေးကလဲ
လိမ်လိုက်တာနဲ့ကျိုးလောက်တယ်။
လက်တွေကလဲ ကြက်လက်သည်းတွေလိုပဲ အရေးပြားနဲ့အရိုးပဲရှိတယ်။ အရိုးတွေတစ်ချောင်းချင်းစီကိုမြင်နေရပြီး
အချိန်မရွေးအရေပြားအောက်ကထိုးဖောက်ထွက်လာမလားပဲ။
သူမရဲ့အရေးပြားကလဲ ပါးလွန်းလို့ အပြာရောင်သွေးကြောတွေကိုပါ မြင်နေရတယ်။ သူမ ခန္ဓာကိုယ်က နဂိုခန္ဓာကိုယ်နဲ့ ယှဉ်လိုက်ရင် လုံးဝကိုကွဲပြားနေတာဖြစ်တယ်။
ဒါက
သူမမဟုတ်ဘူးဆိုတာ သူမသေချာသွားပြီ။ဒီခန္ဓာကိုယ်က
သူမဟာမဟုတ်ဘူး။ သူမက တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကိုရောက်နေတာပဲ။
ဒီအတွေးက
သူမနှလုံးကို အကြိမ်များစွာ အခုန်မြန်စေတယ်။ အဲ့ဒါကိုနားမလည်နိုင်ဘူး။ ဒါကမဖြစ်နိုင်ပေမယ့်လဲ သူမမျက်စိရှေ့ရောက်နေပြီလေ။
သူမဖတ်ဖူးတဲ့ ဝိညာဉ်ကူးပြောင်းတဲ့ဇတ်လမ်းတွေထဲကလိုပေါ့။
ထန်ထန်
သူမကိုယ်သူမ အကြိမ်တစ်ချိုလက်သီးနဲ့ထိုးလိုက်မိတယ်။
အဲ့ဒါအရမ်းနာတာပဲ။ သူမမျက်ရည်တွေကျလာပေမယ့်လဲ ဘာမှပြောင်းလဲမသွားပါဘူး။ သူမတကယ်ကိုပဲ ဝိညာဉ်ကူးပြောင်းလာတာပဲ။
သူမနှလုံးခုန်သံတွေ ပိုမြန်လာတယ်။ သူမ ဘာလုပ်ရမှန်းမသိတာကြောင့် လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တင်ပြီး
မျက်စိမှိတ်ကာ ဖြစ်လာတာကိုလက်ခံဖို့ကြိုးစားနေလိုက်တယ်။
အတိတ်တုန်းက,
သူမမှာ အများကြီးမရှိပေမယ့် သူမရဲ့ဝါသနာက စာဖတ်တာပဲ။ အထူးသဖြင့် စိတ်ကူးယဉ်ဝတ္ထုတွေပေါ့။ သူမအနေနဲ့ ဝိညာဉ်ကူးပြောင်းခြင်းတွေနဲ့
ပြန်လည်ဝင်စားခြင်းတွေပါတဲ့စာအုပ်တွေ
အများကြီးဖတ်ဖူးတယ်။ ပုံမှန်အားဖြင့် ဇာတ်ကောင်က မတရားသဖြင့်သေဆုံးသွားပြီး လက်စားချေဖို့ တခြားတစ်ယောက်ရဲ ခနာကိုယ်မှာ ပြန်လည်ဝင်စားတာမျိုးပေါ့။ သူမလဲ အဲလိုမျိုးသူများခန္ဓာကိုယ်မှာဝင်စားပြီး
ဘဝကိုပျော်ပျော်ရွှင်ရွှင်နေမယ်လို့
စိတ်ကူးယဉ်ဖူးတယ်။ ဒါပေမယ့်လဲ သူမအစေခံက အဲ့ဒါတွေက သူမအတွက်မကောင်းဘူးဆိုပြီး စာအုပ်တွေကိုသိမ်းလိုက်တဲ့အတွက်
သူမထပ်ဖတ်လို့မရတော့ဘူး။
သူမအနေနဲ့လဲ ဒီလိုဝိညာဉ်ကူးပြောင်းတယ်ဆိုတာ
သူမဆီမှာတကယ်ဖြစ်လာမယ်လို့
တစ်ခါမှမတွေးမိဖူးဘူး။
တစ်ခုတည်းသောပြဿနာက
သူမအခုဘယ်ရောက်နေလဲဆိုတာပါပဲ။
ဒါမှမဟုတ်လဲ သူမ မဖတ်ဖူးတဲ့ မင်းဆက်တစ်ခုခုကိုရောက်နေတာများလား...
သူမက
အခုဘယ်သူဖြစ်နေမှာလဲ...ဘယ်လိုလုပ်ရမလဲ သူမ မသိတော့ဘူး။ သူမဘယ်လိုကိုင်တွယ်ရမှာလဲ။ သူမဘာလုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးခင် တံခါးနားကအသံတချို့ကိုကြားလိုက်ရတယ်။
အဲ့ဒါကစောနကထွက်သွားတဲ့အမျိုးသမီးပဲ,
သူမကအခန်းထဲကိုပြန်လာပြီး
စကားတချို့ရေရွတ်နေတယ်။
"ကံကောင်းလို့
ကလေးထိန်းကျောင်းကနီးနေတာ
မဟုတ်ရင် အချိန်လောက်မှာမဟုတ်ဘူး အာ…ငါတကယ်ကိုအလုပ်တွေများနေပြီ..."
ဒီတစ်ကြိမ်မှာတော့
ထန်ထန် အိပ်ချင်ယောင်မဆောင်တော့ပါဘူး။
ထန်ထန် မျက်လုံးကိုဖွင့်လိုက်ပြီး အမျိုးသမီးကို ကြည့်နေလိုက်တယ်။ သူမက ကျန်းမာတဲ့အသက်လတ်အရွယ်ရှိနေပြီး
သဘောကောင်းပုံပေါ်တယ်။
ဒါပေမယ့် သူမက သူ နိုးနေတာကို မြင်လိုက်တဲ့အချိန်မှာပဲ
မရင်းနှီးတဲ့မျက်နှာကိုပြောင်းသွားပြီး
စိတ်မရှည်တဲ့ပုံအနည်းငယ်တောင်ပေါက်နေတယ်။
သူမလေသံကလဲ ရင်းနှီးမှုမရှိပြန်ဘူး။
"မဒမ်
နောက်ဆုံးတော့နိုးလာပြီပေါ့"
ထန်ထန်
တခုခုမှားပြောမိမှာကြောက်လို့
သူမနှုတ်ခမ်းကိုစေ့ထားပြီး
တိတ်တဆိတ်နေလိုက်တယ်။
အမျိုးသမီးက
သူမ တိတ်တဆိတ်နေနေတာကို သတိမပြုမိပုံပေါ်တယ်။ အဲ့အစား သူမက ထန်ထန် ဘေးနားက ပစ္စည်းတွေကိုရှင်းလင်းနေတယ်။
" မဒမ်
နိုးလာပြီဆိုတော့ ဆေးရုံကနေဆင်းရအောင်၊ ခြေထောက်ကတော့ လမ်းလျောက်လို့မရသေးပေမယ့် သိပ်မကြာခင်ကောင်းသွားမှာမို့
ဆေးရုံမှာနေဖို့မလိုတော့ပါဘူး...ပိုက်ဆံအပိုကုန်တယ်လို့ပြောချင်တာမဟုတ်ပါဘူး
ကျွန်မမှာ မဒမ်ကိုစောင့်ရှောက်ဖို့အချိန်မရှိလို့ပါ၊
ဆရာက ရှောင်ကျိုး ကိုစောင့်ရှောက်ဖို့ငှားထားတာမို့
သူ့ကိုဂရုစိုက်ဖို့လိုတယ်...’’
မဒမ်...
သူမကို မဒမ်လို့ခေါ်လိုက်တာလား... ဒီကမ္ဘာမှာ သူမကဘယ်သူလဲ...
ထန်ထန်
တိတ်တဆိတ်ငြိမ်နေဆက်နေလိုက်တယ်။
အမျိုးသမီးကမျက်မှောင်ကြတ်လိုက်ပြီး
‘’ မဒမ် ကျွန်မကိုအပြစ်မတင်ပါနဲ့ ဆရာက ရှောင်ကျိုး ကိုကြည့်ပေးဖို့ ကျွန်မကိုငှားထားတဲ့အတွက် သူ့ကိုဂရုစိုက်ဖို့ကဦးစားပေးပါ၊
တကယ်လို့ကျွန်မဒီမှာနေရင်
ရှောင်ကျိုး ကိုဂရုမစိုက်ပေးနိုင်ဘူးလေ၊
ပြီးတော့ ဆရာလဲ သဘောကျမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် အိမ်မှာပဲ အနားယူပေးပါ။ ဒေါက်တာကလဲ အိမ်မှာအနားယူလို့ရတယ်ပြောပါတယ်။
ဆရာ...
ရှောင်ကျိုး...မဒမ် ...သူတို့ကဘယ်သူတွေလဲ ....
သူမ မှာ မေးခွန်းတွေအများကြီးရှိပေမယ့်လဲ
အလောတကြီးမမေးရဲဘူး။ သူမ တိတ်တဆိတ်လေ့လာပြီး နောက်ထပ်ဘာလုပ်သင့်လဲဆိုတာပဲ
ဆုံးဖြတ်ချက်ချနိုင်တယ်။
အဆုံးမှာတော့ ထန်ထန်က အမျိုးသမီးကို ခေါင်းငြိမ့်ပြလိုက်တယ်။
အများသမီးက
သူမကို အံ့ဩစွာကြည့်လိုက်တာကိုခံလိုက်ရတဲ့အတွက်
အနည်းငယ်မသက်မသာဖြစ်သွားတယ်။
သူမချွေးအနည်းငယ်ပြန်လာပြီး
သူမအကြည့်ကို တခြားတနေရာကိုပြောင်းကြည့်လိုက်တယ်။
သူမကိုယ်သူမ ဖော်ထုတ်မိမှာကိုကြောက်နေမိတယ်။
ဘယ်လောက်ပဲ သူမမိုက်မဲနေပါစေ သူမက တခြားကမ္ဘာကလာတယ်ဆိုတာ တစ်ယောက်ယောက်ကို ပုံမှန်လိုမျိုးပြောပြလို့မရဘူးဆိုတာကို သူမသိနေတယ်။
ထိုအချိန်တွင်
အမျိုးသမီးက သူမဘာတွေမှားနေတယ်ဆိုတာကိုမမြင်နိုင်သဖြင့်
တဖက်သို့လှည့်ပြီး ပစ္စည်းများကိုထုပ်ပိုးနေတယ်။
နဂိုကတည်းကအများကြီးမရှိတဲ့အတွက်
သိမ်းဆည်းတာလဲသိပ်မကြာခဲ့ဘူး။
ထို့နောက် အမျိုးသမီးသည် သူမကိုဖြတ်ကျော်ပြီး ဝယ်လာတဲ့ ချိုင်းထောက်ကို ထန်ထန်အားပေးလိုက်ပြီး တံခါးဆီသို့ဦးတည်လိုက်တယ်။
“လာ အိမ်ပြန်ကြရအောင်’’
ထန်ထန်သည်
အိပ်ယာမှဖြေးငြင်းစွာမထခင်
စောင်ကိုဖယ်လိုက်ပြီး
ချိုင်းထောက်ကိုယူလိုက်တယ်။
ထို့နောက်ပတ်တီးအဖွေးသားဖြစ်နေတဲ့
သူမခြေထောက်ကိုမြင်လိုက်တယ်။
ပတ်တီးတွေက တော်တော်ကိုထူနေတာပဲ။ ဒါဆို ထိခိုက်မိတာဒီခြေထောက်ပေါ့။
ချိုင်းထောက်ကိုအမှီပြုပြီး
အိပ်ယာကထပြီးနောက် သူမလမ်းလျောက်လို့ရသေးမှန်းသိလိုက်တယ်။
သူမ က တိတ်ဆိတ်စွာနဲ့ အမျိုးသမီးနောက်ကနေ
ခပ်ခွာခွာလိုက်လာတယ်။
တချိန်တည်းမှာပဲ သူမက ပတ်ဝန်းကျင်ကိုလေ့လာနေတယ်။ သူမတွေ့တဲ့အရာအားလုံးက သူမကိုအံ့ဩနေစေတယ်။ သူမ မရင်းနှီးတဲ့အရာတွေကအရမ်းများလွန်းတာကိုတွေ့လိုက်တယ်။
အထူးသဖြင့် သတ္ထုနဲ့ပြုလုပ်ထားတဲ့သေတ္တာပုံးကြီးပေါ်မှာ
လူတချို့ကထိုင်နေပြီး
အဲ့ဒါကအလျင်အမြန်ရွေ့နိုင်တယ်။
အဲ့ဒါက ရထားလုံးထက်ပိုမြန်တယ်။ အဲ့လိုအရာမျိုးတည်ရှိနေတယ်လို့
သူမ မသိခဲ့ဘူး။ သူမရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုသာ
မကြောက်ရရင် ခဏရပ်ပြီးအဲ့အရာကိုစိုက်ကြည့်နေမိမှာဖြစ်တယ်။
သတ္ထုသေတ္တာပုံးကြီး
က နောက်ဆုံးတော့ရပ်သွားတယ်။ သူမ အရမ်းမြင့်တဲ့အဆောက်အဦးတွေကိုတွေ့လိုက်ရတယ်၊
သူမ မျက်လုံးနဲ့လှမ်းကြည့်လို မမြင်ရလောက်တဲအထိမြင့်တဲ့ အဆောက်အဦးတွေပေါ့။ ထန်ထန် သူမရင်ဘတ်ကို တိတ်တိတ်လေးဖိထားလိုက်တယ်။ သူမ အကောင်းဆုံးကြိုးစားပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ အမျိုးသမီးနောက်ကနေ လမ်းလျောက်လိုက်လာတယ်။
အန်တီလီ
တံခါးကိုဖွင့်လိုက်ပြီး
သူမကိုလဲမနှောက်ယှက်ပဲနဲ့
သယ်လာတဲ့ပစည်းတွေကို စားပွဲပေါ်တင်လိုက်တယ်။ သူမ အော်ပြောလိုက်တယ်
" ရှောင်ကျိုး
ဗိုက်ဆာနေပြီလား... အဖွားလီ အခုချက်ပေးမယ်နော် , သိပ်မကြာပါဘူး..."
"သားမဆာသေးပါဘူး
အဖွားလီ..."
ကလေးဆန်တဲ့အသံလေးနဲ့ပြန်ပြောလိုက်တယ်။
အဲ့ဒါက
ကော်ဇော်ပေါ်မှာလှဲနေတဲ့
ကောင်လေးကို ထန်ထန်သတိထားလိုက်မိစေတယ်။ သူမမျက်လုံးမြင့်တက်သွားသည်။
ဘယ်လောက်တောင်ချစ်ဖိုကောင်းတဲ့ကလေးလေးလဲ...
ကြည့်ရတာ သုံးနှစ် လေးနှစ်လောက်ပဲရှိဦးမယ် သူ့အသားအရေလေးက နူးညံ့ချောမွေ့နေပြီး ပါးလေးတွေကဖောင်းနေကာ စပျစ်သီးလိုမည်းနက်နေတဲ့ မျက်လုံးလေးတွေနဲ့။ သူက မိုချီလေးလိုပဲ အရမ်းချစ်ဖိုကောင်းတယ်။ သူမ မှတ်မိသလောက် ဒီလောက်ချစ်ဖိုကောင်းတဲ့ကလေးမျိုး
သူမ တစ်ခါမှ မတွေ့ဖူးဘူး'...သူမအကြည့်တွေကမရွေ့ပဲ ကလေးလေးကိုစိုက်ကြည့်နေမိတယ်။
ကံမကောင်းစွာနဲ့ပဲ
ကလေးက သူမကိုသဘောကျတဲ့ပုံမပေါ်ဘူး။
သူမကိုတွေ့လိုက်တဲ့အခါ
ကလေးကသူမအားဂရုမစိုက်ဟန်ဖြင့်ကြည့်လိုက်ပြီး
တဖက်သို့လှည့်ကာ ဆက်ကစားနေသည်။ ကလေးကသူမနဲ့ စကားပြောချင်ပုံမပေါ်ပေ။
ထန်ထန်
အကူညီမဲ့သလိုခံစားလိုက်ရတယ်။
ဘာလို့ လူတိုင်းကသူမကိုသဘောကျဘူးဖြစ်နေလဲဆိုတာ
နားမလည်ဘူးဖြစ်နေတယ်။
နဂိုခနွာကိုယ်ပိုင်ရှင်က
မကောင်းတဲ့သူလား...
ထန်ထန်
တံခါးနားမှာဆက်ပြီးရပ်နေတဲ့အတွက်
အန်တီလီက သံသယဖြစ်စွာတစ်ချက်ကြည့်လိုက်တယ်။
သူမဝင်မပါချင်ပေမယ့်လဲ
တစ်ခုခုသာဖြစ်ခဲ့ရင်သူမအတွက်လဲကောင်းမှာမဟုတ်တဲ့အတွက်
စိတ်ရှည်ရှည်ထားပြီး ပြောလိုက်တယ် ...
"မဒမ်
အခန်းထဲမှာသွားပြီးအနားယူပါတော့၊
ကျေးဇူးပြုပြီး မလိုအပ်ပဲအလုပ်ရှုပ်မခံပါနဲ့တော့၊
မဒမ် ခြေထောက်တစ်ခုခုဖြစ်သွားရင်
ဘယ်သူမှတာဝန်မယူနိုင်လို့ပါ...’’
သူမအခန်းဘယ်နားလဲဆို
သူမဘယ်လိုသိမှာလဲ...တချက်လှမ်းကြည့်လိုက်ပြီး အခန်းလေးခန်းတွေ့ပေမယ့် ' ဘယ်ဟာသူမအခန်းလဲ...
အချိန်ခဏလောက်သူမတွေးပြီးနောက်
ထန်ထန်ပြောလိုက်တယ်
‘’ ဒီ..ကျွန်မခြေထောက်ကနည်းနည်းနာနေလို့
လမ်းကောင်းကောင်းမလျောက်နိုင်ဘူးဖြစ်နေတယ်၊
အခန်းထဲကိုလိုက်ပို့ပေးလို့ရမလား...’’
အန်တီလီ
ခဏရပ်လိုက်တယ်။ သူမ အတော်လေးစိတ်မရှည်ဖြစ်နေပေမယ့်
...ထန်ထန်ကို သူမအခန်းထဲလိုက်ပို့ပေးလိုက်တယ်။
သူမရဲ့ခံစားချက်တွေကို တနေလုံးသည်းခံပြီးတဲ့နောက်
" မဒမ်
ကျွန်မက အပြင်လူဖြစ်ပြီး ဒီလိုမပြောသင့်ပေမယ့်လဲ ရှောင်ကျိုးကို အကြာကြီးဂရုစိုက်လာတဲ့အတွက်
သူက ကျွန်မကို အဖွားလီလို့ခေါ်တယ်...ကျွန်မပြောချင်တာက ဘယ်လိုပဲဖြစ်ဖြစ် မဒမ်က ဆရာရဲ့ဇနီးဖြစ်ပြီး ရှောင်ကျိုး ရဲ့အမေပါ... သူတို့ကို မဒမ်သဘောမကျပေမယ့်လဲ ဇနီးမယားတစ်ယောက်လို အမေတစ်ယောက်လိုတော့ အနည်းဆုံးပြုမူပေးသင့်ပါတယ်...သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့
မတောင်းဆိုချင်ပေမယ့်
အနည်းဆုံးတော့ သူ့ကိုဒုက္ခမဖြစ်ပါစေနဲ့...
ဒီတောင်းဆိုမှုက အရမ်းကြီးအလွန်အကျွံမဖြစ်ဘူး
မဟုတ်လား...ဆရာက အလုပ်လုပ်ပြီး မိသားစုကိုတစ်ယောက်တည်းထောက်ပံ့နေရတာပါ....
စစ်သားတစ်ယောက်ဖြစ်ဖို့က
အရမ်းခက်ပါတယ်...မဒမ် သူ့ကိုစာနာဖို့ကြိုးစားသင့်တယ်..."
ထန်ထန်
ဘာမှ မတုန့်ပြန်လိုက်ပါဘူး။ အန်တီလီ စကားတွေကြောင့် သူမစိတ်တွေရှုပ်ထွေးနေတယ်။ သူမ…သူမက လက်ထပ်ပြီးသားလား... အမေတစ်ယောက်ဖြစ်နေပြီလား...
အဲ့ဒီကလေးသေးသေးလေးက သူမကလေးလား...
ထန်ထန်
သူမစကားကို စိတ်မဝင်စားတာကိုတွေ့တော့ အန်တီလီက စိတ်ပျက်သွားပြီး သူမကိုကယ်တင်လို့မရတော့မှန်း
နားလည်လိုက်တယ်။ သူမကိုထပ်မနှောက်ယှက်ချင်တော့ပဲ
အခန်းထဲမှာထားခဲ့လိုက်တော့တယ်....
"ကျွန်မ သွားပြီးချက်ပြုတ်လိုက်ပါဦးမယ်..."
Xxxxxxxxxxxxxxxxxxx