မကြာခင်မှာပဲ
ထန်ထန် တစ်ယောက်တည်းသာ အခန်းထဲမှာကျန်ခဲ့တော့တယ်။ သူမ သက်ပြင်းချလိုက်တယ်။ သူမအခန်းကို ဖြည်းငြင်းစွာလှည်ကြည့်ပြီး
လေ့လာလိုက်တယ်။ အရာအားလုံးက သူမအတွက်မရင်းနှီးပေမယ့်လဲ အခုတော့နည်းနည်းပိုပြီး တည်ငြိမ်လာပြီဖြစ်တယ်။ အရင်ဘဝတုန်းက ပင်လယ်ရပ်ခြားကလူတွေဆိုတာ သူမတို့နဲ့မတူဘူးလို့ သူမကြားခဲ့ဖူးသလိုပဲ အခုမရင်းနှီးတဲ့အရာတွေကိုလဲ
အဲ့လိုအတွေးနဲ့ သူမလက်ခံလာနိုင်ပြီဖြစ်တယ်။
ဒါက တကယ်ကိုဝေးတဲ့နေရာတခုပဲ။
သိပ္မၾကာခင္မွာပဲ
ထန်ထန်က အခန်းသေးလေးနောက်တစ်ခုကိုတွေ့လိုက်ပြီး
နံရံမှာ မှန်အကြီးကြီးတစ်ချပ်ကိုလဲတွေ့လိုက်တယ်။
သူမရဲ့အသွင်အပြင်ကိုသိလိုစိတ်နဲ့
မှန်နားကို ချိုင်းထောက်နဲ့အမြန်သွားကြည့်လိုက်တယ်။
“အာ__’’
သူမရဲ့အသွင်အပြင်ကိုမြင်ပြီး
အထိတ်တလန့်ဖြစ်သွားကာ
ချိုင်းထောက်မှာပြုတ်ကျတော့မလိုဖြစ်သွားတယ်။
မှန်ထဲကအမျိုးသမီးက
အသက်မဲ့တဲ့ပုံပေါ်နေသည်။
သူမရဲ့ဆံပင်တွေက ခြောက်သွေ့နေပြီး နှုတ်ခမ်းကကွဲအက်နေ၏။ ပြီးတော့ သူမရဲ့အသားအရောင်ကလဲ အဝါရောင်ဖြစ်နေပြီး ကြမ်းတမ်းနေသည်။ သူမရဲ့ပါးနှစ်ဖက်ကလဲ ချိုင့်ဝင်နေပြီး အသားရှိတဲ့နေရာဆိုတာ မရှိသလောက်ပဲ။ သူမက အရိုးပေါ်အရေတင်ပဲဖြစ်နေတယ်။
ပြီးတော့ သူမမျက်နှာပေါ်က ဒဏ်ရာတွေကလဲ အနီရောင်နဲ့ခရမ်းရောင်တွေဖြစ်နေပြီး
သူမအသွင်အပြင်က ကြောက်မက်ဖွယ်ကောင်းနေတော့တယ်။
'သူမတကယ်ရုပ်ဆိုးတာပဲ။
ဘာလို့ဒီလောက်တောင်ရုပ်ဆိုးနေရတာလဲ...
ဒီလောက်ရုပ်ဆိုးတဲ့မိန်းမက
ဘယ်လိုများအိမ်ထောင်ကျနိုင်ရတာလဲ...
နောက်ပြီး သူမတွေ့ခဲ့တဲ့ကလေးကလဲ အရမ်းကြည့်လို့ကောင်းနေတယ်...သူမသားမှဟုတ်ရဲ့လား...ဘယ်လိုပဲ သူမကြည့်နေပါစေ အဲ့လိုဆိုတာမဖြစ်နိုင်ဘူး...
ကလေးအဖေက အရမ်းပဲကြည့်ကောင်းနေလို့လား...ဒါပေမယ့် သူကအရမ်းပဲဆွဲဆောင်မှုရှိတယ်ဆိုရင်
သူမလိုလူမျိုးကို ဘာလို့လက်ထပ်ရတာလဲ...
ထန်ထန် နားမလည်နိုင်ဖြစ်နေသည်။ သူမ မှန်ကိုနောက်တကြိမ်ကြည့်လိုက်တယ်။
ဒါပေမယ့် အကြည့်ကိုအမြန်လွှဲလိုက်တယ်။
သူမက ရုပ်ဆိုးလိုက်တာ။ သူမကိုယ်သူမ ထပ်မကြည့်ရဲတော့ဘူး။ သူမနောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာတွေးဖို့အတွက်
ချိုင်းထောက်အကူအညီနဲ့
အိပ်ယာဆီကိုပြန်လှည့်လိုက်တယ်။
သူမရဲ့
အရင်ကမ္ဘာနဲ့ပတ်သတ်ပြီး
သူမမှာဘာခံစားချက်မှမရှိဘူး။
နောက်ဆုံးတော့လဲ သူမကိုဘယ်သူမှဂရုမစိုက်ကြဘူး၊
ဒါကြောင့် သူမပြန်မသွားချင်ဘူး။ နဂိုက သူမ ဝိဉာဉ်လောကကိုရောက်ပြီး သူမမိခင်နဲ့တွေမယ်ထင်ခဲ့ပေမယ့်
သူမ မမျှော်လင့်ပဲ တစုံတယောက်ဖြစ်လာခဲ့တယ်။ သူမအသက်ရှင်နေမှတော့ သေဖို့အတွက်ဆန္ဒမရှိတော့ဘူး။
ဘုရားသခင်က သူမအသက်ရှင်ဖို့အတွက် အခွင့်အရေးပေးတာပဲ ဒါကြောင့် အဲ့ဒီအခွင့်အရေးကိုရတနာလိုတန်ဖိုးထားသင့်တယ်။
အခုလောလာဆယ်
အကြီးမားဆုံးပြဿနာကတော့
သူမရဲ့ခန္ဒာကိုယ်ရဲ့အခြေအနေကိုသူမ
မသိတာပဲ။ သူမ သိတာဆိုလို့ သူမမှာ ယောကျာ်းနဲ့ကလေးတစ်ယောက်ရှိတယ်ဆိုတာပဲ။
သူမတစ်ယောက်တည်းမဟုတ်တော့ဘူး။
ဒါပေမယ့် ဒီခန္ဒာကိုယ်ပိုင်ရှင်က ကောင်းတဲ့သူတစ်ယောက်ဖြစ်ပုံမရသလို
ဒီအိမ်ကလူတိုင်းကလဲ သူမကိုသဘာမကျကြဘူး။ သူမမွေးထားတဲ့ သူမရဲသားဖြစ်သူကိုယ်တိုင်ကတောင်
သူ့အမေဖြစ်သူကိုသဘောကျပုံမရဘူး။
မူလခန္ဒာကိုယ်ပိုင်ရှင်က
ဘာလို့ဒီလိုတွေဖြစ်နေခဲ့လဲဆိုတာ
သူမ မသိဘူး။
သူမ
အများကြီးဖတ်ခဲ့ဖူးတဲ့
စာအုပ်တွေအရ ဇာတ်ကောင် ကူးပြောင်းသွားတဲ့အခါမှာ မူလခန္ဒာကိုယ်ရဲ့မှတ်ညဏ်တွေကိုရရှိကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုမျိုးသူမမှာ မရှိဘူး။ အဲ့ဒီမှတ်ညဏ်တွေမရှိရင် မူလပိုင်ရှင်အတိုင်းတုပလို့မရတဲ့အတွက်
အဲ့ဒါကပြသနာဖြစ်စေနိုင်တယ်။
သူမကတော့ အရင်သူမအတိုင်းပဲဖြစ်လာနိုင်တယ်။
အဲ့ဒါက
ပိုပြီးပြဿနာတက်စေနိုင်လောက်တယ်
မဟုတ်ဘူးလား...
ထန်ထန်
စိတ်ပျက်ပြီး နည်းလမ်းတခုခုရဖို့ သူမခေါင်းကိုထုလိုက်တယ်။ အဆုံးမှာတော့ သူမ စိတ်ကူးတစ်ခုရလိုက်တယ်။ သူမ အတိတ်မေ့သလိုဟန်ဆောင်လိုက်မယ်။
ဒီနည်းလမ်းပဲရှိတယ်။ သူမဘာမှမမှတ်မိဘူးလို့ အခိုင်အမာပြောရင် ဘယ်သူမှ သံသယဝင်မှာမဟုတ်ဘူးလေ။
သူမတွေးမိလေလေ
အဲ့ဒီအကြံကအကောင်းဆုံးလို့ထင်လေလေပဲ။
သူမ အဲ့ဒီအကြံကြောင့် အတော်လေးပျော်နေမိတယ်။ သူမရဲ့ပါးပြင်ကို ခေါင်းအုံးမှာပွတ်နေမိပြီး ခေါင်းအုံးကအရမ်းနူးညံ့တာပဲလို့တွေးနေမိတယ်။
အဲ့ဒါက သူမလာခဲ့တဲ့နေရာထက် ပိုကောင်းနေတယ်လေ။ စောင်တွေကလဲသက်သောင့်သက်တာရှိတယ်။
ထို့အပြင် တိုက်ခန်းကလဲ အရမ်းသန့်ရှင်းနေပြီး လှပနေတယ်။ ဒီနေရာကတကယ်ကို ဆန်းကြယ်တာပဲ။
ဒါကြောင့်
သူမ ဆန်းကြယ်တဲ့ဒီနေရာမှာပဲနေတော့မယ်...
ထန်ထန်
လှည့်ပတ်ကြည့်လိုက်ပြီးနောက်
တခါးကိုကျော်ကာ ဧည့်ခန်းကိုလှမ်းကြည့်လိုက်တယ်။
သူမကိုလှမ်းကြည့်နေတဲ့ကလေးကိုတွေ့လိုက်ရတယ်။
သူမကြည့်လိုက်တဲ့အခါမှာတော့
ကလေးကချက်ချင်းအကြည့်လွှဲလိုက်ပြီး
သူမကိုတခါမှမကြည့်လိုက်သလိုနဲ့ သူ့ရဲ့ကစားစရာတွေနဲ့ပြန်ဆော့နေတယ်...
သူမ
မတ်တပ်ရပ်လိုက်ပြီး ကလေးကိုစိုက်ကြည့်လိုက်တယ်။
ကလေးက သူမရဲ့သားလေးဆိုတဲ့အတွေးကိုတွေးလိုက်မိတဲ့ခဏ
သူမနှလုံးသားကနူးညံ့သွားတယ်။
သူမ က ကလေးတွေကိုအရမ်းချစ်တတ်သူဖြစ်တယ်။ သူမက ကလေးတွေကိုတွေ့တိုင်း သူတို့ကိုပွေ့ဖက်ပြီး နမ်းချင်တယ်။ ကံမကောင်းစွာနဲ့ပဲ သူမအရင်ဘဝတုန်းက ကလေးတွေနားကို သူမအားအကပ်မခံခဲ့ကြသလို လူကြီးတွေကလဲ ခြံဝင်းအနားကို ပေးမသွားကြဘူး။ ထို့ကြောင့် သူမက အဲ့ဒီချစ်ဖို့ကောင်းတဲ့ကလေးတွေကို
တခါးဝကနေသာ ရပ်ပြီးငေးကြည့်နေခဲ့ရတယ်။
သူမရဲ့အထိန်းတော်က
သူမရဲ့အဖြစ်ကိုမြင်တိုင်း
သက်ပြင်းချပြီး သူမကိုနှစ်သိမ့်ပေးလေ့ရှိတယ်။
အနာဂတ်မှာ သူမမှာအိမ်ထောင်ကျပြီးသူမကလွပ်လပ်သွားတဲ့အခါ
သူမရဲ့ကိုယ်ပိုင်ကလေးလဲရှိလာလိမ့်မယ်ဆိုပြီးတော့ပေါ့။
ထန်ထန် သူမရဲ့ကိုယ်ပိုင်မိသားစုလေးကိုလိုချင်ပေမယ့်လဲ
တိအမေ (တရားဝင်ဇနီး/မယားကြီး)ကတော့ သူမရဲ့လက်ထပ်ပွဲကိုတခါမှမစဉ်းစားပေးခဲ့ဘူး။
သူမအဖေကတော့ သူမရဲ့တည်ရှိမှုကိုမေ့နေပြီး
သူမနည်းလမ်းနဲ့သူမအသက်ရှင်အောင်နေခဲ့ရတယ်။
သူမ အသက် ၁၈နှစ်ပြည့်တဲ့အခါမှာတော့ သူမကိုလက်ထပ်မယ့်သူမရှိတော့ဘူး။
အဆုံးမှာတော့ သူမအစ်မတစ်ဝမ်းကွဲရဲ့ရေထဲတွန်းချခြင်းကိုခံလိုက်ရပြီး
ဒီကိုရောက်လာရတဲ့အတွက်
လက်ထပ်ဖို့အခွင့်အလမ်းမရှိခဲ့ဘူး။
ဒါပေမယ့်
ဘယ်သူထင်မှာလဲ လက်ထပ်ဖို့အတွက်အခွင့်အရေးမရှိခဲ့တဲ့သူမက
တစ်စုံတစ်ယောက်ရဲဇနီးဖြစ်လာမယ်လို့ပေါ့။
သူမဆီမှာ ကလေးတောင်ရှိလိုက်သေးတယ်။ တခြားသူတွေအတွက် အိမ်မက်ဆိုးဖြစ်နေနိုင်ပေမယ့်
သူမအတွက်ကတော့ ကြီးမားတဲ့လက်ဆောင်တစ်ခုပါပဲ။
နောက်ထပ်သူမတစ်ယောက်တည်းမဖြစ်တော့ဘူး။
သူမမှာ မိသားစုရှိနေပြီး သူမယောကျာ်းက သူမကိုကာကွယ်လိမ့်မယ်။
အဲ့ဒါက
အမြဲတမ်းသူမရဲအိမ်မက်ပဲ...
မရင်းနီးတဲ့နေရာဆိုတဲ့
သူမရဲ့ခံစားချက်တွေကိုစွန့်ပစ်ပြီးနောက်
သူမတိတ်တဆိတ်ပျော်နေခဲ့တယ်။
၀၀ကစ်ကစ်လေးဖြစ်နေတဲ့
ကလေးလေးကိုသူမကြည့်လိုက်ပြီး
အိပ်ယာထဲကထွက်ပြီး သူမရဲ့ချိုင်းထောက်နဲ့ အဲ့ဒီမိုချီလုံးလေးဆီကိုသွားဖို့
မရပ်တန့်နိုင်ဘူးဖြစ်နေတယ်။
အဲ့ဒီမိုချီလုံးလေးက အနီရောင်နဲ့အစိမ်းရောင်ရှိတဲ့အတုံးလေးတွေနဲ့ဆော့နေတယ်။
သူ့ရဲ့လက်ဖောင်းဖောင်းသေးသေးလေးတွေနဲ့
အတုံးလေးတွေကိုကောက်ကိုင်လိုက်ပြီး
အဆောက်အဦးပုံစံတစ်ခုကိုဆောက်နေတယ်။
‘’ပေါင်ပေါင်
က ဒါကစားတာအရမ်းတော်တာပဲ’’
သူမက
ကလေးကိုမြှောက်ပင့်ပြောလိုက်တယ်။
အတုံးလေးတွေကို
ကိုင်ထားတဲ့ ကျိရှောင်ကျိုး လက်တွေရပ်တန့်သွားတယ်။ သူက အထိတ်တလန့်ကြည့်လိုက်ပြီး ခဏအကြာမှာပဲ အတုံးလေးတွေကိုတွန်းလိုက်တယ်။
ထို့နောက် အတုံးလေးတွေအားလုံးကို ပုံးထဲစုထည့်ကာ သူအခန်းထဲကိုဝင်သွားတယ်။ တံခါးပိတ်ပြီးနောက် သူက အတုံးလေးတွေကိုနောက်တစ်ခါအောက်မှခင်းလိုက်ပြန်တယ်။
ထန်ထန်
ခေါင်းကိုကုတ်လိုက်ပြီး
အကူအညီမဲ့သလိုခံစားလိုက်ရတယ်။
ကြည့်ရတာ သူမကလေးကလဲ သူမကိုသဘောကျပုံမရဘူး။
သူမ ဘာမှမလုပ်ပဲဒီတိုင်းနေတာမကောင်းဘူးလို့
ခံစားမိသောကြောင့် တခုခုလုပ်ဖို့ သူမရှာလိုက်တယ်။ အန်တီလီက မီးဖိုချောင်မှာ အရမ်းအလုပ်ရှုပ်နေတာကိုတွေ့လိုက်ပြီး
ချိုင်းထောက်နဲ့မီးဖိုချောင်ဘက်ကို
သူမလျောက်ခဲ့တယ်။ သူမက တဖက်မှာရှိတဲ့ အသီးအရွက်တွေကိုယူပြီး အန်တီလီကို ပြောလိုက်တယ်
‘’ ကျွန်မကူညီပေးမယ်လေ...’’
အန်တီလီ
အံ့ဩသွားတယ်။ သူမ ထန်ထန်ကို အံ့ဩတကြီးကြည့်လိုက်ပြီး
‘’ မဒမ် က ကူညီချင်တယ်...’’
ထန်ထန်
ခေါင်းငြိမ့်ပြလိုက်တယ်
‘’ ကျွန်မ အသီးအရွက်တွေကိုလှီးပေးမယ်,
အန်တီလီက ချက်ပေါ့...’’
အန်တီလီ
မျက်လုံးများ ပြူးကျယ်သွားတယ် ။ အံ့ဩမှုက သူမမျက်လုံးထဲမှာ
အထင်းသားမြင်တွေနေရတယ်။
ဒီအပြုအမူက မူလခန္ဒာကိုယ်ရဲ့ အပြုအမူနဲ့ယှဉ်ရင် အများကြီးကွာနေမယ်ဆိုတာ သူမသိတယ်။ မူလပိုင်ရှင်ရဲ မှတ်ညဏ်တွေမရှိပဲနဲ့ သူမနဲ့တူအောင်လိုက်မလုပ်နိုင်ဘူးလေ။
ထန်ထန်
အန်တီလီကို ပြုံးပြလိုက်ပြီး ပြောလိုက်တယ်...
"တကယ်တော့ ကျွန်မပြောချင်တာတစ်ခုရှိတယ်"
"ဘာများလဲ...."
"တကယ်…
တကယ်တော့ ကျွန်မ ဘာမှမမှတ်မိတော့ဘူး...ကျွန်မစိတ်ထဲမှာ ဘာမှမရှိသလို ဘာလုပ်ရမှန်းလဲမသိဘူး... အန်တီလီ..."
"ဘယ်လို...
မဒမ် ဘာမှမမှတ်မိတော့ဘူး ဟုတ်လား..."
အန်တီလီ
အလန့်တကြားနဲ့ ဓါးကိုလွှတ်ချလိုက်တယ်။
" မဒမ်
ကျွန်မကို နောက်နေတာမဟုတ်လား..."
ထန်ထန်
လက်ကိုဝှေ့ယမ်းလိုက်ပြီး
‘’ မဟုတ်ဘူး
မဟုတ်ပါဘူး၊ ကျွန်မ တကယ်ကိုမမှတ်မိတာပါ။ ကျွန်မနာမည်ကိုတောင် ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မနိုးလာကတည်းကဒီလိုဖြစ်နေတာပါ
ကျွန်မကိုယ်တိုင်လဲ ဘာဖြစ်နေမှန်းမသိဘူးဖြစ်နေတယ်...’’
အန်တီလီ
ထန်ထန်ရဲ့အမူအယာကို သတိပြုလိုက်မိတယ်။ ကြည့်ရတာ သူမတကယ်ကိုဘာမှမသိတဲ့ပုံဖြစ်နေပြီး
သူမမျက်ဝန်းတွေကလဲ အရင်ကထက်ပိုတည်ငြိမ်နေပြီး နူးညံ့နေတယ်။ အတိတ်ကလို ရက်စက်တတ်တဲ့သူမနဲ့ မတူဘူး။ သူမတကယ်ပဲပြောင်းလဲသွားတာဖြစ်နိုင်တယ်။
ဆေးရုံမှာတောင် အရင်လိုစိတ်ဆိုးပြီး ပစ္စည်းတွေပစ်ပေါက်မနေပဲ တိတ်တိတ်လေး နေနေခဲ့တာပဲ။
အန်တီလီက
သူမကိုအပြည့်အဝမယုံသေးတာကြောင့် မေးခွန်းထုတ်လိုက်တယ်...
’’ ဒါဆို
ကားမတော်တဆမှုဖြစ်တာကိုကော
မှတ်မိသေးလား...’
ကားမတော်တဆဖြစ်တာ...
ဒါဆို သူမဒီကိုရောက်လာရတာက မူလပိုင်ရှင်ကသေသွားလို့များလား...ထန်ထန် က အန်တီလီကို ခေါင်းခါပြလိုက်တယ်
"ကၽြန္မမမွတ္မိဘူး..."
"ဒါဆို
ဘာတွေကိုမှတ်မိသေးလဲ..."
ထန်ထန်
ခေါင်းကိုယမ်းလိုက်ပြီး
‘’ ကျွန်မ
ဘာမှကိုမမှတ်မိတော့ဘူး၊
ရှင့်ရဲ့နာမည်ကိုတောင်မေ့သွားတာ၊
ရှင့်နာမည် နောက်တစ်ခါထပ်ပြောပါဦး..."
အန်တီလီက
ထန်ထန်ကို သံသယဖြစ်စွာနဲ့ စိုက်ကြည့်လိုက်တယ်။ သူမလိမ်နေတာမဟုတ်မှန်းသေချာသွားတဲ့နောက်
သူမရဲ့သံသယတွေကိုဖိနှိပ်လိုက်ပြီး
ဟင်းသီးဟင်းရွက်တွေကိုဆက်လှီးလိုက်တယ်
...
"ဆရာခေါ်သလိုပဲ
အန်တီလီ လို့ခေါ်နိုင်ပါတယ်"
"အန္တီလီ..."
ထန်ထန်ခေါင်းငြိမ့်လိုက်ကာ
အန်တီလီကိုနှုတ်ဆက်လိုက်တယ်။
ပြီးတော့ သူမဒီအခွင့်အရေးကိုယူပြီးမေးလိုက်တယ်
"အန္တီလီ အျပင္ကကေလးက ကၽြန္မကေလးလား..."
" အင်း..."
အန်တီလီက
အတည်ပြုလိုက်တယ်။
" အဲ့ဒါ
မဒမ်ရဲ့သားပါ ဒါပေမယ့် သူ့ကိုတစ်ခါမှ မဒမ်ရဲ့ကလေးလို့သဘောထားတာမဟုတ်ဘူး..."
" ဘာလို့လဲ..."
ထန်ထန်
ဒေါသတကြီးမေးလိုက်တယ်။
အန်တီလီ
စိတ်မရှည်စွာနဲ့ပြောလိုက်တယ်..
‘’ကျွန်မဘယ်လိုသိမှာလဲ... ကျွန်မက ရှောင်ကျိုး ကိုစောင့်ရှောက်ဖို့ငှားထားတာပဲလေ...ကျွန်မ မဒမ်ရဲ့မိသားစုအကြောင်းကိုဘာမှမသိပါဘူး’’
တန်တန်
အနည်းငယ်စိတ်ပျက်သွားပြီး
ထိုအကြောင်းကိုမေးရန်
လက်လျော့လိုက်တယ်။ သူမက တခြားမေးခွန်းတစ်ခုကိုထပ်မေးလိုက်တယ်
‘’ဒါဆို ကျွန်မ ခင်ပွန်းကော...သူဘယ်မှာလဲ...’’
အန်တီလီက
ထန်ထန်ကို လှည့်ကြည့်လိုက်တယ်။ သူမ တစ်ခဏတိတ်သွားပြီးတော့ ဖြေလိုက်တယ်
‘’ဆရာက စစ်တပ်မှာ အမှုထမ်းတယ်... သူက အရမ်းအလုပ်များပြီး အားလပ်ရက်တွေမှသာ အိမ်ကိုပြန်လာတာမို့ သူက အိမ်မှာအမြဲမရှိဘူး..."
"အို...
အဲ့လိုပေါ့"
ဒါဆို သူမခင်ပွန်းက စစ်တပ်ကပေါ့။ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့သူလဲ။ တိုင်းပြည်ကို ကာကွယ်တဲ့ သူရဲကောင်းတစ်ယောက်။ အဲ့လိုလူမျိုးက အရမ်းကောင်းမှာပဲ အဲ့ဒါကို ဒီမူလပိုင်ရှင်နဲ့ ဘာကြောင့်များလက်ထပ်လိုက်ရတာလဲ...
သူမ
အနေနဲ့ သူမခင်ပွန်းအကြောင်း မေးခွန်းတွေထပ်မေးချင်ပေမယ့်လဲ
အန်တီလီက ဒီကိစ္စကိုဆက်မပြောတော့ဘူး။
ဟင်းသီးဟင်းရွက်တွေကို
အိုးထဲထည့်ပြီးကြော်နေရင်းနဲ့
အန်တီလီက
"ထပ်မမေးပါနဲ့တော့...ကျွန်မဟင်းချက်တော့မှာမို့၊
တကယ်လိုထပ်မေးချင်သေးရင်လဲ
ဆရာပြန်လာတာကိုစောင့်ပြီး
သူ့ကိုပဲမေးလိုက်ပါ"
သူမအတိတ်မေ့သွားတာ တကယ်လားဆိုတာ သူမမသိဘူးလေ။ အိမ်အကူအနေတစ်ယောက်နဲ့ စကားကိုရမ်းပြောလို့မရဘူး။ အထူးသဖြင့် မိသားစုအကြောင်းတွေကိုပေါ့။
ဒါကြောင့်
ထန်ထန် ပါးစပ်ကိုပိတ်ပြီး နောက်ထပ်ဘာမှမမေးတော့ဘူး။ သူမ အသံတိတ်ပြီး ချက်ပြုတ်တာကို ဆက်ကူညီပေးလိုက်တယ်။
ညစာအတွက်
ဟင်းပွဲသုံးပွဲနဲ့ ဟင်းချိုတစ်ပွဲဖြစ်ပြီး ဟင်းပွဲထဲမှာ အသားနဲ့အသီးအရွက်တွေပါတယ်။ ဟင်းပွဲတွေက ထန်ထန် အမြဲတမ်းစားဖူးတာတွေထက် ပိုကောင်းတယ်။ မူလခန္ဒာကိုယ်ပိုင်ရှင်မှာ တကယ်ကောင်းတဲ့ဘဝရှိတာပဲ။ သူမကူကယ်ရာမဲ့စွာနဲ့ မိုချိလုံးလေးက သူ့ဇွန်းလေးနဲ့စားနေတာကိုကြည့်နေမိတယ်။
သူက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူက ကလေးလေးတစ်ယာက်ဖြစ်နေပေမယ့်
အဖိုးအိုလေးလိုပြုမူနေတယ်။
သူ့ပါးစပ်လေးထဲ အစာထည့်စားလိုက်တဲ့အခါ ပါးလေးကဖောင်းသွားပြီး ဝါးလိုက်တဲ့အချိန်မှာသူ့ပါးလေးကတုန်သွားတယ်
။ သူက ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ။
တကယ်ကိုပဲ
သူ့ပါးလေးကို သူမလက်နဲ့တို့ချင်နေမိတယ်။ ဒါပေမယ့် သူလက်ခံမှာမဟုတ်မှန်း သူမသိနေတဲ့အတွက် သူမစိတ်ကိုထိန်းထားရတယ်။
အဲ့ဒီအချိန်မှာပဲ
မိုချီလုံးလေးက ပန်းကန်ထဲကအာလူးတုံးလေးတွေကို
သူဇွန်းနဲ့လှမ်းယူဖို့ကြိုးစားနေတာကို
မြင်နေရတယ်။ အချိန်တချို့ကြာပြီးနောက် သူမအောင်မြင်ဖြစ်နေတာကို သူမတွေ့နေရတယ်။ အန်တီလီကလဲ ဘာမှလုပ်မပေးဘူး။ နောက်ဆုံးတော့ သူမ မနေနိုင်ပဲ တူနဲ့လှမ်းယူပြီး အသေးလေးရဲ့ပန်းကန်ထဲကိုထည့်ပေးလိုက်တယ်။
ကျိရှောင်ကျိုးရပ်တန့်သွားတယ်။
သူ့ပန်းကန်လုံးထဲက အာလူးတုံးတစ်ချို့ကိုကြည့်ပြီး
ထန်ထန်ကိုလှမ်းကြည့်နေတယ်။
သူ့မျက်လုံးများကျယ်လာပြီး
အနီရောင်သန်းလာတယ်။ သူ့နှုတ်ခမ်းကတုန်နေတယ်၊ အဆုံးမှာတော့
နှာတစ်ချက်မှုတ်လိုက်ကာ
ပန်းကန်ထဲကအာလူးအားလုံးကိုထုတ်လိုက်ပြီး
ဒေါသတကြီး ပြောလိုက်တယ်
‘’ကျွန်တော်
ခများရဲ့အကူအညီမလိုဘူး...’’
(ကလေးက
သူအမေဆီကဂရုစိုက်တာမခံရတော့
အံ့ဩပြီးစိတ်ကောက်နေတာပါ)
သူမ
ကူရာမဲ့သလိုခံစားလိုက်ရတယ်
‘’ ပေါင်ပေါင်…’’
ကျိရှောင်ကျိုး
က သူမကိုပြန်မဖြေပဲ ခေါင်းကိုငုံပြီးထမင်းပိုစားကာ
အာလူးတွေကိုထပ်မထိတော့ဘူး။
သူမ
အသေးလေးရဲ့ပန်းကန်ထဲကို
ဟင်းထပ်မထည့်ပေးရဲတော့သလို
အနည်းငယ်လည်းစိတ်ပျက်သွားမိသည်။
အသေးလေးက သူမကိုအဲ့လောက်တောင် မကြိုက်မှန်းသူမ မသိလိုက်ဘူး။ မဟုတ်သေးဘူး အသေးလေးမကြိုက်တာ မူလပိုင်ရှင်ကိုလေ ဒါပေမယ့် အခုသူမက ဒီကိုယ်ထဲကိုရောက်လာပြီဆိုတော့
အသေးလေးက သူမသားလေးပဲပေါ့။ သူမ အမြဲတမ်းတော့ သဘောမကျပဲမနေလောက်ဘူး မဟုတ်လား... သူမကို အသေးလေးသဘောကျလာဖို့မျှော်လင့်နေမိတယ်...
Xxxxxxxxxxxxxxxxxx