အပိုင်း (၃)
Viewers 12k

Part 3


ညစာစားပြီးနောက် အန်တီလီက ပန်းကန်များဆေးကြောပြီး ဇာတ်လမ်းတွဲကြည့်နေလေသည်။ သူမ အပိုင်း ၂ ပိုင်းကြည့်ပြီးတဲ့အခါမှာ ည ၉ နာရီခွဲနေပြီဖြစ်သည်။ 


အချိန်ကရှောင်ကျိုး  အိပ်သင့်တဲ့အချိန်ရောက်နေပေမယ့်လဲ ကလေးက ဆိုဖာပေါ်တွင်ဆော့နေဆဲဖြစ်သည်။ အန်တီလီက နောက်ကျောကိုပုတ်လိုက်ရင်း


 " ရှောင်ကျိုး, ၉ နာရီခွဲနေပြီ သားအိပ်ရမယ့်အချိန်ရောက်နေပြီလေ..."


ပေါက်စီလုံးလေး က အချိန်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းလေးကိုပွတ်လိုက်ကာ သူ့လက်ထဲက Tablet ကိုမခွဲချင်သည့်သေးပုံနှင့် ညင်သာစွာပြောလိုက်တယ်


 ‘’ အန်တီလီ သားအိပ်ယာထဲမဝင်ခင်ခဏလောက် စောင့်ချင်သေးတယ်...’’


အန်တီလီက ရှောင်ကျိုးလက်ထဲက Tablet ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်ရင်း...


 " ရှောင်ကျိုး... ကိုးနာရီခွဲနေပြီဆိုတော့ သားအဖေ Video call ခေါ်တော့မှာမဟုတ်တော့ဘူး၊ သူ မစ်ရှင်တစ်ခုခုရှိနေတာဖြစ်နိုင်တယ်၊ သူအားတဲ့အချိန်ကျရင် သားကိုခေါ်မှာပါ အဲ့ဒါကြောင့် သွားအိပ်လိုက်တော့နော်..."


ရှောင်ကျိုး တိတ်ဆိတ်သွားပြီး ခေါင်းကိုငုံ့လိုက်တယ်။ သူက tablet ကိုထိလိုက်ပြီး ခေါင်းလေးကိုမော့ကာ


 " နည်းနည်းလောက်ပဲထပ်စောင့်ပါရစေ ဒက်ဒီကအချိန်မရွေးဖုန်းခေါ်လာနိုင်တယ်လေ နော်..."


အန်တီလီ အကူအညီမဲ့စွာနဲ့ ပြန်ဖြေလိုက်တယ် 


" ကောင်းပြီလေ နောက်ထပ် မိနစ် ၃၀ ပဲနော်၊ ပြီးတာနဲ့သွားအိပ်ရမယ်..."


ရှောင်ကျိုး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် Tablet ကိုဆက်ပြီး စိုက်ကြည့်နေတယ်။


ထန်ထန် ဆိုဖာပေါ်ကနေ တိတ်ဆိတ်စွာနဲ့ထိုင်ပြီးကြည့်နေလိုက်သည်။ သူမလဲပဲ Tablet ကိုစိုက်ကြည့်လိုက်မိသည်။ ဘာလို့ မိုချီလုံးလေးက အဲ့ဒါကို စိုက်ကြည့်နေလဲဆိုတာ နားမလည်ပေ။ 


ဘယ်လို video call မျိုးမို့လို့ပါလိမ့်...


နောက်ထပ် မိနစ်သုံးဆယ်ကြာပြီးတဲ့နောက် အန်တီလီက ရှောင်ကျိုးကိုထပ်မစောင့်ခိုင်းတော့ပါဘူး။ သူမက Tablet ကိုယူပြီးပြောလိုက်တယ် 


" ရှောင်ကျိုး, ၁၀ နာရီထိုးပြီဆိုတော့ တော်ပြီနော်၊ သားအဖေလဲဖုန်းခေါ်တော့မှာမဟုတ်လောက်တော့ဘူး၊ အခု ရေချိုးဖို့လိုက်ခဲ့တော့နော် အိပ်ချိန်ရောက်ပြီလေ..."


ကလေးလေးက ခေါင်းငုံ့လိုက်ပြီး တိတ်တဆိတ်နေနေပြန်တယ်။ ခဏကြာပြီးနောက် ဆိုဖာပေါ်ကဆင်းသွားပြီး အန်တီလီနဲ့အတူ အခန်းထဲလိုက်သွားတော့တယ်။ ထန်ထန်က မျက်စိလျင်တဲ့သူဖြစ်တဲ့အတွက် အဲ့ဒီကလေးလေးရဲ့ မျက်၀န်းတွေ နီနေတာကိုသတိထားလိုက်မိတယ်။ သူ့ပုံစံလေးက ငိုတော့မယ့်ပုံလေးဖြစ်နေတယ်။


ပေါင်ပေ့ ပုံစံက အတော်လေးစိတ်ဓါတ်ကျနေပုံပေါ်သည်။ 


သူ့အဖေအကြောင်းသိချင်လို့စောင့်နေတာများလား... သူထပ်မစောင့်နိုင်တော့လို့ပဲစိတ်ညစ်သွားတာလား... ဒါပေမယ့် စစ်တပ်စည်းမျဉ်းတွေက တင်းကြပ်ပြီး သူတို့မိသားစုဆီကို သူတို့သဘောနဲ့ ပြန်လာချင်သလို ပြန်လာလို့မရဘူး။ ဒီမိုချီလုံးလေးက သူ့အဖေကိုလွမ်းနေတာပဲ။


ထို့နောက် ရေချိုးရန် သူမအခန်းသို့ပြန်လာလိုက်သည်။ အချိန်တချို့ကုန်ဆုံးပြီးနောက် ရေချိုးခန်းထဲကအရာတွေကို ဘယ်လိုအသုံးပြုရလဲဆိုတာ သူမသိသွားသည်။ သူမရေချိုးပြီးတဲ့နောက် စိတ်ကောလူပါပင်ပန်းသွားတော့တယ်။ အိပ်ယာထဲရောက်နေတာတောင်မှ သူမအလွယ်တကူ အိပ်မပျော်နိုင်ဘူးဖြစ်နေတယ်။ အတွေးများစွာကိုတွေးနေလိုက်ပြီး နောက်ဆုံး မိုချီလုံးလေးရဲ့ နီရဲနေတဲ့မျက်လုံးတွေကိုပြန်မြင်ယောင်နေမိပြီး အိပ်မပျော်နိုင်ဘူးဖြစ်နေတယ်။ ခဏကြာတဲ့အခါ သူမအိပ်ယာထဲကထလိုက်ပြီး ကောင်လေးရဲ့တံခါးကိုတိတ်တဆိတ်ဖွင့်လိုက်တယ်။ 


မီးအိမ်လေးကလင်းနေတယ်။ သူမက ဒီကလေးညဘက်အိမ်သာသွားတဲ့အခါ ပိုလွယ်ကူအောင်ဖွင့်ထားတယ်လို့ ယူဆလိုက်တယ်။ အသေးလေးက အိပ်ယာထဲမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ သူက အတွင်းခံလေးဝတ်ထားပြီး ပါးစပ်လေးကဟနေတယ်။ ပြီးတော့ သူ့ရဲ့လက်ဖောင်းဖောင်း ခြေဖောင်းဖောင်းလေးတွေက ဘေးနှစ်ဖက်ကိုပြန့်ကားနေတယ် (ခြေကားယား လက်ကားယားပုံစံကိုပြောတာပါ) သူ့အစာအိမ်(ဗိုက်)လေးကလဲ အသက်ရှုလိုက်တိုင်းလှုပ်နေတယ်။ သေချာနားထောင်ကြည့်ရင် သူဟောက်နေတဲ့ အသံသေးသေးလေးကိုပါကြားရတယ်။ 


ထန်ထန် မသိစိတ်ကနေ ပြုံးလိုက်မိတယ်။ သူမ မိုချီလုံးလေးရဲ့ လက်ကိုအသာလေးတို့လိုက်မိပြီး သူမနှလုံးသားလေးဟာလဲ ပျော့ပြောင်းသွားလေတယ်။


သူမက သူ့ရဲ့ တကယ့်အမေမဟုတ်ပေမယ့်လဲ အမေတစ်ယောက်ဖြစ်လာတာပဲ။ သူမကိုယ်တိုင်ကလဲ သူ့အမေဖြစ်ဖို့ဆန္ဒရှိနေတယ်။ ဒါကြောင့် နောက်ဆို သူ့ကိုသေချာဂရုစိုက်ရမယ်။ အဲ့လိုမှမဟုတ်ရင် သူမကဘာလို့ ဒီအခန်းထဲလာရမှာလဲ...သူမ မိသားစုတစ်ခုရဖို့ အမြဲတမ်းအိမ်မက်မက်နေခဲ့တာ နောက်ဆုံးတော့သူမရခဲ့ပြီလေ။ ဒီမိသားစုက သူမရဲ့အရာအားလုံးပဲ။ တကယ်လို့သာ မိသားစုဆိုတာမရှိရင် သူမဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး။


သူမ ကလေးကိုအချိန်အတော်ကြာကြည့်နေမိသည်။ နောက်ဆုံး အသေးလေးရဲ့နဖူးကိုနမ်းလိုက်ပြီး သူမအခန်းကိုမပြန်ခင် စောင်ခြုံပေးလိုက်တယ်။


နောက်တစ်နေ့ သူမနိုးတဲ့အခါ အန်တီလီက မီးဖိုချောင်ထဲမှာ ဟင်းချက်နေပြီဖြစ်တယ်။ အသေးလေးကတော့ ထမင်းစားပွဲမှာ ခြေထောက်လွဲပြီးဆော့ရင်း မနက်စာစားဖို့စောင့်နေတယ်


ထန်ထန်က အသေးလေးကိုစတင် ပြုံးပြလိုက်ပြီး နှုတ်ဆက်လိုက်တယ် 


‘’ မောနင်း အချစ်လေး...’’


ကျိရှောင်ကျိုး ကသူမကို မသိမသာကြည့်လိုက်ပြီး နှုတ်ခမ်းစူလိုက်ကာ သူမကိုအကြည့်လွှဲလိုက်ပြီး ခေါင်းငုံ့နေလိုက်တယ်။


ထန်ထန် စိတ်မဆိုးပဲ ပြုံးလိုက်ကာ မီးဖိုချောင်ထဲကိုလျောက်သွားပြီး ကူညီပေးနေတယ်။ အန်တီလီက သူမကို မီးဖိုချောင်မှာမြင်ရသောကြောင့် တအံ့တဩဖြစ်နေတယ်။


ထန်ထန် မီးဖိုချောင်ထဲကိုဝင်လာပြီး ကူညီတာကိုတခါမှမမြင်ဖူးပေ။


အန်တီလီက သူမရဲ့သံသယတွေကို ဖိနှိပ်လိုက်ပြီး ရှောင်ကျိုးအတွက် နို့တစ်ခွက်ပြင်ပေးလိုက်တယ်။ ကလေး စားပြီးတဲ့နောက် အန်တီလီက ဆန်ပြုတ်တခွက် သူမပန်းကန်ထဲကိုထည့်ပြီး စတင်စားနေတယ်။ 


ထန်ထန်လဲ သူမအတွက် ဆန်ပြုတ်ကို သူမဘာသာပြင်ပြီး သူတိုနဲ့အတူတူစားနေတယ်။ သူမဘာမှမစားရသေးခင်မှာပဲ သူတိုရဲ့အကြည့်တွေကိုခံစားလိုက်မိတယ်။ အဲ့ဒါကြောင့် သူမက အသေးလေးရဲ့ စိတ်၀င်တစားနဲ့ စပ်စုတဲ့အကြည့်တွေကိုမြင်လိုက်ရတယ်။ သူမကြည့်နေတာကိုသိလိုက်တဲ့အချိန်မှာပဲ အသေးလေးက ချက်ချင်းအကြည့်လွဲလိုက်ကာ သူမကိုဘယ်တုန်းမမှ မကြည့်လိုက်သလိုဟန်ဆောင်နေတယ်။ 


သူမ အန်တီလီဘက်ကိုလှည့်လိုက်တယ်။ အန်တီလီကလဲ သူမကိုအံ့ဩတဲ့အကြည့်နဲ့ကြည့်နေတာကိုတွေလိုက်တယ်။ ထန်ထန် စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်တယ် 


‘’ အန်တီလီ ရှင်တိုနှစ်ယောက်လုံး ဘာလို ကျွန်မကိုကြည့်နေရတာလဲ ကျွန်မ တစ်ခုခုအမှားလုပ်မိလိုလား...’’


အန်တီလီက မျက်မှောင်ကြုတ်ပြီး သူမရှေ့က ဆန်ပြုတ်ခွက်ကိုကြည့်လိုက်ကာပြောလိုက်တယ် 


"မဒမ် ရှင်ကမနက်စာကို ဘယ်တုန်းကမှ ဆန်ပြုတ်မစားဘူးလေ ဒီနေ့မှ ဘယ်လိုဖြစ်ပြီး…" 


အမှန်တော့ သူမက မနက်စာအစား အရက်ကိုတနေကုန်သောက်နေခဲ့တာ၊ အဲ့ဒါကြောင့် သူမက အရိုးခြောက်လို အရမ်းပိန်နေတာဖြစ်တယ်။ ဘာလိုသူမက ဒီနေမှ မနက်စာကိုရုတ်တရက်စားရတာလဲ...


"အာ…"


 သူမခေါင်းကိုကုတ်လိုက်မိတယ်။ သူမဘယ်လိုတုန့်ပြန်ပြီး ပြောရမလဲမသိဘူးဖြစ်နေတယ်


 " ကျွန်မမေ့နေတာ ဒါပေမယ့် မနက်စာမစားတာက မကောင်းဘူးလေ အဲ့ဒါကြောင့် ကျွန်မ ပေါင်ပေါင်လေးနဲ့အတူတူ အခုကစပြီးစားတော့မယ်၊ အဲ့ဒါ ကောင်းတယ်မဟုတ်လား ပေါင်ပေါင်..."


"ဟွန့်... "


အသေးလေးရဲ့မျက်တောင်တွေက အလျင်အမြန်ပဲလှုပ်ခတ်သွားတယ်။ ဒါပေမယ့် ကြည့်ရတာ သူမကိုကြည့်လိုစိတ်ရှိပုံမရပဲ သူသဘောမကျကြောင်းကိုသာ တိတ်တဆိတ်နဲ့ဖော်ပြနေတယ်။ 


ထန်ထန် ရယ်လိုက်မိသည်။ 


ဘာလို့များ ဒီအသေးလေးက သူမကိုတချိန်လုံး ဟွန့် ပြီးစိတ်ကောက်နေတဲ့ပုံပြနေရတာလဲ... ဒါပေမယ့် သူမအနေနဲ့ သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံမယ်လို့ ဆုံးဖြတ်ပြီးဖြစ်တယ်။ အဲ့ဒါကြောင့် သူမဒီအတိုင်းဆက်မသွားချင်ဘူး။ သူမအနေနဲ့ သူတို့ကြားက အကွာအဝေးကိုပိုနီးစေဖို တစ်ခုခုစဉ်းစားမှဖြစ်မယ်။


ခဏလောက်တွေးပြီးနောက် ထန်ထန် မေးလိုက်တယ်


 "ပေါင်ပေါင်, ပြီးရင်သားလေးက ဘာလုပ်မှာလဲ... သားနဲ့အတူတူလုပ်ပေးမယ်လေ မကောင်းဘူးလား..."


ရှောင်ကျိုး ရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားပြီး တစ်စက္ကန့်လောက်အကြာမှာ သူမပြောတာကိုမကြားခဲ့သလိုနဲ့ ဘာမှမဖြစ်ခဲ့သလိုမျိုး သူရဲ့အစားကိုသာဆက်စားနေတယ်။ 


ဒီအသေးလေးက သူမကိုစကားမပြောချင်ဘူးဆိုတာကို ထန်ထန်ကသိပြီးဖြစ်တယ်။ အဲ့ဒါကြောင့် သူမရဲ့နိုထိန်း ကို သူမအသုံးပြုနေကျဖြစ်တဲ့နည်းလမ်းနဲ့ အသုံးပြုလိုက်တယ်။ မျက်နှာပြောင်တိုက်ပြီးတော့ပဲ သူမပြောလိုက်တယ်


 "လူလိမ်မာလေး ပေါင်ပေါင်, ချစ်ဖိုကောင်းတဲ့ပေါင်ပေါင်, အချစ်ကလေး, ရတနာလေး, အိုကေ လို့ပြောပေးပါ. သိချင်လို့ပါနော်, ပေါင်ပေါင်နဲ့တူတူရှိနေချင်လို့ပါနော်... ‘’


အဲ့ဒီနည်းလမ်းက သူမရဲ့နိုထိန်းနဲ့ဆို အမြဲအလုပ်ဖြစ်ခဲ့တာပဲလေ, ကြည့်ရတာအဲ့ဒီနည်းလမ်းက အသေးလေးအပေါ်မှာလဲ အလုပ်ဖြစ်ပုံပဲ၊ ဘာလိုလဲဆိုတော့ သူကချက်ချင်းပဲ သူမကိုလှမ်းကြည့်ပြီး ကလေးသံလေးနဲ့ ဒေါသတကြီးပြောလိုက်တယ်...


 "ဘာလို့အရမ်းဆူညံနေရတာလဲ နားငြီးလို့သေတော့မှာပဲ..."


အသေးလေးက ဒေါသထွက်နေချိန်မှာတောင် အရမ်းချစ်ဖို့ကောင်းနေတယ်။ အထူးသဖြင့် သူ့ရဲ့ကလေးသံလေးက လူကိုအရည်ပျော်အောင်လုပ်နေသလိုပဲ။ ထန်ထန် စိတ်ထဲမှ ကျိတ်ရယ်လိုက်မိပြီး မျက်နှာပြောင်တိုက်ပြီးဆက်ပြောလိုက်တယ်


 " အာယာ..ပြောပြရင် ဆက်ပြီးမဆူညံတော့ဘူးလေ ...တစ်ကယ်သားကိုသဘောကျတာပါနော်... သားနဲ့အတူတူနေချင်လို့ပါ "


အသေးလေးရဲ့ မျက်လုံးတွေပြူးကျယ်သွားပြီးတော့ သူရဲ့ဇွန်းကိုချလိုက်တယ်။ ပြီးတော့ သူရဲ့လက်မောင်း ဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့  ကြက်ခြေခတ်ပုံစံလုပ်ပြီး


 " ကျွန်တော့ကို လှည့်စားလို့ရမယ်လိုထင်မနေနဲ့ ကျွန်တော်ခများကို လုံး၀ခွင့်မလွှတ်ဘူး...’’


ကလေးကဘာလို့ သူမကိုအရမ်းစိတ်ဆိုးနေလဲဆိုတာ သူမနားလည်ပါတယ်။ အဲ့ဒါက မူလပိုင်ရှင်က သူ့ကိုကောင်းကောင်းမဆက်ဆံခဲ့လို့ပဲ။ အဲ့ဒါကြောင့် အသေးလေးက သူမကိုခွင့်မလွတ်နိုင်ဘူးဆိုတာကို သူမနားလည်တယ်။ ပြီးတော့ စကားအနည်းငယ်နဲ့ ဒီပြဿနာကိုဖြေရှင်းလို့မရမှန်း သူမသိတယ်။ သူမ အနေနဲ့ ဒီအသေးလေးကိုအရိုးသားဆုံးဆက်ဆံမယ်ဆိုရင် တနေ့တော့ သူမကိုသူ ခွင့်လွှတ်နိုင်မှာပါ။


ထိုကြောင့် သူမ အသေးလေးကို ကြည့်လိုက်ပြီး မူလပိုင်ရှင်အစား တောင်းပန်လိုက်တယ် 


"ပေါင်ပေါင် မာမားတောင်းပန်ပါတယ်နော်၊ အခုကစပြီးပြောင်းလဲပါ့မယ် အဲ့ဒါကြောင့် မာမား ကိုစောင့်ကြည့်နေပေးပါ ဟုတ်ပြီလား... မားမား ပိုကောင်းအောင်လုပ်ရင် ခွင့်လွတ်ပေးနိုင်လာမှာပါ..."


ထန်ထန်က ဒီလိုတွေပြောမယ်လို ရှောင်ကျိုး မထင်မိဘူး။ သူသီးမတတ်ဖြစ်သွားတယ် ပြီးတော့ သူ့ရင်ထဲဆိုနင့်သွားပြီး သူမကိုမယုံကြည်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။


ထန်ထန် သူ့မျက်လုံးတွေကိုမြင်လိုက်ပြီး သူမနားလည်လိုက်တာက သူမအပြုအမူတွေက မူလပိုင်ရှင်နဲ့မတူဘူးဆိုတာကိုပဲ။ ဒါပေမယ့်လဲ သူမအနေနဲ့ အသေးလေးနဲ့အတူတူ အဆင်ပြေပြေနေချင်မိတယ်။ ဒါကြောင့် သူမအပြောင်းအလုပ်လုပ်ရမယ်, ပြီးတော့ ပထမဆုံးအနေနဲ့ အရိုးသားဆုံးတောင်းပန်ရမယ်။ ပြီးရင် သူမအပြုအမူတွေနဲ့သက်သေပြရမယ်၊ အန်တီလီနဲ့ အသေးလေးက သူမကိုသံသယဝင်နေပေမယ့်လဲပေါ့။


တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာကြည့်ပြီးတဲ့နောက် ကျိရှောင်ကျိုး အရင်အရှုံးပေးလိုက်ပြီး အကြည့်လွှဲလိုက်တယ်။ သူ့နားရွက်လေးတွေကရဲနေပြီး ထိုင်ခုံပေါ်ကနေဆင်းလိုက်တယ်။ ထိုနောက် ဆိုဖာပေါ်ကသူ့လွယ်အိတ်လေးကိုယူပြီး တံခါးဆီကိုဦးတည်လိုက်ကာ


 ‘’ အဖွားလီ... အခုသားကျောင်းသွားတော့မယ်...’


အန်တီလီက သူမလက်ထဲမှာရှိတဲ တူနဲ့ပန်းကန်လုံးကိုအလျင်အမြန်ချလိုက်ပြီး  သူဆီကိုအမြန်သွားလိုက်တယ် 


" အရမ်းမလောပါနဲ့ ကျောင်းကားတောင်မလာသေးဘူးလေ သားနဲ့အတူတူအောက်ကိုလိုက်ပေးမယ် မပြေးနဲ့နော်..."


အသေးလေးက ခါးကုန်းလိုက်ပြီး သူ့ရဲ့ဖိနပ်ကိုဝတ်နေတယ်။ ဒါပေမယ့် ဒီနေ့ကတစ်ခုခုမှားနေသလိုပဲ၊ ဖိနပ်တွေကိုအဆင်ပြေပြေဝတ်နိုင်ဖို သူအကြိမ်တချို့ ပိုကြိုးစားလိုက်ရတယ်။ သူအဲ့ဒါကိုလုပ်နေချိန်မှာပဲ အန်တီလီက သူ့ကိုစောင့်နေပြီဖြစ်တယ်။ သူမက သူ့လက်ကိုတွဲလိုက်ပြီးပြောလိုက်တယ် 


" သားအောက်ဆင်းတာကို အဖွားလီလိုက်ပို့ပေးမယ်၊ တစ်ယောက်တည်းမသွားရဘူး... "


"ဟုတ်ကဲ့..."


အသေးလေးက နာခံစွာနားထောင်ပြီး အန်တီလီနဲ့ ထွက်လာတယ်။ ဒါပေမယ့် တံခါးမပိတ်ခင်လေးမှာ သူက ဧည့်ခန်းထဲမှာကျန်နေခဲ့တဲ့ ထန်ထန်ကိုတချက်လှမ်းကြည့်လိုက်တယ်။


ထန်ထန် သူတို့နဲ့အတူတူလိုက်ထွက်ချင်သော်လည်း ဒဏ်ရာရထားတဲ့ သူမခြေထောက်ကြောင့် လမ်းလျောက်ရတာခက်နေတဲ့အတွက် ကြည့်ရုံသာတတ်နိုင်တယ်။ သူတို့ကိုအမှီမလိုက်နိုင်တဲ့အတွက် သူမ သက်ပြင်းသာချလိုက်တယ်။ ထန်ထန်က ပြတင်းပေါက်နားသို့သွားကာ အောက်ကိုငုံကြည့်နေလိုက်တယ်။ မကြာခင်မှပဲ အန်တီလီနဲ့ အသေးလေးက ၀င်ပေါက်ကနေထွက်သွားတာကိုတွေ့လိုက်ရတယ်။


၀င်ပေါက်နားမှာတော့ အရွယ်တူ အသေးလေးတွေအများကြီးက မတ်တပ်ရပ်နေကြတယ်။ အသေးလေးက ကျောင်းသွားတော့မယ်လို့ပြောသွားတဲ့အတွက် ဒီအသေးလေးတွေအကုန်လုံးကလဲ တနေရာတည်းမှာအတူတူသင်ကြားကြတာ ဖြစ်လောက်မယ်လို့ သူမယူဆလိုက်တယ်။


အဲ့ဒီအချိန်မှာပဲ အမြဲတမ်းခေါင်းငုံ့နေတတ်တဲ့ အသေးလေးက ထန်ထန်ကိုလှမ်းကြည့်လိုက်သောကြောင့် သူမတို့ နှစ်ယောက်လုံးအကြည့်ချင်းဆုံသွားတယ်။


ထန်ထန် အံ့ဩသွားပြီး ပျော်သွားတယ် အဲ့ဒါကြောင့်သူမ အားရပါးရပြုံးပြီး သူ့ကို လက်‌ဝှေ့ယမ်းပြလိုက်တယ်...


 ‘’ပေါင်ပေါင်…ပေါင်ပေါင်…’’


ကျိရှောင်ကျိူး က ထိတ်လန့်သွားပြီး ထန်ထန်နဲ့မျက်နှာချင်းဆိုင်နေရာမှ ချက်ချင်းတဖက်သို့လှည့်သွားတယ်။


'အသေးလေးက တကယ်မလွယ်တဲ့ ကလေးလေးပဲ..."


အချိန်တချို့ကြာပြီးနောက် အဝါရောင်ကျောင်းကားရောက်လာပြီး ကလေးတွေက ကားပေါ်တက်ပြီးတာနဲ့ မောင်းထွက်သွားတော့တယ်။


ကား တဖြေးဖြေး‌ဝေးသွားတာကို သူမကြည့်နေလိုက်တယ်။ ဒီတစ်ခါတော့ သူမ မထိတ်လန့်တော့ဘူး။ အခုတော့ ရထားလုံးနဲ့တူတဲ့ အဲ့ဒီသတ္ထုသေတ္တာကြီးဆိုတာက သွားလာဖို့အတွက်လုပ်ထားတာမှန်း သူမနားလည်သွားပြီဖြစ်တယ်။ ဒါပေမယ့်လဲ ၀န်ခံရရင် အဲ့ဒါက တကယ့်ကိုပဲဆန်းကြယ်လွန်းတယ်။  သွားလာဖို့အတွက် ရထားလုံးလိုမျိုးဟာတွေတင်မကဘူး အဲ့ဒီမှာ television လိုခေါ်တဲ့ သေတ္တာထဲမှာလဲ လူတွေက စကားပြောနေတာတွေကိုတွေ့ရတယ်။


မနေ့ညက အန်တီလီက television လို့ခေါ်တဲ့အရာကိုဖွင့်လိုက်တာတွေ့တယ်။ အဲ့ဒီမှာလူတွေအများကြီးပေါ်လာပြီး သူတို့တွေက စကားပြောနေကြတယ်။ အဲ့ဒါက သူမကို သေမတတ်လန့်သွားစေတယ်။ အဲ့ဒီလိုအရာမျိုးရှိတယ်ဆိုတာကို လက်ခံနိုင်ဖို့ သူမအနေနဲ့ တစ်နာရီလောက်အချိန်ယူလိုက်ရတယ်။ နောက်ဆုံးကျ television ဆိုတာစိတ်ဝင်စားဖို့ကောင်းမှန်းသိလိုက်တယ်။ ဒါပေမယ့် အန်တီလီကအဲ့ဒါကိုပိတ်လိုက်လို့ သူမထပ်မကြည့်ရတော့ဘူး။ 


သူမအနေနဲ့ ဘာမှလုပ်စရာလဲမရှိတာကြောင့် မနေ့က အန်တီလီလုပ်တာကို အတုခိုးပြီး တီဗီထဲက လူတွေကိုကြည့်ဖိုဆုံးဖြတ်လိုက်တယ်။


တီဗီမှာက မနေ့ညက အန်တီလီကြည့်တဲ့ဇတ်လမ်းပဲပြသနေတယ်။ ထန်ထန်မနေ့ညက နည်းနည်းကြည့်ပြီးကတည်းက အဲ့ဒါက ပျော်ဖို့ကောင်းမှန်းသိလိုက်တယ်။ ဒါပေမယ့် အရေးအကြီးဆုံးက အဲ့ဒီကနေ သူမအရေးတကြီးလိုအပ်တဲ့ ဒီကမ္ဘာပေါ်က သတင်းအချက်အလက်တွေ ရရှိဖို့အကူအညီဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် သူမလိုအပ်တဲ့အသိပညာတွေရဖို အဲ့ဒါကိုကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။


အန်တီလီတစ်ယောက် ထန်ထန်က တိတ်တဆိတ် တီဗီထိုင်ကြည့်နေတာမြင်သွားပြီး နေရာမှာတင်အေးခဲပြီးရပ်တန့်သွားတယ်။ ထန်ထန် မှတ်ညဏ်တွေပျောက်သွားတယ်ဆိုတာကို သူမယုံစပြုလာပြီ။ အန်တီလီက ရှောင်ကျိုး ကိုစောင့်ရှောက်လာတာ နှစ်နှစ်ကြာပြီဖြစ်တယ်။ အဲ့ဒါကြောင့် သူ့ရဲ့အပြုအမူကို ရှင်းရှင်းလင်းလင်းသိပြီးဖြစ်တယ်။ တကယ်လို့ ထန်ထန်က မှတ်ညဏ်မဆုံးရှုံးဘူးဆိုရင် အခုလိုမျိုး ကောင်းကောင်းပြုမူနေမှာမဟုတ်ဘူး။ ပြီးတော့ သူမအနေနဲ့ အန်တီလီရှေ့မှာဟန်ဆောင်ပြစရာ အကြောင်းပြချက်မလိုဘူးလေ။


အဲ့ဒါက ကားမတော်တဆမှုကြောင့် ထန်ထန် တကယ်မှတ်ညဏ်ဆုံးရှုးသွားတာဖြစ်နိုင်တယ်။


အခုအခြေအနေကိုကြည့်ခြင်းအားဖြင့် မှတ်ညဏ်ဆုံးရှုးသွားတာက ကောင်းတဲ့အရာပဲ။ အနည်းဆုံးတော့ သူမပြဿနာတွေကြားထဲ မညပ်တော့ဘူးလေ။ သူမက စကားအကောင်းတွေပြောပြီး ကလေးကိုစောင့်ရှောက်ရုံပဲ။ တကယ်လို့ တန်တန်က အမြဲတမ်းဒီလိုသာဆိုရင် ရှောင်ကျိုး က မိခင်မေတ္တာကိုခံစားရလိမ့်မယ်။ ပြီးတော့ ဆရာလဲ စိတ်ပူသက်သာသွားနိုင်တယ်။


အရင်ဆုံးတော့ သူမအနေနဲ့ဆရာ့ကို ဒီအကြောင်းပြောပြရမယ်။