အပိုင်း (၄)
Viewers 12k

Part 4


မွန်းလွဲပိုင်းရောက်တဲ့အချိန်မှာ အန်တီလီက ရှောင်ကျိုး ကို ကလေးထိန်းကျောင်းကနေသွားကြိုဖိုပြင်လိုက်တယ်။ TV ဆက်ကြည့်နေသေးတဲ့ ထန်ထန် ကိုလှမ်းကြည့်လိုက်တယ်။ သူမ ခက်ခက်ခဲခဲစဉ်းစားပြီးနောက် ထန်ထန် နားကိုလျောက်သွားလိုက်ပြီး ပြောလိုက်တယ် ။


 " မဒမ် ကျွန်မ အခု ရှောင်ကျိုး ကိုသွားကြိုမလို"


ထန်ထန် က ဒရမ်မာကြည့်နေရင်းမှ အကြည့်လွှဲပြီး အလျင်အမြန်ထရပ်လိုက်ကာ...


 " အန်တီလီ ပေါင်ပေါင်ကို သွားကြိုတော့မလိုလား... ကျွန်မ လိုက်လို့ရမလား..."


အန်တီလီက အံ့ဩသွားပြီး အလျင်အမြန်ပဲ ငြင်းဆိုလိုက်တယ် 


"မဒမ် မသွားတာပိုကောင်းပါတယ်၊ ဂျိုင်းထောက်တစ်ဖက်နဲ့ဆိုတော့ သွားလာရတာ သက်တောင့်သက်သာဖြစ်မှာမဟုတ်ဘူး... ကျွန်မသွားတာကပဲ ပိုမြန်ပါလိမ့်မယ်..." 


ထန်ထန် နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်တယ်။ သူမတကယ်ကိုပဲ အသေးလေးကိုသွားကြိုချင်မိတယ်။ ကလေးတိုင်းက သူတိုမိခင်တွေ အကြိုအပို လုပ်တာကိုလိုချင်ကြတာ အသေအချာပဲလေ။ လာကြိုတဲ့မိခင်ကိုမတွေ့ဘူးဆိုရင် သူတိုစိတ်ဓါတ်ကျဖိုဖြစ်လာနိုင်တယ်။ သူမ TV ထဲမှာမြင်ရတဲ့ ကလေးမလေးကလဲ အဲ့ဒီလိုပဲ သူမမိခင်လာကြိုဖို့ မကြာခဏစောင့်ပေမယ့်လဲ သူမမိခင်ကမလာတဲ့အခါ ငိုမလိုဖြစ်သွားတာကို သူမကြည့်ဖူးတယ်။ ရှောင်ကျိုး လဲ သူအမေလာကြိုဖို့ကိုမျှော်လင့်နေမှာပဲ မဟုတ်ဘူးလား...


"အန်တီလီ ကျွန်မ ရှောင်ကျိုး ကိုတကယ်သွားကြိုချင်တာပါ... သူလဲ ကျွန်မကိုတွေ့ချင်နေမယ်ဆိုတာ သေချာပါတယ်၊ အဲ့ဒါကြောင့်ရှင်နဲ့လိုက်ပါရစေ၊ ကျွန်မ ခြေထောက်ကလဲအဆင်ပြေပါတယ်၊ ကျွန်မ မြန်မြန်လျောက်နိုင်ပါတယ်..."


အရင်ကဆိုရင် ထန်ထန် ဆူပူသောင်းကျန်းနေရင်တောင်မှ အန်တီလီက အေးအေးဆေးဆေးနဲ့ ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် အခုတော့ သူမက ရှောင်ကျိုး အတွက် သူမကိုနူးညံ့စွာတောင်းပန်နေတာကြောင့် သူမ မငြင်းဆိုနိုင်ဘူး။ 


ရှောင်ကျိုး က သူ့မိခင်ကို မုန်းချင်ယောင်ဆောင်နေပေမယ့်လဲ တကယ်တမ်းတော့ ဘယ်ကလေးက မိခင်မေတ္တာကိုမလိုချင်ပဲနေပါ့မလဲ။ ရှောင်ကျိုး ရဲ့အတွင်းစိတ်ထဲမှာတော့ သူ့ကိုအမေဖြစ်သူက ကောင်းကောင်းမွန်မွန်နဲ့ ဂရုစိုက်တာမှာကို မျှော်လင့်နေတာပဲ။ ဒါပေမယ့် မျှော်လင့်ချက်တွေကို တကြိမ်ပြီးတစ်ကြိမ်ရိုက်ချိုးပြီး စိတ်ပျက်စေခဲ့တာက ကလေး ရဲ့ခံစားချက်ကိုတွေ ဖုံးကွယ်ဖို့အတွက် ဖြစ်စေခဲ့တယ်။


တကယ်လို့ ထန်ထန်သာ သူ့ကိုသွားကြိုပေးမယ်ဆိုရင် အန်တီလီအနေနဲ့ အာမခံနိုင်တာကတော့ အဲ့ဒီကောင်လေးရဲ့အတွင်းစိတ်ထဲမှာ ပျော်နေမယ်ဆိုတာ အသေအချာပဲ။


အဲ့ဒီအချက်ကိုတွေးလိုက်မိပြီး အန်တီလီခေါင်းငြိမ့်လိုက်တယ်


 " အဲ့ဒါဆိုလဲ ကျွန်မနဲ့အတူတူ ရှောင်ကျိုး ကိုသွားကြိုကြတာပေါ့..."


ထန်ထန် မျက်နှာက ချက်ချင်းပြုံးဖြဲသွားပြီး သူမဂျိုင်းထောက်နဲ့အတူ အလျင်အမြန်ပဲ တံခါးဆီကိုဦးတည်သွားလိုက်တယ်။ သူမရဲ့ ခြေထောက်က ဒဏ်ရာကြောင့် လှုပ်ရှားဖို့ မလွယ်ကူတဲ့အတွက် ဖိနပ်ကိုငုံ့ပြီးအချိန်ယူကာ စီးဖို့ပြင်နေရတယ်။


 'လှုပ်ရှားရတာအရမ်းခက်တာပဲ' 


အန်တီလီက စိတ်မရှည်တော့ပဲ ငုံ့ကာ သူမအတွက်ဖိနပ်ကူစီးပေးလိုက်တယ်။ 


"ကျေးဇူးတင်ပါတယ် အန်တီလီ ရှင်ကအရမ်းကောင်းတာပဲ..." 


ထန်ထန် သူမကိုအပြုံးချိုလေးနဲ့ပြောလိုက်တယ်။ သူမနဲ့မျက်နှာချင်းဆိုင်တိုင်း ကောင်းမွန်တဲ့မျက်နှာထားမပြပေမယ့် အန်တီလီက လူကောင်းတစ်ယောက်ပါ။ 


အန်တီလီက ထန်ထန်ရဲ့ ကောင်းမွန်တဲ့အပြုအမူတွေနဲ့ နေသားမကျတာကြောင့် သူမလက်ကို မသက်မသာယမ်းလိုက်ပြီး 


" သွားကြမယ်..."


ထန်ထန်ပြုံးရင်း အန်တီလီနောက်ကနေလျောက်လာလိုက်တယ်။ သူမရဲ့ထိခိုက်ထားတဲ့ခြေထောက်ကို ဝန်မပိအောင် ဂရုတစိုက်လျောက်ရင်းနဲ့ပေါ့။ သူမအနေနဲ့ နဖူးမှာချွေးတွေထွက်လောက်တဲ့အထိ ကြိုးစားပြီးလမ်းလျောက်နေတာကို အန်တီလီမြင်သွားပြီး သူမနှလုံးသားက ပျော့ပျောင်းသွားတယ်။ မူကြိုအထိလမ်းလျောက်သွားမယ့် အစီအစဉ်ကိုလက်လျော့လိုက်ပြီး သူမကားငှားလိုက်တယ်။ 


သူတို မူကြိုကိုရောက်တဲ့အခါ ကလေးတွေကထွက်မလာသေးဘူး။ ဒါပေမယ့် တခြားမိဘတွေအများအပြားက ကြိုရောက်နေကြပြီဖြစ်တယ်။ ထန်ထန်က သူမလည်ပင်းကိုဆန့်လိုက်ပြီး ခြံစည်းရိုးကိုလှမ်းကြည့်လိုက်တယ်။ သိပ်မကြာခင်မှာပဲ စာသင်ခန်းထဲက ကလေးတစ်သိုက်ကိုဦးဆောင်လာတဲ့ ဆရာမတစ်ယောက်ကိုတွေ့လိုက်တယ်။ ကလေးတွေက လက်ဝေ့ယမ်းပြနေတဲ့ သူတိုမိဘတွေဆီကို အလျင်အမြန်ပဲ ခုန်ပေါက်ပြေးလွှားသွားကြတယ်။ 


ဒါပေမယ့် ရှောင်ကျိုး တစ်ယောက်ကတော့အဲ့ထဲမှာမပါပါဘူး။ သူ့ခေါင်းလေးလေးက အောက်ကိုငိုက်စိုက်ကျကာ စိတ်ဓါတ်ကျစွာနဲ့ မြေကြီးကိုကြည့်နေတယ်။ သူက တခြားကလေးတွေလို ကျောင်းဆင်းတာကို ပျော်နေပုံမရဘူး။ တခြားကလေးတွေနဲ့ မတူပဲကွဲပြားနေတာကြောင့် Tang Tang က တစ်ချက်ပဲကြည့်လိုက်တာနဲ့ သူကိုတန်းတွေ့နေရတယ်။ 


ဘာကြောင့်မှန်းမသိပေမယ့် အသေးလေးကိုအဲ့လိုမြင်ရတာ သူမနှလုံးသားကနာလာတယ်။ သူ မပျော်မရွှင်ဖြစ်နေတာကို မကြည့်ရက်တော့ပဲ သူမတတ်နိုင်သလောက် အကျယ်ကြီးအော်လိုက်တယ်။ 


" ပေါင်ပေါင် ...အချစ်လေး ..."


သူမ ရဲ့အသံက အတော်လေးကျယ်သွားတာကြောင့် တခြားကလေးအနည်းငယ်က သူမကိုလှမ်းကြည့်လိုက်ကြတယ်။ သဘာဝကျစွာပဲ ရှောင်ကျိုးရဲ့ အာရုံကိုရရှိလိုက်တယ်... ခြံစည်းနားမှာရပ်နေတဲ့သူမကို မြင်လိုက်တယ်ဆိုရင်ပဲ သူ့မျက်လုံးအစုံပြူးကျယ်သွားပြီး အံ့ဩနေလေတယ်။ 


ထန်ထန် က လက်ကိုဝေ့ယမ်းလိုက်ပြီး


 " ပောင်ပေ့ အချစ်လေး မာမား သားကိုလာကြိုတာ..."


ရှောင်ကျိုး နားမှာရပ်နေတဲ့ ကောင်လေးက မျက်လုံးပြူးသွားပြီး သူရဲ့လက်မောင်းကိုပုတ်လိုက်ကာ ...


" အဲ့ဒါ မင်းအမေလား ရှောင်ကျိုး ငါက မင်းမှာမရှိဘူးထင်နေတာ..."


ရှောင်ကျိုး က နှုတ်ခမ်းစေ့ထားပြီး ထန်ထန်ကိုသာ စူးစိုင်ကြညည့်နေသည်။


ရှောင်ကျိူး ရဲ့ အတန်းဖော်မိန်းကလေးတစ်ယောက်က ထန်ထန်ကို အချိန်အတော်ကြာကြည့်ပြီး ပြောလိုက်တယ်


 ‘’ သူက ကျိရှောင်ကျိုး ရဲ့အမေ မဖြစ်နိုင်ဘူး, ဘာလို့လဲဆိုတော့ သူမက အရမ်းရုပ်ဆိုးပြီး လမ်းတောင်ကောင်းကောင်းမလျောက်နိုင်ဘူး။ သူနဲ့ ကျိရှောင်ကျိုးက နည်းနည်းလေးတောင်မတူဘူး ပြီးတော့ ကျိရှောင်ကျိုး ရဲ့ ခြေထောက်ကောင်းတယ်လေ အဲ့ဒါကြောင့် သူ့အမေလုံး၀မဖြစ်နိုင်ဘူး...’’ 

(အနာဂတ်ရဲ့စုံထောက် အလျောင်းအလျာလေးတွေ :’D)


ကောင်လေးက ထန်ထန်ရဲ့အသွင်အပြင်ကိုကြည့်ပြီး ကလေးမလေးပြောတာကိုလက်ခံတဲ့ပုံစံနဲ့ ခေါင်းငြိမ့်လိုက်တယ်


 ‘’အဲ့ဒါဟုတ်တယ် သူက ရှောင်ကျိုးရဲ့ အမေ မဖြစ်နိုင်ဘူး  အရမ်းရုပ်ဆိုးလွန်းတယ်...’’


ခြံစည်းရိုးကိုကျော်ပြီး ငေးကြည့်နေတဲ့ ရှောင်ကျိုး က သူ့အမေအကြောင်းကိုပြောနေတဲ့ ကလေးနှစ်ယောက်ကို မည်းမှောင်နေတဲ့မျက်နှာထားနဲ့ ကြည့်လိုက်ပြီး...


 ‘’ အဲ့ဒါ ငါ့အမေပဲ, ပြီးတော့ ငါ့အမေက ရုပ်မဆိုးဘူး, နင်တို့ကသာ ရုပ်ဆိုးနေကြတာ...’


ကျိရှောင်ကျိုး စိတ်ဆိုးနေပြီး အသက်ကိုခပ်ကြမ်းကြမ်းရှုသွင်းလိုက်ကာ သူ့ရဲ့လက်သီးသေးသေးလေးကို ကောင်မလေးရှေ့မြှောက်ပြလိုက်ပြီး


 ‘’ ဘာမှာ ယှဉ်စရာမလိုဘူး, ငါ့အမေက ရုပ်မဆိုးဘူး, ငါ့အမေကိုရုပ်ဆိုးတယ်လို့ ထပ်မပြောနဲ့ မဟုတ်ရင် ငါက ကောင်းပြနေတော့မှာမဟုတ်ဘူး...’’


ရှောင်ကျိုးရဲ့ လက်သီးနဲ့ ဒေါသသံကြောင့် ကောင်မလေးကလန့်သွားပြီး စတင်ငိုကြွေးတော့တယ်


 ‘’ဝါး....မာမီ….မာမီ’’


ကောင်လေးနဲ့ကောင်မလေးက သူငယ်ချင်းတွေဖြစ်တာကြောင့် သူ့သူငယ်ချင်းအနိုင်ကျင့်ခံရတာကိုမြင်ရတဲ့အခါ သူကဒေါသထွက်သွားပြီး ရှောင်ကျိုး ကိုတွန်းလိုက်တယ်။ 


ရှောင်ကျိုးကအနည်းငယ်ယိမ်းယိုင်သွားပြီးနောက် ပြင်းပြင်းထန်ထန် ပြန်တွန်းထုတ်လိုက်တယ်။ တခြားကလေးက အတော်လေးပိန်တာမို့ တွန်းခံလိုက်ရတာနဲ့ ချက်ချင်းပဲလဲကျသွားတယ်။ သူကနာကျင်သွားပြီး ချက်ချင်းအော်ငိုတော့တယ်။ 


အော်ငိုသံတွေကကျယ်သွားတာမို့ ဆရာမတွေကသတိထားလိုက်မိတယ်။ ကလေးနှစ်ယောက်က ဝမ်းနည်းစွာငိုနေကြတာကိုဆရာမကတွေ့သွားပြီး သူတို့ကိုချော့နေလိုက်တယ်


 ‘’ ထျန်ထျန် ...နန်နန် ဘာဖြစ်လို့လဲ... ဘာလို့ငိုနေကြတာလဲ...ကောင်းပြီ အခုမငိုနဲ့တော့နော် ဆရာမကိုပြော ဘာဖြစ်လို့လဲ...’’


ကလေးမလေးက အရမ်းငိုထားတာကြောင့်ပြန်မဖြေနိုင်ပဲဖြစ်နေတယ်။ ကောင်လေးက ငိုပြီး


 ‘’ ကျိရှောင်ကျိုး ကသားကိုရိုက်တယ်... မာမီကိုခေါ်ပေး...’’


ဆရာမက ရှောင်ကျိုးကို စိုးရိမ်တကြီးကြည့်လိုက်ပြီး


 ‘’ ရှောင်ကျိုး သား သူတို့ကိုအနိုင်ကျင့်လိုက်တာလား...’’


ကျိရှောင်ကျိုးက ခေါင်းမာစွာနဲ့ ပါးစပ်ပိတ်ထားတယ်။


ဆရာမ ဘာလုပ်ရမှန်းမသိဘူးဖြစ်သွားလေတယ်။ ရှောင်ကျိုး က စကားသိပ်မပြောပေမယ့်လဲ တခြားသူကို ပြဿနာရှာတာ အနိုင်ကျင့်တာမျိုးမလုပ်ဘူး။ ဒါဆို အခုဘာလို့အဲ့လိုလုပ်ရတာလဲ...


အဲ့ဒီမြင်ကွင်းက မိဘတွေရဲ အာရုံစိုက်မှုကိုရရှိလိုက်သည်။ ထျန်ထျန် နဲ့ နန်နန် ရဲ့အမေတွေက သူတို့ကလေးငိုသံကြောင့်စိတ်ပူသွားကြတယ်။ သူတို့နှစ်ယောက်လုံးက ကလေးတွေဆီကို ပြေးသွားလိုက်ပြီးဖက်ထားလိုက်တယ်


 ‘’ မငိုနဲ့ မငိုနဲ့ ဘာဖြစ်တာလဲ မာမီကိုပြော...’’


ထန်ထန်လဲ ရှောင်ကျိုး အနိုင်ကျင့်ခံရမှာစိုးပြီး အလျင်အမြန်ပဲပြေးသွားလိုက်တယ်။ သူမက အောက်ကိုငုတ်တုတ်ထိုင်လိုက်ပြီး သူမရဲ့အသေးလေးကိုဖက်ထားကာ သူ့နောက်ကျောလေးကိုပုတ်ပေးရင်း...


‘’ပေါင်ပေါင် မကြောက်နဲ့နော်...မာမီကိုပြော, ဘာဖြစ်သွားတာလဲ...’’


ရှောင်ကျိုးက  စကားပြောရန်ဆန္ဒမရှိသလို သူမပွေ့ဖက်ထားတာကိုလဲ ခံလိုစိတ်မရှိတာကြောင့် ရုန်းကန်လိုက်တယ်။ 


ထန်ထန်က ပိုမိုပွေ့ဖက်လိုက်ပြီး ခေါင်းလေးကိုကိုင်ကာ 


‘’လိမ်မာပါပေါင်ပေါင်ရယ်... မာမီကိုပေးဖက်ပါဦး...ဟုတ်ပြီလား မာမီကတကယ်ဖက်ချင်လို့ပါ... လိမ်လိမ်မာမာနေနော်’’


ရှောင်ကျိုး ကတဖြည်းဖြည်း ခုခံတာကိုရပ်လိုက်တယ်။ တန်တန်ရဲ့ပုခုံးပေါ်မှာ သူ့ခေါင်းကိုတင်ထားပေမယ့်လဲ သူမကို ကြည့်ချင်စိတ်မရှိသေးဘူးဖြစ်တယ်။


ထျန်ထျန်နဲ့ နန်နန်ရဲ့မိဘတွေက ဆရာမကိုမေးလိုက်တယ်


 “ ဘာဖြစ်တာလဲ... ကလေးတွေက ဘာလို့ရုတ်တရက်ငိုကြတာလဲ...’’


ကလေးမိဘတွေအလောတကြီးဖြစ်နေတာကိုတွေ့လိုက်ရတဲ့အတွက် ဆရာမကချက်ချင်းပဲရှင်းပြလိုက်တယ်...


 ‘’ သူတို့တွေ စကားများကြတာနဲ့တူတယ်, ပြီးတော့ ကလေးနှစ်ယောက်က စငိုတော့တာပဲ...ကလေးတွေက ကျွန်မကို ဘာဖြစ်လဲဆိုတာမပြောပြဘူး..."


"နန်နန် ဆရာမကို ဘာဖြစ်လဲဆိုတာပြောပြနော် ...’’


နန်နန် ဆိုတဲ့ကောင်လေးက အငိုတိတ်နေရာမှ ရှိုက်လိုက်ပြီး ...


‘’အဲ့ဒါ ထျန်ထျန်ကိုအနိုင်ကျင့်ပြီး ငိုအောင်လုပ်တဲ့ ကျိရှောင်ကျိုး ကြောင့်ပါ ပြီးတော့ သူကသားကိုတွန်းတယ်...’’


ကလေးနှစ်ယောက်လုံးရဲ့မိဘတွေက ချက်ချင်းစိတ်ဆိုးသွားပြီး ရှောင်ကျိုး ကိုသဘောမကျတဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်။ ထျန်ထျန်ရဲ့အဖွားက အပြစ်တင်တဲ့လေသံနဲ့ ...


"နင်က သူ့အမေလား... ကလေးကိုဘယ်လိုသွန်သင်ထားတာလဲ အခုတောင် အတန်းဖော်တွေကိုအနိုင်ကျင့်နေရင် ကြီးလာတဲ့အခါဘယ်လိုနေမလဲ မသိဘူး..." 


ထန်ထန်ရဲ့နူးညံ့တဲ့အမူအရာကနေ လေးနက်တဲ့ပုံစံပြောင်းလဲသွားပြီး ...ကလေးမလေး ရဲ့အဖွားကိုပြောလိုက်တယ်


 " အခြေအနေတွေ သေချာမသိသေးပဲ ဒီလိုမပြောပါနဲ့ဦး... ကျွန်မကလေးက အတန်းဖော်ကိုအနိုင်ကျင့်တယ်ဆိုတာ ကျွန်မ မယုံဘူး။ အကြောင်းအရင်းတခုခုတော့ရှိလိမ့်မယ် ကျွန်မတို့ အကြောင်းအရင်းကို အရင်သိအောင်လုပ်သင့်တယ်..."


ထန်ထန်ရဲ့ အမူအရာက တည်ငြိမ်နေပြီး သူမပြောတာတွေက အကျိုးအကြောင်းသင့်တယ် ။ ကလေးရဲ့ အမေက  အဖွားဖြစ်သူကိုပြောလိုက်တယ် 


"အမေ...ကျွန်မတို့ ဘယ်လိုဖြစ်လဲဆိုတာကို အရင်နားထောင်ရအောင်" 


 အဖွားက ဆက်ပြီးရန်စကားမပြောတော့ပေမယ့်လဲ အဖက်မလုပ်ဟန်ဖြင့်နေနေလေသည်။ 


ထန်ထန် က သူမလက်မောင်းထဲမှာပွေ့ထားတဲ့ ရှောင်ကျိုး ကို ခေါင်းငုံ့ပြီးမေးလိုက်တယ်...


 " ပေါင်ပေါင် မာမီကိုဘာဖြစ်တာလဲဆိုတာပြောပြနော်... ပေါင်ပေါင်က သူများကိုအနိုင်မကျင့်ဘူးဆိုတာ မာမီယုံတယ် ဟုတ်တယ်မဟုတ်လား..."


နှုတ်ခမ်းကိုက်နေတဲ့ ရှောင်ကျိုးလေး က ထန်ထန် ရဲ့လေသံအောက်မှာ သက်တောင့်သက်သာဖြစ်သွားတယ်။ ထို့နောက် Tang Tang ကိုတချက်ကြည့်လိုက်ပြီး ခေါင်းကိုငုံ့ကာ လေသံတိုးလေးနဲ့ရေရွတ်ပြောဆိုလိုက်တယ်...


 " သူတို့တွေက သားမာမီကိုရုပ်ဆိုးတယ်တဲ့ ပြီးတော့ လမ်းလဲကောင်းကောင်းမလျောက်နိုင်ဘူးတဲ့..." 


အခုတော့အခြေအနေက ရှင်းလင်းသွားပြီဖြစ်တယ်။ ကလေးနှစ်ယောက်ရဲ့ မိဘတွေက ချိုင်းထောက်နဲ့ဖြစ်နေတဲ့ ထန်ထန် ကိုကြည့်လိုက်ကြတယ်။ လေထုက အလျင်အမြန်ပဲ ကို့ယို့ကားယားဖြစ်ကုန်တယ်။ အပြစ်ဖို့ရန်အတွက်ပြောနေတဲ့ ကလေးနှစ်ယောက်ရဲ့မိဘတွေလဲ ပြောစရာစကားပျောက်သွားတယ်။ နောက်ဆုံးတော့လဲ ကလေးသဘာဝအရ ဘယ်ကလေးကမှ သူတို့ရဲ့့အမေကို မကောင်းဘူးလို့ ပြောရင်သဘောကျကြမှာ မဟုတ်ဘူးလေ။


အဲ့ဒီအချိန်မှာပဲ ဆရာမရဲ့စကားသံက တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပြီး အကြောင်းအရာတွေကိုအဆုံးသတ်စေလိုက်တယ်..


 " ကောင်းပြီ ကောင်းပြီ အဲ့ဒါက ကလေးတွေကြားက စကားများတာလေးပါပဲ  ကလေးတွေအားလုံးလဲအဆင်ပြေနေမှတော့ ဒီကိစ္စကိုအဆုံးသတ်လိုက်ကြတာပေါ့...နောက်တစ်ခါကျရင် ထျန်ထျန် နဲ့ နန်နန် က အဲ့လိုထပ်မပြောရတော့ဘူးနော်... ပြီးတော့ ရှောင်ကျိုး ကလဲ အဲ့လိုထပ်မတွန်းရဘူး ဟုတ်ပြီလား ....အားလုံးကလိမ်မာတဲ့ကလေးတွေပဲ...." 


ကလေးနှစ်ယောက်လုံးရဲ့မိဘတွေက ပြိုင်တူခေါင်းငြိမ့်လိုက်တယ်။ သူတို့က ပြဿနာကို အစထပ်မဆွဲထုတ်ကြတော့ဘူး။


ထန်ထန်က အသေးလေးရဲ့ခေါင်းကိုပွတ်သပ်လိုက်ပြီး လက်ကိုဆွဲလိုက်ကာ 


" ပေါင်ပေါင် သွားကြစို့, အိမ်ပြန်ရအောင်"


ကျိရှောင်ကျိုး က နှုတ်ခမ်းဆူလိုက်ပြီး ထန်ထန် လက်ကိုလွှတ်ချလိုက်ကာ ကျောပိုးအိတ်လေးနဲ့ လျောက်ထွက်သွားတယ်။ 


ထန်ထန် ဗလာဖြစ်သွားတဲ့ သူမလက်ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ အခုလေးတင်ပဲ သူ့ကိုပွေ့ဖက်ခွင့် ပေးထားမဟုတ်ဘူးလား။ ဒါဆိုဘာလို့ သူမကိုထပ်ပြီး လစ်လျုရှုနေတာလဲ....


ကလေးတွေရဲ့ နှလုံးသားက သမုဒ္ဒရာအောက်ခြေက အပ်တချောင်းလိုပါပဲလား


အန်တီလီက ထန်ထန် ရဲ့ အပြုအမူကိုအစကတည်းကကြည့်နေပြီးနောက် အနည်းငယ်လှုပ်ရှားသွားတယ်။ သူမ ဝင်ရောက် ပြောလိုက်တယ် 


" မဒမ် အရင်ကသူ့အပေါ်ဆက်ဆံခဲ့တာတွေကြောင့် သူကမှားသလိုခံစားနေရလို့ပါ သူကိုကောင်းကောင်းမွန်မွန်သာ ဆက်ပြီးဆက်ဆံပေးလိုက်ရင် တနေနေ့တော့ သူမဒမ်ကိုခွင့်လွှတ်ပြီး လက်ခံပေးမှာပါ"


ထန်ထန် က ခေါင်းငြိမ့်လိုက်ပြီး


 " ကျွန်မနားလည်ပါတယ် အန်တီလီ...ကျွန်မ လက်မလျော့ပါဘူး..."


သူမတို့အိမ်ပြန်ရောက်တဲ့အခါမှာ အချိန်လဲမစောတော့တာမို့ အန်တီလီက မီးဖိုချောင်ထဲဝင်ပြီး ညစာပြင်ဆင်နေတော့တယ်။


 ရှောင်ကျိုး က ကျောပိုးအိပ်ကိုတောင်မချသေးပဲနဲ့ ဆိုဖာဆီကို ခြေထောက်တိုတိုလေးတွေနဲ့ပြေးသွားတယ်။ သူက ဆိုဖာပေါ်က တက်ဘလက် ကိုယူကာ ဖွင့်လိုက်ပြီး လှဲအိပ်ချလိုက်တယ်။


ထန်ထန် က သူဘာလုပ်မလဲဆိုတာကို စိတ်ဝင်စားသွားပြီး သူနဲ့မနီးမဝေးမှာ ထိုင်ကြည့်နေလိုက်တယ်။ သူက စကားမပြောခင် မျက်နှာပြင် ပေါ်က အစိမ်းရောင်ခလုပ်လေးကိုနှိပ်ပြီး ...


" မစ်ရှင် ကပြန်လာပြီလား ဒယ်ဒီ ပြန်လာရင် သားကို video call ခေါ်ဖို့မမေ့နဲ့နော်"


"ဒယ်ဒီ မြန်မြန်ပြန်လာပါတော့၊ သားပြောချင်တဲ့ကိစ္စတစ်ခုရှိတယ်..."