အပိုင်း (၅)
Viewers 12k

Part 5


အသေးလေးက စကားပြောပြီးတဲ့အခါ တစ်စုံတစ်ခုကိုစောင့်နေသကဲ့သို့ တက်ဘလက်ကို တိတ်တဆိတ်ကြည့်နေတယ်။ ဒါပေမယ့် အချိန်အတော်ကြာ တုံပြန်မှုမရတဲ့အခါမှာတော့ မျက်လုံးထဲမှာစိတ်ပျက်မှုတွေပေါ်လာပြီး နှုတ်ခမ်းကတဖြည်းဖြည်းအောက်ကိုကွေးကျလာကာ သူ့ရုပ်လေးက အထီးကျန်ပြီး သနားစရာကောင်းနေတယ်။


သူ သူ့အဖေနဲ့စကားပြောနေတာလား... သူ့အဖေဆီကပြန်မပြောလို သူစိတ်ပျက်သွားတာလား... 


ထန်ထန် သူ့ကိုဒီလိုမြင်ရတာမခံစားနိုင်တော့ပေ... သူမက တစ်ခဏစဉ်းစားလိုက်ပြီး ရှောင်ကျိုးနားတိုးကပ်လိုက်ကာ မေးလိုက်တယ်...


 ‘’ ပေါင်ပေါင်... သားရဲ့ပါပါး...ဒက်ဒီကို ဘာတွေပြောနေတာလဲ...’’


ကျိရှောင်ကျိုးက တဖက်သိုလှည့်လိုက်သောကြောင့် သူ့ရဲ့ကျောပြင်လေးကိုသာ သူမရင်ဆိုင်လိုက်ရတယ်။ သူက ဘာမှမတုန့်ပြန်ဘူး။


ထန်ထန် က တခြားတစ်ဘက်ကိုလိုက်ရွေ့ပြီး ဆက်ပြောလိုက်တယ်...


 " ပေါင်ပေါင်, သားကအရမ်း အံ့ဩဖိုကောင်းတာပဲ... သားက တက်ဘလက် ကိုဘယ်လိုသုံးရမလဲသိနေတယ်...မာမားကတော့ မသုံးတတ်ဘူး... မာမားကိုသင်ပေးနိုင်မလား... သင်ချင်လို့ပါနော်..."


ရှောင်ကျိုး က ဟမ့် တချက်လုပ်ကာ သူမကိုမကြည့်မိဖို သူကိုယ်သူတိုက်တွန်းရင်း တခြားတစ်ဖက်ကိုလှည့်သွားပြန်တယ်။


သူမ ခပ်ပြုံးပြုံးလေးလုပ်လိုက်မိပြီး စိတ်ရှည်စွာနဲ့ တခြားတစ်ဘက်ကိုလိုက်ရွေ့လိုက်ကာ စကားချိုချိုလေးတွေကိုဆက်ပြောလိုက်တယ်


 "ချစ်ဖိုကောင်းလိုက်တဲ့ ပေါင်ပေါင်လေး, ရတနာတုံးလေး, မာမားကို ဘယ်လိုသုံးရလဲဆိုတာသင်ပေးပါနော်...ဘယ်လိုသုံးရတယ်ဆိုတာသိသွားတာနဲ့ အဲ့ဒါကိုသုံးပြီးသားနဲ့ပြောလို့ရပြီလေ...အဲ့ဒါမကောင်းဘူးလား, ကျေးဇူးပြုပြီးသင်ပေးပါနော်...လူလိမ်မာလေးပေါင်ပေါင်.... "


ထန်ထန် ရဲ့နှိမ့်ချလွန်းတဲ့ လေသံကြောင့်ပဲလားမသိဘူး ပါးစပ်ထဲမှာလေအပြည့်နဲ့ ပါးဖောင်းဖောင်းလေးဖြစ်နေတဲ့ အသေးလေးက သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ 


" ခများလိမ်နေတာ, ဘယ်လိုသုံးရမလဲဆိုတာသိရဲ့သားနဲ့, ခများရဲ မိုဘိုင်းဖုန်းကို အမြဲလိုလိုသုံးနေပြီးတော့..." 


သူမအပြင်ထွက်ပြီးအရက်သောက်ဖို့အတွက် တစ်ယောက်ယောက်ကို သူမ အသံမက်ဆေ့ပို့နေတာကို မကြာခဏသူမြင်ဖူးတယ်လေ။


မိုဘိုင်း... မိုဘိုင်းဆိုတာဘာကြီးလဲ...  သူမရှုးနိမ့်သွားပြီး ရှင်းပြလိုက်တယ်...


 " ပေါင်ပေါင်...မာမီမလိမ်ပါဘူး, ဘယ်လိုလုပ်ရလဲဆိုတာ မာမီတကယ်မသိတာပါ, မာမီက ဒဏ်ရာရခဲ့ပြီး အားလုံးကိုမေ့သွားလို့ပါ... မာမီ့ဒဏ်ရာကိုကြည့်ပါဦး..."


သူမပြောလိုက်တဲ့စကားက ရှောင်ကျိုး ကိုထိတ်လန့်သွားစေပြီး သူက သူမကိုသံသယရှိစွာနဲ့ကြည့်လိုက်တယ်။


ထန်ထန်က သူမခြေထောက်နဲ့ ခရမ်းရောင်ဖြစ်ပြီးအတွင်းကြေနေတဲ့ သူမမျက်နှာကို လက်ညှိးထိုးပြလိုက်တယ်။ သူ သူမကိုယုံလာအောင် သူမအရမ်းကြိုးစားလိုက်တယ်


 " ဒီမှာကြည့်ပါဦး ပေါင်ပေါင် မာမီ့တကယ်ဒဏ်ရာရထားတာ, မာမီက အားလုံးကိုလဲမေ့သွားတယ်, အဲ့ဒါကြောင့် ပေါင်ပေါင့်လို မာမီကမထက်မြက်တော့ဘူး"


ပေါင်ပေါင်က လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်ပြီး သူမဒဏ်ရာတွေကိုကြည့်လိုက်တယ်။ အချိန်တချို့ကုန်လွန်ပြီးနောက် သူကပြောလိုက်တယ် 


" ကျွန်တော်တစ်ကြိမ်ပဲသင်ပေးမယ်၊ သင်ပေးပြီးလို့မမှတ်မိဘူးဆိုရင် ဒီအတိုင်းပဲထားခဲ့လိုက်မှာနော်..."


ထန်ထန်က ပျော်ရွှင်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ် 


’ကောင်းပါပြီ, ကျေးဇူးပါ ပေါင်ပေါင်လေး...’


ရှောင်ကျိုး က တဖက်သိုလှည့်ကာ တက်ဘလက်ကိုယူလိုက်ပြီး သူမဆီကိုထိုးပေးလိုက်တယ်။ သူ့ပုံစံကမလိုလားတဲ့ပုံစံကိုပြနေတယ်။ ထိုနောက် စပီကာ ခလုတ်ကိုညွှန်ပြပြီးပြောလိုက်တယ် 


‘’အဲ့ဒါကိုဖိပြီးစကားပြောလိုက်ရုံပဲ, အဲ့ဒါဆို ဒယ်ဒီက ခများအသံကိုကြားရလိမ့်မယ်...’’


ထန်ထန် က စကားပြောလို့ရတဲ့အရာ၀တ္ထုလေးနဲ့ပတ်သတ်ပြီး တကယ်ကိုပဲစပ်စုချင်တာကြောင့် ဘယ်လိုသုံးရမလဲဆိုတာကိုသိချင်နေသည်။ သူမအနေနဲ့ ဒီကမ္ဘာမှာ အခုကစပြီးနေရတော့မှာဖြစ်တာကြောင့် ဒီလိုအရာမျိုးကိုသင်ယူဖို့လိုအပ်တယ်။ အဲ့ဒါကြောင့် သူမက အသေးလေးကိုဂရုတစိုက်ကြည့်နေတယ်။


 သူမ အသေးလေးရဲ့ပုံကိုအဲ့ဒီထဲမှာတွေ့လိုက်တယ်။ တစ်ပုံမှာတော့ အသေးလေးက ကြက်ပေါင်ကိုကိုက်နေတဲ့ပုံဖြစ်ပြီး နောက်တစ်ပုံထဲမှာက သူကအရမ်းချစ်ဖို့ကောင်းစွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်။


"အာ…ပေါင်ပေါင် အဲ့ဒါသားလား...သားနဲ့တကယ်တူတာပဲ..."


ရှောင်ကျိုး က ဟမ့် တစ်ချက်လုပ်လိုက်တယ် ပြီးတော့ သူ့ကိုယ်သူအတော်လေးဂုဏ်ယူပုံ ပေါက်နေပြီး 


" နှစ်ခုလုံးကကျွန်တော်ပဲ ပြီးတော့ ဒယ်ဒီ့ ပရိုဖိုင်  ပုံကလဲ ကျွန်တော့်ပုံပဲ၊ ဒက်ဒီရိုက်ထားပေးတာလေ..."


ထန်ထန် က ပုံတွေကို အံ့ဩတကြီးနဲ့ကြည့်နေတယ်။ သူမကြည့်လေလေ ပိုချစ်ဖို့ကောင်းလေပဲ။ ပြီးတော့ ဒီကလူတွေရဲ့ပုံဆွဲတဲ့ကျွမ်းကျင်မှုတွေက အရမ်းကိုဆန်းကြယ်လွန်းတယ်၊ ပုံထဲကလူဆိုပေမယ့် တကယ့်ကိုအပြင်ကလူအတိုင်းပဲ။


ကျိရှောင်ကျိုး က ထန်ထန် တစ်ယောက် သူ့ပုံတွေကို ဆက်ပြီးစိုက်ကြည့်နေတာကိုမြင်လိုက်တဲ့အတွက် သူ့မျက်နှာလေးနီရဲလာတယ်။ သူ့ကိုယ်သူ ရုပ်တည်လေးဖြစ်အောင် အတင်းလုပ်ယူပြီး ဆက်ပြောလိုက်တယ်...


 " ခင်များဆက်သင်ချင်သေးရဲ့လား... ကျွန်တော့အချိန်ကိုလာမဖြန်းနဲ့, ကျွန်တော်ကအလုပ်တွေအရမ်းများနေတာနော်...’’

(T/N: အေးပါဟယ် ကလေးဆိုတော့ အလုပ်တွေများမှာပေါ့)


ထန်ထန် က သေချာအာရုံစိုက်ပြီး ပြောလိုက်တယ်...


 ‘’ သင်ချင်တာပေါ့...အခုသင်ချင်တာ, အဲ့ဒီတော့ ဒါကိုဖိထားပြီး စကားပြောရမှာလား...’’


အသေးလေးက ခေါင်းငြိမ့်ပြလိုက်ပြီး သရုပ်ပြဖို့ စပီကာကိုဖိလိုက်တယ်...


 " ဒယ်ဒီ...ဒယ်ဒီ...သားပါ...ရှောင်ကျိုး... " 


 စကားပြောပြီးတဲ့အခါ သူကလက်ကိုလွှတ်လိုက်တယ်။ ထို့နောက် ထန်ထန် ဘက်ကိုလှည့်လိုက်ကာ ...


" အဲ့လိုသုံးရတာ, ဒယ်ဒီမြင်တဲ့အခါကျရင် ကျွန်တော်တို့ဘာပြောလဲဆိုတာ သူကြားလိမ့်မယ်, ခများလုပ်ကြည့်လိုက်... "


"အာ... မာမီလုပ်ရမှာလား..."


 ထန်ထန်  လက်ကိုပွတ်လိုက်တယ်။ ဘယ်လိုလုပ်ရမလဲ သူမ မသိဘူး။ နောက်ပြီး သူမဘာပြောသင့်လဲ ’ယောကျာ်း...’ဘယ်စကားကပြောဖို့အဆင်ပြေဆုံးဖြစ်နိုင်မလဲ... သူမအနေနဲ့ နှုတ်ဆက်စကားကို အရင်ပြောလိုက်သင့်လား...


သူမတစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားနေသလို စိတ်လဲရှုပ်ထွေးနေတယ်။ သူမခေါင်းထဲမှာ သူမပြောချင်တဲ့အရာကို ထပ်တလဲလဲပြောနေတယ်။ သူမအတွေးတွေကိုသေချာစေပြီးတဲ့နောက် သူမလက်ကို ခလုတ်ဆီကိုဖြေးငြင်းစွာရွေ့လိုက်တယ်။ ဒါပေမယ့် လက်ဖောင်းဖောင်းလေးတစ်ခုက သူမကိုလှမ်းတားလိုက်တယ်။


သူမ စိတ်ရှုပ်ထွေးသွားပြီး အသေးလေးကိုကြည့်လိုက်တယ်။


ကျိရှောင်ကျိုးက ပါးလေးကိုဖောင်းထားပြီး သူမကိုနောက်တစ်ကြိမ်ကြည့်လိုက်ကာ 


" ခများ ကောင်းကောင်းမွန်မွန်ပြောဖို့လိုတယ်...ဒယ်ဒီကို မကျိန်ဆဲရဘူး, သူနဲ့လဲစကားမများရဘူး မဟုတ်ရင်…မဟုတ်ရင်…"


အသေးလေးက ဘာဆက်ပြောရမှန်းမသိတော့ဘူး ဖြစ်နေတယ် အဲ့ဒါကြောင့် သူ့ရဲ့ခြေထောက်ဖောင်းဖောင်းလေးတွေကိုသာ မတတ်သာပဲ လွှဲယမ်းနေတော့တယ်။ 


"အယ်…" 


ထန်ထန် မျက်တောင်ခတ်လိုက်ပြီး အသေးလေးဆိုလိုချင်တဲ့ အဓိပါယ်ကိုနားလည်ဖို့ အချိန်ခဏလောက်ယူလိုက်တယ်။ မူလပိုင်ရှင်က သူမရဲ့ခင်ပွန်းကို ဆိုးဆိုးရွားရွားပြုမူပြီး မကြာခဏကျိန်ဆဲကာ စကားများတတ်ကြသလား... အဲ့ဒါက ပေါင်ပေါင်ဒီလိုပြောရတဲ့ အကြောင်းအရင်းများလား...


ဒါပေမယ့် မူလပိုင်ရှင်က ဘာလို့သူမယောကျာ်းကိုကျိန်ဆဲရတာလဲ... သူမအိမ်ထောင်ကျကတည်းက သူမယောကျာ်းကိုထောက်ပံ့ပေးရမယ်, ကလေးကိုသင်ကြားပေးရမယ်, သူတို့ကိုကောင်းကောင်းဆက်ဆံ ရမှာမဟုတ်ဘူးလား... အဲ့ဒါက ဇနီးကောင်းတွေလုပ်ရမှာတွေပဲလေ။ ထန်ထန် ရဲ့ နို့ထိန်းက သူမကိုငယ်စဉ်ကတည်းက ဒီလိုအရာတွေကိုသင်ကြားပေးပြီးဖြစ်တယ်။ အဲ့ဒါဆို မူလပိုင်ရှင်က သူမခင်ပွန်းနဲ့ ကလေးကို ဘာလို့ဆိုးဆိုးရွားရွားဆက်ဆံရတာလဲ... ဒါမှမဟုတ် သူမခင်ပွန်းက မကောင်းတဲ့သူလား...


သူမ  ကလေး ကို သတိထားပြီးမေးလိုက်တယ် ...


"ပေါင်ပေါင်, သားလေးရဲ့ဒယ်ဒီက လူကောင်းတစ်ယောက်လား..."


ကျိရှောင်ကျိုး က စဉ်းစားမနေပဲ ချက်ချင်းပြန်ဖြေလိုက်တယ်...


 " ဟုတ်တာပေါ့...ဒက်ဒီက ကောင်းတယ်, သူက လူဆိုးတွေကိုဖမ်းတယ် ပိုက်ဆံရှာပြီး ကျွန်တော်နဲ ခင်များကို ပြုစုပျိုးထောင်ပေးတယ်... ပိုက်ဆံရှာရတာ အရမ်းခက်တာ ပြီးတော့ ခင်များကလဲငွေမရှာပဲ ခင်များလုပ်တာဆိုလို့ အရက်သောက်တာရယ်, ပစည်းတွေပေါက်ခွဲတာရယ် ဒယ်ဒီကိုကျိန်ဆဲတာရယ်ပဲရှိတယ်... ခင်များကဆိုးတယ်... ခင်များလိုအမေမျိုးမလိုချင်ဘူး...’’


ရှောင်ကျိုး က ပြောနေရင်း အတိတ်ကအကြောင်းအရာတွေကိုပြန်သတိရလာပုံရတယ်။ သူက တခြားမိခင်တွေက သူတို့ကလေးတွေကိုချစ်တာမြင်ရတဲ့အခါ သူခံစားခဲ့ရတဲ့ ၀မ်းနည်းမှုနဲ့ မကျေနပ်ချက်တွေကို သူတွေးမိလာတယ်။ သူ့မျက်လုံးတွေနီရဲလာပြီး သူ သူမကိုမျက်နှာချင်း ထပ်မဆိုင်ချင်တော့ဘူး။ အဲ့ဒါကြောင့် ဆိုဖာပေါ်ကနေဆင်းလိုက်ပြီး သူအခန်းဆီသို့ပြေးသွားကာ အခန်းတံခါးကိုဆောင့်ပိတ်လိုက်တယ်။


" ပေါင်ပေါင်..." 


ထန်ထန် ကူရာမဲ့သလိုခံစားလိုက်မိတယ်။ သူမချိုင်းထောက်ကိုတောင်မေ့သွားပြီး တံခါးဆီကိုပြေးသွားလိုက်တယ်။ တံခါးက လောခ့်ချထားသောကြောင့် သူမ တံခါးကိုခေါက်လိုက်တယ်...


"ပေါင်ပေါင် ထွက်လာပါဦး အဲ့ဒီအကြောင်းကိုဆက်ပြောကြမယ်လေ..."


အခန်းအတွင်းကလှုပ်ရှားမှုရှိမလာပဲ အသေးလေးက သူမကို လစ်လျူရှုထားတုန်းပဲဖြစ်တယ်။


ထန်ထန် နှုတ်ခမ်းစေ့ပိတ်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်တယ်။ မူလပိုင်ရှင်က တကယ်ကိုပဲဆိုးသွမ်းလွန်းတဲ့ အမျိုးသမီးလား...


မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ အန်တီလီက တံခါးပိတ်သံကြားလိုက်လို့ ချက်ချင်းထွက်လာပြီးမေးလိုက်တယ် ...


‘’ ဘာဖြစ်ကြတာလဲဟင်...’’


ထန်ထန် တံခါးကိုညွှန်ပြလိုက်ပြီး ...


" အဲ့ဒါ ဘာမှမဟုတ်ပါဘူး, ပေါင်ပေါင်က ကျွန်မကိုစိတ်ဆိုးသွားရုံပါ, ပြီးတော့ သူအပြင်ကိုထွက်မလာချင်ဘူးလေ..."


အန်တီလီက လောခ့်ချထားတဲ့အခန်းတံခါးကိုကြည့်လိုက်ပြီး နှုတ်ခမ်းလှုပ်လိုက်ပေမယ့် ဘာမှဆက်မပြောပဲ ချက်ပြုတ်ဖို့အတွက် မီးဖိုချောင်ထဲကိုပြန်သွားလေတယ်။


အဆုံးမှာတော့ ထန်ထန် က ဆိုဖာဆီသွားပြီး သူမချိုင်းထောက်ကိုမယူခင် အခန်းကိုနောက်တကြိမ်ကြည့်လိုက်တယ်။ ထို့နောက် ချိုင်းထောက်အကူအညီနဲ့ မီးဖိုချောင်ထဲမှာ အန်တီလီရဲ့ အသီးအရွက်တွေရေဆေးတာကို ကူညီဖို့ဦးတည်လိုက်တယ်။


သူမရဲ့အကူအညီအတွက် အန်တီလီက အရမ်းမထူးဆန်းတော့ဘူး။ ဖြစ်နိုင်တာက ဒီရက်ပိုင်းသူမကူညီနေကျဖြစ်လို့ နေသားကျသွားပုံပေါ်တယ်။


ထန်ထန် စိတ်အတွင်းမှာတော့ စောနကဖြစ်ခဲ့တဲ့အကြောင်းအရာကို တွေးနေတုန်းဖြစ်တယ်။ နောက်ပြီး အန်တီလီတစ်ယောက်တည်းကသာလျင် မူလပိုင်ရှင်ရဲ့အကြောင်းတွေကို သူမကိုပြောပြနိုင်သူဖြစ်တယ်။


‘’အန်တီလီ, ကျွန်မ မေးစရာနည်းနည်းရှိတယ် ကျွန်မကို အမှန်အတိုင်းဖြေပေးနိုင်မလား...’’


အန်တီလီက မျက်တောင်ခတ်လိုက်တယ်။ နောက်တော့ သူမခေါင်းငြိမ့်ပြလိုက်ပြီး 


‘’မေးပါ...’’


‘’အန်တီလီ ကျွန်မအရင်ကအကြောင်းအရာတွေအကုန်လုံးကို မမှတ်မိတော့ဘူးဆိုတာ ရှင်သိတယ်နော်...အရင်တုန်းက ကျွန်မကဘယ်လိုမျိုးလဲဆိုတာပြောပြလို့ရနိုင်မလား...’’


တိတ်ဆိတ်ခြင်းကလွမ်းမိုးသွားတယ်။ အန်တီလီအနေနဲ့ ထန်ထန်က ဒီလိုမျိုးမေးလိမ့်မယ်လို့ မထင်ထားဘူး။


"အန်တီလီ အရင်အကြောင်းကိုကျွန်မတကယ်ကို မမှတ်မိတော့တာပါ, ကျွန်မ မကောင်းခဲ့ဘူးဆိုတာလဲ သိပါတယ်, အဲ့ဒါကြောင့်ပြောပြပေးပါ ကျွန်မပြောင်းလဲမှာပါ. ပေါင်ပေါင်နဲ့ ပေါင်ပေါင့်အဖေကိုလဲ ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ..."


လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ထန်ထန်ရဲ့ အပြုအမူတွေကိုကြည့်ပြီး အန်တီလီအနေနဲ့ သူမအတိတ်မေ့နေတယ်ဆိုတာကို ယုံကြည်လာတယ်။ သူမ ခေါင်းမငြိမ့်ခင်ခဏ တုံ့ဆိုင်းနေပြီးမှ


 "ကောင်းပြီလေ...ကျွန်မပြောပြပါမယ်...’’


 သူမအတိတ်မေ့နေတယ်ဆိုတာတကယ်ဖြစ်နိုင်တယ်...ပြီးတော့ သူမပြောင်းလဲလာပြီး လူကောင်းတစ်လောက်လဲဖြစ်လာနိုင်တယ်။


"ဘာလို့ မဒမ်နဲ့ဆရာ လက်ထပ်လိုက်လဲဆိုတာတော့ ကျွန်မ မသိဘူး, ဒါပေမယ့် ကျွန်မဒီမှာအလုပ်စလုပ်ကတည်းက မဒမ်က ဘယ်တုန်းကမှအေးအေးဆေးဆေးမရှိဘူး... နေ့တိုင်းအရက်မူးပြီး ရူးသွပ်နေသလိုပဲ...ရှောင်ကျိုး လေးငယ်ငယ်တုန်းကဆို ကြောက်လန့်ပြီး ခဏခဏ ငိုရတယ်... ဆရာက စစ်တပ်ထဲမှာပဲအလုပ်များနေတဲ့အတွက် ကလေးကိုစောင့်ရှောက်ဖို့လူမရှိမှာစိုးရိမ်ပြီး ကျွန်မကိုငှားခဲ့တာပါ..."


"ကျွန်မအဲ့ဒီလိုလုပ်နေတာတောင် ပေါင်ပေါင်ရဲ့ဒယ်ဒီက ကျွန်မကို မကွာရှင်းပစ်ဘူးလား..."


 ဒီလိုဇနီးမျိုးကို စောစောစီးစီး ကွာရှင်းသင့်တယ်လေ။


အန်တီလီလဲ ထန်ထန်မေးတဲ့မေးခွန်းမျိုးကိုသူမကိုယ်သူမ မေးပြီးဖြစ်တယ်။ ဒါပေမယ့် သူမကအဲ့ဒီအကြောင်းကို ဆက်ပြီးအရမ်းမတွေးပဲ ပြောလိုက်တယ်...


 ‘’ကျွန်မ မသိဘူး, ဒါပေမယ့် ကလေးဆိုတာမိခင်နဲ့ရှိသင့်တယ်ထင်လို့ ဆရာက ရှောင်ကျိုး အတွက်တွေးထားလို့များလား... ရှောင်ကျိုး လေးက ငယ်သေးပြီး မိခင်မေတ္တာကို လိုအပ်နေတယ်...သူက အမေလုပ်သူကိုမုန်းတဲ့ အမူအယာပြနေပေမယ့်လဲ တကယ်တော့ သူ့ကို ချစ်ပေး၊ ဂရုစိုက်ပေးတာကို လိုချင်နေတာပါ...’’


တခြားကလေးတွေ သူတို့အမေနဲ့ ကစားနေတာကို အ‌ဝးကနေအမြဲငေးစိုက်ကြည့်နေတတ်တဲ့ ရှောင်ကျိုးလေး ကို အကြိမ်များစွာ အန်တီလီမြင်ဖူးပြီးဖြစ်တယ်။ သူ့မျက်လုံးထဲက မနာလိုတဲ့အကြည့်လေးကိုပါ သူမမြင်နိုင်ခဲ့တယ်။ သူမတောင်မြင်ဖူးတာဆိုရင် ဆရာအနေနဲ့လဲ အဲ့ဒီမြင်ကွင်းမျိုးကို မြင်ဖူးပြီးဖြစ်လိမ့်မယ်။ သူအမေက မကောင်းဘူးဆိုရင်တောင် ရှောင်ကျိုး  တော့ သူ့အမေသူ့ကိုချစ်လိမ့်မယ်လို့ မျှော်လင့်တုန်းပဲ... သူကြီးပြင်းလာမှသာ သူ့မျှော်လင့်ချက်ဆုံးရှုံးသွားခဲ့တာပဲ။


အဖေဖြစ်သူကလဲ ကလေး ကြောင့် သည်းခံခဲ့တာလို့ပဲ သူမထင်မြင်မိတယ်။


ထန်ထန် ကခေါင်းငြိမ့်လိုက်ပြီး သူမနှလုံးသားထဲမှာတော့ ကျောက်ခဲဆွဲထားသလိုလေးလံနေတော့သည်။


အန်တီလီက စကားပြောနေတာကို မရပ်တန့်နိုင်တော့ပဲ သူမအတွေးတွေအားလုံးကို ထုတ်ဖော်ပြောနေမိတယ်။ အတိတ်တုန်းက သူမ ထန်ထန်ကိုစကားပြောဖို့လုပ်လိုက်တိုင်း သူက နားမထောင်ခဲ့ဘူး ကြည့်ရတာ အခုအချိန်မှာတော့ ပြောဖို့လိုအပ်တာတချို့ကို သူမပြောသင့်တယ်ထင်တယ်။


‘’မဒမ်... ကျွန်မက ဆရာငှားထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့်လဲ ဒီတစ်ခုတော့ပြောမှဖြစ်မယ် အဲ့ဒါကနားထောင်လို့မကောင်းပေမယ့်လဲပေါ့...’’


"မဒမ်, ရှင်ဘယ်လောက်ကံကောင်းတယ်ဆိုတာ မသိပါဘူး, မဒမ်အလုပ်လုပ်စရာမလိုဘူး, ပြီးတော့ ဖိအားတွေလဲမရှိဘူး။ အရာအားလုံးကို ဆရာတစ်ယောက်တည်းကပဲ ကိုင်တွယ်သွားတာ...ဆရာက အရည်အချင်းရှိပြီး ရိုးသားတယ် တာ၀န်ယူမှုလဲရှိတယ်... မဒမ်မှာ ချစ်ဖို့ကောင်းတဲ့သားလေးနဲ့ မှီခိုအားထားစရာ ယောကျာ်းရှိတယ်... ဘာကိုမကျေမနပ်ဖြစ်နေတာလဲ...မဒမ်က ဆူဆူညံညံနဲ့ပြသနာတွေရှာနေတုန်းမှာ မဒမ်မှာရှိနေတာကို လိုချင်နေတဲ့သူတွေအများကြီးရှိနေတယ်။ မဒမ်ဘာတွေ တွေးနေလဲဆိုတာ ကျွန်မနားမလည်ဘူး..."


ထန်ထန်တိတ်ဆိတ်စွာနဲ့ နားထောင်နေပြီး မူလပိုင်ရှင်ကို ကောက်ချက်ချနေတယ်။ မူလပိုင်ရှင်က ဇနီးကောင်းတစ်ယောက်မဟုတ်သလို မိခင်ကောင်းတစ်ယောက်လဲမဟုတ်ခဲ့ဘူး။


ဘယ်လိုတောင်ဆိုးဝါးတဲ့အမျိုးသမီးလဲ ပြီးတော့ ပေါင်ပေါင့်ဒယ်ဒီကလဲ မကွာပစ်ဘူး။ သူက တကယ်ကိုကောင်းတဲ့သူပဲ။ တကယ်လို့ တခြားယောက်ကျားသာဆိုရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက ကွာရှင်းပြီးနေလောက်ပြီပေါ့။ ဒါပေမယ့် သူက သူ့ကလေးအတွက်ကြည့်ခဲ့တာပဲ။ ပေါင်ပေါင်ဒကယ်ဒီက လူကောင်းတစ်ယောက် ပြီးတော့ အဖေကောင်းတစ်ယောက်ပေါ့။


အန်တီလီက စကားပြောပြီးတဲ့အခါ ထန်ထန်ကိုပြောလိုက်တယ် ...


" မဒမ်, ဘာမှမမှတ်မိတော့ဘူးလို့ပြောခဲ့မှတော့ အရာအားလုံးကိုအစကနေပြန်စသင့်တယ်။ အနာဂတ်မှာ ဆရာနဲ့ကောင်းကောင်းမွန်မွန်နေပြီးတော့ ကလေးအတွက်လဲပိုကောင်းအောင်ပြုမူသင့်တယ်၊ မိသားစုအားလုံးပျော်ရွှင်နေတာက မကောင်းဘူးလား...’’


ထန်ထန်ခေါင်းငြိမ့်ပြလိုက်ပြီး...


 " အန်တီလီ စိတ်မပူပါနဲ့, ကျွန်မအခုကနေစပြီး အိမ်ထောင်ရှင်မကောင်းနဲ့ မိခင်ကောင်းဖြစ်လာမှာပါ...”


သူမအနေနဲ့ ယောကျာ်းတစ်ယာက်နဲ့ ကလေးတစ်ယောက်ကို ရုတ်တရက်ရလိုက်သော်လည်း ဒါကသူမဘဝြဖစ်နေပြီ။ အခုကစပြီး ပေါင်ပေါင်လေးနဲ့ သူ့ဒယ်ဒီက သူမမိသားစုပဲ။ သူတို့က ဒီကမ္ဘာမှာ သူမမီခိုလို့ရမယ်သူတွေဖြစ်ပြီး သူတို့ကိုမှ ကောင်းကောင်းမွန်မွန်မဆက်ဆံရင် ဘယ်သူ့ကိုသွားဆက်ဆံရမှာလဲ... အဲ့ဒါကပဲ သူမဒီကမ္ဘာမှာရှိနေရတဲ့ အကြောင်းအရင်းပဲ။


ပေါင်ပေါင်ရဲ့အဖေက သူမကိုသဘောမကျဘူးဆိုပေမယ့်လဲ သူမအလုပ်ကြိုးကြိုးစားစားလုပ်မယ်။ အဲ့ဒါဆို ပေါင်ပေါင်နဲ့ သူ့ဒယ်ဒီက သူမကိုသဘောကျလာမှာပါ။