အပိုင်း ၁၃
Viewers 418

သန်းခေါင်ယံ စင်ဒရဲလား

 

 အပိုင်း ၁၃

 

 

 

 ပရိဘောဂအားလုံးကို ထုပ်ပိုးပြီးသောအခါ ကောင်းကင်က မှောင်လုနီးပါးဖြစ်နေပြီ။

 

 

 ဒါပေမယ့် လှုပ်ရှားမှုက တစ်ယောက်ယောက်ကို ခါးခါးသီးသီး ပင်ပန်းစေပေမယ့် ရုပ်ရှင်မင်းသားကို ဗိုက်ဆာအောင် မထားနိုင်ပေ။ ထို့ကြောင့် မီရှန့်အာသည် ဖန့်ကျင်း အတွက် ညစာပြင်ဆင်ရန် မီးဖိုချောင်သို့သွားခဲ့သည်။

 

 

 ထိုအချိန်တွင် ဖန့်ကျင်းက သူအသစ်ဝယ်ထားသော ဆိုဖာပေါ်တွင် သက်တောင့်သက်သာထိုင်ကာ ချန်ရှင်း စတူဒီယို၏ အတွင်းရေးမှူးဆီ မက်ဆေ့ချ်တစ်စောင်ပို့ခဲ့သည်။

 

 

 F.J - ငါ့ဝိညာဉ်နဲ့ လဲနေတဲ့ခွေးကို တွေ့သွားပြီ။ မင်းရဲ့သူဌေးက ဘယ်တော့ပြန်လာမှာလဲ

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - မင်္ဂလာပါ အချိန် နည်းနည်းကြာကြာတော့ စောင့်ရလိမ့်မယ် [☞☜]

 

 

 F.J - သူ ခရီးသွားဗီဇာနဲ့ ဒီလောက်ကြာအောင် နိုင်ငံခြားမှာ နေလို့ရလို့လား။  :)

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - ကျွန်မတို့သူဌေးက အာဖရိကကို ပြန်သွားပြီ... [☞☜]

 

 

ဖန့်ကျင်း - "...."

 

 

 ဘယ်လိုငရဲလဲကွာ!

 

 

 F.J - ကောင်းပြီ ကျွန်တော်စောင့်နေပါ့မယ် :)

 

 

 ချန်ရှင်း စတူဒီယို ပျားလိမ္မော်သီးလေး - တောင်းပန်ပါတယ် [☞☜]

 

 

 ကောင်းကင်ကြီး လုံးဝမှောင်လာသည်နှင့်အမျှ မီရှန့်အာသည် နောက်ဆုံးတွင် ဟင်းပွဲတစ်ပွဲချပေးခဲ့သည်။ ဖန့်ကျင်းသည် WeChat ကို အကောင့်ဖွင့်ပြီး ညစာစားရန် ထမင်းစားခန်းသို့ သွားခဲ့သည်။

 

 

ပတ်ဝန်းကျင်အသစ်ကြောင့် မီရှန့်အာက သူ့ရောဂါပိုဆိုးလာမည်ကို အထူးစိုးရိမ်ပြီး သူ မထွက်သွားခင် ဖန့်ကျင်း အိပ်ပျော်သွားတာကို စောင့်ဆိုင်းနေခဲ့သည်။ မီရှန့်အာက Weibo တွင် ဝင်ရောက်ကြည့်ရှုရန် စိတ်အေးချမ်းသာရှိစေရန်အတွက် ဖန့်ကျင်းကို သူ့ရဲ့ဆေးအား အချိန်မီခိုင်းခဲ့ပြီးနောက် ဖန့်ကျင်းက master bedroomဆီသို့ အိပ်ဖို့သွားခဲ့သည်။

 

 

 ဒေါက်တာ ကျန်းရဲ့ ဆေးက ၎င်း၏အာနိသင်ကို ပြသနေသည်ဖြစ်စေ၊ ခွေးသည် သူ့ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာသည်ဖြစ်စေ၊  မီရှန့်အာက သူ အိပ်ပျော်သွားတာကို ကြည့်ပြီး ပြတင်းပေါက် အားလုံးကို သေသေချာချာ ပိတ်ခဲ့သည်။

 

 

 နောက်တစ်နေ့ သူ အိပ်ရာက နိုးလာသောအခါတွင်တော့ အနေအထိုင်က မပြောင်းလဲပေ။ ရေချိုးပြီးနောက် မီးဖိုချောင်သို့ သွားကာ မနက်စာစားဖို့လုပ်နေချိန် မီရှန့်အာဆီမှ ဖုန်းဝင်လာခဲ့သည်။ 

 

 

"ဖန့်ကျင်း၊ ဘန်နီရဲ့ နှုတ်ခမ်းနီအသစ်က စျေးကွက်မှာ ဖြန့်တော့မှာ ဆိုတော့ ကြော်ငြာကို အဓိက ရုပ်မြင်သံကြားနဲ့ အွန်လိုင်း ပလက်ဖောင်းတွေမှာ လွှင့်တော့မယ်။ သူတို့က မင်းကို နှုတ်ခမ်းနီ box တစ်ဘူး ပို့ပေးထားတယ်။ မင်း လာမယ့် ပရိုမိုးရှင်းအတွက် နွေးထွေးမှုတစ်ခုအနေနဲ့ Weiboမှာ  ပို့စ်တင်ပြီးတော့ မင်း ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်တယ် "

 

 

ဖန့်ကျင်း ကြက်ဥအချို့ကို မွှေနေတာကိုခတ္တရပ်တန့်လိုက်သည်။ "နှုတ်ခမ်းနီbox တစ်ဘူးဤသည်မှာ boxဖြင့် တွက်ချက်ထားသော နှုတ်ခမ်းနီ အရေအတွက် ပမာဏ အကြောင်းကို သူ ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

 

 

မီရှန့်အာ ပြောလိုက်သည်။ "ဒါက ရုပ်ရှင်ထဲက cash boxမျိုးနဲ့ တူတယ်၊ ဒါပေမယ့် အဲ့အပေါ်မှာ သူတို့ရဲ့ လိုဂို ရိုက်နှိပ်ထားတယ်။ တော်တော်လေး ကြည့်လို့ကောင်းတယ်"

 

 

ဖန့်ကျင်း - "........"

 

 

 "ငါရေထားပြီးသွားပြီ၊ အထဲမှာ အရောင် ၂၀၀ လောက်ရှိတယ်"

 

 

 ဖန့်ကျင်း - "..........." မီရှန့်အာသည် ဤနှုတ်ခမ်းနီ box တစ်ခုအကြောင်းပြောရန် အလွန်စိတ်လှုပ်ရှားနေပြီး အရောင်များကိုပင် ရေတွက်ထားခဲ့သည်။  ဖက်ရှင်ကို ခေတ်မီတဲ့ အမျိုးသားတစ်ယောက်လို ခံစားရပေမယ့် အရောင် ၂၀၀ဆိုတာ ကတော့ ရိုးရိုးသားသားပြောရရင် အံ့သြစရာကောင်းသည်။

 

 

 ပြီးတော့ စီးရီးအသစ်အတွက်၊ အဲ့တာက။

 

 

 "မတူတဲ့အနီရောင်တွေ ဘယ်​​လောက်များလဲ"

 

 

 “အမျိုးအစားက အရောင်စုံပဲ မီရှန့်အာက မြည်တမ်းခဲ့သည်။

 

 

ဖန့်ကျင်း - "........"

 

 

 သူ့ကိုယ်သူ အရောင်ကိစ္စ ရှုပ်ထွေးရှင်းမှ ကင်းဝေးအောင် နှုတ်ခမ်းနီကို ပြန်ထုတ်ပြီး မီရှန့်အာကို ဓာတ်ပုံရိုက်ခိုင်းခဲ့သည်။  မီရှန့်အာက သူ့ကိုယ်သူ ထူးချွန်ထက်မြက်တဲ့ လက်ထောက်တစ်ယောက်ဖြစ်ကြောင်း နောက်တစ်ကြိမ် သက်သေပြဖို့လုပ်ခဲ့သည်။ သူ ဓာတ်ပုံပညာကိုပင် လေ့လာခဲ့ဖူးသည်။ 

 

 

သူက သူ့ဖုန်းကို ဆွဲထုတ်ပြီး ထောင့်ချိုးနဲ့ ဖွဲ့စည်းမှုကို ရွေးချယ်ပြီး ပိုဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို ညွှန်ပြဖို့မမေ့ခဲ့ပေ။

 

 

"ဖန့်ကျင်း၊ နှုတ်ခမ်းနီတစ်ချောင်းကိုယူပြီး မင်းရဲ့နှုတ်ခမ်းမှာ ကိုက်ထားလိုက်၊ ဟုတ်တယ်၊ အဲ့လိုမျိုး။ ကင်မရာကို မကြည့်နဲ့။ အောက်ကိုကြည့်နေ။ ဘာမှမရှိတာကို ကြည့်နေတဲ့ ခံစားချက်ကို ပေးထား"

 

 

ဖန့်ကျင်း - "....."

 

 

 အဆိုပါ လိုအပ်ချက်တွေက ၎င်း၏ မဂ္ဂဇင်း ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာထက်ပင် ပိုများသည်။

 

 

 မီရှန့်အာသည် ဆက်တိုက်ရိုက်ချက်ပေါင်းများစွာ ရိုက်ပြီးနောက် ဖန့်ကျင်းအတွက် စိတ်ကျေနပ်မှုအရှိဆုံးကို ရွေးချယ်ခဲ့သည်။  "ဖန့်ကျင်း၊ ဒါ မကောင်းဘူးလား။"

 

 

 ၎င်းသည် ဖန့်ကျင်း၏ ပြီးပြည့်စုံသော အသွင်အပြင်ကို ပေါ်လွင်စေရုံသာမက သူ၏ မျက်တောင်များကို ရှင်းရှင်းလင်းလင်း မြင်ရကာ ထူထပြီး ရှည်လျားတဲ့ မျက်တောင်တွေကိုလည်း ပြသထားသည်။ သူသည် နှုတ်ခမ်းနီ box တစ်ဘူးအတွက် စိတ်ပူပန်နေသကဲ့သို့ ဓာတ်ပုံ ထဲတွင် အနည်းငယ် မျက်လွှာချထားသလိုဖြစ်နေပုံရသည်။

 

 

 " ရိုက်ချက်ကောင်းတယ်" လို့ ဖန့်ကျင်းက သူ့ကိုယ်ပိုင်အလှကို သဘောကျပြီး ပြောလိုက်သည်။

 

 

 ဤချီးမွမ်းသံကိုကြားသောအခါ မီရှန့်အာ၏ နှလုံးသားက တောက်ပလာခဲ့သည်။ "အရောင်နည်းနည်းပြင်ပြီး မင်းဆီပို့ပေးလိုက်မယ်"

 

 

 သူ့ကြိုးစားမှုဖြင့် ဓာတ်ပုံကို Edit လုပ်ပြီး ဖန့်ကျင်းဆီ ပေးပို့ခဲ့သည်။  ဖန့်ကျင်းသည် Weibo  အကောင့်ထဲဝင်ကာ သူ့ပို့စ်၏ အသုံးအနှုန်းအကြောင်း စဉ်းစားပြီးနောက် ပို့စ်တင်လိုက်သည်။

 

 

ဖန့်ကျင်း (V) - ဘန်နီ ရဲ့ နှုတ်ခမ်းနီ box အသစ်ကို ဘယ်လိုသုံးသင့်လဲ။  [ပုံ]

 

 

 Weibo မှာတင်ပြီးတဲ့နောက် တစ်စက္ကန့်အတွင်း မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။

 

 

 "အကောင်းဆုံးတွေ ပေးပါ!!!"

 

 

 "အား , အား , ဒါကရူးတာပဲ! ဖန့်ကျင်း အရမ်းချောတယ်!!"

 

 

 "အရမ်းများတဲ့  ဘန်နီ နှုတ်ခမ်းနီပဲ! ငါ မနာလိုတော့ဘူး!"

 

 

 "@ဖန့်ကျင်း ကျေးဇူးပြုပြီး မဲဖောက်ပေးပါ* cover face*"

 

 

 "မင်းတို့အားလုံး နှုတ်ခမ်းနီလိုချင်လား အဲ့တာတွေအားလုံးက ငါ့ဟာတွေ "

 

 

 "မင်းလက်ထဲက နှုတ်ခမ်းနီလေးဖြစ်ချင်တယ် [ဘိုင်း]"

 

 

 "ရုပ်ရှင်ဧကရာဇ်ရဲ ကြော်ငြာတွေက ဘယ်တော့တက်လာမှာလဲ။ ငါ ဒီအထိမှာ ငတ်နေပြီ :'D"

 

 

ကျန်းရန် Weibo ကို မတော်တဆ တွေ့လိုက်တဲ့အချိန်မှာ Kitano-sensei မူရင်း စာမူကို သူမ ဖတ်နေသေးတဲ့အချိန်ဖြစ်သည်။ လေဆိပ်မှာ သူမရဲ့ ခေါင်းကို ပုတ်ခံလိုက်ရပြီးကတည်းက သူမ ဖန့်ကျင်းကို follow လုပ်ထားခဲ့တာ။

 

 

 ဒါပေမယ့် သူပိုစ့်တင်သည့် အကြိမ်ရေက ထိုမျှလောက် မများဘဲ ဤဓာတ်ပုံမျိုးက ပို၍ပင် ရှားပါးသည်။

 

 

 အလှအပ၊ အသားအရေ ထိန်းသိမ်းမှုနဲ့ ဖက်ရှင်တွေကို အမြဲအာရုံစိုက်တဲ့ အရောင်းရဆုံး မိန်းကလေးတစ်ယောက်အနေနဲ့ ကျန်းရန်ရဲ့ အာရုံစိုက်မှုက ပထမဆုံးအကြိမ်အဖြစ် နှုတ်ခမ်းနီ box ပေါ်မှာ မရှိနေဘဲ ဖန့်ကျင်းဆီမှာရှိနေတာက ရှက်စရာကောင်းသည်။

 

 

 လေဆိပ်မှာ ဒီလိုလူက သူမခေါင်းကို ထိခဲ့တာကို ပြန်သတိရမိသွားတော့ ကျန်းရန်တစ်ယောက် တစ်နည်းနည်းနဲ့ ငြိမ်သက်သွားသည်။

 

 

 အခွင့်အရေးရရင် သူ့ကိုနောက်တစ်ခေါက်လောက်ပြန်တွေ့ရရင် ကောင်းမှာပဲ။

 

 

 ကံမကောင်းစွာပဲ ဖန့်ကျင်းက သရုပ်ဆောင်ပဲလုပ်ပြီး သီချင်းဆိုတဲ့သူမဟုတ်ပေ၊ မဟုတ်ရင် သူ့ကို ဖျော်ဖြေပွဲတွေမှာ သွားကြည့်လို့ရတယ်။  ဒီလိုသရုပ်ဆောင်အလုပ်မှာ နှစ်မြှုပ်ထားတဲ့ စတားတစ်ယောက်အတွက်တော့ သူ့ဇာတ်ကားတွေကိုပဲ ကြည့်လို့ရသည်။

 

 

 သူမ၏ ကွန်ပြူတာရှိ ပင်ဂွင်းချက်တင် icon က ရုတ်တရက် အသံမြည်လာခဲ့သည်။

 

 

 ရန်ဟွမ်ဟွမ် - အား၊ အား အား ကျန်းရန်ရေ။

 

 

ရန်ဟွမ်ဟွမ် - ဖန့်ကျင်း ရဲ့ Weibo ပိုစ့်အသစ်ကို မြင်ပြီးပြီလား။

 

 

ရန်ဟွမ်ဟွမ် - အရမ်းဟော့လိုက်တာနော်

 

 

 ရန်ဟွမ်ဟွမ် - ဒီကမ္ဘာမှာ ဒီလောက်ချောမောပြီး နှုတ်ခမ်းနီပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ယောက်ရှိတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

 

 

 ကျန်းရန် - "....."

 

 

ရန်ဟွမ်ဟွမ် - ငါ သူ့ကို သိမ်းထားလိုက်ချင်တယ်။

 

 

ကျန်းရန် - ဘယ်သူကရော မသိမ်းထားချင်မှာလဲ။

 

 

 ရန်ဟွမ်ဟွမ် - ဓားကို မလှည့်လိုက်နဲ့။

 

 

 သူ့ပရိသတ်တွေအားလုံး စိတ်လှုပ်ရှားပြီး အော်ဟစ်နေချိန်မှာ ဖန့်ကျင်းရဲ့အစ်မ - ဟုတ်ပါတယ်၊ သူ့ကိုယ်ရေးရာဇဝင်ကို ခိုင်လ်ဟွမ် ဆီပို့ပေးတဲ့ အစ်မက သူ့ကို ဖုန်းဆက်လာသည်။  "ချစ်မောင်လေး၊ နင့်ရဲ့ Weibo ကို ငါတွေ့ပြီးပြီ။ နင် နှုတ်ခမ်းနီကို သုံးလို့မရနိုင်တာက ရှက်စရာပဲ။ ဘာပဲဖြစ်ဖြစ် နင့်ရဲ့ ချစ်လှစွာသောအစ်မက နင့်ကို ကူပြီးသုံးပေးရမှာပေါ့"

 

 

 "..." ဖန့်ကျင်း အနည်းငယ် ပြုံးလိုက်သည်။  "ကျေးဇူးပဲ၊ ဒါပေမယ့် ကျေးဇူးတင်မခံဘူး"

 

 

 "..." ဖုန်း၏ အခြားတစ်ဖက်တွင်၊ ဖန့်ယက သဘောထားကြီးစွာဖြင့် စကားမပြောခင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ "အိုး၊ နင့်ရဲ့အစ်မကို ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ အဲ့တာတွေယူဖို့ နောက်မှ ငါ့ရဲ့အတွင်းရေးမှူးကို လွှတ်လိုက်မယ်"

 

 

 ထို့နောက် သူမ အမြန်ဖုန်းချသွားခဲ့သည်။

 

 

 ဖန်ကျင်း - "......."

 

 

 ဘာပဲဖြစ်ဖြစ် သူ အိမ်ပြောင်းသွားမှန်း သူမမှ မသိတာ။

 

 

 ဘန်နီ၏ စီစဉ်ရေးဌာနက ဖန့်ကျင်းရဲ့ပိုစ့်ဆီက ဘယ်လောက်ထိ နွေးထွေးစွာ လက်ခံရရှိသလဲဆိုတာကို မြင်သောအခါတွင် ၎င်းတို့သည် အခြားလူသိရှင်ကြား လှိုင်းတစ်ခု ထပ်ထည့်ရန် ချင်ဖန်းကို ဆက်သွယ်ခဲ့သည်။  အစည်းအဝေးတွေနဲ့ အလုပ်ရှုပ်နေတဲ့ ချင်ဖန်းက ဒီကိစ္စကို မီရှန့်အာဆီ လွှဲလိုက်သည်။

 

 

 ဒါပေမယ့် မီရှန့်အာက လက်ထောက်တစ်ယောက်သာဖြစ်သည်။  သူသည် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေချဖို့ အခွင့်အာဏာမရှိသောကြောင့် ဖန့်ကျင်းကို ကိုယ်တိုင်မေးရန် လိုအပ်သည်။

 

 

 "ဖန့်ကျင်း " သူ ဝရံတာဆီထွက်ပြီး ခေါ်ခဲ့သည်။ နေ့လည်စာစားပြီးသောအခါ၊ ဖန့်ကျင်းက နေရာလွတ်ကိုကြည့်ကာ လသာဆောင်တွင်ထိုင်နေခဲ့သည်။

 

 

ဖန့်ကျင်းက မီရှန့်အာရဲ့ အသံကိုကြားတော့ ခေါင်းကိုလှည့်လိုက်သည်. "ဘာကိစ္စရှိလို့လဲ"

 

 

မီရှန့်အာ ပြောပြလိုက်သည်။ "ဘန်နီ ရဲ့ အစီအစဥ်ဌာနက မင်းကို သူတို့ရဲ့ ကတ်တွေမှာ lip print ထည့်ပေးဖို့ တောင်းဆိုလာတယ်။ သူတို့က အကန့်အသတ်ရှိတဲ့ လက်ဆောင်အဖြစ် တစ်ထောင် print ထုတ်မယ်တဲ့။ ဒါကို ဘယ်လိုခံစားရလဲ"

 

 

ဖန့်ကျင်း မေးလိုက်သည်။ "ချင်ဖန်းရဲ့ ထင်မြင်ချက်ကကော ဘယ်လိုလဲ"

 

 

"ကြီးကြပ်ရေးမှူး ချင်က ဒီရက်ပိုင်း အရမ်းအလုပ်များနေတယ်။ ဒီအချက်လေးတွေက မင်းရဲ့ ဆုံးဖြတ်ချက်ပဲလို့ သူပြောခဲ့တယ်။ မင်းသဘောတူရင် ဘန်နီ နဲ့ နောက်ဆက်တွဲ သဘောတူစာချုပ်ကို လက်မှတ်ထိုးမယ်"

 

 

 "ဒါနဲ့ မူရင်းကတ်လား။ ဘန်နီက အဲ့တာကို လိုချင်တာလား ဒါမှမဟုတ် ငါက အဲ့တာကိုသိမ်းထားလို့ရတာလား"

 

 

 "မင်း သိမ်းချင်ရင် ငါတို့မေးလိုက်လို့ရတယ်လေ"

 

 

 "ဒါဆို အဆင်ပြေတယ်"

 

 

 "ကောင်းပြီလေ ငါသူတို့နဲ့စကားပြောကြည့်လိုက်မယ်!"  ဤအလုပ်မျိုးက မီရှန့်အာ၏ ပထမဆုံးထိတွေ့မှုဖြစ်ပြီး သူ၏စိတ်အားထက်သန်မှုမှာ မကြုံစဖူးဖြစ်သည်။

 

 

 ညနေပိုင်းတွင် ကျန်းရန်သည် အမှာစာများရေတွက်ရန် သူမ ကွန်ပြူတာရှေ့တွင်ထိုင်နေပြီး သူမ၏ chat icon က ထပ်မံလှုပ်ရှားသွားပြန်သည်။

 

 

 ရန်ဟွမ်ဟွမ် - !!!!!!!!!

 

 

ရန်ဟွမ်ဟွမ် - ဖန့်ကျင်းရဲ့ Weibo ကို ကြည့်လိုက်။

 

 

 ကျန်းရန် _ "........."

 

 

 သူမသည် ထွက်ပေါ်လာဆဲဖြစ်သော ချတ်သတိပေးချက်များကို လျစ်လျူရှုပြီး ၎င်း၏ အောက်ခြေသို့ရောက်ရန် ဖန့်ကျင်း၏ Weibo ဆီ တိုက်ရိုက်သွားခဲ့သည်။

 

 

 သူတကယ်ပဲ ပို့စ်အသစ်တင်ထားခဲ့သည်။ ပြီးတော့ ဒါက ဗီဒီယိုတစ်ခုတောင် ဖြစ်သည်။ ကျန်းရန် သူမ၏လက်ညိုးနဲ့ နှိပ်ပြီးဖွင့်ကြည့်လိုက်သည်။  အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် ဖန့်ကျင်းက ဆိုဖာပေါ်တွင် ထိုင်ရင်း သူ့လက်ထဲတွင် custom ဘန်နီ ကတ်တစ်ခုကို ကိုင်ထားသည်။  သူက ကင်မရာကိုကြည့်ပြီး ပြုံးပြကာ ကတ်ပြားကို ညင်သာစွာ နမ်းခဲ့သည်။

 

 

 သူက ကင်မရာဘက်ကို ကမ်းလိုက်ပြီး "ကောင်းသောညပါ" ဟု ပြောကာ ကတ်ပေါ်တွင် နှုတ်ခမ်းရာတစ်ခုကို ချန်ထားခဲ့သည်။

 

 

 ဗီဒီယိုက ၁၀ စက္ကန့်ကျော်မျှသာဖြစ်ပြီး ရုတ်ခြည်းအဆုံးသတ်သွားသည်။

 

 

 ဒါပေမယ့် ပရိသတ်တွေကတော့ ရူးသွပ်နေကြပါပြီ။

 

 

 "ငါတို့ကို ကောင်းသောညပါလို့ ပြောသွားတယ်!"

 

 

 "အိုး! မိုင်!ရော့ ! သူ! က! ! ဟော့! ဘူးလား!?"

 

 

 "နှာခေါင်းသွေးထွက်နေပြီး...မရပ်နိုင်တော့ဘူး..."

 

 

 "ဒီည အိပ်မပျော်တော့ဘူး" သီချင်းကို ဒီမှာ ဖွင့်နေပြီ။

 

 

 "ဒီကတ်ကို လေလံပွဲမှာ တစ်ဘီလီယံ ပေးမယ်!"

 

 

 "ဖန့်ကျင်း ဘယ်နှုတ်ခမ်းနီအရောင်ကို သုံးနေတာလဲ?"

 

 

 "ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလိုက်လဲ။"

 

 

 "နှုတ်ခမ်းနီ မဆိုးချင်တော့ဘူး၊ နှုတ်ခမ်းရာကိုပဲ လိုချင်တယ် *ဒူးထောက်နေတဲ့ပုံ*"

 

 

 "ဖန့်ကျင်းက သူတို့ကို cover ပေးနေပြီး ဘန်နီ

 က တကယ်ကို အနိုင်ယူနေတာပဲ"

 

 

 ဘန်နီက အကောင်းမွန်ဆုံးသောနေ့ကို ပိုင်ဆိုင်နေသည်။  စာချုပ်နှင့်ပတ်သက်၍ ချင်ဖန်းနှင့် ဆွေးနွေးစဉ်တွင် တောင်းဆိုသည့်စျေးနှုန်းမှာ အနည်းငယ်မြင့်သည်ဟု ခံစားခဲ့ရသော်လည်း ယခုတွင် publicity wave က ၎င်းတို့ပေးဆောင်ခဲ့သည့် စျေးနှုန်းနှင့် လုံးဝထိုက်တန်သည်ဟု ထင်ရသည်။ ဖန့်ကျင်း သုံးထားတဲ့ နှုတ်ခမ်းနီက ၎င်းတို့၏ နောက်ဆက်တွဲ အဓိကတွန်းအားဖြစ်ပြီး ရောင်းပြီးနောက် သတ်ဖြတ်ခြင်း၏ မြင်ကွင်းကို သူတို့ ကြိုမြင်နိုင်နေပြီဖြစ်သည်။

 

 

 မီးတောက်လောင်နေတာကိုမြင်တော့ ဘန်နီက ဖန့်ကျင်း ရဲ့ ပို့စ်ကို တရားဝင် forward လုပ်ပြီး နှုတ်ခမ်းသားကိုရိုက်နှိပ်ထားတဲ့ ကတ်တွေကို ဘယ်လိုရယူရမလဲဆိုတာကို ရှင်းပြခဲ့သည်။

 

 

 ထိုအချိန်တွင် ကျန်းရန်က ထိုဗီဒီယိုကို ရှစ်ကြိမ်တိုင်တိုင် ဖွင့်ခဲ့သည်။ ဖန်သားပြင်ပေါ်တွင် တစ်နည်းနည်းဖြင့် ခံစားနိုင်တဲ့ pheromone များက ရူးသွပ်လာခဲ့သည်။  နှုတ်ခမ်းနီရောင်းရုံပဲ မဟုတ်ဘူးလား။ ပရိတ်သတ်ရဲ့ နှလုံးသားကို ဘာကြောင့် ဒီလိုစမ်းသပ်ရတာလဲ။

 

 

ကျန်းရန် သူမမျက်နှာကို ကိုင်ကာ အိပ်ရာထဲ အမြန်သွားခဲ့သည်။  တကယ်တော့ အမျိုးသားကြယ်ပွင့်တွေက မယုံနိုင်လောက်အောင်ပဲ။