အပိုင်း ၁၂
Viewers 2k

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

 

အပိုင်း ၁၂

 

 

 

အပြင်ဖက်တွင် မိုးခြိန်းသံများ မြည်ဟိန်းနေပြီး ကုမိသားစုမှာ လန့်ဖြန့်နေကြသည်။

 

 

ဤမိုးရွာသောနေ့တွင် သားအကြီးဆုံးမှာညမိုးထဲလေထဲတွင် အိမ်ကိုတိတ်တဆိတ် ပြန်ရောက်လာလေသည်။ကျန်းဆွေ့လန် အံ့အားသင့်ပြီး ပျော်ရွှင်နေသည်။ သူမ သူ့ကိုအမြန်အိမ်ထဲသို့ ဆွဲခေါ်လိုက်ပြီး သားငယ်ကိုအိပ်ပျော်နေသော ကုမန်ဆန်အား သွားခေါ်ခိုင်းသည်။သူမလက်ကို အေပရွန်နှင့် သုတ်လိုက်ပြီး တတွတ်တွတ်ပြောနေတော့သည်။

 

 

ကုချွင်မေလည်း သူမအစ်ကိုကို တွေ့လိုက်ရ၍ အလွန်ပျော်ရွှင်သွားပြီး မီးဖိုချောင်ထဲသို့ ဟင်းချက်ရန်ဝင်သွားတော့သည်။

 

 

လင်းယောင် အမြန်သွားကူလိုက်ပြီး ရုတ်တရက် သူမခင်ပွန်းဖြစ်သူကို တွေ့လိုက်ရသည်။ သူမမှာ ဘာမျှမပြင်ဆင်ထားရသေးချေ။

 

 

"မင်းကအဲ့လိုပဲ။ အပြင်မှာ မိုးတွေဒီလောက်သည်းနေတာကို။ ဘာလို့မင်းအဖေကို ဖုန်းဆက်ပြီး ဘူတာကိုလာမကြိုခိုင်းတာလဲ? မင်းအဖေ ပင်ပန်းမှာစိုးလို့လား? မင်းအဖေက ဘာလို့ပင်ပန်းရမှာလဲ? လူတိုင်းကအတူတူပဲ။စိတ်မပူနဲ့။ ခြံထဲမှာ မိုးရွာလေတိုက်နေတာ။ စိုရွှဲလာတာကြည့်ပါဦး။ အိမ်ထဲသွား အဝတ်လဲပြီး ရေနွေးလေးနဲ့ရေချိုးလိုက်။ မဟုတ်ရင် အအေးမိသွားလိမ့်မယ်"

 

 

ကုရှီအန်းမှာ သူ့အမေ တဗျစ်တောက်တောက် ပြောနေသည်ကို နားထောင်ပြီး ကြီးပြင်းလာခဲ့ကာ ကျင့်သားရနေပြီဖြစ်သည်။ စစ်တပ်ထဲတွင် သူစစ်ဝတ်စုံကိုနေ့တိုင်းလဲပြီး ရေလည်းနေ့တိုင်းချိုးလေသည်။ သူပြန်လာတော့ မိုးကာအင်္ကျီဝတ်လာသည်ဖြစ်လေရာ လက်ကိုဆပ်ပြာနှင့် ရေနှင့်ဆေးပြီးပြီဖြစ်၍ ရေချိုးရန် သို့မဟုတ် အင်္ကျီလဲရန် မလိုအပ်တော့ပေ။

 

 

ကျန်းဆွေ့လန်မှာ ဒီလိုညစ်ပတ်သည့် အပြုအမူနှင့် ကျင့်သားမရသေးသည်ဖြစ်ရာ သားဖြစ်သူကို ဆူပူကာ တံမြက်စည်းအသေးလေးနဲ့ပင် ရိုက်တော့သည်။ "ဒီညစ်ပတ်တဲ့ ကောင်လေးကတော့ စကားနားမထောင်ပဲရေမချိုးဘူး။ မင်းအမေကို နံပြီးသေစေချင်လို့လား?"

 

 

ကုမန်ဆန်မှာ အိပ်ယာစောစောဝင်နေကျဖြစ်သည်။ သူအခန်းထဲတွင် ဟောက်နေသည်ဖြစ်ပြီး ကုရှီတုန်း သူ့ကိုလာနှိုးတော့ အကြီးဆုံးသား ပြန်ရောက်ပြီဖြစ်ကြောင်းသိလိုက်ရသည်။

 

 

သူအိပ်ယာထဲက ချက်ချင်းထလိုက်ပြီး သူ့သားကို တွေ့ရန် စိတ်လှုပ်ရှားစွာလာတော့သည်။ သူအိမ်ထဲကိုဝင်လျှင်ဝင်ချင်း သူ့မိန်းမမှာ သားဖြစ်သူကို တံမြက်စည်းနှင့်ရိုက်နေသည်အား တွေ့လိုက်ရသည်။

 

 

ကုမန်ဆန် ဝင်ဖျောင်းဖျတော့သည်။ "ဆွေ့လန် မင်းဘာလုပ်နေတာလဲ? ဘာလို့ ကလေးကိုရိုက်နေတာလဲ။တကယ်လို့ ရိုက်ချင်တယ်ဆိုရင်လည်း မင်းဒေါသပြေဖို့ငါ့ကိုပဲရိုက်"

 

 

ကုရှီတုန်းလည်း ခုန်ဝင်လာပြီး လက်ကိုဆန့်တန်းပြီး ကုရှီအန်းကို ကာကွယ်လိုက်ကာ သနားစရာမျက်နှာလေးနှင့် "အမေ အစ်ကိုကြီးကို မရိုက်ပါနဲ့။ ကျွန်တော် သူ့အစားအရိုက်ခံပါ့မယ်!"

 

 

ကျန်းဆွေ့လန်မှာ ရုတ်တရက် ကြောင်သွားပြီးနောက် ဒေါသထွက်ထွက်နှင့် ရယ်နေတော့သည်။ ကောင်းပြီလေ။ သူ့သားကြီးတွင် အရမ်းချစ်တတ်သော အဖေနှင့် သိတတ်သောညီလေးတစ်ယောက်ရှိနေသည်။ သူမသာဤမိသားစုထဲတွင် ဆိုးယုတ်နေသည့်သူပင်။ သူတို့အားလုံးမှာ လူကောင်းများပင်!

 

 

ကျန်းဆွေ့လန် လှောင်ပြုံးပြုံးလိုက်ပြီး ကုမန်ဆန်နှင့် သူ့သားတုန်ယင်သွားသည်။

 

 

လင်းယောင် တံခါးမှ ရှင်းရှင်းလင်းလင်း ကြားလိုက်ပြီး သက်ပြင်းသာချနိုင်ကာ သကြားညို၊ ဝိုင်နှင့်ဥများကိုသာ ယူလာပေးလိုက်သည်။

 

 

"အဒေါ် မီးဖိုချောင်ထဲက ကြွေပြားတစ်ချပ်ကမိုးယိုနေတယ်။ သွားကြည့်ပါလားဟင်?"

 

 

"ဘယ်တုန်းက အဲ့လိုဖြစ်သွားတာလဲ? မနေ့ကအကောင်းကြီးပါ? ဘယ်လိုဖြစ်ရတာပါလိမ့်?"

 

 

"အခုတော့ အစ်မချွင်မေက အဲ့မှာဇလုံလေးခံထားတယ်"

 

 

"ဇလုံလေးထားလို့ ဘယ်လိုရမှာလဲ? အဲ့ဒါကိစ္စသေးသေးမဟုတ်ဘူး။ အဒေါ်သွားကြည့်လိုက်မယ်"

 

 

ထိုအချိန်၌ ခြံဝန်းထက်တွင် နောက်ထပ်မိုးခြိမ်းသံခပ်အုပ်အုပ်ကိုကြားလိုက်ရသည်။ ကျန်းဆွေ့လန် ယောက်ျားသား ယောက်ကို ဂရုမစိုက်ပဲ စစ်ဆေးရန်မီးဖိုချောင်သို့ မြန်မြန်သွားတော့သည်။

 

 

ကျန်းဆွေ့လန် ထွက်သွားသွားချင်းပင် ကုရှီတုန်းမှာသက်ပြင်းချလိုက်ပြီး လက်ဆန့်ကာ သူ့ပါးများကိုပွတ်လိုက်၍ လင်းယောင်ဘေးတွင် ထိုင်ချလိုက်သည်။ "မရီး မရီးက အကောင်းဆုံးပဲ။ စကားတစ်ခွန်း နှစ်ခွန်းပြောပြီးအမေသွားရော။ မရီးသာမလာရင် ကျွန်တော်ဖင်ပုပ်တော့မှာ"

 

 

ကုမန်ဆန်လည်း ရိုးသားစွာပြုံးလိုက်သည်။ "ယောင်ယောင်က ဉာဏ်ကောင်းပြီး မွေးလာမယ့်ကလေးတွေကလည်း ဉာဏ်ကောင်းကြမှာ"

 

 

လင်းယောင် -  "!!!"

 

 

ဦးလေးမန်ဆန် မပြောတတ်ရင်လည်း ဘာမှမပြောပါနဲ့ ဟုတ်ပြီလား?

 

 

လင်းယောင် ရှက်လွန်းလို့ ကြောင်တောင်တောင်လေးသာပြုံးပြနိုင်သည်။ သူမ စားပွဲပေါ်သို့ သကြားညိုနှင့်ဆေးဘဲဥကိုတင်လိုက်ပြီး ကုရှီအန်းအားပြောခဲ့သည်။ "ပူတုန်းစားလိုက်နော်"

 

 

ကုရှီအန်း ပန်းကန်ထဲရှိ ဆေးဘဲဥများကိုကြည့်လိုက်သည်။ ပန်းကန်ကြီးထဲမှာ ဆေးဘဲဥ လုံး လုံးပါသည်။ အရောင်အသွေးမှာ လှပပြီးမွှေးပျံ့နေလေသည်။ သေချာဂရုတစိုက် လုပ်ထားပုံပင်။

 

 

သူခေါင်းအနည်းငယ်ငြိမ့်လိုက်ပြီး လင်းယောင်အားကျေးဇူးတင်လိုက်သည်။ "သေချာလုပ်ပေးထားတာကျေးဇူးပါ"

 

 

လင်းယောင်လက်ယမ်းလိုက်ကာ "အရမ်းမလုပ်ရပါဘူး။ အရမ်းမလုပ်ရပါဘူး။ မြန်မြန်စားလိုက်ပါ"

 

 

သူမ ထွက်သွားလို့ရအောင် တူကိုကိုင်လိုက်ပါတော့။

 

 

ကုရှီတုန်းမှာ သူ့ဘေးတွင်ရယ်နေလေသည်။ "မရီးကအစ်ကိုကြီးဗိုက်ဆာမှာကို စိုးရိမ်နေတယ်"

 

 

လင်းယောင် ထိုကောင်စုတ်လေးအား တိတ်တဆိတ်စိုက်ကြည့်လိုက်သည်။ "ကောင်စုတ်လေး အဓိပ္ပါယ်မရှိတာတွေမပြောနဲ့!"

 

 

ကုရှီအန်း၏ မျက်ခုံးများ ပျော့ပျောင်းသွားသည်။ သူ့အပြုံးက လင်းယောင်ကို နှလုံးခုန်မြန်သွားစေသည်။

 

 

ရှင်က ဘာကိုရယ်နေတာလဲ?

 

 

သူ့ခင်ပွန်းက သူမ သူ့ကိုစိတ်ဝင်စားနေတယ်လို့ထင်မသွားဘူးမလား။

 

 

လင်းယောင် ခေါင်းရှုပ်နေလေသည်။ ပြောရမည်ဆိုလျှင် ကုရှီအန်းမှာ ဤနှစ်တွင် ၂၈ နှစ်သာရှိသေးသည်။ထိုသို့ ငယ်ငယ်ရွယ်ရွယ်တွင်ပင် သူတို့ ယောက်လက်ထပ်ခဲ့ကြသည်။ ယခင်မျိုးဆက်များ၏ မျက်လုံးထဲတွင်တော့ လက်ထပ်ပြီးသည့်နောက် သူမတို့မှာခင်ပွန်းနှင့်ဇနီးဟူ၍ပင်။

 

 

ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူတို့မှာ အိပ်ယာတစ်ခုတည်းတွင်အိပ်ရမည်ဖြစ်ကာ ကုအိမ်ရှိ အခန်းများအားလုံးမှာလည်းပြည့်နေလေသည်။

 

 

ကုရှီအန်းပြန်လာတော့ ညရောက်ရင်သူ သူမနဲ့တစ်ခန်းထဲအိပ်ချင်ကာ လင်မယားအရာမြောက်အောင် လုပ်ချင်လျှင် ဘယ်လိုလုပ်မည်နည်း?

 

 

လင်းယောင် လန့်ဖြန့်သွားသည်။ သူမ ကုရှီအန်းကိုနောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။ ထိုသူကစစ်တပ်ယူနီဖောင်းကို ချွတ်လိုက်ကာ သန့်နေသော အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားသည်။ လက်များကို ခေါက်တင်ထားပြီး သွယ်ပြီးသန်မာသောလက်များကို တွေ့နေရသည်။ သူ့မျက်ခုံးများမှာ တန်းနေပြီး သူ့မှာအင်မတန်ပင်ချောမောလှပေသည်။

 

 

ပြောရမည်ဆိုလျှင် ကုရှီအန်းမှာ ခြံဝန်းထဲတွင် ရှားပါးပြီးထူးချွန်သောသူပင်။ အဘိုးကုကသာ သူ့မြေးအတွက် ငယ်ငယ်လေးတည်းက ကြိုစေ့စပ်မထားခဲ့လျှင် မိန်းကလေးများမှာ သူ့ကိုရဖို့ အသည်းအသန်ကြိုးစားကြမည်ဖြစ်ပြီး လင်းယောင်ပင် ရမည်မဟုတ်ချေ။ သူမမှာ ကုမိသားစုထဲသို့ မတော်တဆ လက်ထပ်ဖြစ်သွားခဲ့၍သာ။

 

 

သူမအရှေ့တွင်ရှိနေသော ကုရှီအန်းမှာ အတော်လေးဆွဲဆောင်မှုရှိသည်ကိုတော့ ဝန်ခံပါသည်။ သို့သော်လည်းသူမနှင့်ကုရှီအန်းမှာ ... တွေ့တွေ့ချင်း တစ်ခန်းတည်းအတူအိပ်ရလောက်အောင် မရင်းနှီးကြပေ!

 

 

ထမင်းချဉ်နှင့် ကြက်ဥတို့မှာ အလွန်ပင်အာဟာရပြည့်ဝလေသည်။ အထူးသဖြင့် မိုးရွာပြီးအအေးမိလျှင် တစ်ခွက်လောက် သောက်လိုက်တာ ကျန်းမာရေးကိုပြန်လည်ကောင်းမွန်နိုင်စေလေသည်။

 

 

နှစ်အနည်းငယ်အကြာက ကုမန်ဆန်မှာ တတိယအဆင့်အလုပ်သမားတစ်ယောက်သာ ဖြစ်ခဲ့ကာ သူ့လခမှာတစ်လလျှင်ယွမ် ၃၀ သာ။ ကုရှီအန်းနှင့် ညီမဖြစ်သူတို့မှာကျောင်းတက်နေဆဲဖြစ်ပြီး မိဘ၂ပါး၏ တစ်လဝင်ငွေယွမ် ၅၀ အပေါ်တွင်သာ မှီခိုနေခဲ့ရသည်။

 

 

ကုမိသားစုဝင် ငါးယောက်မှာ အစားအသောက်၊အဝတ်အစား၊ဖတ်စာအုပ်များနှင့် ကလေးများ၏ ကျူရှင်ခများ၊အခြား အထွေထွေ အသုံးစရိတ်များ အစရှိသည်တို့က သူတို့ကိုအလွန်ပင် ခက်ခဲစေလေသည်။

 

 

ထိုသို့ခက်ခဲသောအခြေအနေတွင် ဆောင်းရာသီတစ်ခု၌ လေအေးမှာ သူမမျက်နှာကို ဓါးတစ်ချောင်းကဲ့သို့ တိုက်ခတ်နေလေသည်။ ကျန်းဆွေ့လန် ဝက်မွေးမြူရေးမှဝက်များကို အစာကျွေးပြီး ပြန်လာသောအခါ သူမနှင်းတောထဲလဲကျသွားပြီး အူရောင်ငန်းဖျားကူးစက်သွားတော့သည်။ အိမ်တွင်သာ ပြန်ကောင်းလာခဲ့ရသည်။ သူမသကြားညို ဆေးဘဲဥတစ်ပန်းကန်စားချင်ခဲ့လေသည်။

 

 

ထိုအချိန်တွင် ကုမိသားစုမှာ အလွန်ပင်ဆင်းရဲခဲ့လေသည်။ သူတို့မှာကြက်ဥများကိုပင် မဝယ်နိုင်ချေ။သကြားညိုဆိုလျှင် ပြောပင်မနေနှင့်တော့။

 

 

ထိုအချိန်တွင် ဦးလေးကျန်းတို့ မိသားစုမှ ကြက်ဥ လုံး လုံးပို့ပေးခဲ့လေသည်။

 

 

ကုရှီအန်းမှာ ကျောင်းဆင်းပြီး ကောင်တီဆန်စပါးရုံတွင် ဆန်များကို ကူသယ်နေလေသည်။ တစ်အိတ်ကို ပြားဖြစ်သည်။ သူ ငွေမလိုပေ။ သကြားညိုတံဆိပ်ခေါင်း၂ ခုသာလိုလေသည်။ သူတစ်အိတ်ပြီး တစ်အိတ်သယ်နေခဲ့သည်။ တစ်ပတ်ကြာသယ်ပြီးသောအခါ သူ့ပုခုံးများပွန်းတော့သည်။ သွေးထွက်ပြီး သကြားညိုလက်မှတ်နှင့် လဲလှယ်နိုင်ခဲ့လေသည်။

 

 

ထိုညတွင် ကျန်းဆွေ့လန်မှာ သကြားညို၊ဝိုင်နှင့်ဥများကိုစားသောက်နိုင်ခဲ့လေသည်။

 

 

သူမတစ်ယောက်တည်း မစားသောက်ပေ။ ကုမိသားစု ယောက်လုံး အတူတူစားသောက်ခဲ့ကြသည်။

 

 

နောက်နှစ်တွင် ၁၈ နှစ်အရွယ် ကုရှီအန်းမှာ အထက်တန်း ကျောင်းပြီးသွားပြီး စစ်တပ်ထဲဝင်သွားခဲ့သည်။ ထိုအချိန်ကစပြီး သူအိမ်ကိုပြန်လာသည့်နှစ်တိုင်း သကြားညို၊ဝိုင်နှင့် ကြက်ဥများစားလေသည်။

 

 

စားပွဲပေါ်ရှိကြွေပန်းကန်မှ သကြားညိုများပူနွေးနေလေသည်။ ကုရှီအန်း မိုးထဲလေထဲတွင် အိမ်သို့ပြန်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ အမှန်ပင်စိုကာ အေးနေလေသည်။ သကြားညိုအရည်ကို သောက်လိုက်တော့ ထိုသည်တို့ ပျောက်ကင်းသွားသည်။ သူ့ခန္ဓာကိုယ်မှာ နွေးထွေးကာ သက်တောင့်သက်သာ ရှိနေလေသည်။

 

 

ဆေးဘဲဥများမှာ ချိုလွန်း၍ ကုရှီအန်း အလုတ်ကြီးကြီးစားနေသည်။ တစ်လုံးကို တစ်ကိုက်စာလောက်ပင်။ ခဏကြာသောအခါ ဆေးဘဲဥတစ်ပန်းကန်လုံးပြောင်သွားလေသည်။

 

 

ကုရှီအန်းမျက်ခုံးများ ပြေလျော့သွားပြီး သူလင်းယောင်ကို တစ်ခုခုပြောတော့မလို့ပင်။

 

 

မမျှော်လင့်ထားစွာပင် မျက်နှာချင်းဆိုင်တွင်ထိုင်နေသောထိုမိန်းကလေးမှာ ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ သူ့ကိုစိတ်ဆိုးမာန်ဆိုးနှင့် ကြည့်ပြီး ယုန်လေးတစ်ကောင်လို ထွက်ပြေးသွားတော့သည်။

 

 

ထိုအကြည့်ကြောင့် မသိသည့်လူများမှာ ကုရှီအန်း သူမကိုမကောင်းကြံသည်ဟု ထင်သွားပေလိမ့်မည်။

 

 

သူ့မရီး ထွက်ပြေးသွားတာကိုတွေ့တော့ ကုရှီတုန်းမှာပူပင်သွားတော့သည်။ သူနှင့်သူ့မရီးမှာ ဤရက်များတွင်အရမ်းသင့်မြတ်နေကြသည်ပင်။ သူပူပင်သွားပြီးသူ့အစ်ကိုကို အပြစ်တင်တော့သည်။

 

 

"အစ်ကိုကြီး အစ်ကိုကြီးကို အပြစ်တင်မယ်။ ဘာလို့အရမ်းအေးစက်နေရတာလဲ? မရီးကို စိတ်ဆိုးအောင်လုပ်လိုက်ပြီဆိုတော့ ခုညကြမ်းပြင်မှာပဲ အိပ်ပေတော့"

 

 

ကုမန်ဆန်လည်း မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်။ "အမှန်ပဲ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်က အဲ့လိုမျက်နှာသေကြီး ဖြစ်မနေသင့်ဘူး။ အန်းဇီ မင်းဇနီးအပေါ်ကို ပိုပြီးညင်သာဖို့ သင်ယူရမယ်။ ယောင်ယောင်ကလိမ္မာတဲ့ ကလေးပါ။ သူက ငါတို့အပေါ်တကယ်ကောင်းတာတောင် မင်းကသူ့ကိုကြောက်အောင် လုပ်လိုက်တယ်။ မင်းအမေ မင်းကိုရိုက်တာ မအံ့ဩတော့ဘူး"

 

 

မတွေးတတ်အောင်ပင် ဖြစ်သွားရသော ကုရှီအန်း - "..."

 

 

သူထိုသို့မျက်နှာ သေဖြစ်နေဖို့ မရည်ရွယ်ခဲ့ပေ။ သူ့မှာ စစ်တပ်ထဲတွင် လူသစ်များအား ကျင့်ပေးနေရသည်ကိုအသားကျနေခဲ့ခြင်းသာ။

 

 

ထိုညတွင်မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးများလေများတိုက်ခတ်ကာ လမ်းသွားလမ်းလာများမှာ မျက်လုံးများမဖွင့်နိုင်အောင်ပင်။

 

 

ခြံဝန်းထဲရှိရွှံ့ရေမှာ ခြေကျင်းဝတ်သို့ပင် ရောက်သည်။ကျန်းဆွေ့လန် တစ်ချက်ကြည့်ရန်အတွက် မီးဖိုချောင်သို့သွားလိုက်သည်။ ဤရက်များတွင် လေတိုက်မိုးရွာနေပြီး အမိုးရှိအုတ်ပြားများမှာ လျော့တိလျော့ရဲဖြစ်နေကာ ရေယိုနေလေသည်။

 

 

ကျန်းဆွေ့လန် ဖိနပ်စီးလိုက်ပြီး ရွှံ့ရေကိုဖြတ်ကာအိမ်ထဲပြန်ဝင်သွားသည်။ သူမလက်ဆေးမျက်နှာသစ်လိုက်ပြီး ကြာစွယ်မှုန့်တစ်ခွက်ကို ချက်ကာ သောက်သည်။ သူမသဘက်တစ်ထည်ယူပြီး အိပ်ယာစွန်းတွင်ထိုင်ကာ ခေါင်းသုတ်နေလိုက်သည်။

 

 

ကုမန်ဆန်ခြင်များကို မောင်းထုတ်ရန် ထောင့်တွင်သစ်နံကိုင်းကို မီးတို့လိုက်သည်။

 

 

ကျန်းဆွေ့လန်မှာ မီးဖိုချောင်ရှိအုတ်ကြွပ်များမှာအခြေအနေမကောင်းဟုဆိုကာ ကုမန်ဆန်ကို အချိန်ဖဲ့ပြီးလှေကားနှင့် ၎င်းတို့ကိုပြန်ပြင်ခိုင်းလေသည်။

 

 

ပူစရာမလိုပေ။ ကုမန်ဆန်မှာ စက်ပြင်သမားတစ်ယောက်ဖြစ်သည်။သူကျေးလက်တောရွာတွင် နေခဲ့တုန်းကလည်း ဝမ်းစာအတွက် အုတ်စီသည့်သူလုပ်ခဲ့သည်။ အခုသူအိုပြီဆိုသော်ငြား ဒီလောက်တော့ လုပ်နိုင်သေးသည်။

 

 

ကုမန်ဆန် ပြန်ဖြေလိုက်သည်။

 

 

ကျန်းဆွေ့လန် ဆံပင်ခြောက်အောင် သုတ်လိုက်ပြီး သူ့ကိုလည်း ကြာစွယ်ကော်ရည်သောက်ခိုင်းသည်။ "ဒီကြာစွယ်ကော်ရည်က ချိုပြီး မုယောနို့ထက်တောင်ပိုပြီးကောင်းသေးတယ်။ ယောင်ယောင်က အဲ့ဒါကိုကျွန်မတို့ခန္ဓာကိုယ်အာဟာရဖြစ်စေဖို့ ဆိုပြီး ဝယ်လာပေးတာ။ကလေးကို စိတ်မပျက်စေချင်လို့"

 

 

ကုမန်ဆန်မှာ သူ့ချွေးမ သူ့အတွက် ဝယ်လာသောကြက်သားကိတ်ကို တွေးမိသွားပြီး သူ့မျက်နှာတွင်အပြုံးကိုမဖုံးကွယ်ထားနိုင်ပေ။ "ယောင်ယောင်က တကယ့်ကိုလိမ္မာတဲ့ကောင်မလေး။ ငါတို့အန်းဇီတော့ ဘုရားကောင်းချီးပေးတာပဲ"

 

 

ကျန်းဆွေ့လန်ခေါင်းငြိမ့်သည်။ "ယောင်ယောင်နဲ့လက်ထပ်ဖြစ်လိုက်လို့ တော်သေးတယ်။ လင်းတာ့ကော်သမီးလင်းဟုန်နနဲ့သာဆိုလို့ကတော့ နာမည်ပျက်ရမှာ။ကျွန်မ ရှင့်ကိုပြောနေတာ။ ဘေးခန်းကိုသွားပြီး ဒီညအန်းဇီကို သုန်ဇီရဲ့အခန်းမှာအိပ်ဖို့ပြင်ပေးမလို့"

 

 

ကုမန်ဆန် ခေါင်းကုတ်လိုက်ပြီး သိပ်နားမလည်ပေ။ "အန်းဇီ နောက်ဆုံးမှာပြန်လာတာ။ ဘာလို့ သူတို့အတွဲကိုပိုပြီးရင်းရင်းနှီးနှီး မနေခိုင်းတာလဲ? ဘာလို့ သူက သုန်ဇီရဲ့အခန်းမှာအိပ်မှာလဲ?"

 

 

ကျန်းဆွေ့လန် နှုတ်ခမ်းတွန့်လိုက်ပြီးပြောသည်။ "ရှင်ကဉာဏ်မမီလို့ ရှင်းမပြတတ်တော့ဘူး"

 

 

ယောက္ခမတစ်ယောက်အနေနှင့် သူမထိုကလေး ယောက်ကို တစ်ခန်းတည်း အိပ်စေချင်သော်လည်း ယောင်ယောင်ကတော့ ထိုသို့မဖြစ်ချင်လောက်ဘူးမဟုတ်လား?

 

 

ယောင်ယောင်မှာ ပြုံးနေပြီး စိတ်ထားနူးညံ့ကာ စကားပြောရလွယ်သော်လည်း အမှန်တော့ ထိုကလေးမှာ သူ့အမေကဲ့သို့ပင် ခေါင်းမာလေသည်။

 

 

ယောင်ယောင် ကုမိသားစုထဲသို့ လက်ထပ်လိုက်သည်မှာ မှန်သော်လည်း အန်ဇီမှာ ယောင်ယောင်၏ နှလုံးသားထဲသို့ မဝင်ရောက်နိုင်သေးတာကို သူမတွေ့ရသည်။

 

 

ဒါတောင် ဒီလူကြီးက ကလေး ယောက်ကို လင်မယားအရာအထမြောက်ဖို့ အတူတူ အိပ်စေချင်နေတယ်။

 

 

ဘယ်လောက်ကောင်းလိုက်တဲ့ အတွေးလဲ!

 

 

ထို့ကြောင့် ကုရှီအန်း အိမ်ပြန်ရောက်သော ပထမဆုံးညတွင် သူနှင့်အမေဖြစ်သူတို့မှာ အငယ်ကောင်လေးနှင့်အတူ အိပ်ယာပြင်ရန် သွားကြတော့သည်။