၅၀
ခုနှစ်က ဇနီးအလိမ္မာလေး
အပိုင်း
၁၁
ကုရှီအန်း
ပြန်မရောက်ခင် ယွင်ရွှေကောင်တီတွင် ကိစ္စကြီးကြီးတစ်ခု ဖြစ်ခဲ့လေသည်။
အမြဲတမ်း
အေးချမ်းခဲ့သော ယွင်ရွှေကောင်တီတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဓါးပြတိုက်သူတစ်ဦး
ရှိခဲ့လေသည်!
ကိုယ်ဝန်ဆောင်
အမျိုးသမီးမှာ ကောင်တီရုပ်ရှင်ရုံတွင် လက်မှတ်ရောင်းသူ ဖြစ်လေသည်။ ဤရက်များတွင် ရုပ်ရှင်ရုံတွင်
အလုပ်လုပ်သူများမှာ ရဲဘော်များ၏ သားသမီးများ ဖြစ်ကြလေသည်။ မိသားစုများမှာ အခြေအနေကောင်းပြီး
ကြည့်ကောင်းကာ ကောင်းကောင်းလည်း လက်ထပ်နိုင်ကြလေသည်။
ကိုယ်ဝန််ဆောင်အမျိုးသမီးမှာ အသက် ၂၀ အရွယ် ဝတ်တတ်စားတတ်သော
အမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်ရှင်လက်မှတ်များရောင်းချကာ ငွေသိမ်းလေသည်။ အားနေသောအချိန်အများစုတွင်
ကွာစေ့စား သို့မဟုတ် မှန်ရှေ့တွင်နှုတ်ခမ်းနီဆိုးနေလေသည်။ သူမ ဆံပင်ကို အခွေအလိပ်လေးများ
လုပ်ထားလေသည်။
အပြင်ထွက်သောအခါ
ပန်းပွင့်ဂါဝန် သို့မဟုတ် လယ်သာကြိုးသိုင်းဖိနပ်များ ဝတ်လေသည်။ ထီးကိုင်ပြီးလမ်းပေါ်တွင်
လမ်းလျှောက်သောအခါ ချမ်းသာပြီး ပိုက်ဆံမပြတ်လပ်သော လူတစ်ယောက်ပုံစံပင်!
ယခုအချိန်တွင်
ခေတ်အစားဆုံးမှာ တရုတ်ရိုးရာအမျိုးသမီးဝတ်စုံများ ဖြစ်ကြလေသည်။ မြို့ကြီးပြကြီးများကဲ့သို့
အနောက်တိုင်း ပုံစံအဆောက်အဦးများ လမ်းဘေးတွင်ရှိနေလေကာ ဝတ်တတ်စားတတ်အမျိုးသမီးလေးများ
လမ်းပေါ်တွင် သွားလာနေကြသည်။
တရုတ်ပြည်သူ့
သမ္မတနိုင်ငံထူထောင်နေချိန်တွင် ယွင်ရွှေကောင်တီရှိ ပြည်သူ့လုံခြုံရေးမှာ အရမ်းမကောင်းပေ။
ထိုအချိန်တွင် တပ်ပြေးများ၊ဓါးပြများနှင့် ရန်သူ့အေးဂျင့်များ စသဖြင့် ရောနှောနေပေသည်။
ထိုအချိန်တွင်
စစ်မြေပြင်ရှိ စစ်သားအများအပြားမှာ မွေးရပ်မြေသို့ ပြန်လာကြကာ ရဲအရာရှိများ လုပ်ကြလေသည်။
ကျေးလက်တောရွာဖက်တွင်ရှိသော ရဲဘော်များနှင့်အတူ ဓါးပြများကို နှိမ်နင်းပြီး ရန်သူ့အေးဂျင့်များကိုနှိမ်နင်းကာ
နေရာမျိုးစုံတွင် ပြည်သူ့လုံခြုံရေးပတ်ဝန်းကျင်ကို တည်ဆောက်ရန် တောင်တန်းများဆီသွားကြသည်။
၅၃ နှစ်ကြာသောအခါ ယွင်ရွှေကောင်တီရှိ လူမှုရေးပတ်ဝန်းကျင်မှာ
လုံးဝပြောင်းလဲသွားချေသည်။ရံဖန်ရံခါခိုးမှုများဖြစ်ပွားပြီး သူခိုးများကိုလျင်မြန်စွာပင်
နှိမ်နင်းလေသည်။
ယွင်ရွှေကောင်တီရှိလူများမှာ
အေးချမ်းပြီး ရောင့်ရဲတင်းတိမ်နေကြကာ ဆယ်ကျော်သက် မိန်းကလေးများမှာ ညပိုင်းတစ်ယောက်တည်း
ထွက်ရမှာကိုလည်း မကြောက်ကြပေ။
ထို့ကြောင့်
ကိုယ်ဝန်ဆောင် ချွေးမလေးမှာလည်း ထိုသို့မမျှော်လင့်ထားပဲ မိုးရွာသောနေ့တွင်အလုပ်ဆင်းသောအခါ
လမ်းလျှောက်ပြန်ရန် သူမ အိမ်နားမှ လူရှင်းသော လမ်းကလေးကိုရွေးလိုက်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ
ရဲရင့်ပြီး ဂရုတစိုက်လည်းရှိလေသည်။ သူမ ထိုလူ၏ လက်ကိုကိုက်လိုက်ပြီး နာသွားသည်ကို အခွင့်ကောင်းယူကာ
ထိုလူသူမကိုလွှတ်လိုက်တော့ သူမကိုယ်သူမ ခုခံရန်ယူလာသောထီးကိုကောက်လိုက်ကာ ပထမဆုံး ထိုလူသန်ကြီး၏
ခေါင်းနှင့်မျက်နှာကိုချလိုက်သည်။ ထို့နောက် လှည့်လိုက်ကာ လမ်းဖက်ကို မြန်နိုင်သမျှ
မြန်မြန်ပြေးတော့သည်။
ကံကောင်းစွာနှင့်
လမ်းဘေးတွင် ဘတ်စ်ကားမှတ်တိုင်တစ််ခုရှိသည့်အပြင် ယာဥ်ကြောပိတ်ဆို့မှုများစွာလည်းဖြစ်နေလေသည်။
ချွေးမဖြစ်သူမှာ ဤနေရာတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူမ ပြေးပြီး အကူအညီတောင်းလိုက်ကာ
အနားတွင်ရှိသောဘတ်စ်ကားမှတ်တိုင်မှ ကားမောင်းသူနှင့် ခရီးသည်များကြားသွားပြီး ကိုယ်ဝန်သည်အမျိုးသမီးကို
ကယ်ဆယ်ရန်ပြေးလာကြသည်။
အခြေအနေမကောင်းသည်ကို
တွေ့တော့ ဓါးပြတိုက်သည့်သူမှာ လှည့်ပြေးကာမိုးရွာထဲတွင် ပျောက်ကွယ်သွားတော့သည်။
ထိုက်ိစ္စဖြစ်သည်နှင့်
ယွင်ရွှေကောင်တီတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ယွင်ရွှေကောင်တီတွင်
လူဦးရေထောင်ပေါင်းများစွာရှိသည်။ မည်သည့်မိသားစုတွင် ချွေးမ၊ လက်ထပ်မည့်သမီး သို့မဟုတ်
ကျောင်းတက်နေသော သမီး မရှိပဲနေမည်နည်း? အရင်ကတော့ ပြည််သူ့လုံခြုံရေးမှာကောင်းခဲ့လေကာ
မိဘများမှာ သူတို့သမီးများ အပြင်သွားသည်ကိုစိတ်ချလက်ချနေနိုင်ကြလေသည်။
လွတ်လပ်ရေးရပြီးနောက်
နှစ်ပေါင်းအနည်းငယ်အတွင်းတွင်ပင် ဓါးပြတိုက်ပြီးလူများကိုထိခိုက်အောင်လုပ်သည့်သူများ
ရှိမည်ဟု မည်သူက ထင်ခဲ့မည်နည်း?
ထို့အပြင်
ထိုသူမှာနေရာတွင် ထွက်ပြေးခဲ့လေသည်။ သူပြန်ပေါ်လာပြီး အခြားသူများကို ထိခိုက်အောင်လုပ်လျှင်ရော?
ရုတ်တရက်ပင်
ယွင်ရွှေကောင်တီရှိလူများမှာ တုန်လှုပ်သွားကြတော့သည်။ သမီးရှိသောအိမ်များမှာ သူတို့သမီးဖြစ်သူကို
အိမ်တွင်နေစေပြီး အပြင်မထွက်စေပေ။လမ်းပေါ်တွင် ဆိုင်ခင်းကျင်းထားသော လမ်းဘေးဈေးသည်များမှာ
ပို၍ပင်နည်းတော့သည်။
ကောင်တီပါတီ
ကော်မတီ၏ ဒါရိုက်တာမှာ အရာရှိဟောင်းဖြစ်ပြီး သူသည်လူများကို ထိခိုက်အောင်လုပ်သောသူများကို
မုန်းတီးလေသည်။ သူ့မုတ်ဆိတ်ကိုသပ်လိုက်ပြီး အလွန်ပင်ဒေါသထွက်လာတော့သည်။
ကောင်တီပြည်သူ့လုံခြုံရေးဌာနမှာ
ပြစ်မှုကျူးလွန်သောသူကို ရှာဖွေရန် အဖွဲ့တစ်ဖွဲ့လုံးကို မိုးရွာထဲသို့ စေလွှတ်လိုက်ကာ
အလွန်ပင် အလုပ်များနေတော့သည်။
*
ကျန်းဆွေ့လန်
ထိုသည်ကိုကြားသောအခါ ထခုန်မိတော့မလိုပင်။
သူမကြောက်လေသည်!
ဘယ်လောက်တောင်
ဆိုးဝါးနေလိုက်သလဲ။ ဒီလိုဓါးပြတိုက်သည့်လူများက အဘယ်ကြောင့်ရှိနေရသနည်း!
ကုမိသားစုတွင်
သမီး ၂ ယောက်ရှိလေသည်!
မဟုတ်ဘူး။
သူတို့နောက်တွင် ပိုပြီး သတိထားရပေမည်။
ကျန်းဆွေ့လန်
အိမ်ပြန်ရောက်ရောက်ချင်း သူမကြေညာလိုက်သည်။ "အခုတစ်လော လမ်းထဲမှာမအေးချမ်းဘူး။ယောင်ယောင်
ချွင်မေ နောက်ကျရင်မင်းတို့ ၂ ယောက်ကိစ္စမရှိရင်
အပြင်မထွက်နဲ့နော်။ ကောင်စုတ်လေး နင်ရောပဲ။ အိမ်မှာပဲနေပြီး အိမ်စာလုပ်။ ခိုးထွက်တာမိလို့ကတော့
ခြေထောက်ကို ရိုက်ချိုးပစ်မယ်!"
လင်းယောင်ပြုံးပြီး
ခေါင်းငြိမ့်လိုက်သည်။ ဘုရားသခင်က ဤရက်များတွင် သူ့အစွမ်းများကို ထုတ်ဖော်ကြွားဝါနေလေသည်။
နောက်တစ်နေ့တွင် မိုးရွာလေသည်။ ရွာပြီးချက်ချင်း တိတ်သွားသော မိုးကြိုးမုန်တိုင်းကဲ့သို့မဟုတ်ပေ။
ပုတီးစေ့ခန်းဆီးလေးကဲ့သို့ အတန်းလေးဖြစ်ကာ ပျော်စရာမကောင်းတော့ပေ။ ခေါင်မိုးမှာ မိုးယိုနေလေသည်။
ကုအိမ်မှာ
ခေါင်မိုးချပ်များကို လဲထားပြီးဖြစ်သောကြောင့် မိုးယိုမည်ကို ပူစရာမလိုပေ။
ခြံဝန်းထဲတွင်ရှိသော
အခြားမိသားစုများမှာ ကံမကောင်းကြပေ။ အထူးသဖြင့် အရှေ့ခြံဝန်းတွင်ရှိသော ကျန်းတာ့ချန်တို့
မိသားစုဖြစ်သည်။ သူ့ယောက္ခမအိမ်ကိုပြင်ဆင်မွမ်းမံတော့ ပိုက်ဆံချွေတာရန် ထောင့်များကိုအများကြီး
ဖြတ်ထားခဲ့လေသည်။
အပြင်တွင်မိုးသည်းထန်စွာ
ရွာနေလေသည်။ ကျန်းတာ့ချန်၏ အိမ်မှာ ရေနစ်နေလေတော့သည်။ မိုးမှာအိမ်တွင်ရှိသောအိုးခွက်များ
အကုန်ပြည့်သွားစေပြီး နင်းလိုက်သောအခါ စိုနေတော့သည်။
ကျန်းတာ့ချန်
စိုရွှဲနေသော သူ့လယ်သာရှူးကို ခါလိုက်ကာ သူ့ယောက္ခမကို ကျိန်ဆဲနေတော့သည်။
"မင်းတို့မကောင်းတဲ့ဟာတွေ
မင်းတို့လုပ်လိုက်တဲ့ဟာကိုကြည့်ဦး။ ကန်တင်းက စားဖိုမှူးကြီးမျက်နှာကိုအိုးမဲသုတ်တယ်..."
ကျန်းတာ့ချန်၏
ဇနီးဖြစ်သူမှာလည်း သက်သက်လွတ်သမားမဟုတ်ပေ။ ကျန်းတာ့ချန် သူမကို ရိုက်ရန်လုပ်သောအခါ
သူမခြံဝန်းတွင် အော်ဟစ်နေကာ စတီးစက်ရုံခေါင်းဆောင်များ၏ အာရုံကို ဆွဲဆောင်လိုက်သည်။
လင်းယောင်မိုးရှောင်ပြီး
အိမ်တွင်နေ့တိုင်း ကွာစေ့များသာစားနေလိုက်ကာ အပြင်မထွက်ဘဲ သာယာနေတော့သည်။ ညလယ်ပိုင်းတွင်
မိုးရွာပြီး ပန်းပင်များကိုရိုက်ခတ်သွားသည်။ သူမစောင်ထဲတွင် ကွေးလိုက်ပြီး အေးအေးချမ်းချမ်း
မျက်လုံးမှိိတ်ကာ မိုးရွာသောနေ့လေးတွင် ငြိမ်းချမ်းစွာပင် အိပ်ပျော်သွားတော့သည်..
ကုရှီတုန်းမှာလန့်ဖြန့်သွားသည်။
"အမေ သားကိုအခန်းမှောင်မှောင်ကြီးထဲမှာ သော့ခတ်ထားမလို့လား?"
ကုချွင်မေသူ့ကိုဆူတော့သည်။
"မင်းဘာပြောတာလဲ?ငါတို့မိသားစုက ခြံဝန်းကျယ်ကြီးထဲမှာနေတာ။ မှောင်နေတဲ့အခန်းသေးသေးလေးမရှိပါဘူး"
သူ့ရှီတုန်း
အဘိုးကြီးလေးလို နှုတ်ခမ်းစူလိုက်ပြီး"သားကိုအိမ်မှာပိတ်ထားပြီး အပြင်လည်းမထွက်ရဘူး။
ဘာလို့မှောင်နေတဲ့ အခန်းကျဥ်းကျဥ်းလေးထဲမှာပဲ ပိတ်မထားလိုက်တာလဲ?"
ကျန်းဆွေ့လန်
သူမသားပြောသည်ကို အဖက်ပင်မလုပ်ပေ။ သူမစကားကိုသာ မနာခံလျှင် ဖင်ကိုတုတ်ကြီးကြီးနှင့်
အချခံရပေမည်!
ကုရှီတုန်း
မျက်နှာလေး ညှိုးသွားပြီး ခေါင်းငိုက်စိုက်နှင့်ဘေးတွင်ထိုင်လိုက်ကာ ဘာမျှမပြောတော့ပေ။
လင်းယောင်
ရုတ်တရက် မေးခွန်းတစ်ခုတွေးမိသွားသည်။ "အဒေါ် အပြင်မှာမလုံခြုံဘူး။ အစ်မချွင်မေရုံးဆင်းရင်
ဘယ်လိုလုပ်ကြမလဲ?"
ကုချွင်မေများသောအားဖြင့်
ရုံးသွားရုံးပြန်စက်ဘီးလေးနှင့်သွားလေသည်။ သူမလမ်းတွင် ယင်းပင်သစ်တောက်ိုဖြတ်သွားရသည်။
ထိုနေရာမှာ ယခင်ကမီးသွေးတွင်းဖြစ်လေသည်။ လူနေအိမ်များရှိသော နေရာလည်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်
မီးသွေးတူးပြီး အပေါ်ရှိအိမ်များကိုဖြိုလိုက်ပြီး လူမနေတော့ပေ။ အစိုးရမှာလူများကိုနေရာရွှေ့ပြောင်းလိုက်ပြီး
မီးသွေးတွင်းကိုလည်းရွှေ့လိုက်သည်။ ကျန်ခဲ့သည်မှာ လူမနေသော ပျက်စီးနေသည့်အိမ်တစ်လုံးသာဖြစ်သည်။
မီးအိမ်လည်းမရှိပေ။
ညပိုင်းတွင် ခြောက်ခြားစရာကောင်းလွန်း၍ အနားရှိကလေးများအားလုံး ဝေးဝေးနေကြလေသည်။
တစ်ခုတည်းသော
အလုပ်သွားသည့် လမ်းသာမဟုတ်လျှင် ကုချွင်မေ ထိုသစ်တောကိုဖြတ်သွားမည်မဟုတ်ပေ။
ကျန်းဆွေ့လန်
တစ်ခဏကြောင်သွားပြီး ဟုတ်သည်။သူမသမီးမှာ ရုံးသွားရုံးပြန်လုပ်နေရသည်ဖြစ်သော်လည်း ကြောက်စရာမလိုပေ။
အိမ်က လူကြီးအား သူမသမီးကို နေ့တိုင်းအကြိုအပို့လုပ်ခိုင်းပေမည်။ ဘယ်ဖက်နှင့်ညာဖက်တွင်
ကုမိသားစု၏ ကလေးများဖြစ်သည်။ မည်သူက အဖေကိုဂရုစိုက်မည်နည်း?
ကုမန်ဆန်
အလျင်အမြန်ပင် ခေါင်းငြိမ့်လိုက်သည်။
သူလည်း
သူ့သမီးကို စိတ်ပူသည်ပင်။
ကုရှီတုန်း
မျက်လုံးလှန်လိုက်ပြီး နှစ်ကြိမ်ရယ်လိုက်တာ သူ့အစ်မဖြစ်သူကို အဖေနှင့်အတူ သက်တော်စောင့်လုပ်ရန်အတွက်
စေတနာ့ဝန်ထမ်းလုပ်လိုက်သည်။
သူ့အမေကပြောသည်။
"နင်က လှည်းဘီးလောက်တောင်အရပ်မရှည်တာ။ သွားပြီး ဘာလုပ်နိုင်မှာမလို့လဲ? တုံးလွန်းလို့်
ဘယ်သူ့နောက်လိုက်နေမှန်းတောင်သိတာမဟုတ်ဘူး!"
ကုရှီတုန်း
- "......"
အထင်ကြီးသွားသူကုမန်ဆန်
- "..."
ညနေပိုင်းတွင်
ကောင်းကင်၌ ကျယ်လောင်စွာမိုးခြိမ်းနေပြီး မိုးရွာပြီး ခဏရပ်သွားကာ နောက်တစ်ကြိမ်ထပ်ရွာပြန်သည်။
အပြင်တွင်မိုးရွာနေသောကြောင့်
အဖွဲ့ဝင်အနည်းငယ်သာ ကန်တင်းသို့ သွားစားကြသည်။ အများစုမှာစားစရာယူရန်ကန်တင်းသို့ ထီးနှင့်သွားကြပြီး
အိမ်သို့ယူလာကြသည်။
မိသားစုဝင်အားလုံးမှာ
အလုပ်များနေကြသောကြောင့် လင်းယောင်ထီးကို ကိုင်ကာ အစားအစာယူရန်ထမင်းဘူးနှင့် ကန်တင်းသို့သွားတော့သည်။
ယနေ့တွင်
ကန်တင်း၌ အသားနှင့် အသီးအရွက်ပန်ကိတ်များ ချက်ပြုတ်ထားလေသည်။ သခင်လေးကျန်း၏ မွေးရပ်မြေမှာ
ကျဲ့ကျန်းတွင်ဖြစ်ပြီး သူ့လက်ရာမှာ အထင်ကြီးဖွယ်ရာပင်။
လင်းယောင်မှာ
ဗိုက်သိပ်မဆာပဲ နှမ်းကိတ်တစ်ခုစားပြီးတာနှင့် ဗိုက်ပြည့်သွားလေသည်။ ကုချွင်မေမှာ ၂
ခုစားပြီး ကျန်းဆွေ့လန်မှာ တစ်ခုနှင့်တစ်ဝက်စားသည်။ ဦးလေးမန်ဆန်မှာ စားရန်အိမ်တွင်
မရှိသောကြောင့် ကျန်သည့်ဟာများမှာ ကုရှီတုန်း၏ ဗိုက်ထဲသို့ရောက်သွားကြလေသည်။
နေ့လည်ပိုင်းတွင်
ရွှီရှန်းချန်တစ်ယောက် ခြံဝန်းထဲသို့လာလေသည်။ ထိုအချိန်တွင် မိုးရွာနေဆဲဖြစ်သည်။အစ်ကိုကြီးထို့ထို့မှာ
မိုးကာဝတ်ထားပြီး တစ်ကိုယ်လုံးစိုနေလေသည်။ သူအစိမ်းရောင် ဖရဲသီးအကြီးကြီးတစ်လုံးယူလာပြီး
ကုချွင်မေ သောက်ရတာကြိုက်သော သစ်တော်သီးအရသာသကြားရည်လည်း ယူလာလေသည်။
လင်းယောင်ကြည့်လိုက်ပြီး
ကုချွင်မေအား မျက်လုံးမှိတ်ပြလိုက်သည်။
"အိုး
ငါတို့အစ်ကိုကြီးထို့ထို့်က အရမ်းတွေးပေးတတ်တာပဲ"
ကုချွင်မေမှာ
အခုပို၍ပင် ရက်ရောလာလေသည်။ သူမသကြားရည်သံဘူးကို ဖွင့်လိုက်ပြီး ဇွန်းနှင့်စားလိုက်ကာ
"ငါ့အစ်ကိုကြီးသာ ပြန်လာရင် တာ့ထို့ထက်တောင်ပိုပြီးသူက တွေးပေးတတ်သေးတယ်"
လင်းယောင်မှာ
အရေထူပြီး ထိုသည်ကိုကြားသောအခါနည်းနည်းမှ ရှက်သွေးဖြာမသွားပေ။ သူမ၏အစ်မချွင်မေကိုပင်
နှာခေါင်းရှုံ့ပြလိုက်သည်။ "အဲ့ဒါ မမှန်ပါဘူး။အစ်ကိုကြီးတာ့ထို့လောက်တော့ ဘယ်သူက
တွေးပေးတတ်မှာလဲ?"
သူမသမက်လေးအိိမ်ကိုလာတော့
ကျန်းဆွေ့လန်မှာ ပန်းလေးတစ်ပွင့်လိုပင် ပြုံးနေတော့သည်။
သူမရွှီရှန်းချန်ကိုနူးညံ့စွာတီးတိုးပြောကာ မေးလိုက်သည်။ "ချန်းချန် မင်းအရင်ရက်တွေက
မအိပ်ဘူးလား။ မျက်လုံးတွေနီနေတာပဲ။ အပြင်မှာမိုးတွေရွာနေတာကို ဘာလို့ပြေးလာတာလဲ?အေးအေးမအေးအေး
နွေးသွားအောင်အထဲဝင်စကားပြောပြီး မိုးတိတ်မှသွားလေ"
အစ်ကိုကြီးထို့မှာလည်း
အိမ်တွင်ထိုင်ချင်လေသည်။ သူကုချွင်မေကို မတွေ့ရသည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး ကုချွင်မေကို
စကားပြောချင်လေသည်။ သို့သော် ထိုသူမှာစည်သွပ်ဘူးကိုသာ စားနေပြီး သူ့ကိုလျစ်လျူရှုထားလေသည်။
ထို့ပြင်
ပြည်သူ့လုံခြုံရေးဌာနမှာလည်း အမှန်ပင်အလုပ်များနေလေသည်။ သူတို့အမှုများကို စုံစမ်းစစ်ဆေးပြီး
ဓါးပြတိုက်သူများကို ဖမ်းဆီးရမည်ဖြစ်သော်လည်း နေ့စဥ်အလုပ်များနှင့် အလုပ်ရှုပ်နေလေသည်။
မကြာသေးမီကပင်
လက်ထောက်ဒါရိုက်တာမှာအနားယူသွားပြီး အထက်ကလွှတ်လိုက်သော လက်ထောက်ဒါရိုက်တာအသစ်မှာ ရက်အနည်းငယ်အတွင်းရုံးသို့ရောက်လာလေသည်။
ကျန်းဆွေ့လန်မှာ
ကုချွင်မေအား သူမ၏သမက်ကိုလိုက်ပို့ခိုင်းလေသည်။
ကုချွင်မေ
"ဟုတ်ကဲ့" ဟုပြောလိုက်ပြီး ထိုအတွဲလေးမှာလမ်းဖြတ်ကူးဖို့ သွားလိုက်ကြတော့သည်။
ကုရှီတုန်းမှာ
ဒေါသတကြီးနှင့် မီးဖိုချောင်မှခုံလေး ၂ ခုအား တစ်ခုကိုလင်းယောင်အတွက် တစ်ခုကိုသူ့အတွက်ဆွဲယူလာလေသည်။
"မရီး ကျွန်တော့ယောက်ဖကကောင်းပါတယ်။ သူကကျွန်တော့်လောက်တော့ ဉာဏ်မကောင်းပေမယ့်ပေါ့။
ကျွန်တော့အစ်မကတော့ အရမ်းတုံးတာပဲ။ ယောက်ဖက သူ့အပေါ်ကောင်းတယ်ဆိုပေမယ့် အခုကောင်းတာက
တစ်သက်လုံး ကောင်းသွားမယ်လို့မဆိုလိုဘူးလေ။ ယောကျ်ားတွေက အသစ်တွေ့ရင်အဟောင်းမေ့ကြတာကို
..."
ကုရှီတုန်းမှာ
ဘုန်းကြီးလေးလိုပင် ရေရွတ်နေလေသည်။လင်းယောင် အခုလေးတင်စားပြီးတာဖြစ်ပြီး မလှုပ်ချင်ပေ။
သူမပျင်းရိကာ ခုံတန်းရှည်လေးပေါ်တွင် မေးထောက်ကာထိုင်နေပြီး "အင်း" ဟုပြန်ဖြေသည့်အနေနှင့်
၂ ကြိမ်ပြောလိုက်သည်။
ကောင်စုတ်လေးမှာ
တစ်ခဏမျှဆက်ရေရွတ်နေပြီးနောက် သူရူးသွားသလိုမျိုး ရုတ်တရက် တိတ်ဆိတ်သွားသည်။
"မရီး
ကျွန်တော် ကျွန်တော်အိပ်မက်မက်နေတာ မဟုတ်ဘူးမလား? ကျွန်တော် အစ်ကိုကြီးကို တွေ့လိုက်သလားလို့?"
ထိုကောင်စုတ်လေးမှာ
သူ့အစ်ကိုကြီးအကြောင်းတွေးပြီး ရူးသွားသည်သာဖြစ်ရမည်။
အပြင်ဖက်တွင်
ရွာနေသောမိုးမှာ ပန်းမာန်များ၊ အပင်များပေါ်သို့ တဖျောက်ဖျောက် ရွာသွန်းနေပြီး လူများကိုပို၍ပင်
မလှုပ်ရှားချင်ဖြစ်စေသည်။ လင်းယောင်အနားယူရန် သူမမျက်လုံးများကို ပိတ်လိုက်ပြီး ဝတ်ကျေတမ်းကျေ
ပြောလိုက်သည်။ "အိပ်ချင်နေတာလား?အိပ်ချင်နေရင်လည်း သွားအိပ်လေ"
"မဟုတ်ဘူး
မရီး။ အစ်ကိုကြီး တကယ်ပြန်လာတာ!"
ကုရှီတုန်း
လင်းယောင်လက်ကို ဆွဲလိုက်ပြီး သရဲမြင်လိုက်ရသလို ရှေ့နောက်လှုပ်နေတော့သည်။
လင်းယောင်မှာ
ထိုကောင်စုတ်လေး လှုပ်လိုက်တော့ သူမမျက်ဝန်းများကို ဒေါသတကြီး ဖွင့်လိုက်ပြီး ထိုကောင်စုတ်လေးအား
ပြောတော့မလို့ပင်။
ကုရှီတုန်းမှာ
ခြံဝန်းထဲသို့ ထိုးပြပြီး ဆွံ့အနေလေသည်။သူမမော့ကြည့်လိုက်ပြီး စစ်စိမ်းရောင် လူရိပ်တစ်ခုမိုးရွာထဲဲတွင်ရှိနေသည်ကို
မြင်လိုက်ရလေသည်။ ထိုလူမှာအလွန်ပင်ငယ်လေသည်။၂၅ နှစ်လောက်ရှိပေမည်။ သူက အစိမ်းရောင်
စစ်တပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်လုံးမှာ မတ်နေလေသည်။
မြင်ကွင်းထဲသို့ရောက်လာသည်မှာ
ချောမောသောမျက်နှာ၊သေသပ်သောမျက်ခုံး၊ ကြယ်စင်များလိုလင်းလက်နေသာမျက်လုံးများနှင့် အရောင်ရင့်ရင့်အနက်ရောင်မျက်လုံးများပင်။
လူကိုကြည့်သောအခါ ထိုမျက်လုံးများမှာ အေးစက်နေပြီး ဓါးသွားကဲ့သို့ပင်ဖြစ်ကာ သူစိမ်းများ
မချဥ်းကပ်နိုင်သော အရှိန်အဝါကိုပေးလေသည်။
သူမ
နှလုံးခုန်သံ မြန်သွားသည်။ သူမ၏ ခင်ပွန်းဖြစ်သူမှာ တကယ်ပင် ပြန်လာလေပြီ။