၅၀
ခုနှစ်က ဇနီးအလိမ္မာလေး
အပိုင်း
၁၀
လင်းဟုန်န
ကုရှီအန်း၏ ဒုက္ခများအား ဂရုမစိုက်ပေ။
သူမတစ်ခြားဟာကို
စဥ်းစားနေခြင်းဖြစ်သည်။
ဤကဲ့သို့အရှိန်အဟုန်နှင့်
လူထုဒေသန္တရ လှုပ်ရှားမှုသည် နိုင်ငံကိုဆွဲချသွားကာ နောက်ထပ်အဆုံးမရှိသောချောက်ထဲသို့
ကျသွားမည်ဟု မည်သူက တွေးထင်ခဲ့မည်နည်း။
ယနေ့တွင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို ထူထောင်လိုက်သည်မှာ ၁၀ နှစ်သာရှိသေးသည်။မိသားစုတိုင်းတွင်
စီးပွားဖြစ်ဆန်ကိုစားသုံးသူ တစ်ယောက် နှစ်ယောက်ရှိလေသည်။ နိုင်ငံတော်က ဆီနှင့်ဆန်လက်မှတ်များကို
ပေးပြီး ၎င်းတို့ကို ကျေးလက်တောရွာများဖက်တွင် ထားလေသည်။
လယ်သမားများမှာ
လယ်ကွင်းများသို့သွားရောက်လုပ်ကိုင်ကာ အလုပ်အမှတ်များ ရှာဖွေရသည်။ သူတို့မနက်အစောကြီးထရပြီး
ညပိုင်းတွင်လည်းအလုပ်ကြိုးစားကြရသည်။ သူတို့မှာတစ်နှစ်ပတ်လုံး ပင်ပန်းကြရသည်မှာ ထုတ်လုပ်ရေးအသင်း၏
မြည်းများကဲ့သို့ပင်။ နောက်ဆုံးတွင်တော့ တစ်မိသားစုလုံးစားရန် လုံလောက်သောဆန်များရှိသည်မှာ
ကောင်းသည်ဟုသာတွေးရပေမည်။
အကယ်၍
ကိစ္စများသာ ထိုအတိုင်းဆက်််သွားလျှင် သာမန်လူများ၏ ဘဝမှာအရမ်းခက်ခဲနေမည်မဟုတ်ချေ။
သူတို့ဘဝများခက်ခဲနေလျှင် ကလေးများကြီးပြင်းလာသောအခါတွင်တော့ ပိုပြီးကောင်းလာမည်မဟုတ်လား?
ဒေသန္တရကန်တင်းဖွင့်လှစ်ပြီး
အိမ်တိုင်းမှာ သူတို့၏ သံအိုးများကို စတီးပြုလုပ်ရန် ပို့လိုက်ရပြီး လူအားလုံးကန်တင်းတွင်သာ
စားသောက်ကြသည်။
အစပိုင်းတွင်တော့
ဒေသန္တရကန်တင်းမှာ စည်ကားသည်ပင်။ အစိုးရ လက်ထဲတွင် အစားအစာများရှိသည်။ဒေသန္တရအဖွဲ့ဝင်များ၏
ပါးစပ်များမှာ ဆီများဖြင့်ပြည့်နေလေသည်။ သူတို့ပေါင်းထားသောမုန့်များကို မစားနိုင်တော့သောကြောင့်
အိမ်သို့ပင်သယ်သွားရသည်။ကျန်နေသော ဆလပ်ရွက်များကို ဝက်စာပုံးထဲသို့ ပို့ကာ ဝက်များကို
ကျွေးရန်ဝက်ခြံသို့ပင် ပို့ရသည်။
သည်လိုဖြုန်းတီးမှုများနှင့်
လအနည်းငယ်ကြာသောအခါ ၁၉၅၉ တွင်နိုင်ငံမှာ စားစရာကုန်သွားတော့သည်။ ၁၉၆၀ ခုနှစ်တွင် မြောက်ပိုင်း၌
ပြင်းထန်စွာမိုးခေါင်ပြီး တောင်ပိုင်းတွင် ရေကြီးလေသည်။ ၁၉၆၁ တွင် နိုင်ငံသည် ရာစုနှစ်တွင်တစ်ခါသာ
ကြုံတွေ့ရသော ရေကြီးခြင်းနှင့် ကြုံရလေသည်။
မြစ်ဝါမြစ်နှင့်
စုန့်ဟွာမြစ်တို့ရေကြီးပြီး လမ်းတစ်လျှောက်တွင်ရှိသော လယ်ဧကပေါင်းများစွာ ပျက်စီးသွားသည်။
ရိတ်သိမ်းစရာ မရှိသည့်အပြင် ဆိုဗီယက်ယူနီီယံ၏ အကျပ်အတည်းဖြစ်စေမှုတို့ကြောင့် ၃ နှစ်တိုင်
အစာပြတ်လပ်ခြင်းဖြစ်ပြီး နေရာတိုင်းတွင် လူများငတ်ပြတ်ကာ သေကျေခဲ့ရသည်။
သူမ၏
ယခင်ဘဝတွင် လင်းဟုန်နမှာ ကုမိသားစုမှကန်ထုတ်ခြင်းကို ခံခဲ့ရသည်။ သူမ၏ မိဘများမှာ သူမကလင်းမိသားစုကို
မသိတတ်သည့်အပြင် သိက္ခာချသည်ဟုဆိုကာ သူမကို ဝင်ပင်မဝင်စေခဲ့ချေ။
လင်းဟုန်န
ကုမန်ဆန် သူ့ကိုဂိုဒေါင်ထဲတွင် ပေးသော ယွမ် ၁၀၀ ကိုယူကာ ဓါတ်အားပေးစက်ရုံတွင် ယာယီအလုပ်သမားအဖြစ်
လုပ်ကိုင်ခဲ့သည်။ တိရစ္ဆာန်များကိုကျွေးသာပဲကိတ်များ၊ အသီးအရွက်မာမာကြီးများနှင့်လုပ်ထားသောမုန့်များ၊ယင်းခေါက်များ၊ကန်စွန်းဥအစေ့များ၊မြက်ရိုင်းများနှင့်အသီးအနှံများ၊အခေါက်များ၊အမြစ်များ
စသည်တို့်ကို မည်မျှပင်ဝါးရခက် မျိုချရခက်သည်ဖြစ်စေ စားလို့ရသရွေ့ သူမစားခဲ့ရသည်။
ထို
၃ နှစ်မှာဘယ်လောက်တောင် ခက်ခဲခဲ့လေသနည်း။သူမထိုအကြောင်း ပြန်တွေးလိုက်တာနှင့်ပင် တုန်ယင်လာသည်။
ထို့ပြင်လင်းယောင်မှာ
စွင်းမိသားစုထဲသို့ လက်ထပ်ခဲ့သောကြောင့် ထိုကပ်ဘေးကာလ ၃ နှစ်တွင် သူမမှာဘယ်တော့မှ မဆာလောင်ခဲ့ရပေ!
စွင်းကျားလျန်၏
ယောက်ဖမှာ ကောင်တီဆန်စပါးရုံး၏ ဒါရိုက်တာဖြစ်သောကြောင့်ပင်။
ဘယ်ခေတ်ကိုပင်
ရောက်ရောက် ဘယ်လောက်ပင်ငတ်ပြတ်နေကြသည်ဖြစ်စေ အစားအစာရုံးမှ လူများသည်တော့ ဘယ်သောအခါမှ
ငတ်ပြတ်လိမ့်မည်မဟုတ်ပေ။
သူမထိုသည်ကို
တွေးလိုက်သောအခါ လင်းဟုန်န၏ မျက်လုံးများ အေးစက်သွားသည်။
သို့သော်လည်း
သူမမှာ သူမအစား ခြံဝန်းကျယ်ကြီးထဲသို့ လက်ထပ်သွားသော ဝမ်းကွဲညီမဖြစ်သူအကြောင်း တွေးမိသွားသည်။
လင်းဟုန်န
နောက်တစ်ကြိမ်ထပ်ရယ်လိုက်ပြန်သည်။
ဟုတ်သည်။
သူမလင်းယောင်၏ ကံကောင်းခြင်းများကို လုယူလိုက်ပြီ မဟုတ်လား?
လင်းယောင်က
ကုရှီအန်းနှင့် လက်ထပ်လိုက်ပြီး သူမကစွင်းကျားလျန်နှင့် ဒိတ်နေသည်။
ယောကျာ်းများမှာ
တကယ့်ကို ကြောင်သူတော်များပင်။လင်းဟုန်နသူ့ကို နည်းနည်းချိုသာပြလိုက်တော့ သူက လင်းဟုန်ဝူကို
အချိန်အနည်းငယ်အတွင်းပင် အမြဲတမ်းအလုပ်ပေးမည်ဟုပြောသည်။
လင်းဟုန်နမှာ
မောင်နှမချစ်ခြင်းမေတ္တာကိုပြသဖိို့ လုပ်နေခြင်းမဟုတ်ပေ။ ပိုက်ဆံအတွက် လုပ်နေခြင်းဖြစ်သည်!
လင်းဟုန်ဝူက
သဘောတူထားသည်။ သူအမြဲတမ််းဝန်ထမ်းဖြစ်နေသရွေ့ သူ့လစာ၏ တစ်ဝက်ကို သူမအားပေးပေမည်။
လင်းဟုန်န
သူမလက်ထဲတွင် ပိုက်ဆံသာရှိထားလျှင် အခွင့်အရေးကို စောင့်ဆိုင်းကာ မှောင်ခိုဈေးကွက်သို့သွားပြီး
အစေ့အစံများ၊ဆန်နှင့်ခေါက်ဆွဲများကို ကီလိုဂရမ်များစွာဝယ်ကာ သိုလှောင်နိုင်သမျှ သိုလှောင်ထားမည်ဟု
တွေးထားလေသည်။
အာလူးနှင့်ကန်စွန်းဥများလည်း
များစွာဝယ်ထားပေမည်။ သူမကိုယ်သူမထက် တစ်ခြားသူအပေါ်တွင်သာ မီခိုလိုက်မည်။ ထိုရက်များတွင်
ဘယ်သူကမှ ဘယ်သူ့ကို ဂရုစိုက်မနေနိုင်ပေ။ သူမဗိုက်ကို အရင်ဖြည့်ရန်မှာ စီးပွားရေးသာဖြစ်သည်။
အိမ်တွင်ရှိသော
သူမမိဘများနှင့် အစ်ကိုတို့ ရှင်မလား သေမလားဆိုသည်ကတော့ ဘုရားအလိုဆန္ဒအပေါ်တွင်သာ လုံးဝမူတည်နေလေသည်။
သြဂုတ်လတွင်
စံပယ်ပန်းများမွှေးပျံ့နေသော်လည်း ယွင်ရွှေကောင်တီသည်တော့ ပူမြဲပူဆဲပင်။
လေအေးပေးစက်နှင့်
လျှပ်စစ်ပန်ကာများမရှိသော သည်လိုခေတ်တွင်တော့ ပေါင်းအိုးကဲ့သို့ပူနေသော ခြံဝန်းကျယ်ကြီးထဲတွင်အိပ်ကြပြီး
ညလယ်ခေါင်တွင်ပူလို့နိုးလာရသည်မှာ သာမန်သာဖြစ်လေသည်။
လင်းယောင်ညပိုင်းတွင်
မျက်လုံးများ ဖွင့်လိုက်ပြီး ပူသောကြောင့် နိုးလာရလေသည်။ သူမပူလို့မအိပ်နိုင်တော့ပဲထလိုက်ပြိိိီး
ဇလုံထဲသို့ ရေနွေးနှင့် ရေအေးကိုရောထည့်လိုက်ကာ သူမမျက်နှာနှင့် ကိုယ်လုံးကို ပွတ်တိုက်လိုက်သည်။
ချွေးများထွက်နေပြီး ရေနွေးသောက်ရင်း ယပ်ခပ်ကာ သူမမျက်ခွံများနှင့် စစ်တိုက်နေရသည်။ထိုသို့
လုံးလည်ချာလည်လိုက်ပြီးနောက် အိပ်ပျော်သွားလေသည်။
ကံကောင်းထောက်မစွာပင်
နောက်ဆုံးတော့ဒေသန္တရကန်တင်းကြီးဖွင့်လေပြီ။
ကန်တင်း၏
စားဖိုမှူးမှာ တာ့ဇားရန်မှ ကျန်းတာ့ချန်၏ တပည့်နှင့်တူဖြစ်သော ကျန်းလဲ့မှလွဲ၍မည်သူရှိမည်နည်း။
ပြောရမည်ဆိုလျှင်
ကျန်းတာ့ချန်မှာစိတ်မရှည်ပြီး အခြားသူများအပေါ် အထင်အမြင်သေးသော်လည်း သူ့လက်ရာကတော့ပြောစရာမရှိိပေ။
သံမဏိစက်ရုံတွင်
သူသည်စားဖိုမှူးကြီးဖြစ်ပြီး သူ့ကိုစိတ်အားထက်သန်စွာ စောင့်ကြည့်နေသော သူများစွာရှိလေသည်။
စတီးစက်ရုံတွင် အလုပ်သမားပေါင်း တစ်ထောင်ကျော်ရှိပြီး ကျွမ်းကျင်မှုမရှိပါက သူတို့ကိုထိန်းချုပ်ရန်
အလွန်ခက်ခဲပေမည်။
သခင်လေးကျန်းတွင်
ကလေးမျက်နှာလေးရှိပြီး လူတွေနှင့်တွေ့တိုင်း ပြုံးပြတတ်လေသည်။ သူ့ဦးလေးထက်စာလျှင်
သူသည်အလွန်ချစ်ခင်ဖွယ်ကောင်းလှသည်။
ဒေသန္တရကန်တင်းဖွင့်သည့်
ပထမဆုံးနေ့တွင် ကျန်းသခင်လေးမှာ အကွက်အကြီးကြီးရွှေ့လိုက်လေသည်။
အစကတော့
ဒါရိုက်တာကောမှာ စိုးရိမ်နေခဲ့လေသည်။သခင်လေးကျန်းမှာ ငယ်ရွယ်ပြီးတပည့်ခံနေသည်မှာလည်း
တစ်လလောက်သာရှိသေးသည်ဟု သူကတွေးခဲ့သည်။ သူကသံအိုးအကြီးကြီးကို သုံးနေသေးသည်။ ထိုသည်ကအဆင်ပြေပါ့မလား?ကျေးဇူးပြုပြီး
ငါတို့ဒုတိယဒေသန္တရကန်တင်းရဲ့ ဆိုင်းဘုတ်ကိုတော့ မဖျက်ဆီးလိုက်ပါနဲ့!
သခင်လေးကျန်း
မီးဖိုချောင်ထဲသို့ ဝင်ဝင်ချင်းပင် ဒါရိုက်တာကောမှာ ထောင့်တွင်တိတ်တိတ်လေးစောင့်ကြည့်နေခဲ့သည်။
မမြင်ခင်ကတော့မသိခဲ့သော််လည်း
မြင်လိုက်ရတော့အံ့အားသင့်သွားပေသည်။
စားဖိုမှူးရှောင်ကျန်းမှာ
အပူရှိန်ပြင်းပြင်းတွင် ဆီချက်လုပ်နေပြီး ဇွန်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင်လှုပ်ရှားနေလေသည်။
ဒုတိယကန်တင်းတွင်
လူရာပေါင်းများစွာရှိပြီး စားဖိုမှူးကျန်းတစ်ယောက်တည်း မနိုင်ပေ။ လမ်းထဲမှအမျိုးသမီးများမှာ
အလှည့်ကျကန်တင်းသို့ လာရောက်ကူညီကြသည်။ အချို့က ဆီချက်ချက်ကာ အချို့ကအသီးအရွက်လှီးပြီး
အချို့ကဂျုံနယ်လေသည်။ ထိုသည်မှာ ထင်ရှားသောလုပ်အားခွဲဝေခြင်းပင်။
ဒေသန္တရကန်တင်းတွင်
စိတ်ကြိုက်စားရမည်။ ထိုသည်မှာ အစည်းအဝေးအတွင်း ဒါရိုက်တာကောဆုံးဖြတ်ခဲ့သောအရာပင်။
ပေါင်မုန့်များကိုခြင်းတောင်းထဲတွင််
တစ်ကြိမ်လျှင် ၂ ခု ၃ ခုမျှဖုတ်လေသည်။ မီးဖိိုချောင်မှာ မီးခိုးများ အမှုန်များနှင့်
ပြည့်နေတော့သည်။
စားဖိုမှူးကျန်းမှာ
ဟင်းပွဲ ၃ မျိုးနှင့် ဟင်းချိုတစ်မျိုးကို သပ်သပ်ရပ်ရပ်ပင် ပြင်ဆင်လေသည်။
အာလူးစတူး၊တို့ဖူး၊မှိုနှင့်
ဝက်သားအသည်းဟင်းချို အားလုံးတို့မှာ မွှေးနေကာ အရသာမှာပို၍ပင်ကောင်းသေးသည်။
ဒါရိုက်တာကော၏
ပါးများမှာ ရယ်ရလွန်းလို့နာတောင်နာနေပေပြီ။
ကျန်းရှောင်
သခင်လေးမှာ အံ့သြစရာပင်!
ကန်တင်းသို့
ထိုနေ့က စားရန်လာသော အဖွဲ့ဝင်ဝူရန်ရန်မှာ သိုးကျောင်းနေသကဲ့သို့ပင်။ သူတို့အားလုံး
ကန်တင်းသို့ ထမင်းဘူးများနှင့် လာကြသည်။ လူအုပ်မှာ ထောင်ပေါင်းများစွာသော စစ်သားများ
တံတားသေးသေးလေးကို ဖြတ်ကူးနေကြသကဲ့သို့ပင်။
အဓိပ္ပါယ်မရှိတာ။
အဲ့မှာဒီလောက်ကောင်းတဲ့ စားစရာရှိနေတာ။ အသီးအရွက်တွေရော အသားတွေရော ပေါင်မုန့်တွေရော။
နောက်ကျနေရင် ငတ်သွားပေမည်။
ကုရှီတုန်း
ဦးဆောင်ကာ သူ့ထမင်းဘူးကို ကိုင်ပြီး အလျင်အမြန် အရှေ့သို့သွားလိုက်သည်။
ထိုရက်များတွင်
ကန်တင်း၌ထမင်းစားရန် တန််းစီရပေသည်။
သူမသားမှာ
ထိပ်ကနေဦးဆောင်နေသောကြောင့် ကျန်းဆွေ့လန်မှာ အလျင်မလိုပဲ သူမအသီးအရွက်ဥယျာဥ်လေးမှ
ပေါင်းပင်များဆွဲနှုတ်ရန်ပင် အချိန်ရလေသည်။
ဤရက်များတွင်
စတီးစက်ရုံမှာ အလုပ်များပုံနေသောကြောင့် ကုမန်ဆန်မှာ များသောအားဖြင့် စက်ရုံကန်တင်းတွင်
တစ်နေ့ ၃ နပ်စားလေသည်။
သြဂုတ်လ
နေသာနေသော နေ့တစ်နေ့ဖြစ်သည်။ မွန်းလွဲ ပိုင်းဖြစ်သော်လည်း နေမှာခြစ်ခြစ်တောက်ပူနေဆဲပင်။လင်းယောင်မှာ
အသားဖြူပြီး သူမ၏တောက်ပသောမျက်နှာမှာ နေရောင်နှင့် ခဏထိတွေ့ပြီးသောအခါ ပို၍ပင်တောက်ပနေတော့သည်။
ကုချွင်မေက
အိမ်မှ နှီးခမောက် ၂ ခုယူလာခဲ့ပြီး ညီအစ်မ၂ယောက် နေရောင်မှ ကာကွယ်ရန် တစ်ယောက်တစ်ခုစီ
ဆောင်းလိုက်ကြသည်။
ကျန်းဆွေ့လန်တွင်လည်း
တစ်ခုရှိလေသည်။
သုန်ဇီကောင်စုတ်လေးမှာ
ထိုသည်ကိုမြင်တော့မပျော်ရွှင်တော့ပေ။ သူ့အစားအစာကို ထုပ်လိုက်ပြီး အော်ပြီးရောက်လာကာ
အစ်မဖြစ်သူကိုစွပ်စွဲတော့သည်။ "မမ ဘာလို့ကျွန််တော်တစ်ယောက်တည်း နှီးခမောက်မရှိရတာလဲ?မမဘက်လိုက်တယ်!"
ကုချွင်မေ
- "လိုချင်ရင်သွားယူလေ"
ကုရှီတုန်း
ကြေကွဲသွားသည်။ ဘာလို့ သူကခမောက်ဆောင်းလို့မရရမှာလဲ?
ထိုကလေးမှာ
သူအစ်မကို ညကျရင်ခြေထောက်မဆေးပဲ နံအောင်လုပ်မည်ဟု တွေးထားလိုက်သည်။
ကျန်းဆွေ့လန်
သူမလက်ကို ဆန့်ထုတ်လိုက်ပြီး ထိုကောင်စုတ်လေးကို ရိုက်လိုက်သည်။ "ခွေးမသားလေး
ဘာတွေတွေးနေတာလဲ? ညဖက်ခြေထောက်မဆေးပဲအိပ်ရဲလို့ကတော့ မင်းကို ငါဘယ်လိုကိုင်တွယ်မလဲသာကြည့်နေလိုက်တော့!"
ကုရှီတုန်း
မျက်လုံးပြူးသွားသည်။ "အမေ ဘယ်လိုလုပ်ပြီး သားဘာတွေးနေလဲဆိုတာကိုသိတာလဲ?"
ကျန်းဆွေ့လန််နှာခေါင်းရှုံ့လိုက်သည်။
"မင်းကငါ့ဗိုက်ထဲကနေ ထွက်လာတာပဲ။ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှခွေရှိမှန်းသိပြီးသား!"
ကုရှီတုန်း
- "..."
ဒေသန္တရကန်တင်းတွင်
အနီရောင်ဆေးသုတ်ထားသောစားပွဲများ ၂၀ ကျော်ရှိပြီး စားပွဲတစ်လုံးတွင်လူ ၄ ယောက်ထိုင်နိုင်ပေသည်။
မွှေးပျံ့နေသောစားစရာများ၏အနံ့က လူတိုင်းကိုသွားရည်ကျစေသည်ပင်။
ဒါရိုက်တာကောမှာ
မစားမီ အစည်းအဝေးအသေးစားလေးတစ်ခု ကျင်းပလိုက်ရသည်။ ကန်တင်းမှာ လူများကို တစ်ဝကြီးစားစေသည်
ဖြစ်သော်လည်း အစားအစာများကိုမဖြုန်းတီးရန် အလေးပေးပြောလိုက်သည်။စားချင်သလောက်စားနိုင်ပေသည်။
အစားအစာကို ဖြုန်းတီးရဲလျှင်တော့ မိလျှင်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရပေမည်။
လူတိုင်းမှာတစ်နေ့လုံး
အလုပ်လုပ်ပြီး ဗိုက်ဆာနေပြီဖြစ်သည်။ စားပွဲပေါ်မှာ အသားအနံ့ရတော့ သူတို့ဒါရိုက်တာကောပြောသည်ကို
အာရုံမရကြပေ။ သူစကားပြောပြီးသောအခါ သူတို့မှာအင်းဟုသာပြောကြသည်။ သူတို့မှာဆာလောင်နေသာ
ဝံပုလွေများကဲ့သို့ မျက်လုံးနီနီနှင့် တူရသောအခါ အပီအပြင်ဆွဲကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင်
စားပွဲပေါ်ရှိ အာလူးစတူးအိုးမှာ တစ်ဝက်ကျော်ကုန်သွားပြီး ပေါင်မုန့်များလည်း အများအပြားကုန်သွားလေပြီ။
အချို့အသက်ကြီးကြီး မိန်းမကြီးများမှာ အပူကိုမကြောက်ကြပဲ ပေါင်မုန့်များကိုဆွဲကာ သူတို့အိတ်ထဲသို့ထည့်ကြသည်။
ဒါရိုက်တာကောမှာ
မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။ အစားအစာ ဖြုန်းတီးတာမဟုတ်သရွေ့တော့ ပေါင်မုန့်ဖွက်ယူသွားတာ
ပြဿနာမရှိပေ။ ညပိုင်းဗိုက်ဆာလျှင် ညလယ်စာအဖြစ် စားနိုင်ပေသည်။
ကန်တင်းတွင်
လာစားရန်မည်သူက ပြောလေသနည်း?သူတို့မှာဟင်းချက်မထားကြပေ။
ကုရှီတုန်းမှာ
ပေါင်မုန့်ကြီးကြီး ၂ ခုစားလေသည်။ အရှေ့ခြံဝန်းတွင်နေသော ဝမ်ရှန်းဆိုင်၏ဇနီး ပေါင်မုန့်
၅ ခု ၆ ခုလောက်ကို သူမအင်္ကျီထဲထည့်နေတာကိုတွေ့လိုက်သည်။ သူမဗိုက်မှာ ဖောင်းနေပေသည်။
ပေါင်မုန့်များမှာ ချရုံပင်ရှိသေးသည်။ အဲ့အဘွားကြီးမပူဘူးလား?
ကုရှီတုန်း
မစ်စ်ဝမ် သူမအဝတ်ထဲသို့ ပေါင်မုန့်များထည့်သည်ကို အတုခိုးလိုက်သည်။
လင်းယောင်
အံ့အားသင့်စွာကြည့်လိုက်သည်။ "သုန်ဇီ ဘာလုပ်နေတာလဲ?"
"မရီး
ကျွန်တော်မုန့်တွေကိုထည့်ပြီး ညစာအတွက်ယူသွားဖို့လုပ်နေတာ"
ကျန်းဆွေ့လန်ငုံ့လိုက်ပြီး
သင်ခန်းစာပေးလိုက်သည်။ "မင်းအပြုအမူကိုကြည့်ဦး။ ပြန်ချလိုက်။ အဲ့လိုအရှက်ကင်းမဲ့တဲ့ဟာတွေကိုအတုမယူရဘူး!"
"ဟုတ်"
ကုရှီတုန်းမှာ
ရိုးသားလေသည်။
လင်းယောင်
တူကိုကိုင်လိုက်ပြီး အခုလေးတင်လုပ်လိုက်သောအစည်းအဝေးတွင် အစားအသောက်များ မဖြုန်းတီးရန်
ဒါရိုက်တာကော သေချာပြောသွားသည့်အကြောင်းကို တွေးလိုက်သည်။ တစ်ခုခုကတော့ ကွဲပြားနေသလို
သူမခံစားလိုက်ရသည်။
ညနေပိုင်းတွင်
အပူချိန်မှာ လျော့နည်းသွားပြီး တစ်နေ့လုံးတိတ်ဆိတ်နေခဲ့သောခြံဝန်းမှာ နောက်တစ်ဖန်ပြန်ပြီး
ဆူညံလာတော့သည်။
အပြင်ဖက်တွင်
လေတိုက်နေပြီး ဦးလေးမန်ဆန်မှာ တစ်နေကုန်အလုပ်ရှုပ်ပြီး စက်ဆီများဖြင့် ပေကျံလျက်ပြန်လာတော့သည်။
သူ့မှာတစ်နေ့လုံးစက်ပစ္စည်းများ ကိုင်နေရပြီး သူ့လက်များမှာ ဆီများပေနေပေသည်။
ကုရှီတုန်း
ရေခပ်ရန်ပြေးလာပြီး သူ့လက်များကို ဆေးပေးလိုက်သည်။ သူကုမန်ဆန် ထိုင်လေ့ရှိသော ဝါးခုံကိုလည်းရွှေ့လိုက်ပြီး
သူ့အဖေ အနားယူနိုင်ရန် ၎င်းကိုခြံထဲတွင်ထားလိုက်သည်။
ကုမန်ဆန်မှာ
အနည်းငယ်ကြောင်အ,နေလေသည်။ သူ့အငယ်ဆုံးသားမှာ အဲ့လောက်မလိမ္မာပေ။
သူလက်ဆေးပြီးသောအခါ
သူ့သား၏ ဖိနပ်အောက်ခံပြားမှာစုတ်နေပြီး သူအသစ်တစ်ရံလိုချင်မှန်း သဘောပေါက်သွားသည်။
ကုမန်ဆန်ပြုံးကာ
သဘောတူလိုက်သည်။
ကုရှီတုန်း
ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။
ကျန်းဆွေ့လန်
သူမသားကို မျက်လုံးလှန်ပြလိုက်သည်။နွေရာသီညတွင် ခြင်များမှာ တဝီဝီမြည်နေလေသည်။လင်းယောင်
ရေချိုးချင်သည်။ ကုချွင်မေ သစ်နံကိုင်းလက်တစ်ဆုပ်စာကို မီးရှို့လိုက်ပြီး ရေချိုးသည့်နေရာ၏
အတွင်းနှင့်အပြင်ကို မီးခိုးတိုက်လိုက်သည်။
ထိုသို့လုပ်သည်တောင်
လင်းယောင်မှာ ခြင်များရှိနေတုန်းဟု ခံစားနေရဆဲပင်။
သူမ၏ရှုံ့နေသော
မျက်နှာလှလှကိုကြည့်ပြီး ကုချွင်မေက "ဒီမှာပြဿနာတွေ အများကြီးရှိနေတာ။ စောင့်လိုက်ပါဦး။
အစ်ကိုကြီးပြန်လာရင် နင့်အတွက် ခြင်တွေကို မီးခိုးတိုက်ခိုင်းလိုက်မယ်!"
ကုချွင်မေ
နောက်နေသည်ဟုသာ တွေးကာ လင်းယောင်ရယ်လိုက်သည်။
ထိုစကားများမှာ
အမှန်တကယ်ဖြစ်လာပြီး ရက်အနည်းငယ်ကြာသောအခါ ကုရှီအန်း တကယ်ကြီးပြန်လာမည်ဟု မည်သူက ကြိုသိခဲ့မည်နည်း။