၅၀
ခုနှစ်က ဇနီးအလိမ္မာလေး
အပိုင်း
၉
လင်းယောင်
ထိုညတွင် အကြောင်းအရာအားလုံးအကြောင်းတွေးလိုက်ပြီး ခေါင်းအုံးသေးသေးလေးပေါ်တွင် အိပ်ပျော်သွားတော့သည်။
ညလယ်ခေါင်တွင်
မိုးကြိုးများပစ်ပြီး အပြင်ဖက်တွင်မိုးစရွာတော့ကာ ခြံဝန်းထဲရှိ ဝါးရွက်များကို တရှဲရှဲမြည်သွားစေသည်။
ကံကောင်းစွာနှင့်
လင်းယောင်မှာ မအိပ်ခင်ပြတင်းပေါက်အကြီးကို ပိတ်သည့်အကျင့်ရှိကာ လေဝင်ရန်အတွက် သစ်သားပြတင်းပေါက်လေးကိုသာ
ဖွင့်ထားလေသည်။ အေးမြသောလေလေးက ဖြတ်သန်းသွားပြီး အခန်းတစ်ခုလုံးကို အေးနေစေတော့သည်။
လင်းယောင်
စောင်ထဲတွင်ကွေးပြီး တစ်ညလုံးကောင်းမွန်စွာ အိပ်စက်ခဲ့ရသည်။
တောင်ဖက်ဆောင်တွင်ရှိသော
ကုချွင်မေမှာလည်း ကောင်းမွန်စွာ အိပ်စက်ခဲ့ရသည်။ သို့သော် သုန်ဇီမှာတော့ အနည်းငယ် ဆိုးဝါးခဲ့လေသည်။
သူနေသော ဘေးခန်းလေးမှာ အနည်းငယ် ကျဥ်းသော်လည်း နေရာထိုင်ခင်းကောင်းကာ အလင်းရောင်လည်း
ကောင်းကောင်းရလေသည်။ ၎င်းတွင် သစ်သားခုတင်၊ခုံစောင်း၊ကုလားထိုင်၊ ဗီရိုများ စသည်တို့မရှိပေ။
နွေရာသီတွင်
ကျန်းဆွေ့လန်မှာ သူမသား၏ အခန်းထဲတွင် ခြင်လုံဇကာကြမ်းတစ်ခုတပ်ပေးထားပြီး သစ်သားကုတင်ပေါ်တွင်လည်း
သင်ယပ်တောင်တစ်ခုထားပေးထားကာ သုန်ဇီမှာအိပ်ယာမဝင်ခင် ခြင်မောင်းရန် အသုံးပြုနိုင်ပေသည်။
သုန်ဇီမှာပျင်းလွန်းလို့
ညပိုင်းတွင် သူ့ခြေထောက်ကိုဆေးရတာမကြိုက်ဟု မည်သူကသိမည်နည်း။ ထိုကလေးမှာ ခြင်လည်း မဖမ်းပေ။
မှောင်တာနှင့် ခေါင်းလေးကိုကွေးကာ အိပ်ပျော်သွားတော့သည်။
ကျန်းဆွေ့လန်မှာ
အားလျှင် ထိုကောင်စုတ်လေးအား ခြင်မကိုက်စေရန် ယပ်ခတ်ပေးရသည်။
သူမဤရက်ပိုင်းတွင်တော့
အလုပ်များနေသည်မဟုတ်ပေလား? သူမနေ့ခင်းပိုင်း၌ ဝက်မွေးမြူရေးခြံတွင် ဝက်ခြံများကိုဆေးကြောရန်
ရေသယ်ကာ နေ့လည်ပိုင်းတွင် အိမ်ပြန်ရသည်။ လမ်းထဲတွင် ကန်တင်းကြီးတစ်ခု ဖွင့်လှစ်တော့ပေမည်။
လမ်းထဲရှိအမျိုးသမီးများအားလုံး ကူညီသန့်ရှင်းကြရသည်။ သူမ မသွားလျှင်မကောင်းတတ်ပေ။
လူထုဒေသန္တရများကို ထောက်ပံ့ကူညီရပေမည်။
ဘယ်သူက
မကူပဲနေရဲမည်နည်း?
လင်းယောင်လည်း
မနက်ဖြန်တွင် ကူညီရပေမည်။
ကျန်းဆွေ့လန်မှာ
အလွန်အလုပ်များနေသောကြောင့် အိမ်ရှိ သူမသားကို ဂရုမစိုက်နိုင်တော့ပေ။
ယွင်ရွှေမြို့တော်တွင်
မိုးရာသီမှာ စိုစွတ်နေပြီး ခြံဝန်းထဲရှိ အစိိမ်းရောင်အပင်များနှင့် ပန်းပင်များမှာ
စိမ်းလန်းစိုပြေနေတော့သည်။ အပြင်ထွက် လမ်းလျှောက်မည်ဆိုပါက ဂရုမစိုက်လျှင် အမည်းရောင်ခြင်များ
ကိုက်သည်ကို ခံရနိုင်ပေသည်။
မနေ့ညလယ်ပိုင်းက
မိုးရွာလေသည်။ ကုရှီတုန်း အခန်းရှိပြတင်းပေါက်များကို မပိတ်မိသောကြောင့် ခြင်လုံစေသည့်အချပ်လေးမှာလည်း
လေမိုးတို့နှင့်လွင့်ကာ ခြင်များတစ်ညလုံး အိမ်ထဲတွင် တဝီဝီနှင့် ပျံဝဲနေကြတော့သည်။
သုန်ဇီမှာ
တစ်ညလုံးခြင်ကိုက်ခံရပြီး ကုတ်နေရတော့သည်။
နောက်တစ်နေ့
မနက် မိုးမလင်းခင်အချိန်တွင် ထိုကောင်စုတ်လေးမှာ ငိုယိုကာ သူ့မိဘများ၏ အခန်းတံခါးကို
ခေါက်တော့သည်။
ဝက်မွေးမြူရေးခြံသို့
မနက် ၇:၃၀ တွင်သွားရပြီး ကျန်းဆွေ့လန်မှာ ၆:၃၀ တွင်ထကာ ဆေးကြော၊ ချက်ပြုတ်ကာ သွားသည်။
နှစ်ပေါင်းကြာလာတော့ သူမအကျင့်ဖြစ်သွားတော့သည်။
ထိုအချိန်တွင်
မြူဆိုင်းနေကာ အပြင်တွင်မှောင်နေပြီး မိုးပေါက်များမှာ ကျောက်ပြားများပေါ်သို့ ကျနေလေသည်။
ကျန်းဆွေ့လန်မှာ ဟောက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့သည်။
သားဖြစ်သူမှာ
တံခါးကို တဒုန်းဒုန်းထုနေတော့သည်။ကျန်းဆွေ့လန် နိုးသွားပြီး အလွန်ဒေါသထွက်တော့သည်။
သူမ အဝတ်ထပ်ဝတ်လိုက်ကာ ဖိနပ်စီးပြီး မျက်နှာထားတင်းတင်းနှင့် အိပ်ယာထဲမှ ထသွားလိုက်သည်။
ဒီကောင်စုတ်လေးကတော့
ဘာလို့မနက်စောစောစီးစီး ဒီလောက်ဆူညံနေရတာလဲ?
ကျန်းဆွေ့လန်
တံခါးဆီကို မြန်မြန်သွားပြီး တံခါးချက်ကိုဆွဲကာ ဒုန်းခနဲဖွင့်လိုက်ပြီး ကျိန်ဆဲတော့မလို
ဟန်ပြင်ကာ "ဒီခွေးမသားလေးကတော့ ဒုက္ခလာပေး..."
စကားလုံးများပါးစပ်ဖျားသို့
ရောက်လျှင်ရောက်ချင်းပင် သူမဆွံံ့အသွားသည်။ ဗုဒ္ဓေါ ဘယ်လိုလုပ်ပြီး ဒီလိုဝက်ခေါင်းဖြစ်သွားရတာလဲ?
လင်းယောင်မှာ
အလွန်ပင် အိပ်မောကျနေခဲ့သည်။ သူမအိပ်ယာနိုးလာတော့ အပြင်မှာမိုးတိတ်သွားပြီဖြစ်ကာ နေသာနေတော့သည်။
ပြတင်းပေါက်အပြင်ဖက်သဖန်းပင်တွင်လည်း ပုရစ်များက အော်နေကာ အင်မတန်ပင် ရွှင်ပျစရာကောင်းနေတော့သည်။
မိုးရွာပြီးနောက်
ခြံဝန်းထဲတွင် အေးနေတော့ကာ တစ်မူထူးခြားလှသည့် အစိမ်းရောင်မြက်အနံ့လေးများ မွှေးပျံ့နေတော့သည်။
လင်းယောင်
နိုးကာစပင်ရှိသေးကာ အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။ သူမဖြည်းဖြည်းချင်း အင်္ကျီလဲလိုက်ပြီး
မျက်နှာသစ်သွားတိုက်ရန် ခြံထဲသို့သွားကာ လမ်းလျှောက်နေလေသည်။
ခြံဝန်းမှာ
တိတ်ဆိတ်နေပေသည်။ အဒေါ်ဆွေ့လန်နှင့် ဦးလေးမန်ဆန်တို့မှာ အိမ်တွင်မရှိပေ။ သူတို့မနက်စောစောအလုပ်သွားသည်ပဲဖြစ်ရမည်။
သုန်ဇီသည်လည်း
သူ့အခန်းထဲတွင်မရှိပေ။
လင်းယောင်
အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သုန်ဇီမှာ ငပျင်းလေးဖြစ်ပြီး မည်သည့်အခါမှမနက်စောစောအိပ်ယာမထပေ။
ဒီနေ့မှဘယ်လိုဖြစ်လို့ဝီရိယကောင်းနေရသနည်း?
သူမတွေးနေတုန်းပင်
တောင်ဖက်အဆောင်၏ ပြတင်းပေါက်မှာ ပွင့်လာကာ ကုချွင်မေမှာ ဇလုံကိုကိုင်လျက် မရပ်မနားသမ်းကာ
ထွက်လာသည်။
"အစ်မ
ဒီနေ့အလုပ်မသွားဘူးလား?"
ကုချွင်မေဖိနပ်စီးလိုက်ကာ
ရေခပ်ရန်ရေတိုင်ကီဆီသို့ သွားလိုက်သည်။
လင်းယောင်သွားပြီး
သူမကိုကူကာ ရေခပ်ပေးလိုက်သည်။
"ဒီနေ့နားလိုက်တာလေ။
မသွားတော့ဘူး"
ကုချွင်မေ
အင်္ကျီလက်များကို ခေါက်တင်လိုက်ကာ မျက်နှာကို ရေဖြင့်သစ်ပြီး ပြောခဲ့သည်။
သည်လိုအချိန်များတွင်
ရုံးပိတ်ရက်ဟူသည်မရှိကာ ကောင်တီရှိ အလုပ်သမားများမှာ တစ်ပတ်လျှင်တစ်ရက်သာ နားရက်ရကြသည်။
ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမတွင်လုပ်သော ကုချွင်မေကဲ့သို့
အရောင်းဝန်ထမ်းများမှာ အလုပ်သို့အလှည့်ကျသွားကြသည်။
လင်းယောင်"အာ"
ဟုပြောလိုက်ပြီး လှည့်ကာ "မထူးဆန်းတော့ပါဘူး။ ဦးလေးနဲ့ အဒေါ်အိမ်မှာမရှိတာနဲ့
သုန်ဇီ မနက်အစောကြီးအိမ်ကနေ ပျောက်သွားတယ်"
ကောင်စုတ်လေးမှာ
လမ်းထဲသို့ အစောကြီးသွားပြီး သောင်းကျန်းနေသည်ပဲဖြစ်ရမည်။
ကုချွင်မေမှာ
သွားတိုက်နေလေသည်။ ထိုသည်ကိုကြားတော့ သူမပြုံးလိုက်ကာ"ယောင် နင်မသိသေးဘူးလား?"
လင်းယောင်
မျက်တောင်ခတ်လိုက်သည်။ ဘာကိုသိတာလဲ?
ကုချွင်မေမှာ
သူမကိုထိုသို့တွေ့လိုက်ရသောအခါ ရယ်လိုက်သည်။ သူမ သွားတိုက်ပြီးသောအခါ သန့်ရှင်းသော
တဘက်တစ်ခုကို ယူပြီး မျက်နှာသုတ်လိုက်သည်။ သူမလင်းယောင်ကို ရှင်းပြလိုက်သည်။ မနက်ပိုင်းတွင်
သူမထပြီးရေသောက်တုန်းက သူမမောင်လေး၏ မျက်နှာမှာ ခြင်ကိုက်ဖုများနှင့် ပြည့်နေတာကို
သူမတွေ့လိုက်ရသည်။
"အဲ့ကောင်လေးခြင်ကိုက်ခံရတာလေ။
သူ့ပါးစပ်ယောင်နေတာ ဝက်အူချောင်းလိုပဲ။ ပျင်းပြီးပြတင်းပေါက်မပိတ်တာလေ။ ခြံထဲက ခြင်တွေကအရမ်းဆိုးတာ။
ကိုက်လိုက်ရင်လည်းနာပြီး ယားတာ။ အဲ့ကောင်လေးငိုနေတာ။ မနက်စောစောစီးစီး အိမ်မှာယောက်ယက်တွေခတ်နေတာနဲ့
အိပ်လို့တောင်မရဘူး။ အဲ့ဒါနဲ့ဆေးရုံသွားကြတယ်လေ။ အခုဆိုဆေးရုံမှာ ဆေးသွင်းနေရလောက်ပြီ"
လင်းယောင်
- "......"
ဘယ်လောက်ကံဆိုးလိုက်လဲ?
ကုချွင်မေနှင့်
သူ့မောင်လေးတို့မှာ သတ်ပုတ်လေ့ရှိကာ ၎င်းက ကုရှီတုန်းကို ဒေါသတကြီးနှင့် အော်ဟစ်နေစေတော့သည်။
သို့သော်ငြား
ဘယ်လိုပင်ဖြစ်စေ သူမမောင်လေးဖြစ်ပေသည်။ သူမမှာ သူကံဆိုးသည်ကိုပျော်နေသည့်ပုံစံဖြင့်ပြောနေသော်လည်း
စိတ်ထဲတွင်တော့ စိုးရိမ်ပူပန်နေလေသည်။
မနက်စာစားပြီးနောက်
ညီအစ်မ ၂ ယောင်သား သုန်ဇီကိုသွားတွေ့ရန်အတွက် ကျန်းမာရေးစင်တာသို့သွားရန် စီစဥ်လိုက်ကြသည်။
လမ်းတွင်
ကျန်းဆွေ့လန်မှာ အိမ်သို့ခပ်သုတ်သုတ်ပြန်လာလေသည်။
လင်းယောင်
မေးသောအခါ သုန်ဇီမှာ အမှန်တကယ်ပင်ဆေးရုံ၌ ဆေးသွင်းနေရလေသည်။ ကံမကောင်းသော ထိုကလေးမှာ
အဆိပ်ပြင်းသော ခြင်များကိုက်သည်ကို ဆိုးဆိုးဝါးဝါးပင် ခံလိုက်ရသည်။ သူ့ပါးစပ်ယောင်နေသည်သာမကပဲ
သူ့လက်နှင့်ခြေထောက်များပါ ယောင်နေလေသည်။ ကျန်းမာရေးစင်တာမှ ဆရာဝန်မှာ အလာ့ဂျစ်သက်သာစေသော
ပတ်တီးကိုပတ်ထားစေပြီး မြန်မြန်သက်သာစေသော လိမ်းဆေးကိုလည်း ပေးထားလေသည်။
ကျန်းမာရေးစင်တာတွင်
လိမ်းဆေးများသာပေးကာ အအေးဆီလည်းမရှိပေ။ ကျန်းဆွေ့လန်အိမ်သို့ ပိုက်ဆံပြန်ယူကာ ပစ္စည်းတင်သွင်းခြင်းနှင့်
ဈေးကွက်ဖြန့်ချိရေးသမဝါယမသို့ ဝမ်ဟုလိမ်းဆေးဆီ သွားဝယ်ရန်ပင်။
ယွင်ရွှေကောင်တီသမဝါယမတွင်
ကျားတံဆိပ်အအေးဆီသာ ရှိလေသည်။ ကျားတံဆိပ်အအေးဆီမှာ နှစ်ချို့နေပြီဖြစ်သော တံဆိပ်တစ်ခုဖြစ်သည်။
ထိုတံဆိပ်ပိုင်ရှင်မှာ ဝမ် ဟုအမည်ရသောသူဖြစ်ကာ လူများက၎င်းကို "ဝမ်ဟုလိမ်းဆေးဆီ"
ဟုခေါ်ကြသည်။
ကျားတံဆိပ်အဆီ၏
ဖော်စပ်ပုံမှာ ပူရှိန်း၊လေးညှင်းပွင့်နှင့် ပရုတ်ဆီတို့ဖြစ်ကြသည်။ ၎င်းမှာ အအေးမိခြင်းကိုပျောက်ကင်းစေကာ
အနာသက်သာစေပြီး ယောင်ရမ်းခြင်း၊ယားခြင်းများကိုလည်း သက်သာစေလေသည်။အနီကွက်များ သို့မဟုတ်
ခြင်ကိုက်ခံရသော ခြံဝန်းထဲရှိ ကလေးများမှာ
၎င်းကိုလိမ်းကြပြီး အာနိသင်မှာလည်း အထူးပင်ကောင်းမွန်လှပေသည်။
ကျန်းဆွေ့လန်
ပိုက်ဆံယူလိုက်ပြီး လက်ထဲတွင်အိတ်ကိုင်ကာ လမ်းထဲသို့သွားတော့သည်။
လင်းယောင်း
သူမခေါင်းကိုပုတ်လိုက်သည်။သူမ၏ နေရာလွတ်စူပါမားကက်တွင် ဝမ်ဟုလိမ်းဆေးဆီများ စင်လိုက်ရှိနေပေသည်။
အခန်းထဲတွင် လိမ်းဆေးတစ်ခုရှိသည်ဟု အကြောင်းပြကာ သူမအိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
သူမပြန်လာသောအခါ
သူမလက်ထဲတွင် အဆီတစ်ကရားပါလာလေသည်။
ကျန်းဆွေ့လန်
ပျော်ရွှင်စွာလက်ခုပ်တီးလိုက်ပြီး အခုသူမလမ်းထဲသို့သွားပြီး ဝယ်ရန်မလိုတော့ပေ။
ဝမ်ဟုလိမ်းဆေးအဆီကို
ကောင်တီရှိ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမတွင်သာ ရရှိနိုင်ပေသည်။
ထိုသို့ရောက်ရန် နာရီဝက်ကျော်ကျော် သွားရလေသည်။
သူမသားလေး
ခံစားနေရသောကြောင့် သူမအပင်ပန်းခံရမည်ကိုမကြောက်ပေ!
ကျန်းဆွေ့လန်
လင်းယောင်ကို ချီးကျူးလိုက်ပြီး စက်ဘီးပေါ်တက်ကာ နောက်တစ်ကြိမ်ပြန်ထွက်သွားတော့သည်။
သူမမသွားခင်
ကျန်းဆွေ့လန်က စိတ်ညစ်ညူးစွာပြောသွားသေးသည်။ "ငါတို့ယောင်ယောင်လေး ဒီနွေရာသီရက်တွေမှာ
ပင်ပန်းပြီးမျက်နှာလေးတောင်ချောင်ကျသွားတယ်။ အဒေါ် ညနေပြန်ရောက်ရင် ယောင်ယောင်ရဲ့ခန္ဓာကိုယ်ပြန်အားပြည့်ဖို့
ကြက်ဥပန်ကိတ်လေးလုပ်ပေးမယ်"
သူမဘေးရှိ
ကုချွင်မေကလည်း ခေါင်းငြိမ့်သည်။ "မဟုတ်ဘူးယောင်ယောင် တကယ်ပိန်သွားတာ။ယောင်ယောင်အတွက်
တစ်ခုဆိုမရလောက်ဘူး အမေ။ပိုပြီးလုပ်ကြမယ်"
အချိန်ရောက်လာသောအခါ
သူမ၊ယောင်ယောင်နှင့် သူမမိဘများ ပျော်ရွှင်သွားပေမည်။
ကျန်းဆွေ့လန်
သူမကိုမျက်လုံးလှန်ပြလိုက်ပြီး သူမသမီးကို လစ်လျူရှုထားလိုက်သည်။
မနက်စာစားပြီးသောအခါ
ညီအစ်မ ၂ ယောက် အိမ်ရှင်းကြသည်။ ထို့နောက်အိမ််ကိုသော့ခတ်ပြီး စစ်စိမ်းရောင်အိတ်ကိုဆွဲကာ
ကျန်းမာရေးစင်တာသို့သွားကြတော့သည်။
၁၉၅၀
ပြည့်နှစ်များတွင် ဓါတ်ဆီသုံးခြင်းကို တင်းကျပ်ထားပြီး အဓိကမြို့ကြီးများရှိ ဘတ်စ်ကားများကို
ဂက်စ်သုံးသောကားများအဖြစ် ပြောင်းလိုက်ကာ ဂက်စ်အိတ်များကို ကားအမိုးပေါ်တွင်ထားကြလေသည်။
ယွင်ရွှေကောင်တီတွင်
ဘတ်စ်ကားတစ်စီးသာရှိပြီး ကားထဲရှိနေရာမှာ ကျဥ်းမြောင်းပြီး ကျပ်ညပ်နေပေသည်။အလျင်လိုသော
အချိန်များတွင် ကားမှာလူများပြည့်နေပေမည်။
အခုတွင်တော့
ခရီးသည် အနည်းငယ်သာရှိသောကြောင့် လင်းယောင်ကားလက်မှတ် ၂ စောင်ဝယ်လိုက်သည်။လက်မှတ်ခမှာ
၂ ပြားဖြစ်ပြီး ပြတင်းပေါက်ဘေးခုံ ၂ ခုံတွေ့လေသည်။ သူမနှင့် ကုချွင်မေ ထိုင်လိုက်ကြပြီး
ပြတင်းပေါက်ကို ဖွင့်လိုက်ကာ လေများတိုက်လာပေသည်။နေအရမ်းပူမနေပေ။
ကောင်တီကျန်းမာရေး
စင်တာရှိသော လမ်းသို့မရောက်ခင် ကားမှာလမ်းပေါ်တွင် နာရီဝက်မျှခါယမ်းနေခဲ့လေသည်။
ကောင်တီ
ကျန်းမာရေးစင်တာမှာ အဝေးပြေးလမ်းဘေးတွင်ပင်ဖြစ်သည်။ ၄ ထပ် အနီရောင်အုတ်နှင့် အဆောင်အဦးပင်ဖြစ်သည်။
ကြားသည်မှာ လွတ်လပ်ရေးမရခင်က တည်ဆောက်ခဲ့သည်ဆို၏။ အဖြူရောင်ဂိတ်နှင့် နံရံပေါ်တွင်
အနီရောင် ဆောင်ပုဒ်များရှိနေကာ ပိုးသတ်ဆေးနံ့များ ထောင်းနေပေသည်။ ၎င်းမှာ မီးခိုးရောင်နှင့်
အပြာရောင်ဖြစ်သည်။ အရောင်စုံသောအဝတ်အထည်များကို ဝတ်ဆင်ကြသူများမှာ ထိုခေတ်၏ ထူးခြားသော
အမှတ်အသားပင်။
ဆေးသွင်းသောအခန်းမှာ
ဒုတိယထပ်တွင်ဖြစ်သည်။လင်းယောင်နှင့် အခြားသူများသွားတော့ ဆေးသွင်းခန်းတွင် လူပြည့်နေလေသည်။
ကုရှီတုန်းမှာ ကော်ရစ်တာတွင်ဆေးသွင်းထားသော ဘူးလေးနှင့် ထိုင်နေလေသည်။
ကောင်စုတ်လေးမှာ
ဆေးထိုးခံရ ဆေးလိမ်းခံလိုက်ရပြီး ပိုပြီး အားအင်ပြည့်လာသလို ခံစားလိုက်ရသည်။သူလင်းယောင်ကို
တွေ့တွေ့ချင်းပင်အော်တော့သည်။ "မရီး ကျွန်တော့်ကိုလာတွေ့တယ်"
လင်းယောင်သွားကြည့်ပြီး
ကြောင်သွားတော့သည်။ ဘာလို့ဒီကံဆိုးတဲ့ကလေးရဲ့ပါးစပ်က အရမ်းဖူးယောင်နေရတာလဲ?
ကုချွင်မေ
မပျော်မရွှင်နှင့်ပြောလိုက်သည်။ "ကောင်စုတ်လေး နင့်အစ်မ ငါ့ကိုတောင် မတွေ့ဘူးလား?"
ကုရှီတုန်းနှာမှုတ်လိုက်သည်။
"ဘယ်သူက မမကို ကျွန်တော့်ကိုရယ်ခိုင်းလို့လဲ?"
ဟုတ်သည်။
အခုမှာ အာဃာတများထားရမည့်အချိန်ဖြစ်သည်။
အစ်မနှင့်မောင်ဖြစ်သူတို့
စကားများနေကြတာကိုတွေ့တော့ လင်းယောင်မှာ ကုရှီတုန်း၏ အာသီသပြေစေရန် လမ်းတွင်ဝယ်ခဲ့သော
သကြားကပ်ကောက်ညှင်းကိတ်အားပေးလိုက်လေသည်။
အဖြူရောင်
သကြားကပ်ကောက်ညှင်းကိတ်မှာ ယွင်ရွှေကောင်တီ၏ အထူးထုတ်ကုန်ပင် ဖြစ်သည်။ ၎င်းကိုနိုင်ငံတော်ပိုင်
စားသောက်ဆိုင်များနှင့် ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမတွင် ရောင်းချလေသည်။
၎င်းကို ပဲနှင့်အစာသွပ်ထားပြီး ပူပူလေးစားရပေသည်။ နူးညံ့ကာ ချိုမြိန်သော အရသာရှိသည်။
ကုရှီတုန်းမှာ
ထိုမုန့်စားရသည်ကို အင်မတန်ကြိုက်လေသည်။ သူပြုံးလိုက်သည်မှာ မျက်လုံးများပင် ပိတ်သွားပြီး
စိတ်လှုပ်ရှားကာ လက်များပင်ဆန့်တန်းလိုက်သည်။
ကုချွင်မေ
သူ့ကိုပုတ်ကာပြောလိုက်သည်။ "နင့်လက်တွေကညစ်ပတ်နေတာ မဟုတ်ဘူးလား? မစားခင် လက်ဆေးလေ!"
သူမှာနေမကောင်းဖြစ်နေတာတောင်
အစာမစားခင်လက်မဆေးပေ။
ကုရှီတုန်း
ကြေကွဲစွာပင်အော်လိုက်သည်။ "ကျွန်တော်ပုလင်းချိတ်ထားရတာကို။ ဘယ်လို လက်ဆေးနိုင်မှာလဲ?"
သူ့မှာဗိုက်ဆာနေလေပြီ။
မိန်းမတွေက တကယ်ကို ဒုက္ခပေးတာပဲ!
လင်းယောင်
မုန့်များကိုပတ်ရန် အညိုရေောင်စက္ကူတစ်ခုကိုပေးကာ သူ့ကိုစားခိုင်းလိုက်သည်။
ထမင်းစားချိန်ရောက်ပြီ
ဖြစ်သည်။ လူများမှာ ကျန်းမာရေးစင်တာတွင် သွားလာနေကြသည်။ လူအများစုမှာတော့ ကော်ရစ်တာတွင်
စားရမှာကို ရှက်ကြလေသည်။
ကုရှီတုန်းမှာတော့
သာမန်လူမဟုတ်ပေ။ သူသည်အရေထူသော ကောင်စုတ်လေးဖြစ်သည်။ ကောက်ညှင်းကိတ်ကိုဆွဲယူလိုက်ကာ
ရှဥ့်ကလေး ဖရဲသီးစားသကဲ့သို့ တစ်လုတ်ပြီးတစ်လုတ်စားနေတော့သည်။ သူအရမ်းသက်တောင့်သက်သာရှိသည်ဟု
ခံစားရသည်။
သူသေသေချာချာကို
စားလွန်းလို့ ဖြတ်သွားသောဆရာဝန်မှာ သူ့ကိုတစ်ချက်ကြည့်ရန်ရပ်လိုက်သည်။
ကောင်စုတ်လေးမှာ
ဆရာဝန်ကိုပင် နှုတ်ဆက်လိုက်သေးသည်။
ကုချွင်မေ
ထိုသူမှာ သူမ၏မောင်လေးဖြစ်ကြောင်း ဝန်မခံလို၍ သူမမျက်နှာကို အုပ်လိုက်သည်။
စားပြီးတာတောင်
ထိုကောင်စုတ်လေးမှာ ဗိုက်မဝသေးပေ။ ထို့ပြင်လူကြီးတွေကလည်း သူ့ကိုဘာမှမပြောကြတော့ သနားစရာကောင်းစွာပင်
ဗိုက်လေးကိုကိုင်ကာကြည့်နေတော့သည်။
လင်းယောင်
စိတ်ပျော့သွားကာ ကုချွင်မေဖက်ကိုလှည့်ပြီးတိုင်ပင်လိုက်သည်။ "အစ်မ သုန်ဇီအတွက်
ခေါက်ဆွဲတစ်ဇလုံလောက်ဝယ်ပေးကြရအောင်"
ကုရှီတုန်း
စိတ်အားထက်သန်စွာ ကြည့်လာတော့သည်။
ကုချွင်မေ
အသက်ပြင်းပြင်းရှူလိုက်ပြီး မောင်ဖြစ်သူအတွက် ခေါက်ဆွဲပြုတ်ဝယ်ပေးရန် ကန်တင်းသို့ဒေါသတကြီး
သွားတော့သည်။
ကျန်းမာရေးစင်တာ၏
ကန်တင်းရှိအစားအစာများမှာကောင်းကာ စားဖိုမှူး၏ ကျွမ်းကျင်မှုမှာလည်း အစစ်အမှန်ပင်။
ခေါက်ဆွဲတစ်ပန်းကန်ထဲတွင်ပင် အသားနှင့်အသီးအရွက်များပါလေသည်။
အသားခေါက်ဆွဲများမှာ
ပိုဈေးကြီးပြီး ဝက်သား၊ပဲပင်ပေါက်၊ အစိမ်းရောင်အသီးအရွက်များနှင့်
ကြက်ဥတို့ပါလေသည်။ ဆီရွှဲကာ အရသာရှိသော်လည်း ဈေးကြီးလေသည်။ တစ်ပန်းကန်ကို ၁၂ ပြားကျသင့်ကာ
အသားဝယ်လက်မှတ် ၃ ခုလည်းလိုလေသည်။
ကုမိသားစုမှာ
တစ်လလျှင် အသားဝယ်လက်မှတ် ကက်တီဝက်သာရလေသည်။
ကုချွင်မေ
သူမလက်ထဲရှိ အသားဝယ်လက်မှတ်ကိုတင်းတင်းကိုင်ကာ အသားခေါက်ဆွဲတစ်ပွဲနှင့် ပြန်လာလေသည်။
ထို့နောက်
အသားခေါက်ဆွဲဇလုံကြီးကို သူ့ရှေ့တွင် ချထားလိုက်သည်။
လင်းယောင်ပင်
ဆွံ့အသွားသည်။ ကုရှီတုန်း တစ်ဝက်လောက်စားပြီး ငိုတော့မလိုပင်။ညသူအမှန်တကယ်ပင် တူများကိုချပြီးစားနေတာကို
ရပ်လိုက်ချင်သော်လည်း သူမလုပ်ရဲပေ။
အစ်မဖြစ်သူမှာ
သူ့ကို ဘေးကနေစိုက်ကြည့်နေပေသည်။
သူသာမစားလျှင်
အစ်မဖြစ်သူနှင့် တွေ့ပေတော့မည်။
အဆုံးတွင်တော့
ကုမန်ဆန်မှာ သူ့သားငယ်ကို ကူညီကာ ကျန်နေသောခေါက်ဆွဲများကို စားပေးရတော့သည်။
ကုမန်ဆန်ကဲ့သို့သော
ယခင်မျိုးဆက်မှ လူများအတွက်တော့ အစားအစာမှာ အလွန်ပင်တန်ဖိုးရှိလေသည်။ သူတို့ဆန်တစ်စေ့ကိုတောင်
မဖြုန်းတီးလိုပေ။ ဦးလေးမန်ဆန် ကျန်သောခေါက်ဆွဲနှင့် အရည်ကို စားသောက်လိုက်သည်။
ခေါက်ဆွဲစားပြီးသောအခါ
ဦးလေးမန်ဆန် စတီးစက်ရုံသို့ ပြန်သွားတော့သည်။
ကုချွင်မေ၏
မင်္ဂလာဆောင် နီးကပ်လာပြီဖြစ်ကာသူမနောက်ဆုံးတွင် နားရက်ယူလိုက်သည်။ နေ့လည်ပိုင်းတွင်
သူမနှင့် အစ်ကိုကြီးထို့ထို့တို့ လက်ထပ်ပွဲအတွက် လိုအပ်သည်များပြင်ဆင်ကာ ဒိတ်လုပ်ကြပေမည်။
မွန်းလွဲပိုင်းတွင်
ကျန်းဆွေ့လန် သူမသားဖြစ်သူကို လာကြည့်ကာ လင်းယောင်ကို ခေါ်သွားတော့သည်။ နှစ်ယောက်သား
ခြံဝန်းဆီသို့ အတူတကွ ပြန်သွားကြသည်။
မွန်းလွဲပိုင်းတွင်
လမ်းထဲ၌ ကူညီရန်လိုသေးသည်။
လင်းယောင်
သစ်တော်သီးကိတ် ကက်တီဝက်နှင့် စာအုပ်နှစ်အုပ်ကို ကောင်စုတ်လေးအတွက် ချန်ထားပြီး သူမအိမ်မှယူလာသော
အစိမ်းရောင်ရေနွေးအိုးကို ကျိုထားသောရေနွေးနှင့် ဖြည့်လိုက််သည်။ စားစရာ သောက်စရာနှင့်
စာအုပ်ရှိနေသောကြောင့် ကုရှီတုန်းမှာလုံးဝအထီးမကျန်တော့ပေ။
ကျန်းဆွေ့လန်
လှည့်ကြည့်လိုက်တော့ သူမသားမှာ ဆေးပုလင်းကို က်ိုင်ထားဆဲဖြစ်ကာ ပြုံးနေသည်ကိုတွေ့လိုက်ရသည်။
ခြံဝန်းထဲတွင်
ဒါရိုက်တာကောနှင့် သူ့အဖွဲ့ဝင်များမှာ ဒေသန္တရ ကန်တင်းဖွင့်တော့မည်ဖြစ်သောကြောင့် ရက်အတော်ကြာ
အလုပ်ရှုပ်နေကြပေသည်။
ကန်တင်းမှာ
စီရင်စုရုံး၏ ခြံဝန်းထဲတွင်ရှိပေသည်။ ၎င်းမှာ ရှေးခတ်ပုံစံအိမ်ဖြစ်သည်။ အရင်က သူဌေးများ
နေထိုင်ခဲ့သောအိမ်ဖြစ်သည်။ ခြံဝန်းကျယ်ကြီးထက် ၎င်းမှာအများကြီးပိုပြီး ခံ့ညားထည်ဝါလေသည်။
ဒေသန္တရကန်တင်းရှိမီးဖိုမှာ
မီးဖိုအဟောင်းဖြစ်သည်။၎င်းမှာကျယ်ဝန်းပြီး အုတ်များနှင့် အသစ်ဆောက်ထားလေသည်။ ပေါင်းအိုး
၂ ခုရှိပြီးတစ်ခုမှာ မုန့်များပေါင်းရန်ဖြစ်ကာ နောက်တစ်အိုးမှာ ချက်ပြုတ်ရန်ဖြစ်လေသည်။
နံရံနှင့်ကပ်လျက်စားပွဲရှည်ကြီးတစ်ခုရှိလေသည်။ ထင်း၊ဆန်၊ဆီ၊ဆား၊ဓါးများ၊ဇွန်းများနှင့်
အသီးအရွက်များလှီးရန်အတွက် စဥ့်တီတုံးများလည်းရှိသည်။ ထင်းများမှာ အများအပြားပင်ရှိနေကာ ခံတပ်မြင့်ကြီးအလားပင်။
ဒါရိုက်တာကောမှာ
အဖွဲ့ဝင်များကို ထပ်ပြီးစည်းရုံးကာ ကန်တင်းရှိ အိမ်ထောင်စုတိုင်းဆီသို့ ဆန်နှင့်ခေါက်ဆွဲများပို့ခိုင်းသည်။
ဒါသည်လည်း
အထက်မှ စည်းမျဥ်းပင်ဖြစ်သည်။ အိမ်တိုင်းအိမ်မှာ ချက်မစားပဲ ကန်တင်းမှာပဲ စားရမည်ဟူ၍။
တာ့ဇားယန်ရှိသော
ဒုတိယအဖွဲ့တွင်တော့ ကန်တင်းတွင် တစ်နေ့ ၃ နပ်စားသောသူများရှိသည်။ အဖွဲ့ဝင်များပို့ပေးသောဆန်နှင့်
ခေါက်ဆွဲများမှာ မလုံလောက်ကာ ကျန်သည်ကို နိုင်ငံတော်မှ ထောက်ပံ့ရသည်။
သည်လိုတွက်ချက်လျှင်တော့
အမျိုးသားရေးလမ်းစဥ်သည် လက်ခံနိုင်စရာပင်။
ဤနေ့ရက်များတွင်
မိသားစုလူဦးရေများကာ အရွယ်ရောက် လူဦးရေတစ်ဝက်မှာ ဆင်းရဲနေကြသည်။
ဒါရိုက်တာကောက
ကန်တင်းတွင် လူတိုင်းတစ်ဝစားကြသည်ဆို၏။ သူတို့မှာဗိုက်ပြည့်ရုံတင်မဟုတ်ပဲ ကောင်းကောင်းမွန်မွန်ပါစားရကာ
အဖွဲ့ဝင်များကိုစိတ်ချလက်ချဖြစ်သွားစေသည်။
အိမ်ထောင်ရှင်မများက
တွက်ချက်လိုက်ကြသည်။ အိမ်တိုင်းတစ်လလျှင် ဆန် ၁၀ ကီလိုဂရမ် ကန်တင်းသို့ပို့ရပေမည်ဖြစ်ကာ
သူတို့စားသောက်ရန်ပူစရာမလိုတော့ပေ။
လူတိုင်းမျက်နှာပေါ်တွင်
အပြုံးများနှင့် ဆန်အိတ်များကိုကန်တင်းသို့ အုပ်စုလိုက်သယ်သွားကြသည်။
ဒေသန္တရစာရင်းကိုင်မှာ
လက်တစ်ဖက်တွင် လယ်ဂျာစာအုပ်ကိုကိုင်ထားပြီး နောက်တစ်ဖက်တွင် ပေသီးတွက်ခုံကို ကိုင်ထားကာ
အလုပ်များလွန်းလို့ချွေးများသီးနေပေသည်။
သို့သော်လည်း
အစားအစာပို့ရမည်ကို တုံံံံံံ့ဆိုင်းနေသောသူများရှိကာ ဥပမာအားဖြင့် အရှေ့ခြံဝန်းတွင်ရှိသော
ဝမ်ရှန်းဆိုင်တို့ မိသားစုနှင့် ဝမ်မိသားစုမှမိန်းမကြီးတို့ဖြစ်ကြသည်။ ယောက္ခမဖြစ်သူနှင့်
ချွေးမဖြစ်သူတို့မှာ သူတို့မှာဆင်းရဲပြီး အဆင်မပြေကြောင်း မြည်တွန်တောက်တီးကာ ဆန်များဂျုံများမရှိဟူ၍။
သူစာရင်းကိုင်ကိုမေးလိုက်သည်။ "ဖွဲနုပေးလို့မရဘူးလား?"
စာရင်းကိုင်မှာ
ဒေါသထွက်ကာ လှောင်ရယ်ရယ်တော့သည်။
ဒီယောက္ခမနဲ့ချွေးမကတော့
လာနောက်နေသည်ပင်။ ဖွဲနုကို ဝက်နှင့်ကြက်များကျွေးရန်သာသုံးသည်။ အဲ့ဒါကိုသူများတွေကိုကျွေးမယ်။
ဖွဲနုနဲ့လုပ်တဲ့မုန့်ကိုစားလို့ရမှာလားမေးလိုက်ချင်သည်။
သူတို့သာ
အဲ့ဒါကို စားနိုင်သည်ဆိုလျှင် ကန်တင်းတွင် ဖွဲနုများကိုသုံးပေမည်။
အနီးနားရှိအဖွဲ့ဝင်များ
ဝါးခနဲရယ်လိုက်ကြသည်။
ဝမ်မိသားစုမှမိန်းမကြီးမှာ
ကျိန်သာကျိန်ဆဲနိုင်ကာ အစားအစာယူရန် အိမ်သို့ပြန်သွားတော့သည်။
ဝမ်ရှန်းဆိုင်၏
ဇနီးမှာ မျက်လုံးလှန်လိုက်ကာ ကုအိမ်တံခါးကိုခေါက်ရန် လှည့်သွားတော့သည်။
ကျန်းဆွေ့လန်မှာ
ကန်တင်းသို့ အစားအစာသွားပေးနေပြီး လင်းယောင်မှာ အိမ်တွင်တစ်ယောက်တည်း တစ်ရေးအိပ်နေလေသည်။
သူမအိပ်ပျော်သွားတော့
အပြင်ဖက်မှာမိုးခြိမ်းတာတောင်် မနိုးတော့ပေ။
ဝမ်ရှန်းဆိုင်၏ဇနီးက
ကုအိမ်အဆောင်တစ်ခုပြီးတစ်ခုတံခါးလိုက်ခေါက်သည်။ သူမလက်များ တံခါးခေါက်ရာမှ နာကျင်လာသော်လည်း
တစ်ယောက်မှထွက်မလာပေ။
သူမ၏
နာနေသောလက်မောင်းများကို ခါယမ်းလိုက်ကာ စိတ်ပျက်လက်ပျက်နှင့် အိမ်ပြန်သွားတော့သည်။
သူမမှာ
ကုအိမ်မှ ဆန်ကီလိုဂရမ်အချို့ချေးငှားလို၍ပင်။ သို့သော် သည်မိသားစုမှာ အလွန်ပင်ကောက်ကျစ်စဥ်းလဲကာ
သူမကိုတံခါးဖွင့်ပေးရန်ငြင်းဆန်ပြီး သူမသွားရသည်သာ အလကားဖြစ်ခဲ့သည်!
မြို့ကြီးများရှိ
ကန်တင်းများမှာ စည်ပင်ဝပြောပြီး ကျေးလက်တောရွာများရှိ ဒေသန္တရများမှာလည်းအသက်ဝင် လှုပ်ရှားနေတော့သည်။
လင်းကျားကျွမ်
... မဟုတ်ပေ။ အခုတော့ တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းဟု ခေါ်ရပေမည်။
ထုတ်လုပ်ရေး
အသင်းခေါင်းဆောင်နှင့် သူ့လူများမှာ သစ်သား မျက်နှာကျက်အောက်တွင် စွပ်ပြုတ်နှင့်ထမင်းချက်ရန်
မီးဖိုတစ်ခုကိုဆောက်ကြသည်။
ယွင်ရွှေကောင်တီကဲ့သို့ပင်။
ထုတ်လုပ်ရေးအသင်း၏ ခေါင်းဆောင်သည်လည်း အဖွဲ့ဝင်များကို ကန်တင်းသို့ အစားအသောက်များ
လာရောက်ပို့ဆောင်ကြရန် အော်ဟစ်နှိုးဆော်နေတော့သည်။
သူတို့မှာ
အကျိုးရှိသည်ကိုတွေ့တော့ လင်းတာ့ကော်နှင့် ဇနီးဖြစ်သူမှာ မိသားစုရိက္ခာအိတ်ကိုသယ်ကာ
အခြားသူများထက်မြန်အောင် ပြေးသွားတော့သည်။
မည်သို့ပင်ဆိုစေ
လင်းမိသားစုမှာ၃ ရက်တွင် ၂ ရက်က မုန့်ပေါင်းနှင့်
ခေါက်ဆွဲများစားကာ ဆန်ပြုတ်သောက်နေခဲ့ရသည်။
ရွာကန်တင်းတွင်
ပေါင်မုန့်နှင့် ဝက်သားပေါင်းတို့ကို စားနိုင်ပေတော့မည်။
၂
ယောက်သားမှာ ခေါင်းဆောင်ဆီသို့ သွားကြတော့သည်။
လင်းဟုန်နမှာ
သွားဖို့အာရုံမရှိပေ။ ခြံဝန်းမှာ ရှုပ်ပွနေကာ သူမထိုသည်ကို မမြင်ချင်ယောင်ဆောင်ပြီး
မီးဖိုချောင်သို့သွားကာ သကြားရည်တစ်ကရားသောက်လိုက်သည်။
သူမလက်ထဲမှ
ကြွေကရားကို ချလိုက်သော်လည်း မျက်လုံးများမှာ အိမ်တွင်ရှိသော ဘာမှမရှိသည့်ခေါက်ဆွဲအိုးတွင်သာ
ကျောက်ချနေလေသည်။
သူမ
မှတ်မိတာသာမှန်လျှင် သူမ၏ ယခင်ဘဝ၌ ဤအချိန်တွင် ကုရှီအန်းစစ်တပ်မှ နှုတ်ထွက်ခွင့်ရပြီး
ပြန်လာပေလိမ့်မည်။