Ch-105
Viewers 15k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၀၅)


လီချင့်ဟွားနှင့် နိုင်ငံရေးအရာရှိလျိုတို့ဟာ ကလေးနှင့်အတူ သူတို့ရဲ့ မွေးရပ်မြေမှ ပြန်လာခဲ့ကြပြီ။ 


ချင်းရို့ မူလက "ချမ်းချမ်းသာသာနဲ့ အထက်တန်းဆန်ဆန် မွေးရပ်မြေသို့ ပြန်သွားကာ မိသားစုဝင်တွေ အထင်ကြီးအောင်လို့ ညဘက်မှာ ဘရိုကိတ်အင်္ကျီဝတ်ပြီး လမ်းလျှောက်နေခဲ့တယ်ဆိုတဲ့" ဇာတ်လမ်းတစ်ပုဒ်ကို ကြားချင်ခဲ့သော်လည်း လီချင့်ဟွား ပြန်လာပြီးနောက်မှာတော့ သူမရဲ့ နှင်းကိုက်နာအပြည့်ရှိနေတဲ့လက်ကို ခါယမ်း၍ နောက်နောင် ဆောင်းတွင်းဆို လုံးဝပြန်မသွားတော့ကြောင်း ပြောဆိုနေပါတော့သည်။ 


"ဒီနှစ်မှာ ငါ အေးခဲပြီးသေတော့မလို့ဟာ


သူမ ချုံကျိုးကျွန်းမှာ နေလာတာ နှစ်အနည်းငယ်ကြာသွားပြီမို့ ဤနေရာရှိ ရာသီဥတုကို ကျင့်သားရသွားတာလားတော့ သူမလည်းမသိပါချေ။ ရလဒ်အနေနဲ့ ဒီနှစ် သူမ မွေးရပ်မြေသို့ ရုတ်တရက် ပြန်သွားတဲ့အခါ အအေးဒဏ်နဲ့ နှင်းမုန်တိုင်းတွေကြောင့် လီချင့်ဟွားတစ်ယောက် လမ်းမှာတင် ခွေးအတစ်ကောင်လို အေးခဲသွားခဲ့ရ၏။  


အပြန်လမ်းမှာလည်း သူမရော သူမသားပါ အအေးမိသွားခဲ့ပါသေးသည်။ 


လီချင့်ဟွားက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဟောင်းနွမ်းနေတဲ့ ချည်သားပိတ်အင်္ကျီကို ၀တ်ဆင်ထားပြီး နိုင်ငံရေးအရာရှိလျိုရဲ့ စစ်ကုတ်အင်္ကျီနဲ့ ပတ်ထားလျက် အအေးဒဏ်ကြောင့် ကျုံ့ဝင်သွားရကာ လမ်းတစ်လျှောက် မရေမတွက်နိုင်တဲ့ အတွေးများစွာ တွေးနေမိခဲ့၏။  


-- ဆောင်းတွင်းကြီးကို မွေးရပ်မြေပြန်ဖို့ ရွေးချယ်မိတာ ငါရူးသွားတာများလားဟဲ့။ 


နောက်ဆုံးတွင်မူ သူမရဲ့မွေးရပ်မြေကို ရောက်သွားတဲ့အခါ လီချင့်ဟွားက ခန်ကုတင်မှာ မလှုပ်မယှက်သာ နေလိုခဲ့သည်။ သူမရဲ့ ယောက္ခမက သူမအား ဘယ်လိုပဲခိုင်းနေပါစေ သူမ မလှုပ်ရှားခဲ့ပေ။ သူမတော့ အေးလွန်းလို့ သေတော့မှာပဲနော်။ 


လီချင့်ဟွား တစ်နေကုန် အိမ်ထဲမှာနေပြီး အပြင်မထွက်ချင်ပေ။ လူတွေနှင့် အတင်းတုပ်ဖို့ ဘယ်သူက အပြင်ထွက်မှာလဲနော်


သို့ရာတွင် ရွာက ညီအစ်မတစ်သိုက်က သူမပြန်လာတာကို ကြားလိုက်သည်နှင့် သူမကို တွေ့ဖို့ အိမ်ဆီ အပြေးရောက်လာကြလေရဲ့။ 


လီချင့်ဟွားက နှာတရှုံရှုံနှင့် သူတို့နဲ့ စကားစမြည်ပြောနေခဲ့၏။ သူမ ချုံကျိုးကျွန်းမှာရှိနေတဲ့အကြောင်း၊ ဒါရိုက်ဘာတစ်ယောက်ဖြစ်လာတဲ့အကြောင်း ပြောပြနေလေရဲ့။ 


စကားပြောနေရင်း ချောင်းဆိုးကာ နှာရည်ယိုနေပါသေးတယ်။ မနာလိုအားကျတဲ့မျက်လုံးတွေ အများကြီးရခဲ့ပေမယ့် လုံးဝမပျော်ပါဘူးနော်။ 


- အရမ်းအေးတာပဲဟာ။ 


သူမသား လျိုယွဲ့က နှင်းတွေကြည့်ဖို့ စောင့်မျှော်နေပြီး နှင်းထဲတွင် ဆော့ကစားရန် သူ့အဖေနောက်လိုက်သွားခဲ့သည်။ 


လီချင့်ဟွားကတော့ ကျွန်းကိုပြန်သွားဖို့သာ မျှော်လင့်စောင့်စားနေပါတော့သည်။ 


"အေးလွန်းတယ်ဟာ"  


ယခု သူမ ကျွန်းကို ပြန်လာခဲ့တာတောင်မှ မသိစိတ်အရ အိတ်ကပ်ထဲမှာ သူမရဲ့လက်တွေကို ထည့်ထားတုန်းပဲ။ 


သူမသားရဲ့လက်တွေတောင်မှ အင်္ကျီလက်ထဲ ထိုးထည့်ထားလေရဲ့။ 


ချင်းရို့: "…" 


ကြည့်ရတာတော့ အစ်မဟွားဟွားက အရမ်းအေးတဲ့နှစ်သစ်ကူးဆင်နွှဲခဲ့ရပုံပဲနော်။ 


"ငါ့ယောက္ခမဆို ငါ့မှာ ကိုယ်ဝန်ရှိနေပြီလို့ အထင်လွဲနေတာဟယ် ဟားဟား..." 


"ရှောင်ချင်းရေ ငါ နင့်အတွက် တစ်ခုခုယူလာခဲ့တယ်၊ တန်ဖိုးတော့မရှိပါဘူး။ လာမြည်းကြည့်လိုက်၊ ငါတို့မွေးရပ်မြေကပဲ


"ငါ ကိုယ်ဝန်ရှိတုန်းက ဒီဂေါ်ဖီချဥ်ကို အရမ်းကြိုက်ခဲ့တာလေ။ ဒီတော့ နင်လည်း မြည်းစမ်းကြည့်သင့်တယ်နော်


လီချင့်ဟွား ပြန်လာတဲ့အခါ ဇာတိမြို့မှ ပစ္စည်းအများအပြားကို ယူလာခဲ့ပြီး ချင်းရို့ကို ပေးခဲ့လေသည်။ သူ့မွေးရပ်မြေမှ အထူးစပယ်ရှယ်ဂေါ်ဖီချဥ်အပါအဝင် ကြွက်နားရွက်မှိုနှင့် တောရိုင်းမှိုတွေလည်း ပါလာခဲ့၏။ 


ချင်းရို့လည်း အပြန်အလှန်အနေဖြင့် အေးခဲအသားလုံးအများအပြားကို ပေးခဲ့သလို သူမချက်ထားတဲ့ စွပ်ပြုတ်နှင့် ခြံထဲက ဟင်းသီးဟင်းရွက်များစွာကို ဆွတ်ကာ ပေးလိုက်၏။ ဒါတွေဟာ အစ်မဟွားဟွားအတွက် ဟော့ပေါ့လက်ဆောင်လို့ ခေါ်ပါတယ်နော်။ 


"ကောင်းပြီ၊ ငါတို့ ဒီနေ့ ကန်တင်းမှာ မစားရတော့ဘူးပဲ။ အိမ်ပြန်ရောက်ရင် ကလေးအတွက် ချက်ပေးလိုက်မယ်


လီချင့်ဟွား ပြန်သွားပြီးနောက် ချင်းရို့တစ်ယောက် အမှန်တကယ်ပင် ဂေါ်ဖီချဉ်အိုးဆီက ဆွဲဆောင်ခံလိုက်ရ၏။ သူမကိုယ်ဝန်ရှိကတည်းက အချဥ်တွေစားရတာကြိုက်နေခဲ့ပြီး ဂေါ်ဖီချဥ်နဲ့ ဝက်သားကိုပင် စားချင်နေခဲ့၏။ 


ဒါပေမယ့် အခုတော့ သူမဆီမှာ ဝက်သားစားဖို့ အခြေအနေမရှိသေးဘူးလေ။ 


ချင်းရို့ တံတွေးမျိုချလိုက်ပြီး ဂေါ်ဖီချဥ်နှင့် ပုစွန်လုံးခေါက်ဆွဲချက်ဖို့ ဆုံးဖြတ်လိုက်၏။ လတ်လတ်ဆတ်ဆတ်ပုစွန်တွေနှင့် အရသာကတော့... အချဥ်အနံ့ကတော့ အရမ်းပြင်းလွန်းနေတာပဲ


အနံ့က အရမ်းပြင်းတာကြောင့် အိမ်ထဲမှာ ပျံ့မသွားရအောင်လို့ ချင်းရို့လည်း အပြင်မှာပဲ ထိုင်စားလိုက်ရာ ချဥ်ချဥ်အနံ့လေးဟာ နေရာအနှံ့ ပျံ့သွားပါတော့တယ်။ 


ကလေးတွေပြန်လာတဲ့အခါ အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရ၏။ စားတဲ့သူက အနံ့မွှေးတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် အပြင်လူအနေနဲ့ဆိုရင်တော့ အနံ့ကပြင်းထန်နေမှာပင်။ 


ချင်းရို့က ကလေးတွေအတွက် ဂေါ်ဖီချဥ်နှင့် ပုစွန်လုံးခေါက်ဆွဲနှစ်ပန်းကန် လုပ်ပေးလိုက်၏။ 


ဟွမ်ရှင်းရင် ဘေးအိမ်မှထွက်လာတဲ့ ဂေါ်ဖီချဥ်ခေါက်ဆွဲအနံ့လေးကို ရလိုက်သဖြင့် လှေကားထစ်ပေါ်တွင်ရပ်ကာ လျှောက်ကြည့်နေရင်း ဒီရှောင်ချာကျင်းက ကိုယ်ဝန်ရှိပြီးနောက်ပိုင်း လက်ဖက်ရည်သောက်တာကို ရပ်ပစ်လိုက်ပြီး ထူးဆန်းတဲ့အစားအစာတွေ စားသောက်လာတာပဲလို့ တွေးတောနေမိလျက်။ 


ဒါပေမယ့် အနံ့ကအရမ်းမွှေးနေရာ သူမလည်း မြည်းစမ်းကြည့်ချင်လာခဲ့ပြီ။ 


ထို့ကြောင့် သူမက နည်းနည်းတောင်းဖို့ ဘေးအိမ်ကို သွားလိုက်ကာ ချင်းရို့ကလည်း သူမကို ရက်ရောစွာ ဝေမျှခဲ့ပေသည်။ 


ဟွမ်ရှင်းရင်သည် ညဘက်မှာ ဒီခေါက်ဆွဲကို ချက်ဖို့ ဆုံးဖြတ်လိုက်၏။ သူမ အဲဒီဂေါ်ဖီချဥ်ခေါက်ဆွဲကို အရမ်းကြိုက်တာပဲ။  


ကျန်းချန်ပေ့ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ သူ ချက်ချင်း ထွက်ပြေးသွားကာ "ငါ အိမ်ပြန်မလာနိုင်တော့ဘူး


"မိန်းမရေ အနံ့နံ့တဲ့ ခရုဟင်းတစ်အိုးတည်ထားတာလား?" 


"အင်း ကျွန်မအတွက် လွှင့်ပစ်ပေးပါဦး


"ကျွန်မ ဖုံးထားချင်ပေမယ့် အနံ့က ဖုံးလို့မရလို့


ကျန်းချန်ပေ့: "... " အခု သူ့ဇနီးလေးက နည်းနည်းပျင်းရိနေပုံရတယ်။ ဒါ တကယ်ကြီး ကြောက်စရာကောင်းလိုက်တာကွာ။ 


ခေါင်းဆောင်ကျန်းက နောက်တံခါးဆီသို့ ပြေးသွားခဲ့ရာ ဘေးအိမ်ကလည်း ဒီလိုအနံ့တွေထွက်နေတာကို တွေ့ရှိသွားခဲ့သည်။ သူ့ခေါင်းကို လှည့်လိုက်သည်နှင့် အိမ်ပြန်လာတဲ့ လုယန်ကို တွေ့လိုက်ရကာ ခေါင်းဆောင်လုအား စိတ်ရင်းဖြင့် သူပြောလိုက်လေ၏။ "ရှောင်လုရေ အိမ်ထောင်ကျတာအချိန်တစ်ခုကြာလာတော့ အမျိုးသမီးတွေလည်း ပျင်းရိလာကြတာပဲကွာ။ ဒီနေ့ ငါအိမ်ပြန်ရောက်တော့ အနံ့နံ့နေတဲ့ခရုတစ်အိုးကိုတွေ့လိုက်ရတယ်၊ မင်းလည်းအတူတူပဲကွာ


စစ်ဦးစီးချုပ်လု: "ငါ ခရုစားရတာ မကြိုက်ဘူး..." 


"အတူတူပဲ


Thanks for reading!