Ch-106
Viewers 15k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၀၆)


နှစ်သစ်ကူးပြီးနောက် ဆွေမျိုးများထံ အလည်အပတ်သွားခဲ့ကြပြီး လက်ဆောင်တွေ အချင်းချင်းဖလှယ်ကြလေသည်။ ထူးဆန်းတဲ့အလှည့်အပြောင်းများစွာလည်းရှိခဲ့၏။ စစ်ဦးစီးချုပ်လင်းရဲ့ ဇနီး ကျိုးမုန့်လန်အပါအဝင် မိသားစုဝင်အသစ်များ ပြောင်းရွှေ့လာခဲ့ကြသည်။ 


ကျိုးမုန့်လန်က သူနာပြုဆရာမတစ်ဦးဖြစ်သည်။ ယခုနှစ်တွင် သူမက ကျွန်းသို့လိုက်လာရန် သဘောတူခဲ့၏။ သူမ ကျွန်းပေါ်ရောက်သည်နှင့် စိတ်မသက်မသာခံစားမိခဲ့သည်။ မူလက သူမရဲ့ ယောက္ခမကပါ သူမနဲ့ အတူတူလိုက်ဖို့ စီစဥ်ထားသော်ငြား သူမတို့ထွက်မလာခင်မှာ ယောက္ခမဖြစ်သူက သူမအား ဒုတိယကလေးယူဖို့ အတင်းအကြပ်လုပ်ခိုင်းမယ်လို့ ဘယ်သူသိမှာတုန်း။ သူမသာ ကလေးမမွေးပေးဘူးဆိုရင် ကလေးလာထိန်းပေးဖို့ ဆန္ဒမရှိဘူးတဲ့။ 


ကျိုးမုန့်လန်က ဟိုးအစကတည်းက ကလေးကို ပြုစုပျိုးထောင်ခဲ့သူမဟုတ်။ သူမရဲ့ ယောက္ခမကပဲ ကလေးကို ပြုစုပျိုးထောင်ပေးခဲ့တာ။ 


တကယ်တော့ သူမရဲ့ယောက္ခမဟာ ပေါ့ပေါ့တန်တန်နေတတ်သူမို့ သူမ သည်းမခံနိုင်သော်လည်း အိမ်မှာ ရန်မဖြစ်ချင်တာကြောင့် ငြင်းခုံခြင်းမပြုခဲ့ပေ။ 


သူမယောက္ခမရဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းဟာ သူမလို သူနာပြုတစ်ဦးအတွက်တော့ သည်းမခံနိုင်စရာဖြစ်နေသော်ငြား သူမမှာလည်း ရွေးချယ်စရာမရှိခဲ့ပါချေ။ သူမက အလုပ်သွားရမှာဆိုတော့ ကလေးကို သူမယောက္ခမကပဲ ကြည့်ပေးနိုင်မှာလေ။ 


ယခုတော့ ကျိုးမုန့်လန် ကျွန်းပေါ်ရောက်တဲ့အခါ သူမယောက္ခမ မလာတော့ကြောင်း ကြားလိုက်ရသဖြင့် အပျော်လွန်သွားရ၏။ သူမအတွက်တော့ ဒုတိယကလေးမွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ မွေးပြီးတော့ ကလေးလေးကို သူမယောက္ခမဆီမှာ ပြုစုပျိုးထောင်ခွင့်ပေးရမယ်ပေါ့? မဖြစ်နိုင်လိုက်တာ


သို့ရာတွင် လေးနှစ်သားအရွယ် ကလေးကို ပြုစုစောင့်ရှောက်ပေးမယ့်သူ ဘယ်သူမှမရှိတာက တကယ့်ပြဿနာပင်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာ၌ မူကြိုကျောင်းရှိနေပြီး ထိုမူကြိုက ကောင်းတယ်လို့ သူမကြားထားသဖြင့် ကျိုးမုန့်လန်လည်း ကလေးကို မူကြိုပို့ဖို့ စီစဉ်ပါတော့သည်။ 


သူမရဲ့ ကလေးကို မူကြိုပို့ချင်နေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ယောက္ခမက သဘောမတူခဲ့ဘူးလေ။ အခုတော့ သူမယောက္ခမလည်းမရှိဘူးဆိုတော့ နောက်ဆုံးမှာ သူမသားကို မူကြိုပို့နိုင်ပြီပဲ။ 


သို့သော် ဤကလေးငယ်ဟာ သူမရဲ့ ယောက္ခမဖြစ်သူက ပြုစုပျိုးထောင်ပေးခဲ့တာကြောင့် သူသည်လည်း မူကြိုမသွားချင်ခဲ့ပေ။ သူမက သူမူကြိုတက်ရတော့မယ်လို့ ပြောလိုက်သည်နှင့် အသတ်ခံရတော့မယ့် ဝက်တစ်ကောင်လိုမျိုး မိသားစုခြံဝင်းအပေါက်ဝမှာ ငိုယိုနေပါတော့သည်။ 


လေးနှစ်သားကောင်စုတ်လေး လင်းယောက်ရန်ဟာ အမှန်ပင် အသံကျယ်လေ၏။ ငိုတာက အဆင်ပြေပေမယ့် သူက ဂိတ်စောင့်ရဲ့ ပေါင်ကို ပွေ့ဖက်ရင်း ငိုယိုနေတာလေ။ စစ်သားလူငယ်လေးက မတ်တပ်ရပ်နေတုန်း ကလေးငယ်က သူ့ပေါင်ကို မလွှတ်တမ်း ပွေ့ဖက်ထားလေ၏။ 


ကောင်ငယ်လေးဟာ အရမ်းထက်မြက်သူပင်။ သူ့အမေကို ပွေ့ဖက်ရမယ့်အစား တခြားတစ်ယောက်ရဲ့ ပေါင်ကို ပွေ့ဖက်ရမယ်ဆိုတာ သူ သိနေလေရဲ့။ 


"ဝူး... ​သားမသွားဘူး မသွားချင်ဘူး..." 


"ဦးလေး! ကူညီပါ!!! သူတို့ သားကို သွားရောင်းတော့မှာ..." 


"ဝူး ဝူး... ဝါး ဝါး..." လင်းယောက်ရန်ရဲ့ မျက်နှာမှာ မျက်ရည်တွေနဲ့ နှပ်ချေးတွေနဲ့ ပြည့်နေပြီး တခြားသူရဲ့ စစ်ဘောင်းဘီပေါ်မှာ အကွက်တွေ ထင်ကုန်ပါတော့သည်။ 


အစ်ကိုပင်း: "…" 


ကျိုးမုန့်လန်: "…" 


"မငိုနဲ့တော့


ကျိုးမုန့်လန်ရဲ့ ဦးရေပြားမှာ ထုံကျင်နေပြီး သူမ အမှန်တကယ်ပင် ရှက်ရွံ့နေသော်လည်း သူမသားကို ယခင်က မပျိုးထောင်ခဲ့ရသူမို့ သူ့ကို ဘယ်လိုချော့ရမှန်းမသိပေ။ ယခုတော့ သူမလည်း အကိုပင်းကိုသာ မျှော်လင့်တကြီးနဲ့ ကြည့်ရုံသာတတ်နိုင်တော့သည်။ 


အစ်ကိုပင်း: "…" 


"လွှတ်လိုက်၊ လွှတ်လိုက်ပါ။ ငါ့ခြေထောက်ကို မကိုင်ထားနဲ့


"ဝူး ဝူး ဝူး!!!" 


"ဦးလေး ကူညီပါ!!!!!!" 


ထိုအခိုက်တွင် ချင်းရို့သည်လည်း ကလေးလေးနှစ်ယောက်ကို မူကြိုပို့ပေးဖို့ ရောက်လာခဲ့၏။ ချန်ကျင်းရိက ထိုမူကြိုမှာ တက်နေတာဖြစ်သလို ရှမင်ရှီးကိုလည်း မကြာသေးမီက မူကြိုပို့ခဲ့သည်ပင်။ (ရှီးရှီးက အရင်ကတည်းက တက်ဖူးတယ်နော်၊ သူ သူ့အမေဆီလိုက်သွားရတော့ အခု ပြန်အပ်ရတဲ့သဘောပေါ့


- သူက ကွားကွားလောင်ရှီး၊ ရှောင်ဟုန်ဟုန်၊ လင်းလင်း၊ ကျိုးကျိုးနှင့် တန့်တန့်တို့ကို လွမ်းတယ်လို့ ဆိုလေရဲ့.... 


ချင်းရို့က အကိုပင်းရဲ့ ပေါင်ကို ပွေ့ဖက်ရင်း ငိုနေတဲ့ကလေးကို သတိထားမိပြီး ကလေးက မူကြိုမတက်ချင်ဘူးဆိုတာကို သိလိုက်ရသည်။ 


ကျိုးမုန့်လန်လည်း လှည့်ကြည့်လိုက်တဲ့အခါ ချင်းရို့ကို တွေ့လိုက်ရ၏။ သူမ ချင်းရို့အား နောက်ထပ်အကြိမ်ရေနည်းနည်းထပ်မကြည့်လိုက်ဘဲ မနေနိုင်ပါချေ။ 


ပထမတော့ ဒီမိန်းမငယ်လေးဟာ အရမ်းလှတာပဲလို့ တွေးမိလျက်။ ဒုတိယအကြည့်မှာတော့ သူမဟာ သူနာပြုတစ်ယောက်အနေနဲ့ ချင်းရို့ဆီမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ သဘာဝအလျောက်သိမြင်နိုင်ခဲ့သည်။ ထို့နောက်တွင်မူ ချင်းရို့ဘေးက ကောင်လေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်လေ၏။ 


အစိမ်းရောင်ဦးထုပ်လေး၀တ်ထားတဲ့ ကောင်ငယ်လေးနှစ်ယောက်ဟာ အရမ်းချစ်စရာကောင်းနေလေ၏။ တစ်ယောက်က ဝဝကစ်ကစ်လေးဖြစ်ကာ နောက်တစ်ယောက်က အနက်ရောင်မျက်လုံးကြီးကြီးတွေရှိပြီး နှစ်ယောက်စလုံးက ချောမောပြီး ချစ်စရာကောင်းလှသည်။ 


ကျိုးမုန့်လန်ရဲ့ အကြည့်တွေက ချင်းရို့ရဲ့ ဝမ်းဗိုက်ဆီမှာ ရပ်တန့်သွားပြီးနောက် သူမက ကလေးနှစ်ယောက်ကို ပြန်ကြည့်လိုက်ပြီး ရုတ်တရက် အံ့အားသင့်တဲ့အကြည့်တွေ ပေါ်လာပါတော့သည်။ 


ဒီအမျိုးသမီးကတော့ အမေးဇင်းပါပဲဟယ်။ သူမက အရမ်းလည်းလှသလို ကလေးသုံးယောက်တောင် ပျိုးထောင်နိုင်တယ်ဟ


သူမ ရှက်ရွံ့စွာပြုံး၍ "ငါ့ကလေးက မူကြိုမသွားချင်လို့လေ


ရှောင်ဖန့် "မူကြိုမသွားချင်တဲ့သူရှိသေးတာလားဗျ?" 


ချင်းရို့: "…" 


"မင်း လင်းယုန်ငှက် ကြက်တွေကိုဖမ်းတဲ့ကစားနည်း ကစားဖူးလား?" 


"အိုး အိုး ငါ လင်းယုန်တစ်ကောင်ဖြစ်ရတာ အကြိုက်ဆုံးပဲ


"ကွားကွားလောင်ရှီး... သူမက..." 


… 


ရှောင်ဖန့်လေးရဲ့ စကားတွေဟာ လေဆာသေနတ်ကဲ့သို့ ဆက်တိုက်ထွက်လာတာကြောင့် အမေနဲ့သားနှစ်ယောက်မှာ ခဏတစ်ဖြုတ်မှင်တက်သွားခဲ့ရပြီး လင်းယောက်ရန်က တခြားတစ်ယောက်ရဲ့ ပေါင်ကို ပွေ့ဖက်ဖို့ပင် စိတ်မဝင်စားတော့။ 


သူ လွှတ်ပေးလိုက်ပြီ။ 


နောက်ဆုံးတွင် နတ်ဆိုးလက်မှ လွတ်မြောက်သွားသော စစ်သားကတော့ ပန်းပုရုပ်လိုမျိုး ဆက်မရပ်တော့ဘဲ အသစ်လေးနဲ့ ပျော်ပျော်ကြီး ဂျူတီပြောင်းလိုက်တော့သည်။ "ဂျူတီပြောင်းဖို့အချိန်ရောက်ပြီပဲ


မိသားစုခြံဝင်းမှာ တာဝန်ကျတာ မကောင်းပါဘူး။ သူတို့ ထူးဆန်းတဲ့ကလေးတွေ အများကြီးနဲ့ တွေ့ရလိမ့်မယ်။ 


"မင်းမူကြိုသွားမလို့လား?" လင်းယောက်ရန် မယုံနိုင်စွာ မေးလိုက်၏။ မူကြိုမှာ လူတွေကိုစားတဲ့ စုန်းမအိုကြီးတွေရှိတယ်လို့ သူ့အဖွားပြောခဲ့ဖူးတယ်လေ။ အဲဒီစုန်းမအိုကြီးက နေ့တိုင်း ကလေးတွေကို ဘယ်လိုစားရမလဲဆိုတဲ့အကြောင်းပဲ တွေးနေတာတဲ့။ ပြီးတော့ ကျောင်းထဲမှာ မြွေတွေကိုလည်း မွေးထားသေးတယ်ပြောတယ်... 

(T/N: အသိဥာဏ်မဲ့တဲ့အဖွားပဲဟေ့၊ အဲဒါကြောင့်ကလေးက မူကြိုတက်ရမှာ အသေကြောက်နေတာကိုး


"ငါ ကွားကွားလောင်ရှီးကို သွားတွေ့မလို့ရှောင်ဖန့်လေးဟာ အလွန်လေးနက်စွာဖြင့် "ငါ မူကြိုကို အကြိုက်ဆုံးပဲ!" 


ရှောင်ဖန့်လေးက တက်ကြွတဲ့နေရာတွေကို သဘောကျတယ်လေ။ မူကြိုမှာဆို လူတွေအများကြီးရှိတာကြောင့်ပေါ့။ သူက သက်တူရွယ်တူလေးတွေနဲ့ သူငယ်ချင်းဖွဲ့ရတာ ကြိုက်သူမို့ နေရာတိုင်းမှာ သူငယ်ချင်းကောင်းများစွာရှိလေရဲ့။ 


"ငါ့ကိုပြဖို့ ဟွေးဟွေးယူလာခဲ့မယ်လို့ ဟုန်ဟုန်ပြောလိုက်တယ်


လင်းယောက်ရန် သိချင်စွာဖြင့် မေးလာလေသည်။ "ဟွေးဟွေးက ဘယ်သူလဲ?" 


ရှောင်ဖန့်လေးက စကားပြောတော့မည်ဖြစ်သော်လည်း သူ့ဘေးနားရှိ ချန်ကျင်းရိက စူပူတ်ပုတ်မျက်နှာဘေးဖြင့် ဝတုတ်လေးကို ဆွဲလိုက်ရင်း သူ့ရဲ့ချစ်စဖွယ်အသံသေးသေးလေးဖြင့် "သွားရအောင်!" 


"မူကြိုသွားမယ်


"သွားကြစို့!!" 


Thanks for reading!