၁၉၆၀
ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း
အပိုင်း
၈
နေ့လည်စာစားပြီး
ချူယောင်း အားပြန်ရှိလာသဖြင့် အလုပ်နည်းနည်း ကူလုပ်ပြီး အိမ်ပြန်လိုက်သည်။
ရွှံ့အိမ်ဖြစ်သော်လည်း အိမ်ရှေ့တံခါးမကြီးမှအစား
ဘေးအပြင်မှ ဝင်လို့ရရန် ကျီနန်ဖုန်း ဆောက်ထားသဖြင့် အဆင်ပြေသည်။ ချူယောင်း အားအနည်းငယ်သာကျန်တော့၍
အိမ်ရာပေါ်တွင်လှဲအိပ်ချင်နေပြီဖြစ်သည်။ သူမတံခါးကိုတင်းတင်းပိတ်ပြီး ထိုင်ခုံနှင့်ပါ
ပိတ်ထားလိုက်သည်။
ချူယောင်း
မှောင်သည်အထိ အိပ်ပျော်သွားသည်။ ခြံအပြင်မှ အသံများကြား၍ နိုးသွားသည်။
"သူမက ဘာလုပ်နေတာလဲ?"ကျီအမေ ချူယောင်းအခန်းကိုကြည့်ရင်း
ပြောလိုက်သည်။
"အမေ၊
သူမ အိပ်ပျော်နေတာနေမယ်၊ သူမကို ရန်သွားမစနဲ့ဦး" ကျီလင်း ချူယောင်းဒီနေ့ကြမ်းတမ်းမှုကိုမြင်၍
သူမအနေနှင့် ဒီရဲတင်းသောမိန်းမကို ရန်မစသင့်ကြောင်း ခံစားမိသည်။
"လင်းလင်း
ပြောတာမှန်တယ်။ သူမကို အဖတ်လုပ်ပြီး ရန်သွားရှာမနေနဲ့ " ကျီအဖေ စွပ်ပြုတ် တစ်ငုံသောက်ရင်း
ပြောလိုက်သည်။ သူ သူမကို ယွမ်၁၀၀ ထုတ်ပေးလိုက်ရသည့်အတွက် အခဲမကျေသေးသလို
ခံစားနေရသေးသည်။
ကျီအမေ
ပါးစပ်ပိတ်သွားပေမယ့် ချူယောင်းကို ဒီတိုင်းလွှတ်မထားချင်ပါ။ သူမသားအကြီးဆုံးနှင့်
ချွေးမမှာ အိပ်ရာထဲတွင် လဲနေပြီး နာလွန်း၍အော်နေသည်။ အသက်ရှူရသည်လည်း အဆင်မပြေသလို
စားရသည်လည်း မပြေပါ။ သို့သော် ကျီအမေ ကျီအဖေကို မပြောရဲပါ။
ချူယောင်း
ပြောသည်များကိုကြားပြီး မျက်လုံးဖွင့်ကြည့်ပြီးနောက် ပြန်မှိတ်ပြီး တဖက်သို့စောင်းကာ
ထပ်အိပ်လိုက်သည်။ ညသန်းခေါင်၌ ချူယောင်းအလွန်ဆာလောင်လွန်း၍ နိုးလာသည်။ သူမတစ်ကိုယ်လုံး
ညောင်းညာနေသည်။ သူမ မနက်ဖြန် သေချာပေါက် ဆေးရုံသွားရမည့်ပုံပေါ်သည်။ သူမတစ်ကိုယ်လုံးဒဏ်ရာများနှင့်
ဖူးရောင်နေသည်။
သူမထိုင်လိုက်ပြီး
အကြောဆန့်လိုက်သည်။ တစ်ခုခုစားဖို့ရှာရန် မီးဖိုချောင်သို့သွားရာ သော့ခတ်ထား၍
ဝင်မရသောကြောင့် သူမအုတ်ခဲရှာပြီး သော့ကိုဖျက်၍ဝင်လိုက်သည်။
မီးဖိုချောင်ထဲ
ဝင်လိုက်သောအခါ ကြောင်အိမ်များအားလုံးကို ပိတ်ထား၍ ချူယောင်း တစ်ခုကိုဖွင့်ကြည့်ရာ
ဘာမှမတွေ့ပေ။
ချူယောင်း
သက်ပြင်းချလိုက်ပြီး ဘေးက ကြက်ခြံသို့သွားလိုက်သည်။ စုစုပေါင်း ကြက်၃ကောင်ရှိသည်။ သူမ
ကြက်တစ်ကောင်ကို လန့်ပြီးမတွန်ခင် လည်ကို အမြန်ဖမ်းလိုက်သည်။
ထို့နောက်
ကြက်ကိုသတ်လိုက်သည်။ သတ်လိုက်သောကြက်ဖြင့် ချူယောင်း ကြက်စွပ်ပြုတ်ချက်လိုက်သည်။
သူမ ကြော်ချင်သော်လည်း ဥဥသော ကြက်အိုမကြီးဖြစ်၍ ကြော်လျှင် စားမကောင်းလောက်သဖြင့် စွပ်ပြုတ်
ချက်လိုက်ခြင်း ဖြစ်သည်။
ကြက်ပေါင်းချက်ရသည်မှာ
တစ်ညလုံးအချိန်ကုန်သွားသည်။ ချူယောင်း ဗိုက်ဆာလွန်း၍ မူးဝေနေပြီဖြစ်သည်။ ကြက်ပေါင်းကျက်သောအခါ
ချူယောင်း ပန်းကန်လုံးယူ၍ စွပ်ပြုတ်ထည့်ရန်ပြင်လိုက်သည်။
သို့သော်
ကျီမိသားစုက အနံ့ရ၍ရောက်လာကြသည်။
ကျီအမေ
အိပ်ရာထဲတွင် လှည့်လိုက် မှောက်လိုက်ဖြင့် အိပ်မပျော်နိုင်ဘဲ သန်းခေါင်ရောက်မှ အိပ်ပျော်သွားသည်။
အနံ့တစ်ခု သူမရလိုက်သည်။ အစက အိမ်မက်မက်နေသည်ထင်၍ ပျော်စရာကောင်းသည့်အိမ်မက်ဟုထင်လိုက်သည်။
သို့သော် အိမ်မက်ထဲက ကြက်သားစွပ်ပြုတ်အနံ့က မပျောက်ဘဲ သူမ စွပ်ပြုတ်ကိုမြင်လိုက်သည်။
သို့သော် သောက်မရ၍ သူမလန့်နိုးသွားသည်။
ကျီအမေ
ကျီအဖေကိုပါ နှိုးလိုက်သည်။ ကျီအဖေလည်း မအပါ။ သူလည်း ဒီလိုအနံ့စူးစူးကို ရသည်ဖြစ်သည်။
သူ ကျီအမေကိုခေါ်ပြီး မီးဖိုချောင်သွားရာ ကျီလင်းကိုပါ တွေ့လိုက်သည်။
ကျီလင်းလည်း
ကြက်စွပ်ပြုတ်အနံ့ရ၍ နိုးလာသည်ဖြစ်သည်။ သူမ တံတွေးမျိုချရင်း ကျီအမေ သူမအကိုအကြီးဆုံးနှင့်
ချွေးမအတွက် မနက်အစောထ၍ စွပ်ပြုတ်ပြင်နေသည်ဟု ထင်လိုက်သည်။ ကျီလင်း စွပ်ပြုတ်သောက်ရန်ထလာမှ
ကျီအဖေနှင့် ကျီအမေကို တွေ့လိုက်၍ သူမအထင်မှားသွားကြောင်းသိလိုက်သည်။
ကျီလင်းသာ
အထင်မှားသည်မဟုတ်။ အခန်းထဲတွင်လှဲနေသော လင်မယား၂ယောက်လည်း ထိုသို့ တွေးနေသည်ဖြစ်သည်။
ကျီမိသားစုအကြီးဆုံးချွေးမ
ပြုံးလိုက်ပြီး "အမေတို့က ကျွန်မတို့ကို ဂရုမစိုက်ဘူးထင်တာ။ ခုလို မနက်အစောကြီးထပြီး
ကြက်စွပ်ပြုတ်လုပ်ပေးမယ်လို့ မထင်ခဲ့ဘူး"
ကျီမိသားစုအကြီးဆုံးသားလည်း အစက ကျီအဖေ ငွေမပေးချင်ကြောင်းကြား၍
ဒေါသထွက်သွားသည်။ သူလည်း မိသားစုအတွက် အလုပ်အမှတ်အပြည့်စုပေးပြီးထောက်ပံ့ပေးထားသည်ပဲ။
သို့သော် အခု ကြက်စွပ်ပြုတ်အနံ့ရလိုက်၍ သူနည်းနည်း စိတ်ပြေသွားသည်။
"မင်းဘယ်လိုပြောလိုက်တာလဲ? အမေတို့က ကိုယ်တို့ကို
ဘာလို့ဂရုမစိုက်ရမှာလဲ?"