အပိုင်း ၇
Viewers 670

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

 

အပိုင်း

 

                    

ချူယောင်း အိမ်မှာ ဆက်နေ၍မရပါ။ ထိုလူများက ယခုထိ အိမ်မှာရှိသေးသောကြောင့် သူမ အိမ်မှာ တစ်ခုခုစားရန် မရှာဖွေနိုင်ချေ။

 

                             

သူမ ကျေးရွာစျေးသို့သွား၍ အစားအစာအချို့ ဝယ်ချင်သည်။ သို့သော် သူမခန္ဓာကိုယ်က အားနည်းနေ၍ မခံနိုင်ချေ။ သူမရွာထဲသို့ သွားနေရင်း လမ်းဆက်မလျှောက်နိုင်တော့ပေ။

 

                 

အဖွဲ့ခေါင်းဆောင် သူမကိုမြင်သောအခါ သနား၍ မေးလိုက်သည်။ "သမီး မြို့ထဲ သွားချင်တာလား? သမီး ဦးလေးစက်ဘီးစီးသွားလို့ရတယ်"

 

                      

ချူယောင်း ခေါင်းသာခါလိုက်သည်။ သူမကိုယ်တိုင်တောင် လမ်းမလျှောက်နိုင်။စက်ဘီးစီးမည်ဆိုလျှင် အားပိုသုံးရမည်ဖြစ်သည်။

 

                        

 "ဒါချူယောင်းမလား? ဒီမှာဘာထိုင်လုပ်နေတာလဲ?" သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ချူယောင်းရှေ့ ရပ်လိုက်သည်။ ချူယောင်း အလွန်ဆာလောင်နေပြီး မျက်လုံးများဝေဝါးနေသောကြောင့် သူမ ဘယ်သူလဲဆိုတာ မသိပါ။

 

                       

 "သမီး အရမ်းဗိုက်ဆာနေလို့မလား?" ချူယောင်း ပြန်မပြောတာမြင်သောအခါ သက်လတ်ပိုင်းအမျိုးသမီး ထပ်ပြောလိုက်သည်။

 

                            

အဖွဲ့ခေါင်းဆောင်က ဘေးမှာရှိနေသေးသည်ဖြစ်သည်။ "သူမ အဆာလွန်လို့ မေ့လဲသွားတာနေမယ်။ ကျီမိသားစုက တကယ်မကောင်းဘူး"

 

                             

"ဒါဆို အန်တီအိမ် လိုက်စားလှည့်" သက်လတ်ပိုင်းအမျိုးသမီးက ချူယောင်းကို ကူညီပြီး သူမအိမ်သို့ ခေါ်သွားသည်။

 

                                 

 ချူယောင်းလည်း မငြင်းတော့ပါ။

 

                                 

အဖွဲ့ခေါင်းဆောင် သက်ပြင်းချလိုက်သည်။ နေ့လည်စာစားချိန်ရောက်တော့မည်ဖြစ်၍ သူ့ဇနီးလည်း အိမ်မှာဟင်းချက်နေလောက်ပြီ ဖြစ်မည်။ သူအိမ်အမြန်ပြန်ပြီး ဇနီးသည်ကို ဟင်းပိုချက်ရန် ပြောရမည်။ အခုချိန်ခါဘယ်သူက ဟင်းအပိုချက်ထားမလဲ? စားဖို့လောက်သာ ချက်ထားပြီး ပိုချက်လေ့မရှိကြပါ။

 

                                 

အဖွဲ့ခေါင်းဆောင် အိမ်ပြန်ရောက်သောအခါ အဖွဲ့ခေါင်းဆောင်၏ ချွေးမနှင့် ဒုတိယမြောက်အဒေါ်  ခြံထဲမှာ ဟင်းသီးဟင်းရွက်များ ခူးနေကြသည်။ သူတို့ အဖွဲ့ခေါင်းဆောင် တစ်ယောက်ယောက်ကို ခေါ်လာသည်ကိုမြင်၍ စိုက်ခင်းထဲမှ ထွက်လာကြသည်။

 

                           

"ဘာဖြစ်လို့လဲ?" ချူယောင်း တစ်ယောက်အကူအညီလိုနေသေးသည်ကိုတွေ့၍ ဒုတိယမြောက်အဒေါ်  ကပျာကယာမေးလိုက်သည်။

 

                              

 "သူမ အကြာကြီး ဘာမှမစားရသေးလို့ ဖြစ်နိုင်တယ်။ မြန်မြန်လေး သူမသောက်ဖို့ သကြားရည်ဖျော်ပေးလိုက်ဦး။ ခဏနေ သူမ ဒီမှာ နေ့လည်စာ တူတူစားလိမ့်မယ်" အဖွဲ့ခေါင်းဆောင် ချူယောင်းကို ပို့ပြီးမှ ထွက်သွားခဲ့သည်။

 

                                

ချူယောင်း သကြားရည်သောက်ပြီးနောက် နေရပိုကောင်းလာမှ သူမကို ကူညီခဲ့သော သက်လတ်ပိုင်းအမျိုးသမီးမှာ ရွာက ဝမ်အဒေါ်ဖြစ်ကြောင်းသိလိုက်သည်။

 

                           

"ဒီနေ့အတွက် ဝမ်အဒေါ်နဲ့ ဒုတိယမြောက်အဒေါ်ကို ကျေးဇူးတင်ပါတယ်။ အဒေါ်တို့သာမကူညီရင် သမီး တစ်နေရာရာမှာ သေသွားမှာ" ချူယောင်း နေပိုကောင်းလာသည်နှင့် အဒေါ်တွေကို အလျင်အမြန် ကျေးဇူးတင်လိုက်သည်။

 

                          

 ဒုတိယမြောက်အဒေါ် - "သမီးပြောတာလည်း ကြည့်ဦး။ လူငယ်တွေက လွယ်လွယ် မသေပါဘူး"

 

                          

"ဟုတ်တယ်။ သမီးတို့ လူငယ်တွေက အကြာကြီးနေရဦးမှာ!" အဒေါ်၂ယောက်က သူမကို ပြန်အားပေးနေကြသည်။

 

                          

"သမီးကို ထပ်မပြောတော့ဘူး။ အဒေါ်အိမ်ပြန်ပြီး ဟင်းချက်လိုက်ဦးမယ်။ အဒေါ် ဟင်းလာပို့တာ သမီးစောင့်နေနော်" ဝမ်အဒေါ်   ချူယောင်း  ပြန်မငြင်းတော့တာ  မြင်မှ ဟင်းချက်ရန် အိမ်အမြန်ပြန်လိုက်တော့သည်။

 

                           

  "အဒေါ် အေးဆေးလုပ်ပါ" ချူယောင်း ဝမ်အဒေါ်ကို ပြောလိုက်သည်။

 

                       

"အဒေါ့်အိမ်မှာ ဒီနေ့စားစရာတွေ အများကြီးရှိနေတာနဲ့ အတော်ပဲ။ သမီး ဒီမှာစားသွားလိုက်။ အဒေါ် သွားချက်လိုက်ဦးမယ်" ဒုတိယမြောက်အဒေါ် ဟင်းချက်ရန် ထလိုက်သည်။

 

                        

ချူယောင်းလည်း ထလိုက်ကာ "သမီးလည်း ကူလုပ်ပေးမယ်"ဟု ပြောလိုက်သည်။

 

                        

"သမီးကူစရာမလိုပါဘူး။ ထိုင်ပြီး နားနေ" ဒုတိယမြောက်အဒေါ် တားလိုက်သည်။

 

                    

"သူများအိမ်မှာ အလုပ်မလုပ်ဘဲ အလကားထိုင်စားလို့ ဘယ်ဖြစ်မလဲ?" ချူယောင်း အရင်ဘဝကပင် အလကားမစားသောက်ဖူးပါ။ ဒီခေတ်ကမိသားစုများမှာ ပိုခက်ခဲသည်ဖြစ်၍ ပိုအားနာဖို့ကောင်းသည်။

 

                                

ဒုတိယမြောက်အဒေါ်လည်း မငြင်းတော့ပါ။ ချူယောင်းလည်း မီးကူမွှေးပေးလိုက်သည်။ တစ်ယောက်က မီးမွှေး တစ်ယောက်က ချက်နှင့် မကြာမီ ဟင်းချက်၍ပြီးသွားသည်။

 

                           

 ဒုတိယမြောက်အဒေါ်က ချူယောင်းအတွက် ပြောင်းဖူးဆန်ပြုတ်နှင့် ပြောင်းပန်ကိတ် ထည့်ပေးလိုက်သည်။ပြောင်းဆန်ပြုတ်မှာ ကျဲသည်။ သို့သော် ချူယောင်းပန်းကန်လုံးထဲက ဆန်ပြုတ်ကတော့ အနည်းငယ်ပျစ်သည်။ ဒုတိယမြောက်အဒေါ်၏ သားနှင့် ချွေးမပန်းကန်လုံးတွေထဲက ဆန်ပြုတ်ကတော့ အလွန်ကျဲတောက်နေ၍ ကြည်လင်နေသည်။

 

                            

ချူယောင်းမှာ ကျေးဇူးသိတတ်သူဖြစ်သည်။ သူမ ဒီစာနာပေးမှုအတွက် အနာဂတ်တွင် ဤမိသားစုအား သေချာပေါက် ကျေးဇူးပြန်ဆပ်မည်ဟု ဆုံးဖြတ်လိုက်သည်။