အပိုင်း ၆
Viewers 665

အပိုင်း

 

 

                           

"သူမက ခုခံကာကွယ်တာ။ သူမကို ရိုက်တာက ခင်ဗျားတို့သားအကြီးဆုံးနဲ့ချွေးမ၊ ခင်ဗျားတို့ သူမကို လျော်ကြေးပေးရင်ပေး၊ မပေးချင်ရင် သူမကို တော်လှန်ရေးကော်မတီမှာ တရားစွဲခိုင်းလိုက်"

 

                    

  "ကျွန်တော့်သားနဲ့ သမီးက လက်မထပ်ရသေးပါဘူး။ တကယ်လို့ သားအကြီးဆုံးနဲ့ ချွေးမ တရားစွဲခံရရင် သားရေး သမီးရေးကိစ္စ ပြောရခက်လိမ့်မယ်" ကျီအဖေ သူနှင့် အဖွဲ့ခေါင်းဆောင် ကြားရုံမျှအသံဖြင့် ပြောလိုက်သည်။

 

                             

ကျီအဖေက ပြသာနာ၏ ပြင်းထန်မှုကို သိသည်။ သူ၏သားအငယ်ဆုံးမှာ ယခုမှ အထက်တန်း ဒုတိယနှစ်ဖြစ်သည်။ အနာဂတ်တွင် အလုပ်သမားများ၊ လယ်သမား၊ စစ်သားများမှာ အဖွဲ့ခေါင်းဆောင်အပေါ် မှီခိုရမည်ဖြစ်သည်။ မိသားစုတွင် ဒီလိုပြသာနာရှိလျှင် သားအငယ်ဆုံး ကျောင်းသွားနိုင်မည် မဟုတ်တော့ပေ။

 

                      

 "ကောင်းပြီ၊ ငါတို့ ယွမ်၁၀၀ပေးမယ်" ကျီအဖေ အံကြိတ်ပြီး ပြောလိုက်သည်။

 

                        

"ကလေး၊ ငါ့မျက်နှာထောက်ပြီး ဒီကိစ္စကို အလျော့ပေးပေးပါ" အဖွဲ့ခေါင်းဆောင် ဒီပြသာနာကြောင့် ရွာနာမည်ပျက်မည်စိုး၍ ချူယောင်းကိုသာ သည်းခံခိုင်းရမည်ဖြစ်သည်။

 

                              

"အဖွဲ့ခေါင်းဆောင် မျက်နှာထောက်ပြီး သမီး ဆေးဖိုးသာ ယူလိုက်ပါ့မယ်။ ဒါပေမယ့် အကိုအကြီးဆုံးနဲ့ ယောင်းမ နေကောင်းရင် သမီးကို တောင်းပန်ရမယ်" ချူယောင်းလည်း အခုမှာ ကောင်းသည့်ရလာဒ်ဖြစ်၍ လက်ခံလိုက်သည်။

 

                           

ကျီအဖေ လက်ရမ်း၍ ပြောလိုက်သည်။ "ဒါက လွယ်ပါတယ်။ သမီးအကိုအကြီးဆုံးနဲ့ ယောင်းမ နေကောင်းရင် အဖေ သူတို့ကိုခေါ်ပြီး သမီးကို လာတောင်းပန်မယ်။ ဒီကိစ္စလည်း အဆုံးသတ်ပါပြီ။ လူတိုင်း မြန်မြန် အလုပ်ပြန်လုပ်ကြပါ"  

 

                      

ချူယောင်း အမြန်ပြောလိုက်သည်။ "အဖေ သမီးကို ဒီနေ့ ပိုက်ဆံ ပေးရပါ့မယ်။ သမီးဆရာဝန်ကို အခုသွားပြရမှာ!"

 

                        

အဖွဲ့ခေါင်းဆောင် ထွက်လာ၍ ပြောလိုက်သည်။ "မြန်မြန် ပေးလိုက်ပါ"

 

                          

ကျီအဖေ အစက ပိုက်ဆံမရှိဘူး ပြောပြီး အခုတော့ ချူယောင်ကို ယွမ်၁၀၀ ထုတ်ပေးလိုက်ရသည်။ ကျီအဖေ ပိုက်ဆံ ပေးပြီးနောက် ပြောလိုက်သည်။ " ဒီကိစ္စကို နောက်ဘယ်သူ့ကိုမှ မပြောရဘူး။ မိသားစုဝင်တွေပဲ။ နာမည်ပျက်အောင် မလုပ်ပါနဲ့"

 

                

 "သမီး အဖေ့စကားနားထောင်ပါ့မယ်" ငွေလက်ခံပြီးသည့်နောက် ချူယောင်း ပြုံးပြလိုက်သည်။

 

                     

ကျီအဖေ အံကြိတ်မိတော့မည်။ သို့သော် သူ့မှာ ရွေးချယ်စရာမရှိ။ ပြုံးပြ၍သာ ပြောလိုက်ရသည်။ "သမီးက လူကောင်းဆိုတာ အဖေသိပါတယ်"

 

                    

 ခြံအပြင်တွင် ရပ်ကြည့်နေသော သူများ အံ့အားသင့်သွားသည်။ ဒီလူတွေအကုန် ရွာကဖြစ်သည်။ သူတို့အိမ်က ရှုပ်ထွေးလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

 

                     

ကျီအဖေက အစက ငွေမရှိဘူးပြောပြီး အခုတော့ယွမ်၁၀၀ကို ချက်ချင်းထုတ်ပေးလိုက်သည်။ စိတ်ညစ်နေယောင်ပင် မပြ။ သူ့မှာ ငွေအများကြီးရှိ၍ နေမည်။ လူတိုင်းအတွေးကိုယ်စီနှင့် အလုပ်ပြန်လုပ်ဖို့ ထွက်မသွားကြသေးပေ။

 

                    

ကျီအဖေနှမြောနေမည်ဟု မည်သူထင်မည်နည်း။ ယွမ်၁၀၀က ထောင်ပေါင်းများစွာနှင့် နှိုင်းယှဥ်လျှင် မပြောပလောက်ပေမယ့် သူ့သမီးဖို့ အဝတ်များစွာ ပိုဝယ်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။

 

                      

 ဒါကိုမြင်ပြီး အဖွဲ့ခေါင်းဆောင် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ချူယောင်းလည်း မြန်မြန်ဆေးခန်းသွားပြတော့။ ကျန်တဲ့လူတွေလည်း အလုပ်မြန်မြန် ပြန်လုပ်သင့်ပြီ"

 

                       

  စပ်စုချင်စရာမရှိတော့၍ တချို့လူတွေ ပြန်သွားကြပြီး တချို့လူတွေမှာ ခြံအပြင်မှ "ကျီအကို၊ ကျွန်တော့်မိသားစုက အိမ်အသစ်ဆောက်ဖို့ စီစဥ်နေတာ၊ ငွေနည်းနည်းလိုနေလို့ ကျီအကို ကျွန်တော့်ကို ချေးပေးနိုင်မလား?"

 

     

"ကျွန်တော်လည်း ကလေးနို့မှုန့်ဝယ်ဖို့လိုလို့ ငွေနည်းနည်းချေးပါ"

 

       

"ကျွန်တော့်ကိုရော၊ ကျွန်တော့်သားအကြီးဆုံး မကြာခင် အိမ်ထောင်ပြုတော့မှာ ကျွန်တော်တင်တောင်းငွေမတတ်နိုင်လို့....."

 

                     

ကျီအဖေ ဒီလူတွေအကြောင်းသိသော်လည်း မျက်နှာလိုချင်၍"ငါ ချေးမပေးချင်တာမဟုတ်ဘူး။ ယွမ်၁၀၀ပေးပြီးတော့ အိမ်မှာ ငွေတကယ်မရှိတော့ဘူး။ မင်းတို့ ချူယောင်းဆီက ချေးပါလား?"    

 

 

ကျီအဖေက ပိုက်ဆံလည်း မချေးချင်သလို ချူယောင်းကောင်းစားမည်ကိုလည်း မလိုလားပါ။ ချူယောင်းမှာ ယွမ်၁၀၀ ရှိတာသိတော့ သူတို့ကြည့်ရမှာမဟုတ်ဘူး။ ကျီအဖေ ချူယောင်း ဒီအရှက်မရှိသောလူများကို ငြင်းနိုင်မည်ဟု မထင်ပေ။