အပိုင်း ၅
Viewers 675

အပိုင်း

 

 

 

         

ကျီအဖေ တုံ့ဆိုင်းနေသော်လည်း ခေါင်းညိတ်လိုက်သည်။ "သမီး ဘယ်လောက် လိုချင်လဲ?"ဟု မေးလိုက်သည်။

 

             

 "ယွမ်၁၀၀၊ ယွမ် ၁၀၀ ထပ်တော့ နည်းလို့မရဘူး" ချူယောင်းပြောရင်း လက်ဖြန့်တောင်းလိုက်သည်။

 

              

"အဖေတို့မှာ ယွမ်၁၀၀ မရှိဘူး။ သမီးတရားစွဲချင်လည်း သွားသာစွဲတော့"ကျီအဖေ ငွေအများကြီး မပေးချင်၊ ၁ယွမ် ၂ယွမ်ဆိုမှ ထုတ်ပေးချင်သည်။ အများကြီး ပေးရန် ဆန္ဒမရှိပါ။

 

                          

ကျီအမေ ကျီအဖေ ယွမ်၁၀၀တောင် ထုတ်မပေးမည်ကို ထင်မထားပါ။ ကျီနန်ဖုန်း ငွေအများကြီးပို့သည်မှာ နှစ်ချီပြီ။ ယွမ်၁၀၀ ၂၀၀မက ယခုထိဆိုလျှင် ယွမ်ထောင်များစွာရှိနေပြီဖြစ်သည်။

 

                     

ကျီအမေ သူမနောက်မှာ ရပ်နေသော ကျီလင်းကို အမြန်လှည့်ကြည့်လိုက်ပြီး "လင်းလင်း၊ သမီးအဖေနဲ့ ဒုတိယယောင်းမကို မြန်မြန်ဖျောင်းဖျလိုက်ဦး"

 

                          

 အကြီးဆုံးယောင်းမမှာ သူမအပေါ် အရမ်းမကြင်နာသော်လည်း အကိုအကြီးဆုံးမှာ သူမအပေါ် အလွန်ကြင်နာသူဖြစ်၍ ကျီလင်း"အဖေ ချူယောင်းကို ဘာလို့မပေးတာလဲ?" ဟု ကျီအဖေကို ပြောလိုက်သည်။

 

                 

"သမီးက ကလေးဆိုတော့ ဘယ်သိမလဲ? အဖေတို့ မိသားစုမှာ ဒီလောက် ပိုက်ဆံအများကြီး ဘယ်မှာရှိမလဲ?" ကျီအဖေ ကျီလင်းကို စိုက်ကြည့်လိုက်ပြီး မဖြစ်နိုင်တာ မပြောရန် မာန်လိုက်သည်။

 

                      

"ဒီလိုဆိုရင် သမီး နယ်ရုံး တော်လှန်ရေးကော်မတီကိုပဲ သွားလိုက်ပါ့မယ်။ အဖေ အမေတို့လည်း ပြင်ဆင်ထားကြပါ" ချူယောင် ကျီအဖေ  ဒီလောက်ထိ ကျီမိသားစုအကြီးဆုံးသားကို လျစ်လျူရှုမည်ဟု မထင်ခဲ့ပေ။

 

       

မူလပိုင်ရှင်မှတ်ဉာဏ်အရ ကျီမိသားစုအကြီးဆုံးသားနှင့် သူ့ဇနီးမှာ လူကောင်းများ မဟုတ်သော်လည်း သူ၏ပထွေးအပေါ်တော့ ဝတ္တရားကျေကြသည်။

 

         

ချူယောင်း ထွက်သွားတော့မည်ကို မြင်၍ ကျီအမေ အလွန်စိုးရိမ်နေပေမယ့် သူမ နည်းလမ်းတစ်ခုမှ စဥ်းစား၍မရပေ။

 

                

 တံခါးအပြင်ဘက်က လူများ မထိုင်နိုင်ဘဲ စပ်စုနေကြသည်။ အဖွဲ့ခေါင်းဆောင် လူတွေခေါ်လာရင်း သူတို့တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်နေသည်ကိုမြင်၍ "ခင်ဗျားတို့အားလုံး အလုပ်မသွားကြတော့ဘူးလား? အလုပ်အမှတ်မလိုချင်ကြတော့တာလား?"ဟု ပြောလိုက်သည်။ လူတိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြကာ ဘယ်သူမှ ထွက်မသွားချင်ကြ။ သူတို့ ဘာဆက်ဖြစ်မလဲ သိချင်ကြသည်ဖြစ်သည်။

 

               

တကယ်ပါပဲ။ အလုပ်အမှတ်များက စပ်စုအတင်းတုတ်ခြင်းနှင့်ဘနှိုင်းယှဥ်လျှင် အရေးမပါတော့၊ အဖွဲ့ခေါင်းဆောင် သူ ဆက်လက်၍ မမြင်ချင်ယောင် ဟန်ဆောင်၍ မရတော့သဖြင့် သက်ပြင်းသာချမိတော့သည်။ သူ ကျီမိသားစုကို ဒုတိယချွေးမအပေါ် အရမ်းအနိုင်မကျင့်ရန် မှာထားပေမယ့် သူတို့ နားမထောင်ခြင်းဖြစ်သည်။

 

                 

"ဘာဖြစ်တာလဲ? ဘယ်သူ ငါ့ကို ရှင်းပြမလဲ?" ဟုပြောရင်း အဖွဲ့ခေါင်းဆောင် ခြံထဲ လျှောက်လာခဲ့သည်။

 

            

 "အဖွဲ့ခေါင်းဆောင်၊ အချိန်ကိုက်ရောက်လာတာပဲ၊ ဒီအရူးမက တော်လှန်ရေးကော်မတီသွားပြီး သူမအကိုအကြီးဆုံးနဲ့ယောင်းမကို တရားစွဲမလို့တဲ့"ကျီအမေ သူမကို ကူညီမည့်သူရောက်လာသည်ဟု ခံစားမိ၍ ချူယောင်းကို အရမ်းမကြောက်တော့။

 

               

အဖွဲ့ခေါင်းဆောင် ကျီအမေ၏ တဖက်သားစကားကိုသာနားထောင်မည်မဟုတ်၊ ကျီအဖေလည်း ပြောချင်နေ၍ အဖွဲ့ခေါင်းဆောင် လက်တားလိုက်ပြီး "ချူယောင်းကိုလည်း ပြောခိုင်းလိုက်ပါ"ဟု ပြောလိုက်သည်။

 

               

"အဖွဲ့ခေါင်းဆောင် ကျွန်မဒဏ်ရာတွေကိုကြည့်ပါဦး"ဟု ချူယောင်းပြောရင်း သူမအင်္ကျီလက်များကို တစ်ဖန်ထပ်တင်လိုက်သည်။ တချို့အသားနေရာများတွင် ဖူးရောင်နေပြီးဖြစ်သည်ကို အဖွဲ့ခေါင်းဆောင်မြင်၍ အသက်ပြင်းပြင်းရှူလိုက်မိသည်။

 

                  

  "ဒါတွေအားလုံး ကျွန်မယောက္ခမ၊ အကိုအကြီးဆုံးနဲ့ ယောင်းမရိုက်တာပါ။ ဒီနေ့ သူတို့ ကျွန်မကို ထပ်ရိုက်ချင်နေလို့ ကျွန်မ မြန်မြန်ပုန်းလိုက်တော့ သူတို့ ပိုဒေါသထွက်လာပါတယ်။ သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကတော့ ကျွန်မ မတော်တဆ သူတို့ကိုထိခိုက်မိတာပါ။ ဒါက တရားဥပဒေအရ ခုခံကာကွယ်တာမျိုးပါ" ဟု ချူယောင်း ရှင်းပြလိုက်သည်။

 

            

 အဖွဲ့ခေါင်းဆောင် ခေါင်းငြိမ့်လိုက်ပြီး "ဒါက ပြင်းထန်တဲ့ ဒဏ်ရာပဲ။ မြန်မြန် ဆေးသွားကုလိုက်ပါ"ဟု ပြောလိုက်သည်။

 

        

"ဆေးခန်း သွားဖို့ မတတ်နိုင်ပါဘူး။ ကျွန်မယောက္ခမတွေက ကျွန်မကို ဆေးဖိုး မပေးချင်ပါ"ဟု ချူယောင်းပြောပြလိုက်သည်။

 

 

 "ကျွန်မ ရွေးချယ်စရာမရှိတော့။ သူတို့ ကျွန်မကို ဒီလောက်ထိရိုက်ပေမယ့် ဆေးဖိုးကျတော့ မပေးချင်ဘူး။ သူတို့ ကျွန်မကို အသေသတ်ချင်တာဖြစ်မယ်"

 

                   

"သူမ လျှောက်ပြောတာ နားမထောင်ပါနဲ့၊ အဖွဲ့မှူး သူမ အကြိမ်အနည်းငယ်လောက်ပဲ အရိုက်ခံရတာပါ ဘယ်ချွေးမက အရိုက်မခံရဖူးလို့လဲ?" ကျီအဖေ ဒီအရှုပ်ထုပ်ကို ထပ်မရှင်းချင်တော့။

 

          

 "ပြီးတော့ သူမ သားအကြီးဆုံးနဲ့ အကြီးဆုံးချွေးမကို ဒီလိုရိုက်ထားတာ။ သူမ ဆေးဖိုး မပေးသင့်ဘူးလား? "ဟု ကျီအဖေက ပြောလိုက်သည်။

 

 

"ဟုတ်ပါတယ်။ ဒီကောင်မ ကျွန်မသားအကြီးဆုံးနဲ့ အကြီးဆုံးချွေးမအတွက် ဆေးဖိုးပေးသင့်ပါတယ်။ ဒီအရူးမကို ဖမ်းပြီး တော်လှန်ရေးကော်မတီကို ပို့သင့်ပါတယ်"

 

 

ကျီအမေ သူမသားအကြီးဆုံး မြေပြင်ပေါ်မလှုပ်မယှက် လဲလျောင်းနေသည်ကိုကြည့်ပြီး ထိန်း၍မရဘဲကျလာသောမျက်ရည်များကို သုတ်လိုက်သည်။ ကျီအမေ ကျီအဖေကို သားအကြီးဆုံးကို အခန်းထဲပို့ပေးရန်တောင်းပန်ပြောပေမယ့် ကျီအဖေ သူမကို လျစ်လျူရှုထားသည်။