၁၉၆၀
ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း
အပိုင်း
၁၀
"ညီမလေး
အစ်မကို ကျေးဇူးတင်စရာမလိုပါဘူး။ အစ်မတို့က မိသားစုပဲ" ကျီရို သူမအိတ်ထဲမှ လက်တစ်ဆုပ်စာအဝတ်လက်မှတ်များကို
ထပ်ထုတ်လိုက်သည်။
"အစ်မ ဒီအဝတ်လက်မှတ်တွေကို လပေါင်းများစွာစုထားတာ။
ညီမလေး သွားလဲပြီး အဝတ်ချုပ်ဝတ်" ကျီရို ချူယောင်း အဝတ်အပြဲများကို ကြည့်ပြီး
ချူယောင်း ဤအိမ်တွင် နေရသည်မှာအဆင်မပြေကြောင်း သိလိုက်သည်။ "သူတို့ ညီမလေးကို
အနိုင်ကျင့်နေတာလား?"
ကျီရိုငယ်စဥ်က ဤအိမ်တွင် နေခဲ့သည်။ သူမအဖေ နောက်မိန်းမ
ထပ်ယူသည်မှာ သူမအမေဆုံးပြီး သိပ်မကြာပါ။ မြောင်ချွေဟွာက သူမကို နေ့စဥ်ရိုက်နှက်ခဲ့သည်။
သူမ အဲ့လို နေ့ရက်များကို ကျော်ဖြတ်ခဲ့ရသည်။
ချူယောင်း
သူမကို စိတ်မပူစေချင်၍ ခေါင်းသာခါလိုက်သည်။ ကိုယ်ဝန်မှာ မွေးတော့မည်ဖြစ်၍ သူမကို မခြောက်လှန့်သည်က
ပိုကောင်းသည်။
ကျီရို ချူယောင်းလက်မောင်းတွင် အမာရွတ်တစ်ခုကိုမြင်၍
တခြားလက်ကိုပါ ဆွဲလိုက်ပြီး မ တင်ကြည့်လိုက်သောအခါ တချို့ဒဏ်ရာများမှာ ဖူးရောင်နေကြောင်း
တွေ့လိုက်သည်။
"ညီမလေးကို ဒီလောက်ထိ ဆိုးဆိုးရွားရွား ရိုက်တယ်ဆိုတော့
သူတို့ တော်တော်ရက်စက်တာပဲ" ကျီရိုထလိုက်ပြီး စာရင်းရှင်းရန် ပြင်လိုက်သည်။
ချူယောင်း
ဒီလိုနေ့စေ့လစေ့ ကိုယ်ဝန်သည်ကို သူမအတွက် ကူညီဖြေရှင်းရန် ခွင့်မပြုရဲပါ "ညီမ
သူတို့ကို ပညာပေးပြီးသွားပါပြီ။ အစ်မ မသွားပါနဲ့တော့။ အန္တရာယ်များတယ်"
ချူယောင်း
မနေ့ကဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်မှ ကျီရို စိတ်ချမ်းသာသွားသည်။ "နောက်ဆို
အစ်မကို တစ်ယောက်ယောက်လွှတ်ပြီး အကြောင်းကြားလိုက် "
ချူယောင်း
ကျီရိုကို အကြောင်းမကြားရဲပါ။ ကလေး မမွေးခင် သူမတစ်ခုခုဖြစ်လျှင် ပြသာနာကြီးမည်ဖြစ်သည်။
"သွားကြစို့။
အစ်မ ညီမလေးကို ဆေးရုံခေါ်သွားမယ်" ကျီရို ဒီကို စက်ဘီးနှင့် လာခဲ့ခြင်းဖြစ်သည်။
ချူယောင်းလည်း
ဆေးရုံသွားဖို့စီစဥ်ထားသည်ဖြစ်၍ တစ်ယောက်ယောက်က သူမနှင့်ပါလျှင် ပိုအဆင်ပြေသည်။
အခု
ဆေးရုံသို့ စက်ဘီးနင်းခေါ်သွားရသည်မှာချူယောင်းဖြစ်သည်။ ဆေးရုံရောက်သောအခါ ချူယောင်း
ချွေး အတော်ထွက်နေပြီဖြစ်သည်။ စက်ဘီးရပ်ပြီးသောအခါ ကျီရို လက်ကိုင်ပုဝါထုတ်ပြီး သူမကို
ချွေးသုတ်ပေးလိုက်သည်။
" ဆရာဝန်ကို သွားပြကြရအောင်။ ညီမလေးဒဏ်ရာတွေက
ဖူးရောင်နေပြီ။ ဆေးပိုပေးပါလို့ ပြောရမယ်" ကျီရို သူမကို ဆေးရုံထဲဆွဲခေါ်သွားလိုက်ပြီး
စာရင်းသွင်းသည့်နေရာခေါ်သွားသည်။
ချူယောင်း
သူမကိုယ်ဝန်နှင့် လူကြားထဲ မသက်မသာ တွန်းသွားနေရသဖြင့် ကျီရိုကိုပြောလိုက်သည်။
"ညီမဘာသာသွားလိုက်ပါ့မယ်။ အစ်မထိုင်ပြီး နားနေပါ "
"
အစ်မက အဆင်ပြေတယ်။ ညီမလေးက ဒဏ်ရာအပြည့်နဲဲ့။ ညီမလေးသာ မြန်မြန် သွားနားလိုက်ပါ"
ကျီရို အသည်းအသန်ငြင်းသည်။
ချူယောင်း
သူမကို ပြိုင်မပြောနိုင်၍ ထိုင်ခုံရှာပြီး ထိုင်လိုက်သည်။ ကျီရို နောက်ကျောကို ကြည့်ရင်း
သူမရင်ဘတ်တစ်နေရာတွင် အလွန်နွေးထွေးလာသည်။
ဆရာဝန်က
သူတို့၂ဦးစလုံးအား ဒဏ်ရာအများကြီးရနေသည်ကို စောစောလာမပြ၍ မာန်လိုက်သည်။ မာန်ပြီးနောက်
ဆရာဝန်က ရေနှင့်သောက်ရန် ဆေးတစ်မျိုး၊ လိမ်းရန် ဆေးတစ်မျိုး ပေးလိုက်သည်။ ဆေးများမှာငွေအလွန်ပေးရသည်။
ချူယောင်း အိမ်မှ ငွေအကုန်ယူလာသော်လည်း ကျီရိုက အပေးမခံ။
" ညီမလေးငွေ ညီမလေးဘာသာသိမ်းထား။ အမ ပေးလိုက်မယ်။
ပြန်ရင် အစ်မအိမ်လိုက်ခဲ့။ အစ်မစွပ်ပြုတ်ချက်ကျွေးမယ်" ကျီရို ကုန်ကျငွေများ ဆေးရုံကိုပေးရင်း
အလုပ်ရှုပ်နေသည်။
ထို့နောက်ကျီရို
အိမ်ပြန်ပြီး ချူယောင်းအတွက် စွပ်ပြုတ်တစ်အိုး ချက်လိုက်သည်။ စွပ်ပြုတ်ထဲတွင် အရည်ထက်
နံရိုးများပိုများသည်။ ချူယောင်း သောက်ရအဆင်မပြေသည်ကိုတွေ့၍ သူမကိုယ်တိုင် ခွံ့ကျွေးလိုက်သည်။
ချူယောင်း
အရင်ဘဝက သူမဝမ်းကွဲကို သတိရသွားသည်။ သူမမိဘများမှာ သူမကောလိပ်တက်နေစဥ်တစ်ယောက်ပြီး
တစ်ယောက် ဆုံးပါးသွားခဲ့သည်။ ထိုဝမ်းကွဲသာ သူမမိသားစုနှင့် အမျိုးအနီးစပ်ဆုံးဖြစ်သည်။
"ညီမ ဗိုက်ပြည့်ပြီလား?" ကျီရို အိုးတစ်ဝက်ခန့် ကျွေးပြီး ချူယောင်း ဆက်မစားတော့သည်ကိုမြင်၍
"ကျန်တာတွေကို ညီမလေး နေ့လည်စားဖို့ သိမ်းထားလိုက်" ခုရက်များတွင် သူမစားမကုန်လျှင်တောင်
လွှတ်မပစ်ပါ။
"ကျေးဇူးတင်ပါတယ် အစ်မကြီး" ချူယောင်း သူမကိုစိတ်ရင်းနှင့် ကျေးဇူးတင်စကားပြောလိုက်သည်။
" ကျေးဇူးတင်စရာမလိုပါဘူး။ ညီမလေး ဒီမှာအေးဆေးနားနေ။ ညဘက်မပြန်နိုင်ရင်လည်း
အစ်မအိမ်မှာ နေလို့ရတယ်" ကျီရို ချူယောင်းကို နှစ်သိမ့်ပေးပြီး ဘေးတွင် ထိုင်နေလိုက်ရင်း
ပင်ပန်းသွားပြီဖြစ်၍ အိပ်မောကျသွားသည်။