၁၉၆၀
ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း
အပိုင်း
၁၁
ကျီရို
အိပ်သည်မှာ သိပ်မကြာပါ။ သူမ နိုးလာသောအခါ ချူယောင်းမှာ ပြန်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ကျီရို ထပ်ခါထပ်ခါ မှာနေလေသည်။ " ဒီနေ့ အစ်မအိမ်မှာပဲ အိပ်သွားလိုက်လေ။ အခန်းလွတ်၁ခန်းလည်း
ရှိတာပဲ "
ချူယောင်း
ခေါင်းခါရင်း ငြင်းလိုက်သည်။ " နောက်မှ ထပ်လာခဲ့မယ်။ ဒီနေ့တော့ ပြန်လိုက်တော့မယ်
"
ချူယောင်း
စက်ဘီးစီး၍ ပြန်လာလိုက်သည်။ အိမ်ပြန်ရောက်သောအခါ သူမအခန်းနားတွင် လူတစ်စု ခိုးကြောင်ခိုးဝှက်လုပ်နေသည်ကို
တွေ့လိုက်သည်။
ထိုလူစုမှာ
ကျီအမေ၊ ကျီလင်း၊ ကျီမိသားစုအကြီးဆုံးမြေး ကျီသာ့ပေါင်ဖြစ်သည်။
"ဝိုး၊
အဘွားမှာ အရသာရှိတဲ့မုန့်တွေ အများကြီးပဲ။ သွားစားကြမယ်လေ " ကျီသာ့ပေါင်
မုန့်များကို မြင်၍ ကျယ်လောင်စွာပြောလိုက်သည်။
ကျီအမေ သူမမြေးပါးစပ်ကို အမြန်ပိတ်လိုက်ပြီး
"တိုးတိုးလေးပြော၊ ကျယ်စရာမလိုဘူး"
ကျီသာ့ပေါင်
နားမလည်စွာ ခေါင်းငြိမ့်လိုက်ပြီး သူ့အဖွားတွေ ပြန်လှည့်သည့်နောက် လိုက်လှည့်သောအခါ
ခြံထဲတွင် ဒုတိယမြောက်အဒေါ်ကို တွေ့လိုက်သည်။ ကျီသာ့ပေါင်မှာ ဤအိမ်တွင် ဗိုလ်ကျနေကျဖြစ်၍
ချူယောင်းကို မြင်သည့်တိုင် မကြောက်ပါ။
သူ
ကျီအမေနှင့် ကျီလင်းကြောင်ရပ်နေသည်ကို မြင်၍ မေးလိုက်သည်။ " အဘွား၊ ဒေါ်လေး၊
သားတို့ မသွားကြသေးဘူးလား?"
ကျီအမေ
ရှက်ပြုံးပြုံးလိုက်ပြီး " ဒါက ငါ့ကို ငါ့သမီးအကြီးဆုံးပေးထားတာပဲ
......." သူမပြောပြီးနောက် ယုံကြည်မှုရှိကြောင်း ကျောဆန့်ပြလိုက်သည်။
"ဘာလို့
အစ်မပဲ အစ်မအကြီးဆုံး ယူလာတဲ့ပစ္စည်းတွေကို သိမ်းထားရမှာလဲ? လူတိုင်းဝေစုရသင့်တယ်
" ကျီလင်းလည်း ချူယောင်းကို အတန်ငယ်ကြောက်သည်။ ချူယောင်းဒီရက်ပိုင်း အလွန်သန်မာနေ၍ဖြစ်သည်။
"ကျွန်မ ပစ္စည်းတွေ ပြန်ထားခဲ့။ မထားရင် ကျွန်မအကြောင်းသိစေရမယ်" ချူယောင်း
သူတို့နှင့်ကြာကြာရန်မဖြစ်နိုင်၍ မြန်မြန်အပြီးသတ်ရန် တွေးလိုက်သည်။ သူမလက်ချိုးသံကို
ကြား၍ ကြောက်လန့်သွားသော ကျီအမေနှင့် ကျီလင်း ပစ္စည်းများကိုမြေပြင်တွင် ပစ်ချလိုက်သည်။
" ပစ္စည်းတွေ ပြန်ပေးပြီးပြီ။ ငါတို့
ပြန်တော့မယ်" ထိုကြက်သားမုန့်များမှာ အရသာအလွန်ကောင်း၍ ကျီလင်းမချိတင့်ကဲ ခံစားနေရသည်။
"
အဘွား၊ သားမပြန်ဘူး။ သား ကြက်သားမုန့်၊ ဘီစကွတ်နဲ့ သကြားလုံးစားချင်တယ်"
ကျီသာ့ပေါင်မှာ တစ်ခြားသူများကို တစ်ခါမှ မပေးကမ်းဖူးပါ။
ကျီအမေ
သူမမြေအကြီးဆုံးကို ချော့လိုက်သည်။ "မနက်ဖြန်မှ စျေးကို သွားဝယ်ကြမယ်။ တွန့်တိုတဲ့သူမဆီကနေ
မစားနဲ့"
ချူယောင်း
သူမပစ္စည်းတွေကို ယူလိုက်ပြီး ကဲ့ရဲ့လိုက်သည်။ " စားချင်ရင်တောင် မပေးဘူး"
ကျီသာ့ပေါင်
အော်ငို၍မရသည်ကို မြင်၍ မြေကြီးပေါ်တွင် လှိမ့်နေလေသည်။ ကျီအမေ သူ့နောက်မှ ဆက်တိုက်အော်ပြောနေလေသည်။
" အချစ်ကလေး မနက်ဖြန်မှ အဘွားနဲ့သွားဝယ်ကြမယ် !"
သူတို့၏သား
အလွန်ဝမ်းနည်းစွာ အော်ငိုနေသည်ကိုကြား၍ ကျီမိသားစု အကြီးဆုံးသားနှင့်ဇနီး နာနေသည့်ကြားမှ
ခြံထဲသို့ထလာကာ နံရံကိုမှီရပ်နေကြသည်။ "သူမက သာ့ပေါင်ကိုတောင် စားကောင်းတာမပေးဘူး"
ကျီမိသားစု
အကြီးဆုံးသားနှင့်ဇနီး ဆက်မကြည့်နိုင်တော့သဖြင့် နောက်ဆုံး ကျီမိသားစုအကြီးဆုံးချွေးမ
တံခါးကိုခေါက်လိုက်သည်။
ချူယောင်း မကြာမီတံခါးလာဖွင့်ပေးသောအခါ ကျီမိသားစုအကြီးဆုံးချွေးမ
ရပ်နေသည်ကိုမြင်၍ သူမ စိတ်မရှည်စွာမေးလိုက်သည်။ " ဘာကိစ္စရှိလို့လဲ ?"
"ညီမ ကလေးကို နည်းနည်းလောက်ပေးလို့မရဘူးလား?"
ကျီမိသားစု အကြီးဆုံးချွေးမ ပြုံး၍ ပြောလိုက်သည်။
"
ဘာလို့ပေးရမှာလဲ? ကျွန်မ ကလေးမှမဟုတ်တာ" ချူယောင်း ပြောပြီးပြီးချင်း တံခါးကိုပိတ်လိုက်သည်။
ကျီသာ့ပေါင်ငိုသံက
ကျီမိသားစုကို ရင်နာစေသည်။ ထွက်လာရမှာပျင်း၍ အခန်းထဲတွင် နေနေသော ကျီအဖေမှလွဲ၍ ကျန်
ကျီမိသားစုဝင်အားလုံး ချူယောင်းကို ကြည့်မရဖြစ်နေကြသည်။
ကျီမိသားစု
ချူယောင်းတံခါးကို ပစ္စည်းများဖြင့် ပစ်ပေါက်ကြသည်။ ချူယောင်း သတိမထားမိခင် သူတို့
ဖောက်ဝင်လာပြီး အရာအားလုံးကို ရိုက်ခွဲကြသည်။
ချူယောင်း
အိမ်ရာထဲတွင် ဖြစ်ပြီး အသံများကိုကြားပြီး အံ့သြသွားသည်။ ကျီမိသားစု အကြီးဆုံးသား ချူယောင်းကြောင်နေစဥ်
သူမကို ခုံဖြင့်ပစ်ပေါက်လိုက်သည်။ ခုံကို ချူယောင်း နံရံကိုပြန်ကန်လိုက်သည်။ ခုံပြုတ်ကျသံကြားမှ
ပြသာနာရှာနေကြသော ကျီမိသားစုဝင်များ ရပ်တန့်သွားကြသည်။
" ရှင်တို့ ဘာလို့ရပ်သွားတာလဲ? ဆက်လုပ်ကြလေ!"
ချူယောင်း ပြုံးပြီး အိပ်ရာထဲမှထလာကာ ခြေအိတ်နှင့် ရှုးဖိနပ်ကို ဝတ်လိုက်သည်။