၁၉၆၀
ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း
အပိုင်း
၁၂
ချူယောင်း
ကျီမိသားစု၏ ကြောက်လန့်သွားသောအမူအရာများကို ကြည့်လိုက်သည်။ သူတို့ ထိတ်လန့်ကာ ချွေးပြန်နေပြီကိုမြင်၍
ဆက်ပြောလိုက်သည်။ "ကျွန်မ ဒီနေ့လုပ်တဲ့ လူတွေကို ရိုက်မယ် "
ချူယောင်းပြောပြီးနောက် ကျီမိသားစုက ပစ္စည်းများကို
ဆက်ရိုက် မခွဲရဲကြတော့ပေ။ ကျီအဖေ ဆူညံနေသည်များကို ကြားသော်လည်း မကြားချင်ယောင်သာဆောင်နေသည်။
ကျီသာ့ပေါင်မှာ
အစကအော်ငိုနေသည်ဖြစ်သော်လည်း ရန်ဖြစ်နေသည််ကို မြင်၍ သူ ဆက်အော်မငိုရဲတော့ပါ။
"ရှင်တို့
ဆက်မလုပ်ရဲကြရင် ကျွန်မ လုပ်မယ်"ချူယောင်း အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာပြီး
မီးဖိုချောင်မှ ထင်းတစ်ချောင်းယူလိုက်ကာ မီးဖိုချောင်မှ အိုးများခွက်များကို ရိုက်ခွဲလိုက်သည်။
ကျီမိသားစုက
အပြင်မှာဖြစ်သည်။ ကျီအမေ အပြင်မှအော်ပြောနေသည်။ "အရူးမ ရပ်လိုက်စမ်း။ နင် မရပ်ဘူးဆိုရင်
ငါ နင့်ကိုဖမ်းဖို့ တစ်ယောက်ယောက်ကို ရှာရလိမ့်မယ်။ ငါ ဒုတိယမြောက်ကလေးကို နင်နဲ့ကွာရှင်းခိုင်းမယ်!
နင်ကွာရှင်းရမယ်"
ကျီအမေ
ဘယ်လောက်အော်ပြောပြော ချူယောင်းက မကြားချင်ယောင်သာ ဆောင်ပြီး ပစ္စည်းများကို ဆက်ရိုက်ခွဲနေလိုက်သည်။
မီးဖိုချောင်မှအရာအားလုံး ပျက်စီးလုနီးပါးဖြစ်သည်။
ချူယောင်း ရေတိုင်ကီအကြီးကြီးကိုကြည့်ပြီး ကျောက်တုံးတစ်တုံးကိုမလိုက်ကာ
အပေါက်ဖြစ်အောင်ထုလိုက်သည်။ နောက် ထပ်မကျေနပ်သေးသဖြင့် ရေတိုင်ကီကို တစ်စစီဖြစ်အောင်
လုပ်လိုက်သည်။
ချူယောင်း
ထွက်လာသည်ကိုမြင်၍ ကျီချွေးမ စိတ်မပါစွာမေးလိုက်သည်။ "ပြီးပြီလား ?"
ချူယောင်း
သူမကိုပြုံးပြလိုက်ပြီး "မသိသေးဘူး "ဟုပြောလိုက်သည်။
ချူယောင်း
သူတို့ သူမကို ပိတ်ရပ်ကာတားနေသည်မှန်းသိသည်။ ကုမိသားစု သတိမထားမိချိန် သူမ အဓိကအခန်းကို
သွားလိုက်ပြီး အခန်းတစ်ခန်းထဲဝင်ကာ ပစ္စည်းများကို ရိုက်ခွဲလိုက်သည်။
အရိုက်ခွဲခံလိုက်ရသောအခန်းမှာ
ကျီမိသားစုအကြီးဆုံးသားနှင့် ချွေးမအခန်းဖြစ်သည်။ ကျီချွေးမ အမြန်ပြေးလာပြီး အခန််းထဲဝင်ကာ
ချူယောင်းကို တားလိုက်သည်။ " နင် ဒီနေ့ ငါ့ပစ္စည်းတွေကို ဖျက်ဆီးရဲရင် ငါ့အကြောင်းသိစေရမယ်"
"ကျွန်မစောင့်နေပါ့မယ်။
ကျွန်မအတွက် အဆင်ပြေအောင်လုပ်ပေးပါဦး" ချူယောင်း ကျီချွေးမတားသောအခါ သူမကို တွန်းမပစ်ပါ။
ဘေးဘက်က ပစ္စည်းများကိုသာ ဆက်ရိုက်ခွဲလိုက်သည်။ ကျီချွေးမ ချူယောင်းကို ဘယ်လိုဖြစ်ဖြစ်
တားမရပါ။
ကျီအဖေ
အသံများကိုကြား၍ ပြေးထွက်ပြီး လာကြည့်သောအခါ အိမ်မှာ ဝရုန်းသုန်းကားဖြစ်နေပြီဖြစ်သည်။
" ချူယောင်း ပြောစရာရှိရင် အေးဆေးပြောလို့ရပါတယ်။
မဟုတ်ရင် ငါတို့ မိသားစု ဆက်ဖြစ်စရာမလိုတော့ဘူး " ကျီအဖေ ခြိမ်းခြောက်လိုက်သည်။
ချူယောင်း
ရုတ်တရက် ရပ်လိုက်ပြီး ကျီအဖေကို ကြည့်လိုက်သည်။ ကျီအဖေ သူခြိမ်းခြောက်သည်မှာ အလုပ်ဖြစ်သည်ဟု
ထင်လိုက်သည်။
သို့သော်
မထင်မှတ်စွာ ချူယောင်း ကျီအကြီးဆုံးသားအခန်းမှ ထွက်လာပြီး ကျီအဖေနှင့် ကျီအမေအခန်းသို့
တစ်ခါတည်း သွားလိုက်သည်။ သူမ အခန်းထဲ သော့ကိုဖျက်၍ဝင်လိုက်ပြီး ပစ္စည်းများကို ရိုက်ခွဲလိုက်သည်။
ကျီအမေ မြေကြီးပေါ်တွင် အဖေ အမေတ၍ အော်ငိုနေလေသည်။
ကျီအဖေ ကျီလင်းကို ပြောလိုက်သည်။ "မြန်မြန်သွားပြီး
အဖွဲ့ခေါင်းဆောင်ကို ခေါ်လိုက်။ သူ့ကို အဖေတို့အတွက် ဆုံးဖြတ်ပေးခိုင်း။ ဒီလိုမသိတတ်တဲ့ချွေးမကို
အဖေတို့ ခေါ်မထားနိုင်တော့ဘူး"
အဖွဲ့ခေါင်းဆောင် သူ့သားများကိုပါ ခေါ်၍ ရောက်လာခဲ့သည်။
သူအခန််းထဲ ရှုပ်ယှက်ခတ်နေသည်ကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ညက ဘာဖြစ်ခဲ့တာလဲ?"
အဖွဲ့ခေါင်းဆောင် ကျီမိသားစု နေ့တိုင်းပြသာနာရှာပြီး
လူတွေကို အနားမပေးဘူးဟု ခံစားလိုက်ရသည်။
"အဖွဲ့ခေါင်းဆောင်
ကျွန်တော်တို့အတွက် ဆုံးဖြတ်ပေးပါဦး။ ဒီမကောင်းတဲ့ချွေးမ ကျွန်တော်တို့အိမ်ကို လုပ်သွားတာကြည့်ပါဦး"
အဖွဲ့ခေါင်းဆောင်ရောက်သည်နှင့် ကျီအဖေအော်ငိုကာ အခွင့်သာရန်အရင်ပြောလိုက်သည်။
အဖွဲ့ခေါင်းဆောင်
အခန်းတစ်စစီဖြစ်သွားသည်ကို ကြည့်ရင်း ကျီအဖေကို အနည်းငယ်စာနာမိသည်။ သို့သော် ဘယ်သူက
ပြသာနာစရှာသည်ကို မသေချာသိသေး၍ မဆုံးဖြတ်နိုင်သေးပါ။
ထို့ကြောင့်
အဖွဲ့ခေါင်းဆောင် အကောင််းအတိုင်းရှိနေသေးပုံရသေးသော ထိုင်ခုံတစ်ခုံရှာထိုင်လိုက်ပြီး
ပြောလိုက်သည်။ "ဘယ်သူအရင် ရှင်းပြမလဲ"
ကျီချွေးမ
ချူယောင်းကို ကြည့်မရသည်မှာကြာပြီဖြစ်သည်။ မနေ့က သူမ သူတို့လင်မယားနှစ်ယောက်ကို ဒီလိုဖြစ်အောင်ရိုက်သည်သာမက
ဒီနေ့လည်း အခန်းကိုဖျက်ဆီးသည်။ သူမသားကိုလည်း ငိုအောင်လုပ်သည်။ ထို့ကြောင့် ပြသာနာပိုကြီးအောင်
ပိုပိုသာသာပြောမည်ဟု တွေးလိုက်သည်။