အပိုင်း ၁၃
Viewers 669

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

 

အပိုင်း ၁၃

 

 

                             

အစအဆုံး ချူယောင်းအမှားသာဖြစ်ကြောင်း ကျီချွေးမပြောသည်ကိုကြားပြီး အဖွဲ့ခေါင်းဆောင် ငြီးငွေ့လာသည်။ သူတို့ကျီမိသားစု အမှားမပါသည်မှာ မဖြစ်နိုင်ပါ။

 

                    

ကျီချွေးမ အချိန်အကြာကြီးပြောပြီး ပြီးသွားမှ အဖွဲ့ခေါင်းဆောင် ချူယောင်းကို ပြောပြခိုင်းလိုက်သည်။

 

                   

ချူယောင်း ပိုမပြောပါ "အကြီးဆုံးအမ ကျွန်မဆီလာကြည့်ခဲ့တယ်။ သူတို့က အကြီးဆုံးအစ့မ ကျွန်မဖို့ယူလာတဲ့ ပစ္စည်းတွေကို ကျွန်မ မသိဘဲ ယူသွားပါတယ်။ ပြီးတော့ ကျွန်မအခန်းထဲ ဝင်လာပြီး ပစ္စည်းတွေကို ရိုက်ခွဲပါတယ်"

 

                        

အဖွဲ့ခေါင်းဆောင် သူ့သားကို သွားကြည့်ရန် ပြောလိုက်သည်။ သူ့သားသွားကြည့်ပြီး ပြန်လာသောအခါ ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲတွင် တကယ်ပင်ဆိုးရွားနေကြောင်း ပြောလိုက်သည်။

 

                       

အဖွဲ့ခေါင်းဆောင် ဖြောင့်ဖြလိုက်သည်။ "ဒီလိုအမြဲတမ်းဖြစ်နေမယ်ဆို အဆင်မပြေဘူး။ ရက်နည်းနည်းကြာပြီး ပြသာနာထပ်ဖြစ်လို့ ကျွန်တော့်ကို လာရှာရင် ထပ်မလာနိုင်တော့ဘူး။"

 

                         

ကျီအဖေ ရပ်ပြီး ခဏမျှစဥ်းစားပြီးပြောလိုက်သည်။ "ကျွန်တော်တို့ အိမ်ခွဲနေချင်ပါတယ်"

 

                       

 "အိမ်ခွဲနေချင်တာ သေချာလား? ချူယောင်းရော ဆန္ဒရှိလား? ခင်ဗျားတို့ အိမ်ခွဲချင်ရင် သားအားလုံးက အလုပ်အမှတ်ရတယ်ဆိုတော့ ဒုတိယမြောက်ကလေးကိုပဲ အိမ်ခွဲနေခိုင်းရင် မဖြစ်နိုင်ဘူး" အဖွဲ့ခေါင်းဆောင် မေးလိုက်သည်။

 

                    

ကျီအဖေ ပြန်ဖြေလိုက်သည်။ "ဒုတိယမြောက်ကလေးကိုပဲ အိမ်ခွဲလိုက်ပါ။ ကျန်တဲ့မိသားစုဝင်တွေကိုတော့ ဒီအတိုင်းထားလိုက်ပါ"

 

                       

"ခင်ဗျားတို့ ဒီလိုလုပ်ချင်တာ သေချာပြီလား? ချူယောင်းရော သဘောတူလား?" အဖွဲ့ခေါင်းဆောင် မေးလိုက်သည်။

 

                       

ချူယောင်း သဘောမတူစရာ အကြောင်းမရှိပါ။ ကျီမိသားစုတွင် နေရသည်မှာ အလွန်စိတ်ပျက်စရာကောင်းသည်။ ထို့ကြောင့် အိမ်ခွဲနေသည်က ပိုအဆင်ပြေသည်။

 

                        

နောက်ဆုံး အားလုံး အိမ်ခွဲနေရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အိမ်တွင် အိုးခြမ်းကွဲများသာ ကျန်တော့၍ ဝေစုခွဲရန် မလိုတော့။

 

                         ‌

ငွေနှင့် အိမ်ခွဲရန် ရောက်သောအခါ ကျီအဖေ အံကြိတ်ပြီး သူချမ်းသာကြောင်း ဝန်မခံပါ။ ချူယောင်း သူ့မှာ ပိုက်ဆံမည်မျှရှိမှန်း မသိနိုင်ပါ။

 

                            

 "ကျွန်တော့်မှာ  ‌ငွေမရှိတော့ဘူး။ မိသားစုမှာ ရှိတဲ့ယွမ် ၁၀၀ အကုန်လုံးကိုလည်း ချူယောင်းကို ပေးလိုက်သည်။ အခု အိမ်ကအရာအားလုံး ပျက်ဆီးသွားတာကိုလည်း ဘယ်အချိန်ပြန်ပြင်နိုင်မယ်မှန်း မသိသေးဘူး"

 

                         

"ချူယောင်း သမီးရော ဘယ်လိုတွေးလဲ?" အဖွဲ့ခေါင်းဆောင် ချူယောင်းသဘောကို မေးလိုက်သည်။ အဖွဲ့ခေါင်းဆောင် သူ့သားကို ရွာမှရပ်မိရပ်များအား ကျီမိသားစုကို အတူတူအိမ်ခွဲပေးရန်အတွက် ဖိတ်ခိုင်းလိုက်သည်။ သူ ကျီမိသားစုပိုင်ဆိုင်မှုကို သေချာခွဲပေးရန် ဆုံးဖြတ်လိုက်သည်။

 

                    

 "ကျွန်မ ကျီမိသားစု ပိုက်ဆံမရှိဘူး ပြောတာကို မယုံဘူး။ ကျီနန်ဖုန်း မိသားစုကို လစဥ်ငွေပို့မယ်လို့ ကျွန်မကို ပြောခဲ့တယ်။ ကျွန်မတို့ မနက်ဖြန် မြို့ဘဏ္ဍာရေးရုံးကို သွားပြီး တွက်ကြည့်ကြမယ်ဆိုရင်ရော?" ‌ငွေရှိသည့်အလျောက် မှတ်တမ်းလည်းရှိမည်ဖြစ်၍ ကျီအဖေ မလွတ်မြောက်နိုင်ပါ။

 

                       

အဖွဲ့ခေါင်းဆောင် ခေါင်းညိတ်လိုက်သည်။ "ဒီလိုဆိုရင် ချူယောင်း ပြောသလို မနက်ဖြန်မှ အိမ်ခွဲမယ်"

 

                        

ကျီအဖေ အစက ယနေ့ အိမ်ခွဲမရမည်ကိုစိုးရိမ်သည်။ ချူယောင်း အတွေးပြောင်းမည်စိုး၍ ယနေ့ညချက်ချင်းအမွေခွဲရန် ဆက်တိုက်တောင်းဆိုနေလေသည်။

 

                      

သို့သော် ကျီအဖေအခု လက်လျှော့ပြီး ပိုက်ဆံပေးမှဖြစ်မည်ကို နားလည်လိုက်သည်။ မျက်နှာမရတော့မည်ကိုလည်း စိုးရိမ်သည်။ အကယ်၍ ဘဏ္ဍာရေးရုံးကိုသာ သွားလျှင် သူ့ငွေ ဆုံးရှုံးမည်သာမက မျက်နှာလည်းပျက်မည်။

 

                        

ချူယောင်း သူမအခန်းမှ ယူလို့ရသည်များကို ကြည့်လိုက်သည်။ အိမ်ခွဲပြီးလျှင် ဒီမှာနေရန် စိတ်ကူးမရှိပါ။ ငွေအနည်းငယ် ပြန်ရလျှင် ရွာတွင် နေလို့ရနိုင်မည့်နေရာ ရှာ၍နေမည်။ ကျီမိသားစုနှင့် တစ်အိမ်ထဲသာနေလျှင် နေ့တိုင်းဆူညံံံနေမှာ သေချာသည်။

 

                        

ရပ်မိရပ်ဖများ ရောက်လာသောအခါ ကျီအဖေ ငွေထုတ်လိုက်ပြီး စုစုပေါင်း ယွမ် ၅၀၀ ဖြစ်သည်။ ကျီမိသားစုတွင် ဒီထပ် ပိုရှိမည်ဖြစ်ပြီး ဝန်မခံချင်ကြောင်း ချူယောင်းသိသည်။ သို့သော် ဆက်အငြင်းပွားလျှင် အိမ်ခွဲနေမည့်ကိစ္စက ခက်ခဲလိမ့်မည်။