အပိုင်း ၂၅
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း ၂၅

 

 

 

"ဦးလေးဝေ ရောက်နေတာလား" တင်းရှက သူ့ကိုတွေ့ရတာ အနည်းငယ် ပျော်သွားသည်မှာ သူမ လုပ်ချင်တာတွေ အများကြီး ရှိနေသောကြောင့် ဖြစ်သည်။

 

 

ဦးလေးဝေက မတ်တပ်ထရပ်ပြီးဟေး ငါရောက်နေတာ။ ညီငယ်လေးက ငါ့ကို ပုခက်လုပ်ခိုင်းပေမယ့် ပြဿနာတချို့ ကြုံလာတာကြောင့် မင်းတို့ကို မေးဖို့ လာခဲ့တာ။"

 

 

"ဘာဖြစ်တာလဲ? တစ်ခုခုဖြစ်သွားတာလား?" တင်းရှက ကမန်းကတန်း မေးလိုက်သည်။

 

 

ဘာမှမဟုတ်ပါဘူး။ လတ်တလောမှာ ပစ္စည်းကောင်းတွေ ရခဲ့တယ်။ အရမ်းတည်ငြိမ်ပြီး လှပတဲ့ ဂရိမ်မျိုးတွေ အပါအဝင် ချယ်ရီသစ်သားကောင်းတွေ ရထားပေမယ့် နည်းနည်းတော့ ဈေးကြီးတယ်။ မင်းတို့ လိုချင်လားလို့ မေးဖို့ ငါလာခဲ့တာ။" ဦးလေးဝေက လက်ဟန်ပြသည်။

 

 

သူ့သူငယ်ချင်းဟောင်းက နိုင်ငံခြားဈေးကွက်က သစ်သားတစ်သုတ်ကို ယူလာခဲ့ပြီး C9 အဆင့်ကောင်းတဲ့သစ်သားလို့ပြောသည်။ သူက ဘယ်အဆင့်မှန်း မသိ၊ ဒီသစ်သားက ဘယ်လိုပဲကြည့်ကြည့်၊ ထိတွေ့ကြည့်၊ ခေါက်ကြည့်ပါစေ၊ သစ်သားက ထူထပ်ပြီး ခိုင်မာတယ်ဆိုတာပဲ သူသိသည်။

 

 

ရှောင်ကျွင်းက ခေါင်းညိတ်လိုက်ပြီး "အန်ကယ်ဝေ ကျွန်တော်တို့ယူပါမယ်။ လုပ်လိုက်ပါ"

 

 

တင်းရှက ခေါင်းညိတ်သည်။ "ဒါကို အရမ်းပုံစံဆန်းကြီး မလုပ်ပါနဲ့၊ ရိုးရိုးရှင်းရှင်းနဲ့ အံဝင်ခွင်ကျ တာလေးပဲ လုပ်တာကောင်းတယ်။ တော်ကြာကလေးကို ထိုးမိမှာ ကြောက်တယ်

 

 

ဦးလေးဝေက သူ့လက်တွေကို ဝမ်းသာအားရ ပွတ်သပ်ပြီး ဆေးလိပ်ကို ဖယ်လိုက်သည်။မင်းတို့ ဒီလိုပြောရင် ငါ စိတ်ချတယ်။ စိတ်မပူပါနဲ့ ငါပစ္စည်းတွေ ကောင်းကောင်း သုံးပေးမယ်။ ပြီးသွားရင် ငါမင်းတို့ဆီ ပို့ပေးမယ် မင်းတို့စိတ်ကျေနပ်မယ်လို့ အာမခံတယ်"

 

 

ဦးလေးဝေ စိတ်အားထက်သန်စွာ ထွက်သွားခဲ့သည်။

 

 

ရှောင်ကျွင်းက တင်းရှကို အိမ်ပြန်ပို့ပြီး ကားပါကင်နေရာရှာဖို့ ထွက်လာခဲ့သည်။ သူအရာရာကို တတ်နိုင်သမျှ မြန်မြန်ပြီးစေချင်တယ်၊ မဟုတ်ရင် သူလိုအပ်တဲ့အချိန်မှာ မပြီးရင် သူစိတ်ညစ်ရလိမ့်မည်။

 

 

နှစ်ရက်သုံးရက်ကြာပြီးနောက် သူ ကားပါကင်ကို ငှားပြီး လိုင်စင်နံပါတ်ပြားယူကာ စာရွက်စာတမ်းအားလုံးကို အကုန်လုပ်ပြီးပြီဖြစ်သည်။

 

 

တင်းရှသည် ယောင်းမ ကုန်းနှင့် ဟင်းရွက်ဈေးတွင် ဈေးဝယ်ထွက်ကာ ပစ္စည်းအစုံလိုက်ဝယ်ပြီး ညနေစာ ဟော့ပေါ့ချက်ရန် ပြန်လာခဲ့သည်။

 

 

ရှောင်ကျွင်း အိမ်တွင်မရှိသောကြောင့် တင်းရှသည် ပါဝင်ပစ္စည်းများကို ကြော်ရန် အန်တီကျွမ်းကို နှုတ်ဖြင့် ညွှန်ကြားခဲ့သည်။

 

 

ပထမဦးစွာ တင်းရှသည် အိုးသေးသေးလေးထဲတွင် အမဲရိုးကြက်သားဟင်းရည်ကို ပြုတ်ပြီး ဖြည်းဖြည်းချင်း ပွက်ပွက်ဆူလာပြီးနောက် အနံ့အသက်များ မွှေးကြိုင်လာခဲ့သည်။

 

 

ထို့နောက် အန်တီ ကျွမ်းသည် ငရုတ်သီးခြောက်အချို့ကိုရေထဲတွင် ပြုတ်ထားပြီး  ကြက်သွန်စိမ်း လှီးဖြတ်သည်။ ပန်းကန်ပြားကြီး တစ်ပြားစာ ကြက်သွန်စိမ်းနှင့်နံနံပင်တို့နှင့် မွှေးကြိုင်သော အရွက်များ၊ မဲဇလီဖူးခေါက်၊ စမုန်စပါးနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကိုထုပ်ကာ အရက်ထဲတွင်စိမ်ပြီး ချေမွလိုက်သည်။

 

 

သူမ မီးဖိုကို မီးညှိပြီး အမဲသားဆီ အိုးတစ်ဝက်လောက်လောင်းပြီး ဆီပူလာတဲ့အခါ အရင်ဆုံး ကြက်သွန်နီနဲ့နံနံပင်တို့ကို မွှေးလာသည်အထိ ကြော်ပြီး ၎င်းတို့ကို ဖယ်လိုက်သည်။

 

 

ထို့နောက် ငရုတ်သီးအစိတ်ပိုင်းများ၊ ပဲပိစပ်၊ လျှို့ဝှက်ငရုတ်ဆီနှင့် ဟင်းခတ်အမွှေးအကြိုင်အချို့တို့ကို ဆက်တိုက်ထည့်ကာ ကောင်းစွာမွှေပြီးနောက် ဘီယာတစ်ဘူးနှင့် သကြားကြမ်း အနည်းငယ်ကို လောင်းထည့်လိုက်သည်။

 

 

နောက်ဆုံးတွင် သူမသည် အနီရောင်နှင့် အစိမ်းရောင် စီချွမ်ငရုတ်ကောင်းမှုန့် လက်တစ်ဆုပ်စာ အိုးထဲသို့ ပစ်ထည့်လိုက်သည်။

 

 

အအေးခံပြီးနောက် အချိန်တိုအတွင်း ထုံကျဉ်ပြီး မွှေးကြိုင်သော အမဲသားဆီ အခြေခံထားသော အိုးတစ်လုံးပြီးပြီပင်။

 

 

မီးဖိုချောင်မှာ ရှုပ်ပွပြီးတဲ့အခါ သူမရဲ့ ခန္ဓာကိုယ်ကို ယခုမှ လုပ်ထားသော အစပ်ရနံ့များ စွဲထင်နေခဲ့သည်။

 

 

 ယောင်းမ ကုန်းသည် ပါဝင်ပစ္စည်းများကို ဆေးကြောနေစဥ် တင်းရှ ကို ပြန်သွားပြီး အဝတ်အစားလဲရန်တိုက်တွန်းခဲ့သည်။

 

 

တင်းရှသည် အဝတ်အစားလဲပြီးနောက် ထွက်လာသောအခါတွင် ရှောင်ကျွင်း ပြန်ရောက်လာပြီး သူ့လက်ထဲတွင် စက္ကူအိတ်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

 

 

သူက အနံ့ခံခဲ့သည်။ "အနံ့ ကောင်းတယ်။ ဒီည ညစာကဟော့ပေါ့လား "

 

 

ဟုတ်တယ် ဟော့ပေါ့ တင်းရှက ပြုံးပြီး သူ့ကိုတွေ့ဖို့ သွားခဲ့သည်။

 

 

ရှောင်ကျွင်းက သူမကို ထိုင်ခုံမှာထိုင်ခိုင်းပြီး စက္ကူအိတ်ကို ပေးလိုက်သည်။

 

 

"မင်းအတွက် လက်ဆောင်။"

 

 

"လက်ဆောင်လား?" တင်းရှ နှုတ်ခမ်းအပေါ်သို့ ကွေးညွတ်ကာ မထိန်းနိုင်ဘဲ မေးလိုက်သည်။

 

 

"ကြည့်ကြည့်ပါဦး" ရှောင်ကျွင်းက သူမကို မျှော်လင့်တကြီး ကြည့်သည်။

 

 

တင်းရှသည် အနီရောင်စက္ကူအိတ်ကိုဖွင့်ကာ အနီရောင်သေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။ ဖွင့်ကြည့်လိုက်တော့ စိမ်းစိုတောက်ပတဲ့ ကျောက်စိမ်းလက်ကောက်တစ်ကွင်း။

 

 

ရှောင်ကျွင်းက သူမကို ကူ၀တ်ပေးခဲ့သည်။

 

 

နှင်းရောင်ကဲ့သို့ သိမ်မွေ့သွယ်လျသော လက်ကောက်ဝတ်သည် ကျောက်စိမ်း လက်ကောက်ဖြင့် အထူးလှပနေသည်။

 

 

"လှတယ်။" ရှောင်ကျွင်းလည်း လှတယ်ထင်သည်။

 

 

တင်းရှ၏ လက်ကောက်ဝတ်သည် ဟာလာဟင်းလင်းဖြစ်နေခဲ့သည်မှာ သူ့ကို အမြဲ စိတ်မသက်မသာဖြစ်စေခဲ့သည်။ နောက်ဆုံးတော့ အခုမှပဲ ကြည့်ကောင်းတော့သည်။

 

 

သူစောစောကတွေ့တဲ့ ငြိမ်းချမ်းရေးဆွဲသီးကို ဝယ်ဖို့စီစဉ်ထားခဲ့သည်၊ ဒါကလည်း သူမနဲ့ အရမ်းလိုက်ဖက်မှာ။ နောက်တစ်ကြိမ် ရှရှအတွက် ဝယ်ပေးရမယ်။

 

 

"ညစာ၊ ညစာ" ယောင်းမကုန်းက အိုးကို ထုတ်ယူလာခဲ့သည်။ "ရှောင်ကျွင်းပြန်ရောက်ပြီလား"

 

 

ရှောင်ကျွင်းက စားပွဲပေါ်တွင် အိုးကိုတင်ရန် ကူညီပြီး "ဟုတ် အိမ်ပြန်ရောက်ပါပြီ"

 

 

"မင်းလက်ကို မြန်မြန်ဆေးပါ၊ ညစာက အဆင်သင့်ဖြစ်နေပြီ၊ ဒီနေ့ ဟင်းအများကြီး ပြင်ထားတယ်..." ယောင်းမကုန်း မီးဖိုခန်းထဲ ပြန်သွားရင်း ပြောသည်။

 

 

တင်းရှ လည်း ထရပ်ပြီး "သွားရအောင်၊ ကျွန်မ ဗိုက်ဆာနေပြီ!"

 

 

သူတို့လေးယောက်က စားပွဲအပြည့်တည်ထားတဲ့  ပန်းကန်တွေမှာ ဝက်သားဗိုက်၊ အစပ်အမဲသားများရှိပြီး တစ်ပန်းကန်ပြီး တစ်ပန်းကန် ထည့်ထားသည်။ သူတို့စားလို့မကုန်မှာကို မကြောက်ကြပေ။ ရှောင်ကျွင်း၏ အစာစားချင်စိတ်သည် မကြာသေးမီကပင် ကြီးထွားလာခဲ့ပြီးဖြစ်၍ မည်မျှပင် ချက်ပြုတ်သည်ဖြစ်စေ သူသည် အားလုံးကို မျက်နှာသေဖြင့် စားနိုင်သည်။

 

 

"ရှောင်ကျွင်းရှင် အရပ်ပိုရှည်လာပြီလား" တင်းရှသည် ရှောင်ကျွင်း၏ သွယ်လျပြီး ကြမ်းတမ်းသော မေးရိုးကို မော့ကြည့်လိုက်သည်။

 

 

ရှောင်ကျွင်းက သူမကိုကြည့်ဖို့ ခေါင်းငုံ့ပြီး "မသိဘူး အခုတလော သတိမထားမိဘူး"

 

 

"ရှင် အရပ်ပိုထွက်လာသလို ခံစားရတယ်။ ရှင်အရင်ပြန်လာတုန်းက မေးစေ့ကို ကျွန်မမြင်နေရတုန်းပဲ၊ အခုမြင်ရဖို့ လည်ပင်းကို ဆန့်ထားမှ ရတော့တယ်။" တင်းရှ က ဒီအကြောင်းကို စဉ်းစားခဲ့သည်။

 

 

"အစားအသောက် ကောင်းကောင်းတွေကို အရွယ်ကြီးထွားတဲ့အချိန်စားရင် အရပ်ပိုရှည်လာမယ်" ယောင်းမ ကုန်းသည် အမဲသားစပ်နှင့် ဝက်ဗိုက်ကို အစပ်အိုးထဲသို့ ပစ်ချလိုက်သည်။

 

 

"ရှင်က ဘယ်လိုဖြစ်လို့ မ၀လာတာလဲ" တင်းရှက ရှောင်ကျွင်းရဲ့ မျက်နှာနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကို စိုးရိမ်တကြီးကြည့်ပြီး "ရှင့်မှာ ပိုးတွေရှိလား"

 

 

"ဟားဟား၊ ဘယ်လိုမှ အရပ်ကထပ်မရှည်နိုင်တော့ရင် သဘာဝအတိုင်း ကိုယ်အလေးချိန် တက်လာမှာပါ" အန်တီကျွမ်းက ပြုံးပြုံးလေး ပြောလိုက်သည်။

 

 

တင်းရှသည် သူမ၏ နှာခေါင်းကို ပွတ်သပ်ကာ စားရန် ခေါင်းငုံ့လိုက်သည်။

 

 

"ကျွန်တော် ကိုယ်အလေးချိန် နည်းနည်းတက်လာခဲ့တယ်" ရှောင်ကျွင်းက အသံတိုးတိုးနဲ့ပြောလိုက်သည်။ "အရင်က ပေါင် 110 ပဲရှိသေးတယ်၊ အခု 130 လောက်ရှိပြီ"

 

 

တင်းရှက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "၀လာတာပိုကောင်းတယ်"

 

 

သူမ နေချိန် သူပိန်ပိန်ပါးပါး ဖြစ်တာမြင်ရတာကို သူမ ပျော်ခဲ့တာ မဟုတ်ပေ။

 

 

"စကားမစပ်၊ မကြာခင် နှစ်သစ်ကူးတော့မယ်။ ယောင်းမ၊ အစ်ကိုကြီး ကျွမ်းဆီ အိမ်ပြန်မှာလား ဒါမှမဟုတ် ဒီမှာနေလား။" တင်းရှသည် ဘေးနားရှိ ပြက္ခဒိန်ကို ရုတ်တရက် မြင်လိုက်ရသည်။

 

 

"နှစ်သစ်အတွက် အဝတ်သစ်ဝယ်ပေးမယ်လို့ ကလေးတွေကို ကတိပေးခဲ့တယ်" ယောင်းမကုန်းက "ဒါကြောင့် နှစ်သစ်မှာ မင်းတို့နဲ့ အတူနေလို့မရဘူး" လို့ ကုန်းက တောင်းပန်စကားပြောခဲ့သည်။

 

 

"ဘာမှမဟုတ်ပါဘူး" တင်းရှက သူမကို ပြုံးပြီး "နှစ်သစ်အတွက် သေချာပေါက် အိမ်ပြန်သင့်တာပေါ့"

 

 

"နှစ်သစ်မှာ ညီအကိုနှစ်ယောက်ကို ဒီမှာနေခွင့်ပေးဖြစ်မယ်ထင်တယ်၊ သူတို့အမေဆီက ဘာကိုမှ မမျှော်လင့်ထားဘူး။" တင်းရှက ဆက်ပြောခဲ့သည်။

 

 

"မင်းသဘောပါပဲ။" ရှောင်ကျွင်းသည် တင်းရှရှေ့မှာ ပန်းကန်လုံးနှင့် အသားများစွာကို ချက်ပြုတ်သည်။

 

 

စီလီသည် မကြာမီ ဆောင်းတွင်း အားလပ်ချိန်ကို ရခဲ့သည်။

 

 

သူသည် သူ့ကျောင်းလွယ်အိတ်နှင့် ရှောင်ရှီထို့ကို ခေါ်ကာ ဆိုင်ထဲသို့ အလွန်သတိရှိစွာ ရောက်လာသည်။

 

 

အိမ်ပြန်ရောက်တော့ သူ့အမေက တစ်နေရာရာမှာ အရက်မူးနေတာကို တွေ့တော့ စီလီ က ညစ်ပတ်ပြီး ရှုပ်ပွနေတဲ့ အခန်းကို သပ်ရပ်စွာ သန့်ရှင်းရေးလုပ်ကာ အိပ်ပျော်နေတဲ့ ရှောင်ရှီထို့ကို ခေါ်သွားပြီး ဆိုင်ကို သွားလိုက်သည်။

 

 

ရှောင်ရှီထို့က ဆိုင်တွင် နေ့တိုင်း စားသောက်ပြီး အနည်းငယ် ပြည့်လာကာ ဆိုင်ထဲအစွန်ဆုံးနေရာမှာထိုင်ကာ လူများကို သူ၏ ၀ိုင်းစက်နေသော မျက်လုံးများနဲ့ကြည့်နေသည်မှာ အလွန်ချစ်စရာကောင်းသည်။

 

 

စီလီသည် အရပ်ရှည်ပြီး သန်မာလာသည်။ နေ့ရက်တိုင်းသည် ပင်ပန်းနွမ်းနယ်မှု မရှိတော့ဘဲ သာယာပျော်ရွှင်မှုကိုပင် ခံစားခဲ့ရသည်။

 

 

မနက်အစောကြီးမှာ ပါဆယ်ထုပ်ကို လက်ခံရရှိပြီးဖွင့်ကြည့်လိုက်တော့ မဂ္ဂဇင်းတစ်စောင်ကို တွေ့လိုက်ရသည်။

 

 

"ရှောင်ကျွင်း! အယ်ဒီတာ ဟူက မဂ္ဂဇင်းကို ပို့လိုက်တာ။" တင်းရှက ဝမ်းသာအားရ အော်လိုက်သည်။

 

 

ရှောင်ကျွင်း မီးဖိုချောင်ထဲက ထွက်လာပြီး "ရောက်ပီလား?"

 

 

"ဟုတ်တယ်!" တင်းရှက သူနဲ့အတူ ကြည့်ရန် မစောင့်နိုင်တော့ချေ။

 

 

ဆိုင်နှင့်ပတ်သက်သည့် အင်တာဗျူးသည် အဖွင့်ဆောင်းပါးဖြစ်ပြီး အစားအသောက် ဓာတ်ပုံများစွာနှင့် ဆိုင်အပြင်အဆင်များနှင့်အတူ စာသားများစွာပါ၀င်သည်။

 

 

၎င်းတွင် အင်တာဗျူးအကြောင်းအရာနှင့် တည်းဖြတ်သူ ဟူ မှပြင်ဆင်ထားသော အိမ်ပုံစံချက်ပြုတ်နည်းများ ပါဝင်သည်။

 

 

တင်းရှက စိတ်ဝင်တစား ဖတ်ခဲ့သည်။

 

 

အင်တာဗျုး ပြီးဆုံးသည် - “သူများတွေ ဘယ်လိုမြင်လဲတော့ မသိဘူး၊ ဒါပေမယ့် ငါ့အတွက်တော့ ဒီဆိုင်က အရသာရှိတဲ့ အစားအသောက်တွေ ပေးရုံတင်မကဘဲ နွေးထွေးမှုအပြည့်ရှိတဲ့ ဆိုင်တစ်ဆိုင်ပါ။

 

 

သူဌေးနဲ့ သူဌေးရဲ့ ဇနီးက ချစ်ဖို့ကောင်းပြီး အစားအသောက်လည်း အရသာရှိပြီး ဘဝလည်း ပျော်ရွှင်စရာကောင်းတယ်။ ဒီကမ္ဘာကြီးကို အရမ်းသဘောကျတယ်။"

 

 

တင်းရှသည် ဤစာကြောင်းကို သူမ မှတ်စုစာအုပ်တွင် ကူးယူရန်မှအပ မတတ်နိုင်ခဲ့ပါ။

 

 

အယ်ဒီတာ ဟူ သည်လည်း ဖောင်တိန်ဖြင့် ရေးသားထားသော လက်ရေးစာတစ်စောင်တွဲပို့လိုက်သည်။ အက္ခရာများကို မတ်မတ်နှင့် ထင်းအောင်ဖောင်တိန်ဖြင့် ရေးသားထားသည်။

 

 

အလွန်တရားဟိတ်ဟန်ပါသည်။

 

 

အဆင့်အတန်းမြင့်သော၊ ဣန္ဒြေရသော သူကိုယ်တိုင်ကဲ့သို့ဖြစ်သည်။

 

 

"မစ္စတာ ရှောင်၊ မစ္စ၊ နှစ်သစ်လည်း နီးလာပြီဆိုတော့ အရမ်းအလုပ်များတယ်။ မဂ္ဂဇင်း ထုတ်ဝေပြီးပြီ၊ ဆိုင်လိပ်စာနှင့်ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့ပြီး ဆိုင်လည်း အလွန်နာမည်ကြီးလိမ့်မယ်။

 

 

နှစ်သစ်ကူးအကြိုနေ့မှာ ကျွန်တော်ပြန်လာလည်ပြီး မိသားစုပြန်ဆုံပွဲ ညစာရိုက်ကူးဖို့နဲ့ အင်တာဗျူးလုပ်လို့ ရမလား။

- ဟူဇီလင်"

 

 

တင်းရှက ရှောင်ကျွင်းကို စာ ပေးလိုက်သည်။

 

 

ရှောင်ကျွင်း အနည်းငယ် ရှက်သွားခဲ့သည်။ "ရှရှ၊ မင်းရဲ့ ဆရာ၀န်ရက်ချိန်းက နှစ်ကုန်ခါနီးမို့ ကိုယ် စိုးရိမ်တယ်..."

 

 

တင်းရှသည် သူမ ဗိုက်ကိုထိလိုက်ပြီး "ဒါဆို ငြင်းလိုက်ကြရအောင်"

 

 

နောက်ဆုံးတော့၊ သူမဗိုက်ထဲက ကလေးထက် ဘယ်အရာကမှ ပိုအ​ရေးမကြီးပေ။