အပိုင်း ၂၄
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း  ၂၄

 

 

ဒီညရဲ့ လက ထူးထူးခြားခြား ၀ိုင်းစက်နေခဲ့သည်။

 

 

 ယောင်းမကုန်းနဲ့ အန်တီကျွမ်းတို့ အိပ်ယာဝင်နေပြီမို့ ခြံသေး​​သေးလေးက ထူးထူးခြားခြား တိတ်ဆိတ်နေသည်။

 

 

ရှောင်ကျွင်းသည် ဆင်၀င်အောက်တွင် မီးဖိုငယ်တစ်ခုကို ဖိုထားပြီး မီးဖိုထဲတွင် များပြားသောကန်စွန်းဥအရှည်ကြီးများကို မြှုပ်ထားသည်။

 

 

တင်းရှသည် စောင်အထူကြီးဖြင့် သူမကိုယ်ကို ပတ်ပြီး ထိုင်ခုံပေါ်တွင်ထိုင်ခဲ့သည်။ ရှောင်ကျွင်းသည် သူမ သူ့ကိုကူရှင်အဖြစ် မှီရန် သူမဘေးနားထိုင်ကာ သူမ၏ ဖောင်းကားနေသောဗိုက်ကို လက်ဖြင့် ကြင်နာစွာပွတ်သပ်ခဲ့သည်။

 

 

"ကလေးနာမည် ဘယ်လိုခေါ်ရမယ်ထင်လဲ" တင်းရှ သည် ဝင်းနံရံရှိ ဆိတ်ငြိမ်သော နှင်းဆီအကိုင်းအခက်များကို ကြည့်ပြီး နောက်နှစ်တွင် ၎င်းတို့၏ လှပသော ပွင့်လန်းသည့် မြင်ကွင်းကို စောင့်မျှော်နေသည်။

 

 

ရှောင်ကျွင်းက "ကိုယ့ အဲဒါကို တွေးနေတာကြာပြီ၊ ဒါပေမယ့် မင်းနဲ့ အတူတူ စဉ်းစားဖို့ ဆုံးဖြတ်ခဲ့တာ"

 

 

"သူ့ကို ရှောင်စစ်ကျင်းလို့ ခေါ်ရအောင်၊ အဲဒါ ဘယ်လိုလဲ။" တင်းရှက "လုံ့လဝီရိယရှိသော အတွေးများသည် လှပသော ကျောက်စိမ်းနှင့်တူသည်၊ အနာဂတ်သည် ချောမွေ့သာယာလိမ့်မည်" ဟုဆိုသည်။

 

 

"ကောင်းပြီ မင်းသဘောပဲ" ရှောင်ကျွင်းက မကန့်ကွက်ပေ။

 

 

တင်းရှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မူရင်းစာအုပ်တွင် အမျိုးသားဇာတ်ဆောင်ကို ဤအမည်ဖြင့် မခေါ်ပါ။ သူ့မှာ ငယ်ငယ်လေးကတည်းက သူ့ကို ပြုစုစောင့်ရှောက်ပေးမယ့်သူ မရှိခဲ့တာကြောင့် မိဘမဲ့ဂေဟာကို ပို့လိုက်ပြီးနောက်ပိုင်းမှ ဒါရိုက်တာရဲ့ မျိုးရိုးကိုယူပြီး စုလီလို့ အမည်ပေးခံရသည်။

 

 

သံတူကြောင်းကွဲ "လီ" သည် နှုတ်ဆက်စကားနဲ့အမြဲတူသည်။

 

 

တင်းရှသည် ဤကလေးကို အစကတည်းက မတူသည့်နာမည်တစ်ခုကို ပေးချင်ခဲ့သည်။ ဥပမာ မျှော်လင့်ချက်နှင့် အလှတရားများ ပြည့်နှက်နေသည့် နာမည်တစ်ခုကိုပေးချင်သည်။

 

 

ရှောင်ကျွင်း ရုတ်တရက်​​ ပြောလိုက်သည်။ "သူရဲ့ချစ်စနိုးခေါ်တဲ့ နာမည်ကဘာလဲ"

 

 

"အမည်ပြောင်?" တင်းရှ က ခဏလောက် ထိတ်လန့်သွားပြီးပြောသည်။ "အဲဒါကို ကျွန်မ မစဉ်းစားရသေးဘူး၊ ရှင်ဘာလို့ တစ်ခုမမှည့်တာလဲ။"

 

 

"ဒါဆို သူ့ကို ဖျင်အန်းလို့ ခေါ်ရအောင်" ရှောင်ကျွင်းက သူမကိုခေါင်းအနည်းငယ်စောင်းပြီး ကြည့်လိုက်သည်။ "အမေနဲ့ ကလေး ငြိမ်းချမ်းပါစေလို့ ဆုတောင်းတဲ့အနေနဲ့ပေါ့"

 

 

တင်းရှက ရုတ်တရက် အော်ပြောခဲ့သည်။"ကလေးက ကျွန်မကို ကန်တယ်!"

 

 

ရှောင်ကျွင်းက သူ့လက်အောက်မှာ လှုပ်ရှားနေတာကို ခံစားလိုက်ရပြီး "သူလည်း ကိုယ်တို့နဲ့ စကားစမြည်ထွက်လာပြောချင်နေတာ ဖြစ်နိုင်တယ်"

 

 

"ရှစ်လပဲရှိသေးတာလေ" တင်းရှ က သူ့ဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း " ရှောင်ဖျင်အန်း၊ ခဏလောက်စောင့်ပါဦး၊ မင်းအတွက် အရုပ်နဲ့ အိပ်ရာလေးတစ်ခု လုပ်ပေးဖို့ ဖေဖေနဲ့ မေမေကို စောင့်ပေးပါဦး ဟုတ်ပြီလား "

 

 

အေးစက်သောလေက တိုက်ခတ်လာသည်။ ရှောင်ကျွင်း သည် တင်းရှကို စောင်ထဲတွင် တင်းတင်းကျပ်ကျပ် ထုပ်ပိုးပြီးနောက်၊ သူ ကန်စွန်းဥကို မီးဖိုထဲမှ လှမ်းဆွဲထုတ်လိုက်သည်။

 

 

 တမူထူးခြားသော ရနံ့သည် ပျံ့လွင့်နေပြီဖြစ်သည်။ တင်းရှသည် သူအခွံခွာနေသော ကန်စွန်းဥကို တောင့်တစွာ စိုက်ကြည့်နေခဲ့သည်။ "အနံ့အရမ်းမွေးတယ်"

 

 

ရှောင်ကျွင်းက အပူဒဏ်ကို ဂရုမစိုက်ဘဲဂရုတတစိုက် အခွံခွာပြီး မှုတ်ပေးရင်း သူမပါးစပ်ထဲကို မထည့်ခင် ပြောခဲ့သည်။ "ပူတယ်နော် သတိထားဦး"

 

 

လိမ္မော်ရောင် ကန်စွန်းဥကို ကြည့်လိုက်ရင်း တင်းရှ ကိုက်လိုက်သည်။ ကန်စွန်းဥသည် ပျားရည်စိမ့်ထွက်လာသလိုမျိုး ပူပူနွေးနွေးနှင့် ချိုသည်။

 

 

"မကြာခင် နှစ်သစ်ရောက်တော့မယ်" ရှောင်ကျွင်းက လက်ထဲမှာ တစ်ရှူးစိုတွေကို အဆင်သင့် ကိုင်ဆောင်ထားတယ်။ သူတစ်ခုယူကာ သူမမျက်နှာပေါ်ကပါးစပ်နှင့် ပါးပေါ်ရှိ ပေနေသောအစများကို သုတ်လိုက်သည်။

 

 

"မနက်ဖြန် ကားသွားကြည့်ရအောင်" ရှောင်ကျွင်းက ပြောသည်။ "နှစ်သစ်ကူးမတိုင်ခင် အခုက စျေးပိုသက်သာတယ်။ ဘယ်ကားကိုကြိုက်လဲကြည့်ပေးပေါ့"

 

 

"တူညီတဲ့ စွမ်းဆောင်ရည်နဲ့ ကျယ်ဝန်းပြီး ကောင်းမွန်တဲ့ ဘေးကင်းမှု အဆင့်သတ်မှတ်ချက်ရှိတာ" တင်းရှက သူမ၏ လက်ချောင်းများပေါ်တွင် ရေတွက်ကာ "ကုန်ကျစရိတ်လည်း သက်သာရမယ်။"

 

 

"ဒါဆို မနက်ဖြန် သွားကြည့်ကြမလား"

 

 

"ကောင်းပြီ။"

 

 

နောက်ကျလာပြီဖြစ်၍ လေက ပြင်းထန်လာတယ်။ ကန်စွန်းဥကို စားပြီးနောက် တင်းရှသည် အိပ်ခန်းထဲသို့ လဲနေရန် ပြန်ဝင်သွားသည်။

 

 

 ရှောင်ကျွင်းသည် တစ်နေ့တာလုံး အလုပ်လုပ်ပြီးနောက် ပင်ပန်းနေခဲ့သည်။ သူပြန်လာသောအခါတွင် တင်းရှသည် မလှုပ်မယှက် လဲလျောင်းနေပြီး နေမကောင်းဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။

 

 

"ဘာဖြစ်လို့လဲ?" ရှောင်ကျွင်းက လမ်းလျှောက်လာပြီး စောင်ကို မတင်လိုက်သည်။ "ခြေထောက်ကြွက်တက်လို့လား?"

 

 

တင်းရှသည် စောင်ကို ရှက်ရွံ့စွာ ပြန်ဖုံးသည်။ ရှောင်ကျွင်းက ဘာတွေဖြစ်နေတာလဲ ဆိုတာကို သိလိုက်သည်နှင့်ခဏတာ ထိတ်လန့်သွားသည်။

 

 

သူက ဗီရိုကိုဖွင့်ပြီး အတွင်းခံဘောင်းဘီအသစ်နဲ့ အိပ်ယာ၀င်၀တ်စုံကို ထုတ်ယူလိုက်ပြီး တင်းရှကိုထပေးရန်ကူညီပြီးပြောသည်။ "ငါ မင်းကို ကူလဲပေးပါရစေ"

 

 

ကိုယ်ဝန်ရင့်လာတဲ့ အမျိုးသမီးတွေဟာ ဆီး အလိုအလျောက် ယိုစိမ့်နိုင်သည်။ ဒါကို ၀မ်းဆွဲသည်က သူ့ကို ပြောခဲ့တာပင်။

 

 

တင်းရှက သူ့ကို တွန်းထုတ်ပြီး "ကျွန်မ ကိုယ်တိုင်လုပ်မယ်"

 

 

ရှောင်ကျွင်းက အတင်းမတိုက်တွန်းခဲ့ပေ။ သူထပြီး ရေချိုးခန်းထဲဝင်သွားကာ "ကိုယ်ခြေလက်သွားဆေးလိုက်မယ်။ တစ်ခုခုလိုအပ်ရင် လှမ်းခေါ်လိုက်"

 

 

တင်းရှက သူ့အဝတ်အစားတွေ လဲနေရင်း ရှက်လာသည်။ အိပ်ယာခင်းကို လဲဖို့လုပ်တဲ့အခါ သူ့မကိုယ်သူမ ကြံ့ခိုင်မှု အားနည်းပြီးမလုပ်နိုင်တာကို တွေ့ရတယ်။

 

 

သူမသည် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်အားငယ်စွာဖြင့် မောပန်းနွမ်းနယ်နေကာ နောက်ဆုံးတွင် မတတ်နိုင်ဘဲ အော်ငိုလိုက်သည်။

 

 

အသံကြားတော့ ရှောင်ကျွင်းက ချက်ချင်းပဲ ရေချိုးခန်းထဲက ပြေးထွက်လာသည်။ "ရှရှ!"

 

 

တင်းရှသည်  ကုတင်ဘေးတွင် ထိုင်ကာဝမ်းနည်းစွာ ဗိုက်ကို ပွေ့ဖက်ထားသည်။

 

 

သူမကိုယ်ဝန်ဆောင်အမျိုးသမီး ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို သူမ နားမလည်ခဲ့ပါ။ ဒီလို ရှက်စရာကောင်းပြီး မသက်မသာ အတွေ့အကြုံတွေကို ဘာကြောင့် ခံနေရတာလဲဆိုတာ သူမ နားမလည်တော့ပါ။

 

 

တကယ်တော့၊ ဤကမ္ဘာသည် သူမ ကမ္ဘာမဟုတ်ချေ၊ ချစ်ရသူကလည်း သူမ ချစ်ရသူမဟုတ်၊ သူမ ပိုင်ဆိုင်တာ ဘာမျှမရှိပေ။

 

 

ရှောင်ကျွင်းကို သဘောကျတာတောင် သူမကိုယ်သူမအပြစ်ရှိသလို ခံစားလာရသည်။

 

 

ရှောင်ကျွင်းကို သူမကြိုက်တာတောင် သူမကတစ်စုံတစ်ခုကို ခိုးယူနေသလို ခံစားရတယ်။

 

 

တင်းရှ ပြင်းပြင်းထန်ထန် ငိုခဲ့သည်။

 

 

ရှောင်ကျွင်း၏ နူးညံ့သိမ်မွေ့သော နှစ်သိမ့်မှု နှင့် သူမဘေးနားမှာချော့ခြင်းသည် သူမကို ပို၍ စိတ်တို ဒေါသထွက်စေခဲ့သည်။

 

 

သူမကိုယ်သူ မထိန်းနိုင်ဘဲ တင်းရှက ရှောင်ကျွင်းကို တွန်းထုတ်လိုက်ပြီး "ရှင် ဘာမှ မသိပါဘူး၊ ကျွန်မနဲ့ဝေးဝေးနေ"

 

 

အိပ်ရာဝင်နေပြီးဖြစ်သော ယောင်းမကုန်းနဲ့ အန်တီကျွမ်းတို့ကသူမ ငိုသံကြောင့် နိုးလာကြသည်။ ဆောင်းတွင်းအဝတ်အစားဝတ်ထားတဲ့ နှစ်ယောက်သား တံခါးကို အမြန်ခေါက်ပြီး "ဘာဖြစ်တာလဲ၊ တင်းရှ? ရှောင်ကျွင်း?"

 

 

တင်းရှ မွေးချိန်နီးလာသည်နှင့်အမျှ သူမ၏ကိုယ်အလေးချိန်သည် အလွန်ပေါ့ပါးသွားသောကြောင့် ရှောင်ကျွင်းသည် သာမက သူတို့နှစ်ဦးပင် ညဘက်တွင် ကောင်းမွန်စွာမအိပ်နိုင်ဘဲ တင်းရှ ရုတ်တရက် မီးဖွားချင်မှာကို စိုးရိမ်သောကြောင့် လွယ်ကူစွာမအိပ်နိုင်ခဲ့ကြပေ။

 

 

ရှောင်ကျွင်းက ပြန်ဖြေသည်။ "ဘာမှမဟုတ်ပါဘူး..."

 

 

တင်းရှ အိပ်ရာကထပြီး တံခါးဖွင့်ခဲ့သည်။ "ယောင်းမ ကုန်း၊ ကျွန်မ ရှင်နဲ့အိပ်လို့ရမလား"

 

 

ပါးလွှာသောအဝတ်အစားကိုသာ ဝတ်ထားပြီး ဆံပင်ရှည်ချထားကာ သူမ၏ဗိုက်ကြီးအား လက်နှစ်ဘက်လုံးကိုကိုင်၍ သူမမျက်နှာပေါ်တွင် မျက်ရည်များကျနေလျက် ယောင်းမ ကုန်းအား သနားစဖွယ် ကြည့်နေခဲ့သည်။

 

 

"ဘာလို့မရရမှာလဲ။ သိပ်ရတာပေါ့။" ယောင်းမကုန်းက အဆင်သင့်ပဲ သဘောတူလိုက်သည်။

 

 

ရှောင်ကျွင်းက သူ့စောင်ကို ပွေ့ဖက်လိုက်ပြီး "ကျွန်တော် အပေါ်ထပ်မှာ အိပ်မယ်။ မရီး ကျေးဇူးပြုပြီး တင်းရှကို သေချာစောင့်ကြည့်ပေးပါ"

 

 

တင်းရှကို အိပ်ယာပေါ်ပြန်တင်ရင်း ယောင်းမကုန်းက ကျွတ်တစ်ချက်ထိုးသည်။

 

 

ရှောင်ကျွင်းက အခင်းတွေလဲပြီး ဖျာတစ်ချပ်တောင် ချထားပြီးပြီဖြစ်သော်လည်း အကြည့်တစ်ချက်နဲ့တင် ယောင်းမက ဖြစ်ပျက်ခဲ့တာကို သိသည်။ သို့သော် သူမ ဘာမှ မပြောခဲ့သလို မေးခွန်းတွေ မမေးခဲ့ပါ။ သူမသည် တင်းရှကို အိပ်ယာပေါ်လှဲခိုင်းလိုက်သည်။

 

 

လူတိုင်း အနားယူကြပြီးနောက် ညသည် ငြိမ်သက်သွားပြန်သည်။

 

 

တင်းရှသည် ယောင်းမ ကုန်းကို ကြည့်ကာ မိခင်၏ ရင်ခွင်ထဲတွင် ပြန်နေရခြင်း၏ လုံခြုံမှုကို ခံစားခဲ့ရသည်။

 

 

ယောင်းမ ကုန်းက အရမ်းနူးညံ့တယ်။ သူမ ယောင်းမ ကုန်းကို အရမ်းသဘောကျတယ်။

 

 

"တင်းရှ၊ အခုထိ အဆင်မပြေခံစားနေရသေးလား" ယောင်းမ ကုန်းသည် ဘေးသို့လှည့်ကာ တင်းရှ၏ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

 

 

"ကျွန်မ အခုနေကောင်းပါတယ်၊ ခုနက ခဏ စိတ်မချမ်းသာသလိုခံစားရလို့ပါ" တင်းရှ စိတ်ငြိမ်သက်သွားပြီဖြစ်သည်။

 

 

"ဒါက ပုံမှန်ပါပဲ။ လူတိုင်းမှာ ဒီလိုဖြစ်တတ်ပါတယ်" ဟု အစ်မဂေါင်က ပြုံးပြသည်။ "ကိုယ်၀န်ဆောင်တုန်းက ကျွန်မလည်း ဒီလိုပါပဲ။ တကျွမ်း အိမ်ကို ပြန်ရောက်တဲ့အခါ သူ့ကို ဘယ်လိုပဲကြည့်ကြည့် စိတ်ကုန်စရာတစ်ခုလို့တွေ့တယ်။ သူက အရမ်းလူကောင်ကြီးပေမယ့် သူ က ငါ့ကို၀မ်းနည်းအောင်လုပ်တယ်။ ငါလည်း ဘာလုပ်ရမှန်းမသိလောက်အောင် ငါဒူးထောက်နေရင်း ငိုနေခဲ့တယ်။ "

 

 

တင်းရှက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။ "ဝိုး"

 

 

"ဒါကြောင့် ဒါက အရမ်းပုံမှန်ပဲ။ ကိုယ်ဝန်ဆောင်မိခင်တွေက စိတ်အပြောင်းအလဲမြန်တယ်၊ မကြောက်ပါနဲ့!"

 

 

တင်းရှ က သူမ မကြောက်ဘူးလို့ ပြောချင်ပေမယ့် ထပ် တွေးကြည့်တော့ သူမ ရှောင်ကျွင်းကို သဘောကျမှာ၊ ကလေးမွေးတာ ခက်ခဲပင်ပန်းမှာ၊ ကလေးက ကောင်းကောင်း မကြီးပြင်းလာမှာ၊ ရှောင်ကျွင်း သတိထားမိရင် သူမကိုထားသွားမှာကို တကယ်ကြောက်နေခဲ့သည်။

 

 

သူမ အင်းလို့ တိုးတိုးပြောလိုက်သည်။

 

 

"သွားအိပ်လိုက်ပါ။ ငါ မင်းနဲ့ အတူရှိနေတယ်။ မနက်ဖြန်ဟာ နေရောင်ခြည်တွေနဲ့ ပြည့်နေတဲ့ လှပတဲ့နေ့တစ်နေ့ ဖြစ်လာပါလိမ့်မယ်။"

 

 

မှန်ပါတယ်၊ သူမနိုးလာချိန်မှာတော့ ရာသီဥတုက သာယာနေပြီး ဆက်တိုက်တိုက်နေတဲ့ လေလေးတွေတောင် ရပ်သွားသည်။

 

 

ရှောင်ကျွင်းက တံခါးကိုတွန်းဖွင့်ပြီး အဝတ်သန့်တစ်ထည်ကို အိပ်ယာဘေးမှာချထားတာကို တင်းရှကတွေ့လိုက်တယ်။ သူမ နဖူးကို ခေါင်းငုံ့ပြီးနမ်းလိုက်သည်။ "လိမ်မာပါ ရှရှ။ ထဖို့ အချိန်တန်ပြီ။ ကိုယ်တို့ ဒီနေ့ ကားသွားဝယ်ကြမယ်လေ"

 

 

တင်းရှသည် မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်လိုက်သည်။ ရှောင်ကျွင်းက သူမကို အဝတ်အစားဝတ်ဖို့ ကူညီပေးခဲ့ပြီး ဖိနပ်ကိုစီးဖို့ ထိုင်ချလိုက်သည်။ သူမခြေထောက်တွေ ဆိုးဆိုးရွားရွား ရောင်နေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သက်တောင့်သက်သာရှိစေဖို့ ထုတ်ထားတဲ့အထူးဖိနပ်တွေ ၀ယ်စီးရန်လိုအပ်နေသည်။

 

 

သူ့ကို ငုံ့ကြည့်ရင်း တင်းရှက "မနေ့ညက ရှင်အပေါ် ဒေါသထွက်မိသွားလို့ တောင်းပန်ပါတယ်"

 

 

"အဲ့တာကို ဒေါသ ထွက်တာလို့ ခေါ်တာလား" ရှောင်ကျွင်းရယ်လိုက်သည်။ "အဲဒီအပြုအမူက သူ့ရဲ့ခြေသည်းတွေကို ပြသတဲ့ ကြောင်တစ်ကောင်လိုပဲဆိုတာ ထင်ရှားတယ်။"

 

 

အဆင်သင့်ပြင်ပြီးတာနဲ့ နှစ်ယောက်သား တစ်ခုခုစားပြီး 4S အရောင်းကိုယ်စားလှယ်ဆိုင်ဆီ တက္ကစီစီးသွားလိုက်ကြသည်။

 

 

တင်းရှက ကားတိုင်းကောင်းတယ်လို့ ခံစားရသည်။ ရှောင်ကျွင်း စကားစမပြောခင် တင်းရှက ရောင်း၀န်ထမ်းကို မေးခွန်းများ တရစပ်မေးရင်း စိတ်ရှုပ်စေခဲ့သည်။ "ဟိုဘက်ကို သွားကြည့်ရအောင်။"

 

 

အရောင်းဝန်ထမ်းသည် အနည်းငယ်စိတ်ပျက်သွားသော်လည်း မြန်မြန်ပြန်ပြီး ရွှင်လန်းလာသည်။ သူတို့စျေးကြီးတဲ့ကားကို မဝယ်ခဲ့ရင်တောင် သာမန်ကားတစ်စီးအတွက် ကော်မရှင်ခကို သူမ ရတုန်းပဲ။

 

 

ဒီ့အပြင် ချောမောတဲ့ စုံတွဲလေးကတော့ ချစ်ဖို့ကောင်းပြီး သူတို့နှစ်ယောက်ကို အချိန်ပိုကြာအောင် ကြည့်လိုက်ရုံနဲ့ သူ့စိတ်ခံစားချက်ကို ကောင်းစေသည်။

 

 

ဒါကို စိတ်ထဲ မှာထားပြီး အရောင်းဝန်ထမ်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ပြီးသူတို့ကို ဝန်ဆောင်မှုပေးခဲ့သည်။

 

 

နောက်ဆုံးမှာတော့ ရှောင်ကျွင်းနဲ့ တင်းရှ တို့က သင့်တော်တဲ့ အဖြူရောင် M ကို ရွေးချယ်ခဲ့သည်။

 

 

အရောင်းဝန်ထမ်းသည် ၎င်းတို့အတွက် စာရွက်စာတန်းများကို ကိုင်တွယ်ပြီး သူတို့ကို လိုက်မပို့မီ လိုအပ်သော နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းများနှင့် ပြင်ဆင်မှုများအားလုံးကို ရှင်းလင်းစွာ ရှင်းပြခဲ့သည်။

 

 

"ရက်အနည်းငယ်ကြာရင် ငါတို့ကားကို သွားယူလိုက်မယ်။ ကားပါကင်ကို အရင်သွားရှာလိုက်မယ်" လို့ ရှောင်ကျွင်းက တင်းရှကို ဆေးရုံကို ခေါ်သွားရင်း ပြောခဲ့သည်။

 

 

မကြာသေးခင်ကတည်းက သူတို့သည် ဆေးရုံသို့ မကြာခဏ သွားခဲ့ကြသည်။ ရှောင်ကျွင်းသည် တင်းရှကို ဘယ်တော့ မီးဖွားဝင်ရမည်ကို ဆေးရုံနှင့် ဆွေးနွေးနေပြီဖြစ်သည်။

 

 

မှန်းထားတဲ့မွေးရက်မှာ နှစ်သစ်ကူး ဝန်းကျင်ဖြစ်သည်။ ရှောင်ကျွင်း အနည်းငယ် စိတ်ပူနေခဲ့သည်။

 

 

မှောင်ခါနီးမှ ဆိုင်ကိုပြန်ရောက်တော့ ဆေးတံနဲ့ဆေးလိပ်သောက်နေတဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

 

 

အန်ကယ်ဝေ အလည်လာခဲ့တာဖြစ်သည်။