အပိုင်း ၂၃
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း  ၂၃

 

 

 

ကြက်သားအကြွပ်ကြော်ကို စားပွဲပေါ်သို့ ယူလာခဲ့သည်။ ထိုလူသည် လွယ်အိတ်ထဲမှ တစ်ရူးစိုတစ်ထုပ်ကို အလျင်မလိုစွာထုတ်ကာ လက်နှင့် စားပွဲကို ဂရုတစိုက် သုတ်လိုက်သည်။

 

 

ထို့နောက် လက်ကိုင်ဖုန်းကို ထုတ်ကာ ကြက်သားကြော်ပုံပေါင်းများစွာကို ဓာတ်ပုံရိုက်ပြီးမှ တူများထည့်ထားသောဘူးမှ တူတစ်စုံကို ထုတ်ယူလိုက်သည်။

 

 

အရိုးမပါသော အသားတစ်ပိုင်းကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အရသာက သူ့စိတ်ထဲမှာ စကားလုံးလေးလုံးကို ချက်ချင်း ပေးစွမ်းသည်။

 

 

ကြွပ်ရွသော၊ မွှေးကြိုင်သော၊ အရည်ရွှမ်းသော၊ နူးညံ့သော။

 

 

သူ အလွန် ကျေနပ်သွားသည်။

 

 

ထိုကြက်သားအပိုင်းသည် ကြက်ရင်အုံမှ ဖြစ်သည်။ လူတော်တော်များများက ထိုအပိုင်းကို ခြောက်သွေ့ပြီး အရသာမရှိအောင် လုပ်လေ့ရှိပေမယ့် ဒီအပိုင်းကတော့ကိုက်လိုက်တဲ့အခါ နူးညံ့ပြီး အရည်ရွှမ်းနေသည်။

 

 

သူသည် သာမန်နှုန်းဖြင့် အကုန်စားလိုက်သည်။ထို့နောက် ယောက်မ ကုန်းကို လှမ်းခေါ်ကာ မီနူးကို ထပ်ခါထပ်ခါ လှန်ပြီးမှ ချိုချဉ်နံရိုးကို မှာသည်။

 

 

ယောက်မ ကုန်းသည် မီးဖိုချောင်သို့ အမှာစာပေးလိုက်သည်။ သူမ တင်းရှကို စေ့စေ့စပ်စပ်ကြည့်နေပြီး  "သူကကီးဘုတ်နဲ့ တူပုံမပေါ်ဘူး..."ဟု သူမ တီးတိုးပြောလိုက်သည်။

 

 

ထိုအချိန်အတွင်း ထိုလူသည် အမှုမဲ့အမှတ်မဲ့ပင် ခံတွင်းဆေးဘူးကို သပ်သပ်ရပ်ရပ်ထုတ်ကာ ပါးစပ်ကို ဆေးကြောသည်ကို တွေ့လိုက်ရသည်။

 

 

ခဏခဏ ရပ်တန့်လိုက်ပြီးတစ်ခုခုကို တည်းဖြတ်နေသလိုမျိုး သူ့ဖုန်းမှာ ခဏခဏစာရိုက်ခဲ့သည်။

 

 

ချိုချဉ် နံရိုးများကို စားပွဲပေါ်သို့ အမြန်ယူလာခဲ့သည်။

 

 

ထုံးစံအတိုင်း ထိုသူသည် ညိုဖျော့ဖျော့ရောင်တောက်ပြောင်သော၊ အဆီပြန်သောနံရိုးတစ်ပိုင်းကို မကောက်ယူခင် သူ့ဖုန်းနှင့် ဓာတ်ပုံရိုက်ခဲ့သည်။ ထို့နောက် နံရိုးကိုတူနဲ့ ကောက်ယူပြီး တစ်ကိုက်မြည်းကြည့်သည်။

 

 

နံရိုးသည် သာမန်စားသောက်ဆိုင်များတွင် လှီးဖြတ်ထားသည့် နံရိုးထက် အနည်းငယ်ပိုကြီးသည်။ ကိုက်လိုက်သောအခါ၊ တင်းတင်းလေးနဲ့ အသားက ပြည့်နေသဖြင့် အလွန်ကျေနပ်စရာဖြစ်ပြီး အံ့သြစရာကောင်းသည်။

 

 

အရသာက ချိုချိုချဉ်ချဉ်။ နာနတ်သီးတွေတောင်ပါသည်။ ဒီရာသီမှာ နာနတ်သီးတွေ ဘယ်ကလာမှန်း မသိပေမယ့် နာနတ်သီးရဲ့ လန်းဆန်းပြီး ချဉ်တဲ့အရသာက အရသာကို ပိုမိုကောင်းမွန်စေတာတော့ အမှန်ပင်။

 

 

အရည်ရွှမ်းသော နာနတ်သီးကို စားရသည်မှာအလွန်စိတ်ကျေနပ်စရာကောင်းသည်။

 

 

အဲဒီလူက ဒီဟင်းကိုလည်း ပုံမှန်နှုန်းစားလိုက်သည်။

 

 

သူ ပါးစပ်ကို သန့်သန့်ရှင်းရှင်းဖြစ်အောင် သုတ်လိုက်ပြီး ငွေရှင်း​​ကောင်တာမှာ ငွေသွားရှင်းသည်။

 

 

ငွေရှင်းပြီးနောက်တွင် သူ့ရည်ရွယ်ချက်ကို ယဉ်ကျေးစွာ ရှင်းပြခဲ့သည်။

 

 

"ဟယ်လို၊ ငါက အစားအသောက် ကောင်းကြိုက်သူများ မဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာတစ်ယောက်ပါ။ ဖေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မင်းရဲ့ စားသောက်ဆိုင်ကို ငါတွေ့ခဲ့တယ်၊ အဲဒါကြောင့် အရသာကို အထူးမြည်းစမ်းဖို့ လာခဲ့တာပါ။ မင်းရဲ့ စားဖိုမှူး ဒါမှမဟုတ် ပိုင်ရှင်နဲ့ စကားပြောလို့ရမလား"

 

 

အန်တီကျွမ်းသည် တခဏတာ အံ့အားသင့်သွားပြီး သူတို့ဆီတည့်တည့် လမ်းလျှောက်လာနေသော တင်းရှကို ကြည့်လိုက်သည်။

 

 

"ဟယ်လို၊ ငါက ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်ပါ။ ဒါက ဘာကိစ္စလဲ မေးလို့ရမလား"

 

 

အဲဒီလူက သူ့ကိုယ်သူ မိတ်ဆက်စကား ထပ်ပြောခဲ့သည်။ "ကျွန်တော့်နာမည်က ဟူဇီလင်ပါ"

 

 

တင်းရှက သူ့ကို ခြံထဲက ကျောက်ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းခဲ့သည်။

 

 

"ရှင် ကျွန်မတို့ ထမင်းဆိုင်ရဲ့အရသာကိုဘယ်လိုထင်လဲ" တင်းရှက ယောက်မ ကုန်းကို ရေနွေးတစ်ခွက်ယူခိုင်းလိုက်သည်။

 

 

"လာစားဖို့ဆုံးဖြတ်လိုက်တာ မှန်ပါတယ်။" ဟူဇီလင်၏ သုံးသပ်ချက်သည် အလွန်မြင့်မားသည်။

 

 

ရှောင်ကျွင်းသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသေးသည်။ ဟူဇီလင်က သူတို့ကို မေးခွန်းတချို့ မေးချင်နေတာကြောင့် တင်းရှနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး ရှောင်ကျွင်း အလုပ်ဆင်းချိန်အထိ စောင့်ခဲ့သည်။

 

 

"ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းက မင်းရဲ့စားသောက်ဆိုင်လေးအကြောင်းကို ဓာတ်ပုံတွေ၊ စာသားတွေနဲ့ တွဲထည့်ကြည့်ချင်ပါတယ်။ ခင်ဗျားတို့ ဘယ်လိုထင်လဲ။"

 

 

ရှောင်ကျွင်းသည် တင်းရှကိုကြည့်ကာ ခဏလောက်စဉ်းစားပြီး "ကောင်းပါပြီ၊ ဒါပေမယ့် လူတွေရဲ့ ဓာတ်ပုံတော့ မပါပါဘူး"

 

 

ဟူဇီလင် သဘောတူသည်။

 

 

"မင်းရဲ့စတိုးဆိုင်နာမည်၊ တင်းရှရဲ့ စားသောက်ဆိုင်လေးကို ငါအရမ်းစိတ်ဝင်စားတယ်။ ဒီထူးခြားတဲ့နာမည်ပေးဖို့အတွက် အတွေးတွေ အများကြီး ဝင်ခဲ့ပုံရတယ်။ အဲဒီနောက်ကွယ်မှာ ဇာတ်လမ်းရှိလား" ဟူဇီလင်က အသံဖမ်းစက်ကို ထုတ်၍ ဘေးဘက်တွင် ထားကာ အသံဖမ်းလိုက်သည်။

 

 

"တင်းရှက ကျွန်တော့်မိန်းမပဲ" ရှောင်ကျွင်း၏ မျက်ဝန်းတွေက အနည်းငယ် နူးညံ့သွားသည်။ "သူမက ငယ်ငယ်လေးကတည်းက ဟင်းချက်ရတာကို ဝါသနာပါပြီး သူမ လိုချင်တဲ့ စားသောက်ဆိုင်လေးကို အကြိမ်ပေါင်းများစွာ ကျွန်တော်ကို ပြောပြဖူးတယ်။ ကျွန်တော်တို့စားသောက်ဆိုင် ဖွင့်နိုင်တဲ့အခါ သူမဆန္ဒကို အမှန်တကယ် အကောင်အထည်ဖော်ချင်ခဲ့တာပါ။"

 

 

ဟူဇီလင်သည် သူ၏မျက်လုံးထောင့်များတွင် ရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။ ဒီလို နွေးထွေးနူးညံ့တဲ့ ခံစားချက်တွေကို ကြားလိုက်ရရင် ဘယ်သူမဆို ပြုံးမိသွားလိမ့်မယ်။

 

 

"ပိုင်ရှင်နဲ့ ပိုင်ရှင်ရဲ့ ဇနီးသည်က ငယ်ချစ်များလား? မင်းတို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပုံပေါ်တယ်။" သူက ပြောတယ်။

 

 

"ဟုတ်တယ် ငါတို့ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာတာ။" တင်းရှသည်ထိုစကားကိုကြားပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ကျွင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

 

 

"ဒီဆိုင်ရဲ့ အထူးဟင်းလျာတွေက ဘာတွေလဲ။" ဟူဇီလင်သည် သူ့မှတ်စုစာအုပ်ထဲတွင် မှတ်စုအနည်းငယ်ရေးခဲ့သည်။

 

 

"တင်းရှ ချက်သမျှဟင်းတွေက အထူးဟင်းပွဲတွေပါ။ စားသောက်ဆိုင်မှာ တင်းရှ သာရှိရင် ဟင်းပွဲအားလုံးက ထူးခြားပါတယ်။" ရှောင်ကျွင်းက ပြောသည်။

 

 

ဟူဇီလင် ခဏတာ အံ့အားသင့်သွားပြီး ရယ်သည်။ "ဒါဆို ပိုင်ရှင်ရဲ့ ဇနီး သားလေးမွေးပြီးရင် သူမဟင်းချက်တဲ့ ဟင်းလျာတွေကို ထပ်စမ်းကြည့်မှဖြစ်မယ်"

 

 

"မင်းကို ကြိုဆိုပါတယ်။"

 

 

စကားဝိုင်းက သိပ်မကြာလိုက်ဘဲ ချောမွေ့စွာ ပြီးဆုံးသွားသည်။ ရှောင်ကျွင်းနှင့် တင်းရှတို့သည် ဟူဇီလင်ကို တံခါးဝသို့လိုက်ပို့သည်။

 

 

ဟူဇီလင်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "ကျွန်တော့်ကို လိုက်ပို့စရာ မလိုပါဘူး၊ ကျွန်တော်အခု သွားပြီနော်"

 

 

"မဂ္ဂဇင်းထွက်လာရင် တစ်စောင် ပို့ပေးလိုက်ပါ့မယ်" ဟု သူက ဆက်ပြောသည်။

 

 

တင်းရှသည် ထွက်သွားသော ဟူဇီလင်၏ နောက်ကျောကိုကြည့်ပြီး ရှောင်ကျွင်း၏ လက်ကို စိတ်လှုပ်ရှားစွာဆွဲကာ "အိုး၊ ကျွန်မအိပ်မက်မက်နေတာ မဟုတ်ဘူးမလား! အဲ့လိုမဂ္ဂဇင်းတိုက်က ကျွန်မ တို့ကိုအင်တာဗျူးဖို့လာခဲ့တယ်!"

 

 

ရှောင်ကျွင်းသည် သူမ၏ ချဲ့ကားသော လေသံကို ကြားသောအခါ ရယ်မောလိုက်သည်မှာသူ့ မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကွေးသွားသည်အထိဖြစ်သည်။ သူ့မဆံပင်တွေကို အကြိမ်အနည်းငယ် ပွတ်သပ်ပေးရင်း "ဘာဖြစ်တာလဲ ပျော်တာလား"

 

 

"ပျော်တယ် ကျွန်မတို့ အသိအမှတ်ပြုခံရသလို ခံစားရတယ်"

 

 

ရှောင်ကျွင်းက ကျေနပ်နေတဲ့ ဇနီးသည်လေးကို ဖက်ပြီး ဆိုင်ထဲပြန်ဝင်ခဲ့သည်။ "အရမ်းပျော်နေတာလား"

 

 

"ဟုတ်တယ်ပေါ့!" တင်းရှ သည် ခြံဝန်းကို လှည့်ပတ်ကာလျှောက်နေသည်။ "ဒါက အစားအသောက်ကောင်းကြိုက်သူများမဂ္ဂဇင်းပဲလေ"

 

 

"အင်း၊ အစားအသောက်ကောင်းကြိုက်သူများမဂ္ဂဇင်း။" ရှောင်ကျွင်းသည် သူမနောက်မှ လိုက်ကာ သတိမဲ့စွာ တုံ့ပြန်ခဲ့သည်။ တင်းရှက သူ့ကို မျက်စောင်းထိုးကြည့်ကာ အိပ်ဖို့ အခန်းထဲ ဝင်သွားခဲ့သည်။

 

 

ရှောင်ကျွင်းသည် အရှေ့ဘက် ငွေရှင်းကောင်တာတွင် ထိုင်ကာ အပြစ်ရှိကြောင်း ခံစားနေရသဖြင့်ခေါင်းအနည်းငယ် ကုတ်လိုက်သည်။

 

 

ကြင်ကြင်နာနာနဲ့ ချစ်စရာကောင်းတဲ့ အဘွားအိုက ခေါင်းပြူကြည့်ပြီး "အိုး၊ ဒီဆိုင်က တင်းရှက ဖွင့်တာမဟုတ်လား"

 

 

ရှောင်ကျွင်း မော့ကြည့်လိုက်တော့ အဖွားကျန်းကို တွေ့လိုက်ရသည်။

 

 

အဖွားကျန်း လည်း ရှောင်ကျွင်းကို တွေ့တော့ ပြုံးပြပြီး " ရှောင်ကျွင်း လည်း ဒီမှာပဲ ရှိနေတာလား။ ဒါဆို ငါ နေရာမမှားဘူး။ တင်းရှက ဘယ်မှာလဲ "

 

 

ရှောင်ကျွင်းက သူမကို ထိုင်ခိုင်းပြီး "တင်းရှ အိပ်ပျော်နေတယ်၊ ​​သူမကိုယ်ဝန်ရှိလို့ ပင်ပန်းလွယ်နေတယ်"

 

 

အဖွားကျန်းက ခေါင်းညိတ်ပြီး ပြောခဲ့သည်။ "ဒါက ပုံမှန်ပါပဲ။ ကိုယ်ဝန်က အမျိုးသမီးတွေအတွက် ပင်ပန်းတယ်။ တင်းရှလေးကို အပြစ်မရှာပါနဲ့ ကောင်လေး။ မင်းရဲ့ကလေးကို ဗိုက်ထဲမှာ ထမ်းပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလိုအခက်အခဲတွေကို ဖြတ်သန်းနေရတယ်။ မင်း သူ့ကို ကောင်းကောင်း ဂရုစိုက်ရမယ်။ "

 

 

ရှောင်ကျွင်းက ခေါင်းညိတ်သည်။ "ကျွန်တော် သေချာဂရုစိုက်မှာပါ"

 

 

ထိုအခါမှ အဖွားကျန်း ကျေနပ်သွားသည်။ သူမလက်ထဲက ခြင်းတောင်းသေးသေးလေးကို ထုတ်ယူလိုက်ပြီး "ရက်တွေကို ရေတွက်ကြည့်တော့ တင်းရှလေး မကြာခင် မွေးတော့မယ်လို့ ထင်တယ်။ ဒါကြောင့် သူမအတွက် ကြက်ဥတွေ သိမ်းထားခဲ့တယ်"

 

 

"အိမ်မွေးကြက်ရဲ့ ကြက်ဥတွေက မြို့ကြက်ဥတွေထက် အာဟာရပိုရှိတယ် ဟုတ်တယ်မလား"

 

 

"သူမအတွက် ကြက်ဥနှစ်လုံးကို နေ့တိုင်းလုပ်ကျွေးပါ။ သူမကိုယ်သူမ ပြန်အားဖြည့်ရမယ်။ သူမကိုယ်၀န်အစောပိုင်းအဆင့်မှာ အာဟာရ တွေအများကြီး ဆုံးရှုံးခဲ့ရလိမ့်မယ်။ အဲဒါကို ဒီအတိုင်း လျစ်လျူထားလို့ မဖြစ်ဘူး မဟုတ်ရင် အသက်ကြီးလာတဲ့အခါ သူမဒုက္ခရောက်လိမ့်မယ်။"

 

 

အဖွားကျန်းက တရစပ်ပြောနေသည်။ တင်းရှသည် သူမအိမ်ဘေးနားတွင် နေထိုင်စဉ် နေ့တိုင်း အလုပ်ကြိုးစားပြီး ငွေရှာရန် စောစောထသည်။ သူမ မြေးလေးကိုလည်း သူမလုပ်ထားတဲ့ အရသာရှိတဲ့ အစားအသောက်တွေကို ပေးစားဖို့ အမြဲသတိရသည်။

 

 

ဒါကြောင့် သူမ တင်းရှ လေးကို ပိုပြီး ချစ်သည်။ သူမသည် လိမ္မာရေးခြားရှိပြီး စွမ်းဆောင်နိုင်သူဖြစ်ပြီး သူမ၏ လုံ့လဝီရိယရှိသော ချွေးမထက်ပင် ပို၍ပင် ချစ်စရာကောင်းသည်။

 

 

ရှောင်ကျွင်းက သူမကို ရေနွေးတစ်ခွက်ချပေးလိုက်ပြီး အရသာရှိတဲ့ အစာကြေလွယ်တဲ့ အဆာပြေစာမုန့်တွေကို ထုတ်ပေးလိုက်သည်။ "အဖွားကျန်း ကျေးဇူးပြုပြီး ခဏ အနားယူပါ တင်းရှကို သွားနှိုးလိုက်မယ်"

 

 

"မင်း သူ့ကို ဘာအတွက် သွားနှိုးနေမှာလဲ" အဖွားကျန်း က သူ့ကိုကြည့်ရင်း သတိပေးခဲ့သည်။ "ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အရင်ဦးစားပေးရမယ်။ သူမကောင်းကောင်းအိပ်ပျော်အောင် လွှတ်ထားလိုက်ပါ။"

 

 

"ငါအခုပဲ မင်းကို သူမကအရေးကြီးဆုံးပဲပြောတာမဟုတ်ဘူးလား။ မင်း ဘာလို့ သူ့ကိုနှိုးနေမှာလဲ" အဖွားကျန်းက တစ်ခုခုကို မှတ်မိနေပုံရသည်။

 

 

"ကောင်းပြီ၊ ငါ့ဆီက စကားလေးတစ်ခွန်းလောက်ပြောပါရစေ။ မင်းဆန္ဒရှိရင် အဲ့စကားကို နားထောင်၊ ဒါမှမဟုတ် ဆန္ဒမရှိရင် ပြန်စဉ်းစားပါ။"

 

 

"ကျေးဇူးပြုပြီး ပြောပါ။" ရှောင်ကျွင်း က နှုတ်ခမ်းကို ဖိလိုက်သည်။

 

 

"ကလေးမွေးရတာ အရမ်းနာကျင်တယ်။ သူမကို တစ်ယောက်တည်း ကလေးမမွေးခိုင်းစေနဲ့၊ ကြားလား" အဖွားကျန်းက လေးနက်စွာ အကြံပေးခဲ့သည်။ "ဒါ့အပြင် ကလေးမွေးပြီးရင် ပြီးသွားတယ်လို့ မင်းထင်လား။ ငါပြောပါရစေ၊ ခက်ခဲတဲ့အပိုင်းက အဲ့ဒီအချိန်မှစလာမှာ။"

 

 

"ကလေးက ညဘက်ရော နေ့ရောညပါ ငိုလိမ့်မယ်။ ကလေးတွေက လူကြီးတွေကိုအချိန်တိုင်း လိုအပ်နေလိမ့်မယ်။ လူကြီးတွေက သတိထားပြီး ကလေးကို ဂရုတစိုက် စောင့်ကြည့်နေဖို့ လိုတယ်၊ မဟုတ်လို့ သတိမထားမိရင် ကလေးဆီမှာ ဆိုးရွားတဲ့ တစ်ခုခု ဖြစ်သွားနိုင်တယ်။ "

 

 

"မင်းလည်း စားသောက်ဆိုင် ဖွင့်ထားတာဘဲ။ မင်း တင်းရှအတွက် ကလေးကို အထူးဂရုစိုက်ဖို့ ကလေးထိန်းတစ်ယောက်ငှားရင် ပိုကောင်းမယ်လို့ ငါခံစားရတယ်။ အခုမှမိခင်ဖြစ်တဲ့သူတွေက စိတ်အပြောင်းအလဲမြန်တယ်။ မင်းလည်း တင်းရှကို သေချာဂရုစိုက်ရမယ်။ နားလည်လား?"

 

 

ရှောင်ကျွင်း ခေါင်းညိတ်လိုက်သည်။ "အဖွားကျန်း၊  ကျွန်တော် အဲ့တာကို သတိထားမှာပါ၊ မကြာသေးခင်ကမှ ကျွန်တော်က သူနာပြုဆရာမတွေကို စရှာဖွေနေတာ။ တင်းရှကို ပြုစုဖို့ အသင့်တော်ဆုံးသူကို ရှာချင်တယ်"

 

 

"ကောင်းပြီ၊ အဲဒါကောင်းတယ်။" အဖွားကျန်းကျေနပ်စွာ ခေါင်းညိတ်ခဲ့သည်။

 

 

"ငါသွားသင့်တယ်။ အချိန်က စောတာမဟုတ်တော့ဘူး၊ ကြက် အစာကျွေးဖို့နဲ့ ထမင်းချက်ဖို့ အိမ်ပြန်ရတော့မယ်။ အိမ်မှာ လုပ်စရာအလုပ်တွေအရမ်းများတယ်"

 

 

"ကားမောင်းပို့ပေးပါရစေ။" ရှောင်ကျွင်း မတ်တပ်ရပ်လိုက်သည်။ ကားမောင်းနှင်တတ်ဖို့ လျင်မြန်စွာသင်ယူခဲ့ပြီး လိုင်စင်လည်း ရရှိနေပြီ ဖြစ်သည်။ သူသည် တင်းရှ နှင့် အတူ ကားရွေးရန် စောင့်ဆိုင်းနေသည်။

 

 

"မလိုဘူး၊ မလိုဘူး၊ ငါကိုယ်တိုင် ကားငှားစီးပြီး ပြန်တော့မယ်" အဖွားကျန်းက ငြင်းလိုက်သည်။

 

 

ရှောင်ကျွင်းက သူ့ကို တံခါးဆီ ခေါ်သွားသည်။ "ကျွန်တော့်ကို လိုက်မပို့ခိုင်းဘူးဆိုရင်တောင် ကျွန်တော်ကအဲ့ဒီကိုသွားရမှာ။ တင်းရှက အန်ကယ်ဝေကို ပုခက်ဆောက်စေချင်တာကြောင့် ကျွန်တော်က အသေးစိတ်ပုံစံတွေကို အန်ကယ်ဝေဆီ သွားပို့ရမှာ။"

 

 

ထိုအခါမှ အဖွားကျန်းက သဘောတူလိုက်သည်။

 

 

ရှောင်ကျွင်းသည် ဘေးအိမ်မှ စက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ဆီမှ ကားငှားပြီး ရွာလေးသို့ မောင်းသွားခဲ့သည်။

 

 

အဖွားကျန်းသည် ခရီးသည် ထိုင်ခုံတွင်ထိုင်ကာ ချီးကျုးသည်။"မဆိုးပါဘူး၊ မဆိုးပါဘူး၊ ကျွမ်းကျင်မှုတစ်ချို့ကို သင်ယူလိုက်တာ ကောင်းပါတယ်။ ငါတို့ခေတ်တုံးကဆို နိုင်ငံ့ဝန်ထမ်းတွေသာ ကားမောင်းနိုင်တာ"

 

 

အဖွားကျန်းကို အိမ်ပြန်ပို့ပြီးနောက် ရှောင်ကျွင်းသည် ဦးလေးဝေ၏အိမ်သို့သွားပြီး အသေးစိတ်ပုံစံများနှင့်လိုအပ်ချက်များကို ထားခဲ့ကာ ဆိုင်သို့ပြန်မမောင်းမီ ယွမ် ၂၀၀ ကိုစရံချလိုက်သည်။

 

 

ထို့နောက် အရှိန်မှန်မှန်နဲ့မြန်မြန်နဲ့ မောင်းပြီး ပြန်လာခဲ့သည်။

 

 

တင်းရှ နိုးလာပြီး ဟိုမှာသူ့ကိုရှာမတွေ့မှာကို သူစိုးရိမ်နေမိသည်။

 

 

သေချာပါတယ်၊ သူ ကားထဲက ဆင်းပြီးတာနဲ့ တင်းရှက တံခါးဝမှာ ကောင်တာကို မှီပြီး ပတ်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူပြန်လာတာကိုမြင်တော့ သူမမျက်လုံးတွေက တောက်ပလာသည်။

 

 

"ပြန်လာပြီလား အဖွားကျန်း ဘယ်မှာလဲ"