အပိုင်း ၂၂
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း  ၂၂

 

 

တင်းရှ တစ်ချက်ကြည့်လိုက်ရာ အသက် ၂၀ အရွယ် ငယ်ရွယ်သော ကျောင်းသားတစ်ဦးက မျက်မှန်တပ်ကာ ဆယ်လ်ဖီတုတ်တစ်ချောင်းနှင့် ဖုန်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူမ သူ့ကို လှမ်းကြည့်နေတာကို သတိထားမိတော့ သူရှက်ရွံ့စွာ ပြုံးလိုက်သည်။

 

 

"လူငယ်လေး၊ အမဲ အူကြမ်းဟင်း စားချင်တာလား" ယောက်မကုန်းသည် လှိုက်လှိုက်လှဲလှဲ ပြုံးပြကာ အလွန်ကြင်ကြင်နာနာ မေးခဲ့သည်။

 

 

လူငယ်က ခဏလောက် စဉ်းစားခဲ့သည်။ "အစ်မ ကျွန်တော် မီနူးကြည့်လို့ရမလား"

 

 

ယောက်မ ကုန်းက မီနူးစာရွက်တစ်ရွက် ပေးလိုက်သည်။

 

 

စာရွက်ပါးပါးလေးကို ခံစားလိုက်ရတော့ လူငယ်လေး အံ့သြသွားတယ်။ ဒါက မီနူးလား။ ဒါကစာရွက်တစ်ရွက်မျှသာ ဖြစ်သည်။

 

 

လူငယ်က အနံ့ခံလိုက်ကာ ဤစားသောက်ဆိုင်ကိုရောက်လာခဲ့သည်မှာ မှန်ကန်သောရွေးချယ်မှုလားဟု တွေးတောတုံ့ဆိုင်းသွားသည်။

 

 

 ယောက်မကုန်းသည် သူ့စိတ်ရှုပ်ထွေးမှုကို သတိပြုမိပြီး "မနက်တိုင်း သူဌေးပို့ပေးတဲ့ ပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး ငါတို့ဆိုင်ရဲ့ မီနူးလေးတွေ နေ့တိုင်း အပြောင်းအလဲရှိတယ်"ဟုဆိုသည်။

 

 

"သူဌေးရဲ့ဇနီးက မီနူးကို နေ့တိုင်း လက်ရေးနဲ့ရေးတယ်။"

 

 

လူငယ်က ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းကုတ်လိုက်သည်။ ဒါကပျော်စရာကောင်းသလိုပဲ။

 

 

မီနူးကို ကြည့်လိုက်ပြီး "ကောင်းပြီ... ငရုတ်ကောင်း အမဲသားအူကြမ်း၊ ကြက်ကြွပ်ကြော်နဲ့ ကိုလာ တစ်ဘူး ယူလိုက်မယ်" လို့ ပြောခဲ့သည်။

 

 

ယောက်မ ကုန်းသည် အမှာစာကို အမြန်မှတ်လိုက်သည်။ "လာ၊ လာထိုင်၊ ခဏနေရင် အဲ့တာတွေ အဆင်သင့်ဖြစ်လိမ့်မယ်။"

 

 

သူမ နောက်ဖေးမီးဖိုချောင်ဆီသို့ သွားခဲ့သည်။

 

 

လူငယ်သည် ဖုန်းကို ထောင့်မှန်သို့ ချိန်ညှိကာ "ကောင်းပြီ၊ အခု ငါတို့ စားစရာကို စောင့်နေတယ်" လို့ ပြောခဲ့သည်။

 

 

တင်းရှ ကြည့်လိုက်သောအခါ မျက်နှာပြင်ပေါ်တွင် စကားလုံးများ ထူထပ်စွာ ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။ သူ တိုက်ရိုက်လွှင့်နေတာ ဖြစ်မယ်။

 

 

ထိုလူငယ်မှာ အတန်အသင့် ကျော်ကြားသော အစားအသောက် တိုက်ရိုက်ထုတ်လွှင့်သူ ကျိုး​​ဖေးဖြစ်သည်။ ဒီနေ့တော့ အွန်လိုင်းမှာ ခေတ်စားနေတဲ့ နာမည်ကြီး အနောက်တိုင်း စားသောက်ဆိုင်တစ်ခုမှာ စာရင်းပေးပြီးစားဖို့ ရည်ရွယ်ထားပေမယ့် ဒီဆိုင်ရဲ့အပေါက်ဝကို ရောက်သွားချိန်မှာတော့ အရသာရှိတဲ့ အနံ့တွေကြောင့် ဆွဲဆောင်မှု ခံခဲ့ရတယ်။

 

 

ထုတ်လွှင့်နေသော မှတ်ချက်များက ရယ်မောခြင်းများဖြင့် ပြည့်နှက်နေသည်။

 

 

"ဖေး၊ မင်းပြောခဲ့တဲ့ လှပတဲ့ အနောက်တိုင်းနေရာက ဘာဖြစ်သွားတာလဲ။ ဟားဟား!"

 

 

"ဒီဆိုင်က အရမ်းထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ ငါလိပ်စာသိချင်တယ်။"

 

 

" ဖေး၊ ရိုးရိုးသားသားပြော ဒါက လုပ်ပွဲမဟုတ်လား။ ဒီဆိုင်ကို ပရိုမိုးရှင်းလုပ်နေတာလား "

 

 

ကျိုး​​ဖေးက "ပရိုမိုးရှင်းလုပ်တာမဟုတ်ဘူး၊ ငါကတကယ် အနံ့နောက်ကို လျှောက်ပြီးရောက်လာတာ!" ဟုရှင်းပြသည်။

 

 

အနောက်တိုင်းစားသောက်ဆိုင်အတွက် ကြိုတင်မှာယူမှုစာမျက်နှာကို သူ၏အခြားဖုန်းနဲ့ ပရိသတ်ကို ပြသခဲ့သည်။ "ငါ ပရိုမိုးရှင်းလုပ်နေတာဆိုရင် ငါ Coastline ဆိုင်မှာ ကြိုတင်စာရင်းသွင်းတာ ဘယ်တော့မှ ထပ်မရပါစေနဲ့လို့ ငါကျိန်ဆိုတယ်"

 

 

Coastline ဆိုင်သည် ကျိုး​​ဖေး အပတ်စဉ်နီးပါး တိုက်ရိုက်ထုတ်လွှင့်နေသည့် သူ့ အကြိုက်ဆုံး စားသောက်ဆိုင်ဖြစ်သည်။ Coastline နှင့်သူကျိန်ဆိုထားသည်ကို မြင်လိုက်ရသဖြင့် ပရိသတ်က ပို၍ပင် သိချင်လာခဲ့သည်။

 

 

ဒီဆိုင်လေးက ဘယ်လောက်အရသာရှိမလဲ။

 

 

သူတို့ အံ့သြနေချိန်မှာ ကျိုး​​ဖေးက လေကို ပြင်းထန်စွာ ရှူနေတာကို တွေ့လိုက်ရသည်။ "သူငယ်ချင်းတို့၊ အံ့သြစရာကောင်းတဲ့ အနံ့တွေ စရလာပြီ။"

 

 

သူပြောပြီးတာနဲ့ ယောက်မကုန်းက ငရုတ်ကောင်း အမဲအူကြမ်းတစ်ပန်းကန်နဲ့ ထွက်လာခဲ့သည်။ "ထမင်းတစ်ပန်းကန် ယူဦးမလား"

 

 

ကျိုး​​ဖေး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "မလိုပါဘူး၊ အဆင်ပြေပါတယ်။"

 

 

သူသည် ချက်ချင်းဆိုသလိုပင် သူ့တူနှင့် ယူစားလိုက်သည်။

 

 

ဟုတ်ပါတယ်၊ အနံ့က သူ့အတွက် ဒီဟင်းက အရသာရှိမယ်လို့ ပြောနေတယ်။

 

 

ပရိသတ်တွေက သူ့ရဲ့ ရွှင်မြူးတဲ့ အမူအရာတွေကို အံသြစွာ ကြည့်နေခဲ့ကြသည်။

 

 

"အင်း ဘယ်လိုလဲ"

 

 

"ဘာအရသာလဲ ဖေး"

 

 

စကားပြန်မပြောခင် ကျိုး​​ဖေးက သေသေချာချာ အရသာခံတယ်။ "ငရုတ်သီးက အရမ်းမွှေး စပ်ပြီး အရသာရှိတယ်။ အူကိုယ်တိုင်က ပြုတ်ထားတဲ့အရသာရှိတယ်၊ ကြော်ထားတဲ့အခါ ပိုလို့တောင် အိဆိမ့်နေတယ်။ အသားက နူးညံ့ပြီး ဝါးလို့ကောင်းတယ်။ အရသာရှိတယ်။"

 

 

သူနောက်ထပ် ကိုက်လိုက်သည်။ "အရမ်းကောင်းတယ်!"

 

 

ကြည့်ရှုသူ မည်မျှ တံထွေးမျိုချသည်ကို မည်သူ သိနိုင်မည်နည်း။

 

 

ရှောင်ကျွင်းသည် ကြက်အကြွပ်ကြော်နှင့် ထွက်လာသောအခါတွင် မှတ်ချက်များသည် တစ်ခဏမျှ တိတ်ဆိတ်သွားကာ ""ဝိုး!" ဟူသော အာမေဋိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

 

 

"ဒီအချောလေးက ဘယ်သူလဲ..?"

 

 

"သူက တကယ့်လူမဖြစ်နိုင်ဘူး၊ ဒါက ဒရာမာဇာတ်ကားရိုက်နေတာလား။"

 

 

"ကင်မရာကို မရွှေ့လိုက်နဲ့။ ငါ သူ့ပုံကိုရိုက်ဖို့ လိုတယ်။"

 

 

ရှောင်ကျွင်းသည် ကြက်သားကိုချ၍ စားစရာမကုန်သေးသော စားပွဲဘေးတွင်ထိုင်နေသော တင်းရှဆီသို့ သွားသောအခါတွင် ကျိုး​​ဖေးသည် စိတ်ရှုပ်ထွေးနေသေးသည်။ သူမအတွက် ရေနွေးပူပူတစ်ခွက် လောင်းထည့်ပေးလိုက်သည်။ "ဗိုက်ပြည့်သွားပြီလား?"

 

 

တင်းရှ သည် သူမ၏ ဗိုက်ကို ပွတ်သပ်ပြီး သူမ ပန်းကန်ထဲတွင် ကျန်ခဲ့သော ဟင်းကို တောင့်တစွာ ကြည့်လိုက်သည်။ " ဗိုက်ပြည့်နေပြီ၊ ထပ်စားရင် အန်တော့မယ်ထင်တယ်။"

 

 

ရှောင်ကျွင်းက ထိုင်ချလိုက်ပြီး သူမကို တစ်ချက်ဖွဖွလေးနမ်းလိုက်သည်။ ထို့နောက် ဟင်းကျန်တွေကို ပြီးအောင်စားဖို့ သူမရဲ့ ပန်းကန်ကို ကောက်ယူလိုက်သည်။

 

 

တင်းရှ သည် သူတို့ကိုရိုက်နေသောဖုန်းကို ကြည့်လိုက်ပြီး အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရသည်။ "ဟင်းကျန်တွေကို ရှင်စားစရာမလိုပါဘူး..."

 

 

ရှောင်ကျွင်း ကျိုး​​ဖေးကို တစ်ချက် ကြည့်လိုက်သောအခါ ကျိုး​​ဖေးက နောက်ဆုံးတွင် အသိ၀င်လာပြီး သူ့ဖုန်းကင်မရာကို ကြက်ကြော်ဆီသို့ ပြန်ညွှန်ပြသည်။

"အင်း ကြက်​​ကြော်က အေးတော့မယ် ကြက်​​ကြော်ကအေးတော့မယ်..."

 

 

တိုက်ရိုက်ထုတ်လွှင့်သည့် မှတ်ချက်များသည် ကျိုး​​ဖေး သူရဲဘောကြောင်မှုကို ချက်ချင်းပင် လှောင်ပြောင်ခဲ့သည်။

 

 

ရှောင်ကျွင်းသည် တင်းရှနှင့် ပေါ့ပေါ့ပါးပါး စကားပြောနေခဲ့သည်။ "ပင်ပန်းနေပြီလား။ တစ်ရေးတစ်မော အိပ်ချင်လား"

 

 

တင်းရှ သည် တိတ်တဆိတ် ဝမ်းဗိုက်ကို ကိုင်ကာ နောက်ခန်းသို့ သွားခဲ့သည်။

 

 

"ပြီးတော့ မိန်းကလေးက အရမ်းလှတာပဲ!"

 

 

"သူမ ဗိုက်ကြီးကိုကြည့်စမ်း၊ သူမဟာ ကိုယ်ဝန်ဆောင် ဇနီးဖြစ်ရမယ်၊ သူတို့က သူဌေးနဲ့ သူဌေးရဲ့ ဇနီးပဲမလား။ ဘယ်လောက်တောင် ကြည့်ကောင်းတဲ့ စုံတွဲလဲ!"

 

 

"ကျွန်တော်က အမဲအူကြမ်းနဲ့ ကြက်သားကို မစားနိုင်တော့ဘူး၊ အခုငါက ခွေးစာပဲစားခဲ့တယ်(သူများရိုနေတာကိုမြင်ခဲ့တယ်)"

 

 

ကျိုး​​ဖေးက ကင်မရာကို ကြက်ကြော်သို့ ပြန်ညွှန်ပြသည်။

 

 

ရှားရှားပါးပါး ပေါင်မုန့်သားနဲ့ အုပ်မကြော်ထားသော ကြက်သားကြော်။ ကျိုး​​ဖေးသည် ရွှေညိုရောင်သန်းကြက်ပေါင်တစ်ချောင်းကို ကောက်ယူကာသောအခါ ကြွယ်ဝသော အသားရနံ့ကို ရရှိခဲ့သည်။

 

 

သူ ညင်သာစွာ တစ်ကိုက်ကိုက်သည်။ ကြွပ်ရွပြီး အရသာရှိပြီး အရည်ရွှမ်းသောခြေထောက်အသားသည် တော်အသင့်အငန်ဓါတ်ဖြင့် အရသာအပြည့်ရှိသည်။ ပန်းကန်ပြားပေါ်မှ ငရုတ်သီးမှုန့်နဲ့ တို့စားထားသောကြောင့် စပ်သောအရသာသည် ငြင်းရက်စရာမရှိအောင်ကောင်းလှသည်။ 

 

 

KFC ထက်တောင် ပိုကောင်းတယ်။

 

 

အဲ့အတွေးတွေပြီးနောက် ကျိုး​​ဖေးသည် ကင်မရာကိုပြသရန် ကြက်ရင်သား အသားတစ်စကို ဆုတ်ဖြဲလိုက်သည်။ ထိုအချိန်မှာ အသားမျှင်တွေ ထွက်လာပြီး မွှေးပျံ့နေတဲ့ ဆီပူပူတွေက လေထဲမှာပြည့်နှက်နေတယ်။ အနီးကပ်ကြည့်လိုက်တော့ အသားရဲ့မျက်နှာပြင်က ဆီပြန်နေတဲ့အလွှာနဲ့ တောက်ပနေသေးသည်။

သူ့ဖုန်းမျက်နှာပြင်တွင် ချက်ချင်းအုတ်​​အော်သောင်းနင်း မှတ်ချက်များ ပြည့်နှက်သွားသည်။

 

 

"အို ဘုရားရေ၊ နေ့လည်စာမစားခင် နောက်ဆုံးအတန်းရဲ့နောက်ဆုံးနာရီဝက်မှာ သူများကြက်ကြော်စားတာကိုကြည့်ရအောင် ငါဘာအပြစ်လုပ်မိခဲ့တာလဲ!!!"

 

 

"ပြီးပြီ၊ ငါ ​​ရေယိုနေတယ်၊ ​​ငါနေ့လယ်စာအတွက် ကြက်ကြော်ကို မှာထားလိုက်ပြီ!!!"

 

 

""အားးး ငါဒီနေရာကိုသိတယ် ငါအခုချက်ချင်းအဲ့ကိုထမင်းသွားစားမယ်!!!"

 

 

ထိုမှတ်ချက်ကို တင်လိုက်သည်နှင့် တပြိုင်နက် ၎င်းသည် အခြားသူများထံမှ မရေမတွက်နိုင်သော စာများကို ဖယ်ရှားပစ်လိုက်သည်။

 

 

အထူးသဖြင့် ကျိုး​​ဖေးသည် မော့ကြည့်ခြင်း သို့မဟုတ် စကားစမြည်မပြောဘဲ စားသောက်နေသည်ကို တွေ့လိုက်ရသောအခါတွင် ငိုကြွေးသံများနှင့် ညည်းညူသံများ အထွတ်အထိပ်သို့ ရောက်သွားသည်။

 

 

ဒါပေမယ့် တစ်ချို့က ကြော်ငြာတစ်ခုလို့ထင်ပြီး ဒီလောက်အရသာရှိနိုင်တယ်လို့ မယုံကြသေးဘူး။

 

 

"ဘယ်လိုဖြစ်လို့ ဒီလောက်ကောင်းရတာလဲ၊ ကြက်ကြော်ပဲ၊ညှီလည်း မညှီဘူး "

 

 

"ကျွန်တော်က ဖေးကို အစားအသောက်အကြောင်းဆို ကောင်းလား ဆိုးလားဆိုပြီး အမှန်အတိုင်း အမြဲတိုက်ရိုက်ပြောတာကြောင့် ကျွန်တော် သူ့ကိုအားပေးခဲ့တယ်။ ဒါပေမယ့် အခုတော့ စပွန်ဆာပေးတဲ့ သုံးသပ်ချက်တွေကို လုပ်လို့ သူ့ကိုထပ်အားမပေးတော့လို့ ဖောလိုဖြုတ်လိုက်ပြီ။ အကောင်းဆုံးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။"

 

 

"ဆိုင်ရှင်ရဲ့ ပိုက်ဆံကို ယူလိုက်ပြီး ရီဗျူးရေးစမ်း။"

 

 

" showbiz ထဲဝင်ဖို့ ကြိုးစားဖို့ ချောမောတဲ့ ဆိုင်ပိုင်ရှင်တွေကို တမင်မြောက်ပြောနေတာဖြစ်ရမယ်။"

 

 

ဖေး သည် ဤမှတ်ချက်များကို သတိပြုမိပြီး ဒေါသပေါက်ကွဲထွက်လာသည်။

 

 

"ကျွန်တော်က စပွန်ဆာပေးတဲ့ သုံးသပ်ချက်တစ်ခု လုပ်ခဲ့မယ်ဆိုရင် မင်းတို့ကို ကန်ဖို့ ကျွန်တော့်ခေါင်းကိုဖြုတ်ပေးမယ်!"

 

 

မှတ်ချက်တစ်ခုက ချက်ချင်းပြန်ဖြေခဲ့သည်။ "မင်းဘဲပြောတာနော်!"

 

 

ဖေးက သူ့ကို လိုက်ဖ်ဗီဒီယိုထဲမှာ အထူးတလည် ဖိတ်ကြားခဲ့သည်။ ထိုလူသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်ကို သူမြင်လိုက်ရသည်။

 

 

"ဟုတ်တယ် ငါပြောခဲ့တယ်။" ကျိုး​​ဖေး  ပြောလိုက်သည်။ "မင်ရှုံးရင် ဘာလုပ်မလဲ"

 

 

"ငါရှုံးရင် ငါကိုယ်တိုင် ကီးဘုတ်စားတာကို တိုက်ရိုက်လွှင့်မယ်။" အမျိုးသားက သူ့ကင်မရာကို ဖုံးထားတော့ အမျိုးသားအသံသာ ကြားရတယ်။

 

 

"ကောင်းပြီ၊ ငါ မင်းကို ဆိုင်လိပ်စာ ပို့လိုက်မယ်။ မင်း ဒီကို ရောက်ပြီးစားဖြစ်ရင် ငါ့ကို ဖုန်းဆက်လိုက်၊ မင်းဘယ်လို ရှုံးလဲ ငါကြည့်ချင်တယ်"

 

 

ယောက်မ ကုန်းသည် တင်းရှ နေ့စဉ်သောက်သော ဆေးများနှင့်အတူ ဝင်လာခဲ့သည်။ "အပြင်မှာ လောင်းကြေးထပ်နေကြတယ်။"

 

 

သူမက တင်းရှ ဖြစ်ပျက်ခဲ့တာကို ပြောပြ တော့ တင်းရှက သူမပါးစပ်ကို ဖုံးပြီး တခစ်ခစ်ရယ်လိုက်သည်။ "ကီးဘုတ်ကို ဒီလူဘယ်လိုစားမလဲဆိုတာ ကျွန်မကြည့်ချင်တယ်"

 

 

"ဒါက လွယ်လိမ့်မယ်။ နှစ်ရက်အတွင်း ကြက်ကြော်ကို တစ်ယောက်ယောက်က မှာလားစောင့်ကြည့်ရမယ်။" တင်းရှရယ်မောလိုက်သည်။

 

 

သူမဆိုင်ရဲ့ အစားအသောက်ကို လုံးဝယုံကြည်မှုရှိသည်။

 

 

ရက်အနည်းငယ်ကြာပြီးနောက် နောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးသည် လှည့်ပတ်ကြည့်ကာ ယောက်မ ကုန်းအား "ကြက်ကြော်အကြွပ်လေး တစ်ပွဲလောက်" လို့ လှမ်းပြောလိုက်တယ်။

 

 

 ယောက်မ ကုန်းက ရှောင်ကျွင်းကိုပြောပြီးနောက် သူမက တင်းရှ အခန်းဆီ အမြန်ပြေးသွားခဲ့သည်။ "သူ ဒီမှာ သူ ဒီမှာ ! ကီးဘုတ် ရောက်နေပြီ "

 

 

တင်းရှ ချက်ချင်း ထထိုင်လိုက်သည်။ "ကျွန်မကို ထကူပါဦး! ကျွန်မ ရှိုးကြည့်ချင်သေးလို့"