အပိုင်း ၂၇
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း  ၂၇

 

 

 

အဘိုးအို၏ မျက်နှာသည် အလွန်ကြင်နာတတ်ပုံပေါ်ပြီး အသက်ကြီးလာသည်နှင့်အမျှ မျက်နှာအရေးအကြောင်းပေါ်ကာ ပါးပြင်သည် အနည်းငယ်တွဲကျနေ၍ ရယ်မောသော မိန်ထရေရာ ဗုဒ္ဓရုပ်ပွားတော်နဲ့ အနည်းငယ်တူသည်။

 

 

 ယောင်းမ ကုန်းက ထွက်လာသည့် တံခါးကန့်လန့်ကာကို လှမ်းကြည့်လိုက်ပြီး "ဒီ ခေါက်ဆွဲက လက်ရာမြောက်ပြီးရှေးကျတဲ့ ဘေဂျင်း ခေါက်ဆွဲစစ်စစ်တစ်မျိုးပါ။ ခေါက်ဆွဲစားတာက ခေါက်ဆွဲတစ်ခုတည်းချည်းပဲ စားတာမဟုတ်ဘူး၊ ဒါကရှုပ်ထွေးတယ်..."

 

 

သူပြောနေတဲ့အချိန်မှာပဲ  အန်တီကျွမ်းက ပန်းကန်တွေကို ချဖို့  ယောင်းမကုန်းကို ခေါ်ခဲ့သည်။

 

 

ကန့်လန့်ကာကို ရုတ်လိုက်ပြီး ယောင်းမ ကုန်းက တော်တော်ကြီးတဲ့ ဗန်းကို ထမ်းပြီး ထွက်လာခဲ့သည်။

 

 

ဗန်းပေါ်တွင် ပန်းကန်လုံးများနှင့် အရံဟင်းပွဲများစွာရှိသည်။ အဘိုးအိုအတွက် ပန်းကန်တစ်လုံးချင်းစီ ချထားပြီးနောက် ရေအိုးတစ်လုံးကို ချပြီး ဂေါင်ခယ်မသည် သူ့အလုပ်သူလုပ်ရန် မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။

 

 

အဘိုးအိုသည် သူ၏တူများကို ဦးစွာကောက်ကိုင်လိုက်ပြီး ပန်းကန်လုံးတစ်ခုတွင် သီးခြားတည်ခင်းထားသော ကြော်ထားသောဆော့စ်ကို ကြည့်လိုက်၏။ ဆီကလည်း ချောပြီး မွှေးနေတယ်၊ ​​"ဝိုး၊ ကြက်သွန်စိမ်းနဲ့ ဝက်သားကြော် ဆော့စ်က မဆိုးပါဘူး၊ အနံ့က အရမ်းကောင်းတယ်!"

 

 

အဲဒါကိုပြောပြီး သူ့တူချောင်းနဲ့ နည်းနည်းတို့ပြီး ပါးစပ်ထဲထည့်လိုက်သည်။" အရသာရှိလိုက်တာ"

 

 

ခေါက်ဆွဲပန်းကန်ထဲကို ဆော့စ်ကို လောင်းထည့်လိုက်တယ်။ ခေါက်ဆွဲတွေက အရမ်းမထူသလို မပါးလွန်းဘူး၊ အဲဒါတွေကို ကြည့်ရုံနဲ့ လက်လုပ်ခေါက်ဆွဲတွေမှန်းသိနိုင်သည်။

 

 

သပ်ရပ်စွာစီစဉ်ထားသော အရံဟင်းလျာများတွင် သခွားသီးအစိတ်စိတ်၊ မုန်လာဥအမျှင်၊ ဥနှင့်ပုဇွန်၊  မရှိမဖြစ်လိုအပ်သော အဝါရောင်ပဲစေ့များ ပါဝင်ပြီး ၎င်းတို့အားလုံးကို ခေါက်ဆွဲပန်းကန်လုံးကြီးထဲ ထည့်ပြီး ရောမွှေလိုက်သည်။

 

 

အဘိုးကြီးသည် အလုတ်ကြီးတစ်လုတ်ကို ပါးစပ်ထဲသို့ထည့်လိုက်ပြီး "အသားက မွှေးတယ်၊ ကြက်သွန်နီကလည်း မွှေးတယ်၊ ဆော့စ်က အမွှေးဆုံးပဲ!"

 

 

သူသည် ခေါင်းငုံ့ကာ ဣန္ဒြေမရှိစွာ စားသောက်ခဲ့ပြီး အလွန်ပျော်နေပုံရသည်။

 

 

 ယောင်းမကုန်းက ရုတ်တရက် မနေနိုင်ဘဲ ကန့်လန့်ကာကိုပင့်ကာ တစ်ရွှတ်ရွှတ်အစာစားသံကြားသောအခါ အန်တီကျွမ်းကို မေးလိုက်သည်။ "ဒီညညစာ ကျာ့ချိုင် ခေါက်ဆွဲစားရအောင်၊ ဒီအဘိုးလည်း ဒါကိုအရမ်းကြိုက်ပုံပေါ်တယ်။"

 

 

အန်တီကျွမ်းက ပြုံးပြီးပြောလိုက်သည်။ "ရှောင်ကျွင်း မှာ ဆော့စ်တွေ အများကြီး ကျန်နေသေးတယ်၊ ညဘက်စားဖို့ ခေါက်ဆွဲကိုယ်ဘာသာဘဲ လုပ်လိုက်ပါ"

 

 

အစာစားပြီးချိန် အဘိုးကြီးရဲ့ ပါးစပ်က ဆီတွေပေရေနေတယ်၊ ​​"တကယ် စားလို့ကောင်းတယ်"

 

 

သူက ယောင်းမကုန်းကို ခေါ်ပြီး "ညီမလေး၊ ဒီကစားဖိုမှူးကို တွေ့လို့ရမလား"

 

 

 ယောင်းမကုန်းက ခေါင်းကုတ်ပြီး "ခဏနေပါဦး၊ သူဌေးကို မေးလိုက်မယ်"

 

 

သူမထွက်သွားပြီးနောက် သူသည် ဝမ်းသာအားရ စောင့်ဆိုင်းနေလေသည်။ ဒီသူဌေးက ဟင်းချက်အတွေ့အကြုံ ဆယ်စုနှစ်နဲ့ချီတဲ့ စားဖိုမှူးဖြစ်ရမယ်လို့ သူထင်မှတ်ခဲ့တယ်၊ သူဘာကြောင့် သူ့အရည်အချင်းကို ဖုံးကွယ်ပြီး ဒီနေရာလေးမှာ ဆိုင်တစ်ဆိုင်ဖွင့်ထားရလဲဆိုတာ သူမသိဘူး...

 

 

သူ တစ်ခုခုကြုံတွေ့ခဲ့တာများ ဖြစ်နိုင်မလား...

 

 

ရှောင်ကျွင်း ထွက်လာတာကိုမြင်တော့ အဘိုးအို အံ့ဩသွားသည်။

 

 

ရှောင်ကျွင်းလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။ ယောင်းမကုန်းဆီမှ အဘိုးအိုသည် အစားအစာကို နှစ်သက်သည်ဟု ကြားထားသည်။ ဒါပေမယ့် ရုတ်တရက် သူ့ကိုတွေ့ရန် အဘယ်ကြောင့် မေးရတာလဲ။

 

 

"ခေါက်ဆွဲနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေလို့လားခင်ဗျ။" ရှောင်ကျွင်းသည် စားပွဲပေါ်ရှိ သပ်ရပ်စွာစီစဉ်ထားသော ပန်းကန်အလွတ်များကို ကြည့်လိုက်ကာ "ခေါက်ဆွဲစားချိန်အတွင်း စိတ်မကျေနပ်တာတွေ့လို့လားခင်ဗျ"

 

 

"သူဌေးလေး၊ မင်းက ဒီခေါက်ဆွဲကို လုပ်ခဲ့တာလား။" အဘိုးအိုက မယုံကြည်နိုင်စွာ မေးလိုက်သည်။

 

 

သူ၏ စိတ်ကူးထဲတွင် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသော စားဖိုမှူးတစ်ဦးသည် ရုတ်တရက် ချောမောသော လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး သူကဒါကိုတုံ့ပြန်ရန် အနည်းငယ် နှေးကွေးသွားသည်..

 

 

"ဟုတ်ပါတယ် ကျွန်တော် လုပ်ထားတာပါ။" ရှောင်ကျွင်း ခေါင်းညိတ်လိုက်သည်။

 

 

တင်းရှလည်း ဆူညံသံကိုကြားပြီး နောက်ကနေ ထွက်လာကာ "ဘာကိစ္စရှိလို့လဲ ကျွင်း"

 

 

အဘိုးအိုက ဗိုက်ဖောင်းနေတဲ့ ကောင်မလေးကိုတွေ့တော့ လန့်သွားသည်။အင်း အေးအေးဆေးဆေး ထိုင်ပါ…”

 

 

ရှောင်ကျွင်းက သူ့ကို ထိုင်ခိုင်းပြီး "ဘာမှမဖြစ်ပါဘူး"

 

 

အဘိုးအိုက သက်ပြင်းတစ်ချက်ချရင်း "ခေါက်ဆွဲက တကယ် ကောင်းတယ်ထင်လို့ စားဖိုမှူးနဲ့ တွေ့ချင်တာ၊ ငါက သူကို မြို့သားတစ်ယောက် (သို့)သူငယ်ချင်းဟောင်း ဖြစ်မယ်ထင်ထားတာ... လူငယ်က ဒီလောက်ငယ်မယ်လို့ မမျှော်လင့်ထားဘူး။ ...”

 

 

ရှောင်ကျွင်းက စားသုံးသူက အစားအသောက် ပြဿနာရှိလို့ သူ့ဆီ လာတွေ့တာမဟုတ်လို့ စိတ်သက်သာရာရသွားသည်။ "ကျွန်တော်တို့ပြင်ပေးတဲ့ခေါက်ဆွဲကို ကြိုက်သရွေ့တော့ အဆင်​​ပြေပါတယ်"

 

 

"သူဌေးလေး၊ တခြား ဘေဂျင်း ဟင်းလျာတွေ ကောလုပ်ပေးလို့ရလား" အဘိုးအိုက သူ့လက်တွေကို ပွတ်သပ်ရင်း "ငါ ခရီးဝေးမသွားနိုင်လောက်အောင် အသက်ကြီးနေပြီ၊ ဒါပေမယ့် အဲ့ဒီအရသာကို တောင့်တနေတုန်းပဲ။ နန်ကျန်းမှာ ဒီလို ဘေဂျင်း အစားအစာစစ်စစ်ကို တစ်ခါမှမစားဖူးဘူး..."

 

 

ရှောင်ကျွင်း ခဏစဉ်းစားပြီးမေးသည်။ "ဘာလုပ်ပေးစေချင်တာလဲခင်ဗျ"

 

 

"ဘဲကင်!" အဘိုးက ချက်ချင်းပြောတယ်။

 

 

ရှောင်ကျွင်း - "..."

 

 

အဘိုးအိုက သူ့လက်တွေကို ကိုးရိုးကားရားနဲ့ ပွတ်သပ်ပြီး "ဒါမှမဟုတ် ပန်ကိတ်နဲ့ ဝက်သားအကြွပ်ကြော်လည်းအဆင်ပြေပါတယ်။ အဲ့ဒါတွေက အချို့ဆန်ခေါက်ဆွဲလိပ်နဲ့ဆိုရင်အကောင်းဆုံးဘဲ..."

 

 

ရှောင်ကျွင်းက အဲဒါကို တွေးပြီး လုပ်ဖို့ မခက်ခဲပါဘူးဟုတွေးသည်။" နောက်နေ့ ပြန်လာခဲ့ပါ။ အဘိုးအတွက် ကျွန်တော်လုပ်ပေးမယ်၊ ဒါပေမယ့် အဘိုးရဲ့အသက်အရွယ်နဲ့ ဒီဆီများတဲ့ အသားတွေကို မှာထားတာ၊ အဘိုးကျန်းမာရေးအတွက် အဘိုး စိတ်မပူဘူးလား။ "

 

 

အဘိုးကြီးသည် ခေတ္တရပ်ကာ အိမ်က သူ့ဇနီး၏ သတိပေးချက်ကို တွေးကာငါ အဲ့တာတွေကို တစ်ထိုင်တည်းအကုန် မစားပါဘူး…” လို့ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

 

 

ရှောင်ကျွင်းက ဘာတွေဖြစ်နေတာလဲ အတိအကျသိသည်။ "ကောင်းပြီ၊ ရက်အနည်းငယ်မှ တစ်ခါလာပါ၊ အဘိုးအတွက် လုပ်ပေးမယ်၊ ဒါပေမယ့် နေ့တိုင်းတော့ မလုပ်ပေးပါဘူး။"

 

 

ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး အဘိုးအိုက အရမ်းပျော်နေပြီးနောက်တစ်ခါ ငါ့မိန်းမကို အတူတူခေါ်လာခဲ့မယ်

 

 

အဖိုးအိုက ငွေပေးချေပြီး ဝမ်းသာအားရ တေးညည်းကာ ထွက်သွားလေသည်။

 

 

အပြင်မှာ နှင်းတွေကျနေတော့မလို ကောင်းကင်က မြူအတိဖုံးလွှမ်းနေသည်။

 

 

တံခါးနားက ဖြတ်သွားတဲ့လူတွေ အအေးမိလို့ ချောင်းဆိုး နှာချေနေတာကို မြင်တော့ တင်းရှ က စိုးရိမ်တကြီးနဲ့ "ရာသီဥတုအေးလာပြီ၊ လူတော်တော်များ အအေးမိနေပြီ..."

 

 

ရှောင်ကျွင်းက သူမကို ခပ်တင်းတင်းပွေ့ဖက်ထားရင်း "အင်း၊ သကြားညိုနဲ့ ဂျင်းဟင်းချိုလေး လုပ်လိုက်မယ်။ဧည့်ခန်းမှာ စားသုံးသူတွေအအေးပေါ့အောင် သောက်ဖို့ အဆင်သင့်ပြင်ထားလိုက်မယ်"

 

 

တင်းရှ သည် သူ့နဖူးကိုထိလိုက်ပြီး "ရှင်ပဲ များများသောက်ပါ၊ မဖျားစေနဲ့"

 

 

ရှောင်ကျွင်းက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး "ကိုယ် မဖျားပါဘူး၊ ကတိပေးတယ်"

 

 

တင်းရှက သူ့ကို ရယ်ပြီး "ရှင် မဖျားဘူးလို့ ပြောလို့ ရှင် မဖျားတော့ဘူးလား"

 

 

ရှောင်ကျွင်းလည်း ပေါ့ပေါ့ပါးပါး ပြုံးပြီး "ဟုတ်တယ် ကိုယ်ပြောသလိုပဲ။ မင်းအနားမှာရှိရင် ငါဘယ်တော့မှ မဖျားဘူး"

 

 

အတွေ့အကြုံအရ ယုံကြည်မှု လွန်ကဲစွာပြောခြင်းသည် အရှက်ကွဲခြင်းသို့ ဦးတည်စေသည်။  ဒီလိုပြောပြီး ရက်အနည်းငယ်အကြာမှာတော့ သူ ပြင်းပြင်းထန်ထန် ဖျားခဲ့သည်။

 

 

သူသည် မှုန်ဝါးဝါး မျက်လုံးတွေ၊ နီရဲနေတဲ့နှာခေါင်းနဲ့အတူ ကုတင်ပေါ်မှာ လဲလျောင်းရင်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။

 

 

တင်းရှက သူ့ကို စိတ်ပူရမလား၊ လှောင်ပြောင်ရမလား မသိဘဲ သူ့ဘေးမှာ စောင့်ကြည့်နေခဲ့သည်။

 

 

ဆိုင်ကိုခေတ္တပိတ်ထားလိုက်သည်။

 

 

အန်တီကျွမ်းသည် ယခုအခါ လူပေါင်းများစွာ၏ အစားအသောက်အတွက် အပြည့်အဝတာဝန်ယူနေရပြီဖြစ်သည်။ တင်းရှသည် သူမ၏ ကိုယ်၀န်ကြောင့် ရှောင်ကျွင်းကိုပင် ဂရုမစိုက်နိုင်ခဲ့ပေ။

 

 

ညဘက်တွင် အိပ်ချင်မူးတူးအချိန်တွင် ရှောင်ကျွင်း က ရေတောင်းသည်။ သူ ထထိုင်ပြီးနောက် မတ်တပ်တောင် တည့်တည့်မရပ်နိုင်ပေ။ တင်းရှသည် ရေခပ်ရန် ပြင်းထန်စွာ အားစိုက်ထုတ်ကာ အိပ်ရာမှထလိုက်သည်။

 

 

ရေအနည်းငယ်သောက်ပြီးနောက် ရှောင်ကျွင်းသည် အနည်းငယ် စိတ်ကြည်လင်လာသည်။ အိပ်ယာရှေ့ရှိ အိပ်၀တ်စုံနဲ့ရပ်နေသော တင်းရှကိုတွေ့တော့ သူက "အေးလား?" ဟုမေးသည်။

 

 

သူက စောင်ကို မလိုက်ပြီး "အထဲမှာ နွေးတယ်"

 

 

ငိုက်မျဉ်းနေသော တင်းရှ ဘာမှမစဉ်းစားဘဲ စောင်ထဲသို့တိုးဝင်လာသည်။

 

 

ရှောင်ကျွင်း သည် ခွက်ကို ကုတင်ဘေး စားပွဲပေါ်၌ ပေါ့ပေါ့ပါးပါး ထားလိုက်ပြီး တင်းရှကို ဆွဲသွင်းကာ အိပ်ပျော်သွားချိန်တွင် သူမအနောက်မှ ပွေ့ဖက်လိုက်သည်။

 

 

တင်းရှနိုးလာသောအခါတွင် စောင်သည် နွေးထွေးသွားသလို ခံစားလိုက်ရသည်။ အများအားဖြင့် မနက်တိုင်း အိပ်ရာက နိုးလာတဲ့အခါ စောင်က အေးခဲပြီး အိပ်ယာကနေ ထဖို့တောင် ဝန်လေးစေသည်။

 

 

သူမခြေထောက်ကို လှုပ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ရွှေ့လိုက်သည်။ သူမ မသိလိုက်ချိန်တွင် သူမ၏ ခြေများကို ခြေထောက်ကြီးတစ်စုံဖြင့် ဖုံးအုပ်ထားပြီး သူမ၏ဗိုက်ကို လက်တစ်စုံဖြင့် ညင်သာစွာ ဖက်ထားသည်။

 

 

ရှောင်ကျွင်း၏ ကုတင်ပေါ်တွင် သူမ လဲလျောင်းနေမှန်း တင်းရှက မရိပ်မိခင်အထိ သူမ၏ စိတ်သည် ဗလာအတိဖြစ်သွားသည်။ တဖြည်းဖြည်း နိုးလာသည်နှင့်အမျှ သူမ၏ မှတ်ဥာဏ်များလည်း တဖြည်းဖြည်း ပေါ်လာသည်။ မနေ့ညက သူမရဲ့ အိပ်ငိုက်နေတဲ့ အနေအထားမှာ ရှောင်ကျွင်းရဲ့ စကားအတိုင်း စောင်ထဲမှာ လှဲလျောင်းခဲ့တာကို သူမ သတိရမိသည်။

 

 

ထိုအချိန်တွင် တင်းရှသည် မနေ့ညကို ပြန်သွားချင်နေခဲ့သည်။

 

 

သူမအနည်းငယ်လှုပ်ပြီးနောက် ရှောင်ကျွင်းလည်း နိုးလာသည်။

 

 

သူသည် တင်းရှညီညာစွာ လှဲလျောင်းရအောင် လက်ကို မြှောက်ပြီး " အဆင်ပြေရဲ့လား၊ ကြွက်တက်လို့လား?"

 

 

"အဆင်ပြေပါတယ်။" တင်းရှ က ပြောသည်။

 

 

တကယ်တော့ သူမအတွက် ဘယ်လိုအနေအထားမျိုးမှာမဆို ကိုယ်ဝန်နှောင်းပိုင်းရောက်ပြီဆိုတော့ နေရတာအဆင်မပြေဖြစ်သည်။ ဒီအဲ့ကိစ္စက သူမကို စိတ်ထိခိုက်မှုနည်းစေတယ်။

 

 

ရှောင်ကျွင်း အနည်းငယ် ခေါင်းကိုက်နေသေးသည်။ သူက ပါးစပ်နဲ့ နှာခေါင်းကို ညင်သာစွာ အုပ်ပြီး "ခဏ နေရင် အိပ်ယာက ထဖို့ကူညီပေးမယ်၊ ဆေးသောက်မယ့်အစား ဂျင်းဟင်းချိုသောက်ဖို့ မမေ့နဲ့"

 

 

သူသည် သူ့ကိုယ်သူ အနည်းငယ် ဒေါသထွက်သွားသည်။ တင်းရှနှင့် သူ့ကိုယ်သူ ဤကဲ့သို့ နီးနီးကပ်ကပ်နေတာကို သူ ဘာကြောင့်လုပ်လိုက်ရတာလဲ။ သူ့ဆီက သူမအဖျားကူးစက်ခံရရင် ဘယ်လိုလုပ်မလဲ။