အပိုင်း ၁
Viewers 15k

"ဒါကမင်းငါ့အတွက်ရှာလာပေးတဲ့သရုပ်ဆောင်လေးပေါ့လေ..."
ပက်လက်ကုလားထိုင်ပေါ်မှာထိုင်နေသည့် လက်ထောက်ဒါရိုက်တာကမျက်လုံးတွေကိုမှေးကျဥ်းထားပြီး ရိုက်ကွင်းကိုအခေါ်လာခံရတဲ့ပန်းရောင်ဝတ်စုံနဲ့ကောင်မလေးကို ဝေဖန်ဆန်းစစ်သလိုကြည့်နေသည်။
ပန်းရောင်ကျောက်စိမ်းပန်းပုရုပ်နှင့်လူကြီးတစ်ယောက်က ခေါင်းပေါ်တွင်ချစ်စရာကောင်းလှသည့်အကောင်ပေါက်လေးနှစ်ကောင်နှင့် တည်တည်ငြိမ်ငြိမ်ရပ်နေ၏သူတို့က ငိုလည်းမငိုသလို ပြဿနာလည်းမရှာ​ပေ။ သူတို့၏ရွှန်းလဲ့နေသော​မျက်လုံးဝိုင်းဝိုင်းများက ကြည်လင်တောက်ပနေပြီး အလွန်နှစ်လိုဖွယ်ကောင်းသည့်ပုံပေါ်သည်။
ကောင်မလေး၏အသွင်အပြင်ကအပြစ်အနာအဆာကင်းပြီး ဇာတ်ကောင်၏လိုအပ်ချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိသည်။
လက်ထောက်ဒါရိုက်တာ၏စိတ်ထဲတွင်အားရကျေနပ်သည့်အရိပ်ယောင်လေးတစ်ခုဖြတ်ပြေးသွားသည်။ သို့​သော် အသေးအဖွဲကိစ္စများကိုရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်ရှာတတ်လွန်း သော ဒါရိုက်တာချန်း၏စရိုက်ကိုစဥ်းစားကြည့်မိတော့ သူနောက်ထပ်စကားတစ်ခွန်းလောက်ထပ်မေးလိုက်မိသည်: "....ရှောင်လီရေ ဒါနဲ့လေ ဒီကောင်မလေးရဲ့အငိုခန်းနဲ့ပတ်သတ်ပြီးရော ဘယ်လိုလဲ?"
ဤအရွယ်ကလေးများကလေ့ကျင့်ပေးရန်ခက်ခဲလှသည်။ သရုပ်ဆောင်ဖို့အတွက်ကလေးတစ်ယောက်ရှာသည့်အခါတိုင်း ရိုက်ကူးရေးအဖွဲ့သားများက ပြဿနာအများကြီးကြုံရတတ်သည်။ သရုပ်ဆောင်အငယ်လေးများက အခြေခံနှင့် အတွေ့အကြုံရှိမည်ဆိုလျှင် သူတို့ကိုကောင်းကောင်းလေ့ကျင့်ပေးမည်ပင်။
တစ်ယောက်ယောက်ကိုရှာရန်အတွက်တာဝန်ကျ သောလီဖူကွေ့က ကိုယ်ကိုအနည်းငယ်ကိုင်းညွှတ်လိုက်ကာ သေချာသည့်လေသံလေးနှင့်ပြော သည်: "ဒါရိုက်တာကြီး စိတ်မပူပါနဲ့ ၊ သူ(မ) ကကုဆွေ့ဆွေ့ပါ ၊ သူ(မ) ကမိန်းကလေးငယ်လေးတွေထဲမှာ အငိုခန်းရိုက်တာ အတော်ဆုံးပါ ၊ သူ(မ)ကလေးအဝတ်အစားကြော်ညာမော်ဒယ်ဖြစ်ကတည်းကကင်မရာကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်လို့ပြောကြတယ် ၊ တစ်ခြားကလေးတွေထက် အများကြီးပိုတော်ပါတယ်"
ဇာတ်ကောင်တွေကိုရွေးချယ်ရန်တာဝန်ကျသည့် လက်ထောက်ဒါရိုက်တာက သူပြောသည်ကိုကြားလိုက်တော့မှ ပိုပြီးစိတ်သက်သာရာရသွားတော့သည်။
လက်အောက်ခံဘဝကျရောက်သွားသည့်မင်းသမီးငယ်လေး၏ဇာတ်ကောင်ကရုပ်ရှင်ထဲတွင်အချိန်အကြာကြီးမပါခဲ့သော်ငြားအလွန်အရေးကြီးသည့်ဇာတ်ကောင်တစ်ခုပင်။ သရုပ်ဆောင်သည်ကိုလည်း ဖြစ်ကတတ်ဆန်းလုပ်လို့မ​ဖြစ်​ပေ။ အမျိုးသားဇာတ်လိုက်၏အစ်မဖြစ်သောကြောင့် သူမ၏သေဆုံးမှုက အမျိုးသားဇာတ်လိုက်ထံတွင် ဖျောက်ဖျက်လို့မရသည့် ခံစားချက်လိုစွဲကျန်နေပြီး
နောက်ပိုင်းမှာလက်စားချေရန်အကြောင်းရင်း ဖြစ်လာခဲ့သည်။
နဂိုက ဤဇာတ်ကောင်အတွက်သင့်တော်သည့်သူကိုရှာတွေ့ပြီးသားဖြစ်သည်။ ထို့နောက် သူ(မ)က နှစ်ရက်အတွင်းမှာ အဖွဲ့ကိုလာပူးပေါင်းတော့မလို့ပင်။ သို့သော် ကံဆိုးသည်က ထိုအချိန်တုန်းက ရွေးချယ်ခံထားရသည့် ကောင်မလေးကရုတ်တရက်ကြီးတုပ်ကွေးမိသွားပြီး တစ်ခဏလောက်တော့ အဆင်ပြေမည်မဟုတ်ပေ။ ကြံရာမရသည့်အဆုံး ရိုက်ကူးရေးအဖွဲ့က လာပြီးသရုပ်ဆောင်ပေးဖို့ တစ်ခြားတစ်ယောက်ကိုပဲရှာလိုက်ရတော့သည်။
ကံကောင်းသည်က အသစ်ရှာတွေ့သည့်တစ်ယောက်က အရင်တစ်ယောက်ထက် အဘက်ဘက်မှာ ပိုပြီးတော်သည့်ပုံပင်။သူလည်းနောက်ဆုံးတော့ ဒါရိုက်တာချန်းနဲ့အလုပ်လုပ်နိုင်ပြီဖြစ်သည်။
တံခါးအပြင်မှာစောင့်နေသည့် ဖုန်ယောက်ချင်းက နောက်ဆုံးတော့သူ့သမီးထွက်လာသည်ကို တွေ့သောအခါ မသက်မသာဖြစ်မိပြီး မေးလိုက်သည်။ "အစ်ကိုလီ လူရွေးပွဲရလဒ်ကဘာတဲ့လဲ? စူးစူးအတွက် ကျွန်မတို့မိသားစုအရွေးခံလိုက်ရပြီလား?"
လီဖူ​​​ကွေ့ကပြုံးရင်းပြောလိုက်သည်။ " ကိုယ်ကိစ္စဝိစ္စတွေလုပ်နေတာကို မင်းစိတ်မပူဘူးမလား? လက်ထောက်ဒါရိုက်တာက ပြောပြီးသွားပြီးပြီ ၊ ဒီဇာတ်ကောင်နေရာအတွက်အရွေးခံရတယ်ဆိုရင် အသက်အရွယ်ကိုဖယ်ထားရမယ် ၊ နောက်ကျရင် လူတွေကမင်းကိုစာချုပ်လက်မှတ်ထိုးဖို့ခေါ်လိမ့်မယ်။"
ဝတ်စုံပြည့်ဝတ်ထားသည့် ဖုန်ယောက်ချင်းက နားထောင်ပြီးနောက်ချက်ချင်းပြုံးသွားသည်။ လူများအာရုံမထားမိကြသည့်အချိန်တွင် သူ(မ)က လီဖူ​​ကွေ့၏လက်ကိုတိတ်တဆိတ်ချိတ်တွယ်လိုက်ပြီး အပြုံးလေးနှင့်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုလီ ၊ ကျွန်မရှင့်ကိုနောက်နေ့ကျရင် ညစာဖိတ်ကျွေးပါ့မယ် ၊ ကျွန်မတို့မိသားစုကနှစ်သက်တမ်းရင့်လာလို့ ရှင်ရိုက်ကူးရေးအဖွဲ့ကိုဝင်ရင် အများကြီးပိုကောင်းသွားလိမ့်မယ် ၊ ဂရုစိုက်ပါ"
ဤတစ်ခေါက်တွင် သူ(မ)သမီးရုပ်ရှင်ဇာတ်ကောင်နေရာကိုအနိုင်ရစေရန် အကူအညီပေးရန်အလို့ငှာ ထိုလူပေါ်တွင် သူအကြံအများအပြားထုတ်ခဲ့မိပြီး သေချာပေါက်အကောင်းဆုံးအသုံးချမည်ပင်။
သူမ၏သီးသန့်အပြုအမူလေးကြောင့် လီဖူဂွီတစ်ယောက်အူမြူးနေမိပြီး ရွှင်ရွှင်ပျပျဖြင့်ပြောလိုက်သည်။ "အပြောကတော့လွယ်တာပေါ့ ၊ ရိုက်ကွင်းမှာ ဆွေ့ဆွေ့ကိုကိုယ့်ရဲ့တူမအရင်းတစ်ယောက်လို ကိုယ်စောင့်ရှောက်ပါ့မယ်"
ရိုက်ကူးရေးအဖွဲ့တွင် မျက်လုံးအကြည့်အမျိုးမျိုးအဖုံဖုံအများအပြားရှိသည်။ လီဖူကွေ့က ဖုန်ယောက်ချင်းကို ဤနေရာတွင်များများစားစား မပြောချေ။ ရိုးရိုးရှင်းရှင်း စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားတော့သည်။
"ဆွေ့ဆွေ့သမီးဒီနေ့ကောင်းကောင်းသရုပ်ဆောင်ခဲ့တယ်" ။ သူမ၏သမီးဖြစ်သူကဤဇာတ်ကောင်နေရာရသည်ကိုတွေ့ရသောအခါ ဖုန်ယောက်ချင်းတစ်ယောက်စိတ်အခြေအနေကောင်းနေသည်။ ထို့နောက် လက်ဆန့်ထုတ်လိုက်ပြီး သူမနံဘေးရှိ ကလေးမလေး၏ဆံနွယ်လေးကို ပွတ်သပ်ပေးလိုက်သည်။
သက်ရှိလူသားအသစ်ကလေးဖြစ်သောဂူစူးစူးက သူ(မ)ပတ်ဝန်းကျင်ရှိအရာရာတိုင်းနှင့်ပတ်သတ်ပြီး သစ်လွင်လန်းဆန်းမှုကိုခံစားရသည်။ ဘယ်သူကများသူ(မ)ခန္ဓာကိုယ်ကို အဖြူရောင်မုန့်ချိုကဲ့သို့ ပျော့တိပျော့ဖက်ဖြစ်အောင်လုပ်လိုက်ပါလိမ့်? သူ(မ)ကယခုလေးတင်မှအသွင်ပြောင်းလဲထားသောကြောင့် သူ(မ)၏မိစ္ဆာအစွမ်းကနိမ့်နေပြီး တစ်ယောက်တည်းဖြစ်မည်စိုးသောကြောင့် များသောအားဖြင့် ရေသို့မဟုတ်နေနှင့်ထိတွေ့လို့မရပေ။ ငိုမဲ့မဲ့ဖြစ်နေသော မျက်နှာလေးက အမှတ်တမဲ့ ပြောင်းလဲသွားသည်။
သူ(မ)အခုသက်ရှိလူသားဖြစ်သွားရုံသာ။ မိစ္ဆာစွမ်းအားမရှိတော့သော်ငြားလည်း လာမည့်အနာဂတ်တွင်သူ(မ)လွတ်လွတ်လပ်လပ် လှည့်ပတ်ကစားနိုင်ပေမည်။
ဤအမျိုးသမီးကသူ(မ)၏အမေဖြစ်လာမည့်သူလား?
ကုဆွေ့ဆွေ့ကသူ(မ)၏စိတ်ထဲတွင်ရုတ်တရက်ပေါ်လာသောမှတ်ဥာဏ်များအားလုံးကို မမှတ်မိသေး။ သူ(မ) စကားမှားပြောမိခဲ့လျှင် ဤလူသားက နတ်သမီးငယ်လေးဖြစ်သည့်သူ(မ)၏သရုပ်မှန်ကို သိသွားမည်ကို စိုးရိမ်နေမိသည်။ အမျိုးသမီးအား သူ(မ) ချိိုချိုသာသာ ဖြင့်သာပြုံးပြလိုက်သည်။ ထို့နောက် မည်သည်ကိုမှထပ်မပြောပဲ ခေါင်းကိုအသာအယာညိမ့်ပြလိုက်သည်။
သူ(မ)၏သမီးဖြစ်သူက ယနေ့တွင် ရုတ်တရက်ကြီး ကောင်းကောင်းပြုမူနေပြီး စဥ်းစားချင့်ချိန်တတ်သည်ကို တွေ့ရသောအခါ ဖုန်ယောက်ချင်းတစ်ယောက် အံ့သြသွားရပြီး စိတ်သက်သာရာရသွားသည်။ မကြာသေးမီက အိမ်နီးချင်းအိမ်မှ ကောင်မလေးက မင်းသမီးဝတ်စုံလှလှလေးကို ဝယ်ထားသောကြောင့် သူ(မ)က ထိုဝတ်စုံကိုနှစ်တိုင်းမြင်ချင်နေသည်။ ထို့ကြောင့် သူ(မ)အတွက် ထိုဝတ်စုံကိုဝယ်ပေးရန် ဖုန်ယောက်ချင်းအားတောင်းဆိုခဲ့သည်။ သို့သော် ဝတ်စုံစျေးနှုန်းက စျေးကြီးလွန်းသည်ဟု ဖုန်ယောက်ချင်းထင်မိသောကြောင့်
ဝယ်ပေးရန်သဘောမတူခဲ့ချေ။ ထို့ကြောင့်အနည်းငယ်ကစားပြီး သူ(မ)မသိချင်ယောင်ဆောင်လိုက်သည်။ လူများကိုလည်း ရက်အတန်ကြာကြာ သိပ်ပြီးမနာခံခဲ့ချေ။
ဖုန်ယောက်ချင်းကထိုကဲ့သို့သောသမီးတစ်ယောက်ပင်ဖြစ်သည်။ သူ(မ)က လူတိုင်းထက်မဆိုပိုကောင်းရန် မျှော်လင့်မိသည်မှာအမှန်ပင်။ အခြားကလေးများထက်လည်း သူ(မ)၏ဘဝကပိုကောင်းစေလိုသည်။ မိခင်တစ်ယောက်ဖြစ်ရန် သူ(မ)၏ အရည်အချင်းက အကန့်အသတ်ရှိသည်မှာ ဝမ်းနည်းစရာပင်။ သူ(မ)၏သမီးဖြစ်သူကိုလည်း ပိုမိုကောင်းမွန်သော ဘဝမပေးနိုင်ချေ။
ယနေ့ရရှိခဲ့သောဇာတ်ကောင်နေရာက ရုပ်ရှင်ထဲတွင် စကားပြောခန်းအများအပြား ပါဝင်သည်။ သရုပ်ဆောင်ကြေးကလည်း မနိမ့်လှပေ။ စာချုပ်ထဲတွင်ရေးထားသော အခွန်အပြီး ယွမ်နှစ်သောင်းကို ဖုန်ယောက်ချင်းကကြည့်လိုက်ပြီး အံ့အားသင့်ကာ ပျော်ရွှင်သွားသည်။
နှစ်သောင်း။
ကလေးအဝတ်အစားကြော်ညာမော်ဒါ်ဖြစ်နေလျှင်တောင်မှ တစ်နေ့ကို ဒေါ်လာထောင်လိုက်အနည်းငယ်လောက်ရနိုင်သည်။ သို့သော် ဝင်ငွေရှာရန် အနာဂတ်တွင်တိုးတက်လာမှုက သရုပ်ဆောင်တစ်ယောက်ရဲ့လုပ်ငန်းနှင့် ကွာခြားလွန်းလှသည်။ ဤရုပ်ရှင်တွင်အမျိုးသမီးဇာတ်လိုက်လုပ်မည့်သရုပ်ဆောင်ဖြစ်သူကိုယ်တိုင် ဒေါ်လာသန်းနှင့်ချီပြီး ရသည်ဟု သူ(မ) ကြားမိသည်။
ဒေါ်လာသန်းနှင့်ချီသော ကိန်းဂဏန်းကို သူ(မ) အိပ်မက်ပင်မမက်ရဲပေ။
သူ(မ)တို့မိသားစု၏လုပ်ငန်းသက်တမ်းကတစ်နေ့ကျ ဤအဆင့်သို့ရောက်သွားလျှင် သားအမိနှစ်​ယောက်သား ပိုက်ဆံမရှိမည်ကို စိတ်ပူစရာမလိုတော့ပေ။ ပေါကြွယ်ဝမှု တပ်မက်မှုတို့နှင့်ဘဝတစ်ခုကို ရှင်သန်နေထိုင်နိုင်မည်ဖြစ်သည်။
ဖုန်ယောက်ချင်းကအခြားအရာများကိုမပြောသေး။ သူ(မ)သမီး၏မျက်နှာကိုပဲပြောရမည်ဆိုလျှင် တစ်ခြားလူများထက် သာလွန်အောင်သူ(မ) မွေးပေးခဲ့သည်။
ဤထမင်းတစ်ပန်းကန်ကိုစားရန်မွေးဖွားလာသောလူများပင်။
အနာဂတ်တွင်ကောင်းမွန်လာမည့်နေ့ရက်များကိုစဥ်းစားရင်း ဖုန်ယောက်ချင်းကစိတ်အခြေအနေကောင်းနေသည်။ လွန်ခဲ့သောရက်အနည်းငယ်တွင် သူ(မ)၏ဇာတိမြို့က သူ(မ)သမီးကဇာတ်လမ်းတွဲရိုက်ကူးရေးတွင်ပါဝင်သည်ဟု ပြောဆိုနေကြသဖြင့် စုပြုံနေသော စိတ်ဓာတ်ကျမှုတို့ ပြယ်ပျောက်သွားရသည်။
"ဟမ် ဇာတ်လမ်းတွဲတစ်ခုထဲမှာစကားပြောခန်းတစ်ခန်းတောင်မရှိတဲ့ အသေးအဖွဲဇာတ်ကောင်တစ်ခုပဲလေ! ဘာတွေများအရမ်းကောင်းနေလို့လဲ"
"နောက်ကျရင် သူ(မ)သမီးက ရုပ်ရှင်ကြီးကြီးမှာ ပါလာမှာပဲလေ!"
စာချုပ်လက်မှတ်ထိုးပြီးနောက် ဖန်ယိုချင်းကသူ(မ)၏သမီးနှင့်အတူ လမ်းပေါ်တွင် တက်စီ တားလိုက်သည်။
တက်စီကားလေးက မိနစ်နှစ်ဆယ်ခန့်မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် အိုဟောင်းသောရပ်ကွက်တစ်ခုထဲ ရောက်လာခဲ့သည်။
သူတို့နေထိုင်သောအိမ်ကလေးမှာအိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါဝင်ပြီး စတုရန်းမီတာငါးဆယ်ခန့်ရှိကာ မကြီးလွန်းလှပေ။ သို့သော် နယ်မြေချမ်းသာလွန်းလှပြီးအဖိုးတန်လှသော အင်ပါယာမြို့တော်ထဲတွင် ဤကဲ့သို့သောအိမ်မျိုးက တစ်လလျှင် အိမ်ငှားခ ယွမ်သုံးထောင်ခန့်မျှ ကုန်ကျပေလိမ့်မည်။
အခုမှရောက်ဖူးသောကုဆွေ့ဆွေ့က အနာဂတ်တွင်သူ(မ)နေရမည့် အခန်းလေးကိုမပတ်ကြည့်ပဲမနေနိုင်။ သူ(မ)၏ဝါဖျော့ဖျော့မျက်လုံးများက စူးစမ်းလိုစိတ်များနှင့် ပြည့်နှက်နေသည်။
သူ(မ)၏ထပ်ဆောင်းမှတ်ဥာဏ်ထဲတွင် မူလပိုင်ရှင်ဖြစ်သူနှင့်သူ(မ)အမေတို့က လွန်ခဲ့သည့်လကမှ ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
သားအမိနှစ်ယောက်က ယခုနေရာထက် ပို၍​
ကျဥ်းပြီးခေါင်သောနေရာတွက်နေခဲ့ဖူးသည်။ သူတို့၏ဘဝကလည်းမချမ်းသာလှပေ။ မူလပိုင်ရှင်ဖြစ်သူက ကလေးအဝတ်အစားကြော်ငြာမော်ဒယ်ဖြစ်လာပြီး ဝင်ငွေရှိလာသည့်နောက်ပိုင်းမှသာ ပြောင်းလာခြင်းဖြစ်သည်။
မူလပိုင်ရှင်၏အမေကယခုမှသူ(မ)ကိုလူရွေးပွဲဝင်ဖြေခိုင်းသည်ကမထူးဆန်းလှချေ။ ဤနေရာကိုသူ(မ)ရောက်လာပြီး ဝင်ငွေများများပိုရှာနိုင်ရန်ဖြစ်သည်။
သူ(မ)၏အစ်မဖြစ်သူ ထောင်ယောင်က သရုပ်ဆောင်တစ်ယောက်ဖြစ်သောကြောင့် ရုပ်ရှင်လောကကအမြတ်အစွန်းအလွန်များသည်ကို ကုဆွေ့ဆွေ့အမှတ်ရမိသည်။ ဇာတ်လမ်းတစ်ခုကိုသာမာန်ကာလျှံကာရိုက်ရုံမျှဖြင့် ပိုက်ဆံများများရနိုင်သည်။ အိမ်ကြီးရခိုင်ထဲတွင်နေရရုံသာမက ကောင်းကင်ပေါ်တွင်နေ့တိုင်းပျံသန်းနိုင်သည်။ နေရာတိုင်းကိုပျံသန်းနိုင်ပြီး ဘဝကအလွန်သက်တောင့်သက်သာရှိလှသည်။
ကုဆွေ့ဆွေ့ကဘာကိုမှမသိသောနတ်သမီးလေးတစ်ယောက်မဟုတ်ပေ။ သူ(မ)၏မိစ္ဆာစွမ်းအားကြောင့် လူ့အဖွဲ့အစည်းတွင် သာမာန်ကဲ့သို့မနေနိုင်သော်ငြားလည်း အစ်မထောင်ယောင် အပန်းဖြေအိမ်ကြီးတွင်နေသည့်အခါ သူ(မ)ပျင်းလာသောအချိန်များတွင် ထုတ်လွှင့်ပြသနေသောရုပ်သံဇာတ်လမ်းတွဲများကိုကြည့်ပြီး ဝတ္ထုများကိုလည်းဖတ်သည်။
ဥပမာအားဖြင့် သူ(မ)ယခုနေထိုင်နေသည့်ကမ္ဘာက ဖျော်ဖြေရေးလောကပြန်လည်မွေးဖွားလာခြင်းနှင့်ပတ်သတ်သောဝတ္ထုတစ်ပုဒ်နှင့်ဖွဲ့စည်းထားသည်။
မူလပိုင်ရှင်ကထိုဝတ္ထုထဲတွင်အမျိုးသမီးဇာတ်ို့တစ်ယောက်သာဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်ကိုထိန်းကွပ်ပေးသည့် အုပ်စုဝင်တစ် ယောက်​ဖြစ်သောကြောင့် မူရင်းဇာတ်လမ်းထဲရှိ သူ(မ)၏ဇာတ်သိမ်းကမကောင်းလှပေ။
အရွယ်ရောက်လာပြီးနောက် အမျိုးသမီးဇာတ်ပို့က ဆေးလိပ်သောက်ပြီး အရက်သေစာသောက်စားတော့သည်။ ရိုက်ကွင်းပေါ်တွင်နာမည်ကြီးကာ ကောက်ကျစ်စဥ်းလဲသောဇာတ်ရုပ်ကိုဆက်ပြီးထိန်းထားခဲ့သည်။ တဖြေးဖြေးနှင့်သူ(မ)က ကလေးဘဝရောင်ဝါလက္ခဏာများပျောက်ဆုံးသွားပြီး အသုံးမဝင်တော့သည့် ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်သွားတော့သည်။
သို့သော်တစ်ချိန်တည်းတွင်ပွဲဦးထွက်ခဲ့သောအမျိုးသမီးဇာတ်လိုက်က အတိတ်ဘဝမှတ်ဥာဏ်ကိုသိသောစွမ်းရည်ကိုအားကိုးပြီး တစ်လျှောက်လုံးသီချင်းဆိုခဲ့သည်။ နာမည်ကြီးအင်တာနက်ဇာတ်လမ်းတွဲတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ပထမဦးဆုံး အမျိုးသမီးခေါင်းဆောင် ရုပ်ရှင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ဇာတ်ရုပ်နှစ်မျိုး၏ဘုရင်မဖြစ်လာကာ ဘဝအောင်မြင်မှုအထွတ်အထိပ်ကိုရောက်ရှိစေရန် အမျိုးသားဇာတ်လိုက်ခေါင်းဆောင်နှင့် လက်တွဲခဲ့သည်။ ။
Xxxxxx