အပိုင်း ၂
Viewers 15k

သူ(မ)သမီး၏ဤတစ်ခေါက်တွင်ဇာတ်ကောင်နေရာအောင်မြင်စွာရသွားခြင်းကို ဆုချရန် ဖန်ယိုချင်းကယနေ့နေ့လည်ခင်းတွင် သူ(မ)ကြိုက်သောအရာအားလုံးထဲမှ ဟင်းပွဲသုံးပွဲနှင့်စွပ်ပြုတ်တစ်ခွက်ကို ချက်ပြုတ်ထားသည်။
ဝက်နံရိုးချိုချဥ် ၊ အသားလုံးကြော် ၊ ပုစွန်ကြော် ၊ မှိုအသားစဥ်းကောစွပ်ပြုတ် စသည်တို့ပင်.....
ကု​ဆွေ့​ဆွေ့ကစားပွဲပေါ်ရှိအစားအစာအနံ့ကိုရှူရင်း သတိလက်လွတ်တံတွေးမြိုချလိုက်မိသည်။
"အရမ်းကောင်းမဲ့ပုံပဲ" (ငိုမဲ့မဲ့မျက်နှာဖြင့်)....
ဂူဆွေ့ဆွေ့ကပျော့တိပျော့ဖက်မဟုတ်သောကြောက့် ယခင်ကလုံးဝအစာစားရန်မလိုချေ။ အဆာခံသည်။
သို့သော်လူသားအစစ်တစ်ယောက်ဖြစ်လာပြီးနောက် သူ(မ)တွင်အရသာခံအာရုံရှိရုံသာမက လူသားအစားအစာကိုအာသီသရှိသော ထူးထူးခြားခြားအာရုံတစ်ခုလည်းရှိသေးသည်။
" ဆွေ့ဆွေ့ သမီးဘာလုပ်ဦးမလို့လဲ? မြန်မြန်လုပ် တူကိုမရွှေ့နေနဲ့ ၊ ဟင်းတွေအေးသွားလိမ့်မယ်"
ဖန်ယိုချင်းက ဟင်းပွဲတစ်ချို့ကိုကောက်ယူလိုက်ပြီး သူ(မ)၏သမီးအတွက်ရည်ရွယ်ကာ ပန်းရောင်ပန်းကန်လုံးလေးထဲသို့ထည့်လိုက်သည်။
ဂူဆွေ့ဆွေ့က ကိုးရိုးကားယားနှင့်တူကိုကောက်ကိုင်လိုက်ပြီး ပန်းကန်လုံးထဲမှအစားအစာကို ညှပ်ယူလိုက်သည်။ အဖြူအနက် ဝါဖျော့ဖျော့မျက်ဝန်းတစ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူ(မ)က တစ်လုတ်စာကြီးကြီး အသားလုံးများကို ကိုက်ချလိုက်သည်။ သူ(မ)၏ပါးမို့မို့လေးက လူများကဖျစ်ညှစ်ပစ်ချင်သည်အထိ ချစ်ဖို့ကောင်းပြီးရင်းချစ်ဖို့ကောင်းအောင် စားသောက်နေသော လောဘကြီးသည့်ဟမ်းစတားသေးသေးလေးကဲ့သို့ အနည်းငယ်ဖောင်းထွက်နေသည်။
ကလေးအဝတ်အစားကြော်ငြာမော်ဒယ်တစ်ယောက်ဖြစ်သောကြောင့် ကုဆွေ့ဆွေ့၏ရုပ်ရည်က အပြစ်ဆိုစရာမရှိပေ။
ဖုန်ယောက်ချင်းကနံဘေးတွင်မြိန်မြိန်ယှက်ယှက်စားနေသောသူ(မ)၏သမီးလေးကိုကြည့်ရင်း မျက်စိများမှေးကျဥ်းသွားအောင်ပြုံးလိုက်ကာ ဆွေ့ဆွေ့ပါးစပ်ထောင့်တွင် မတော်တဆကပ်နေသော ထမင်းစေ့များကို ကူညီဖယ်ရှားပေးလိုက်သည်။
လုံးဝဇီဇာမကြောင်သော သူ(မ)၏သမီးကိုမြင်ခဲလှသည်။
ပထမဦးဆုံးလူသားအစားအစာဖြစ်သောကြောင့် ကုဆွေ့ဆွေ့တစ်ယောက်အလွန်အားရပါးရစားနေမိသည်။ ဆွေ့ဆွေ့က သူ(မ)၏ဗိုက်ဖောင်းဖောင်းမို့မို့လေးကိုပွတ်သပ်လိုက်ပြီး ချစ်စဖွယ်ကြို့ထိုးလိုက်သည်။
"သမီးလေးရေ မေမေလုပ်စရာလေးရှိလို့ ဒီနေ့နေ့လည်ကျရင်အပြင်သွားရမယ် ၊ အိမ်မှာကောင်းကောင်းနေရမယ်နော် ၊ တစ်ယောက်ယောက်တံခါးလာခေါက်ရင် သူစိမ်းကိုတံခါးမဖွင့်ပေးနဲ့နော် ၊ မေမေအပြင်သွားပြီးသော့ယူလာပေးမယ်"
ဆွေ့ဆွေ့ကိုအဝတ်အစားလဲပေးရင်းဖုန်ယောက် ချင်းကပြောလိုက်သည်။ ထို့နောက် ယနေ့လေးတင်မှသတ်မှတ်လိုက်သော သရုပ်ဆောင်ကြေးနှင့်ပတ်သတ်ပြီး သူ(မ)တွေးလိုက်မိပြီး ပြောသည်။ "အိမ်မှာတီဗွီကြည့်နေနော် ၊ အပြင်ထွက်ပြီးလျှောက်ပတ်ပြေးမနေနဲ့ ၊ ညကျရင်မေမေက သမီးကိုစကပ်လှလှလေး ဝယ်လာခဲ့ပေးမယ် ၊ သမီးစကပ်ကိုတွေ့လိုက်ရတာအဲဒါကနောက်ဆုံးအကြိမ်ပဲလေ ၊ အဲဒီတစ်ခု"
ကျွန်မသမီးကြိုက်သောကျိုးတိုးကျဲတဲပန်းပွင့်လေးများနှင့်စကပ်ကလေးက စတိုးဆိုင်ကောင်တာတစ်ခုတွင် ယွမ်တစ်ထောင်ဖြင့် ရောင်းနေသည်။
ဤအရွယ်ကလေးတစ်ယောက်ကအလွန်လျင်မြန်စွာကြီးထွားကြသည်။ သူ(မ)ဝယ်ပေးခဲ့သောအဝတ်အစားများကနှစ်လလောက်အတွင်းတွင် ထပ်ပြီးဝတ်လို့ရတော့မည်မဟုတ်ပေ။ ထို့ကြောင့်ယခင်ကဖုန်ယောက်ချင်းတစ်ယောက် သူ(မ)၏သမီးအတွက် ဤကဲ့သို့စျေးကြီးသော အဝတ်အစားများကိုဝယ်ပေးရန် ဝန်လေးနေခဲ့သည်။ သို့သော်လာမည့်ရုပ်ရှင်ရိုက်ကွင်းကို စဥ်းစားမိသောအခါ သူ(မ)သွားများကိုကိုက်ပြီးအံကြိတ်လိုက်မိသည်။ "ငါ့သမီးရဲ့ဆန္ဒကိုအရင်ဆုံးဖြည့်စည်းပေးဖို့ ဆုံးဖြတ်လိုက်ပြီ"
စကပ်လှလှလေးတွေအကြောင်းပြောသောအခါ ကုဆွေ့ဆွေ့၏မျက်လုံးများက အနည်းငယ် လင်းလက်သွားသည်။ "သမီးအိမ်မှာကောင်းကောင်းနေသရွေ့ စကပ်အသစ်လှလှလေးတစ်ထည်လောက်ရနိုင်မလား?"
သူ(မ)သမီး၏အနည်းငယ်စိတ်လှုပ်ရှားနေသောအမူအရာလေးကိုတွေ့လိုက်ရသောအခါ ဖုန်ယောက်ချင်း ပျော်ရွှင်စွာပြုံးလိုက်မိပြီး ပြောလိုက်သည်။ "ဒါပေါ့ မေမေကသမီးကိုဘယ်တုန်းကများ တစ်ပတ်ရိုက်ဖူးလို့လဲ?"
"မေမေစိတ်မပူပါနဲ့ ၊ သမီးအပြင်ထွက်ပြီးလျှောက်မပြေးပါဘူး ၊ သူစိမ်းတွေကို တံခါးမ
ဖွင့်ပေးပါဘူး" ဝတ်စုံအသစ်အကြောင်းကြားသောအခါကုဆွေ့ဆွေ့ကချက်ချင်းလက်ငင်း သူ(မ)၏ရင်ဘတ်ကိုပုတ်ပြီး ကတိပေးတော့သည်။
ကုဆွေ့ဆွေ့ကဤအခက်အခဲကိစ္စကိုသိသိသာသာပင်ကောင်းကောင်းနေသားတကျဖြစ်သွားသည်။ အမေဟုခေါ်ရမည့်အချိန်တွင် လုံးဝတုံ့ဆိုင်းခြင်းမရှိပဲ အမေဟုသာခေါ်လိုက်သည်။
အသည်းနှလုံးမရှိသည့်နုနုနယ်နယ်ကလေးအတွက်တော့ အမေဆိုသည်မှာအလွန်သမားရိုးကျသော နာမည်တစ်ခုပင်ဖြစ်သည်။ အစ်မ၏နာမည်နှင့်လည်းကွာခြားခြင်းမရှိပေ။
သူ(မ)၏အာရုံအားလုံးမှာယခုမူဖန်ယိုချင်းပြောထားသော ဝတ်စုံလှလှလေးပေါ်တွင်သာရှိသည်။
အစ်မတော်ဒရိုင်ယတ်က နှစ်ပေါင်းထောင်နှင့်ချီပြီး ကျင့်စဥ်ကျင့်ကြံခဲ့သည်။ သူ(မ)တွင် အင်အားကြီးသောမိစ္ဆာစွမ်းအားလည်းရှိပြီး နေ့တိုင်းသူ(မ)ကိုယ်တိုင် ဝတ်စုံအမျိုးမျိုးကိုဖန်တီးနိုင်သည်။ သို့သော်သူ(မ)၏ ဝါချိုချဥ်လေးက အလုပ်ဖြစ်မည်မဟုတ်ပေ။ သူ(မ)ဝတ်ဖို့စကပ်လှလှလေးများကိုဝယ်ရန် ရံဖန်ရံခါကူညီပေးရန်အလို့ငှာပိုက်ဆံအများအပြားရှာနိုင်သည့် မက်မွန်အစ်မတော်ကိုသာ အားကိုးလို့ရသည်။
ဤလူသားအမျိုးသမီးကသူ(မ)အပေါ်အလွန်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ(မ)အတွက်အစားအစာကောင်းကောင်းချက်ပေးပြီး ဝတ်စုံလှလှလေးလည်းဝယ်ပေးသည်။
ဤသည်ကအမေတစ်ယောက်ရှိခြင်း၏ခံစားချက်ပေလား....?
ဒီခံစားချက်လည်း မဆိုးလှပေ~
စာချုပ်လက်မှတ်ထိုးပြီး နံနက်ခင်းစောစောတွင် ဖုန်ယောက်ချင်းကကု ကုဆွေ့ဆွေ့အား ရိုက်ကူးရေးအဖွဲ့သို့ပို့လိုက်သည်။
"တိမ်မြှုပ်နေသော" ဟူသောရုပ်ရှင်က တူညီသောနာမည်နှင့်ဝတ္ထုမှ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်သည်။ ရိုက်ကူးရေးကို ဤနှစ်ဇန်နဝါရီလတွင်စတင်ခဲ့ပြီး ယခုမှာမတ်လလယ်ရောက်နေပြီဖြစ်၍ ရိုက်ကူးရေးကတစ်ဝက်ကျိုးနေလေပြီ။ အမျိုးသားဇာတ်လိုက်၏ကလေးဘဝဇာတ်ကွက်ကြောင့် သူတို့အားလုံးနောက်ဆုံးလတွင်ရိုက်ကူးရန် စီစဥ်ထားကြသည်။
ဇာတ်လိုက်ကကလေးတစ်ယောက်ဖြစ်သည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့တွင် ဂူစူးစူးကဲ့သို့သရုပ်ဆောင်ငယ်တစ်ယောက်ထက်မကသေချာပေါက်ရှိလိမ့်မည်။
သူတို့ရှာတွေ့ခဲ့ကြသောကလေးဒါဇင်လိုက်နှင့် လူအုပ်ကြီးမှာအားလုံး မျက်နှာစိမ်းများဖြစ်ကြသည်။ ရိုက်ကွင်းရှိဝန်ထမ်းက အချိန်တစ်ခုအထိလိုက်မကြည့်နိုင်ပေ။ မည်သူနောက်ကျကျန်ခဲ့သည်ကို သူတို့မသိချေ။
လူသားတစ်ယောက်ဖြစ်တာမကြာသေးကာ အလွန်အမင်းစူးစမ်းလိုသောကုဆွေ့ဆွေ့မှာ နောက်ကျကျန်ခဲ့သောသူဖြစ်သည်။ သူ(မ)ကဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ချောင်ထဲတွင်ပေါက်နေသော ပန်းရိုင်းလေးများကို တစ်ချက်ကြည့်လိုက်သည်။ သူ(မ)ထပြီးကြည့်လိုက်သည့်အချိန်တွင် လူတိုင်းမရှိတော့သည်ကိုတွေ့လိုက်ရသည်။ ရိုက်ကူးရေးအဖွဲ့၏အဝတ်လဲခန်းက မည်သည့်နေရာတွင်ရှိသည်ကိုလည်း သူ(မ)မသိ။
ဒါရိုက်တာချန်း၏ရုပ်ရှင်များကိုအပြီးမသတ်မချင်း အမြဲတမ်းလျှို့ဝှက်ထားရသည်။ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများကလည်းတင်းကျပ်ပြီး မည်သည့်အခါမှ အပြင်လူများကိုဆန္ဒရှိသလိုဝင်ထွက်ခွင့်မပြုချေ။ သရုပ်ဆောင်ငယ်လေးများ၏မိဘများပင် ထို့အတူဖြစ်သည်။ ထို့ကြောင့်ဖုန်ယိုချင်းက ယနေ့ကုဆွေ့ဆွေ့အားအဖော်မလိုက်ပေးခြင်းဖြစ်သည်။
"လူတွေရော?" ကုဆွေ့ဆွေ့လေးက သူ(မ)၏နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပတ်ဝန်းကျင်ကိုငေးကြောင်ကြောင်ကြည့်နေသည်။
သူ(မ)လမ်းပျောက်သွားပုံရသည်။
လူကြီးတစ်ယောက်ကိုမေးလိုက်ပါလား?
အူး...အစ်မ ထောင်ယောင်ဒီမှာရှိလျှင်ကောင်းလိမ့်မည်။ သူ(မ)ကိုအစွမ်းရှိပြီး နူးညံ့သောအစ်မနှစ်ယောက်ကအဖော်လိုက်ပေးလိမ့်မည်ဖြစ်သည်။ သူမပြဿနာတစ်ခုခုရှိသည့်အခါတိုင်း ကူညီဖြေရှင်းပေးရန် သူတို့အားတောင်းဆိုလို့ရသည်။
မနေ့ကမှသူ(မ)၏ဘဝအသစ်ကိုပျော်ပျော်ရွှင်ရွှင်အသားတကျနေနေသော နုနုနယ်နယ်ကလေး ကုဆွေ့ဆွေ့က သူ(မ)၏အစ်မတော်တာအိုယိုကို ရုတ်တရက်သတိရသွားပြီး ဝမ်းနည်းလာကာ မကောင်းလှသော အရာတစ်ခုခုကို သဘောပေါက်သွားသည်။
သူ(မ)ကအခြားကမ္ဘာသို့သွားခဲ့သည်လေ။ အစ်မတော်ထောင်ယောင်နှင့် အစ်မတော်ဒရိုင်ယတ်ကို မည်သည့်အခါမှ ထပ်ပြီးမတွေ့နိုင်တော့မည် မဟုတ်လား??
သဘောပေါက်သွားပြီးနောက် ကုဆွေ့ဆွေ့တစ်ယောက်ပိုပိုပြီး စိတ်ထိခိုက်လာသည်။ ထို့အပြင် သူ(မ)ကလူသားအစစ်ပြန်ဖြစ်လာသောကြောင့် သူ(မ)၏ကိုယ်ပိုင်ခန္ဓာကိုယ်ကငိုနေပြီး အရည်ပျော်သွားမည်ကို စိုးရိမ်စရာမလိုပေ။ ထို့ကြောင့်မျက်ရည်များကျလာပြီး ယခင်ကနှင့်မတူတော့ချေ။ ချုပ်တည်းထားပြီး ငိုဖို့မဝံ့ရဲ။
ကုဆွေ့ဆွေ့ကသူ(မ)၏ရုပ်ပိုင်းဆိုင်ရာတည်ဆောက်ပုံကြောင့် မကြာခဏကျယ်ကျယ်လောင်လောင်အော်ငိုလို့မရပေ။ သို့သော် သူ(မ)၏မျက်လုံးအကျိတ်က ကောင်းကောင်းတိုးတက်လာပြီး စိတ်အခြေအနေကအနည်းငယ်မတည်မငြိမ်ဖြစ်လာကာ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဝေ့သီလာသည်။ သူ(မ)မကျော်ဖြတ်နိုင်ခင်အထိ ထိုအကျင့်လေးကမပြောင်းမလဲ။
"ဟေး ကလေး ဒီမှာတစ်ယောက်တည်းပုန်းပြီးဘာလို့ငိုနေတာလဲ?" ဝါချိုချဥ်လေးကလုံးဝတစ်ယောက်တည်းငိုနေသည့်အချိန်တွင် အနည်းငယ်စိတ်မရှည်သည့် အမျိုးသမီးအသံကိုကြားလိုက်ရသည်။
ကုဆွေ့ဆွေ့ကဘေးပတ်ပတ်လည်တွင်လူများရှိသည်ကိုသတိထားမိပြီး သူ(မ)၏မျက်ရည်များကို လက်ဖမိုးနှင့်အလျင်အမြန်သုတ်လိုက်သည်။ အသံလာရာကိုသူ(မ)ကြည့်လိုက်သောအခါ ထိုနေရာတွင်လှပသော အမျိုးသမီးငယ်တစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည်။
သူ(မ)ကအပြာရောင်ဖျော့ဖျော့အစက်အပြောက်လေးများပါသည့်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်ခုံးများကအေးစက်ကာခပ်တန်းတန်းဖြစ်နေသည်။ သူ(မ)၏လက်ထဲတွင်လည်း ပူပူနွေးနွေးမီးညှိထားသော အမျိုးသမီးသောက်စီးကရက်ကိုညှပ်ထားကာ လက်ချောင်းထိပ်တွင် မီးခိုးငွေ့မှိန်မှိန်လေးများ လောင်ကျွမ်းနေသည်။
ကုဆွေ့ဆွေ့ကပေကလတ် ပေကလတ်လုပ်နေပြီး မျက်ရည်ပေါက်ကြီးများကျလာကာ သနားစဖွယ်ကောင်းလှသည်။ ဆို့နင့်နေရင်း သူ(မ)က တီးတိုးပြောလိုက်သည်။ "သမီးစဥ်းစားလိုက်တော့ အစ်မနှစ်ယောက်ကိုလွမ်းလာလို့ပါ"
ယခုအချိန်တွင် ဆူညံသံကို သည်းမခံနိုင်သော
ဖူရင်းယွီက ပြောလိုက်သည်။ "....ဒီငိုနေတဲ့ဟာလေးက ဘယ်ကနေလာတာပါလိမ့်? ငါ့ညီမလေးက ငိုစရာတစ်ခုခုများရှိလို့လားဆိုတာ သိချင်မိတယ်"
သူ(မ)ရှေ့တွင်ရှိနေသော ကလေးမလေးက ငိုနေသည်။ လူများကစိတ်မချမ်းမြေ့စေသော အလွန်အမင်းငိုယိုနေခြင်းမျိုးမဟုတ်ပေ။ သို့သော်လေသံမျိုးဖြင့်ငိုနေခြင်းဖြစ်သည်။ သူ(မ)နားထောင်ကြည့်သောအခါ မည်သည်ကိုမှမခံစားရချေ။ သို့သော် ထိုအခြင်းအရာကို သူ(မ)တွေ့လိုက်သောအခါ ထူးထူးခြားခြား နူးညံ့ညင်သာမိသွားသည်။
"ဟုတ်ပြီ ကလေး မငိုနဲ့တော့ ၊ ငါ့မှာယုန်ဖြူတော်ဖီကြီးရှိတယ် ၊ မင်းမငိုတော့ဘူးလို့ငါ့ကိုကတိပေးသရွေ့ ငါမင်းကိုပေးမယ်" ဖူရင်းယွီက စီးကရက်ကို နင်းခြေလိုက်သည်။ မြေပြင်ပေါ်ကိုပစ်ချလိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ချော့သည့်လေသံက အနည်းငယ်တုံးတိဆန်လှသည်။
ငိုသံလေးဖြင့်ကုဆွေ့ဆွေ့က မိန်းမပျိုအလှလေး၏လက်ထဲရှိယုန်ဖြူတော်ဖီ၏ လွှမ်းမိုးမှုအောက်တွင် တဖြေးဖြေးပိုပိုပြီးသေးငယ်သွားသည်။
ဖူရင်းယွီကချဥ်းကပ်လာပြီးအနီးကပ်တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက်ပေါ်လာသည့်ကလေးမလေးက အရမ်းကြီးနူးညံ့ပြီးမလှပနေမှန်း တွေ့လိုက်ရသည်။ ယခုလေးတင်ငိုထားသော မျက်ဝန်းကြီးကြီးတို့က ကြည်လင်သောနွေဦးရေစီးကြောင်းကဲ့သို့ ရွှန်းလဲ့နေပြီး သန့်စင်တောက်ပနေသည်။
မင်းသမီးတစ်ယောက်ဖြစ်သောကြောင့် ဖူရင်းဂယူက သူ(မ)၏သွင်ပြင်ကိုဓာတ်ပုံပိုစားစေရန် ထိန်းသိမ်းသည့်အနေဖြင့် မကြာခဏအစာရှောင်လေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ သွေးတွင်းသကြားဓာတ်လျော့နည်းသည့်လက္ခဏာများတိုးလာသောကြောင့် လိုအပ်မည်စိုး၍ သူ(မ)၏လက်ထောက်က များသောအားဖြင့် သူ(မ)ကုတ်အင်္ကျီထဲတွင် သို့မဟုတ် လွယ်အိတ်အိပ်ကပ်ထဲတွင် သကြားလုံးအနည်းငယ်ထည့်ထားပေးသည်။
ထိုအရာက ယနေ့အချိန်တွင် အသုံးဝင်လာလိမ့်မည်ဟု သူ(မ)မမျှော်လင့်ခဲ့ပေ။
ကုဆွေ့ဆွေ့ကလူသားတွေမှဖြစ်ပေါ်လာသော ခံစားချက်များနှင့်ပတ်သတ်ပြီး အလွန်စိတ်ထိခိုက်လွယ်သည်။ ဤမိန်းမပျိုဆီမှ သူ(မ)ကို မလိုမုန်းထားမှုမျိုးမခံစားရသောကြောင့် သတိမထားလိုက်ချေ။ ချိုချိသာသာကျေးဇူးတင်စကားပြောပြီးနောက် သကြားလုံးစက္ကူကို သံသယရှင်းရှင်းနှင့်ဖယ်လိုက်ပြီး အဝေးပစ်လိုက်သည်။ တော်ဖီလုံးကြီးကြီးကို သူ(မ)၏ပါးစပ်ထဲသို့ သွတ်သွင်းလိုက်သည်။
ကလေးမလေးကသူ(မ)၏ပစ္စည်းကိုမဆင်မခြင်ယူသွားသည်ကို တွေ့ရသောအခါ သူ(မ)လည်း
ကျေးဇူးဟု ပြောလိုက်မိသည်။ ဘာကြောင့်မှန်းမသိ နဂိုက သူ(မ)၏ဆိုးရွားနေသော စိတ်အခြေအနေက အများကြီးတိုးတက်လာခဲ့သည်။
ဖူရင်းယွီက "တိမ်မြှုပ်နေသော" ဟူသည့် IP ရုပ်ရှင်တွင် နံပါတ်တစ်အမျိုးသမီးဇာတ်လိုက်ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးတွင် နာမည်ကျော်တစ်ယောက်ကဲ့သို့ တည်ရှိမှုမျိုးဖြစ်သည်။
ဤတစ်ခေါက်တွင် သူ(မ)ကဖုန်းပိတ်ထားလိုက်ပြီး မည်သူမျှမရှိသောနေရာတစ်နေရာကိုရှာရန် ကိုယ်စားလှယ်နှင့်လက်ထောက်ကိုချန်ထားလိုပ်သည်။ သို့သော စိတ်အခြေအနေမကောင်းလှသောကြောင့် တစ်ယောက်တည်းနေချင်မိသည်။
တစ်ယောက်တည်းရှိနေပြီးနောက် မကြာလိုက်သည့်အချိန်တွင် အငိုသန်သည့်ကလေးမလေးနှင့် တွေ့ရလိမ့်မည်ဟု မည်သူထင်မည်နည်း။ ဆယ်မိနစ်ခန့်တစ်ယောက်တည်းငိုနေပြီး ရပ်မည့်လက္ခဏာလည်းမရှိပေ။ သူ(မ)သည်းမခံနိုင်တော့သောကြောင့် လာပြီးအငိုတိတ်အောင်လုပ်ရခြင်းဖြစ်သည်။
ကုဆွေ့ဆွေ့ကသူမပါးစပ်ထဲရှိတော်ဖီအရသာချိုချိုလေးကို အရသာခံလိုက်ပြီး ပါးမို့မို့လေးကိုကိုင်ထားကာ သူ(မ)နံဘေးရှိမိန်းမပျိုအလှလေးကို မမှိတ်မသုန်စိုက်ကြည့်နေသည်။
အကြီးတစ်ယောက်နှင့်အငယ်တစ်ယောက်တို့ နှစ်ယောက်လုံး ထိုင်စရာနေရာတစ်ခုကို အသီးသီးရှာတွေ့သွားကြသည်။ ကိုယ်တစ်ဝက်စီခြားထိုင်ကြပြီး နှစ်ယောက်လုံးစကားမပြောကြချေ။
ဖူရင်းယွီက ကလေးမလေး၏အကြည့်ပြင်းပြင်းကို သတိမထားမိလိုက်ချေ။ သူ(မ)တစ်ခဏလောက်တွေဝေသွားမိပြီးနောက် သူ(မ)၏ အိပ်ကပ်ထဲမှဖုန်းကိုဖြေးဖြေးချင်းထုတ်ယူလိုက်သည်။ ဖုန်းဖွင့်လိုက်ချင်းချင်း လွှဲသွားသောဖုန်းခေါ်ဆိုမှုတစ်ဒါဇင်လောက်ကို တွေ့လိုက်ရပြီး နောက်တစ်စက္ကန့်လောက်နေတော့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာသည်။
ခေါ်ဆိုသည့်သူကသူ(မ)၏ကိုယ်စားလှယ်ဖြစ်သည်။
ဖူရင်းယွီ၏အေးစက်စက်မျက်ခုံးတို့ကစိတ်မရှည်သည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဖုန်းပြန်ဖြေလိုက်ပြီး သူ(မ)အားမိတ်ကပ်လိမ်းရန်ဂရုတစိုက်သတိပေးနေသော တစ်ဖက်မှလေသံကို ကြားလိုက်ရသည်။ ထို့နောက် အေးတိအေးစက်နှင့်ပြန်ဖြေလိုက်သည်။ "ငါသိပြီ"
စကားပြောပြီးနောက် သူ(မ)ဖုန်းကို ချက်ချင်းပဲချပစ်လိုက်သည်။
နံဘေးတွင်ရှိသော ကုဆွေ့ဆွေ့က သူ(မ)ထလာသည်ကိုမြင်သောအခါ ရုတ်တရက်မေးလာသည်။ "မမလှလှ အခုထွက်သွားတော့မှာလား?"
"အင်း ငါ့မှာအလုပ်ရှိသေးတယ်လေ" ဖူရင်းဂယူကတစ်ခဏမျှစဥ်းစားလိုက်ပြီး သူ(မ)အိပ်ကပ်ထဲတွင်ကျန်ရှိနေသော ယုန်ဖြူတော်ဖီကြီးနှစ်ခုကို ကုဆွေ့ဆွေ့၏နူးညံ့သောလက်ကလေးများထဲသို့ သိပ်ထည့်ပေးလိုက်သည်။ "ဒီမှာမလှုပ်ပဲစောင့်နေ ၊ မင်းကိုတစ်ယောက်ယောက်လာပြီးရှာလိမ့်မယ်"
ဤနေရာက "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်လမ်း၏ရိုက်ကွင်းနေရာဖြစ်ပြီး တစ်ခြားလူများမဝင်နိုင်ပေ။ ကလေးမလေးက ဤနေရာတွင်ပေါ်လာသောကြောင့် သူ(မ)ကရိုက်ကူးရေးအဖွဲ့ရှိ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေလိမ့်မည်။
ကလေးတစ်ယောက်ကထိုနေရာတွင်ပျောက်သွားသည်ကို ရိုက်ကူးရေးအဖွဲ့သားများက လာပြီးမရှာဖွေနိုင်ချေ။ သူတို့က အရှက်ကွဲအကျိုးနည်းဖွယ်ရာ တာဝန်ယူမှုမျိုးကို မခံနိုင်ကြပေ။ အဆုံးမှာတော့ သူတို့ပြဿနာလုပ်မိလျှင် ကလေးမိဘများက ကိုင်တွယ်ဖြေရှင်းရန်လွယ်ကူမည်မဟုတ်ချေ။
"မမလှလှ မမကလူကောင်းတစ်ယောက်ပဲ" ကုဆွေ့ဆွေ့၏ မီးတောင်ကျောက်နက် မျက်ဝန်းများက ကွေးတက်သွားပြီး အလေးအနက်ပြောလာသည်။
ထိုစကားကိုသူ(မ)ကြားသောအခါ ဖူရင်းဂယူတစ်ယောက်အံ့အားသင့်သွားပြီး စိတ်ထဲတွင်အော်ရယ်လိုက်မိသည်။ တော်ဖီအနည်းငယ်ပေးပြီး စကားလုံးအနည်းငယ်ဖြင့်လူကောင်းတစ်ယောက်ကိုချော့ဖို့ ဘယ်နည်းနှင့်မှမဖြစ်နိုင်ချေ။
သူ(မ)ကဘာကိုမှမသိနားမလည်သော ကလေးတစ်ယောက်သာသာဖြစ်သည်ဟု အသေအချာပင်။
နှစ်အတော်ကြာ အဆင့်မြင့်မြင့်ရောက်အောင် သူ(မ)လုပ်ခဲ့ရသော မကောင်းသည့်အရာများကို မရေတွက်နိုင်ချေ။
ဤတစ်ခေါက်တောင်မှ အဆင့်တူရုပ်ရှင်မင်းသမီးတစ်ယောက်ကို အမှီပြု၍ IP ရုပ်ရှင်ဇာတ်ကားကြီးအမျိုးသမီးဇာတ်လိုက် နံပါတ်တစ်နေရာကို ရသွားခြင်းဖြစ်သည်။
သူ(မ)၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်သည်လည်း အမြစ်မှ ပုပ်ဆွေးနေပြီဖြစ်သည်။ ။
Xxxxxxxx