အပိုင်း ၆
Viewers 782

အပိုင်း ၆

 

 

 

 

 

 

 "အစ်ကို၊ အစ်ကိုက အရမ်းကြင်နာတတ်တာပဲ။ သဘက်ခါ တွေ့ကြမယ် "

 

 

 "ဂရုစိုက်ဦး "

 

 

 "အစ်ကို၊ တစ်စုံတစ်ယောက်ကို ခေါ်လာပြီး ငါတို့ကို လာကြိုပေးရင် အဖေနဲ့အမေ အရမ်းပျော်သွားမယ်လို့ထင်တယ်နော် "

 

 

ကျိုးယန်ယန်သည် နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေပြီး တရုတ်နိုင်ငံက ဖျော်ဖြေရေးသတင်းများကို မကြာခဏဆိုသလို သတင်းရယူခဲ့သည်။

 

 

  သူမ၏အစ်ကိုနှင့် ချန်းရင်က ခေါင်းစည်းသတင်းတွေ အကြိမ်ပေါင်းများစွာ တွဲပါဖူးတာကြောင့် သူတို့ကြားမှာ တစ်ခုခုတော့ ရှိရမည်။

 

 

 "ကလေးမလေး -"

 

 

 "ငါ အသက် ၂၂ နှစ်ရှိပြီ။ ငါ့ကို ကလေးလို မဆက်ဆံနဲ့"

 

 

 ကျိုးရှို့လင်း အနည်းငယ် ကြက်သေ​သေသွားရသည်။ကျန်းရှောင်လည်း အသက် ၂၂ နှစ်ဆိုပေမယ့် သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေက လုံးဝကွဲပြားသည်။

 

 

  သူတို့ရဲ့ နေထိုင်မှုပတ်ဝန်းကျင်က မတူညီတဲ့အတွက် သူတို့ရဲ့ စရိုက်တွေကလည်း သဘာဝအတိုင်း ကွဲပြားသည်။

 

 

 ကျိုးရှို့လင်း ဘာမှပြန်မပြောတော့ ကျိုးယန်ယန်ကပြောလိုက်သည်။  "အစ်ကို၊ အစ်ကို အနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး။ ဂွတ်နိုက်"

 

 

 "ဂွတ်နိုက်"

 

 

 နောက်တစ်နေ့ နေ့လည်ခင်းတွင် ကျန်းရှောင်တစ်ယောက် ဟွမ်ယာ၊ လီလီတို့နှင့်အတူ နေ့လည်စာ အတူစားရန် သဘောတူထားကြသည်။

 

 

 လီလီ၏ ကိုယ်ဝန်ကို တွေးတောရင်း သုံးယောက်သား ပေါ့ပါးသော အစားအစာကို မှာယူခဲ့ကြသည်။

 

 

 လီလီ ရှက်ရွံ့သလိုခံစားရပြီး ပြောလိုက်သည်။ "နင်ကြိုက်တာ မှာကြလေ။ ကျန်းရှောင်၊ နင်ကစပ်တဲ့အစားအစာကို ကြိုက်တာမလား။ အမဲသားအစပ် မှာရအောင်လေ "

 

 

 ကျန်းရှောင် အမြန်အဆန်ပြောလိုက်သည်။ "မလိုပါဘူး၊ငါဒီနောက်ပိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားဖို့ ကြိုးစားနေလို့။ ဒါကြောင့် ပေါ့ပေါ့ပါးပါးဟာ တစ်ခုခုကိုပဲမှာမှာမယ်"

 

 

 ဟွမ်ယာက ရယ်လိုက်သည်။ "ဟုတ်တယ်၊ ငါ သူ့ကို အာမခံပေးနိုင်တယ်"

 

 

လီလီ ခေါင်းညိတ်လိုက်သည်။ "ကျန်းရှောင်၊ နင် အလုပ်တွေရှုပ်နေမှာပဲ။ ဒါကြောင့်မို့ နင့်ရဲ့ အစားအသောက်ကို တကယ် အာရုံစိုက်ဖို့ လိုတယ်နော်"

 

 

 "ငါတို့ ရိုက်ကွင်းပေါ်ရောက်နေရင် ငါတို့ ထမင်းဘူးတွေစားဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူး"

 

 

 "သြော်၊ ပြောရဦးမယ်။ ငါ သတို့သမီးအရံတစ်ယောက်လိုနေတယ်။ နင်တို့ နှစ်ယောက်ထဲက ဘယ်သူက ငါ့သတို့သမီးအရံ လုပ်ပေးနိုင်မလဲ"

 

 

 ဟွမ်ယာက ကျန်းရှောင်ကို လက်ညှိုးထိုးလိုက်သည်။

 

 

"  ငါမလုပ်ပေးနိုင်ဘူး" ကျန်းရှောင် ခေါင်းခါလိုက်သည်။

 

 

လီလီနှင့် ဟွမ်ယာတို့ နှစ်ယောက်စလုံး သူမကို ကြည့်နေကြသည်။

 

 

ကျန်းရှောင် အတင်းပြုံးလိုက်သည်။" ငါက မသင့်တော်ဘူး။  ငါ့မိသားစုအခြေအနေက... လက်ထပ်ဖို့အတွက်ဆိုတာ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိတယ်"

 

 

 သတို့သမီးအရံက ကံကောင်းခြင်းရှိတဲ့သူဖြစ်သင့်ပြီး သူမက မသင့်တော်ပေ။

 

 

 "နင် ဘာအကြောင်းပြောနေတာလဲ"  လီလီက အလေးအနက်ပြောလိုက်သည်။

 

 

 "ကျန်းရှောင်၊ ငါတို့က အတန်းဖော် ဖြစ်လာကြတာ လေးနှစ်လောက်ရှိပြီ။ နင်ဘယ်လို လူမျိုးလဲဆိုတာ ငါမသိဘူးလို့ ထင်နေတာလား"

 

 

 ဟွမ်ယာ ပြောလိုက်သည်။ "ဒါဆို ငါလုပ်မယ်။ ငါ အရင်က မလုပ်ဖူးဘူး"

 

 

ကျန်းရှောင် သူမရဲ့နှုတ်ခမ်းတွေကို သပ်ပြီး ပြုံးလိုက်သည်။

 

 

 ထမင်းစားနေစဉ်တွင် သူတို့ သုံးယောက်သား စကားစမြည် ပြောဆိုခဲ့ကြသည်။  လီလီသည် သူမ၏ ကိုယ်ဝန်အကြောင်းကို ပြောပြခဲ့ပြီး ကျန်းရှောင်က ရံဖန်ရံခါ မေးခွန်းများမေးကာ ဂရုတစိုက်နားထောင်ခဲ့သည်။

 

 

ဟွမ်ယာက စနောက် ခဲ့သည်။ "ကျန်းရှောင်၊ နင် ဘာလို့ ကလေးလေးတွေကို အရမ်းစိတ်ဝင်စားနေတာလဲ။ နင်လည်းကလေး လိုချင်နေလို့လား"

 

 

ကျန်းရှောင်၏ လက်သည် တုန်ခါသွားပြီး သူမ၏ ခွက်ထဲက ဖျော်ရည်တွေ ဖိတ်ကျလုနီးပါးဖြစ်သွားသည်။  "ရုတ်​တရက်​ကြီး ဗိုက်​ထဲမှာ က​လေးတစ်​​ယောက်​​ပေါ်လာတာက အံ့သြစရာပဲလို့ထင်​လို့ပါဟ​"

 

 

 "ဒါဆို မြန်မြန် အိမ်ထောင်ပြုလိုက်တော့။ အဲ့လိုဆို နင်  လီလီကို အားကျနေစရာမလိုတော့ဘူး"လို့ ဟွမ်ယာက ဟာသလုပ်ပြောခဲ့သည်။

 

 

ကျန်းရှောင်ရဲ့ မျက်နှာ တင်းမာသွားသည်။ "ငါ အခု ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကိုပဲ အာရုံစိုက်ရမယ်"

 

 

 လီလီ သက်ပြင်းချလိုက်သည်။ "ငါ နင်တို့တွေကိုအားကျတယ်။ အခုကစပြီး ငါက မျက်နှာဝါတဲ့ အိမ်ထောင်ရှင်မ ဖြစ်တော့မယ်"

 

 

 ကျန်းရှောင်နဲ့ ဟွမ်ယာတို့ နှစ်ယောက်စလုံးက သူမကို အရွှန်းဖောက်ပြီးစနောက်ခဲ့သည်။

 

 

 “နင်က ဘွဲ့လက်မှတ်နဲ့ အိမ်ထောင်ရေး လက်မှတ် နှစ်ခုစလုံးနဲ့ ဘဝမှာ အောင်နိုင်သူဖြစ်ပြီးတော့ ခြောက်လအတွင်း နင့်ရဲ့ကိုယ်ပိုင်ရင်သွေးလေး ထွက်လာတော့မယ်။ အဲ့တာက တကယ့်အကြီးကြီး မဟုတ်ဘူးလား"

 

 

လီလီ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။  "အဲဒါက တခြားနေတွေတုန်းက ငါ့ရဲ့တုံ့ပြန်မှုကို နင်မမြင်လို့ဘဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဝန်ရှိဖို့ဆိုတာ မလွယ်ကူဘူး။  ဒါပေမယ့် ငါ့ရင်သွေးက ငါ့ကိုယ်ထဲမှာ ခံစားချက်တွေရှိနေသလိုမျိုး ခံစားရတယ်"

 

 

ဟွမ်ယာက အဲ့တာဟာ မယုံနိုင်လောက်အောင်ဖြစ်နေတာကို တွေ့သွားသည်။  "ဒါနဲ့ တအားသေးသေးလေးကို ခံစားချက်​​တွေ  ရှိနေပြီလား"

 

 

 လီလီ ခေါင်းညိတ်လိုက်သည်။  "အနာဂတ်မှာ နင် ကိုယ်ဝန်ရလာတဲ့အချိန် သိလာလိမ့်မယ်။ ဘဝက အံ့သြစရာတွေကြီးပါပဲ "

 

 

 လီလီ၏ ရွှင်မြူးနေတဲ့အကြည့်ကို မြင်လိုက်ရတော့ ကျန်းရှောင် ပို၍ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။  ဒီအစားအသောက်က သူမရဲ့ အတွေးတွေကို ဖယ်ထုတ်မပစ်ဘူး ဒီကလေးကို သူမဆက်ပြီး ထိန်းမထားနိုင်ခဲ့ဘူး။

 

 

 နောက်နေ့ မနက်စောစောမှာ ကျန်းရှောင် တစ်ယောက်တည်း ဆေးရုံသွားခဲ့သည်။  သူမသည် မက်စ်နှင့်  ဦးထုပ်ကိုဆောင်းထားကာ စာရင်းသွင်းဖို့ တန်းစီပြီး ထူးထူးခြားခြား ငြိမ်သက်နေခဲ့သည်။

 

 

 နှစ်တွေကြာလာတာနဲ့အမျှ သူမ ဘယ်သူ့ကိုမှ အားမကိုးတတ်တော့တာကို ကျင့်သားရခဲ့သည်။

 

 

 ဒါပေမယ့်လည်း တခြားသူတွေက သူမကို သနားစိတ်ဖြင့် ကြည့်လာသောအခါ သူမ သည်းမခံနိုင်ခဲ့ပေ။ ကျန်းရှောင်က သူမကိုယ်သူမ အထူးသနားစရာကောင်းတယ်လို့ မခံစားခဲ့ရဘူး၊ ဒါက သူမလိုချင်တဲ့အရာတစ်ခုကို ရရှိဖို့အတွက် ပေးရတဲ့အဖိုးအခပဲ။

 

 

ကျန်းရှောင်က လက်တွေ့ကျတဲ့ သူတစ်ယောက်ဖြစ်ပြီး သူမက တောင်တက်ရန် အိပ်မက်မမက်ခဲ့ပေ။  လွန်ခဲ့သည့်တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းတွင် လူမှုဆက်ဆံရေး လှေခါးကိုတက်ရန် သားသမီးများကို အသုံးပြုတဲ့ အမျိုးသမီးကြယ်ပွင့်များ၏ ပုံပြင်များစွာကို သူမ ကြားခဲ့ဖူးသည်။

 

 

ကျိုးရှို့လင်း မကြာသေးခင် နှစ်တွေအတွင်းမှာ အဲ့လိုအခြေအနေမျိုး ကြုံတွေ့ခဲ့ရလား။

 

 

 အနာဂတ်မှာ သူမ နောင်တ ရနိုင်မလားဆိုတာကို သူမ မသိပေမယ့် နကျယ်ကောင်ရဲ့ ထိုးတာခံရသလိုမျိုး သူမရဲ့ နှလုံးသားထဲမှာ နာကျင်မှုတွေ ရှိနေတုန်းပဲ၊ နာကျင်မှုက သူမကို ဖြည်းဖြည်းချင်း စုပ်ယူသွားသည်။

 

 

 ခွဲစိတ်မှုအား မွန်းလွဲပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။  ဖောင်ကို လက်မှတ် ရေးထိုးသောအခါတွင် သူမ၏ နှလုံးသား ခံစားချက်ကို မဖော်ပြနိုင်ခဲ့ပေ။ ဗလာဖြစ်နေသည်။ 

 

 

သူမဘနာမည်ရေးတဲ့အခိုက်မှာ နှလုံးသားရဲ့ဆန္ဒတွေပြည့်နေတဲ့ မီးပုံးပျံတစ်လုံးကို ဖောက်ပစ်လိုက်သလိုမျိုး ဘယ်လောက်အထိ ဆုံးဖြတ်ချက်ချရမယ်ဆိုတာကို သူမပဲ သိသည်။

 

 

 သူမ ဗိုက်ကို ကိုင်ပြီး တိုးတိုးလေး ပြောလိုက်မိသည်။ "ပဲပင်ပေါက်လေး။ မေမေ တောင်းပန်ပါတယ်" 

 

 

 ကျိုးရှို့လင်က ထိုနေ့တွင် လေဆိပ်သို့သွားစဉ် သူ့ဖုန်းက အဝေးပြေးလမ်းမတစ်နေရာမှာ မြည်လာခဲ့သည်။  ဖုန်းခေါ်နေတဲ့သူ နာမည်ကိုတွေ့တော့ သူ မျက်ခုံး​ကျုံ့သွားခဲ့သည်။

 

 

 "မစ္စတာ ကျိုး၊ မစ္စကျန်း ဆေးရုံကို သွားတယ်"

 

 

 "သူမ ဘာဖြစ်လို့လဲ"ကျိုးရှို့လင်းရဲ့မျက်နှာက ရုတ်တရက် ပြောင်းသွားသည်။

 

 

 "မစ္စကျန်းက ကိုယ်ဝန်ဖျက်ချဖို့ ချိန်းထားတာ"

 

 

ကျိုးရှို့လင်းသည် များသောအားဖြင့် ငြိမ်သက်နေလေ့ရှိပြီး သူ့ခံစားချက်များကို မပြတတ်သော်လည်း ယခုအချိန်တွင်တော့ သူ့မျက်နှာက တင်းမာလာသည်။  သူ ဖုန်းချလိုက်ပြီး ကျန်းချင်ကို ချက်ချင်းဖုန်းဆက်လိုက်သည်။

 

 

 သူက ရှင်းရှင်းလင်းလင်းနဲ့ ဖြည်းညှင်းစွာပြောခဲ့သည်။ "ဘာပဲဖြစ်နေဖြစ်နေ မင်း ကျန်းရှောင်ကို အခုချက်ချင်း ကုမ္ပဏီကို လာဖို့ဖုန်းခေါ်ရမယ် "

 

 

ကျန်းချင်သည် ကျိုးရှို့လင်း ဤကဲ့သို့ အရေးတကြီး လေသံဖြင့် ပြောတာကို တစ်ခါမှ မကြားဖူးပေ။  "ဟုတ်ကဲ့ မစ္စတာ ကျိုး"

 

 

 "ငါခေါ်ခိုင်းတယ်လို့ မပြောနဲ့၊ သူမကို နှစ်သိမ့်ပေး။ နှစ်နာရီလောက်ကြာရင် ငါ ပြန်လာခဲ့မယ်"

 

 

"နားလည်ပါပြီ" ကျန်းချင်က အံ့ဩသွားပြီး ကျိုးရှို့လင်း ဒီလို ပြင်းပြင်းထန်ထန် တုံ့ပြန်အောင် ကျန်းရှောင် ဘာလုပ်လိုက်မိလဲဆိုတာကို သူ သိချင်သွားသည်။ သူမ ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့လို့လား။

 

 

 ဖုန်းချပြီးနောက် ကျိုးရှို့လင်းက ဒရိုက်ဘာကို ပြောလိုက်သည်။  "ကုမ္ပဏီကို ပြန်သွား"

 

 

ဒရိုက်ဘာက အံ့သြသွားသည်။  "ကျွန်​​တော်​တို့ မစ္စတာနဲ့ မစ္စစ်ကို သွားကြိုမှာမဟုတ်​ဘူးလား"

 

 

ကျိုးရှို့လင်း၏ ကြောက်စရာကောင်းတဲ့ အကြည့်ကို မြင်ပြီးနောက် သူ မြန်မြန်ပြောလိုက်သည်။ “ကျွန်တော် ပြန်လှည့်လိုက်မယ်။ မြန်မြန် မောင်းပေးပါ့မယ်"

 

 

ကျိုးရှို့လင်းသည် အေးစက်တဲ့မျက်နှာနှင့် မျက်မှောင်ကျုံ့ကာ တိတ်ဆိတ်နေခဲ့သည်။  ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကို တည်ထောင်ပြီးကတည်းက ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးကို သူ တစ်ခါမှ မကြုံဖူးပေ။

 

 

 သူ့လက်ကို မြှောက်ပြီး နဖူးကို ပွတ်လိုက်သည်။ ကျန်းရှောင် တကယ်ပါပဲ....

 

 

သူ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ကျန်းချင်ဆီ ဖုန်းပြန်ဆက်လိုက်သည်။ "သူမကို စကားကောင်းကောင်းပြော။ သူမကို မခြောက်လန့်မိစေနဲ့"

 

 

ကျန်းချင် ချွေးတွေထွက်နေပြီ။  ဖြစ်ပျက်ခဲ့တာတွေကို တစ်ယောက်ယောက်များ ပြောပြနိုင်မလား။

 

 

ကျန်းရှောင် သူမ၏ သွေးစစ်မှု ပြီးဆုံးပြီးနောက် ခွဲစိတ်မှု မပြုမီ သူမနှင့် စကားပြောရန် ဆရာဝန်က တောင်းဆိုခဲ့သည်။

 

 

 "မင်းရဲ့သွေးအမျိုးအစားကို သိလား"လို့  ဆရာဝန်ကမေးခဲ့သည်။

 

 

ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။

 

 

 ကျန်းလို့ မိသားစုအမည်ရှိတဲ့ အသက်ငါးဆယ်ဝန်းကျင် ခွဲစိတ်ဆရာဝန်ကြီးက အလွန်ကြင်နာတတ်တဲ့သူတစ်ယောက်ပါ။ သူမ နူးနူးညံ့ညံ့လေး ပြောခဲ့သည်။

 

 

 "ကိုယ်ဝန်ဖျက်ချတဲ့ ခွဲစိတ်မှုက မင်းရဲ့ အနာဂတ် ကိုယ်ဝန်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး သန္ဓေသားမှာ သွေးနီဥများတာမျိုး ဖြစ်စေနိုင်တယ်"

 

 

ကျန်းရှောင် ခေါင်းငိုက်စိုက်ကျပြီး သူမရဲ့စိတ်ထဲ ထိမိသွားသလို ခံစားလိုက်ရသည်။  သူမ၏ နက်မှောင်သော မျက်လုံးများက ဆရာဝန်ကို ကြည့်လိုက်သည်။ "အဲ့တာက အရမ်းအန္တရာယ်များလား"

 

 

 ဆရာဝန်က ခေါင်းညိတ်ပြခဲ့သည်။ "ဒါက အနာဂတ်မှာ မင်းကိုယ်ဝန် မရနိုင်တော့တဲ့အထိတောင် ဖြစ်နိုင်တယ်"

 

 

ကျန်းရှောင် ဖျော့တော့သွားသည်။ ဒီလောက် လေးနက်တယ်ဆိုတာ သူမ တကယ်မသိခဲ့ပေ။

 

 

 "မင်းက အရမ်းငယ်သေးတာပဲ။ ငါ့ရဲ့ အကြံပြုချက်နဲ့ မင်းဒါကို နည်းနည်းလောက် စဉ်းစားကြည့်ပါဦး" ဟု ဆရာဝန်က ပြောလိုက်သည်။

 

 

 "ဒေါက်တာ ကျန်း ကျွန်မ ... ကျွန်မ အဲဒါကို ပြန်စဉ်းစားကြည့်လိုက်ပါဦးမယ်"  လို့ ကျန်းရှောင် ပြောလိုက်သည်။

 

 

 "အခုသွားလို့ရပါပြီ"

 

 

ကျန်းရှောင် တစ်ယောက်တည်း စင်္ကြံပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။  မူလတန်းကျောင်းတွင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတစ်ခုပြုလုပ်စဉ်မှာ သူမသည် Rh-negative O သွေးအမျိုးအစား ဖြစ်ကြောင်း သိရှိခဲ့သည်။  သူမအဖေမှာ ဒီသွေးအမျိုးအစား မရှိတဲ့အတွက် သူမ အမေဆီက အမွေဆက်ခံထားတာပဲ။

 

 

 ပြတင်းပေါက်အပြင်ဘက်ရှိ ဂျင်ဂို သစ်ပင်တွင် ထင်ရှားသောငှက်သိုက်တစ်ခုရှိသည်။ ငှက်ကလေးအများအပြားသည် ယခုမှပေါက်လာတာဖြစ်ပြီး ကျယ်လောင်စွာ အော်ဟစ်နေကြကာ ၎င်းတို့၏မိခင်က ၎င်းတို့အား သစ်ကိုင်းတစ်ခုပေါ်တွင် သတိထားပြီး စောင့်ကြပ်နေသည်။

 

 

 မိခင်တိုင်းက သားသမီးတွေကို ကာကွယ်ကြတာလား။

 

 

ကျန်းရှောင် စိတ်ရှုပ်ထွေးနေသည်။