အပိုင်း ၇
Viewers 2k

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၇

 

 

 

 

 

 

သူမရဲ့ ဖုန်းသံမြည်လာခဲ့ပြီး အတွေးတွေကို အနှောင့်အယှက်ပေးခဲ့သည်။ သူမ နံပါတ်တစ်ခုကို မြင်ပြီး ကြော်ငြာတစ်ခုဟု ထင်နေသောကြောင့် ဘာမှတွေးတောမနေဘဲ ဖုန်းချလိုက်သည်။

 

 

ကျန်းချင် ဖုန်းကိုကိုင်ပြီး အော်လိုက်သည်။  "ဘာလို့ဖုန်းပြန်မဖြေတာလဲ" 

 

 

သူမရဲ့နံပါတ်ကို ထပ်ခေါ်လိုက်သည်။

 

 

ကျန်းရှောင်က အဲ့တာဟာ စောနက နံပါတ်နဲ့ အတူတူပဲဆိုတာကိုမြင်တော့ သူမက အင်တင်တင်နဲ့ ကိုင်လိုက်သည်။ "ဟယ်လို..."

 

 

 "ကျန်းရှောင်၊ ငါပါ ကျန်းချင် "

 

 

ကျန်းရှောင် အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။ "လက်ထောက် ကျန်း၊ ကျွန်မဆီက လိုအပ်တာများရှိလို့လားရှင့် "

 

 

ကျန်းချင် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "အရမ်း အရေးကြီးတာ တစ်ခုရှိတယ်။ မင်း အခုအချိန်ရလား။ လူချင်းတွေ့ပြီး စကားပြောရအောင်"

 

 

 "ကျွန်မ အားလပ်ရက် ယူထားတယ်လေ " လို့ ကျန်းရှောင် ပြန်ဖြေလိုက်သည်။

 

 

 "ကျောက်ရှင်းရန်နဲ့ မစ္စတာ မိုတို့ အတူတူ ဓာတ်ပုံရိုက်ခံထားကြရတယ်။ သူမက လက်ရှိမှာ မြင့်တက်နေတဲ့သူတစ်ယောက် ပြီးတော့ မစ္စတာမိုက နယ်ပယ်မှာ နာမည်ကြီး ပလေးဘွိုင်တစ်ယောက်။ ဓာတ်ပုံတွေကို လူသိရှင်ကြားတင်လိုက်မယ်ဆိုရင် သူမရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိလာမှာ။ ငါတို့  တတ်နိုင်သမျှ အဖြေရှာဖို့ ကြိုးစားနေကြတာ။ သွားလည်နေတာကနေ ပြန်လာပေးလို့ရမလား "

 

 

ကျန်းချင်သည် အလွန်ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခုဟု တွေးကာ သူ့ဦးနှောက်ကို တွန်းထုတ်လိုက်သည်။

 

 

 အမှန်တကယ်ကို ကျန်းရှောင်က သဘောတူခဲ့သည်။ "ကျွန်မ ကျင်းချန်မှာ ရှိနေသေးတယ်။ အခု ကုမ္ပဏီကို လာခဲ့မယ်။ တစ်နာရီလောက်တော့ ကြာလိမ့်မယ်နော်"

 

 

 "မင်း ရောက်လာတဲ့အချိန်ကျမှ ငါတို့ ဆက်ပြီးဆွေးနွေးကြတာပေါ့"လို့ ကျန်းချင် ပြောလိုက်သည်။

 

 

 "ကျေးဇူးတင်ပါတယ်။ လက်ထောက် ကျန်း"

 

 

 ကျန်းချင် အတွင်းစိတ်ထဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး "အဲ့အစား ငါကမင်းကို ကျေးဇူးတင်သင့်တာ" လို့ တွေးလိုက်သည်။

 

 

ကျန်းရှောင် သိပ်စဉ်းစားမနေဘဲ ဒေါက်တာ ကျန်း ရဲ့ရုံးခန်းကို သွားလိုက်သည်။ "ဒေါက်တာ ကျန်း၊ ကျွန်မ ဒီနေ့သွားစရာတစ်ခုရှိလို့ ကျွန်မ ခွဲစိတ်မှု မလုပ်ဖြစ်တော့ဘူး။ တောင်းပန်ပါတယ်ရှင့် "

 

 

 တစ်ခါတရံ အလုပ်က ခဏတာ ထုံကျင်သွားတတ်ပြီး ဒါကိုလုပ်ခြင်းအားဖြင့် အချိန်ဆွဲဖို့ ရွေးချယ်ခဲ့သည်။

 

 

 ဒေါက်တာ ကျန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "သွားပါ။ ဘဝဆိုတာ ရှည်လျားပါတယ်၊ ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစား။ ငါ့သမီးဆို မင်းထက် အသက်နှစ်နှစ်ကြီးတယ်"

 

 

 ကျန်းရှောင်က သူမအား ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။ သူမမှာ အမေမရှိပေမယ့် ခက်ခဲတဲ့အခြေအနေရောက်တိုင်း ဒီလို နွေးထွေးတဲ့စကားတွေကို သူမ ကြားရသည်။

 

 

ကျန်းရှောင် ရုတ်တရက် သက်ပြင်းချလိုက်သည်။  ကုမ္မဏီကို အပြန်လမ်းမှာ သူမ ဗိုက်ထဲက ပဲပင်ပေါက်လေးအကြောင်း ဆက်တွေးနေခဲ့သည်။

 

 

ဆက်ပြီး လွယ်ထားနိုင်သည်ဖြစ်စေ မလွယ်ထားနိုင်သည်ဖြစ်စေ ဆုံးဖြတ်ချက်ဆိုတာက အတွေးတစ်ခုသာဖြစ်သည်။

 

 

ကုမ္ပဏီသို့ သူမရောက်သောအခါ ပထမထပ်ရှိ ဧည့်ခန်းတွင် လက်ထောက် ကျန်းတစ်ယောက် စိုးရိမ်တကြီး လှည့်ပတ်သွားနေသည်ကို တွေ့လိုက်ရသည်။

 

 

 ကျန်းရှောင် သူ့ကိုယ်သူ တွေးကြည့်လိုက်တော့ ကုမ္ပဏီက ဆက်လက်မြင့်တက်နေတဲ့ကြယ်ပွင် ကျောက်ရှင်းရန်ကို တကယ်တန်ဖိုးထားပုံရသည်။

 

 

 "လက်ထောက် ကျန်း...."

 

 

 "ကျန်းရှောင် နောက်ဆုံးတော့ မင်းရောက်လာတာ တွေ့ရတာ အရမ်းကောင်းတယ်"

 

 

 "တောင်းပန်ပါတယ် ယာဉ်ကြောပိတ်နေလို့"

 

 

 "ကိစ္စမရှိပါဘူး၊ ပြဿနာမရှိဘူး၊ ငါတို့ စောနေပါသေးတယ်"

 

 

 "ဟမ်"

 

 

 "အရင်ဆုံး အပေါ်ထပ်တက်ရအောင်၊ စကားမစပ်၊ မင်းမှာ အရေးကြီးတာ တစ်ခုရှိလို့ နားရက်ယူထားတာလား"

 

 

 ကျန်းရှောင် သဘောတူတဲ့ အသံပြုလိုက်သည်။ " ကိုယ်ရေးကိုယ်တာ ကိစ္စပါပဲ"

 

 

 နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ဝင်သွားကြသည်။ ကျန်းချင်က ကျန်းရှောင် အသေးစိတ်မပြောချင်တာကို မြင်တော့ အကြောင်းအရာကို ပြောင်းလိုက်သည်။

 

 

 "အခြေအနေကို ပြေပြေလည်လည်နဲ့ထိန်းထားဖို့

PR ဌာနကို အခုပဲ တောင်းဆိုထားပေမယ့် Weekly Eight ​ကနေ ပြန်ကြားတာတော့ မရှိသေးဘူး။

 

 

 ကျန်းရှောင် မျက်မှောင်ကျုံ့လိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ဒီအတွက် ကုန်ကျစရိတ် ရှိမှာလား"

 

 

 ကျန်းချင် ပြုံးလိုက်သည်။ "အဲဒါကို စိတ်မပူပါနဲ့၊ ငါ့ကို ဗျူဟာကောင်းကောင်းနဲ့ ကူညီပေးပေါ့။ နောင်မှာ အခွင့်အရေးရတဲ့အခါ ကျောက်ရှင်းရန်ကို အကြံပေးဖို့ ကြိုးစား။ ရှေ့ဆက်ရမယ့်လမ်းက ရှည်လျားပါတယ်"

 

 

ကျန်းရှောင် သဘောပေါက်သွားသည်။

 

 

ကျန်းချင်သည် ကျိုးရှို့လင်းရဲ့ ရုံးခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ သူတို့  တံခါးဝဆီ ရောက်တော့ သူမ ရပ်သွားခဲ့သည်။

 

 

"လက်ထောက် ကျန်း...." သူမ သူ့ကို ပဟေဠိဖြစ်စွာ  ကြည့်လိုက်မိသည်။

 

 

 ကျန်းချင် အချိန်ကို စစ်လိုက်သည်။  "မစ္စတာ ကျိုးက သူ နှစ်နာရီအတွင်း ပြန်လာမယ်လို့ ပြောတယ်။ အင်း နာရီဝက်ကျန်သေးတယ်။ အထဲ ဝင်ထိုင်နေလိုက်ပါ"

 

 

ကျန်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။  "မစ္စတာ ကျိုးက ရှင်းရန်ရဲ့ အရှုပ်တော်ပုံကို စီမံခန့်ခွဲမှာလား"

 

 

 ကျန်းချင် မကူညီနိုင်ဘဲ ရယ်လိုက်သည်။  "ကျန်းရှောင်၊ မင်းကို ရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းကိုတွေ့ချင်တဲ့သူက မစ္စတာ ကျိုး ပဲ"

 

 

 ကျန်းရှောင်၏ စိတ်က တုန်လှုပ်သွားသည်။  "လက်ထောက် ကျန်း!"

 

 

 "ရှင်းရန် အတွက် စိတ်မပူပါနဲ့"

 

 

 "မစ္စတာကျိုးက ကျွန်မကို ဘာအတွက် တွေ့ချင်တာလဲ"  သူမ ကျိုးရှို့လင်းကို အခု မတွေ့ချင်ဘူး ခံစားချက်က စိတ်အနှောင့်အယှက်ဖြစ်နေသည်။ 

 

 

 "ငါလည်း သေချာမသိဘူး၊ မင်း သူ့ကို တွေ့မှမေးလိုက်"

 

 

 "ဒါဆို ကျွန်မပြန်တော့မယ်"  သူမ ထွက်သွားဖို့ လှည့်လိုက်သည်။

 

 

 "ချန်းရင် က မင်းကို သူ့လက်ထောက်ဖြစ်စေချင်လို့ ဖြစ်နိုင်တယ်"

 

 

 "အာ " ကျန်းရှောင် အံ့အားသင့်သွားသည်။

 

 

 နှစ်ယောက်သား တံခါးဝမှာ မတ်တပ်ရပ်လိုက်ကြသည်။  ဆယ်မိနစ်အကြာတွင် ကျိုးရှို့လင်းက အလျင်အမြန် ရောက်ချလာသည်။  ကျန်းရှောင်ကို သူမြင်ပြီးတာနဲ့ သူ့အကြည့်တွေက သူမကို စူးစိုက်စိုက်ကြည့်နေသည်။

 

 

 သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။ သူ့ရှပ်အင်္ကျီအပေါ်ပိုင်း ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသော်လည်း သူက အလွန်ဟန်ချက်မပြတ်ရှိနေသေးသည်။ ကျန်းရှောင် သူ၏ စူးရှတဲ့ အကြည့်ကြောင့် ထိတ်လန့်သွားသည်။

 

 

 "မစ္စတာ ကျိုး" သူမ ယဉ်ကျေးစွာ ခေါ်လိုက်သည်။

 

 

 ကျိုးရှို့လင်း ပြန်ပြောလိုက်သည်။ "ဝင်လာခဲ့"

 

 

 ကျန်းရှောင် နှုတ်ခမ်းကို ကိုက်ပြီး သတ္တိတွေ စုဆောင်းကာ သူ့နောက်ကို လိုက်သွားခဲ့သည်။

 

 

 ကျိုးရှို့လင်းသည် သူ့စားပွဲဆီသို့ လျှောက်သွားပြီး သူ့အသက်ရှူသံများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။  သူ့ရဲ့အပေါ် အင်္ကျီဝတ်စုံကို ချွတ်ပြီး ဆိုဖာပေါ် ပေါ့ပေါ့ပါးပါး တွဲလောင်းချထားလိုက်သည်။ 

 

 

လမ်းတစ်လျှောက်တွင် ကျန်းရှောင် နှင့် စကားပြောရမယ့်နည်းကို တွေးထားသည်။  သူမနဲ့ စကားကောင်းကောင်း ပြောဖို့ သူ့ကိုယ်သူ တိတ်တိတ်လေးပြောခဲ့သည်။

 

 

 ဒါပေမယ့် တကယ်တမ်း သူမကို တွေ့တော့ သူမသည် သတင်းကြီးကြီးမားမားကြားမှ ငြိမ်သက်စွာ ရှိနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုကဲ့သို့သော ကြီးကြီးမားမား ကိစ္စများကို သူ့ကို ပြောပြရန် သူမက ငြင်းဆန်နေဆဲပင်။

 

 

 ကျိုးရှို့လင်း၏ အေးစက်တင်းမာသော မျက်နှာက ပို၍ပင် အေးစက်လာသည်။

 

 

 သူတို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲနေခဲ့သည်။

 

 

ကျန်းရှောင်က သူမကို ချန်းရင်ဆီ လွှဲပေးမယ်လို့ သူပြောရင် သူမ ပြင်းပြင်းထန်ထန် ငြင်းဆန်ပစ်မည်ဟု တွေးထားသည်။  သူ သဘောမတူဘူးဆိုရင် သူမ နုတ်ထွက်ပစ်မယ်။

 

 

 ခဏကြာတော့ လက်ထောက် ကျန်းက တံခါးကို ထပ်ခေါက်ခဲ့သည်။ "မစ္စတာ ကျိုး၊ ဒီမှာ ဆရာလိုချင်တဲ့ဟာတွေ"

 

 

 "အဲ့တာတွေကို စားပွဲပေါ်တင်ထားလိုက်"  ကျိုးရှို့လင်း၏ အသံမှာ နိမ့်နေခဲ့သည်။

 

 

 "ကျန်းချင် မင်း ဒီနေ့ အလုပ်ဆင်းလို့ရပြီ"

 

 

 လက်ထောက် ကျန်းက ပြုံးပြီး ထွက်သွားခဲ့သည်။

 

 

ကျိုးရှို့လင်း အစီရင်ခံစာကို ကောက်ကိုင်လိုက်သည်။  တကယ်တော့ စာမျက်နှာ နှစ်မျက်နှာပဲ ရှိပေမယ့် ငါးမိနစ်လောက် ကြည့်လိုက်သည်။ 

 

 

အမြဲတမ်း စိတ်ရှည်သည်းခံခဲ့သူက လက်သီးကို တင်းတင်းဆုပ်ထားပြီး ခွဲစိတ်မှုပြုလုပ်ရန် သူမရဲ့ သဘောတူညီချက်ပုံစံကို မြင်လိုက်တဲ့အခါမှာ သူ၏သွေးပြန်ကြောတွေ ဖောင်းလာခဲ့သည်။

 

 

ကျန်းရှောင်မှာတော့ သံသယတွေအပြည့်နဲ့။

 

 

 အချိန်အတော်ကြာပြီးနောက် သူက ခေါင်းမော့ပြီး မေးလိုက်သည်။ "ကျန်းရှောင်၊ မင်းမှာ စိတ်ကူးထားတာတွေရှိလား"

 

 

ကျန်းရှောင် မှုန်ဝါးနေတဲ့ မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။  ရက်ပေါင်းများစွာ သူမသည် သူ့ကို ငှက်ကုလားအုတ်တစ်ကောင်လိုမျိုး ရှောင်နေခဲ့သည်။

 

 

 ကျိုးရှို့လင်းက သူ့မျက်လုံးများကို ပွတ်သပ်ကာ ကြည်လင်တောက်ပသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။  "ကျန်းရှောင်၊ လက်ထပ်ကြရအောင် "

 

 

 ကျန်းရှောင် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်ကာ သူမ၏ နှလုံးကို တုန်လှုပ်သွားစေသည်။  "ဒါပေမယ့် ရှင်က ကျွန်မကို မကြိုက်ဘူးလေ။ ဘာလို့ လက်ထပ်ချင်ရတာလဲ"

 

 

ကျိုးရှို့လင်းက သူမကိုကြည့်ပြီး ဖြည်းညှင်းစွာပြောခဲ့သည်။ "မင်း ကလေး မလိုချင်ဘူးလား"

 

 

ကျန်းရှောင် အံ့အားသင့်သွားတာကို ထိန်းထားကာ သူဘယ်လိုသိသွားလဲဆိုတာကို သိချင်လာသည်။ သူမ ခေါင်းငုံ့ထားပြီး သူ့မေးခွန်းကို မဖြေခဲ့ဘူး။

 

 

 ကျိုးရှို့လင်း စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ပေမယ့် သူမက သူ့ကို အဖြေမပေးခဲ့ဘူး။  သူက စဉ်းစားပြီး ပြောလိုက်သည်။

 

 

ငါလည်း ဖခင်တစ်ယောက်ပဲ။ ပြီးတော့ မင်းငါ့ကိုပြောပြသင့်တယ်။  မင်းက အခု အသက် ၂၂ နှစ် အရွယ်ရောက်နေပြီ။ ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူသင့်တယ် သူ့စကားကြောင့် သူဘာကိုဆိုလိုလဲဆိုတာ သူမ မထုတ်ဖော်နိုင်ဘူး။

 

 

ကျန်းရှောင် က သူ့ကိုရင်ဆိုင်ဖို့ သူမမျက်နှာ မော့ပြီး ပါးစပ်ကို ဖွင့်ဟလိုက်ပေမယ့် စကားလုံးတွေက လည်ချောင်ထဲမှာ တစ်နေသည်။

"ဟုတ်​တယ်​ ကျွန်​​မကိုယ်​တိုင်​ တာဝန်​ယူရမယ်​"

 

 

ကျိုးရှို့လင်း မျက်မှောင်ကြုတ်ပြီး  ထပ်မေးလိုက်သည်။  "ဒီကလေးကို မင်း တကယ် မလိုချင်ဘူးလား"

 

 

ကျန်းရှောင်၏ စိတ်ထဲ ကမောက်ကမ ဖြစ်နေသည်။  သူမ အခု ဘာလုပ်ရမှန်း မသိဘူး။

 

 

ကျိုးရှု့လင်းက တွေဝေသွားတဲ့ မျက်လုံးတွေကို ကြည့်လိုက်ပြီး သူ့အမူအရာက ပြောင်းသွားကာ သူ့လေသံက သက်ပြင်းချသံ ရောထွေးနေသည်။

 

 

  "မင်းရဲ့ရွေးချယ်မှုကို ငါလေးစားတယ်။ မင်း မလိုချင်ဘူးရင် ငါမင်းကို ဆေးရုံလိုက်ပို့ပေးမယ်။ ငါလည်းညီတူညီမျှတာဝန်ယူရမယ်"

 

 

ကျန်းရှောင် မျက်တောင်ခတ်ပြီး "ကောင်းပြီ" ဟု တင်းမာစွာ ပြန်ပြောလိုက်သည်။

 

 

 "ဘယ်တော့လုပ်ဖို့ စီစဉ်ထားလဲ"

 

 

 "ပိုမြန်လေ ပိုကောင်းလေပဲ ” ခွဲစိတ်မှုအပြီးမှာ သူမ အလုပ်လုပ်ရမည်။

 

 

ကျိုးရှို့လင်းသည် သူ့စိတ်တည်ငြိမ်မှုကို ပြန်လည်မရရှိမီ ခဏတာ ပျောက်ဆုံးသွားပုံရသည်။  "ငါ စီစဉ်ပေးမယ်။ မနက်ဖြန်ဆိုကော ဘယ်လိုလဲ"

 

 

ကျန်းရှောင် ခေါင်းငုံ့ပြီး သူ့ကိုကြည့်နေတာကို ရပ်တန့်လိုက်ပြီး စိတ်ထဲမှာ တုံ့ဆိုင်းနေတဲ့ အရိပ်အမြွက်ကို ခံစားလိုက်ရသည်။  "ကောင်းပါတယ်"

 

 

 

စာရေးသူ၏မှတ်ချက်- [အိပ်မက်ပြဇာတ်ရုံ]

 

 

 ပဲပင်ပေါက်လေး အသက်သုံးနှစ်အရွယ်မှာ သူ့ရဲ့ချစ်ရတဲ့အမေက သူ့ကိုမွေးဖို့ အစီအစဉ်မရှိဘူးဆိုတာ သိလိုက်ရတယ်။  ဒီအတွက် သူ တစ်ညလုံး ဒေါသထွက်နေခဲ့သည်။

 

 

 ကျန်းရှောင်လည်း ဒီအကြောင်းကို ပဲပင်ပေါက်လေး သိသွားတော့  ဒေါသထွက်သွားတယ်။  ထို့ကြောင့် သူမသည် မစ္စတာကျိုးနှင့် တစ်နေကုန် စကားမပြောခဲ့ပေ။

 

 

 မစ္စတာ ကျိုး အလွန်စိတ်ဓာတ်ကျသွားသည်။  "ကိုယ်ပြောတာမဟုတ်ဘူး"

 

 

ကျန်းရှောင် - "ဒါတွေအားလုံး ရှင့်အပြစ်ပဲ!"

 

 

မစ္စတာကျိုး - " .......ပဲပင်ပေါက်လေးက အရမ်းသန်မာပါတယ် "

 

 

 ကျန်းရှောင် - "ထွက်သွား။ ရှင် ဒီည တစ်ယောက်တည်း အိပ်။ ပဲပင်ပေါက်လေးနဲ့ ကျွန်မရဲ့ဆက်ဆံရေးကို ကျွန်မပြင်ဆင်ရမယ်"

 

 

 ထိုညတွင် မိသားစု သုံးယောက်သား ပဲပင်ပေါက်လေး၏ အိပ်ရာပေါ်မှာ ပူးပူးကပ်ကပ်နေခဲ့ကြသည်။