ဟယ်လို
မစ္စတာ ကျိုး
အပိုင်း
၁၀
ကျိုးရှို့လင်းသည်
သူမ၏မေးခွန်းကို ဘယ်လိုဖြေရမလဲဆိုတာ မသိသောကြောင့် သူမ၏ မေးခွန်းက သူ့အလိုလို မှုန်ဝါးသွားခဲ့သည်။ သူ ပြုံးစိစိလုပ်လိုက်သည်။
"ကောင်းပြီ အခန်းကြည့်ရအောင် မင်းကို ခေါ်သွားပေးမယ်"
"ကျွန်မ ရှင်နဲ့ အတူနေချင်တယ်လို့ မပြောပါဘူး"
"နှစ်ရက်အတွင်း မင်းရဲ့ပစ္စည်းတွေကို ရွှေ့ဖို့
ငါတစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"
"ကျွန်မ ဘာသာ ရွှေ့လို့ရတယ်"
"ငါတို့ရဲ့ဆက်ဆံရေးကို တခြားသူတွေကို မသိစေချင်ဘူးဆိုရင်တော့
တရားဝင်နည်းလမ်းတွေနဲ့ လူသိရှင်ကြား မကြေငြာဘဲနဲ့ နေလို့ရပါတယ်"
"ကျွန်မ ရှင့်ကို လက်ထပ်ချင်တယ်လို့ မပြောခဲ့ပါဘူး"
သူမသည် သူ့ကို ငြင်းခုံရန် ကျင့်သားရပုံရသည်။
ကျိုးရှို့လင်း ဒေါသမထွက်ခဲ့ပေ။ "မင်းက အရည်အချင်းရှိတဲ့
ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဆက်လုပ်ချင်တယ်ဆိုရင် ကလေးမွေးပြီးတော့မှ ကုမ္ပဏီမှာ အလုပ်ပြန်လုပ်လို့ရတယ်"
ကျန်းရှောင်တစ်ယောက်
သူ့ကို ဆန့်ကျင်ဖို့ အကြောင်းပြချက်ကို မစဉ်းစားတော့ချေ။
ကျိုးရှို့လင်း၏
နေရာသို့ပြောင်းလာရင်း ကျန်းရှောင်မှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
သူမ မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ အနည်းငယ် အဆင်မပြေဖြစ်နေပုံရသော်လည်း
သူမ၏ လွယ်ကူသော အကျင့်စရိုက်က သူမ၏ စိုးရိမ်ပူပန်မှုများကို လွှတ်မြောက်စေသည်။ သူမ ဘာဆက်လုပ်နိုင်ဦးမလဲ။
သူမ ဤလမ်းကိုရွေးချယ်ခဲ့ပြီး တွားသွားခြင်းဟု အဓိပ္ပာယ်ရသော်လည်း
၎င်းကို ဖြတ်ကျော်ရန် မြင်ရမည်ဖြစ်သည်။
ကျိုးရှို့လင်းက
သူမကို မာစတာအိပ်ခန်း ပေးထားပြီး သူ့ပစ္စည်းတွေကို ဘေးခန်းကို ရွှေ့ခဲ့သည်။ ကျန်းရှောင် က ရှပ်အင်္ကျီအနည်းငယ်ကိုကိုင်ထားတဲ့
သူ့ကိုကြည့်ပြီး ပြောလိုက်သည်။
"ဒါ ဒုက္ခမဖြစ်ဘူးလား။ ကျွန်မ ဘေးခန်းမှာပဲ
နေလိုက်မယ်လေ "
ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "မင်း
စိတ်မကောင်းဖြစ်နေရင် အင်္ကျီနည်းနည်း ကူသယ်ပေး"
သူနှင့်သူမ၏ အတိတ်က အတွေ့အကြုံများကိုအခြေခံ၍ ကျိုးရှို့လင်းသည်
တစ်ခုခုကိုဆုံးဖြတ်ပြီးသည်နှင့် အလွယ်တကူပြောင်းလဲမည်မဟုတ်ကြောင်း သူမ သိသည်။
ဒါကြောင့် သူမ သူ့ကို ကူညီဖို့ ဆုံးဖြတ်လိုက်သည်။
"ရှင် ဘာလိုသေးလဲ" သပ်သပ်ရပ်ရပ်
ချိတ်ဆွဲထားတဲ့ အဝတ်တွေနဲ့ ပြည့်နေတဲ့ ဗီရိုကို ကြည့်ပြီး မေးလိုက်သည်။
"ရှင့်မှာ
အဝတ်တွေ ဘာလို့ ဒီလောက်များနေတာလဲ"
ကျိုးရှို့လင်း
ပြုံးလိုက်သည်။ "ငါ့ကို နက်ကတိုင်တွေနည်းနည်းလောက်ကူသယ်ပေး ပြီးတော့ ခြေအိတ်က
အလယ်အံဆွဲထဲမှာ ရှိတယ်"
ကျန်းရှောင် အနည်းငယ်ကို ဖမ်းကိုင်လိုက်ပြီး အလယ်အံဆွဲကို
ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။ သူမရဲ့အကြည့်ကို
ဖမ်းစားနိုင်တာကတော့ သပ်သပ်ရပ်ရပ်စီထားတဲ့ အမျိုးသားဝတ် အတွင်းခံ အစုံလိုက်ပဲ။ သူမ အမြန်ပြန်ပိတ်လိုက်ပြီး မျက်နှာကနီရဲလာခဲ့သည်။
ကျိုးရှို့လင်း အဝေးကို ကြည့်လိုက်သည်။ "ဒါကို
ငါကိုယ်တိုင် ယူလိုက်မယ်"
ကျန်းရှောင်က
သူမ သူ့အတွင်းခံဘောင်းဘီကို ကူပြီးယူပေးဖို့ မစီစဉ်ထားတာကြောင့် ကိုယ့်ဘာသာကို ငြီးတွားလိုက်သည်။
ဘေးကအခန်းက
မာစတာအိပ်ခန်းထက် အနည်းငယ်သေးသော်လည်း တခြားသော ခြားနားချက်မရှိပေ။ အလှဆင်မှုမှာ အဓိကအားဖြင့်
အဖြူအမည်းဖြစ်ပြီး ပြတ်သားသော လိုင်းများဖြစ်သည်။
ကျိုးရှို့လင်းက
သူ့အဝတ်အစားတွေကို အမြန်ချိတ်ပြီး လှည့်လိုက်တော့ ကျန်းရှောင် တံခါးနားမှာ ရပ်နေတာကို
တွေ့လိုက်ရသည်။ သူက ပါးစပ်ထောင့်ကို ပင့်လိုက်သည်။
"မင်း အထဲဝင်ကြည့်ချင်လား"
ကျန်းရှောင်
ခေါင်းခါလိုက်သည်။ "ဒီမှာနေဖို့ ရှင် ခဏခဏပြန်လာတာလား"
ကျိုးရှို့လင်း
မကြာခဏတော့ပြန်မလာဘူးလို့ ပြောချင်ပေမယ့် နောက်ဆုံးအခိုက်အတန့်မှာ စိတ်ပြောင်းသွားခဲ့သည်။ "အနာဂတ်မှာ ငါ ဒီကို ခဏခဏ ပြန်လာပါ့မယ်"
ကျန်းရှောင်
ခဏလောက်စဥ်းစားလိုက်သည်။ "တကယ်တော့ ရှင် ကျွန်မကို ဂရုစိုက်ပေးစရာမလိုပါဘူး"
ဂရုမစိုက်ရဘူးလား။ ကလေးကို တစ်ယောက်တည်း မွေးခိုင်းရမှာလား။
တစ်ကိုယ်တော်အမေ ဖြစ်လာဖို့လား။
"မစ္စ ကျန်း၊ တဲ့တိုးပြောတာကိုတော့ ခွင့်လွှတ်ပါ၊
ဒါပေမယ့် အခုကစပြီးတော့ ကလေးမွေးပြီးတော့ ကိုယ်ဝန်လွယ်ထားတာကနေ ကလေး ကျောင်းတက်တဲ့အထိ
အရင်းအနှီး အများကြီးလိုအပ်တယ်။ မင်းမှာ ပိုက်ဆံမရှိသလိုပဲ"
ကျန်းရှောင်
သူမရဲ့ နှုတ်ခမ်းတွေကိုဖိလိုက်သည်။ "ကျွန်မ အလုပ်လုပ်နိုင်တယ်"
"မင်းရဲ့လစဉ်လစာက ခက်ခက်ခဲခဲလုပ်ပြီးရလာတာတောင်
ယွမ် ၅၀၀၀ ကျော်ပဲရှိတယ်"
ကျန်းရှောင်ရဲ့
နှုတ်ခမ်းတွေ မဲ့သွားခဲ့သည်။ "...ကျွန်မ ဘွဲ့ရပြီးပြီ။ နောက်ဆိုရင် လစာတိုးတော့မှာ
"
သူ ပြုံးလိုက်သည်။ "မင်းကလေး မွေးဖို့ အစီအစဥ်ချထားတဲ့နေ့အထိ
အလုပ်လုပ်နေဦးမှာလား"
ကျန်းရှောင်သည်
ဤအရာက လက်တွေ့မကျမှန်းကို သိပြီး မကူညီနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ကျိုးရှို့လင်းက သူမကို ထပ်ပြီးစိတ်ပျက်အားလျော့အောင်မလုပ်ချင်တော့ပေ။
"ညစာအတွက် ဘာစားချင်လဲ "
ကျန်းရှောင် သိပ်စိတ်မဝင်စားနေဘူး။ " ဗိုက်မဆာဘူး"
"ဒါဆို အပြင်ထွက်စားရအောင်" ကျိုးရှို့လင်း အခုတော့ သူမရဲ့ စိတ်နေစိတ်ထားကို
နားလည်လာခဲ့သည်။ တစ်ခါတစ်လေ ကျန်းရှောင်က သူမ၏စကားဖြင့် ခေါင်းမာနေချိန်တွင် သူကတော့
ဆုံးဖြတ်ချက်ကောင်းတစ်ခုချရန်လိုအပ်သည်။
ထိုညမှာ သူမကို သီးသန့် စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားခဲ့သည်။
အဲ့မှာ လူအနည်းငယ်သာရှိ၍ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်သည်။
နှစ်ယောက်သား ထမင်းစားခန်း၏ ထောင့်တစ်နေရာတွင် ထိုင်ခဲ့ကြသည်။
ကျန်းရှောင်
လှည့်ပတ်ကြည့်လိုက်သည်။ "ကျွန်မတို့ ဘာလို့ သီးသန့်ခန်းကို မသွားတာလဲ"
ကျိုးရှို့လင်းက
သူမကို ရေတစ်ခွက်လောင်းထည့်ပေးခဲ့သည်။ "အဲဒီမှာက အရမ်းပိတ်လှောင်တယ်"
"ဒါပေမယ့် တစ်ယောက်ယောက်က ကျွန်မတို့ ဒီမှာထိုင်နေတာကို
မြင်သွားရင်ကော။ သတင်းထောက်တွေရှိနေရင်ကော" ကျန်းရှောင် သူ့ကို သတိပေးလိုက်သည်။
ကျိုးရှို့လင်း
ရေကို ဖြည်းဖြည်းချင်း သောက်လိုက်သည်။ သူမ
ကိစ္စများစွာအတွက် တကယ်ကို စိုးရိမ်နေသည်။
"မင်းကို ဘယ်သူမှမသိဘူး"
ကျန်းရှောင်
ခေါင်းငုံ့လိုက်ကာ စကားပြောနေတာကို ရပ်တန့်လိုက်ပြီး သူမ၏မျက်နှာ က အနည်းငယ် ရှုပ်ထွေးနေသည်။ တကယ်တော့ သူတို့ကြားထဲမှာ ကိစ္စတွေ အများကြီး ရှိသေးတယ်။
သူတို့ရဲ့ လက်ရှိအခြေအနေအရတော့ သူတို့ကို ခွဲခြားထားတဲ့
တောင်တန်းကြီးတစ်ခု ရှိနေပုံရပြီး သူ ဘယ်လိုများ လျစ်လျူရှုထားနိုင်မလဲ။
ကျိုးရှို့လင်းက သူမကိုကြည့်ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့"
ညဘက်တွင် အစားအသောက်က သူမရဲ့အရသာနှင့် ကိုက်ညီပြီး
ကျန်းရှောင်သည် သူမ ၈၀% ဗိုက်ပြည့်သည်အထိ စားခဲ့သည်။
ဗိုက်ကို
ကျေနပ်အားရစွာ ပွတ်လိုက်ပြီး မကြာသေးခင်က သူမ ကိုယ်အလေးချိန်တက်လာသည်ဟု ခံစားရသည်။
ကျိုးရှို့လင်းက
သူမ ပျော်ရွှင်စွာ စားသောက်နေတာကို မြင်ပြီး မေးလိုက်သည်။ "ဒီဆိုင်ရဲ့ အရသာကို
မင်းကြိုက်လား"
ကျန်းရှောင်
ခေါင်းညိတ်ပြလိုက်သည်။
"အနာဂတ်မှာ ငါတို့ အချိန်ရရင် ဒီကိုလာစားကြမယ်"
"ဒါမှမဟုတ် မလာစားရတာလည်းဖြစ်နိုင်တယ်။ အပြင်စာတွေက
ဖြည့်စွက်စာတွေ အရမ်းများလွန်းတယ်။ ပြီးတော့ ဆီတွေကလည်း မသန့်ရှင်းနိုင်လောက်ဘူး။ ကျွန်မမှာ
ကိုယ်ဝန်ရှိနေသေးတယ် ” ဟုကျန်းရှောင်က လေးလေးနက်နက်ပြောလိုက်သည်။
သူမ၏ လေးနက်တဲ့ အမူအရာဖြင့် ကျိုးရှို့လင်းသည် ထိုအရာများကို
သူမ သတိလည်းထားနေပြီပဲဟု တွေးကာ ပြုံးလိုက်သည်။
"ဒါဆို အိမ်မှာပဲ ချက်ပြုတ်စားချင်လား"
ကျန်းရှောင် ချီတုံချတုံနဲ့ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်"
"မင်း ချက်တတ်လား"
“ခဏခဏတော့ မချက်ရပေမယ့် ပြဿနာတော့ မရှိပါဘူး"
"ငါတို့လက်ထပ်ရင် အဲ့တာကို လူသိရှင်ကြားပြောစရာ
မလိုဘူး။ မိဘနှစ်ပါးနဲ့ အတူတူထမင်းစားကြရင်ကော" ကျိုးရှို့လင်း စဥ်းစဥ်းစားစား ပြောလိုက်သည်။
ကျန်းရှောင်
အံ့အားသင့်သွားသည်။ "ဒါက အနာဂတ်မှာ ပြဿနာဖြစ်လာနိုင်လား။ ကျွန်မတို့ မိဘတွေနဲ့တွေ့တဲ့အခါ
တစ်ခုခုတော့ ပြောင်းလဲသွားနိုင်တယ်။ အဲဒါက တကယ့် အိမ်ထောင်အစစ်မှ မဟုတ်တာ"
ကျိုးရှို့လင်းက
လေးလေးနက်နက် ပြန်ဖြေလိုက်သည်။ "ဒါက ဒုက္ခမဖြစ်ပါဘူး"
ကျန်းရှောင်
အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူမ၏ အသံက အားပျော့သွားခဲ့သည်။ "ကျွန်မ ငယ်ငယ်လေးမှာ
အမေက ဆုံးပါးသွားခဲ့ပြီး အဖေနဲ့လည်း မဆက်သွယ်နိုင်ခဲ့ဘူး"
သူမ အဖေကို နောက်ဆုံးတွေ့ခဲ့တာက သူမရဲ့ ဒုတိယနှစ်
ကောလိပ်မှာ ဘာမှန်မသိရတဲ့ အကြောင်းတစ်ခုခုကြောင့်
ကျင်းချန်ကို ရောက်လာပြီး ကျောင်းမှာ သူမကို ရှာခဲ့တာ။ အဖေနဲ့သမီးက မိသားစုဆိုတာထက် သူစိမ်းတွေနဲ့ ပိုတူတယ်။
"မင်းအတွက်
ဦးလေးကို ငါ ဆက်သွယ်ပေးမယ်"
"ဟင့်အင်း၊ သူ့ကို မနှောင့်ယှက်ပါနဲ့" သူမရဲ့အဖေက သူမကို လာမတွေ့တာ နှစ်အတော်ကြာနေပြီ
ဒါနဲ့ သူမက ဘာကြောင့် သူ့ကို နှောင့်ယှက်နေမှာလဲ။ သူ သူမကို စိတ်ပျက်သွားမှာ သူမ ကြောက်တယ်။
"မင်းရဲ့အဒေါ်ကကော၊ သူတို့ကို ပြန်လာဖို့ ငါတို့
ဖိတ်သင့်လား"
ကျန်းရှောင်က
သူ့ကို အမှတ်တမဲ့ စိုက်ကြည့်ရင်း နောက်ဆုံးတော့ ခေါင်းယမ်းလိုက်သည်။
ခဏစဉ်းစားပြီးနောက် ကျိုးရှို့လင်း ပြောလိုက်သည်။
"ငါတို့မိဘတွေကို ညစာစားဖို့ ဖိတ်လိုက်ရင်ကော"
ကျန်းရှောင်ရဲ့
နှလုံးက အနည်းငယ် တင်းကြပ်သွားသည်။ "အိုခေ" သူမ အချိန်တိုင်း သူ့ကို ငြင်းပယ်နေခဲ့ပြီး ဒါက
မယဥ်ကျေးရာကျသည်။
ကျိုးရှို့လင်း
ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "ကျန်းရှောင်၊ မင်း ကျောက်ရှင်းရန်ရဲ့တောင်းဆိုမှုတွေကို
ဒီလိုမျိုးပဲ ငြင်းတာလား"
အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမ ကျောက်ရှင်းရန်ကို
ငြင်းဆိုလိုက်မယ်ဆိုရင် နောက်နေ့မှာ ကန်ထုတ်ခံရနိုင်သည်။
ကျိုးရှို့လင်း
ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "မင်းကို ငါ့လက်ထောက်အဖြစ် လုပ်ခိုင်းသင့်တယ်။ ဒါမှ
မင်းပိုပြီး နာခံလာမှာ"
ကျန်းရှောင်
- "......"
ညစာစားပြီးနောက် ကျိုးရှို့လင်းသည် သူမနှင့် အတူ
အိမ်မပြန်ခင် နောက်ထပ် မိနစ် ၂၀ ခန့် သူမနဲ့အတူ လမ်းလျှောက်ခဲ့သည်။
အိမ်ပြန်ရောက်တော့ ကျိုးရှို့လင်းက အလုပ်လုပ်ဖို့
စာကြည့်ခန်းကိုသွားခဲ့ပြီး ကျန်းရှောင်က ဧည့်ခန်းထဲမှာ
TV ကြည့်နေသည်။
နှစ်နာရီကြာပြီးနောက် ကျန်းရှောင်က စာကြည့်ခန်းဘက်ကို
အကြိမ်ပေါင်းများစွာ ကြည့်ခဲ့သော်လည်း ကျိုးရှို့လင်းကတော့ ထွက်မလာသေးပေ။ သူမ သမ်းဝေပြီး တီဗွီကိုပိတ်ကာ အိပ်ခန်းဆီ ပြန်သွားခဲ့သည်။
ကျန်းရှောင်
ကုတင်အကြီးကြီးပေါ် လှဲလိုက်သည်။ အိပ်ယာခင်းတွေနဲ့
စောင်တွေက အသစ်ဖြစ်ပြီး အဝတ်လျှော်ဆပ်ပြာနံ့ကို သူမ ရနိုင်သည်။ ခဏအကြာတွင် သူမ လင်းဝူဆီ
မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
"ငါ ကျိုးရှို့လင်းနဲ့ လက်ထပ်တော့မယ် ဒါပေမယ့်
ငါတို့က ဒါကို လူသိရှင်ကြားတော့ မလုပ်တော့ဘူး။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ငါမသိဘူး၊
ဒါကြောင့် မစ္စတာ ကျိုးရဲ့ ကလေး မွေးလာတဲ့အထိ စောင့်ကြရအောင်"
လင်းဝူရဲ့အနားမှာ
ဖုန်းမရှိနေတာဖြစ်နိုင်သည် ဒါကြောင့် ကျန်းရှောင် ဘာတုံ့ပြန်မှုမှ မရခဲ့ပေ။
ကျိုးရှို့လင်းရဲ့တည်ရှိမှုက
သူမအနားတွင် ရှိနေသကဲ့သို့ ခံစားရသဖြင့် သူမ လှဲချလိုက်ပြီး အိပ်ရာပေါ်မှာ လူးလှိမ့်နေမိသည်။
ကျိုးရှို့လင်းဆိုတာက
ဒီနေ့ အလုပ်တွေကို ဒီနေ့ပဲပြီးအောင်လုပ်ပြီး မနက်ဖြန်အတွက် မည်သည့်အရာကိုမျှ ချန်ထားခဲ့မယ့်
လူမျိုး မဟုတ်ပေ။ သူ့အလုပ်ပြီးသွားချိန်မှာတော့
ည ၁၁း၃၀ ရှိနေပြီ။
သူ့ရဲ့
စာကြည့်ခန်းထဲထွက်လာပြီးနောက် မာစတာအိပ်ခန်းကို ဖြတ်သွားစဉ် တံခါးအောက်မှ အလင်းရောင်ဖျော့ဖျော့ကို
မြင်လိုက်ရသည်။ သူ့လက်ကို မြှောက်ပြီး အကြိမ်အနည်းငယ်
တံခါး ခေါက်လိုက်သည်။