အပိုင်း ၁၁
Viewers 2k

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၁၁

 

 

 

 

 

ကျန်းရှောင်မှာ သူမရဲ့ဖုန်းကိုသုံးနေဆဲဖြစ်ပြီး ကျောက်ရှင်းရန်မှာ အစီအစဉ်ရိုက်ကူးရာတွင် ကောင်းမွန်နေပုံရပြီး ဒီနေ့ Weibo မှာ ပိုစ့်တင်ထားသည်။ တံခါး ခေါက်သံကြားတော့ "ရှင်တစ်ခုခု လိုချင်လို့လား" ဟုမေးလိုက်သည်။

 

 

ကျိုးရှို့လင်း အသက်ပြင်းပြင်းရှူလိုက်သည်။  "စောစောအိပ် "

 

 

 "အိုး အိုခေ " ကျန်းရှောင် အချိန်ကို စစ်ကြည့်လိုက်တော့ ၁၁:၄၀ ဖြစ်နေပြီ။ သူဌေးဖြစ်ရတာ မလွယ်ဘူး ညဉ့်နက်တဲ့အထိ အချိန်ပို အလုပ်လုပ်နေရတယ်။

 

 

 သူမ ကျောက်ရှင်းရန်၏ ပံ့ပိုးကူညီမှုအသင်းအကောင့်သို့ဝင်ရောက်ကာ ပို့စ်များကိုပြန်တင်ပြီး ပိုစ့်တွေကို လိုက်ခ်ပေးကာ အောက်က ပရိသတ်တွေနဲ့ အပြန်အလှန်တုံ့ပြန်ခဲ့သည်။  နာမည်ကြီး လက်ထောက်တစ်ယောက်ဖြစ်ရတာ တကယ်မလွယ်ဘူး။

 

 

 တိုက်ခန်းမှာ ရေချိုးခန်းနှစ်ခန်းပါသည်။ မာစတာအိပ်ခန်းတစ်ခန်းနှင့် ကျိုးရှို့လင်းက အခြားတစ်ခန်းကို အသုံးပြုနေသည်။ 

 

 

သူ ရေချိုးခန်းထဲက ထွက်လာတော့ ကျန်းရှောင် မအိပ်သေးဘူးဆိုတာကို မြင်လိုက်ရသည်။ သူ မျက်မှောင်ကြုတ်လိုက်ပေမယ့် နောက်ဆုံးမှာတော့ သူမကို သတိပေးဖို့ ပြန်ထိန်းထားလိုက်သည်။

 

 

 သူရော သူမရော နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ရင်းနှီးဖို့ အချိန်လိုသည်။

 

 

 နောက်တစ်နေ့၌ ကျန်းရှောင် နိုးလာသောအခါ ကျိုးရှို့လင်းက မနက်စာကို စားပွဲပေါ်မှာ ခင်းကျင်းထားပြီး  ထမင်းစားခန်းတွင် ထိုင်နေပြီဖြစ်သည်။

 

 

 "အိပ်လို့ပျော်ရဲ့လား"လို့ သူမေးလိုက်သည်။

 

 

 ကျန်းရှောင် ခေါင်းညိတ်ပြလိုက်သည်။

 

 

 "မင်း မျက်နှာကို အရင်သွားသစ်လိုက်၊ ပြီးရင် မနက်စာစားကြမယ်"

 

 

 ကျန်းရှောင် ထိုနေရာတွင် ရပ်နေသည်။  "ဒါ ရှင်လုပ်ထားတာလား"

 

 

 သူ ပြုံးလိုက်သည်။

 

 

 နေ့သစ်တစ်နေ့၊ ပထဦးဆုံးစတင်ခြင်း။

 

 

ကျန်းရှောင် စားပွဲမှာ ထိုင်လိုက်ပြီး ကျိုးရှို့လင်းက သူမကို စောင့်နေသည်။  သူ ဖြည်းဖြည်းချင်း

 စကားပြောလာခဲ့သည်။

 

 

  “နေ့လည်ကျရင် အဒေါ်တစ်ယောက် ငါတို့အတွက် ချက်ပြုတ်ပေးဖို့လာလိမ့်မယ် ။ တံခါးလော့ခ်ရဲ့ password က 9626"

 

 

ကျန်းရှောင်သည် ပဲပင်ပေါက်လေး ကို ကျေးဇူးတင်လျက် သူမ၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူမသည် အချိန်မတိုင်မီ ချမ်းသာတဲ့ဘ၀သို့ ဝင်ရောက်နေပြီဖြစ်သည်။

 

 

 "ကျွန်မ အလုပ်ပြန်သွားလုပ်ချင်တယ်"သူမသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။  “လစာနည်းပေမယ့် အနည်းဆုံးတော့ နို့မှုန့်အတွက် ပိုက်ဆံနည်းနည်းလောက်ရတာပေါ့ ”

 

 

ကျိုးရှို့လင်း ပါးစပ်စိလိုက်သည်။  "ဒီ​နေ့က ​သောကြာ​နေ့၊ ​နောက်​တနင်္လာ​နေ့မှ အလုပ်​ပြန်​လုပ်​"

 

 

ကျန်းရှောင် ရေရွတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်"

 

 

ကျိုးရှို့လင်း ကုမ္ပဏီ ရောက်တော့ စာရွက်စာတမ်းအနည်းငယ်ကို လက်မှတ်ထိုးပြီး တစ်မနက်လုံး အချိန်ကုန်ခဲ့သည်။

 

 

 လက်ထောက် ကျန်းက သူ့ကိုသတိပေးခဲ့သည်။ "ဥက္ကဌ ကျိုး၊ နောက်အပတ်ရဲ့ 'Dream Night' အတွက် ဘယ်သူ့ကို ဖိတ်ဖို့ စီစဉ်ထားလဲ "

 

 

 The Dream Night က ကြီးမားသော လှူဒါန်းပွဲတစ်ခုဖြစ်ပြီး ယခုနှစ်တွင်သူ ဖိတ်စာတစ်စောင် ရရှိထားသည်။  သာမာန်အားဖြင့် သူသည် ဟွားရှ၏ ပထမတန်း စာချုပ်ချုပ်ထားသော  နာမည်ကြီးဆယ်လီတွေ ဒါမှမဟုတ် ချန်းရင် ဒါမှမဟုတ်ရင် ကျောက်ရှင်းရန်လိုမျိုး လူကြိုက်များတဲ့ ဆယ်လီတွေနဲ့  ပူးပေါင်းသင့်သည်။

 

 

 "ငါ တစ်ယောက်တည်း သွားမယ်။ ဖိတ်စာရထားတဲ့သူတွေက တစ်ယောက်တည်းလည်း သွားလို့ရတယ်" ဟု ကျိုးရှို့လင်း ပြောလိုက်သည်။

 

 

 လက်ထောက် ကျန်း - "ညီမ ရင် နဲ့ မသွားဘူးလား"

 

 

ကျိုးရှို့လင်း မျက်ခုံးပင့်ကာ လက်ထဲ၌ ဘောပင်ကို ကိုင်ထားဆဲပင်။ သူ့ ပါးစပ်ထောင့်ကို ပင့်တင်လိုက်သည်။

 

 

 "နောက်ကျရင် ဒီလိုပွဲတွေအတွက် ဘယ်သူ့ကိုမှ ငါနဲ့ လိုက်ခဲ့ဖို့ မစီစဉ်နဲ့၊ သတင်းထဲမှာ ငါ့အကြောင်း ကောလာဟလတွေ ထပ်မတွေ့ချင်တော့ဘူး"

 

 

 လက်ထောက် ကျန်း အံ့အားသင့်သွားရသည်။ ကျိုးရှို့လင်းသည် အခြားသော အမျိုးသမီး ကြယ်ပွင့်များနှင့် ထိတွေ့မှုမှာ တစ်ကြိမ်နှစ်ကြိမ်မှလွဲ၍ အရှုပ်တော်ပုံများက မရှိသလောက် နည်းပါးသည်။

 

 

 "နောက်ပြီး ကျောက်ရှင်းရန် အတွက် လက်ထောက်အသစ်ရှာဖို့ ကူညီပေး "

 

 

 "ကျန်းရှောင်က ကော "

 

 

ကျိုးရှို့လင်း နဖူးကို ပွတ်သပ်လိုက်သည်။  "သူမကတော့ - ငါ့မှာ တခြား အစီအစဉ်တွေ ရှိတယ်"

 

 

 လက်ထောက် ကျန်း ခေါင်းညိတ်လိုက်သည်။  "ကောင်းပါပြီ ကျွန်တော် စီစဉ်လိုက်ပါ့မယ်"

 

 

 နေ့ခင်းဘက်တွင် ကျန်းရှောင် အိပ်ဆောင်သို့ပြန်လာပြီး သူမ စုဆောင်းဖို့လိုအပ်သမျှကို ထုပ်ပိုးလိုက်သည်။ ဂွမ်းကပ်လိုမျိုး အရာတွေကို သူမ မလိုအပ်တော့ဘူး။

 

 

 သူမသည် အရင်က ရွှေ့ဖို့တွက်  ပြင်ဆင်ထားပြီးသားဖြစ်တာကြောင့် များစွာသော ပစ္စည်းများကို ထုပ်ပိုးထားပြီးသားပင်။

 

 

သူမ အံဆွဲထဲမှ ဒါဇင်နှင့်ချီသော ပုံကြမ်းစာအုပ်များကို ထုတ်ယူလိုက်သည်။  သူမ သုံးနှစ်အရွယ်မှာ သူမရဲ့အဖေက သူမကို ပုံဆွဲနည်းသင်ပေးသည်။

 

 

  လူတော်တော်များများက သူမမှာ အရည်အချင်းရှိတယ်ပြောကြပြီး သူမရဲ့ဖခင်ဆီက အမွေဆက်ခံလို့ ရနိုင်ပေမယ့် အနုပညာလမ်းကြောင်းကို သူမ မရွေးချယ်ခဲ့ဘူး။

 

 

ကျန်းရှောင် အထက်တန်းကျောင်းတက်စဉ်ကဆွဲထားတဲ့ အပေါ်ဆုံးက ပန်းချီကားတစ်ခုကို ဖွင့်လိုက်သည်။ အဲ့အချိန်တုန်းက ကျောင်းစာတွေနဲ့ ပိနေခဲ့တာကြောင့် သူမပုံ အများကြီးမဆွဲခဲ့ပေ။ 

 

 

အဝါရောင်စာမျက်နှာများကို သူမ ဖွင့်လိုက်တော့ လင်းဝူကို မြင်လိုက်ရသည်။ သူမက အတန်းခေါင်းဆောင်၊ တရုတ်ဘာသာအတန်းကိုယ်စားလှယ် တစ်ယောက်ဖြစ်သည်။ ပြီးတော့ ကျိုးရှို့လင်းကို တွေ့လိုက်ရသည်။

 

 

အဲ့တာက သူ့ကို ပထမဆုံးအကြိမ်တွေ့ပြီးနောက် သူမ ဆွဲထားတဲ့ထဲက တစ်ခုဖြစ်သည်။

 

 

 ခုနစ်နှစ်ရှိသွားပြီ။

 

 

အဲ့အချိန်မှာပဲ တံခါးအပြင်ဘက်က သော့သံကြားလိုက်ရပြီး ဟွမ်ယာ ပြန်လာတာဖြစ်သည်။

 

 

 "ကျန်းရှောင်။ နင် အိမ်ပြန်သွားတာ မဟုတ်ဘူးလား။ဘာလို့ပြန်ရောက်လာတာလဲ"

 

 

 "ကိစ္စတွေပြီးသွားလို့"

 

 

 "ရွှေ့ဖို့ ပြန်လာတာလား"

 

 

 "ဟုတ်တယ်"

 

 

 နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောကြပြီး ဟွမ်ယာက ရုတ်တရက် မေးလာသည်။ "စုန့်ယန်အန်းကပြောတယ် မနေ့က နင့်ရည်းစားနဲ့ နင့်ကို သူ့တွေ့လိုက်တယ်တဲ့။ နင် ဘယ်တုန်းက စပြီး ချိန်းတွေ့လိုက်တာလဲ"

 

 

ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "ဘာရည်းစားလဲ၊ သူက ငါ့ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်ပါ။ ကိစ္စတစ်ခုရှိလို့ ငါ့ကိုလာခေါ်တာ "

 

 

 "သူက တကယ်ကိုချောတယ်ဆို၊ နင်ကြိုးစားပြီး အလုပ်ကောင်းကောင်းလုပ်ရမယ်နော်၊ အဲ့လိုလူချောမျိုးကို လက်လွတ်မခံနဲ့"

 

 

 "နင့်ရဲ့ဝမ်းကွဲ ကျုံးယိရှောလည်း အရမ်းချောတာပဲ၊ နောက်မှ ငါသူ့ကိုတွေ့တဲ့အချိန် လိုက်လိုက်ရမလား"

 

 

ဟွမ်ယာ အကျယ်ကြီးရယ်ပစ်လိုက်သည်။ "နင့်ဟာသတွေ ပိုကောင်းလာပြီ။ တကယ်တမ်းတော့ အထူးသဖြင့် နင့်မှာ အလုပ်ရှိပြီးသားမို့ ရည်းစားရှာတာကလည်း မဆိုးပါဘူး။ နင့်အနားမှာ နောက်ထပ်လူတစ်ယောက်ရှိနေတာက ပိုပြီးတော့ အထောက်အကူဖြစ်စေတာပေါ့"

 

 

ကျန်းရှောင်က ဘာမှ မပြောရဲတော့ဘူး။ အခု သူမဘေးမှာ လူတယောက်ထက် ပိုရှိနေပြီလေ။  "ငါ အဲ့တိုက်ခန်းကို မငှားတော့ဘူး၊ ငါခဏတော့ ထွက်သွားလိုက်ဦးမယ် "

 

 

 "နောက်ထပ် အလုပ်ကိစ္စနဲ့ ခရီးထွက်မို့လား။ ဒီတစ်ခါ ဘယ်သွားမလို့လဲ။ တခြား နာမည်ကြီးဆယ်လီတွေနဲ့ တွေ့ရတော့မှာလား"

 

 

ကျန်းရှောင် အသက်ပြင်းပြင်းရှူလိုက်သည်။ "ဒါက လျှို့ဝှက်ချက် "  သူမသည် သူမ၏ ဘဝမှာ မသိရသေးတဲ့ chapter အသစ်တစ်ခုကို စတင်တော့မည်ဖြစ်သည်။

 

 

 အဲ့တာက မှန်လား မှားလား မသေချာပေမယ့် သူမ၏ ခံစားချက်တွေကို လိုက်နာနေသည်။

 

 

 ဟွမ်ယာ မျက်မှောင်ကြုတ်လိုက်သည်။ "နင် ပြန်လာရင် အချိန်ဖြုန်းဖို့ စီစဉ်ကြရအောင်။ အိုး၊ မကြာခင်ကစပြီး နင့်ရဲ့ အသားအရေက အရမ်းကြည့်ကောင်းလာတယ်၊ ​​ကြည်လင်ပြီး တောက်ပနေပေမယ့် နင့်ရဲ့ ကိုယ်အလေးချိန် နည်းနည်းတက်လာပြီး နင့်ရဲ့ ရင်ဘတ်တွေ ကြီးလာသလိုပဲ"

 

 

ကျန်းရှောင် ရှက်ရွံ့သွားသည်။ "ဒါက ငါနောက်ပိုင်း အစား ကောင်းကောင်းစားလာလို့ ဖြစ်မယ် ထင်တယ်"

 

 

 ထိုနေ့မွန်းလွဲပိုင်းတွင် ကျိုးရှို့လင်း အိမ်သို့ စောစောပြန်လာခဲ့သည်။ ကျိုး ရဲ့မိဘတွေက ခြံထဲမှာ ပန်းတွေကို အေးအေးဆေးဆေး ပြုစုစောင့်ရှောက်နေကြသည်။ သူ အစောကြီး ပြန်လာတာကို တွေ့လိုက်ရတော့ သူတို့ နည်းနည်း အံ့သြသွားကြသည်။

 

 

ကျိုးရှို့လင်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ "အမေ၊ အဖေ၊ ကျွန်တော် ပြောပြချင်တာတစ်ခုရှိတယ်"

 

 

ဖေဖေ ကျိုးရဲ့လက်ထဲ ပလပ်စတစ် ရေလောင်းပိုက်တစ်ခုရှိနေခဲ့သည်။ ​​"ဆက်ပြော"

 

 

 မေမေကျိုးက နှင်းဆီပန်းတွေကို ညှပ်နေသည်။ "ပန်းအိုးရှာပြီး ဒါတွေကို ဧည့်ခန်းထဲမှာ ထည့်ထားလိုက်မယ်"

 

 

 ကျိုးရှို့လင်း ဖြည်းညှင်းစွာပြောလိုက်သည်။ "ကျွန်တော်တို့ လက်ထပ်ဖို့စီစဉ်နေပြီ။ ကျွန်တော်တို့လက်ထပ်စာချုပ်ကို အရင်လုပ်မယ်၊ နောက်မှ မင်္ဂလာဆောင်မယ်"

 

 

 ကျိုး အမေရဲ့ လက်က တုန်လှုပ်သွားပြီး လက်ညှိုးကို နှင်းဆီဆူး ထိုးမိသွားခဲ့သည်။  "ဘယ်သူနဲ့ လက်ထပ်မှာလဲ"

 

 

ကျိုးရှို့လင်း -  "သူမ နာမည်က ကျန်းရှောင် "

 

 

 မေမေကျိုးသည် အချိန်အတော်ကြာအောင် စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် ရှာဖွေခဲ့သော်လည်း ကျန်းရှောင်က မည်သူဖြစ်သည်ကို မသိနိုင်သေးပေ။

 

 

 ဒါပေမယ့် ဒီနေ့ ကျိုးရှို့လင်း၏ သဘောထားကို အခြေခံ၍ သူမသားပြန်လာတာက သူတို့ကို အသိပေးရန် သူ့စိတ်ထဲရှိပြီးသား ဖြစ်သောကြောင့်သာ ဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့သည်။

 

 

 ရုပ်ရှင် ဒါမှမဟုတ် တီဗီကြယ်ပွင့်ထဲမှာ ကျန်းရှောင်ဆိုတဲ့နာမည် ရှိလား။  ဒါမှမဟုတ် သူမက သူ့အတန်းဖော်တစ်ယောက်လား။

 

 

 "ရှို့လင်း ဘာလို့ရုတ်​တရက်​ကြီးလဲ" မေမေကျိုး၏ အပြုံးက မှိန်ကျခဲ့သွားသည်။

 

 

 အလယ်တန်းကျောင်းကတည်းက ကျိုးရှို့လင်းဟာ မိန်းကလေးတွေဆီကနေ ရည်းစားစာတွေနဲ့  လက်ဆောင်များကို လက်ခံရရှိခဲ့သည်။  သူ့အတွေးက ဒါကို ဘယ်တုန်းကမှ အာရုံမစိုက်ဖူးဘူး။ 

 

 

ကျောင်းတက်တာနဲ့ အားကစားကလွဲလို့ အချစ်ဇာတ်လမ်းကို ဘယ်တော့မှ စိတ်ဝင်စားပုံမပေါ်ပေ။  တခြားကလေးတွေက ပါပီပေါက်စလေးလို ချစ်နေ ကြတုန်း ကျိုးရှို့လင်းကတော့ သူ့အတန်းဖော် မိန်းကလေး တွေနဲ့ သူတို့ရဲ့ စာတွေအကြောင်း ဆွေးနွေးတာကလွဲလို့ တခြား ဘာမှ ပြောစရာ မရှိပေ။

 

 

ကျိုးရှို့လင်းသည် တက္ကသိုလ်ကနေ ဘွဲ့လွန်ကျောင်းပြီးသောအခါ ကျိုး အမေက စိတ်ပူစပြုလာသည်။  သူ့သား ဘာလို့ ခုထိလက်တွဲဖော်မရှာသေးတာလဲ။

 

 

သူမရဲ့ယောကျ်ားကတော့ သူမကို အရမ်းကြီး စိုးပူလွန်းနေတယ်လို့ အမြဲပြောသည်။  အမျိုးသမီးတွေက အမျိုးသားများထက် ခံစားချက်ပိုရှိတတ်သည်။

 

 

မေမေကျိုးက အကြိမ်ကြိမ်မေးခဲ့ပေမယ့် ကျိုးရှို့လင်း ကတော့ အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေခဲ့သည်။  သူနဲ့ သင့်တော်တဲ့သူ ဒါမှမဟုတ် သူကြိုက်တဲ့သူကို ရှာမတွေ့သေးဘူး။

 

 

 ဘယ်လိုလူမျိုးကို ကြိုက်လဲလို့ သူ့ကို မေးတဲ့အခါ သူက “လောလောဆယ်တော့ မသိသေးဘူး။ နောက်မှ တစ်ယောက်ယောက်နဲ့ ဆုံတွေ့တဲ့အခါကျမှ ပြောပြမယ် လို့ ပြောခဲ့သည်။

 

 

မေမေ ကျိုးသည် အမှန်တကယ်ပင် ဖေဖေ ကျိုးနှင့်အတူ သူ့ဘဝတဝက်တလျှောက် လိုက်ပါခဲ့သူဖြစ်သည်။  သူမ စိတ်တည်ငြိမ်မှုကို အမြန်ပြန်လည်ရရှိကာ ပြုံးလိုက်သည်။

 

 

 "မင်းအရင်က အဲ့တာမျိုးပြောတာကို ငါမကြားခဲ့ဖူးဘူး။ ဒီလောက် ရုတ်တရက်ကြီး ငါတို့ ဘာမှလည်း မပြင်ဆင်ရသေးဘူး"

 

 

ဖေဖေကျိုးက လက်ရှိအခြေအနေကို ကြည့်ပြီး စကားစမြည်ပြောဖို့ သင့်တော်တဲ့ နေရာမဟုတ်မှန်း သိလိုက်သည်။  "အထဲဝင်ပြီး စကားပြောရအောင်"

 

 

ဖေဖေကျိုးနဲ့ မေမေကျိုးက သူတို့ရဲ့အဝတ်အစားလဲပြီး ဧည့်ခန်းထဲပြန်ဝင်လာကြသည်။  ကျိုးရှို့လင်းက လက်ဖက်ရည်သောက်ပြီး အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်နေသည်။ ဖေဖေကျိုးက သူ့မိန်းမရဲ့လက်ကို ပုတ်လိုက်သည်။ "မင်း သားကို ယုံလိုက်"

 

 

မေမေ ကျိုးသည် သူမ၏လည်ချောင်းက တစ်ခုခုတစ်နေသလို ခံစားနေရသည်။

 

 

ကျိုးရှို့လင်း ခေါင်းမော့လိုက်သည်။ "အဖေနဲ့အမေ၊ ယိဟန် ယူလာတဲ့ ရေနွေးကြမ်းရဲ့ အရသာကို မြည်းကြည့်"

 

 

 ကျိုး အမေမှာ ရေနွေးကြမ်းသောက်ဖို့ စိတ်မ၀င်စားနေဘူး။ "ရှို့လင်း၊ မင်း လက်ထပ်လိမ့်မယ်လို့ ငါတို့မျှော်လင့်ထားခဲ့ကြပေမယ့် ဒါကတော့ ရုတ်တရက်နိုင်လွန်းတယ် "