ဟယ်လို
မစ္စတာ ကျိုး
အပိုင်း
၁၂
ကျိုးရှို့လင်း
လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ဒီလက်ဖက်ရည်က အနည်းငယ်ချိုတဲ့အရသာရှိသည်။ “အဖေနဲ့အမေ၊
ကျွန်တော် အသက် ၂၈ နှစ်မပြည့်ခင်မှာ လက်ထပ်ဖို့ ပလန်ချထားပြီးသား၊ ပြီးတော့ ကျွန်တော်
အခု right person ကို ရှာတွေ့သွားပြီ"
"ဒါပေမယ့်
ငါတို့ သူ့အကြောင်း ဘာမှမသိသေးဘူးလေ"
"ကျွန်တော့်ရဲ့
လူကဲခတ်နိုင်စွမ်းကို မယုံဘူးလား"
“ဒါက…”
မေမေကျိုးသည် စကားကြောင့် ပျောက်ရှသွားခဲ့သည်။ ဟုတ်ပါတယ် သူမ သူ့ကိုယုံတာပေါ့။
"အင်း၊
ကျွန်တော် သူ့ကို ဒီအပတ်ထဲမှာ အဖေ၊ အမေတို့နဲ့တွေ့ပေးဖို့ ခေါ်လာခဲ့မယ်" လို့
ကျိုးရှို့လင်းက ပြောလိုက်သည်။
မေမေ
ကျိုးက ရယ်ရမလို ငိုရမလိုဖြစ်နေသည်။ "မင်းတို့ရဲ့ အိမ်ထောင်ရေးအတွက် ငါတို့ကိုတော့
စိတ်ပူရအောင်မလုပ်မိစေနဲ့။ သူမက အသက်ဘယ်လောက်ရှိပြီလဲ။ ဘာအလုပ်လုပ်လဲ။ သူမက ဘယ်ကလဲ"
ကျိုးရှို့လင်းသည်
သူ့အမေက အခြားအမျိုးသမီးတွေနဲ့တူကြောင်း သိထားပြီး သူ၏အနာဂတ်ဇနီးသည်ကို မလွှဲမရှောင်သာ
သိချင်သောကြောင့် သူမရဲ့ မေးခွန်းအားလုံးကို တစ်ခုပြီးတစ်ခု ဖြေခဲ့သည်။ တစ်ဖက်တွင်
ဖေဖေကျိုးသည် ငြိမ်သက်နေပြီး သူ့လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။
အသေးစိတ်ကိုကြားပြီးနောက်
မေမေ ကျိုးက စကားပြောလိုက်သည်။ "သူမက ယန်ယန် နဲ့ အသက်တူတူပဲ၊ ကောလိပ်ကျောင်းပြီးခါစလေးပဲရှိသေးတယ်။
ဒီကလေးမလေးက ငါ့သားကို ဘယ်လိုများဖမ်းလိုက်တာလဲ "
သူမ
စူးစမ်းချင်စိတ်ကို မထိန်းနိုင်ခဲ့ပေမယ့် နောက်ထပ်မေးခွန်းတွေကိုတော့ ထပ် မမေးတော့ပေ။
ကျိုးရှို့လင်း
အိမ်မှာ ညစာမစားခဲ့ဘူး။ မေမေ ကျိုးက အားကိုးရာမဲ့နေခဲ့သည်။ "နောက်ဆုံးတော့
ငါ့သား အိမ်ထောင်ကျတော့မယ် ဒါပေမယ့် ငါ တစ်ခုခုတော့ မမှန်ဘူးလို့ ငါဘာလို့ ခံစားရတာလဲ"
ဖေဖေကျိုးက
ပြုံးလိုက်သည်။ "ဘာဖြစ်နေတာလဲ"
မေမေ
ကျိုး က မျက်မှောင်ကြုတ်လိုက်သည်။ "ထူးဆန်းတာ မတွေ့ဘူးလား၊ သူ့အိမ်ထောင်အတွက်
မင်္ဂလာမဆောင်ဘူးတဲ့လေ။ သူဘာတွေစီစဉ်နေတာလဲ"
ဖေဖေကျိုးက
မှန်းလိုက်သည်။ "သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပုံရိပ်ကြောင့် ဖြစ်နိုင်တယ်။ ရှို့လင်းက
ဖျော်ဖြေရေးနယ်ပယ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် သီးသန့်လုံခြုံရေးအတွက် ရည်ရွယ်တာဖြစ်မယ်"
မေမေ
ကျိုးက ခေါင်းကိုက်နေခဲ့သည်။ "ဒါပေမယ့် မိန်းကလေးတိုင်းက မင်္ဂလာဆောင်ချင်ကြမှာပဲလေ။
ဘယ်မိန်းကလေးကများ မင်္ဂလာဆောင်ဖို့ မမျှော်လင့်ထားတဲ့သူရှိလို့လဲ"
ဖေဖေ
ကျိုးက သူမပုခုံးကို ဖက်လိုက်သည်။ "သိပ်အများကြီး မတွေးနဲ့။ ရှို့လင်း အိမ်ထောင်ပြုတော့မှာကို
ငါတို့ ပျော်သင့်တာပေါ့ "
ညစာစားချိန်၌
ကျိုးယန်ယန် အိမ်ပြန်ရောက်တော့ သူ့အစ်ကိုပြန်လာပြီး ပြန်ထွက်သွားကြောင်းကြားလိုက်ရတော့
သူမ မကူညီနိုင်ဘဲ ကွန်ပလိန်းတက်လိုက်သည်။
"ငါ့အစ်ကိုက
ဘာလို့ ဒီလိုဖြစ်ရတာလဲ။ သူ့မှာ ညစာစားဖို့ အချိန်တောင်မရှိဘူးလား"
ဖေဖေကျိုးက
ပြောခဲ့သည်။ "နင့်အစ်ကိုမှာ ချစ်သူရှိနေပြီ ဒါကြောင့် သဘာဝအတိုင်း သူမနဲ့အတူသွားစားမှာပေါ့"
တူကိုမြှောက်နေတဲ့
ကျိုးယန်ယန်ရဲ့ လှုပ်ရှားမှုမှာ ရပ်တန့်သွားခဲ့သည်။ "အဖေ၊ အဖေ့ကို ဘယ်သူပြောတာလဲ၊
ဒါ ကောလဟာလ မဟုတ်လား"
ဖေဖေကျိုးက
သူ့သမီးကို စေ့စေ့ကြည့်လိုက်သည်။ "သူ ဒီအပတ် ပိတ်ရက်မှာ ငါတို့နဲ့ တွေ့ပေးဖို့
သူ့ရည်းစားကို ခေါ်လာမယ်တဲ့"
ကျိုးယန်ယန်
သူ့အမေကိုကြည့်လိုက်သည်။ "အမေ၊ ဒါအမှန်ပဲလား" သူမ စိတ်ထဲတွင် အနည်းငယ်
သံသယဖြစ်မိသည်။
ဖေဖေ
ကျိုးက စပ်ဖြီးဖြီးလုပ်ခဲ့သည်။ "ဟုတ်တယ်။ ပိတ်ရက်ကျရင် လှုပ်ရှားမှုတွေအားလုံးကို
ဖျက်ဖို့ မမေ့နဲ့"
ကျိုးယန်ယန်
ခေါင်းညိတ်လိုက်သည်။ "အစ်ကို့ရဲ့ရည်းစားက ဘာလုပ်တာလဲ"
"သူမက
ဂျေ တက္ကသိုလ်ကဘွဲ့ရပြီး နင့်အစ်ကိုရဲ့ကုမ္ပဏီမှာ အလုပ်လုပ်တယ်။ ငါတို့ တခြားအများကြီးတော့
မသိရသေးဘူး။ သူနဲ့တွေ့တဲ့အခါကျမှ သိလိမ့်မယ်" လို့ ဖေဖေကျိုးက ပြောလိုက်သည်။
ဂျေ
တက္ကသိုလ်သည် ပြည်နယ်အတွင်းရှိ တက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံ၏ top 10 စာရင်းတွင်
ပါဝင်သည်။ဂျေ တက္ကသိုလ်ထဲ ၀င်ခွင့်ရတာက သူ့အစ်ကိုရဲ့ရည်းစားက အတော်လေးစမတ်ကျတယ်ဆိုတာ
ပြသနေသည်။
ကျိုးယန်ယန်က
သာမန်ကျောင်းသူတစ်ဦးဖြစ်သည်။
သူမသည်
တရုတ်နိုင်ငံမှာ ကျောင်းကောင်းကောင်း မတက်နိုင်လို့ နိုင်ငံခြားမှာ ကျောင်းသွားတက်ခဲ့သည်။
သူမအမေရဲ့ လေသံကို နားထောင်ကြည့်လိုက်တော့ သူမအမေ သိပ်ပျော်နေပုံမရဘူးလို့ ထင်မိသည်။
သူမက
ပြုံးပြီးပြောလိုက်သည်။ " သမီးအစ်ကိုမှာ ရည်းစားရှိတာကို သမီးနည်းနည်းတော့ မနာလိုဖြစ်မိပေမယ့်
သမီးရဲ့အနာဂတ် ယောက်မနဲ့တွေ့ဖို့ တကယ် မျှော်လင့်မိတယ်။ အဖေ၊ အမေ၊ ဒီတစ်ခါတော့
စိတ်ချပါ။ နောက်နှစ်မှာ မြေးတစ်ယောက် ရလာလိမ့်မယ်"
ဖေဖေ
ကျိုးက ရယ်လိုက်သည်။ "ဒါဆို ငါ စောစောအနားယူလို့ရပြီပဲ" သူ သူ့မိန်းမကိုကြည့်လိုက်သည်။
“မင်းလည်း
မင်းရဲ့အလုပ်ကို သပ်သပ်ရပ်ရပ်လုပ်ပြီး ဒီနှစ်မှာ လက်လွှဲပေးလိုက်တော့။ နောက်နှစ်ဆိုရင်
အိမ်မှာပဲ နေပြီး ငါတို့မြေးတွေကို ပြုစုစောင့်ရှောက်ရမယ်"
မေမေကျိုးက
သူ့ကို ဘေးတိုက်အကြည့်တစ်ချက် ပေးလိုက်သည်။ "ရှင်ပြောတာကတော့ လွယ်သလိုပဲ"
ညနေရောက်တော့
အဒေါ်က ဟင်းချက်ပေးပြီး ထွက်သွားခဲ့သည်။ ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့ ညစာအတူစားခဲ့ကြသည်။
ညစာစားပြီးတော့
ကျန်းရှောင်က စေတနာအလျောက် ပန်းကန်းတွေကို သိမ်းဖို့လုပ်ခဲ့ပေမယ့် ကျိုးရှို့လင်းက
မတ်တပ်ထရပ်လိုက်ပြီး ပန်းကန်တွေနဲ့ အသုံးအဆောင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ကောက်ယူကာ
ပန်းကန်ဆေးစက်ထဲ ထည့်လိုက်သည်။
ကျန်းရှောင်က
မီးခိုးငွေ့ အရိပ်အမြွက်မျှ မရှိသည့် ဇိမ်ခံမီးဖိုချောင်ကို ကြည့်လိုက်သည်။
“ရှင် အိမ်မှာ ထမင်းချက်ဖူးလား"
ကျိုးရှို့လင်း
ပြုံးစိစိလုပ်လိုက်သည်။ "ရှားတယ်" အရမ်းကိုရှားတာ။
"ဒါဆို
ဒါက တကယ် အလေအလွင့်ပဲ"
"အခုတော့
အကုန်သုံးနေပြီလေ မဟုတ်ဘူးလား"
ကျန်းရှောင်မှာ
ဘာမှပြောစရာမရှိတော့ပေ။ ပထမနေရာမှာ ဒါတွေကို သူတို့ အသုံးမပြုရင် ဒီအရာတွေအားလုံးကို
သူဘာလို့ဝယ်ထားတာလဲ။
"ဒီနေ့
ကျောင်းကို ပြန်သွားခဲ့တာလား"လို့ သူကမေးလိုက်သည်။
"ကျွန်မ
တစ်ချိုးဟာတွေ ယူဖို့သွားလိုက်တာ"
"ငါ့ကို
မင်းနဲ့ လိုက်ခွင့်ပေးသင့်တာပေါ့ "
သူရောက်လာရင်
မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာမှာကို သူမ ကြောက်သည်။
"ပစ္စည်းက
နည်းနည်းလေးပါပဲ၊ ကျွန်မကိုယ်တိုင် ကိုင်တွယ်လို့ရလို့ပါ"
ကျိုးရှို့လင်းက
သူမဗိုက်ကို တစ်ချက်ကြည့်လိုက်သည်။ "ငါ စိတ်ပူတယ်"
ကျန်းရှောင်
သူမဗိုက်ကို ပွတ်သပ်လိုက်သည်။ "ကျွန်မက အရမ်းသန်မာပါတယ်၊ ပြီးတော့ ကျွန်မဗိုက်ထဲက
ပဲပင်ပေါက်လေးကလည်း အရမ်းနာခံတယ်"
"ပဲပင်ပေါက်လေး။
ဒါ ကလေးကို မင်းပေးထားတဲ့ နာမည်ပြောင်လား "ကျိုးရှို့လင်း မျက်လုံးများကို မှေးကျဥ်းလိုက်သည်
"ဒါက
နာမည်ပြောင်မဟုတ်ပါဘူး၊ အဲဒါ အိမ်မွေးတိရစ္ဆာန်နာမည်ပါ။ နေ့လယ်စာအတွက် ကျွန်မ ပဲပင်ပေါက်
တစ်ပန်းကန်လုံး စားတဲ့နေ့မှာ ကျွန်မ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိလိုက်ရတာ"
နာမည်လေးက
ချစ်စရာလေးလို့ သူမ ထင်မိသည်။ "နားထောင်လို့ကောင်းတယ်မလား"
ကျိုးရှို့လင်း
ကန့်ကွက်ခြင်းမရှိပေ။ " ငါ့ရဲ့အမြင်ကို မင်း ဂရုစိုက်လို့လား" သူက
သူမဘေးမှာ ရပ်နေပြီး သူက သူမထက် ဦးခေါင်းထက်ဝက်ကျော် ပိုမြင့်သည်။
သူစကားပြောတဲ့အခါကျရင်
ခေါင်းကို အနည်းငယ်ငုံ့ထားတော့ သူ့ရဲ့ ထွက်သက်ဝင်သက်က သူမရဲ့နားရွက်နဲ့ နီးကပ်နေတော့
သူမ မသိစိတ်မှ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူမရဲနောက်ဘက်မှာ
အံဆွဲဗီရိုတစ်လုံးရှိသည်။ ကျိုးရှို့လင်း လျင်မြန်စွာ လက်ဆတ့်ထုတ်လိုက်ပြီး သူမ ခါးကို
ဆုပ်ကိုင်လိုက်ရာ သူတို့နှစ်ဦး အချင်းချင်း ထိလုနီးပါး ဖြစ်သွားခဲ့သည်။ နီးနီးကပ်ကပ်
အကွာအဝေးမှာ သူတို့အကြည့်တွေဆုံနေကြသည်။
ကျန်းရှောင်ရဲ့
မျက်လုံးတွေက သူ့မျက်လုံးတွေနဲ့ ဆုံတွေ့သွားပြီး သူ့မျက်လုံးထဲတွင် သူမကိုယ်တိုင်ရဲ့
ထိတ်လန့်နေသော မျက်နှာကို မြင်လိုက်ရသည်။
တိတ်ဆိတ်သော
အာကာသထဲတွင် နားမလည်နိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေပြီး လေထုကပင် ပါးလွှာလာခဲ့သည်။
သူသည်
သူမ၏ ကြည်လင်နေတဲ့ မျက်လုံးများကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။ "သတိထား"
သူ သူမကို မြှောက်ကာ သူ့လက်ကို ဖြည်းညှင်းစွာ ဆုတ်ပေးလိုက်သည်။
ကျန်းရှောင်သည်
သူမ၏ခါးတစ်ဝိုက်တွင် လောင်ကျွမ်းနေသော အပူဒဏ်ကို ခံစားလိုက်ရပြီး သူမ၏ နှလုံးခုန်သံများ
မြန်လာကာ တုန်လှုပ်နေသည့် ခံစားမှုတစ်ခု သူမဆီ ဖြတ်သန်းသွားခဲ့သည်။
စိတ်ခံစားမှုများစွာ
မြင့်တက်လာပြီး သူတို့ကို ဖုံးကွယ်ဖို့ အချိန်မရှိပေ။ မတ်တပ်ရပ်ပြီးနောက် သူမရဲ့ပတ်ပတ်လည်ကို
လှမ်းကြည့်လိုက်သည်။ “ကျွန်မ အသီးတွေ ဆေးလိုက်ဦးမယ်"
ကျိုးရှို့လင်း
ငြိမ်သက်နေဆဲဖြစ်ပြီး စကားပြောလိုက်သည်။ "စပျစ်သီးတစ်ချို့ ဆေးလိုက်"
"ကောင်းပါပြီ
မစ္စတာ ကျိုး " ကျန်းရှောင် ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
"စိတ်အနှောင့်အယှက်ဖြစ်လိုက်တာ
" သူမ ရေခဲသေတ္တာထဲမှ စပျစ်သီးတစ်ခိုင်ကို နာခံစွာ ယူလိုက်သည်။
သူတို့နှစ်ယောက်အတူရှိနေတဲ့
အချိန်တိုလေးအတွင်းမှာ ကျန်းရှောင်က လုံးဝကို ဖုန်းစွဲနေသူဖြစ်ကြောင်း ကျိုးရှို့လင်း
သိလိုက်ရသည်။
ထမင်းစားတာနဲ့
အိပ်တာကလွဲရင် သူမလက်ထဲမှာ ဖုန်းအမြဲတမ်းလိုလို ရှိနေသည်။ ဟုတ်ပါတယ်၊ အချိန်အများစုမှာ
သူမက အလုပ်အတွက် သူမရဲ့ဖုန်းကို သုံးနေတာပါ။
ထိုအချိန်တွင်
ပိတ်ရက်၌ သူ့မိဘများနှင့် တွေ့ဆုံမည့်အကြောင်း သူမကို ပြောပြချင်ခဲ့သည်။
ကျန်းရှောင
သည် Weibo မှတစ်ဆင့် လျှောက်ကြည့်နေပြီး ရှာဖွေမှုတွင် အဟော့ဆုံးသောနာမည်ကို ပထမဆုံးမြင်တွေ့လိုက်ရပြီး
သူမရဲ့အာရုံကိုဖမ်းစားခဲ့သည်။
[ကျင်းကျုံးပိုင်]
၎င်းကို
နှိပ်လိုက်ခြင်းဖြင့် ကျင်းချန် လေဆိပ်တွင် ကျင်းကျုံးပိုင် ၏ ဆက်တိုက် ဓါတ်ပုံများကို
ဖော်ပြထားသည်။ ထင်ရှားသည်မှာ ဤဓာတ်ပုံတွေက သရုပ်ဆောင်ထားခြင်း မဟုတ်ပေ။
သတင်းထောက်က
ဖမ်းတဲ့ထောင့်၊ ကျင်းကျုံးပိုင်၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားတို့နှင့်အတူ ဂျာနယ်လစ်မှ
ရိုက်ကူးထားသောထောင့်သည် ၎င်းတို့ကို ဖက်ရှင်ဓာတ်ပုံတစ်ပုံလို ဖြစ်စေသည်။
ကျင်းကျုံးပိုင်သည်
ရိုးရိုးရှင်းရှင်း အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားပြီး လူအုပ်ကြားထဲတွင်
လမ်းလျှောက်ရင်း တောက်ပနေဆဲပင်။
သူက
မွေးရာပါ ဖက်ရှင်အဝတ်အစားများကို မက်မောသူတစ်ယောက်ဖြစ်ပြီး အရာရာတိုင်းတွင် ကြည့်ကောင်းသူဖြစ်သည်။
သူ့ရဲ့ စွဲမက်စရာကောင်းတဲ့ အသံနဲ့ မိန်းကလေး ပရိသတ်တွေ ဘယ်လောက် သူ့ကို စွဲလန်းနေလဲဆိုတာ
ဘယ်သူသိနိုင်မလဲ။
သူမ
ခေါင်းကိုမော့ပြီး ခဏလောက်စဉ်းစားလိုက်သည်။ "ကျင်းကျုံးပိုင်ကို တီဗီဒရာမာ
"သာယာဝပြောသောကမ္ဘာ" မှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ဖို့ ဖိတ်ကြားခံရတယ်လို့
ကြားထားတယ်"
"မင်းက
သူ့ဖန် လား"လို့မမေးခင် ကျိုးရှို့လင်း၏ အကြည့်က သူမမျက်နှာပေါ် တခဏမျှ ရစ်ဝဲနေခဲ့သည်။
"ကျွန်မ
ပထမဆုံး ကိုယ်ရေးကိုယ်တာလက်ထောက်ဖြစ်လာတုန်းက သူနဲ့ဆုံဖူးတာ"
ကျိုးရှို့လင်းက
အသိအမှတ်ပြုတဲ့ အသံပြုလိုက်သည်။
""သာယာဝပြောသောကမ္ဘာ""
ရဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားအခွင့်အရေးတွေက ဟွားရှမှာ ရှိတယ်။ ချန်းရင်နဲ့
ကျင်းကျုံးပိုင်တို့ အရင်က ပူးပေါင်းလုပ်ဆောင်ခဲ့ကြဖူးတယ် ကျင်းကျုံးပိုင် ဒါကို
သဘောတူရင် သူတို့ရဲ့ ဒုတိယမြောက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာမယ်။ ပရိသတ်တွေလည်း
ဒါကို စောင့်မျှော်နေကြတယ်"
"မင်းလည်း
အဲဒါကို စောင့်မျှော်နေပုံရတယ်"