အပိုင်း ၁၃
Viewers 2k

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၁၃

 

 

 

 

 

 

 "ကျွန်မ "သာယာဝပြောသောကမ္ဘာ" ရဲ့ မူရင်းဝတ္ထုကို ဖတ်ဖူးတယ် ကျင်းကျုံးပိုင်က ခေါင်းဆောင်မင်းသားအတွက် အရမ်းသင့်တော်တယ်"

 

 

 

 ကျိုးရှို့လင်း မယုတ်မလွန် ဖြစ်နေဆဲပင်။ " စာချုပ်မချုပ်ရသေးဘူး "

 

 

 

 "ရှင်းရန် လည်း "သာယာဝပြောသောကမ္ဘာ" အတွက် လက်မှတ် ရေးထိုးထားပြီးပြီ သူမက အထူးဖျော်ဖြေသူ"

 

 

 

ကျိုးရှို့လင်းသည် သူမ စကားမဆုံးသေးမှန်းသိ၍ သူမကိုကြည့်လိုက်သည်။

 

 

 

 "ရှင်းရန် လည်း ငါ့အပေါ်ကောင်းပါတယ် ။ သူမက "သာယာဝပြောသောကမ္ဘာ" ကို ရိုက်ကူးနေတာကြောင့်မို့ သူမနဲ့ ဆက်ပြီး အလုပ်တွဲလုပ်သင့်တယ်။ ကျွန်မကလေး မမွေးခင် ဒီအလုပ်ကို ပြီးအောင် လုပ်ချင်တယ်"

 

 

 

ကျိုးရှို့လင်း အဓိပ္ပါယ်ပြည့်နှစ်စွာ ပြောလိုက်သည်။ "ကျန်းရှောင်၊ မင်းဘာလို့ နာမည်ကြီးလက်ထောက်ဖြစ်လာတာလဲ။ မင်းနာမည်ကြီးတွေနောက် လိုက်နေလို့လား"

 

 

 

"ဘယ်ဟုတ်မလဲ"

 

 

 

 "ကုမ္ပဏီက ကျောက်ရှင်းရန် အတွက် လက်ထောက်အသစ် ရွေးချယ်ပြီးသားလေ "

 

 

 

"ကျွန်မ ပုံမှန်ဝန်ထမ်းဖြစ်လာတော့မှ ကျွန်မကို အလုပ်ထုတ်ပစ်ချင်နေတာလား"

 

 

 

 "မင်းရဲ့ လက်ရှိအခြေအနေမှာ လက်ထောက်တစ်ယောက်အနေနဲ့ အလုပ်လုပ်နိုင်သေးတယ်လို့ မင်းထင်လား"

 

 

 

 "တရုတ်နိုင်ငံရဲ့ အလုပ်သမားစာချုပ်ဥပဒေအရ အလုပ်ရှင်တွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထုတ်ပစ်လို့ မရဘူး"

 

 

 

ကျိုးရှို့လင်း သက်ပြင်းချလိုက်သည်။ "မင်း အကြောင်းမရှိဘဲ အလုပ်ထုတ်ခံလိုက်ရရင် လျော်ကြေးတောင်းလို့ရတယ်"

 

 

 

 "မစ္စတာ ကျိုး၊ ကျွန်မတို့ လေးလေးနက်နက် ဆွေးနွေးဖို့ လိုမယ် ထင်တယ်"

 

 

 

ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "မစ္စ ကျန်း ကျေးဇူးပြုပြီး ပြောပါဗျာ"

 

 

 

ကျန်းရှောင် တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး လည်းချောင်း ရှင်းလိုက်သည်။ "ရှင်က ပဲပင်ပေါက်လေးရဲ့အဖေ ပြီးတော့ အနာဂတ်မှာ ပဲပင်ပေါက်လေးကို စောင့်ရှောက်လို့ရပေမယ့် ကျွန်မကို လာထိန်းချုပ်လို့မရသလို ကျွန်မရဲ့ရွေးချယ်မှုတွေကို ရှင် လာနှောင့်ယှက်လို့မရဘူး"

 

 

 

ကျိုးရှို့လင်း က အေးအေးဆေးဆေး မေးလိုက်သည်။ " တခြား ရှိသေးလား "

 

 

 

"ရှင် အရမ်းချမ်းသာတာ ကျွန်မသိပါတယ်။  အနာဂတ်မှာ ကျွန်မတို့ လက်ထပ်လိုက်ရင်တောင် ကျွန်မ ကိုယ့်အလုပ်ကိုယ် လုပ်ပြီး ဝင်ငွေရှာဖို့ ကိုယ့်အရည်အချင်းကိုယ် အားကိုးလို့ရနိုင်မယ်လို့ မျှော်လင့်နေတုန်းပဲ

 

 

 

 ကျိုးရှို့လင်း စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။  ဒီလူ့အဖွဲ့အစည်းမှာ သူတို့ကိုယ်သူတို့တောင် ရောင်းဖို့ဆန္ဒရှိကြပြီး ပိုက်ဆံရှာဖို့  လူစုလူဝေးနောက် လိုက်နေတဲ့သူတွေမှ အများကြီးပဲ။ 

 

 

 

သူ့အခြေအနေကြောင့် ကျိုးရှို့လင်းသည် အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်မှုများကို ခံခဲ့ရသည်။ သူမကို  ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ သူ မသိဘူး။ ပြီးတော့ ကျန်းရှောင်က အနည်းငယ် မိုက်မဲသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။  သူမ ကလေးရဲ့အဖေဖြစ်သူကို ဘာကြောင့် တင်းတင်းကျပ်ကျပ် မဖက်ထားရတာလဲ။

 

 

 

  "ကျန်းရှောင်၊ မင်းအလုပ်လုပ်လို့ မရဘူးလို့ ငါပြောတာမဟုတ်ဘူး။ အခုချိန်မှာ ဒီအလုပ်က မင်းခန္ဓာကိုယ်အတွက် မသင့်တော်ဘူး။  အရမ်းခက်ခဲတယ်"

 

 

 

 "တစ်ခေါက်လောက်တော့ သွားပါရစေ။ ရှင်းရန် "သာယာဝပြောသောကမ္ဘာ" ရိုက်ကူးရေးပြီးသွားရင် ကျွန်မ ပြန်လာခဲ့မယ်လေ" သူမရဲ့ပုံစံက စိတ်ပိုင်းဖြတ်ထားပြီးသား။ 

 

 

 

 "ရှင်စိတ်ပူစရာမလိုဘူး ကျွန်မ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်"

 

 

 

 ကျိုးရှို့လင်းက သူ့နှုတ်ခမ်းတွေကို ဖိထားပြီး ဘာတစ်ခုမှပြန်မပြောဘဲ မျက်ခုံးကျုံ့လိုက်သည်။ "မင်းသွားလို့ရတယ် ဒါပေမယ့် မင်းနောက်လိုက်ဖို့ ငါလူတစ်ယောက် စီစဉ်ထားမယ်"

 

 

 

 ကျန်းရှောင် - "......"

 

 

 

 ကျိုးရှို့လင်း အသက်ရှူထုတ်လိုက်သည်။ “ငါတို့ ဒီအပတ် ပိတ်ရက်ကျရင် ညစာစားဖို့ အိမ် ပြန်လာမယ်လို့ မိဘတွေကို ပြောထားပြီးပြီ"

 

 

 

ကျန်းရှောင်ရဲ့ မျက်နှာက တင်းကြပ်သွားခဲ့သည်။  "ရှင့်မိဘတွေ မကန့်ကွက်ကြဘူးလား"

 

 

 

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။  “လူကြီးတွေဆိုတာက ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူရမယ် အထူးသဖြင့် ငါတို့ကိုယ်တိုင်က မိဘတွေဖြစ်လာကြတော့မှာမို့ပဲ သူ တစ်စုံတစ်ခုကို အရိပ်အမြွက် ပြောကြားခဲ့သည်။

 

 

 

ကျန်းရှောင် နှုတ်ခမ်း ကိုက်လိုက်သည်။  "ရှင်တို့မိသားစုက ကျွန်မကို မကြိုက်ရင် ဘယ်လိုလုပ်မလဲ"

 

 

 

 "သူတို့ မင်းကို မကြိုက်မှာတော့ မဟုတ်ဘူး"  ကျိုးရှို့လင်းက သူမ စိတ်လှုပ်ရှားနေကြောင်း ပြောပြနိုင်ပြီး သူ့အသံကို နူးညံ့စေခဲ့သည်။

 

 

 

ကျန်းရှောင် သူမ၏ ပါးစပ်ထောင့်ကို ဆွဲပြီး သူ့ကို ကြည့်လိုက်ရာ သူမ၏ အကြည့်က ပိုနက်ရှိုင်းလာခဲ့သည်။  "ရှင့်ညီမ​လေး ကကော။ သူ​မလည်း ကျွန်မအ​ကြောင်းကိုသိထားလား"

 

 

 

 ကျင်းချန်က ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ လူတွေကြားမှာ မှော်ဆန်တဲ့ ဆက်သွယ်မှုများ အမြဲရှိနေသည်။

 

 

 

မင်း ငယ်ငယ်တုန်းက မင်းချစ်ရတဲ့သူနဲ့ ပြန်ဆုံတွေ့ရမယ်လို့ တွေးဖူးလား။

 

 

 

ကျန်းရှောင်သည် သူမနဲ့ သူမရဲ့ယခင် အတန်းဖော်ဟောင်း ကျိုးယန်ယန်နဲ့ ဆက်ဆံရေးအကြောင်းကို ကျိုးရှို့လင်း သိထားလားဆိုတာကို သူမ မသိပေ။

 

 

 

 လိမ္မော်ရောင် အလင်းတန်းများက သူတို့နှစ်ဦးကို ဖုံးအုပ်ထားကာ အခန်းတွင်း ငြိမ်းချမ်းသောလေထုကို ဖန်တီးပေးနေခဲ့သည်။

 

 

 

ကျန်းရှောင် ကျိုးရှို့လင်းကို ငေးကြည့်ရင်း ရုတ်တရက် ညင်သာစွာ ပြုံးလိုက်သည်။  သူ့ရှေ့မှာ သူမသည် စိတ်လှုပ်ရှားတာ၊ ချီတုံချတုံဖြစ်နေတာ၊ မလုံခြုံတာ၊ ရှက်ရွံ့နေတာမျိုး ဖြစ်နေလိမ့်မည်...

 

 

 

 ဒါပေမယ့် သူမ၏ သေးငယ်တဲ့ ရည်ရွယ်ချက်များကို မဖော်ထုတ်နိုင်စေဖို့ သူမရဲ့အတွေးများကို အမြဲဖုံးကွယ်ထားခဲ့သည်။

 

 

 

 

 အရင်က သူ့ကို မသိဘူးလို့ ဟန်ဆောင်ဖို့ သူမ ကိုယ့်ကိုယ်ကိုယ် အမြဲပြောခဲ့သည်။

 

 

 

 "ကျွန်မ ရှင့်ကို မပြောပြဖူးတာ တစ်ခုရှိတယ်"  သူမ လည်ချောင်းရှင်းလိုက်သည်။

 

 

 

ကျိုးရှို့လင်းက သူမကို စိုက်ကြည့်နေသည်။

 

 

 

 "ကျိုးယန်ယန်နဲ့ ကျွန်မက အတန်းဖော်တွေ"  ကျန်းရှောင် သူမရဲ့ ဆံပင်တွေကို  လက်ချောင်းတွေနဲ့သပ်ချလိုက်သည်။  "ဟေး၊ ကျွန်မကို အဲ့လိုကြီး မကြည့်နဲ့။ ရှင်အရင်က တကယ် မသိထားဘူးလား"

 

 

 

ကျိုးရှို့လင်း ပြုံးလိုက်သည်။ "မင်းမှ ငါ့ကို မပြောတာ"

 

 

 

ကျန်းရှောင် ကျစ် သပ်လိုက်သည်။ "ရှင် ကျွန်မရဲ့ အချက်အလက်တွေကို မစစ်ဆေးခဲ့ဘူးလား"

 

 

 

 "အချက်အလက်တွေက မင်းရဲ့အတိတ်အကြောင်းတွေအားလုံးကို မပြောပြနိုင်ဘူး"

 

 

 

ကျန်းရှောင် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ကျွန်မ ရှင်နဲ့ တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"  ငါတို့ဆီမှာ ပဲပင်ပေါက်လေး ရှိလာလိမ့်မယ်လို့တောင် မမျှော်လင့်ထားဘူး။

 

 

 

 "ယန်ယန်နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုရှိလဲ။ မကောင်းဘူးလို့တော့ ထင်တယ်"  လို့ ကျိုးရှို့လင်း  ပြောလိုက်သည်။

 

 

 

 ကျန်းရှောင် ခါးသက်စွာ ပြုံးလိုက်သည်။ "ရှင်ထင်ထားတာထက် ပိုဆိုးတယ်"

 

 

 

ကျိုးရှို့လင်း ခနဲ့တဲ့တဲ့ ပြုံးပြီးပြောလိုက်သည်။ "ငါ ယန်ယန်အကြောင်း အကြိမ်အနည်းငယ် ပြောလိုက်တိုင်း မင်းဘာမှ မပြောခဲ့တာက အံသြစရာ မရှိတော့ဘူး။ မင်း ဝန်ခံစရာရှိသေးလား"

 

 

 

ကျန်းရှောင် အပြစ်ရှိတယ်လို့ ခံစားပြီး ပြန်ဖြေလိုက်သည်။  "ဟင့်အင်း၊ အဲ့ဒါပဲ"

 

 

 

ကျိုးရှို့လင်း ဟန်လုပ်ပြုံးပြီးပြောလိုက်သည်။ " မင်းက ငါ့ကောင်မလေးမှန်း ယန်ယန် မသိဘူး"

 

 

 

ကျန်းရှောင် သက်ပြင်းချပြီး ပြောလိုက်သည်။ "မနက်ဖြန်က မီးခိုးမရှိတဲ့ တိုက်ပွဲဖြစ်မယ့်ပုံပဲ။ ဟေး၊ အခု ရှင် နောင်တရနေပြီလား"

 

 

 

 သူ မျက်စိစွေကြည့်ပြီး အဓိပ္ပါယ်ရှိစွာ ပြန်ဖြေလိုက်သည်။ "ကျန်းရှောင်၊ ငါနောင်တ ရနေမှာမဟုတ်ဘူး" 

 

 

 

ကျန်းရှောင် ကိုယ့်ကိုယ်ကို စိတ်ထိန်းပြီး ပြောလိုက်သည်။ "အင်း၊ မနက်ဖြန်ကျရင် ရှင် ဒါကို ယန်ယန်ကို ရှင်းပြသင့်တယ်" 

 

 

 

ယန်ယန်နဲ့ သူမရဲ့ ဆက်ဆံရေးက မကောင်းပေမယ့် မောင်နှမ ဆက်ဆံရေးက သူမကြောင့် တင်းမာသွားတာမျိုး မဖြစ်စေချင်ဘူး။

 

 

 

 သူက ပြုံးပြီး ဘာမှ ပြန်မပြောခဲ့ပေ။

 

 

 

 " အွန်း မစ္စတာ ကျိုး၊ ကျွန်မ နည်းနည်း ပင်ပန်းနေပြီ၊ သွားအိပ်တော့မယ်"  သူမ လှည့်ပြီး သူမရဲ့အခန်းဆီ လျှောက်သွားခဲ့သည်။

 

 

 

 "ကျန်းရှောင်" ကျိုးရှို့လင်း ရုတ်​တရက်​ သူမနာမည်​ကို​အော်​လိုက်​သည်​။

 

 

 

ကျန်းရှောင် လှည့်ပြီး အဝေးက သူ့ကို လှမ်းကြည့်လိုက်သည်။

 

 

 

 ကျိုးရှို့လင်းရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားသည်။  "အခုကစပြီး အိမ်မှာ ငါ့နာမည်ကိုပဲခေါ်။  အိမ်ပြန်ရောက်ရင် ရုံးမှာတုန်းကလိုမျိုး မခေါ်စေချင်ဘူး"

 

 

 

ကျန်းရှောင်က သူမ သူ့ကို နားမလည်နိုင်တော့ဘူးလို့ ထင်ယောင်ထင်မှား ရှိနေသည်။  “အော…” ဒါပေမယ့် သူမ စိတ်ကူးအတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

 

 

 

 ကျိုးရှို့လင်း -

 

 

 

 ရှို့လင်း -

 

 

 

 သူမ နှလုံးသားထဲမှာတော့ သူ့နာမည်ကို တိတ်တဆိတ် အကြိမ်ပေါင်းများစွာ ခေါ်နေပေမယ့် အဲဒါကို အသုံးမချနိုင်သေးပေ။

 

 

 

.......

 

 

 

ပိတ်ရက်မှာ ကျန်းရှောင်က ဘေဘီကော်လံ ဂါဝန်အပွကို ဝတ်ဆင်ထားပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ ကျိုးရှို့လင်းရဲ့ဘေးမှာ ရပ်လိုက်တော့ တကယ်ကို သူ့ထက် နှစ်တွေအများကြီး ပိုငယ်သွားပုံပေါက်သည်။

 

 

 

 ကျန်းရှောင်က သူမရဲ့ အ၀တ်စားကို ညှိပြီး သူ့ကိုမေးလိုက်သည်။ "ဒါ မမှားသင့်လောက်ဘူး ဟုတ်တယ်မလား"

 

 

 

ကျိုးရှို့လင်း သူမကိုကြည့်ပြီးပြောလိုက်သည်။ "ကြည့်ကောင်းပါတယ်"

 

 

 

 ကျန်းရှောင်က  ရိုးရှင်းပြီး သက်တောင့်သက်သာရှိတဲ့ ဂါဝန်အရှည်တွေကို ဝတ်လေ့ရှိသည်။  သူမ ခေါင်းငုံ့ပြီး "ဒီနည်းနဲ့ဆို ကျွန်မ ကိုယ်ဝန်ရှိနေတယ်လို့ ဘယ်သူမှ မပြောနိုင်တော့ဘူး" လို့ တိုးတိုးလေး ပြောခဲ့သည်။

 

 

 

 ကျိုးရှို့လင်း ပြုံးလိုက်သည်။ " တစ်လကျော်ပဲရှိသေးတာမို့ ပြောဖို့ခက်ပါသေးတယ်"

 

 

 

 ကျန်းရှောင် ဗိုက်ကို ပွတ်ပြီး ပြောလိုက်သည်။ "ကျွန်မ ခါး ပိုတုတ်လာတယ်လို့ ခံစားရတယ်" 

 

 

 

ကျိုးရှို့လင်းက ပြီးခဲ့တဲ့ညက သူတို့ရဲ့ ရင်းနှီးတဲ့ ဆက်သွယ်မှုကို တွေးလိုက်သည်။ တစ်လကျော်ကျော်လေးအတွင်းမှာ သူမ ကိုယ်အလေးချိန် အများကြီး မတက်လာဘူး။  သူမကို ဆုပ်ကိုင်ထားမိလိုက်တဲ့အချိန် သူမ.....အရမ်းပိန်နေသေးတယ်။

 

 

 

ထိုနေရာသို့သွားရာလမ်းတွင် ကျန်းရှောင်၏ အမူအရာမှာ အနည်းငယ်လေးလံနေပြီး ကျိုးရှို့လင်းက သတိထားမိကာ နှစ်သိမ့်မှုပေးခဲ့သည်။  "မစိုးရိမ်ပါနဲ့ ငါရှိတယ်"

 

 

 

ကျန်းရှောင် သက်ပြင်းချပြီး ပြောလိုက်သည်။  "ကျေးဇူးတင်ပါတယ် " 

 

 

 

 သူမ သူ့ကို တကယ် ကျေးဇူးတင်မိသည်။ သူ့ အမူအရာက အနည်းဆုံး သူမကို သတ္တိများစွာပေးခဲ့သည်။

 

 

 

 ကားကို ခြံထဲကို မောင်းဝင်သွားလိုက်သည်။

 

 

 

ကျိုးရှို့လင်း ကားပေါ်မှဆင်းပြီး တစ်ဖက်သို့ လျှောက်သွားကာ ကျန်းရှောင်က နောက်မှလိုက်သွားခဲ့သည်။  “ငါတို့ရောက်ပြီ အထဲဝင်ရအောင်

 

 

 

 ထိုအချိန်တွင် အတွင်းထဲမှ တစ်စုံတစ်ယောက် ပြေးထွက်လာခဲ့သည်။  "အစ်ကို-"

 

 

 

ကျိုးယန်ယန်၏ အသံမှာ ရွှင်လန်းမှုအပြည့်ရှိနေခဲ့သည်။  "နောက်ဆုံးတော့ ရောက်...."

 

 

 

ကျန်းရှောင် ရပ်လိုက်ပြီး သူ မျက်လုံးချင်းဆုံသွားသည့်အခိုက်တွင် ကျိုးယန်ယန်၏ အသံက ရုတ်တရက် ရပ်သွားကာ သူမ မျက်လုံးတွေက မယုံနိုင်စရာများနဲ့ ပြည့်နှက်နေပြီး သူမရဲ့အကြည့်တွေက ချက်ချင်းအေးစက်လာပြီး ဒေါသထွက်သွားသည်။

 

 

 

 "ဘာလို့ နင်လဲ!"  သူမက သူမရဲ့ နာမည်ကို ပြင်းပြင်းထန်ထန် အော်ပြောလိုက်သည်။

 

 

 

ကျန်းရှောင်  နှုတ်ခမ်းကိုပင့်လိုက်သည်။ "ကျိုးယန်ယန် မတွေ့တာကြာပြီနော် "  သူမတို့သည် လေးနှစ်ကြာအောင် မတွေ့ဖြစ်ခဲ့ကြတဲ့ အထက်တန်းကျောင်းနေဖက်တွေဖြစ်သည်။

 

 

 

 ကျိုးယန်ယန် သူမကို ကြည့်လိုက်ပြီးနောက် ကျိုးရှို့လင်းကို ကြည့်ကာ ရုတ်တရက် သူမမျက်လုံးထဲ မကျေနပ်ချက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

 

 

 

 ရုတ်တရက် ကျိုးရှို့လင်း လက်ဆန့်ပြီး ကျန်းရှောင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။ ကျန်းရှောင်ရဲ့ လက်ချောင်းထိပ်တွေ တခဏတာ တောင့်တင်းသွားပြီး ခဏတာမျှ သူမလွတ်မြောက်ချင်ခဲ့သော်လည်း မတတ်နိုင်တာကို တွေ့လိုက်ရသည်။

 

 

 

 ကျိုး ရဲ့မိဘတွေက သူတို့ဝင်လာတာကိုတွေ့တော့ သူတို့မျက်နှာတွေက မှန်ကန်တဲ့အပြုံးတွေနဲ့ပင်။