အပိုင်း ၁၄
Viewers 796

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၁၄

 

 

 

 

 

 

ကျိုးရှိူ့လင်း မိတ်ဆက်ပေးလိုက်သည်။ "အဖေနဲ့အမေ၊ ဒါ ကျွန်တော့် ကောင်မလေး ကျန်းရှောင်တဲ့"

 

 

ကျန်းရှောင်က သူတို့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ဦးလေး နဲ့ အန်တီ၊ ကျွန်မက ကျန်းရှောင်ပါ"

 

 

 မစ္စစ် ကျိုးသည် ကောင်မလေးက တော်တော်လေး ချောမောပြီး စိတ်ထားလေးလည်းကောင်းပြီးတော့  နူးညံ့သိမ်မွေ့တဲ့ အမူအရာရှိတယ်လို့ ထင်မြင်မိကာ   သူမကို ဉာဏ်ပညာဖြင့် ဆန်းစစ်ခဲ့သည်။

 

 

သူမက ရိုးရိုးရှင်းရှင်းလေး ဝတ်ထားပြီး ဘယ်ဘရန်းတံဆိပ်ကြီးကြီးကိုမှ မဝတ်ဆင်ထားပေ။ အဲ့တာက သူမ ဘရန်းဆိုတာတွေကို လုံးဝစိတ်မဝင်စားပုံပဲ။ 

 

 

သားဖြစ်သူက သူတို့ရဲ့ ဆက်ဆံရေးကို ဝန်ခံထားပြီးသားဆိုတော့ အခုချိန်မှာ ဆန့်ကျင်တာ သူတို့ သားအမိရဲ့ ဆက်ဆံရေးကို ထိခိုက်စေမည်ဖြစ်သည်။ ဒါကြောင့် သူမ ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။ " ထိုင်လေ"

 

 

 မိဘတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းသည် အမေးအဖြေကဏ္ဍကို တက်ရောက်ခြင်းနှင့် တူသည်။  အထူးသဖြင့် ကျိုးရှို့လင်း၏ ချစ်သူအဖြစ် ရုတ်တရက်ပေါ်လာတဲ့ သူမလို တစ်စုံတစ်ယောက်အတွက်ဖြစ်သည်။

 

 

ကံကောင်းထောက်မစွာဖြင့် ကျိုး မိဘတွေက ယခင်က မြင်ကွင်းကျယ်များကို မြင်ဖူးကြသူများဖြစ်ကြပြီး မျက်စိဖြင့် ဂရုတစိုက်လေ့လာနေတာကြောင့် မေးခွန်းများစွာ မမေးခဲ့ကြပေ။

 

 

သူတို့က သူမရဲ့မိသားစု နောက်ခံနဲ့ အလုပ်အကြောင်းပဲ မေးသည်။  သူမဟာ ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားတွင် အလုပ်လုပ်သည်ကို သိထားသဖြင့် မစ္စတာနှင့် မစ္စစ် ကျိုးတို့က သူတို့ဘယ်လိုဘယ်ပုံ ဆုံတွေ့ခဲ့သည်ကို ခန့်မှန်းမိပေမည်။

 

 

ကျိုးယန်ယန်က လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး အေးစက်တဲ့မျက်နှာဖြင့် ဘေးတွင်ထိုင်နေခဲ့သည်။

 

 

 မစ္စစ်ကျိုးက  သူမရဲ့ တိတ်ဆိတ်မှုကို သတိပြုမိပြီး စကားပြောခဲ့သည်။ "ယန်ယန်၊ ရှောင်ကျင်းက သမီးရဲ့အသက်အရွယ်ပဲ၊ အနာဂတ်မှာ သမီး သူမနဲ့ ရင်းရင်းနှီးနှီးနေရမယ်နော်။ သမီးရဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ သမီးရဲ့အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ဖို့နဲ့ ပတ်သက်ပြီး မေးစရာတွေရှိရင် သူမကို မေးလို့ရတာပေါ့"

 

 

ကျိုးယန်ယန် လှောင်ပြောင်လိုက်သည်။ "အမေ၊ သမီးတို့က အသက်တူရုံတင်မကဘူး အတန်းဖော်တွေလည်းဖြစ်ကြသေးတယ် "

 

 

 "တကယ်လားမစ္စတာနှင့် မစ္စစ် ကျိုးတို့ အံ့သြသွားကြသည်။

 

 

ကျိုးယန်ယန်က ကျန်းရှောင်ကို ကြည့်ပြီး ပြောလိုက်သည်။ "အစ်ကို၊ ရှောင်ကျန်း အစ်ကို့ကို မပြောပြဘူးလား"

 

 

ကျိုးရှို့လင်းက "ငါသိတယ်" လို့ အသံတိုးတိုးနဲ့ ပြန်ဖြေခဲ့သည်။

 

 

 "ဒါဆို ဘာလို့  ငါ့ကို ဘာလို့မပြောတာလဲ၊ ငါပြန်ရောက်တာ ရက်ပိုင်းရှိနေပြီဟာကို ဘာလို့မပြောရတာလဲ" ကျိုးယန်ယန် စိတ်လှုပ်ရှားလာသည်။

 

 

မေမေကျိုးက  စိတ်ရှုပ်သွားပြီး သူမရဲ့လက်ကိုပုတ်လိုက်သည်။ "ဘာဖြစ်နေတာလဲ"

 

 

ကျိုးယန်ယန်က ပြုံးပြီး သူမရဲ့ ခံစားချက်တွေကို ထိန်းထားလိုက်သည်။

 

 

မေမေကျိုးက သူမရဲ့လက်ကိုထပ်ပြီးပုတ်ခဲ့သည်။ "သမီး အရွယ်ရောက်လာပြီ၊ ဘာလို့ မနာလိုဖြစ်နေတာလဲ၊ သမီးအစ်ကိုက ချစ်သူရည်းစား ရှာထားတာကို သမီးက မပျော်ဘူးလား"

 

 

ကျန်းရှောင် ကျိုးယန်ယန်ကို ကြည့်ကာ တွေးမိသွားသည်။ သူမအပေါ် ဒီလောက်ပြင်းထန်တဲ့ သဘောထားရှိလိမ့်မယ်လို့ သူမ မျှော်လင့်ထားခဲ့ဘူး။ နှစ်အတော်ကြာပြီးနောက်တောင် သူမက အရင်လိုမျိုးပဲ သူမကို မကြိုက်ပေ။ 

 

 

သူမသည် သူမ၏အမူအရာကို ထိန်းသိမ်းထားပြီး ကျိုးရှို့လင်းကို စူးရှတောက်ပသော အလင်းရောင်ဖြင့် တောက်ပနေတဲ့ မျက်လုံးနက်များဖြင့် ကြည့်လိုက်သည်။  ကျိုးယန်ယန်က သူမအစ်ကိုကို ထောက်ထားပြီး မကျေမနပ်ဖြစ်နေတာကျို ချိုးနှိမ်ထားလိုက်သည်။

 

 

 နေ့လည်စာစားပြီးနောက် ကျိုးရှို့လင်းက ကျန်းရှောင် အနားယူဖို့ သူ့အိပ်ခန်းဆီ ခေါ်သွားခဲ့သည်။

 

 

ကျန်းရှောင် နောက်ဆုံးတွင် သူမ မျက်နှာဖုံးကို ချွတ်လိုက်ပြီး တကယ်ပင် မောပန်းသွားခဲ့သည်။ သူမ ကျိုးရှို့လင်းကို ကြည့်ပြီးမေးလိုက်သည်။

 

 

သူမနဲ့ ကျွန်မ ဘာလို့ မပေါင်းတာလဲဆိုတာ မသိချင်ဘူးလား

 

 

 "မင်း မပြောချင်ရင် လည်း ရပါတယ်ကျိုးရှို့လင်း၏ အမူအရာက စောနကနဲ့ အတူတူပင်။

 

 

ကျန်းရှောင် ကုတင်ခြေရင်းတွင် ပျင်းရိစွာထိုင်ကာ ဖိနပ်တွေကို ချွတ်ပြီး နူးညံ့တဲ့  ကော်ဇောပေါ် ခြေဗလာဖြင့် နင်းကာ နှင်းဖြူဖွေးဖွေး ခြေထောက်တွေကို ပေါ်လွင်စေခဲ့သည်။

 

 

  "ကျွန်မတို့ အထက်တန်း ဒုတိယနှစ်မှာ အတန်းတူတဲ့ အတန်းဖော်တွေလေ ပြီးတော့ အတန်းတိုင်းမှာ အုပ်စုငယ်တွေ ရှိတယ်။ ကျွန်မတို့ အတန်းက အတူတူပဲ။ကြွယ်ဝချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ ကျိုးယန်ယန်လို ကလေးတွေက သဘာဝအတိုင်း အတူတူ ဆော့ကစားပြီး ကျွန်မတို့ မသိတဲ့ အရာတွေအများကြီးအကြောင်းပြောနိုင်ကြတယ်။ ကျိုးယန်ယန် နဲ့ ကျွန်မ နီးနီးကပ်ကပ်ထိုင်နေပေမယ့် ကျွန်မတို့က တူညီတဲ့အသိုင်းအဝိုင်းက မဟုတ်သလို ပေါင်းသင်းဆက်ဆံရေးကလည်း အဆင်မပြေကြဘူး"

 

 

 ကျိူးရှို့လင်းက သူမကို ဒီလောက်ထိ တိုက်ရိုက်ပြောလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကျိုးယန်ယန်ရဲ့ စိတ်နေစိတ်ထားကို သူ ကောင်းကောင်းသိတယ်၊ မာနကြီးပြီး အတ္တဆန်တယ်။ ကျန်းရှောင်ရဲ့ စိတ်နေစိတ်ထားက နူးညံ့တယ် ဒါပေမယ့် တကယ်တော့ သန်မာတာ။

 

 

 " အထက်တန်း ကျောင်းတက်တုန်းက ရှင့်ညီမလေး ကောင်လေးကို crush ခဲ့တာ ရှင်သိလား"

 

 

ကျိုးရှို့လင်း မျက်မှောင်ကြုတ်ပြီး သူ့လေသံ ကတင်းမာသွားသည်။  "ဘယ်သူ့ကိုလဲ"

 

 

ကျန်းရှောင် တခစ်ခစ်ရယ်သည်။  "ရှင် တံခါးပိတ်ပေးရင် ကျွန်မ တိတ်တိတ်လေးပြောပြမယ်"

 

 

ကျိုးရှို့လင်းက သူ့နှုတ်ခမ်းတွေကိုဖိပြီး တံခါးကိုပိတ်ဖို့ လှည့်လိုက်သည်။

 

 

ကျန်းရှောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။  "ကျွန်မတို့ အတန်းထဲမှာ ချင်းဟန် ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူက ထက်မြက်ပြီး ချောမောပြီးတော့ ဘတ်စကတ်ဘော ကစားတာ အရမ်းကောင်းတယ်။  မိန်းကလေးတွေ အများကြီး သူ့ကို တိတ်တိတ်လေး ကြိုက်ခဲ့ကြတယ်"

 

 

ကျိုးရှို့လင်းပ မျက်လုံးတွေမှေးပြီး သူမစကားကို စိတ်ရှည်ရှည်နဲ့ နားထောင်နေခဲ့သည်။

 

 

 "ကျွန်မ အထက်တန်း ပထမနှစ်ကတည်းက ချင်းဟန်နဲ့ အတန်းဖော်ဖြစ်ခဲ့ကြတာ ကျွန်မတို့က ရှေ့တန်းနောက်တန်း ထိုင်ခဲ့ကြတာ။ ကျွန်မ ပြဿနာတွေ ကြုံလာတိုင်း သူ့ကို အကူအညီတောင်းတယ် "

 

 

 "အို " ကျိုးရှို့လင်းက စနောက်တဲ့ လေသံနဲ့ ပြောလိုက်သည်။  "မင်းရဲ့အတန်းဖော်က  ကောင်းသလိုပဲ"

 

 

 "ဟုတ်တယ်ကျန်းရှောင်သည် ချင်းဟန်၏ နူးညံ့တဲ့ မျက်လုံးတွေကို တွေးပြီး ပြုံးလိုက်သည်။  “အဲဒါကြောင့်  မိန်းကလေးတွေ တော်တော်များများ သူ့ကို ကြိုက်ကြတာ"

 

 

 "မင်းနဲ့ ငါ့ညီမက အဲဒီမိန်းကလေးတွေ အများကြီးထဲက တစ်ယောက်လား"

 

 

ကျန်းရှောင် လျှာကိုကိုက်လုမတတ်ပင်။ "မစ္စတာ ကျိုး၊ ရှင် တော်တော် စိတ်ကူးယဉ်နေတာပဲ"

 

 

 "မှန်တယ် မဟုတ်လား"

 

 

 "သေချာပေါက်ဘယ်ဟုတ်မလဲ။ ကျိုးယန်ယန်က ချင်းဟန်ကို ကြိုက်တယ်၊ ဒါပေမယ့် ချင်းဟန် ကြိုက်တဲ့သူက ကျွန်မရဲ့ ထိုင်ခုံထိုင်ဖက် "

 

 

 သူတို့၏ အထက်တန်းကျောင်းတွင် ထိုသို့သော ဇာတ်လမ်းများ ရှိလိမ့်မည်ဟု ကျိုးရှို့လင်း မမျှော်လင့်ထားဘဲ ခေါင်းခါလိုက်သည်။

 

 

 "အမှတ် () အလယ်တန်းကျောင်းရဲ့ ကျောင်းစိတ်ဓာတ်က ဘယ်တုန်းက ဒီလောက် ပေါ့လျော့သွားရတာလဲ။ မင်းတို့တွေမှာ ဒါတွေကို စဉ်းစားဖို့တောင် အချိန်ရနေတယ်ပေါ့"

 

 

 "ရှင် အထက်တန်းကျောင်းတုန်းက ဒီလိုကိစ္စတွေကို မစဥ်းစားဖူးဘူးလား။ အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အထက်တန်းကျောင်းတုန်းက ဘယ်သူ့ကိုမှ တစ်ဖက်သတ် မကြိုက်ခဲ့ဘူးဆိုရင် ကျွန်မတို့ရဲ့ ငယ်ဘဝက ပြီးပြည့်စုံမှာ မဟုတ်ဘူးလို့ ကျွန်မတော့ ထင်တယ်"

 

 

 ကျိုးရှို့လင်း နှုတ်ဆိတ်နေခဲ့သည်။ ဒီအကြောင်းကို သူတကယ်မတွေးဖူးပေ။

 

 

ကျန်းရှောင်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်ရှိသည်။  "ကျွန်မရဲ့ ထိုင်ခုံထိုင်ဖက်က လှတယ်၊ ကျွန်မတို့အတန်းထဲမှာဆို အကောင်းဆုံးအဆင့်တွေရပြီး သဘောအရမ်းကောင်းတယ်။ သူမက ကျွန်မတို့ကျောင်းသား ကျောင်းသူ တချို့ကို သီးသန့်ကျူရှင်တောင် ပေးတယ်။ လင်းဝူက ချန်းရင် ထက်တောင် ပိုလှတယ်၊ ကျွန်မမြင်ဖူးသမျှထဲမှာ အလှပဆုံး အမျိုးသမီးပဲ"

 

 

ကျိုးရှို့လင်း အပြုံးလေးနဲ့ စလိုက်သည်။ "မင်းထက် ပိုလှလား "

 

 

 "ကျွန်မက သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ လင်းဝူက ...."

 

 

 အံ့သြစရာကောင်းတဲ့ သူ့ရဲ့ မှတ်ချက်ကြောင့် သူမ၏ စကားတွေတစ်သွားခဲ့ရသည်။  သူမ နှုတ်ခမ်းကို အနည်းငယ်ဖွင့်ကာ သူပြောခဲ့သည့်စကားကို သေသေချာချာ ပြန်တွေးလိုက်သည်။ သူ သူမကို ချီးကျူးနေပုံပဲ။

 

 

ကျိုးရှို့လင်းက သူမ တိတ်ဆိတ်နေတာကို မြင်ပြီး အကြောင့်အရာကို ပြောင်းလိုက်သည်။ "အခွင့်အရေးရရင် ကျွန်မ သူမနဲ့တွေ့ချင်တယ်"

 

 

ကျန်းရှောင် တိုးတိုးလေး ရေရွတ်လိုက်သည်။  "ရှင့်ညီမရဲ့အခြေအနေကိုရှင်သိမှာတောင်မဟုတ်ဘူး"

 

 

 “အဲဒီအချိန်တုန်းက ငါ နိုင်ငံခြားမှာ ကျောင်းတက်နေတာ၊ ပြီးတော့ ​​ဒါ့အပြင် ကောင်မလေးတွေက တခြားသူတွေထက် သူတို့ရဲ့ သေးငယ်တဲ့ အတွေးတွေကို ဖုံးကွယ်ဖို့ ပိုသတိထားတတ်ကြတယ်"

 

 

ကျန်းရှောင် ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ " တစ်ဖက်သတ် ကြိုက်ဖို့ဆိုတာက မလွယ်ကူဘူး၊ အပြန်အလှန် ချစ်တာမဟုတ်တော့ ချစ်ဖို့က အရမ်း ဝမ်းနည်းစရာကောင်းတယ် "

 

 

 တခါတရံမှာ ဒီလမ်းဟာ ပျော်ရွှင်စရာအဆုံးသတ်မဟုတ်မှန်း သိပေမယ့်လည်း အဲဒီလမ်းကို ဦးစွာလျှောက်သွားနေတုန်းပဲ။

 

 

 "မင်း တစ်ယောက်ယောက်ကို တစ်ဖက်သတ်ကြိုက်ဖူးလားလို့ ကျိုးရှို့လင်း မေးလိုက်သည်။

 

 

ကျန်းရှောင် ပါးစပ်ကိုဖွင့်ပြီး ပြုံးလိုက်သည်။ "ဆယ်လီတစ်ယောက်ကို တွက်လို့ရလား။  ကျင်းကျုံးပိုင် "

 

 

ကျင်းကျုံးပိုင်က ကျိုးရှို့လင်းနဲ့ အသက်တူတူပဲ။ ကျန်းရှောင် အထက်တန်းကျောင်း တက်နေစဥ် ကျင်းကျုံးပိုင် ဟာ ချင် မင်းဆက်ဒရာမာမှာ မင်းသားတစ်လတ်အဖြစ် နာမည်ကြီးလာခဲ့သည်။

 

 

 ၎င်းသည် သူ့ပထမဆုံးဒရာမာဖြစ်ပြီး သူ့ကို အမြင့်သို့ တွန်းပို့ခဲ့သည်။ အတန်းထဲက မိန်းကလေးတော်တော်များများက သူ့ကို ရူးသွပ်ကြပြီး သူ့ပုံတွေကို ဖုန်းစခရင်မှာတောင် အသုံးပြုကြသည်။

 

 

ကျိုးရှို့လင်း အနည်းငယ် လျှို့ဝှက်စွာ ပြုံးပြီး သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်းကို ထိဖို့ ရုတ်တရက် လက်ထုတ်ခဲ့သည်။

 

 

ကျန်းရှောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး နောက် ဆုတ်သွားခဲ့သည်။  "မစ္စတာ ကျိုး ရှင်ဘာလုပ်တာလဲ"

 

 

 သူ သူမဆီ ချဉ်းကပ်သွားခဲ့သည်။

 

 

ကျန်းရှောင် စိတ်လှုပ်ရှားပြီး လေသံပြောင်းသွားခဲ့သည်။ "ရှင့်မိဘတွေက အောက်ထပ်မှာလေ ဟေး ရှင်ဒီဟာကိုလုပ်လို့မရဘူး"

 

 

 "ငါက ဘာကို လုပ်လို့မလုပ်ရတာလဲ"

 

 

 ကျန်းရှောင် - ".........."

 

 

ပထမဆုံးအကြိမ်အနေနဲ့ ကျိုးရှို့လင်းသည် ကျန်းရှောင် ဆီ တိုက်ရိုက်ချဉ်းကပ်ပြီး သူမရဲ့အဝတ်အစားပါးလွှာမှုမှ သူလက်တွေက အထိန်းအကွပ်မရှိ တုန်ယင်နေခဲ့သည်။

 

 

ကိုယ်ဝန်ဆောင်အဆင့်ကနေ မင်း သူ့ကို ကောင်းကောင်း သင်ပေးရမယ် သိပြီလား"

 

 

သူ ဖြည်းညှင်းစွာထရပ်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ကန့်လန့်ကာတွေကို ဆွဲပိတ်လိုက်သည်။

 

 

  "ကျန်းရှောင်၊ မင်းက သူ့ရဲ့ သန္ဓေတည်တဲ့ အဆင့်မှာ အစောပိုင်း အချစ်အကြောင်း ပဲပင်ပေါက်လေးကို သင်ပေးနေတယ် "

 

 

 ကျန်းရှောင် - "......." ဒါက လေးနက်တဲ့ စွပ်စွဲချက်ပဲ။

 

 

.........

 

 

 

 သူမ၏ ကိုယ်ဝန်ကြောင့် ကျန်းရှောင်က မကြာသေးမီက အတော်လေး အိပ်ငိုက်နေခဲ့သည်။ ကျိုးရှို့လင်းနှင့် အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် နောက်ဆုံးတွင် သူမ ငိုက်မျဉ်းခြင်းကို မခံနိုင်တော့ဘဲ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

 

 

ကျိုးရှို့လင်းက အိပ်ခန်းအတွင်းရှိ လေအေးပေးစက်၏ အပူချိန်ကို ၂၆ ဒီဂရီအထိ ချိန်ညှိကာ သူမကို စောင်ပါးပါးလေးဖြင့် ညင်ညင်သာသာလေး ခြုံပေးခဲ့သည်။  အောက်ထပ်သို့မဆင်းမီ ကုတင်စွန်းမှာ ခဏထိုင်ခဲ့သည်။

 

 

 သူ့မိဘတွေနဲ့ ယန်ယန်တို့ ဧည့်ခန်းထဲတွင် ရှိနေကြပြီး တစ်ယောက်နှင့်တစ်ယောက် မျက်နှာအမူအရာတွေ ကွဲပြားကြသည်။

 

 

မေမေ ကျိုးက မေးလိုက်သည်။ " ကျန်းရှောင်ကော "

 

 

 "သူမ အိပ်ချင်နေလို့ အိပ်ရာဝင်သွားပြီ"