အပိုင်း ၁၅
Viewers 802

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၁၅

 

 

 

 

 

 

 သားဖြစ်သူရဲ့ အပြောအဆိုနဲ့ အပြုအမူတွေကြောင့် မေမေ ကျိုးက သူ လေးနက်နေတယ်လို့ ပြောနိုင်ခဲ့သည်။

 

 

 

 ယန်ယန် မထိန်းနိုင်ဘဲ မေးလိုက်မိသည်။အစ်ကို၊ ကျန်းရှောင်နဲ့ ဘယ်လိုတွေ့ခဲ့တာလဲ

 

 

 

 "အစ်ကို အရင်က မပြောပြဖူးဘူးလား"

 

 

 

 "ညီမ သူမကို မကြိုက်ဘူး"

 

 

 

ကျိုးရှို့လင်း  သူ့မျက်တောင်တွေကိုပင့်လိုက်ပြီး သူ့အကြည့်တွေက နက်နဲသွားသည်။ "ယန်ယန်၊ မင်းက ဆယ်ကျော်သက် မဟုတ်တော့ဘူးနော်"

 

 

 

 ယန်ယန်သည် သူ့စကားထဲတွင် ဝှက်ထားတဲ့ အဓိပ္ပါယ်ကို နားလည်ခဲ့ပြီး ကျန်းရှောင်နှင့် ပတ်သက်၍ အပျက်သဘော ဘာမှ မပြောနိုင်ခဲ့ပေ။  

 

 

 

"အစ်ကို၊ နင် ကျန်းရှောင်ကို နားမလည်ပါဘူး။ နင်ထင်သလောက် သူမက အပြစ်ကင်းစင်နေတာ မဟုတ်ဘူး။သူ နင့်ကို မကြိုက်လောက်ဘူး၊ သူ  နင့်ကို တမင် လိုက်ချဉ်းကပ်နေတာ"

 

 

 

မေမေ ကျိုးက ကြားဖြတ်ပြောခဲ့သည်။ "ယန်ယန် ကောင်းကောင်းမွန်မွန် စကားပြောရအောင်"

 

 

 

ကျိုးယန်ယန် ဒေါသထွက်သွားသည်။ "သမီးကို ဘယ်လိုပြောစေချင်နေတာလဲ။ သမီးရဲ့အထက်တန်းကျောင်းနေဖက်က ရုတ်တရက် သမီးရဲ့ယောက်မဖြစ်ချင်နေတယ်တဲ့။ သမီး ဒါကို လက်မခံနိုင်ဘူး!"

 

 

 

 ကျိုးရှို့လင်း မျက်မှောင်ကြုတ်ကာ တိုးလျတဲ့အသံဖြင့်ပြောလိုက်သည်။ "မင်္ဂလာပွဲမကျင်းပဘဲ နောက်တစ်ပတ်မှာ ငါတို့ အမည်စာရင်းသွင်းဖို့ စီစဉ်ထားတယ်။ သူ့မိသားစုအခြေအနေက အတော်လေးကောင်းတယ် ပြီးတော့ အနာဂတ်မှာ မိသားစုတွေ ဆုံတွေ့ဖို့အခွင့်ရှိလာမှာပါ"

 

 

 

 ဒါကိုကြားတော့ ဖေဖေ ကျိုး မျက်မှောင်ကြုတ်သွားခဲ့သည်။  "ရှို့လင်း ဒါ အရမ်းမြန်လွန်းနေတယ် မလား"

 

 

 

 "အဖေ၊  ကျွန်တော် လေးလေးနက်နက် စဉ်းစားပြီးသွားပြီ"

 

 

 

 "ဒါ ဘယ်လိုမျိုး စကားမျိုးလဲ၊ ငါတို့ ဆွေမျိုးတွေနဲ့ သူမကို မင်းဘယ်လို မိတ်ဆက်ပေးမလဲ။ ငါတို့ ကျိုး မိသားစုမှာလည်း ထိန်းသိမ်းရမယ့် ဂုဏ်သတင်းရှိတယ်။ မင်းရဲ့ အဖိုးအဖွားတွေက အစဉ်အလာကို အမြဲတန်ဖိုးထားတယ်။ မင်္ဂလာအခမ်းအနား မကျင်းပဖြစ်ရင်တောင် နှစ်ဖက်မိဘတွေကတော့ တွေ့ဆုံသင့်တာပေါ့"

 

 

 

 "ကျန်းရှောင် ရဲ့အမေကဆုံးသွားပြီ ပြီးတော့ သူ့အဖေက အဝေးမှာ"

 

 

 

ဖေဖေ ကျိုး မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်သည်။ "ဒါပေမယ့်လည်း ပေါ့ပေါ့ပါးပါး မဖြစ်သင့်ဘူးလေ မဟုတ်ဘူးလား"

 

 

 

 ကျိုးယန်ယန် နှာမှုတ်ခဲ့သည်။  "အရင်ကလည်း ကျန်းရှောင်က ဒီလိုပဲ။ ဘယ်သူက သူ့ကို ကောင်းကောင်း မဆက်ဆံတဲ့သူရှိလို့လဲ။ သူ့မှာ ဒီအရည်အချင်းရှိနေတာ အခု ငါ့အစ်ကိုတောင် သူ့ကို စွဲလန်းနေပြီ

 

 

 

ကျိုးရှို့လင်း ရုတ်တရက် သူမဘက်သို့ လှည့်ကြည့်လိုက်သည်။ "ယန်ယန် နင့်ရဲ့သွန်သင်ဆုံးမထားတာက ဘာဖြစ်သွားတာလဲ"

 

 

 

ကျိုးယန်ယန် တင်းမာသောလေသံကြောင့် အေးခဲသွားသည်။

 

 

 

ကျိုးရှို့လင်း စကားထပ်ပြောလိုက်သည်။ "အဖေနဲ့အမေ၊ စိတ်ချထားလို့ရပါတယ်၊ ကျန်းရှောင်က အဲ့လိုလူစားမျိုး မဟုတ်ဘူး။ တကယ်လို့ သူ ကျွန်တော့်ပိုက်ဆံတွေကို တကယ်လိုချင်တာဆိုရင် ကျွန်တော်သူ့ကိုပေးလိုက်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ပိုက်ဆံနည်းနည်းပဲ ရှိတဲ့သူမဟုတ်ဘူး"

 

 

 

 ရိုးရိုးသားသားပြောရရင် ဒီကလေးက တကယ်ကောင်းသည်။  လူတွေရဲ့မျက်လုံးကို လှည့်စားလို့မရဘူး။ ဒီနေ့အတူတူအချိန်ဖြုန်းပြီးနောက် ကျိုး မိဘတွေလည်း ကျန်းရှောင်က ဘယ်လိုလူစားမျိုးကိုလည်းဆိုတာ မြင်ထားပြီးပြီ။ ဒါပေမယ့် ကျိုးရှို့လင်းက ပိုကောင်းတဲ့မိန်းကလေးကို ရှာတွေ့နိုင်တယ်ဆိုတာ သူတို့အမြဲတမ်း ခံစားရသည်။

 

 

 

ကျိုးရှို့လင်းက အရာရာတိုင်းတွင် သူ့ကိုယ်ပိုင် အတွေးအမြင်များ အမြဲရှိနေသည်။ အခြေအနေကို အလုံးစုံ ဆုံးဖြတ်ပြီးသွားပြီ၊ သူတို့ပြောသမျှက အသုံးမဝင်တော့ဘူး။

 

 

 

ဖေဖေကျိုးက လက်ကို ဝှေ့ယမ်လိုက်သည်။ "မင်း စိတ်ထဲမှာ ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ မင်းအမေနဲ့ ငါဘာမှ ထပ်မပြောတော့ဘူး။ ရှို့လင်း မင်းက ငါတို့ကို ကလေးဘဝကနေစပြီး အရွယ်ရောက်တဲ့အထိ စိတ်ပူအောင် တစ်ခါမှ မလုပ်ခဲ့ဖူးပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာက ကလေးကစားစရာ မဟုတ်ဘူးဆိုတာတော့ ငါပြောချင်တယ်။ မင်း ကိုယ့်ဘာသာကိုယ် ဂရုစိုက်မှရမယ်"

 

 

 

ကျိုးရှို့လင်း လေးလေးနက်နက် ပြောလိုက်သည်။ "အဖေ ကျွန်တော် သိပါတယ်။ အဖေတို့ စိတ်ချပါသူ့မျက်လုံးတွေထဲ ယုံကြည်မှုအပြည့်နဲ့ သူ့အဖေကို ကြည့်ခဲ့သည်။

 

 

 

ကျိုးယန်ယန် ကြောင်ကုတ်ခံလိုက်ရသလိုမျိုး လုံးဝ မကျေမနပ်ဖြစ်ကာ စိတ်မသက်မသာဖြစ်နေသည်။  သူမ အသက်ရှူကြပ်ကာ  ခံစားချက်တွေ ကမောက်ကမ ဖြစ်နေသည်၊အစ်ကို-”

 

 

 

သူမ တခြားဘာမှ မပြောနိုင်တော့ပေ။  "နင်​​ပျော်ရွှင်နိုင်ဖို့ ငါအမြဲတမ်းမျှော်လင့်ပါတယ်​.."

 

 

 

ကျိုးရှို့လင်းက သူမကိုကြည့်ပြီး သက်ပြင်းချကာ နူးညံ့စွာပြောလိုက်သည်။ "အိုခေ ငါသိပြီ။  တခြားဘာမှ ထပ်မပြောကြရအောင်"

 

 

 

ကျိုးယန်ယန် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ ငိုပြီး သူအအခန်းထဲ ပြန်ပြေးသွားခဲ့သည်။

 

 

 

 ဒီတရုတ်နိုင်ငံကို ပြန်လာတဲ့ ခရီးစဉ်ဟာ သူမအတွက် တကယ့်ကို ဆိုးရွားတဲ့ အစပြုမှုပဲ။

 

 

 

ကျန်းရှောင် သုံးနာရီပြည့်အောင် အိပ်ပျော်သွားပြီး သူမနိုးလာတော့ ကျိုးရှို့လင်းက အနီးနားရှိ ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ကို ရုတ်တရက် သတိပြုမိခဲ့သည်။ 

 

 

 

 သူ့ရှပ်အင်္ကျီကို ကြယ်သီးတွေ ဖြုတ်ထားပြီး ကြယ်သီးပေါင်းများစွာကို ပေါ်လွင်စေကာ သူ့ခြေထောက်တွေကိုလည်း ကြမ်းပြင်ပေါ်ချထားသည်။  ဆိုဖာက ကျဉ်းတော့ သူ အဆင်မပြေဖြစ်နေတာဖြစ်မည်။

 

 

 

ကျန်းရှောင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကုတင်ပေါ်ကနေ ထပြီး သူ့ဆီ ခြေဖျားလေးနဲ့ လျှောက်သွားလိုက်သည် ခါးကိုင်းလိုက်ပြီး ဆိုဖာရှေ့မှာ ငုတ်တုတ်ထိုင်ချလိုက်သည်။  

 

 

 

ကျိုးရှို့လင်းမှာ ဓားနှင့်တူသော မျက်ခုံးမွှေး၊ တောက်ပသော မျက်လုံးများနှင့် မြင့်မားသော နှာတံရှိ၍ ချောမောကြောင်း သူမ အမြဲသိထားခဲ့သည်။  

 

 

 

ကုမ္ပဏီတွင်းရှိ ငယ်ရွယ်သော အမျိုးသမီးငယ်တွေကလည်း မကြာခဏဆိုသလိုပင် သူ့ကို အချင်းချင်း ဆွေးနွေးခဲ့ကြသည်။ ကျိုးရှို့လင်းမှာ ဘယ်လိုရည်းစားမျိုး ရှိမယ်ဆိုတာ လူတိုင်းက သိချင်နေကြသည်။

 

 

 

ကျန်းရှောင် သူမဘာသာ ပြုံးလိုက်ကာ အဲ့တာက သူမဖြစ်နိုင်တယ်ဆိုတာကို ဘယ်သူမှ ယုံနိုင်မှာမဟုတ်ချေ။သူမ လက်ကိုမြှောက်ပြီး သူ့မျက်နှာကို ထိချင်သော်လည်း သူ့ကို နှိုးမိသွားမှာကြောက်သည်။

 

 

 

  အဆုံးမှာ သူမက ဆံပင်ကို ညင်သာစွာထိလိုက်ကာ သူ့ဆံပင်ပုံ ပျက်သွားမှာကို စိုးရိမ်ပြီး လက်ကို အမြန်ရုတ်ခဲ့သည်။

 

 

 

 သူ အိပ်ပျော်နေတုန်းမှာ နှုတ်ခမ်းပါးပါးလေးကို တင်းတင်းစိထားခဲ့သည်။ ကျန်းရှောင် ထိုညက အနမ်းကို ရုတ်တရက် တွေးမိသွားပြီး သူ့နှုတ်ခမ်းတွေ ထိမိသွားသည် အထိ မိုက်ခဲ့သည်။  တွေးရင်းနဲ့ သူမမျက်နှာ နီရဲလာသည်။

 

 

 

 အဲဒီအဖြစ်အပျက်မှာ ဘယ်သူကများ အခွင့်မသာမှာလဲ။ အဲ့တာက  ပြောရခက်တယ်။

 

 

 

ကျိုးရှို့လင်းက သူ့ထုံကျင်နေတဲ့ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်တော့ ကျန်းရှောင် ချက်ခြင်းထပြီး ရေချိုးခန်းထဲသို့ အမြန် ပြေးသွားလိုက်သည်။

 

 

 

ကျိုးရှို့လင်း မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့ရဲ့အမြင်အာရုံက တဖြည်းဖြည်း ကြည်လင်လာတယ်။  သူ့လက်ကို မြှောက်ပြီး ဆံပင်ကိုထိလိုက်သည်။  သူ အိပ်ပျော်နေချိန် သို့မဟုတ် မူးနေချိန်မှသာ သူမက သူ့ကို ထိတွေ့ရဲတာ ဖြစ်နိုင်သည်။

 

 

 

 ကျိုး မိသားစုဆီ သူမ ပထမဆုံး လာလည်ပတ်တာဖြစ်ပြီး အငွေ့အသက်က နွေးထွေးမှုမရှိသလို အေးလည်းမအေးစက်ပေ။

 

 

 

 ဒါပေမယ့် အနည်းဆုံးတော့ သူတို့က ယဉ်ကျေးကြသည်။ ရုတ်တရက်ကြီးဖြစ်ကာ သူမက မေမေကျိုးရဲ့စိတ်ထဲကလူတော့မဟုတ်ပေမယ့် သူမက ကျန်းရှောင် ကို လက်ဆောင်ပေးတုန်းပင်။

 

 

 

 လက်ဆောင်၏ လေးလံတဲ့ ရွှေရောင်နှင့် အလေးချိန်တို့သည် ကျန်းရှောင်ကို စကားမပြောနိုင်ဖြစ်သွားစေသည်။

 

 

 

 "ဒါကို ရှို့လင်းရဲ့အဖွားက ပေးခဲ့တာ။ ဒီနေ့တော့ မင်းကို ပေးလိုက်မယ်"လို့မေမေ ကျိုးက ပြောလိုက်သည်။

 

 

 

 "အန်တီ၊ ဒါက အဖိုးတန်လွန်းတယ်။ အဲဒါက မိသားစု အမွေအနှစ်ပါ ကျွန်မ ဘယ်လိုလုပ် ယူရမှာလဲလို့ကျန်းရှောင် ပြောလိုက်သည်။

 

 

 

မေမေကျိုးက သူမလက်ထဲ ထည့်ပေးခဲ့သည်။လက်ဝတ်ရတနာတွေလည်း ရှိသေးတယ်။ နောက်တစ်ခါကျမှ အဲ့တာတွေ မင်းကိုပေးမယ်"

 

 

 

 "ဟင့်အင်း အန်တီ၊ ကျွန်မ လက်မခံနိုင်ဘူး" ကျန်းရှောင် စိတ်လှုပ်ရှားစွာပြောခဲ့သည်။  သူမနဲ့ ကျိုးရှို့လင်းတို့က စာရွက်ပေါ်မှာသာ ယာယီလက်ထပ်ခဲ့ပြီး အနာဂတ်ကို ဘယ်သူကသိမှာလဲ။

 

 

 

ကျိုးရှို့လင်း စကားဝင်ပြောလိုက်သည်။  "ဒါက ကျိုးမိသားစု ရဲ့ အနာဂတ်ချွေးမအတွက် ရည်ရွယ်ထားတာ။ ပဲပင်ပေါက်လေး အတွက် မင်းဆုပ်ကိုင်ထားတဲ့ အရာတစ်ခုတည်းကိုပဲ စဉ်းစား"

 

 

 

ကျန်းရှောင် ပြောလိုက်သည်။  "အာ ...ရှင် အဝေးကို အရမ်းကြိုတွေးနေတာပဲ။ ပဲပင်ပေါက်လေးက မိန်းကလေးဆိုရင်ကော"

 

 

 

" ဒါဆို သူမရဲ့ ခန်းဝင်ပစ္စည်းဖြစ်သွားမှာပေါ့"လို့ ကျိုးရှို့လင်း ပြန်ဖြေခဲ့သည်။

 

 

 

 ကျန်းရှောင် - "..."

 

 

 

 သူ့ရဲ့အပြုံး ရေးရေးလေးကို ကြည့်ရင်း ရုတ်တရတ် သူမရဲ့ နှလုံးခုန်သံကို ခံစားလိုက်ရသည်။ သူမ ခဏတာ ငြိမ်သက်နေခဲ့သည်။ သူမလက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။  ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူမရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ခံနိုင်ရည်မရှိတော့မှာကို သူမ ကြောက်သည်။

 

 

 

ကျိုးရှို့လင်းသည် ထိုညက မတော်တဆမှုကြောင့်နဲ့ ပဲပင်ပေါက်လေး၏ တည်ရှိမှုကြောင့် သူမကို တာဝန်တစ်ခုအဖြစ်သာ မြင်ခဲ့ပေမည်။

 

 

 

ကျန်းရှောင်က သူမ အရမ်းမြင့်လွန်းတဲ့ နေရာကိုတက်ပြီး အဆုံးမှာပြုတ်ကျသွားရင် အပိုင်းပိုင်းဖြစ်သွားကိုကြောက်သည်။

 

 

 

ကျိုး မိသားစုက မိဘတွေနဲ့ တွေ့ဆုံပြီးနောက် သူမသည် ဖျားနာမှုမှ အနားယူပြီးတဲ့နောက် အလုပ်သို့ ပြန်လာခဲ့သည်။ တနင်္လာနေ့မှာ သူမနဲ ကျိုးရှို့လင်းတို့ အတူတူ အလုပ်သွားခဲ့ကြသော်လည်း သူမက အရင်ဆင်းကာ ကုမ္ပဏီသို့ လမ်းလျှောက်သွားခဲ့သည်။

 

 

 

ကျိုးရှို့လင်း မျက်မှောင်ကြုတ်သွားပေမယ့် ဘာမှပြန်မပြောခဲ့ပေ။

 

 

 

 ကုမ္ပဏီကိုရောက်တော့ ကျန်းရှောင် လက်ထောက် ကျန်းနဲ့ အောက်ထပ်မှာ ဆုံခဲ့သည်။

 

 

 

ကျန်းချင် ပြုံးပြီးစကားပြောခဲ့သည်။ "ကျန်းရှောင် မင်း အလုပ်ကို ဒီလောက်စောစော အလုပ်ပြန်လာလုပ်တာလဲ။ ဘာလို့ နောက်ထပ် ရက်အနည်းငယ်လောက် မနားရတာလဲ"

 

 

 

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "မင်္ဂလာနံနက်ခင်းပါ လက်ထောက် ကျန်း "

 

 

 

ကျန်းချင် မေးလိုက်သည်။ "မင်းနဲ့မစ္စတာ ကျိုး မင်း ရဲ့ပြဿနာကို ဖြေရှင်းခဲ့တာလား"

 

 

 

ကျန်းရှောင် သံသယဖြစ်မိသည်။  လက်ထောက် ကျန်းက သူမနဲ့ ကျိုးရှို့လင်း ရဲ့ အခြေအနေကို သိတာလား။  သူမကဟုတ်တယ်၊ ကျွန်မတို့ ဖြေရှင်းထားတယ် လို့ ပြန်ဖြေခဲ့သည်။

 

 

 

ကျန်းချင် သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ကျန်းရှောင်၊ မင်း ချမ်းသာပြီး သြဇာရှိလာရင် မင်းရဲ့ကျေးဇူးရှင်တွေကို မမေ့လိုက်နဲ့

 

 

 

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "ကျွန်မကိုမြှောက်ပင့်နေတာပဲ လက်ထောက် ကျန်း "

 

 

 

ကျန်းချင် ပြုံးပြီးပြောလိုက်သည်။ "မစ္စတာ ကျိုးမှာ အမြဲတမ်း အရသာကောင်းကောင်း ရှိတယ်။ သူအမြင်ထဲမှာရှိတဲ့ သူတိုင်းက အောင်မြင်မှာ သေချာတယ်။ စိတ်မပူပါနဲ့ ဟွားရှက မင်းဘက်မှာရှိတယ် အရင်းအမြစ်တွေ ချို့တဲ့နေမှာ မဟုတ်ဘူး"

 

 

 

 ကျန်းရှောင် - "........"

 

 

 

 "မင်းခုထိ မသိသေးဘူးလားကျန်းချင် ပြုံးလိုက်သည်။ 

 

 

 

 "ရင်ကျဲနဲ့ မစ္စတာကျိုးက မင်းကို လက်မှတ်ထိုးပေးပြီး ရာထူးတိုးဖို့ အဆိုပြုထားတယ်"

 

 

 

 ကျန်းရှောင် ကြက်သေသေသွားသည်။  ကျန်းချင် ဒီနေ့ သူမအပေါ် အထူးစိတ်အားထက်သန်နေသည်မှာ အံ့သြစရာမဟုတ်ပေ။ 

 

 

 

 "လက်ထောက် ကျန်း၊ အဲ့လိုဟာတွေတော့ မရှိပါဘူး။ ကျွန်မ ရှင်းရန်ရဲ့ လက်ထောက်အဖြစ်ဆက်လုပ်မှာ။ "သာယာဝပြောသောကမ္ဘာ" ဇာတ်ကားကို စရိုက်တော့မှာ ဆိုတော့ ကျွန်မ ရှင်းရန် နဲ့ ရိုက်ကွင်းကိုသွားဖို့ ပြင်ဆင်နေတယ်"

 

 

 

ကျန်းချင် ရှော့ခ်ရသွားသည်။ "ဒီလို ကောလာဟလတွေကို ဘယ်သူက ဖြန့်နေလဲ မသိဘူး"

 

 

 

 "ဟုတ်တယ်၊ သူတို့က တာဝန်မဲ့တာပဲ၊ မစ္စတာ ကျိုးက ကျွန်မကို ဘယ်လိုလုပ် ရာထူးတိုးပေးမှာလဲ" ကျန်းရှောင် သံယောက်လိုက်လိုက်သည်။ 

 

 

 

"ကျွန်မ အခု အလုပ်ပြန်သွားလုပ်လိုက်ဦးမယ်"