ဟယ်လို မစ္စတာ ကျိုး
အပိုင်း ၁၇
ဆယ်မိနစ်လောက်ကြာတော့ ကျိုးရှို့လင်း ရေချိုးလို့ပြီးတာနဲ့ မတူညီနဲ့ အဝတ်စားတွေ ဝတ်ပြီး အခန်းထဲက ထွက်လာသည်။ သူ့ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖြီးထားပြီး လမ်းလျှောက်ရင်း သူ့အင်္ကျီကို ကြယ်သီးတွေ တပ်လာသည်။
ပြင်သစ်ပြတင်းပေါက်များမှတဆင့် တောက်ပနေတဲ့ နေရောင်သည် ဧည့်ခန်းအတွင်း အလင်းရောင်များ ဖြာကျလာပြီး သာယာတဲ့လေထုကို ဖန်တီးပေးနေသည်။
ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင် ဘောင်းဘီက သူ့ထုံးစံအတိုင်း စတိုင်လ်ကျသည်။
ကျန်းရှောင် တိတ်တဆိတ် ကြည့်နေခဲ့ပြီး သူမ၏ အကြည့်တွေက တဖြည်းဖြည်း ဝေးကွာလာသည်။ "တကယ်တော့ ရှင် သရုပ်ဆောင် အလုပ်လုပ်လို့ရတယ်" လို့ သူမ စိတ်ကနေ ထင်ယောင်ထင်မှားနဲ့ ပြောလိုက်မိသည်
ကျိုးရှို့လင်း ထမင်းစားကုလားထိုင်ကို ဆွဲထုတ်ကာ ပြုံးလိုက်သည်။ "ငါက သရုပ်ဆောင်လုပ်ရမှာလား။ မင်းက ငါ့ရဲ့ ကိုယ်စားလှယ်လုပ်မို့လား"
ကျန်းရှောင် ရုတ်တရက် အဖြစ်မှန်ဆီ ပြန်ရောက်လာသည်။ "အိုး ကျွန်မ ပြောချင်တာက ရှင့်ရဲ့အရည်အချင်းနဲ့ မင်းသားမလုပ်တာ သနားစရာလို့ပါ"
ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "အနုပညာနယ်ပယ်မှာ ပြင်ပအရည်အချင်းရှိတဲ့ ကြည့်ကောင်းတဲ့လူတွေ ဘယ်တော့မှ မလစ်ဟင်းပါဘူး"
ကော်လံ ရှပ်အင်္ကျီအဖြူ၊ အပြာရောင် ဂျင်းဘောင်းဘီတို နှင့် အဖြူရောင် ရှူးဖိနပ် ဝတ်ထားသည့် သူမကို လှမ်းကြည့်လိုက်သည်။ သူမရဲ့ ဝတ်စားဆင်ယင်မှုက တကယ်ကို..... နုပျိုသည်။
ဒါပေမယ့် သူ့ဘေးမှာရပ်နေတော့ သူမက နည်းနည်းလေး ခေတ်နောက်ကျနေသလို ခံစားရသည်။
အသက်ခြောက်နှစ်ကွာတာကိုး။
နံနက်စာစားပြီးနောက် သူတို့ ပြည်သူ့ရေးရာဌာနဆီ ထွက်ခွာခဲ့ကြသည်။
သူတို့က ဒီနေ့ စာရင်းသွင်းသည့် ဆယ်ယောက်မြောက် စုံတွဲဖြစ်သည်။ တခြားစုံတွဲတွေနဲ့ ယှဉ်လိုက်ရင် သူတို့ဟာရင်းနှီးမှုနည်းပြီး ပျော်ရွှင်မှုနည်းပါးကာ စာချုပ်လာချုပ်နေသလိုမျိုး ပို၍ တည်ငြိမ်အေးဆေးသည်။
စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးနေစဉ် ကျန်းရှောင်သည် ကျိုးရှို့လင်း သူ၏ နာမည်ကို မဆိုင်းမတွပဲ အမြန်ရေးထိုးသည်ကို ကြည့်လိုက်သည်။ သူမ ဘောပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်နှင့် သူမ၏ ညာလက်က စိတ်လှုပ်ရှားစွာ တုန်ရီနေလေသည်။
ကျိုးရှို့လင်း လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာတော့ နူးညံ့တဲ့အကြည့်တွေနဲ့ သူမကို လှည့်ကြည့်ခဲ့သည်။
ကျန်းရှောင် ခေါင်းကို အလျင်အမြန် ငုံ့လိုက်ပြီး သူမရဲ့နာမည်ကို ဂရုတစိုက် ရေးလိုက်သည်။
သူတို့လက်ထပ်စာချုပ်ကို လက်ခံရရှိတဲ့အခါမှာ ကျန်းရှောင်က အနည်းငယ် လက်တွေ့ဘဝနဲ့ကင်းကွာနေတယ်လို့ ခံစားမိသေးသည်။
စာချုပ်ပေါ်မှာ တယောက်နဲ့တယောက် မှီနေတဲ့ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံကို ကြည့်လိုက်တော့ တော်တော်ကြည့်လို့ကောင်းနေမှာပဲလို့ တွေးမိသည်။
ဓာတ်ပုံဆရာက “ကပ်ပေးပါဦး၊ နည်းနည်းလေးကပ်ပေး” ဟု အော်နေခဲ့သည်။
ကျိုးရှို့လင်း ရုတ်တရက်လက်ဆန့်ထုတ်ပြီး သူမရဲ့ပုခုံးကို ဖက်လိုက်သည်။ "ဒီကိုလာ၊ ဒီအတိုင်းနေ"
မြင်ကွင်းက အေးခဲသွားသည်။ ဒါက သူမတို့နှစ်ယောက်ရဲ့ ပထမဆုံး ဓါတ်ပုံဖြစ်ပြီး သူမတို့မိသားစု သုံးယောက်ရဲ့ ပထမဆုံး ဓာတ်ပုံဆိုလည်း ဟုတ်သည်။
ကျိုးရှို့လင်းက သူမလက်ထဲမှ လက်ထပ်စာချုပ်ကို ယူလိုက်သည်။ "ငါသိမ်းထားမယ်"
"အခုဘယ်သွာမှာလဲ။ ရှင် ရုံးပြန်သွားမှာလား"
ကျိုးရှို့လင်း သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ကာ သူက ဤအမူအရာကို ကျင့်သားရနေပြီဖြစ်သည်။ "ငါတို့ တစ်ခုခု အရင်ဝယ်ရမယ်"
"ဘာဝယ်မို့လဲ" လို့ သူမ မေးလိုက်သည်။
"ငါတို့ ရောက်သွားရင် မင်းသိမှာပါ"
ကျန်းရှောင် ဆက်မမေးတော့ပေ။ သူမ လက်ဖဝါးမှာ ချွေးတွေထွက်နေတာကို သူ သတိထားမိမလားဆိုတာ သူမ သေချာမသိပေ။
ရလဒ်အနေနဲ့ ကျိုးရှို့လင်းက သူမကို လက်ဝတ်ရတနာဆိုင် ခေါ်သွားခဲ့သည်။ မင်္ဂလာလက်စွပ်ဝယ်ဖို့ သူတို့ဒီကိုရောက်လာမှန်း ကျန်းရှောင် ရုတ်တရက် သိလိုက်ရပြီး သူမရဲ့နှလုံးသားထဲမှာ တလှပ်လှပ် ခုန်နေတဲ့သမင်တစ်ကောင်ရှိနေပုံရသည်။
ကျိုးရှို့လင်း ပြောလိုက်သည်။ "ငါတို့ အချိန်နည်းနည်းဆွဲထားတယ်၊ ဒီတော့ ဒီမှာ မင်းကြိုက်တာရှိ မရှိ ကြည့်ရအောင်"
ကျန်းရှောင်သည် ကောင်တာပေါ်ရှိ တောက်ပနေသော လက်ဝတ်ရတနာများကို ကြည့်ကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေမိသည်။
ဆိုင်ထဲမှာ လက်စွပ်ရွေးနေသည့် တခြားစုံတွဲတစ်တွဲလည်း ရှိသည်။ အမျိုးသမီးက အမျိုးသားရဲ့လက်ကို ကိုင်ထားပြီး မေးခဲ့သည်။ "ဟန်နီ၊ ဒီစိန်က ကောင်းလား"
အမျိုးသားက “မင်းကြိုက်ရင် ကောင်းတာပေါ့” လို့ ပြန်ဖြေခဲ့သည်။
အမျိုးသမီးက ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ မွ...."
သူတို့၏ ရင်းနှီးတဲ့ ဆက်ဆံရေးက ကြည့်ရှုနေတဲ့သူတွေကို သတိမမူမိတဲ့ပုံရသည်။
ကျန်းရှောင်က သူတို့ကို ကြည့်ရတာ အဆင်မပြေသလို ခံစားလိုက်ရပြီး ကျိုးရှို့လင်းကို မသိမသာ ကြည့်လိုက်သည်။ တစ်ဖက်တွင်မူ သူက ငြိမ်သက်နေပြီး လက်စွပ်တွေကို ဂရုတစိုက် ကြည့်နေခဲ့သည်။
ကျိုးရှို့လင်း ပြောလိုက်သည်။ "အာရုံစိုက်"
ကျန်းရှောင်က ကျိုးရှို့လင်း အင်္ကျီကို တိတ်တဆိတ် ဆွဲပြီးပြောလိုက်သည်။ "ကျွန်မတို့ စျေးသိပ်မကြီးတဲ့ ဟာကို ရွေးလို့ရမလား" သိန်းချီတန်တဲ့ လက်စွပ်တစ်ကွင်းကို ၀တ်ဆင်ထားရင် သေချာပေါက် သတိထားမိသွားမှာ။
ကျိုးရှို့လင်း သဘောတူလိုက်သည်။ အနည်းဆုံးတော့ သူတို့အိမ်ထောင်ရေးက သူမအတွက် ဖိအားတွေ ထပ်မတိုးလာဖို့ မျှော်လင့်နေသည်။
အဆုံးတွင် သူမသည် ဆိုင်တွင် စျေးအသက်သာဆုံးသော ရိုးရိုးလက်စွပ်တစ်စုံကို ရွေးချယ်ခဲ့သည်။
ကျိုးရှို့လင်းက လက်စွပ်ကို သူမရဲ့လက်သူကြွယ်မှာ စွပ်ပေးခဲ့သည်။ ခေါင်းကိုငုံ့ထားပြီး ဆံပင်ရှည်ရှည်နဲ့ သူမရဲ့ ပုံစံကို ဖုံးအုပ်ထားသည်။ သူမရဲ့စွဲမက်ဖွယ်အလှကို ဖုံးကွယ်ထားလို့မရပါဘူး။ "မဆိုးဘူး ဒီတစ်စုံယူရအောင်"
ကျန်းရှောင် မသိစိတ်က "ရှင်ရော လက်စွပ်ဝတ်သွားမှာလား" လို့ မေးလိုက်သည်။
ကျိုးရှို့လင်း နူးညံ့စွာ ရယ်လိုက်သည်။ "ဘာလို့ မဝတ်ရမှာလဲ"
"အဲ့လိုနဲ့ ကျွန်မတို့ မိသွားရင်ကော"
ကျိုးရှို့လင်း သူ့လက်ကို မြှောက်ပြီး သူမရဲ့ ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "ဟင့်အင်း၊ မမိဘူး။ မင်းဝတ်ရင် တခြားသူတွေက အတုလို့ ထင်ကြလိမ့်မယ်"
ကျန်းရှောင် ဟွန့် ဆိုပြီး ယောက်ျားလက်စွပ်ကို ယူကာ အခွင့်အရေးယူလိုက်ပြီး သူ့လက်သူကြွယ်ပေါ်စွပ်ပေးလိုက်သည်။ ရိုးရှင်းတဲ့ လက်စွပ်တစ်ကွင်းတောင် သူ့ရဲ့ သွယ်လျတဲ့ လက်ချောင်းပေါ်မှာ ကြည့်ကောင်းနေသညယ
"မတရားရားဘူး သိလား။ ရှင့်လက်ပေါ်မှာ ပိုကြည့်ကောင်းနေတယ်"
ကျိုးရှို့လင်း ခဏရပ်ပြီး အမှတ်တမဲ့ပြုံးလိုက်သည်။ “ စိတ်နေစိတ်ထားကိစ္စ ဖြစ်နိုင်တယ်"
ကျန်းရှောင် ခဏတုံ့ဆိုင်းသွားပြီး မကူညီနိုင်ဘဲ မေးလိုက်သည်။ "အရင်က ရှင့်မှာ ရည်းစားရှိဖူးလား"
ကျိုးရှို့လင်းက သူမ မျက်လုံးတွေထဲ စိုက်ကြည့်ရင်း သူ၏ အနက်ရောင် မျက်ဝန်းတွေက တောက်ပနေသည်။ "မင်း စိတ်ထဲထားလား"
"ဟင့်အင်း၊ ကျွန်မ စပ်စုကြည့်တာ"
"သိချင်လို့လား"
ကျန်းရှောင် ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။ "မပြောချင်ဘူးဆိုရင်လည်း ရပါတယ်" တကယ်တော့ သူအရင်က ရည်းစားထားဖူးသင့်တယ်လို့ သူမ တွေးထားသည်။
ကျိုးရှို့လင်း ဟန်လုပ်ပြုံးပြီးပြောလိုက်သည်။ "ငါပြောမယ် မထားခဲ့ဖူးဘူး။ မင်းငါ့ကိုယုံလား"
ကျန်းရှောင် နှုတ်ခမ်း ကိုက်လိုက်သည်။ "ဒါက နည်းနည်းတော့ ယုံရခက်တယ်"
ကျိုးရှို့လင်း သူမမျက်လုံးတွေကို တိုက်ရိုက်ကြည့်လိုက်သည်။ "ကျန်းရှောင်၊ မင်းက ငါ့ရဲ့ ပထမဆုံးရည်းစားပဲ "
သူမ ခဏတာ စိတ်ရှုပ်ထွေးသွားပြီးနောက် ကျန်းရှောင် သူမ၏
စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။ သူမရဲ့ နှလုံးကတော့ ခုန်နေတုန်းပဲ။
"ကျွန်မ ဂုဏ်ယူမိပါတယ်" သူ့အရင်ထွက်ဆိုချက်က တခြားအရာတွေထက် ပိုချိုမြိန်တယ်လို့ ဝန်ခံရမည်။
ကျိုးရှို့လင်း စလိုက်သည်။ "ဂုဏ်ယူပါတယ် မစ္စစ် ကျိုး"
ကျန်းရှောင် လေးလေးနက်နက် ပြုံးလိုက်သည်။ "ဂုဏ်ယူပါတယ် မစ္စတာ ကျိုး "
အိမ်ထောင်ရေး မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ကျန်းရှောင်က လင်းဝူကိုသာ ပြောပြခဲ့သည်။
လင်းဝူသည် သူမ၏ ကောလိပ်နောက်ဆုံးနှစ်တွင် စာတွေနဲ့အလုပ်များနေပြီး ယခုထက် နှစ်ဆပို၍ အလုပ်လုပ်နေရသေးသည်။ သူမရဲ့သူငယ်ချင်းအတွက် သူမအသံက ရွှင်မြူးမှုအပြည့်ပင်။
"Congratulations ပါ။ နင်အခုနှစ် "Inspirational Sister " အတွက် အမည်စာရင်း တင်သွင်းလို့ရပြီ"
"ဒါပေမယ့် ငါ နင့်ကို မင်္ဂလာဆောင်တော့ ဖိတ်လို့ မရဘူး"
"အင်း၊ ငါ အခုလောလောဆယ် အနီရောင် စာအိတ်အကြီးကြီး စုထားရမှာပေါ့။ ကျန်းရှောင်၊ နင် ကလေးယူဖို့ ရွေးချယ်လိုက်ပြီး ကျိုးရှို့လင်းနဲ့ လက်ထပ်မယ်ဆိုကတည်းက နင့်မှာ ပြဿနာတွေ ကြုံလာတိုင်း ကျိုးရှို့လင်း နဲ့ တိုင်ပင်။ အရာရာတိုင်းကို တစ်ယောက်တည်း သည်းခံမနေနဲ့။ ကျိုးရှို့လင်းက တာဝန်ကျေတဲ့သူပဲ။ နင်တို့နှစ်ယောက်စလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"
"ငါသိပါတယ်။ ကျိုးရှို့လင်းက ငါ့ကို ကောင်းကောင်း ဆက်ဆံပြီး ငါ့ကို ဂရုစိုက်ပေးပါတယ်။ နင်နဲ့ ချင်းဟန် ကော ဘယ်လိုလဲ"
"ချင်းဟန်က နိုင်ငံခြားမှာ နောက်ထပ် ပညာသင်ကြားဖို့ သွားလိုက်ပြီ"
"ဒါပေမယ့် သူပြန်လာမှာပါ"
"ဟုတ်တယ် အခု စာကြည့်တိုက်သွားရဦးမယ်။ ကိုယ့်ကိုယ့်ကိုလည်း ဂရုစိုက်ဦးနော်"
"ကောင်းပါပြီ" ကျန်းရှောင် အနည်းငယ် သတိလစ်ဟင်းသွားသည်။
လက်ထပ်စာချုပ်ရပြီးနောက် သူတို့ဘဝက များစွာပြောင်းလဲခြင်းမရှိပေ။ ဒါပေမယ့်လည်း ကျိုးရှို့လင်း၏ စီးပွားရေး ခရီးစဉ် အကြိမ်ရေက သိသိသာသာ လျော့ကျသွားပြီး သူငယ်ချင်းများနှင့် တွေ့ဆုံမှု နည်းပါးသွားခဲ့သည်။ သာမာန်ညနေခင်းတွေမှာ အထူးအခြေနေတွေမရှိရင် အိမ်ပြန်ဖို့ အရင်ရွေးချယ်သည်။
သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိဖို့ တစ်ပတ်လောက်ကြာခဲ့ပြီး အခုအချိန်မှာတော့ ကျန်းရှောင်ရဲ့ စီးပွားရေးခရီးထွက်ဖို့ အလှည့်ရောက်လာခဲ့ပြီပင်။
ဒီခရီးစဉ်က လဝက်လောက်ကြာမှာမို့ ကျန်းရှောင်က ၂၄ လက်မ ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး ခရီးထွက်တော့မည်။
ကျိုးရှို့လင်းက သူမရဲ့ အလုပ်ရှုပ်နေတဲ့ အသွင်ကို ကြည့်ပြီး အနည်းငယ် စိတ်ပူသွားသည်။ "ဘာပဲလိုလို ကိုယ့်ကို ဖုန်းဆက်လိုက်"
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်မက ရုပ်ရှင်ရိုက်ကွင်းမှာ လူသစ်တစ်ယောက် မဟုတ်ပါဘူး"
ကျိုးရှို့လင်း အံကြိတ်လိုက်သည်။ "ပဲပင်ပေါက်လေး က လူသစ်လေးလေ "
ကျန်းရှောင် ဘာမှပြောစရာမရှိတော့ပေ။
ကျိုးရှို့လင်း ပြောလိုက်သည်။ "ဒီကိုလာ"
ကျန်းရှောင် ဖြည်းညှင်းစွာ လျှောက်လာပြီး မော့ကြည့်လိုက်သည်။ "ရှင့်အတွက် ကျွန်မဘာလုပ်ပေးရမလဲရှင့် မစ္စတာ ကျိုး "
သူမ သူ့ကို စလိုက်သည်။ "ကျွန်မကို မသွားစေချင်တာ မဟုတ်လား" ဤသည်မှာ မကြာသေးမီက သူမ၏ အကြီးမားဆုံး ပြောင်းလဲမှုဖြစ်သည် သူနဲ့ ဟာသလုပ်ရဲနေပြီ။
ကျိုးရှို့လင်း ကြက်သေသေသွားကာ သူ့မျက်နှာ အနည်းငယ် မည်းမှောင်သွားသည်။ "ကျန်းရှောင် ဘယ်လို စနောက်ရမလဲဆိုတာ မင်းတကယ်သိတာပဲ"
ကျန်းရှောင် မျက်တောင်ခတ်လိုက်သည်။ “သွားခါနီးနှုတ်ဆက်ဖို့အချိန်က နီးလာပြီ၊ ကျွန်မတို့ ခွဲခွာရတော့မယ်။ ရှင်ကို ဖက်ခွင့်ပေးပါ့မယ် ရှောင်တုယ (ပဲပင်ပေါက်လေး) "
ကျိုးရှို့လင်း သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး နောက်ဆုံးမှာ သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။ သူတို့ နှစ်ယောက်စလုံး ငြိမ်နေစဥ်မှာ ဒါက သူတို့ရဲ့ တကယ့်အစစ် ပထမဆုံးပွေ့ဖက်မှုပဲ။
ကျန်းရှောင်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်လုံးတွေကို မှိတ်ထားကာ မျက်နှာကို သူ့ရဲ့ရင်ဘတ်မှာ မြှုပ်ထားလိုက်ပြီး သူ့ရနံ့ကို ခံစားခဲ့သည်။
ဒါက အစစ်အမှန်ပဲ။
သူတို့ အချိန်အကြာကြီး စကားမပြောခဲ့ကြပေ။
ကျိုးရှို့လင်း သူမရဲ့ခေါင်းလေးကိုပုတ်ပြီး အကြံပြုခဲ့သည်။ "အစားကောင်းကောင်းစား "
"ပဲပင်ပေါက်လေးကို ဗိုက်ဆာအောင် မပစ်ထားပါဘူး"
"မင်းမှာ ပြဿနာရှိနေရင် ကျန်းချင်ကို ဆက်သွယ်လိုက်"
"ရှင်
သူ့ကိုပြောပြ ထားတာလား"
"ဒါပေါ့။ မင်းကို ဂရုစိုက်ဖို့ ယုံကြည်စိုက်ချလို့ရတဲ့လူကို ကိုယ်ရှာရမယ်"
"အို့၊ ဒါက ကျန်းချင် ဒီအချိန်မှာ ရိုက်ကွင်းပေါ်မှာရှိမယ်လို့ ဆိုလိုတာလား"
"ဟုတ်တယ်"
"သူဘာလုပ်မှာလဲ"
"ကိုယ် သူ့ကို ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ပေးထားတယ်။ တကယ်တော့ ဟွားရှက "သာယာဝပြောသောကမ္ဘာ"မှာ သန်းရာပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတာ"
ကျန်းရှောင် - "..."
ကျန်းချင် ရောက်ရှိလာကြောင်း ညွှန်ပြရင်း တံခါးကို စည်းချက်ကျကျ ခေါက်ခဲ့သည်။
ကျိုးရှို့လင်း သူမလက်နှစ်ဖက်ကို လွှတ်လိုက်သည်။ "သွားကြရအောင်"
ရုတ်တရက် ကျန်းရှောင်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ သူမရဲ့ရင်ထဲမှာ အလင်းရောင်တွေ တဖျပ်ဖျပ်နဲ့ပင်။ "ကျိုးရှို့လင်း၊ မြင်မြင်ချင်း အချစ်ကိုယုံလား"
...
စာရေးသူ၏ မှတ်ချက်- ကျန်းရှောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုလို့ မထင်ဘူး။ တစ်စုံတစ်ယောက်ကို နှစ်သက်လာနဲ့ သူနဲ့နီးကပ်ချင်လာမယ် တုံ့ဆိုင်းနေတယ်ဆိုတာက အထူးသဖြင့် သူမက ကျိုးရှို့လင်း သူမအပေါ်ထားတဲ့ ခံစားချက်တွေကို သူမ မသိသေးလို့ပါ။ သူတို့ကြားမှာ သိသိသာသာ ကွာဟချက်ရှိတယ်။ ဒါ့အပြင် ကျန်းရှောင်ရဲ့ ကြီးပြင်းလာမှုကို ထည့်သွင်းစဉ်းစားလိုက်ရင် သူမက မိဘမရှိဘဲ ကြီးပြင်းလာရပြီးတော့ သူမရဲ့ နှလုံးသားက အရမ်းသိမ်မွေ့တယ်။ အချစ်ရေးနဲ့ အိမ်ထောင်ရေးအပေါ် သူမရဲ့အမြင်က ပိုကြောက်စရာကောင်းတယ်။ ဒါပေမယ့်သူမ ကျိုးရှို့လင်းနဲ့ ဆုံတွေ့ခွင့်ရတာ အရမ်းကံကောင်းပါတယ်။