အပိုင်း ၁၉
Viewers 793

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၁၉

 

 

 

 

 

 

လျန့်ယွဲ့ သည် ပြည်တွင်းနှင့်နိုင်ငံတကာဆု ၂၀ ကျော်ရရှိထားပြီး သူမ၏ လက်ရာမြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့်  နိုင်ငံတကာမှာ နာမည်ကောင်းရခဲ့သည်။

 

 

လုပ်ငန်းထဲက လူတိုင်းက သူမကို ဆရာမ လျန့် လို့ ခေါ်ကြပြီး သူမနဲ့ ရင်းနှီးတဲ့ သူတွေက သူမကိုအစ်မ လျန့်လို့ခေါ်ကြသည်။

 

 

လျန့်ယွဲ့ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "ဒီညက ပျင်းစရာ မကောင်းဘူးလား"  သူမသည် ဤပရဟိတအား စီစဉ်သူဖြစ်တာကြောင့် အိမ်ရှင်အဖြစ် သဘာဝကျကျ ဂရုစိုက်တတ်သူဖြစ်သည်။

 

 

 "ဆရာမ လျန့်၊ ဆရာမ အများကြီး အားထုတ်ထားတာပဲ။ ကျွန်တော်တို့က ကျေးဇူးတင်ရမှာပါ။ ဒီပွဲအတွက် မဟုတ်ရင် ကျွန်တော်တို့ နှစ်ယောက်စလုံး တွေ့ဆုံခွင့်ရမှာ မဟုတ်ဘူး" လို့ မိုရီဟန် ပြောလိုက်သည်။

 

 

လျန့်ယွဲ့ သူမ နှုတ်ခမ်းကို ဖိလိုက်သည်။ "မစ္စတာ မို၊ ဘယ်လို ဟာသလုပ်မယ်ဆိုတာကို သိနေသေးတာပဲ။ မင်းရောက်လာတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ။စကားမစပ် မစ္စတာ ကျိုး ကျွန်မ "သာယာဝပြောသောကမ္ဘာ"  ရဲ့ ဇာတ်ညွှန်းကို ဖတ်ပြီးပြီ ကျွန်မ အဲ့တာကို စောင့်မျှော်နေပါတယ်"

 

 

ကျိုးရှို့လင်း ပြုံးလိုက်သည်။ "ကျွန်တော်တို့လည်း စောင့်မျှော်နေပါတယ်။ ကျင်းကျုံးပိုင်က ခေါင်းဆောင်မင်းသားနေရာကဆိုတော့ ဒီဇာတ်လမ်းတွဲက ပရိသတ်ကို အံ့အားသင့်သွားစေမယ်လို့ ကျွန်တော် ယုံကြည်တယ်"

 

 

လျန့်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ မနှောင့်ယှက်တော့ပါဘူး။ ဒီည ပျော်ရွှင်ကြပါစေ၊ ကျွန်မ အနာဂတ်မှာ ဆုံဆည်းဖို့ အခွင့်အရေးရမှာပါ"

 

 

 "ကောင်းပါပြီ"

 

 

လျန့်ယွဲ့ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့ပြီး မိုရီဟန်က မထိန်းနိုင်ဘဲ သက်ပြင်းချနိုင်ခဲ့သည်။  "ကျင်းကျုံးပိုင် ရဲ့ မိထွေးက အရမ်းတော်တာပဲ "

 

 

ကျိုးရှို့လင်း လျန့်ယွဲ့ ၏ ပုံစံကိုကြည့်ကာ ခပ်အုပ်အုပ်တုံ့ပြန်လိုက်သည်။

 

 

 "ဟုတ်တယ် အမှန်ပဲ။  ဆရာမ လျန့်က အသက်ဘယ်လောက်ရှိပြီလဲ။ ၃၆ လား ၃၈ လား"

 

 

 "အန်တီ့ရဲ့ အသက်ကို မင်းဘာလို့ ဒီလောက် စိတ်ပူနေရတာလဲ။ အသုံးဝင်တာ တစ်ခုခု မင်း မလုပ်ပေးနိုင်ဘူးလား"

 

 

 "သူမ ကျင်းကျုံးပိုင် ရဲ့အဖေနဲ့ လက်မထပ်ခဲ့ဘူးဆိုရင် ငါတို့ သူမကိုတွေ့ရင် အခုချိန်မှာ သူမကိုအစ်မ လျန့်လို့ ခေါ်ကြလိမ့်မယ်"

 

 

မိုရီဟန် ပြောတာမှန်ပေမယ့် ကျိုးရှို့လင်းက သူနဲ့ စကားမပြောချင်တော့ဘူး။

 

 

 အဲဒီညမှာတော့ ပရဟိတပွဲက Weibo မှာ လူသိများလာခဲ့သည်။

 

 

 တိတ်ဆိတ်တဲ့ညမှာ ကျန်းရှောင်သည် ကျိုးရှို့လင်း အလုပ်ပြီးတဲ့အချိန်ထိ စောင့်ခဲ့သည်။  သူမ ခေါက်ကုလားထိုင်ပေါ် ထိုင်ပြီး Weibo ကို ပေါ့ပေါ့ပါးပါး ကြည့်ကာ ပွဲနှင့်ပတ်သက်သည့် သတင်းအားလုံးကို ဖတ်နေသည်။

 

 

 ပရဟိတလုပ်တာက တကယ်ကောင်းတဲ့အရာပဲ။

 

 

 သူတစ်ပါးကို ကူညီခြင်းနှင့် မိမိကိုယ်ကို အကြွေးဆပ်တာ။

 

 

ကျန်းရှောင် ဖုန်းကို ဖယ်လိုက်ပြီး မတ်တပ်ထရပ်ပြီး ဝရန်တာမှာ ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လုပ်နေသည်။  သူမဗိုက်ကို ညင်သာစွာကိုင်ကာ လမ်းလျှောက်ရင်း သူ့ကိုယ်သူ ရေရွတ်နေသည်။

 

 

 "ပဲပင်ပေါက်လေး၊ သေချာနားထောင်နော် ဒီည မေမေက မင်းအတွက် နတ်ဘုရားမ လျှို၏ တမ်းချင်း" ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ပြပေးမယ်"

 

 

".....အလန့်တကြားဖြစ်စေတဲ့ ငန်းတစ်ကောင်လို ကျက်သရေရှိပြီး၊ လွင့်မျောနေတဲ့ နဂါးလို ပြေပြစ်တယ်။ ဆောင်းဦးပေါက်ပန်းပင်တွေလို တောက်ပနေတယ်၊ နွေထင်းရှူးပင်တွေလို တောက်ပနေတယ်။ လကိုဖုံးကွယ်ထားတဲ့ တိမ်တိုက်တစ်ခုလို၊ လေတိုက်သလို နှင်းတွေပြန်ကျလာသလို လှုပ်လှုပ်ရွရွဖြစ်နေတယ်......"

 

 

 ကျန်းရှောင် ဤစာကြောင်းအနည်းငယ်ကို ငါးကြိမ် ခြောက်ကြိမ်လောက် ထပ်ခါထပ်ခါ ရွတ်ဆိုခဲ့သည်။ 

 

........

 

 ဒရာမာများ ရိုက်ကူးခြင်း၏ အားသာချက်တစ်ခုမှာ မိမိကိုယ်ကို ပတ်ဝန်းကျင်မှာ နှစ်မြှုပ်ရလွယ်ကူခြင်းပင်ဖြစ်သည်။ ကျန်းရှောင်သည် သူမ၏ ကလေးငယ် ပဲပင်ပေါက်လေးကို မကြာသေးမီက  ဂန္ထဝင်ကဗျာတွေနဲ့ နေ့စဥ်ထိတွေ့ခွင့်ပေးခဲ့သည်။

 

 

သူမသည် ကလေးကို ထူးချွန်ထက်မြတ်တဲ့ ပညာရှင်လေးတစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင်ချင်နေတာလည်း ဖြစ်နိုင်သည်။

 

 

ကျင်းကျုံးပိုင်သည် တစ်နေ့တာအတွက် သူ့ရဲ့နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးစီးခဲ့ပြီး ကဗျာကိုအဆက်မပြတ် ရွတ်နေတဲ့ တစ်စုံတစ်ယောက်ကို တွေ့ဖို့ထွက်လာခဲ့သည်။

 

 

 သူ့ရဲ့ လေးလံတဲ့ ၀တ်စုံကို ချွတ်လိုက်ပြီး အသံနက်နက်နဲ့စကားပြောလိုက်သည်။ "လာပြီး ဒီအဝတ်တွေကိုယူပေး"

 

 

ကျန်းရှောင် လှည့်ကြည့်လိုက်တော့ သူ့ကို မြင်လိုက်ရသည်။ သူမ အဝတ်အစားတွေကို ကိုင်ရင်းနဲ့ မေးလိုက်သည်။ "ဒါတွေကို ဘယ်မှာထားရမလဲ"

 

 

ကျင်းကျုံးပိုင်က သူ့မျက်လုံးတွေကို စွေကြည့်လိုက်ပြီး အလင်းရောင်အောက်မှာ သူမကို စစ်ဆေးကြည့်ခဲ့သည်။  "အိုး၊ မင်းက ကျောက်ရှင်းရန်ရဲ့ လက်ထောက်လား။ အဲ့တာတွေကို ဒီမှာပဲ ထားလိုက်။ နောက်မှ ငါ့လက်ထောက် လာရှင်းလိမ့်မယ်"

 

 

ကျန်းရှောင် ခေါင်းညိတ်ပြပြီး ဝတ်စုံကို ဘေးမှာချထားလိုက်သည်။ သူမ ကျိုးရှို့လင်းကို စောင့်နေတာ။ ပြီးတော့ အခုထွက်သွားလိုက်ရင် အဲ့တာက မသင့်လျော်ဘူး။

 

 

ညဘက်က လရောင်က ငြိမ်သက်နေပြီး အင်းဆက်ပိုးမွှားတွေက ပြတ်တောင်း ပြတ်တောင်းနဲ့ အော်နေကြသည်။

 

 

ကျင်းကျူံးပိုင် သူ၏ အပြင်ဘက် ၀တ်ရုံကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး တီရှပ်လက်တိုသာ ကျန်တော့သည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကို ညွှန်ပြနေတဲ့ သူ့မှာ ကောင်းစွာသတ်မှတ်ထားသော ကြွက်သားများနှင့်အတူ ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်သည်။

 

 

ဂျုံနဲ့တူတဲ့ အသားအရေနဲ့ ကျန်းမာသန်စွမ်းတဲ့ သွင်ပြင်လက္ခဏာနဲ့  သူ့အသားအရေက မဖြူ ပေမယ့် မည်းလည်း မမည်းဘူး။ သူ့အဝတ်အစားတွေကို ချိန်ညှိပြီး နဖူးပေါ်က ချွေးတွေကို အနီးနားရှိ မျက်နှာသုတ်ပုဝါနဲ့ သုတ်လိုက်သည်။

 

 

 "ဘွဲ့ရပြီးပြီလား"  အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ကျင်းကျုံးပိုင် ရုတ်တရက် မေးလိုက်သည်။

 

 

 "ဘာရီး "  ကျန်းရှောင်က သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်ကို မြင်လိုက်ရသောအခါတွင် သူမ အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

 

 

ကျင်းကျုံးပိုင် ပြုံးစိစိလုပ်လိုက်သည်။ "လွန်ခဲ့တဲ့ သုံးနှစ်က မင်း ငါ့ရဲ့လက်ထောက်ရာထူးနေရာ လျှောက်ထားဖို့ လာခဲ့တာကို ငါမှတ်မိတယ်"

 

 

ကျန်းရှောင်၏ အမူအရာက ပြောင်းသွားခဲ့သည်။  "မှတ်မိသေးတာလား"

 

 

 လွန်ခဲ့သည့် သုံးနှစ်က သူမ၏ နွေရာသီ အားလပ်ရက်တွင် သူမ သူ့ လက်ထောက်အဖြစ် လျှောက်ထားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

 

 

 "ငါ့ မှတ်ဉာဏ်က ကောင်းပါတယ်"  အဓိက အကြောင်းအရင်းမှာ ကျန်းရှောင်သည် လက်ထောက်အဖြစ် အရွေးမခံရတာကြောင့် အရမ်းငိုခဲ့ပြီး ကျင်းကျုံးပိုင်က အဲ့တာကို မြင်လိုက်ရတာကြောင့်ပင်။

 

 

  သူသည် သူမအား စကားအနည်းငယ်ပြောပြီး နှစ်သိမ့်ကာ အနာဂတ်မှာ နောက်ထပ် အခွင့်အရေးတစ်ခုပေးဖို့ သူမကို ရှာမည်ဟု ပြောခဲ့သည်။

 

 

 မထင်မှတ်ဘဲ သူမသည် နောက်ပိုင်းတွင် ဤနယ်ပယ်မှာ အဆုံးသတ်ခဲ့သည်။ အခုဆိုရင် သူမ ကောင်းကောင်းလုပ်နိုင်နေပုံရသည်။

 

 

ကျန်းရှောင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။  "ကျွန်မက ငယ်ငယ်တုန်းကဆိုတော့ မသိနားမလည်ခဲ့လို့ပါ၊ ကျေးဇူးပြုပြုပြီး စိတ်ထဲမထားပါနဲ့"

 

 

 "ဒါဆို မင်း အခု ငါ့လက်ထောက် ဖြစ်ချင်သေးလား"  ကျင်းကျုံးပိုင် ပေါ့ပေါ့ပါးပါး မေးနေသကဲ့သို့ အဓိပ္ပါယ်ရှိတဲ့ အပြုံးကို ထုတ်ဖော်လိုက်သည်။

 

 

 ကျန်းရှောင် သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တော့ ကျင်းကျုံးပိုင်ရဲ့ အပြုံးက မပြောင်းလဲဘဲ ရှိနေသည်။

 

 

 သူ အလေးအနက်ပြောနေတာလား ဒါမှမဟုတ် နောက်ပြောင်ခြင်း ရှိ၊ မရှိဆိုတာ သူမ မပြောနိုင်သော်လည်း ကျင်းကျုံးပိုင်တွင် ပရော်ဖက်ရှင်နယ် စတူဒီယိုတစ်ခုရှိပြီး သူ၏ ဒါရိုက်တာဖခင်အပြင် မိခင်မင်းသမီးလည်း ရှိသည်။  သူ့မှာ လက်ထောက်တွေ နည်းပါးနေမည် မဟုတ်ပေ။

 

 

 သူနောက်နေတာဖြစ်မည်။  ထိုကဲ့သို့သော အားကောင်းသည့် နောက်ခံဖြင့် သူတို့သည် ခေါ်ယူရန်အတွက် ကိုယ်စားလှယ်လောင်းများကို ဂရုတစိုက် ရွေးချယ်ကြမည်ဖြစ်သည်။

 

 

 လွန်ခဲ့တဲ့သုံးနှစ်က ကျန်းရှောင်သည် ထိုအချိန်တွင် လိုအပ်တဲ့ အရည်အချင်းများ မရှိသဖြင့် သူမ၏ လျှောက်လွှာက မအောင်မြင်ခဲ့ပေ။ 

 

 

ယခုမူ သူမတွင် လုပ်ငန်းအတွေ့အကြုံရှိသော်လည်း ရုပ်ရှင်ဧကရာဇ်၏ လက်ထောက်ဖြစ်ရန် အရည်အချင်းမပြည့်မီသေးဘူးဟု ခံစားမိသေးသည်။

 

 

 ကျင်းကျုံးပိုင် သူမ ဆိုလိုတာကို သတိရမိသည့်အချက်က သူမသည် ထိုအချိန်က သူ့အပေါ် နက်နဲတဲ့ထင်မြင်ချက် ထားခဲ့လို့ဖြစ်သည်။

 

 

ကျန်းရှောင် ဒါကို မျက်ဝါးထင်ထင် မှတ်မိပြီး ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။  ထိုအချိန်က အသည်းအသန် ငိုနေပြီး နှာရည်တွေကျနေတော့ ကျင်းကျုံးပိုင်က သူမကို လက်ကိုင်ပုဝါတစ်ထည် ပေးခဲ့တာ။

 

 

 ၎င်းသည် ဘရန်းတံဆိပ်တစ်ခုဖြစ်ပြီး သူမ ၎င်းကို ဘူးထဲတွင် သိမ်းဆည်းထားဆဲပင်။ အကယ်၍ သူမသည် ထိုလက်ကိုင်ပုဝါကို ယခုအွန်လိုင်းတွင် လေလံတင် ရောင်းချမည်ဆိုပါက၊ သူမ ကောင်းတဲ့စျေးနှုန်းကို ရရှိနိုင်မည်ဖြစ်သည်။

 

 

 နွေရာသီ၏ အပူဒဏ်နှင့် ဂနာမငြိမ်မှုတို့မှ သက်သာရာရစေသည့် လေပြေညင်းများ လိုက်ပါလာခဲ့သည်။

 

 

 သူမ ပြုံးလိုက်သည်။ "တစ်လ လစာ ဘယ်လောက်ပေးနိုင်မလဲ"

 

 

ကျင်းကျုံးပိုင် အံ့အားသင့်သွားသည် ။ "မင်းအခု လက်ရှိရနေတာထက် မြင့်မှာသေချာတယ်"

 

 

ကျန်းရှောင်ရဲ့ မျက်ခုံးတွေတွန့်သွားသည်။ "ကျွန်မက တစ်လကို ယွမ်ငါးထောင်ပဲ ဝင်ငွေရှိတယ်"  သူမ သက်ပြင်းချလိုက်သည်။

 

 

 ကျင်းကျုံးပိုင်က သူမကို လစာမြင့်တဲ့ရာထူးကို ကမ်းလှမ်းနေသည်ဟု ယူဆပြီး နောက်ပိုင်းမှာ သူမသည်  ဟွားရှ ရှိ လက်ထောက်များအတွက် လစာတွေက အလွန်နည်းသည်ဟု ကျိုးရှို့လင်းနှင့် စကားပြောဖို့ လိုအပ်သည်။

 

 

ကျင်းကျုံးပိုင် သူ၏ သွယ်လျတဲ့ လက်ချောင်းထိပ်များဖြင့် သူ့နားထင်ကို ညင်သာစွာ ပွတ်သပ်ကာ သူ့မျက်လုံးများသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး သူ့ခံစားချက်များကို ပိုင်းခြားရန် ခက်ခဲစေသည်။

 

 

ကျန်းရှောင် နှုတ်ခမ်းသပ်လိုက်ပြီး ဆက်ပြီးတည်ငြိမ်အောင် ကြိုးစားနေသည်။ "ကျွန်မကို သတိရပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခု ကျွန်မရဲ့လက်ရှိအလုပ်ကို အရမ်းစိတ်ကျေနပ်မှုရှိတယ်"

 

 

ကျင်းကျုံးပိုင် မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုအရိပ်အမြွက် ပြနေသော်လည်း လရောင်ဖြင့် တဖြည်းဖြည်း ဖုံးကွယ်နေသော သူ၏အမူအရာဖြင့် မကူညီနိုင်ဘဲ ပြုံးလိုက်သည်။

 

 

  သူ ခေါင်းညိတ်ပြပြီး ပင်ပန်းနေတဲ့ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ "ကောင်းပါတယ်"  သူ့စကားက တိုတောင်းပေမယ့် အစွမ်းထက်သည်။

 

 

 ကြီးထွားမှုက မင်းကို ထပ်ခါတလဲလဲ ကျရှုံးမှုများမှတစ်ဆင့် ရင့်ကျက်လာစေရန် အမြဲသွန်သင်ပေးသည်။  ငိုနေတာက မကူညီပေးနိုင်ဘူး။  မင်းလိုချင်တာကို ရအောင်ကြိုးစားရမယ်။

 

 

ကျန်းရှောင် သူ့အပြုံးကို တွေးပြီး နောက်ပြောင်နေတာမဟုတ်ဘူးဆိုတာ သိလိုက်သည်။

 

 

 သူမသည် ရုတ်တရက် စိတ်သက်သာရာရသွားကာ ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါပြောလိုက်သည်။ "ကျွန်မ တောင်းဆိုလို့ရမလား"

 

 

 "ဘာများလဲ"သူ စိတ်ဝင်တစား နဲ့ သူမကိုကြည့်လိုက်သည်။

 

 

 "ကျွန်မအချစ်ဆုံး သူငယ်ချင်းက ရှင့်ရဲ့အမာခံပရိသတ်တစ်ယောက်ပါ၊ ကျွန်မမှာ ပုံမှန်မဟုတ်တဲ့ တောင်းဆိုမှုတစ်ခုရှိတယ်။ ကျွန်မအတွက် လက်မှတ်ထိုးပေးလို့ရမလား"

 

 

ကျင်းကျုံးပိုင် အကျယ်ကြီးအေယ်ရယ်ပစ်လိုက်သည်။  အဲ့တာက ဒီတောင်းဆိုမှုပဲ။  "ရတာပေါ့"

 

 

ကျန်းရှောင် ရှေ့သွားပေါ်အောင်ပြုံးလိုက်သည်။  "ဒါဆို ​နောက်​တစ်​ခါ​မှတွေ့ကြမယ်။ ကျေးဇူးတင်​ပါတယ်​ရှင့်"

 

 

 အဝေးမှ ဆူညံသံတစ်ခုကို ကြားလိုက်ရပြီး ဒီနေ့ညရဲ့ ရိုက်ကူးရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။

 

 

 ခဏအကြာတွင် ကျောင်ရှင်းရန်နှင့် အခြားသူတွေ အတူတူ ထွက်လာခဲ့ကြသည်။ ကျန်းရှောင် မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။" တောင်းပန်ပါတယ်၊ ကျွန်မသွားလိုက်ပါဦးမယ် ”

 

 

 ကျင်းကျုံးပိုင်က သူမ၏ ရုပ်သွင် လရောင်အောက်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။

 

 

သူ ဖြည်းဖြည်းချင်း ထပြီးခေါင်းလှည့်လိုက်ရာ ချန်းရင် အရိပ်ထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ ခေါင်းညိတ်ပြလိုက်သည်။ "မင်း ဘယ်တုန်းက ရောက်နေတာလဲ"

 

 

ချန်းရင် အမှုမဲ့ အမှတ်မဲ့ လျှောက်လာသည်။ သူမသည် လေနှင့်အတူ လွင့်နေတဲံ အဖြူရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး ဖော်မပြနိုင်သော ဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်ထားသည်။  "အဲ့ကလေးမလေးကို လှည့်စားနေတာလား"

 

 

ကျင်းကျုံးပိုင် တခစ်ခစ်ရယ်ပြီး သူမကို ကြည့်လိုက်သည်။