အပိုင်း ၂၀
Viewers 797

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၂၀

 

 

 

 

"ရှင် လူတွေကို ဘယ်အချိန်က စပြီး အပြင်းအထန်လှည့်စားတတ်လာတာလဲ"  ချန်းရင်က သူ့ကို နှစ်ပေါင်းများစွာ သိထားခဲ့ပြီး သူမ စကားတွေကို ဘယ်တော့မှ ထိန်းမထားခဲ့ချေ။

 

 

 "ဘာလဲ။ မင်း ကုမ္ပဏီက လူတွေကို ငါလုယူသွားမှာ ကြောက်နေတာလား"

 

 

ချန်းရင် ပခုံးတွန့်လိုက်သည်။ "ကျွန်မက ရှင် အဲ့လိုမလုပ်နိုင်မှာကိုပဲ ကြောက်တာ"

 

 

 "ဟုတ်လား" ကျင်းကျုံးပိုင် မျက်ခုံးပင့်လိုက်သည်။ "ငါ သူမကို ချဥ်းကပ်နိုင်ရင်ကော "

 

 

ချန်းရင်က သူမပုံစံရဲ့ ကြော့ရှင်းသောလိုင်းကို ထုတ်ဖော်ကာ ခေါင်းကို အနည်းငယ်စောင်းလိုက်သည်။ "ကျင်းတ၊ ရုပ်ရှင်ဧကရာဇ်၊ ကျွန်မရှင့်ကို အမှန်အတိုင်းပြောပြမယ်။ ဒီမိန်းကလေးမှာ ခိုင်မာတဲ့ ပင်ကိုစရိုက်ရှိတယ်။ ရှင် အဲဒါကိုစဥ်းတောင် မစဉ်းစားနဲ့။ အရင်က ကျွန်မ သူမကိုဆွဲဆောင်ခဲ့ပေမဲ့ သူမက ကျောက်ရှင်းရန် ကို ရွေးချယ်ခဲ့တယ်"

 

 

ကျင်းကျုံးပိုင် တိုးတိုးလေးပြောလိုက်သည်။ "သူမက ငါ့ရဲ့ လစဉ်လစာအကြောင်း မေးတယ်"

 

 

ချန်းရင် တခစ်ခစ်ရယ်လိုက်သည်။ "ရှင် တခြားသူတွေကို စနေသလို တခြားသူတွေကလည်း ရှင့်ကိုစလို့မရဘူးလား"

 

 

 လရောင်အောက်တွင် ကျင်းကျုံးပိုင်နှင့် ချန်းရင်တို့ အတူတူထွက်သွားခဲ့ကြသည်။

 

 

ကျန်းရှောင်နှင့် ကျောက်ရှင်းရန်တို့ ဟိုတယ် ပြန်သွားကြပြီး ကျောက်ရှင်းရန်က လမ်းတစ်လျှောက်လုံး ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့သည်။

 

 

 သူမ ပင်ပန်းနေတာဖြစ်မည်ဟု ကျန်းရှောင် ထင်လိုက်ကာ ထွက်ခွာသွားဖို့ မပြင်ဆင်မီ မနက်ဖြန် အလုပ်ချိန်ဇယားကို သူမနှင့် အကျဉ်းချုံး ဆွေးနွေးခဲ့သည်။

 

 

ဒါပေမယ့် ကျောက်ရှင်းရန်က သူမကို တားခဲ့သည်။  တကယ်တော့ ကျန်းရှောင်နဲ့ ကျင်းကျုံးပိုင် စကားပြောနေတာကို အခုလေးတင်ပဲ သူမ အဝေးကနေ မြင်လိုက်သည်။

 

 

ကျင်းကျုံးပိုင်နဲ့ scene အနည်းငယ်ရိုက်ပြီးနောက်မှာတော့ သူမဟာ သူတို့နှစ်ယောက်လုံး ရင်းနှီးသွားပြီလို့ မပြောရဲပေ။

 

 

 "နင် ကျင်းကျုံးပိုင်နဲ့ စကားပြောနေတာလား"

 

 

 "ဒီတိုင်းသာမန် စကားလေးတွေပါပဲ"

 

 

ကျောက်ရှင်းရန် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့အမူအရာက အနည်းငယ်အေးစက်နေသည်။ "ကျန်းရှောင်၊ နင့်ကိုသတိမပေးမိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ ကျင်းကျုံးပိုင် ရဲ့ အဆင့်အတန်း၊ သူ့အတွက် ခံစားချက်တွေ မတိုးလာစေနဲ့၊ သူနဲ့ ရင်းနှီးဖို့တောင် မစဉ်းစားပါနဲ့။  အဆုံးမှာ နင် နာကျင်ရလိမ့်မယ်"

 

 

ကျန်းရှောင် အသက်ပြင်းပြင်းရှူရင်း နှလုံးသားထဲတွင် တိတ်တဆိတ် နာကျည်းနေခဲ့သည်။ သူမက မိခင်တစ်ယောက်ဖြစ်နေပြီမို့ သူမ ဘာကြောင့် တခြားသူတွေကို လှည့်စားရမှာလဲ။ သူမ လက်ကိုမြှောက်လိုက်သည်။

 

 

 “ကျွန်မမှာ ရည်းစားရှိတယ်" ရိုက်ကွင်းမှာ လူတွေအများကြီးရှိတာကြောင့် ပြဿနာမဖြစ်အောင် သူမမှာ ရည်စားရှိတယ်ဆိုတဲ့ သတင်းကို ဖြန့်ထားပြီးသားပင်။သဘာဝအားဖြင့် အဲ့တာက သူမကိုဒုက္ခများစွာမှကယ်တင်ခဲ့သည်။

 

 

ကျောက်ရှင်းရန် သူမလက်စွပ်ကို သတိထားမိပြီး အဲ့တာကရိုးရိုးလေးပဲဆိုတာ တွေ့လိုက်ရသည်။  "အိုး၊ နင်ဘာလို့ ကြိုမပြောတာလဲ၊ ဒါ ဘယ်တုန်းကလဲ"

 

 

 "မကြာသေးခင်ကမှ အတည်ပြုခဲ့တာပါ ဒါပေမယ့် သူ နိုင်ငံခြားကို သွားတယ်"

 

 

 "ငါပြောခဲ့တာကို စိတ်ထဲမထားပါနဲ့။ ငါက နင့်ကိုသတိပေးရုံပါ။ ငါက နင်တွေ့ဖူးတဲ့ လူတွေထက် အများကြီး ပိုတွေ့ဖူးလို့ ပြီးတော့ နင်ကလည်း ငယ်သေးတယ်လေ"

 

 

 "ငါ သိပါတယ်။ နင်လည်း စောစောအနားယူသင့်တယ်။ မနက်ဖြန် မနက်ကျရင် နင့်မှာ ရိုက်ကူးရေးရှိသေးတယ်" ကျန်းရှောင် ကျောက်ရှင်းရန်ကို ကောင်းကောင်းသိသည်။ 

 

 

သူမက မကောင်းတဲ့လူ မဟုတ်ဘူး၊ သူမက မြန်မြန်ဆန်ဆန် အောင်မြင်ဖို့အတွက် စိတ်အားထန်သန်နေတဲ့သူတစ်ယောက်။ သူမက အနာဂတ်မှာ ပိုကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိနိုင်မလားဆိုတာ သူ့ကိုယ်တိုင် အပေါ်မှာ မူတည်သည်။

 

 

ကျန်းရှောင်က အောက်ထပ်ရှိ သူမ အခန်းဆီ ပြန်သွားခဲ့သည်။ သူမကိုယ့်ဘာသာကိုယ်နေဖို့ အခန်းတစ်ခန်းရှိလို့ ကံကောင်းသည်၊ သူမနဲ့ တစ်ဖက်မှာ ကျန်းချင် ရဲ့ အခန်းရှိသည်။

 

 

ကျန်းချင်၏ အသွင်အပြင်က ဟွားရှသည် "သာယာဝပြောသောကမ္ဘာ" ကို တန်ဖိုးထားကြောင်း ဒါရိုက်တာများကိ​ြ အလေးအနက် ခံစားစေခဲ့ရသည်။  လူတိုင်းဟာ သူတို့ရဲ့ ၁၂၀% အားစိုက်ထုတ်မှု အပြည့်ရှိကြပသည်။

 

 

ကျန်းရှောင် သူမရဲ့အခန်းထဲပြန်ရောက်တာနဲ့ ဒိန်ချဉ်နဲ့ သစ်သီးတွေကို စားပွဲပေါ်မှာ စီစဉ်တာကို သတိထားမိလိုက်သည်။ အဲ့တာက ပြီးခဲ့တဲ့  သုံးရက်လောက်ကအတိုင်းပဲ။

 

 

ကျန်းရှောင်က ဒါကို ကျန်းချင် လုပ်နေတာလား ဒါမှမဟုတ် ကျိုးရှို့လင်းက သူ့ကို ညွှန်ကြားထားတာလားဆိုတာကို စပ်စုချင်နေသည်။

 

 

 သူမက ပန်းသီးတစ်လုံး ဆေးကြောလိုက်သည်။

 

 

 အိပ်ရာမဝင်ခင်မှာ သူမဗိုက်ကို ပေကြိုးနဲ့တိုင်းတာနေတုန်းပဲ။  သူမဗိုက်က ခါတိုင်းထက် တစ်စင်တီမီတာ ပိုထွက်နေပြီး ဒါက ညဘက်တွေမှာ အလွန်အကျွံစားမိလို့ ဖြစ်နိုင်သည်။

 

 

 နောက်တစ်နေ့တွင် အသီးအနှံများကို အစုံလိုက်ယူလာကာ လူတိုင်းအား ဝေငှပေးခဲ့သည်။ ရာသီဥတုက ပူတော့ အသီးက ကြာရှည်မခံဘူး။ သူမက တစ်ချို့ကို ချန်းရင် ဆီ ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့သည်။

 

 

 "အစ်မ ရင်၊ လိုက်ချီးသီး မြည်းကြည့်ပါဦး"ကျန်းရှောင် ချိုသာစွာ ပြုံးလိုက်သည်။

 

 

ချန်းရင်မှာ သူမအပေါ် ကောင်းမွန်တဲ့အမြင်ရှိပြီး  မြည်းစမ်းကြည့်ဖို့ ယူလိုက်သည်။ " ကျောက်ရှင်းရန် မှာ မင်းလိုလက်ထောက်တစ်ယောက်ရှိတာ ကံကောင်းတယ်" 

 

 

ကျန်းရှောင်က အလွန်အမင်းနှိမ့်ချမခံရဘဲ လူများကို သက်တောင့်သက်သာဖြစ်စေသည်။  ဒီလိုမိန်းကလေးမျိုးက သဘာဝအတိုင်း သဘောကျဖို့ကောင်းသည်။

 

 

ကျန်းရှောင် တခစ်ခစ်ရယ်ပြီး ကျန်းချင်ကို လှည့်ကြည့်လိုက်သည်။

 

 

ကျန်းချင်၏ အမူအရာက ပျက်နေကာ ကျန်းရှောင်ဆီသို့ လျှောက်လှမ်းလာနေသည်။

 

 

 "လက်ထောက် ကျန်း၊ ရှင် လိုက်ချီးသီး ကြိုက်လို့လား"

 

 

ကျန်းချင် အံကိုတင်းတင်းကြိတ်ထားသည်။  "ကျန်းရှောင်၊ ငါနဲ့လိုက်ခဲ့။ ငါ မင်းနဲ့ စကားပြောရဦးမယ်"

 

 

 ကျန်းရှောင် သူ့နောက်ကနေ ထောင့်တစ်နေရာဆီ လိုက်သွားခဲ့သည်။

 

 

ကျန်းချင် သက်ပြင်းချလိုက်ပြီး မျက်နှာက တင်းမာသွားသည်။ "မဒမ်၊ မဒမ်နဲ့ ကျင်းကျုံးပိုင်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ဘယ်လိုပျံ့နှံ့လာတာလဲ "

 

 

ကျန်းရှောင် ပဟေဠိဖြစ်နေသည်။

 

 

 "ကျွန်တော် ဒီနေ့မနက်လာတော့ မဒမ်တို့နှစ်ယောက်အကြောင်း လူတွေပြောနေကြတာကို အမှတ်တမဲ့ကြားလိုက်ရတယ်။ မဒမ်တို့မှာ ရိုမန့်တစ်ဆန်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ ပြောနေကြတယ် "

 

 

  ကျန်းချင် မနေ့ညက အနီးနားက အနှိပ်ခန်းကို သွားခဲ့ပြီး ဒီသတင်းကို ကြားခဲ့တာဖြစ်သည်။ သူ့ဖုန်းကို သူမဆီ ပေးလိုက်သည်။  "ကြည့်လိုက်ပါဦး "

 

 

ကျန်းရှောင် သတင်းကို ကြည့်လိုက်သည်။

 

 

 ကျင်းကျုံးပိုင်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အမျိုးသမီးကိုတွေ့လိုက်ရ ] ခေါင်းစီးက မျက်စိကိုဖမ်းစားစေသည်။ သူမ၏ မျက်နှာဘေးတစ်ခြမ်းရဲ့ မှုန်ဝါးသောဓာတ်ပုံဖြင့် တွဲတင်ထားသည်။

 

 

 "ဒီသတင်းထောက်က ပညာရှင်ကျင့်ဝတ် လုံးဝမရှိဘူး၊ တကယ့်ကို အဓိပ္ပါယ်မရှိဘူး"

 

 

 ကျန်းချင် မျက်လုံးတွန့်သွားခဲ့သည်။  "ပြဿနာက ယ၊ထုတ်လွှင့်ထားပြီးနေပြီ "

 

 

 "ကျွန်မတို့ အခုဘာလုပ်သင့်လဲ။ အဲဒါ ကျွန်မ ဆိုတာ မကြည်လင်နေဘူးဆိုတော့ တခြားသူတွေလည်း ကျွန်မကို သတိပြုမိကြမှာမဟုတ်ဘူး"

 

 

 "အခြားသူတွေ မဒမ်ကို သတိမပြုမိဘူးဆိုရင်တောင် စီအီးအို ကျိုး ကတော့ သတိပြုမိမှာ"

 

 

ကျန်းရှောင် ဓာတ်ပုံကို အနီးကပ်ကြည့်နေသည်။  သူမရဲ့ ဆံပင်ရှည်က သူမရဲ့မျက်နှာ အများစုကို ကွယ်ထားသည်။  "လက်ထောက် ကျန်း ၊ ကျွန်မရဲ့ ဒီပုံက ရှလန်နဲ့ တော်တော်တူတယ်လို့ မထင်ဘူးလား။ ကျွန်မရဲ့ပုံစံက ရှလန် နဲ့ အရမ်းတူနေမှန်းတောင် မသိခဲ့ဘူး။ တခြားသူတွေလည်း ဒါကို သူမလို့ မှားသွားနိုင်တယ်"

 

 

ကျန်းချင်၏ မျက်လုံးတွေ တွန့်သွားပြန်သည်။

 

 

ကျန်းရှောင် ပြုံးလိုက်သည်။  "လက်ထောက် ကျန်း၊ စိတ်မပူပါနဲ့။ စီအီးအို ကျိုး ကျွန်မကို သေချာပေါက် သတိပြုမိလိမ့်မယ်လို့ မထင်ဘူး" ဒီသုံးရက်အတွင်း သူ သူမဆီ လုံးဝ မဆက်သွယ်ခဲ့ပေ။ သူမကို စစ်ဆေးဖို့ ဖုန်းတောင်မဆက်ခဲ့ဘူး။

 

 

ကျန်းချင်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးအပေါ် ဖိအားများကို မပြောရဲပေ။  ဒီမနက် ကျိုးရှို့လင်း ဆီက ဖုန်း လက်ခံရရှိခဲ့သည်။

 

 

 သူမ ဘာစားတယ် ဘာလုပ်တယ်ဆိုပြီး ကျန်းရှောင်နှင့် ပတ်သတ်သည့်အရာအားလုံးကို ကျိုးရှို့လင်းဆီ ချက်ချင်းအစီရင်ခံပြီး ဤသုံးရက်လုံးလုံး အချည်းနှီးလုပ်ဆောင်နေသကဲ့သို့ ခံစားခဲ့ရသည်။

 

 

အခုလည်း ဒီသတင်းထွက်လာပြီ။ သူ အဲ့အတွက် ရာထူးကနှုတ်ထွက်ပြီး အပြစ်ပေးခံရနိုင်သည်။ "မဒမ်၊ ဒီဟာကို စီအီုးအို ကျိုး ဆီ ဘယ်လိုရှင်းပြမလဲ စဉ်းစားသင့်တယ်"

 

 

ကျန်းရှောင်ရဲ့ မျက်တောင်တွေ လှုပ်လာသည်။  "လက်ထောက် ကျန်း၊ ကျွန်မ နာမည်ကိုပဲ ခေါ်"

 

 

ကျန်းချင် သူ့လက်ကို မြှောက်ပြီး အချိန်ကို စစ်ဆေးလိုက်သည်။ " အခု စီအီးအို လာနေပြီလို့ ကျွန်တော်ထင်တယ်"

 

 

ကျန်းရှောင် ပြောလိုက်သည်။ "... သူ ဒီကို ဘာအတွက် လာတာလဲ။ သူတကယ်ပဲ  ဒီကောလဟာလကြောင့် လာတာတော့ မဟုတ်ဘူးမလား။  အရူးတောင်မှ ဒါကအတုဆိုတာ ပြောနိုင်တယ်"

 

 

 ကျိုးရှို့လင်းက အခု အရူးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်။  ကျန်းချင် အဲ့တာကို မပြောရဲဘူး။

 

 

 နေ့ခင်းဘက်တွင် ကျင်းကျုံးပိုင်နှင့် ကျောက်ရှင်းရန်တို့ကြား ရိုက်ကူးရေး တစ်ခုရှိသည်။ ကျင်းကျုံးပိုင်သည် အိမ်နီးချင်းနိုင်ငံမှ  မင်းသမီးတစ်ပါးနှင့် လက်ထပ်ထိမ်းမြားရန် သဘောတူထားကြောင်း ရှင်းရန် သိလိုက်ရသည်။ သူမသည် မဟာမိတ်ဖွဲ့ခြင်းကို သဘောမတူဖို့  ကိုယ့်ကိုယ်ကို နှိမ့်ချကာ ငိုယိုတောင်းဆိုခဲ့သည်။

 

 

 ဇာတ်ဝင်ခန်းကို နှစ်ကြိမ်ရိုက်ခဲ့ကြသော်လည်း ဒါရိုက်တာက စိတ်တိုင်းမကျသေးပေ။

 

 

 "ရှင်းရန်၊ ဒီ စိတ်ပျက်အားငယ်မှု၊ ကြေကွဲဝမ်းနည်းမှုတွေကို ပုံဖော်ဖို့ လိုတယ်၊ ဒီလို ငိုနေမယ်ဆိုရင် မျက်ရည်တွေ အကုန်လုံး ခန်းခြောက်သွားလိမ့်မယ်"

 

 

 ကျောက်ရှင်းရန် ရှက်ရွံ့သွားသည်။  "ဒါရိုက်တာ ကျွန်မနားလည်ပါပြီ"

 

 

 ထပ်ပြီး ရိုက်ကြပေမယ့် လုံလောက်မှု မရှိသေးပေ။

 

 

 ဒါရိုက်တာက အော်ခဲ့သည်။ "ကဒ်! နားကြတော့။ နောက်မှ ထပ်ရိုက်မယ် "

 

 

ကျောက်ရှင်းရန် မောပန်းနွမ်းနယ်လာသည်။  သူမ ကျင်းကျုံးပိုင်ကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။  "တောင်းပန်ပါတယ်"

 

 

ကျင်းကျုံးပိုင် ခေါင်းညိတ်လိုက်သည်။  "မင်း ဇာတ်ရုပ်မှာ နစ်မြှုပ်နေဖို့ လိုတယ် ပြီးတော့ အရမ်းကြီး စိတ်မလှုပ်ရှားနဲ့"

 

 

ကျောက်ရှင်းရန်က သဘောတူတဲ့ အသံတစ်ခု ထုတ်လိုက်ပြီး ဘေးက ခေါက်ကုလားထိုင်ဆီ လျှောက်သွားကာ မှုန်ကုပ်ကုပ် ဖြစ်နေခဲ့သည်။

 

 

အမိုးအကာထဲမှာ လေအေးပေးစက် နှစ်လုံးက လည်ပတ်နေသော်လည်း ရာသီဥတုက ပူပြီး ပိတ်လှောင်နေသည်။ အဲ့တာက  အပူကို မတွန်းလှန်နိုင်ခဲ့ပေ။

 

 

ကျောက်ရှင်းရန် နုံးချည့်စွာ လှဲလျောင်းနေပြီး သူမ၏ အမူအရာက ညိုမှိုင်းနေခဲ့သည်။

 

 

ကျန်းရှောင်က ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကို တစ်ခါမှ မလေ့လာဖူးတာကြောင့် သရုပ်ဆောင်တဲ့နည်းလမ်းများကို မသိပေ။ ကျောက်ရှင်းရန်က အွန်လိုင်းဒရာမာများမှတစ်ဆင့် ကျော်ကြားလာခဲ့ပြီး သူမ၏ သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းကို သင်ယူနေဆဲဖြစ်သည်။

 

 

ဆန့်ကျင်ဘက်လိင်ဖြစ်သည့် ကျင်းကျုံးပိုင်လို တစ်စုံတစ်ယောက်နှင့် သရုပ်ဆောင်ဖို့က သူမအတွက် ဖိအားများ ရှိနေပြီဖြစ်ပြီး ယခု အဖြစ်အပျက် အနည်းငယ်ကြောင့် သူမ ပို၍ပင် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

 

 

 ဆယ်မိနစ်လောက်ကြာတော့ ဒါရိုက်တာက စဖို့ မခေါ်သေးဘူး။  အားလုံးက နေရာတွင် ထိုင်စောင့်နေကြသည်။

 

 

ကျန်းရှောင်က ကျောက်ရှင်းရန်ကို လက်ကိုင်လေပန်ကာဖြင့် လေရအောင်လုပ်ပေးခဲ့သည်။

 

 

 ဒီအချိန် အပြင်ဘက်မှာ ရုတ်တရတ် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။

 

 

ကျောက်ရှင်းရန် မျက်စိစွေကြည့်လိုက်သည်။ "အပြင်မှာ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ဒီလောက်ဆူညံနေတာလဲ"

 

 

 "ငါ သွားကြည့်လိုက်ဦးမယ်"  ကျန်းရှောင် မတ်တပ်ထရပ်ပြီး အပြင် ထွက်သွားခဲ့သည်။