ဟယ်လို
မစ္စတာ ကျိုး
အပိုင်း
၂၁
ဝင်ပေါက်မှာ ကျိုးရှို့လင်းသည် ဒါရိုက်တာနှင့် လက်ထောက်
ဒါရိုက်တာတို့နှင့်အတူ အထဲကို လျှောက်လာနေသည်ကို သူမ တွေ့လိုက်ရသည်။ သူက အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို ၀တ်ဆင်ထားပြီး
သူ့တစ်ကိုယ်လုံးတွင် အတွန့်အစင်းမရှိဘဲ ရှေ့သို့ လျှောက်လာနေပြီး လူတိုင်း၏အကြည့်ကို
ဆွဲဆောင်နေခဲ့သည်။
ကျန်းရှောင် ကိုယ့်ဘာသာကိုယ်တွေးလိုက်သည်။ "အိုး၊ သူက နွေရာသီရဲ့ အေးမြတဲ့လေနုအေးနဲ့
ညင်သာစွာ တိုက်ခတ်နေသလိုမျိုး တကယ်ရောက်လာတာပဲ"
ကျိုးရှို့လင်းက
ချက်ချင်း သူမကို လူအုပ်ထဲတွင်မြင်လိုက်ရသည် သူမက ရူးသွပ်စွာ ရပ်နေပြီးနီမြန်းနေတဲ့
မျက်နှာနဲ့ ဆံပင်ကို မြင်းမြီးပုံစံ ချည်ထားသည်။
ဒါရိုက်တာက မေးလာခဲ့သည်။ "မစ္စတာ ကျိုး၊ ဘယ်လိုဖြစ်ပြီး
ရုတ်တရက်ကြီး ရောက်ချလာတာလဲ"
ကျိုးရှို့လင်း ပြန်ပြောခဲ့သည်။ "ပထမဆုံးရိုက်တဲ့နေ့မှာ
လာပြီး ဝိုင်းဝန်းကူညီပေးဖို့ရှိပေမယ့် အကြောင်း တစ်ခုခုကြောင့် မလာနိုင်ခဲ့ဘူး"
ဒါရိုက်တာက လွန်ခဲ့တဲ့ သုံးရက်လောက်က ရိုက်ကူးခဲ့တဲ့
အခြေအနေကို အကျဉ်းချုံးပြီး ရှင်းပြခဲ့ကာ ကျိုးရှို့လင်း က ခေါင်းညိတ်ခဲ့သည်။ "ခင်များ တို့အားလုံး အလုပ်ကြိုးစားခဲ့ကြပါတယ်"
ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က "ယိုးနျော့"
ဒိန်ချဉ်ဖာတွေကို ယူဆောင်လာခဲ့ပြီးဖြစ်သည်။
ကျိုးရှို့လင်း
ပြောလိုက်သည်။ "နေပူနေတယ်၊ အခုတော့ ခဏနားလိုက်ကြဦး"
သူ့ဝန်ထမ်းတွေကို ဒိန်ချဉ်တွေ ဝေနေပြီ။ ဒိန်ချဉ်တွေ
ရောက်ရှိလာခြင်းက လူတိုင်းကို ချက်ခြင်း အေးမြသွားစေသည်။
ကျန်းရှောင်သည်လည်း
ချစ်စရာကောင်းတဲ့ "ယိုးနျော့" ဒိန်ချဉ်ကို ရခဲ့သည်။ သူမ နှုတ်ခမ်းသပ်လိုက်ပြီး လက်ထဲမှာ လန်းဆန်းတဲ့
ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
ရုတ်တရက် ကျိုးရှို့လင်း ၏ အကြည့်များ လွင့်စင်သွားကာ
သူ့မျက်ခုံးကို အနည်းငယ် ကျုံ့ခဲ့သည်။ ကျန်းရှောင် သည် သူမလက်ထဲမှာ ချိန်ကိုက်ဗုံးတစ်လုံးကို
ကိုင်ထားသလိုမျိုး ချက်ချင်းနားလည်သွားသည်။ ဒိန်ချဉ်ကို သူမဘေးနားက ကောင်မလေးကို ပေးလိုက်သည်။
ကောင်မလေးက အံ့သြသွားသည်။ " မစားဘူးလား"
ကျန်းရှောင်
ပြန်ပြောလိုက်သည် " diet လုပ်နေလို့"
ကောင်မလေးက ပြောခဲ့သည်။ " အရမ်းပူတယ်နော် ဘယ်သူမှ
အပူဒဏ်ကို မခံနိုင်ကြဘူး"
ကျန်းရှောင်
ပြုံးပြီး ခေါင်းခါလိုက်သည်။ သူမ လှည့်ကြည့်လိုက်တော့ ကျိုးရှို့လင်းက ဒါရိုက်တာနဲ့
ထွက်သွားလိုက်ပြီ။
သူမ ထပ်ပြီး အတွေးလွန်နေပြန်ပြီ။
ထိုအချိန်တွင် ကျန်းချင် သူမဆီ ချဉ်းကပ်လာခဲ့သည်။
"မဒမ်၊ မစ္စတာ ကျိုးက မဒမ်ကို အခန်းထဲအရင်ပြန်သွားပြီး အနားယူဖို့ တောင်းဆိုနေတယ်။
ဒီညကျရင် မဒမ်ကိုလာတွေ့မယ်တဲ့"
ကျန်းရှောင် ရုတ်တရက် ရယ်လိုက်သည်။ သူတို့က တိတ်တိတ်ပုန်း ချစ်သူတွေလို သူမကို ခံစားရစေသည်။
သူမ ဗိုက်ကို ညင်သာစွာ ကိုင်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ပဲပင်ပေါက်လေး၊ မင်းအဖေက မင်းကိုတွေ့ဖို့ လာတာ။ သြော်၊ စကားမစပ် မင်းအဖေက လေပြေလေညင်းတွေကို
သယ်ဆောင်လာသလိုမျိုး လမ်းလျှောက်လာရင် တော်တော်ချောတယ် "
........
ထိုညနေခင်းတွင် ကျိုးရှို့လင်းက လူတိုင်းကို ပြုစုပေးခဲ့သည်။
အဓိကနှင့် လက်ထောက် ဒါရိုက်တာများ၊ ချန်းရင်၊ ကျင်းကျုံးပိုင်နှင့် ကျောက်ရှင်းရီတို့
အားလုံးပါဝင်ခဲ့ကြသည်။
သီးသန့်ခန်းအတွင်းတွင် လေထုသည် အစပိုင်းတွင် အလွန်သက်ဝင်မှု
မရှိခဲ့သော်လည်း ကံကောင်းထောက်မစွာ ချန်းရင်က ထိုနေရာတွင် ရှိနေခဲ့သည်။
"မစ္စတာ ကျိုး၊ ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ
" ဆုများစွာ ရရှိခဲ့သော်လည်း ချန်းရင်သည်
လူအများအပေါ် ယဉ်ကျေးသိမ်မွေ့သော အပြုအမူကို ဆက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ထိုအချိန်တွင် သူမက လူတိုင်းအတွက် လက်ဖက်ရည်ထည့်ပေးခဲ့သည်။
ကျိုးရှို့လင်းနှင့်
ကျောက်ရှင်းရန် တို့မှာ လျှို့ဝှက်ဆက်ဆံရေးရှိကြသောကြောင့် ကျန်းချင်ကို စေလွှတ်ထားတာဆိုတဲ့
ကောလဟာလတွေရှိသည်။ နေ့လည်ခင်းတွင် ကျိုးရှို့လင်း
ပေါ်လာသောအခါ လူအချို့က ကျောက်ရှင်းရန်ကိုတွေ့ဖို့ လာတာဆိုပြီး ပြောကြသည်။
သူမနဲ့ ကျိုးရှို့လင်း တို့ဟာ တစ်ယောက်နဲ့တစ်ယောက်
သိလာတာ ငါးနှစ်ခြောက်နှစ်ရှိပြီမို့ သူမက အဲ့တာကို မယုံခဲ့ဘူး။
ကျိုးရှို့လင်း ပြုံးပြီးပြောလိုက်သည်။ "ကျွန်တော် ဟန်ကျိုး
ကို အစည်းအဝေးတက်ဖို့ အတွက်လာတာ အဲ့တာနဲ့ကြုံတုန်း ဝင်လာလိုက်တာပါ "
ချန်းရင်
လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။ "သိပါပြီ။ ဒါဆို မစ္စတာ ကျိုးရဲ့ ကြင်နာမှုအတွက်
ကျေးဇူးတင်လို့ လက်ဖက်ရည်နဲ့ ဝိုင်နဲ့ကိုမြှောက်ပြီး ဆုတောင်းပေးပါရစေ "
နောက်နေ့ကျရင် သူတို့ ရုပ်ရှင်ရိုက်ရဦးမှာဆိုတော့
အဲဒီညမှာ အရက်မချပေးခဲ့ပေ။
ချန်းရင်၏
တက်ကြွပြီး ပေါင်းသင်းဆက်ဆံတတ်သော သဘောသဘာဝနှင့် နှိုင်းယှဉ်ကြည့်ရင် ကျောက်ရှင်းရန်မှာ ပို၍ တိတ်ဆိတ်နေပုံရသည်။ နောက်ဆုံး ညစာစားပွဲတွင် သူမ ရောက်ရှိရခြင်းမှာ အဓိကအားဖြင့်
သူမသည် ဟွားရှ၏ စာချုပ်ချုပ်ထားသည့် ကြယ်တစ်ပွင့်ဖြစ်တာကြောင့်ပင်။
ကျိုးရှို့လင်းနှင့်ကျင်းကျုံးပိုင်တို့သည်
မတူညီသော ကဏ္ဍများတွင် အညီအမျှ လိုက်ဖက်သည်ကို သူမ တိတ်တဆိတ် သတိပြုမိသည်။ ကျင်းကျုံးပိုင်မှာ
အနုပညာ အဝန်းအဝိုင်းတွင် ရေပန်းစားပြီး လူအများက သူ့ကို ပွင့်ပွင့်လင်းလင်း သို့မဟုတ်
တိတ်တဆိတ် သဘောကျကြသည်။
ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားက တိုးတက်လာပြီး
ကျိုးရှို့လင်းက မြင်းနက်တစ်ကောင်လို လူအုပ်ထဲမှ ထင်ရှားပေါ်လွင်ကာ သူ့ကို အမျိုးသမီး
အနုပညာရှင်များ သီးသန့် ဆွေးနွေးနေသည့် အမျိုးသားများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
အသက် ၂၈ နှစ်တွင် အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုဖြင့်
အရေးအကြီးဆုံးမှာ စင်ဂယ် ဖြစ်ခြင်းကြောင့် ဟွားရှ နှင့် ပူးပေါင်းလိုသော အမျိုးသမီးကြယ်ပွင့်များ
ပိုများလာခဲ့သည်။
ကျင်းကျုံးပိုင်
မျက်ခုံးပင့်ကာ ကျိုးရှို့လင်းကို ကြည့်လိုက်သည်။
"မစ္စတာ ကျိုး၊ ကျွန်တော့်အမေပြောတဲ့အတိုင်းဆို ဒီနှစ်မှာ မစ္စတာကျိုးက
သူတို့အဖွဲ့ နဲ့ အနောက်ဘက်ကို လိုက်ပါသွားလိမ့်မယ်။ အခွင့်အရေးရရင် ခင်များကို ကျေးဇူးတင်ဖို့
အမေက ကျွန်တော့်ကို ပြောထားတယ် "
"မစ္စလျန့်က အရမ်းကြင်နာတတ်လွန်းပါတယ်
" ကျိုးရှို့လင်းနဲ့ ကျင်းကျုံးပိုင်တို့က
ဟိုးအရင်ကတည်းက တွေ့ဖူးခဲ့ကြပေမယ့် သိပ်ရင်းနှီးမှု မရှိခဲ့ကြပေ။ ချန်းရင် က "သာယာဝပြောသောကမ္ဘာ " တွင်
ပါဝင်သရုပ်ဆောင်ရန် ကျင်းကျုံးပိုင်ကို ဖိတ်ခေါ်ပြီးမှသာ အဆက်အသွယ်များစွာရှိခဲ့တာပင်။
ချန်းရင်လည်း
ပရဟိတအလုပ်များတွင် အခါအားလျော်စွာ ပါဝင်ခဲ့ပြီး စကားပြောခဲ့သည်။ "ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ
ကျွန်မတို့ အတူတူသွားကြရင်ကော "
ကျင်းကျုံးပိုင်
အနည်းငယ် ပြုံးပြီး ပြောခဲ့သည်။ "ကျွန်တော်ကတော့ ရပါတယ်၊ ခင်များကကော ဘယ်လိုလဲ
မစ္စတာကျိုး"
ကျိုးရှို့လင်း
သဘောတူခဲ့သည်။ "ကျွန်တော်ကတော့ အချိန်မရွေးပဲ
"
ဤအကြောင်းအရာကြောင့် လူတိုင်း တဖြည်းဖြည်း စိတ်သက်သာလာကြသည်။
ကျင်းကျုံးပိုင် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး
အဲ့တာကို သူတို့ဆီမှ ဖုံးကွယ်ထားခြင်းမရှိပေ။
"ရှာတွေ့ပြီလား။ အဲ့ပုဂ္ဂိုလ် မနက်ဖြန်ကျရင် အဖွဲ့ထဲက ထွက်သွားတယ်ဆိုတာ သေချာပါစေ။ အွန်လိုင်းက
ဓာတ်ပုံတွေကို ဖျက်ပစ်ဖို့ မလိုဘူး"
ကျိုးရှို့လင်း
ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။ "မနေ့ညက ဓာတ်ပုံတွေလား။ ဘယ်သူ ရိုက်သွားတယ်ဆိုတာ
သိရပြီလား"
ကျင်းကျုံးပိုင်
ပြန်ပြောလိုက်သည်။ "အဲ့ဒါ အဖွဲ့ထဲက တစ်ယောက်ပဲ"
ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ ဒါတွေအားလုံးက ကျင်းကျုံးပိုင်ရဲ့
အကျိုးအတွက်လို့ ထင်ရပြီး ကျန်းရှောင်က မတွေးတောတတ်လောက်အောင် တွဲဖက်ပစ္စည်းတစ်ခု ဖြစ်လာသည်။
ချန်းရင်က
ကျောက်ရှင်းရန် ဘက်လှည့်ပြီး ပြုံးပြလိုက်သည်။
"ရှင်းရန်၊ မင်း ကျုံးပိုင်ကို ကျေးဇူးတင်သင့်တယ်။ သူက မင်းလက်ထောက်ရဲ့ နာမည်ကို
ရှင်းပစ်လိုက်တာ"
ကျောက်ရှင်းရန်
တောက်ပစွာ ပြုံးလိုက်သည်။ "အဲ့ဒါ တစ်ယောက်ယောက်က attention လိုက်ရှာနေတာ။ ကျွန်မရဲ့လက်ထောက်မှာ
ရည်းစားရှိတယ်"
ကျင်းကျုံးပိုင်
ကျောက်ရှင်းရန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏နောက်ထပ်စကားများကို စောင့်မျှော်နေပုံရသည်။
ကျောက်ရှင်းရန်
ဆက်ပြောလိုက်သည်။ “သူမရဲ့ချစ်သူက သူမရဲ့အတန်းဖော်၊ နိုင်ငံခြားမှာ ကျောင်းတက်နေတာ။
ကျွန်မလက်ထောက်နဲ့ သူ့ရည်းစားက ဆက်ဆံရေးကောင်းမွန်ကြတယ်"
ချန်းရင်
ပြုံးပြီး ဆက်ပြောခဲ့သည်။ "ဒီအသက်အရွယ်မှာ ရည်းစားရှိတာက ပုံမှန်ပါပဲ။ ကျောင်းသား
ကျောင်းသူ တော်တော်များများက တက္ကသိုလ်က ဘွဲ့ရပြီး သူတို့ရဲ့ ဘွဲ့လက်မှတ်နဲ့ အိမ်ထောင်ရေး
လက်မှတ်ကို ချက်ခြင်းကိုင်ကြပြီးပြီ။ တချို့ဆို သူတို့ရဲ့သားသမီးကို ဘွဲ့နှင်းသဘင်ကိုတောင်
ခေါ်လာကြတယ်။ အဲဒါက ငါတို့နဲ့ မတူတာပဲ "
သူမ စကားတွေက မနာလိုတဲ့ အရိပ်အယောင်ကို ဆောင်နေသည်။
စားပွဲပေါ်ရှိ ကျိုးရှို့လင်း၏ ညာလက်က အနည်းငယ် လှုပ်ယမ်းသွားသည်။ သူ့ရှေ့က ရေထည့်ထားတဲ့ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး
တစ်ငုံသောက်လိုက်သည်။ "အခုခေတ် မိန်းကလေးငယ်တွေမှာ
ကိုယ်ပိုင် စိတ်ကူးတွေ ရှိတယ်"
ညစာစားပြီးနောက် လူတိုင်းလူစုခွဲခဲ့ကြသည်။
ကျိုးရှို့လင်း
ဟိုတယ်ကို ရောက်တော့ ၁၀ နာရီ ထိုးနေပြီ။
ကားကို မှောင်တဲ့နေရာမှာ ရပ်ခဲ့ပြီး လမ်းမီးတွေက
သာနေကာ မှိန်ပျပျအလင်းရောင်ကို ထုတ်လွှတ်ထားသည်။
ကျိုးရှို့လင်း နောက်ထိုင်ခုံတွင် ထိုင်နေကာ မှောင်မည်းနေတဲ့ ညဘက်မှာ သန့်ရှင်းနေတဲ့သူ့မျက်နှာကို
အနည်းငယ် မှုန်ဝါးသွားစေသည်။
လက်ထောက် ကျန်းက ခရီးသည်ထိုင်ခုံမှာ ထိုင်ကာ
"မစ္စတာ ကျိုး၊ မဒမ်က ဆယ့်တစ်နာရီမှာ အိပ်လေ့ရှိတယ်" ဟု ချီတုံချတုံ သတိပေးလိုက်သည်။
ကျိုးရှို့လင်း
ရုတ်တရက် နှုတ်ခမ်းကို ကွေးလိုက်သည်။ သူမ ဆယ့်တစ်နာရီမှာ အိပ်နိုင်တယ်ဆိုရင် အနောက်ဘက်ကနေ
နေထွက်လာလိမ့်မယ်။ မီးတွေပိတ်ထားရင်တောင် သူမရဲ့ဖုန်းနဲ့ တိတ်တိတ်လေးဆော့နေမှာ သေချာသည်။
ကျိုးရှို့လင်း
လက်ထဲတွင် စက္ကူအိတ်ကိုကိုင်ကာ ကားပေါ်မှ ဆင်းခဲ့သည်။
ကျန်းချင်
အခန်းတွေကို အစကတည်းက စီစဉ်တဲ့အခါမှာ ကျိုးရှို့လင်းလည်း နောင်မှာ သူ့မိသားစုဆီ လာရောက်လည်ပတ်နိုင်တယ်ဆိုပြီး
ထည့်သွင်းစဉ်းစားခဲ့သည်။ ဒါကြောင့်မို့ သူနဲ့ ကျန်းရှောင်တို့ရဲ့ အခန်းတွေက တိတ်ဆိတ်ပြီး
ဖုံးကွယ်ထားတဲ့ ထောင့်မှာ တည်ရှိနေသည်။
ကျိုးရှို့လင်း
တံခါးဝတွင်ရပ်လိုက်ပြီး ခေါက်ရန် လက်ကို မြှောက်လိုက်သည်။ အထဲကနေ ကျန်းရှောင်းရဲ့အသံထွက်လာသည်။ "ဘယ်သူလဲ"
"ကိုယ်ပါ!"သူ နက်နဲတဲ့ အသံဖြင့် ပြန်ပြောလိုက်သည်။
တံခါးက ဖြည်းညှင်းစွာပွင့်လာပြီး သူမရဲ့မျက်နှာကို
ဖော်ထုတ်ခဲ့သည်။ သူမ မျက်လုံးတွေက သူ့ကို တည့်တည့်စိုက်ကြည့်နေကာ ကြည်လင်ပြီး တောက်ပနေသည်။ သူမသည် အနည်းငယ် ဦးညွှတ်ကာ နာခံပြီး ကြည့်နေသည်။ "မစ္စတာ ကျိုး၊ ကြိုဆိုပါတယ်ရှင့် "
ကျိုးရှို့လင်း မျက်မှောင်ကြုတ်ပြီး ဝင်လာကာ သူ့နောက်က
တံခါးကို ပိတ်လိုက်သည်။ ကုတင်စွန်းမှာ ရပ်လိုက်ပြီး အခန်းကို စူးစမ်းခဲ့သည်။ အခန်းက အစစအရာရာ ကြီးကြီးမားမားမဟုတ်ပေမယ့် သူဝင်လိုက်တာနဲ့
ပိုတောင် ကျဉ်းသွားပုံရသည်။
"ညစာစားပြီးပြီလား"လို့ သူမေးလိုက်သည်။
"ဟုတ်"
"ဘာစားထားတာလဲ"
ကျန်းရှောင်
မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ "အသီးအရွက်သုပ်နဲ့ အသီးတွေ"
ကျိုးရှို့လင်း
လျှောက်လာကာ ဆိုဖာအစွန်းတွင် ထိုင်ပြီး သူမကို စိုက်ကြည့်နေသည်။ “မင်း အအေးတစ်ခုခုသောက်ချင်လား" နေ့ခင်းဘက်တုန်းက
သူမအဲ့တာကို တောင့်တနေသည်မှာ ရယ်စရာကောင်းလှသည်။
“ဟင့်အင်း ” သူမ ပြတ်ပြတ်သားသား ပြန်ဖြေခဲ့သည်။
ကျိုးရှို့လင်းက
သူယူလာတဲ့ အိတ်ကို ညွှန်ပြလိုက်သည်။
ကျန်းရှောင် ပြုံးဖြဲဖြဲလုပ်လိုက်သည်။ "ရှင်
ကျွန်မအတွက် တစ်ခုခု ယူလာတာလား။ အဲဒါ ဘာရီးလဲ" အဲ့တာက စားစရာတစ်ခုခုလို့ သူမ ထင်လိုက်သည်။
ဖွင့်ကြည့်လိုက်တော့ အထဲမှာ စာအုပ်နှစ်အုပ် တွေ့လိုက်ရသည်။ “ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သိထားသင့်သည့်အရာများ"
ကျန်းရှောင်
သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အင်္ကျီလက်တွေ လိပ်တင်ထားသည်ကို သတိပြုမိခဲ့သည်။ သူ
ညစာစားပွဲကနေ ချက်ခြင်းရောက်လာတာ ဖြစ်နိုင်သည်။
သူ့ပုံစံက အနည်းငယ် ပင်ပန်းနေပုံရသည်။