အပိုင်း ၂၆
Viewers 799

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၂၆

 

 

 

 

 "အမေ-"

 

 

 "အမေ" ဆိုတဲ့ ခေါ်သံကို ကျန်းရှောင်က နှလုံးသားထဲက ခံစားချက်ဖြင့် ခေါ်ခဲ့ကာ မေမေ ကျိုးကို တခဏချင်း ကြက်သေသေသွားစေခဲ့သည်။

 

 

မေမေကျိုးရဲ့ နှလုံးသားသည်လည်း ကမောက်ကမဖြစ်ကာ ပျော်ရွှင်မှုနှင့် စူးစမ်းမှုတို့ ရောထွေးနေခဲ့သည်။  စကားလုံးအချို့က သူမ လျှာဖျားတွင် ရှိနေသော်လည်း သူမသည် ၎င်းတို့ကို ထိန်းထားကာ နောက်နေ့တွင် ပြောဖို့ ဆုံးဖြတ်ခဲ့သည်။

 

 

  "မင်းတို့ နှစ်ယောက်လုံး ဒီတစ်ခါ အရမ်းသတိမထားခဲ့ကြဘူး။ ကလေးရှိလာမယ်လို့ မျှော်လင့်ထားပြီး အဲ့လိုသိပြီးကတည်းက ငါတို့ကို စောစောစီးစီး ပြောသင့်တာပေါ့။ ကိုယ်ဝန်ရှိနေတုန်းအချိန်မှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို သွားတာက အရမ်းကို အန္တရာယ်များလွန်းတယ်"

 

 

 "အမေ တောင်းပန်ပါတယ် ဒါ ကျွန်မရဲ့အမှားပါ"

 

 

 "မင်းတို့နှစ်ယောက်လုံးမှာ အပြစ်ရှိတယ်။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ နုံအတုန်းဘဲ၊ ရှို့လင်းက စိတ်ရှုပ်စရာကောင်းတယ်" 

 

 

သူမ၏ ဖြူဖျော့နေတဲ့ အသားအရေနှင့် ကိုယ်ဝန်ရှိနေပြီဆိုတာကို တွေးတောရင်း မေမေ ကျိုးက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲခဲ့သည်။ "ကျိုးလင်းကတော့ ဆူခံရတော့မယ် "

 

 

ကျန်းရှောင် နှုတ်ခမ်းကို ဖိထားခဲ့သည်။

 

 

 "သွားကြည့်လိုက်၊ မကြိုက်တာကို မျက်ကွယ်ပြုပြီး ဗုဒ္ဓကို အာရုံပြုထားပေါ့ " မေမေကျိုး တိုးတိုးလေး ပြောလိုက်သည်။

 

 

ကျန်းရှောင်၏ မျက်လုံးတွေထဲ ပျော်ရွှင်မှု တဖျပ်ဖျပ် တောက်ပလာခဲ့သည်။ "ကျေးဇူးတင်ပါတယ် အမေ "

 

 

 သူမ လျင်မြန်စွာလှုပ်ရှားပြီး စာကြည့်ခန်းအပြင်ဘက်ကို ရောက်သွားကာ တံခါးမခေါက်ခင် အသက်ပြင်းပြင်းရှူလိုက်သည်။

 

 

 "ဝင်ခဲ့ " ဖေဖေကျိုး၏ အသံနက်ကြီး ထွက်ပေါ်လာသည်။

 

 

ကျန်းရှောင် တံခါးကိုဖွင့်လိုက်သည်နှင့် သူမရှေ့မှမြင်ကွင်းကြောင့် ချက်ချင်းပင် ကြက်သေသေသွားရသည်။  သူမ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

 

 

ကျိုးရှို့လင်းက ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေသည်။

 

 

 "အဖေ" သူမ တံတွေး မျိုချပြီး ခေါ်လိုက်သည်။

 

 

ဖေဖေကျိုးက သူမကို လှမ်းကြည့်ခဲ့သည်။  "အထဲဝင်ပြီး စကားလာပြော"

 

 

ကျန်းရှောင် စိတ်လှုပ်ရှားစွာ ဝင်လာပြီး သူမ၏ အကြည့်တွေက မှိတ်တုတ်မှိတ်တုတ်နဲ့ပင်။ သူမမျက်လုံးတွေက ကျိုးရှို့လင်းရဲ့ မျက်လုံးတွေနဲ့ တွေ့ဆုံခဲ့သည်။

 

 

 ကျန်းရှောင် လက်သီးကို တင်းတင်းဆုပ်ထားသည်။ "အဖေ၊ တောင်းပန်ပါတယ်၊ ဒီကိစ္စအတွက် ကျွန်မမှာလည်း တာဝန်ရှိပါတယ်"

 

 

 ဖေဖေကျိုး သက်ပြင်းချလိုက်သည်။ "ဟုတ်တယ်၊ မင်းတို့နှစ်ယောက်လုံး အခုချိန်မှာ မိဘတွေဖြစ်နေကြပေမယ့် မင်းတို့က အခုချိန်ထိ တာဝန်မဲ့စွာ ပြုမူနေကြတုန်းပဲ"

 

 

ကျန်းရှောင် သနားစရာကောင်းတဲ့ အမူအရာဖြင့် မျက်တောင်ခတ်လိုက်သည်။

 

 

ဖေဖေကျိုးမှာ သားအရင်းဖြစ်တဲ့သူကို ဆူပူကြိမ်းမောင်းနိုင်သော်လည်း ချွေးမဖြစ်သူကို ဆူပူကြိမ်းမောင်းတာကိုတော့ လက်မခံနိုင်ပေ။ 

 

 

"ငါ ရှို့လင်းကိုတော့ တချို့ဟာတွေ ပြောပြီးပြီ။ မင်းရဲ့ လုပ်ရပ်တွေကို မင်းကိုယ်တိုင် ပြန်စဉ်းစား။ အခုကစပြီး မင်းတို့တွေက မိဘတွေအဖြစ်နဲ့ စံနမူနာကောင်းပြရမယ်။ ငါသွားပြီ "

 

 

ဖေဖေကျိုး စာကြည့်ခန်းမှ ထွက်သွားသောအခါ သူ့ ဒေါသက သိသိသာသာ လျော့ကျသွားခဲ့သည်။

 

 

 ကျန်းရှောင်က ကျိုးရှို့လင်းဆီ အမြန်သွားပြီး သူ့ကိုထူခဲ့သည်။ "ဦးလေး ရှင့်ကို ရိုက်လိုက်လား"  သူမ သူ့ကို စုန်ချည်ဆန်ချည် စစ်ဆေးခဲ့သည်သူ့ကို ထိဖို့ သူမမကူညီနိုင်တော့ဘူး။

 

 

 "ရှင့်ကို ရိုက်လိုက်သေးလား"

 

 

ကျိုးရှို့လင်းက သူ့ကို ထိခွင့်ပြုထားခဲ့သည်။ "ဟင့်အင်း၊ သူ မရိုက်ခဲ့ပါဘူး"

 

 

ကျန်းရှောင် အသံကြားရုံမျှဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမက ကျိုးရှို့လင်း ရိုက်ခံနေရမှာကို ကြောက်နေခဲ့တာ ဒါပေမယ့် ပြန်စဥ်းစားကြည့်လိုက်ရင် ဖေဖေကျိုးက ဒီလိုလူမဟုတ်ဘူး။

 

 

 ကျိုးရှို့လင်း သူမကို ကြည့်လိုက်သည်။ "မင်း အထဲဘယ်လို ဝင်လာတာလဲ"

 

 

ကျန်းရှောင် နှုတ်ခမ်းကို ကိုက်ကာ မျက်လုံးတွေက အနည်းငယ် နီရဲနေခဲ့သည်။ "ကျွန်မ ကြည့်ဖို့လာတာ။ ဟွားရှရဲ့သူဌေးကြီးလည်း ဆူပူကြိမ်းမောင်းခံရဦးမယ်လို့ ကျွန်မ တကယ် မမျှော်လင့်ထားခဲ့ဘူး ”

 

 

သူမ သူ့ရဲ့အင်္ကျီလက်ကို တင်းတင်း ဆုပ်ကိုင်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

 

 

 ကျိုးရှို့လင်း  ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့ ဒီဖြစ်စဥ်ကို ကိုယ် မှတ်ထားပါ့မယ်။ ကိုယ်တို့ရဲ့ ပဲပင်ပေါက်လေး မွေးလာတဲ့အခါကျမှ ကိုယ် ဖြည်းဖြည်းချင်း ဖြေရှင်းလိုက်မယ်"

 

 

ကျန်းရှောင် ပြန်ပြောလိုက်သည်။ ".....ရှင် ရှင် တကယ်ပဲ"

 

 

 ကျိုးရှို့လင်း သူမလက်ကို ဆုပ်ကိုင်လိုက်သည်။  "အခုမှ ကြောက်နေပြီလား"

 

 

ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "ပုံမှန်မိသားစုမှာ မိဘနဲ့ သားသမီးကြားက ပုံမှန်ဆက်ဆံရေးက ဘယ်လိုလဲဆိုတာကိုတော့ ကျွန်မ မသိဘူး။ ကျွန်မအဖေက ကျွန်မကို တစ်ခါမှ မဆူဘူး။ ကျွန်မ မူလတန်းကျောင်းတက်တုန်းက အိမ်စာမလုပ်ဘဲ လျှောက်ပတ်ကစားတယ်၊ အဲ့တုန်းကလည်း သူ ကျွန်မကို တစ်ခါမှ မဆူခဲ့ဘူး"

 

 

 ဒါကြောင့် ဒီနေ့မှာ ဖေဖေကျိုးက ကျိုးရှို့လင်းကို  ပြင်းပြင်းထန်ထန် ဆူနေခဲ့တော့ သူမ အမှန်တကယ်ကို အံ့သြသွားခဲ့သည်။

 

 

"မင်းအဖေက မင်းကို အရမ်းချစ်တာပဲ "  ကျိုးရှို့လင်း က သူ့မျက်လုံးတွေကို မှေးကျဥ်းပြီး သူမကို နှစ်သိမ့်ပေးသလို တိုးတိုးလေး ပြောလိုက်သည်။

 

 

ကျန်းရှောင် ရုတ်တရက် ပြုံးလိုက်သည်။  "ဖြစ်နိုင်ပါတယ်"

 

 

 "တရုတ်မိဘတွေက နိုင်ငံခြားက မိဘတွေနဲ့ မတူကြဘူး။ သူတို့တွေက သူတို့အချစ်ကို နှုတ်ကမဖော်ပြတတ်ပေမယ့် သူတို့ နှလုံးသားထဲမှာတော့ သားသမီးတွေအပေါ် သူတို့ရဲ့ ချစ်ခြင်းမေတ္တာက မနည်းကြဘူး။ ကိုယ် ငယ်ငယ်က နွေရာသီနဲ့ ဆောင်းရာသီ အားလပ်ရက်တွေမှာ အဖိုးအဖွားတွေနဲ့ အမြဲနေခဲ့ရတယ်။  စာသင်ရုံတင်မကဘူး ကိုယ်တို့အတွက် အရမ်းတင်းကျပ်တဲ့ တောင်းဆိုမှုတွေ ရှိခဲ့တယ်။ ကိုယ်ငယ်ငယ်တုန်းကဆို မုန့်ဖိုးတောင် ရခွင့်မရှိဘူး။ တက္ကသိုလ်တက်တုန်းကတောင် ကျူရှင်ခကလွဲလို့ တခြားကုန်ကျစရိတ်တွေအတွက် ကိုယ့်ဘာသာ ပိုက်ဆံရှာရတယ်"

 

 

ကျန်းရှောင် ဒါကို ယုံရခက်နေသည်။

 

 

 "ကိုယ့်ကို မယုံဘူးလား"

 

 

 "အထက်တန်းကျောင်းတုန်းက ကျွန်မတို့အတန်းထဲမှာ မုန့်ဖိုးအများကြီးရှိတဲ့သူက ကျိုးယန်ယန်ပဲ"

 

 

 "ယန်ယန်ကတော့ မတူဘူး။ သူမက မိန်းကလေးဆိုတော့  မလွှဲမရှောင်သာ အလိုလိုက်ခံထားရတာ။ အတန်းထဲမှာ သူ့ကို သိပ်မသဘောမကျတဲ့ မိန်းကလေးတွေ ရှိမယ်လို့ ကိုယ်ထင်တယ်"

 

 

ကျန်းရှောင် သူ့ကို ကိုးရိုးကားရားနိုင်စွာနဲ့ ကြည့်ခဲ့သည်။ ဒါက သူသိရင်တောင်မှ ဒီအကြောင်းအရာတွေကို တိုက်ရိုက်ကြီးမပြောသင့်ဘူးလို့ အဓိပ္ပါယ်ရသည်။

 

 

ကျိုးရှို့လင်း  ပြုံးလိုက်သည်။  "ကျိုး မိသားစုက ထူးခြားတယ် ဒါပေမယ့်....."

 

 

 "ဒါပေမယ့် ဘာဖြစ်လဲ"

 

 

ကျိုးရှို့လင်း သူမရဲ့ဗိုက်သေးသေးလေးကို တစ်ချက်ကြည့်လိုက်သည်။ "ကိုယ်တို့ရဲ့ ပဲပင်ပေါက်လေးကတော့ အနာဂတ်မှာ ထူးခြားနေရမယ် "

 

 

ကျန်းရှောင် နှုတ်ခမ်းစူလိုက်သည်။ "အဲဒါတော့ မမှန်ဘူး။ ကလေးတွေက လွတ်လွတ်လပ်လပ်နဲ့ ကြီးပြင်းသင့်တယ်လို့ ကျွန်မ ယုံကြည်တယ်၊ မိဘတွေက သူတို့ကို အရမ်းဖိအားမပေးသင့်ဘူး"

 

 

ကျိုးရှို့လင်း ပြုံးလိုက်သည်။  "အိမ်ပြန်ရောက်ခါမှ ကိုယ်တို့ ဒါကို အသေးစိတ် ဆွေးနွေးကြမယ်"

 

 

 ကျန်းရှောင် ပြန်ပြောလိုက်သည်။ "..... အဖေနဲ့ အမေ ဒေါသထွက်နေပုံပဲ"

 

 

ကျိုးရှို့လင်းက သူမကို အသံတိုးတိုးနဲ့ နှစ်သိမ့်ပေးခဲ့သည်။ "သူတို့ ခဏနေရင် အဆင်ပြေသွားလိမ့်မယ်။ သူတို့ ကိုယ်တို့ကို စိတ်ဆိုးနေသေးရင်တောင် ပဲပင်ပေါက်လေးကိုတော့ စိတ်ဆိုးမှာမဟုတ်ဘူး"

 

 

ကျန်းရှောင် နူးညံ့စွာ တုံ့ပြန်လိုက်သည်။ "စိတ်မပူပါနဲ့ ကျွန်မ ပဲပင်ပေါက်လေးကို ကောင်းကောင်းဂရုစိုက်ပါ့မယ်"

 

 

သူ သူမကို တိတ်တဆိတ် လေ့လာနေသည်။ သူမရဲ့ လှပတဲ့ မျက်နှာ၊ ရှည်လျားတဲ့ မျက်တောင်လေးတွေက အတန်းလိုက်စီထားတဲ့ ယပ်တောင် အသေးလေးနှစ်ခုလိုပင်။

 

 

တခါတရံမှာ သူမဟာ မသိစိတ်ကနေ ရှုပ်ယှက်ခတ်နေတဲ့ ခံစားချက်ကို ပြသနေပေမယ့် မင်း သူမကိုခေါ်လိုက်မယ်ဆိုရင် သူမရဲ့အမူအရာတွေကို အမြန်ဖုံးကွယ်လိုက်ပြီး ပြုံးပြီးတော့ မင်းကိုကြည့်ဖို့ အာရုံစိုက်နေလိမ့်မယ်။

 

 

 ထိုအခိုက်အတန့်တွင် သူမသည် ထိုနေရာတွင် ရပ်နေကာ သူမ၏အကြည့်တွေက ရုတ်တရက် ဆုံးဖြတ်ချက်ချခဲ့သည်။

 

 

 နောက်တစ်နေ့တွင် ကျန်းရှောင်သည် ဟွားရှ ဥက္ကဌရုံးသို့ တရားဝင်သတင်းပို့ရန် ရောက်လာခဲ့သည်။

 

 

 မထွက်သွားခင်မှာ ရှပ်အင်္ကျီနဲ့ စကတ်ကို တမင်လဲပြီး သားရေရှူးဖိနပ်အနိမ့်ကို တွဲစီးထားသည်။ ရိုးရှင်းပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ သူမရဲ့ ၀တ်စားဆင်ယင်မှုကို သူမ ကျေနပ်မိသည်။

 

 

 မှန်ထဲမှာ သူ့ကိုယ်သူ စစ်ဆေးပြီး အရာအားလုံး အဆင်ပြေကြောင်း  အတည်ပြုပြီးနောက် ဧည့်ခန်းထဲ လျှောက်သွားခဲ့သည်။

 

 

ကျိုးရှို့လင်းရဲ့ အကြည့်တွေက သူမဆီ ရောက်လာသည်။  သူမရဲ့ နှင်းလိုဖြူဖွေးပြီး ဖြောင့်စင်းတဲ့ ခြေထောက်တွေက အပြစ်အနာဆာ ကင်းစင်သော်လည်း သူ မျက်ခုံး အနည်းငယ် ကျုံ့လိုက်သည်။  "မကောင်းဘူး"

 

 

 "ဘာဖြစ်လို့လဲ"  ကျန်းရှောင်က သူ့ရဲ့ထင်မြင်ယူဆချက်ကို အလွန်ယုံကြည်ခဲ့သည်။

 

 

 "ဘောင်းဘီလဲဝတ်"

 

 

 "ဒါပေမယ့် တီနာနဲ့ Mangi တို့ ဒီလိုဝတ်စုံမျိုးတစ်ပုံစံတည်း ဝတ်ဖူးတာကို ကျွန်မတွေ့ဖူးတယ်"

 

 

 "မင်းရဲ့ စိတ်နေသဘောထားနဲ့က မတူဘူး။ မင်း ပုံစံက ကျောင်းသူနဲ့ အရမ်းတူနေတယ်"

 

 

ကျန်းရှောင် ပါးစပ်တွန့်သွားခဲ့သည်။ သူ သူမကို တကယ်ကို လျှော့တွက်လိုက်တာပဲ။ အဆုံးမှာတော့ သူမက သူ့ရဲ့အကြံဉာဏ်ကို နားထောင်ပြီး ဘောင်းဘီ လဲဝတ်ခဲ့သည်။

 

 

 ဒရိုင်ဘာက သူတို့ကို လာကြိုဖို့ရောက်လာပြီ။

 

 

 ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့ နောက်ထိုင်ခုံမှာ ထိုင်ကြပြီး သူမ ခရီးစဥ်တစ်လျှောက်လုံး စိုးရိမ်နေခဲ့သည်။

 

 

ကျိုးရှို့လင်းက သူမ တွေးနေတာကို သဘာဝကျကျ သိသည်။  "စိတ်မပူပါနဲ့"

 

 

 "အင်း။ ကျွန်မ ပုံမှန်ဝန်ထမ်းတစ်ယောက် ဖြစ်လာတော့ ဥက္ကဌလက်ထောက်ရဲ့ အငယ်တန်း လက်ထောက်အဖြစ်ကနေ ရုတ်တရက် ခုန်တက်သွားတယ်။ အဲဒါက အာရုံကို အရမ်းကြီး ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလား။ တခြားသူတွေက ကျွန်မမှာ ဆက်နွယ်မှုနဲ့ နောက်ခံရှိတယ်လို့ သေချာပေါက် တွေးကြလိမ့်မယ်"

 

 

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။  "မင်းမှာ ဆက်နွှယ်မှုမရှိဘူး ဒါမှမဟုတ် နောက်ခံမရှိဘူးလို့ပြောနေတာလား"

 

 

ကျန်းရှောင်က သူမ နှလုံးသားထဲ နာကျင်မှုကို ခံစားလိုက်ရသည်။ ကံမကောင်းစွာပဲ၊ သူများတွေ ပြောခဲ့တာတွေက မှန်တယ်။  "ကျေးဇူးပြုပြီး ကျွန်မ ရှင့်ကိုမေတ္တာရပ်ခံလို့ရမလား"

 

 

 "ဘာကိုလဲ"

 

 

 " ရှင်းရန်ကို နည်းနည်းလောက် ဂရုစိုက်ပေးလို့ရမလား၊ ထူးထူးခြားခြား မဟုတ်ရင်တောင်မှပေါ့ ..."

 

 

 "ကျန်းရှောင်၊ ကိုယ်သိချင်တယ်။ မင်း ကျောက်ရှင်းရန် ကို ဘာလို့ အရမ်းဂရုစိုက်နေရတာလဲ"

 

 

ကျန်းရှောင် ခဏတိတ်ဆိတ်သွားခဲ့သည်။  "ကျွန်မ  တက္ကသိုလ် ပထမနှစ်တုန်းက ရုပ်ရှင်ရိုက်ကွင်းတွေမှာ အချိန်ပိုင်း အလုပ် စလုပ်ခဲ့တယ်။ ရိုက်ကွင်းတွေ အများကြီးမှာ လိုက်လုပ်ဖူးတော့ နာမည်ကြီးဆယ်လီတွေ အများကြီးနဲ့လည်း တွေ့ဖူးတယ်။ အလုပ်က မလွယ်ဘူး၊ တစ်ခါတစ်လေ တကယ်ကို အရမ်းပင်ပန်းတယ်။ ဒုတိယနှစ်ရောက်တော့ ဆောင်းရာသီကြီး တရုတ်နှစ်ကူးခါနီးလေးမှာပဲ ရိုက်ကွင်းထဲမှာ ကျွန်မ ရုတ်တရက် အဖျားတွေ တက်လာတယ်။ ရေများများသောက်ရင် ခံနိုင်ရည်ရှိမယ်လို့ ထင်ခဲ့ပေမယ့် ကံတရားက ကျွန်မဘက်မှာ ရှိမနေခဲ့ဘူး။ အဖျားက ၄၁ ဒီဂရီရောက်သွားတော့ ကျောက်ရှင်းရန်က ကျွန်မကို ဆေးရုံကို ခေါ်သွားပေးခဲ့တယ်"

 

 

ကျောက်ရှင်းရန်မှာ မာနဘဝင်မြင့်တာတွေ ရှိပြီး သူမ နာမည်ကျော်ကြားလာတာနဲ့အမျှ  မာနတရားကပို၍အားကောင်းလာခဲ့သည်။ ဒါပေမယ့် ကျန်းရှောင်က သူမအတွက် လုပ်ပေးခဲ့တဲ့ ကျေးဇူးကို အမြဲအမှတ်ရနေမှာပင်။

 

 

 "ကျောက်ရှင်းရန်က  ဒါရိုက်တာ ကျောက် ရဲ့ "လူငယ် " ရုပ်ရှင်အတွက် သြဂုတ်လမှာ အဖွဲ့၀င်အဖြစ် ပါဝင်လိမ့်မယ်"

 

 

ကျန်းရှောင်၏ မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။  "အဲဒါ တကယ်ကောင်းတာပဲ "  သူမ လက်ဆန့်ကာ သူ့လက်ကိုတို့လိုက်သည်။

 

 

 “အွန်း…” သူသည် ကားတစ်စီးလုံးကို ပြည့်လျှံသွားစေတဲ့ ဖော်ပြရခက်တဲ့ ရင်းနှီးမှုကို ဖော်ပြသည့် အသံကို ရှည်စေခဲ့သည်။

 

 

 "ကျေးဇူးတင်ပါတယ်နော် "

 

 

ကျိုးရှို့လင်း ပြုံးလိုက်သည်။  "ကိုယ့်ရဲ့လေဒီလေး၊ မင်း အရမ်း ယဉ်ကျေးလွန်းနေပြီ"