ဟယ်လို
မစ္စတာ ကျိုး
အပိုင်း
၂၅
သူမမျက်နှာကို သူ့ပခုံးမှာ မြှုပ်ထားပြီး သူမ ပိုပြီး
တင်းတင်းကျပ်ကျပ် တွယ်ကပ်ထားသည်။
"မထားခဲ့ပါနဲ့" သူမရဲ့ပုံစံက ရေပေါ်ကသစ်တုံးတစ်တုံးကို ဆွဲကိုင်ထားပြီး မလွှတ်ပေးနိုင်သလိုပင်။
စကားလုံးကင်းမဲ့သော လုံခြုံမှုခံစားမှုသည် သူမ၏နှလုံးသားထဲသို့ တဖြည်းဖြည်း နက်ရှိုင်းလာသည်။
"ကိုယ်ရှိတယ်နော်" ကျိုးရှို့လင်းက သူ့ကို
မိနစ်အနည်းငယ်ကြာ ပွေ့ဖက်ဖို့ ခွင့်ပြုခဲ့သည်။ အထူးသဖြင့် ညဝတ်ဂါဝန်ကိုသာ ၀တ်ထားသည့်
မိန်းကလေး၏ ခန္ဓာကိုယ် နူးညံ့မှုကို မျက်ဝါးထင်ထင် ခံစားလိုက်ရသည်။
သူ့အား
လွှမ်းခြုံထားသည့် နွေးထွေးသော အသက်ရှုသံကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး လေကပင်အေးချမ်းတဲ့ရနံ့ကို
သယ်ဆောင်လာသည်။
ကျန်းရှောင်ရဲ့
စိတ်ခံစားမှုတွေ တဖြည်းဖြည်း ငြိမ်သက်သွားကာ “ဘယ်အချိန်ရှိပြီလဲ”
လို့ မေးလိုက်သည်။
"ငါးနာရီကျော်နေပြီ" ကျိုးရှို့လင်း ကိုယ့်ဘာသာကိုထိန်းထားပြီး
သူ့အသံက အံ့သြစရာကောင်းလောက်အောင် နူးညံ့သည်။
"မင်း
အိပ်ပျော်နေတာ ဘယ်လောက်ကြာပြီလဲ"
"ကျွန်မ ပြန်ရောက်ကတည်းက အိပ်ပျော်သွားတာ" သူမ သူ့ရင်ခွင်မှ ထွက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ
ထွက်လာသော နွေးထွေးမှုကို ခံစားနိုင်ပုံရသည်။
"ထပြီး လှည့်ပတ်ကြည့်လိုက်။ အရမ်းအိပ်ထားရင်
ညဘက် အိပ်မပျော်ဘဲ နေမယ် "
ကျန်းရှောင်
သူ့ကို တိတ်တဆိတ် စိုက်ကြည့်ပြီး မျက်နှာက ရှက်သွေးဖြာလာသည်။ “ကျွန်မ အဝတ်စားလဲရဦးမယ်…”
သူမ
ကိုယ်ပေါ်မှာ ဘရာစီယာပင် မဝတ်ထားပေ။ သူမ အိပ်နေတာကြောင့်
ချိတ်ကိုဖြုတ်ပြီး ကုတင်ဘေးစားပွဲပေါ်တင်ထားခဲ့သည်။
ကျိုးရှို့လင်းလည်း
အဲ့တာကို မြင်သွားလောက်တာကို သူမ သိသည်။
ကျိုးရှို့လင်း၏
အကြည့်တွေက နက်ရှိုင်းလာသည်။ သူထပြီး တံခါးဆီသို့
လျှောက်သွားကာ သူမရဲ့ အဝေးကို လှည့်လိုက်သည်။ သူစကားပြောရင်း လည်ချောင်းကိုလှုပ်ရှားခဲ့သည်။
"အရင်ရေချိုးလိုက်ဦး။ ကိုယ် မိဘတွေဆီ ဖုန်းဆက်လိုက်ဦးမယ်
ပြီးမှ ခဏလောက်ကြာရင် သွားကြမယ် "
နာရီဝက်အကြာတွင် သူတို့အိမ်သို့ပြန်ရောက်လာကြပြီး
ကျိုး မိဘတွေက အလျင်လိုခြင်း မရှိပေ။
ဖေဖေ ကျိုးက မေးခဲ့သည်။ "ယန်ယန် ကော၊ သူမ ဒီည
ပြန်မလာဘူးလား"
မေမေ
ကျိုးက ပြန်ဖြေခဲ့သည်။ "ဒီည အတန်းတက်ရမယ်လို့
ပြောတယ် ပြီးတာနဲ့ ပြန်လာခဲ့မယ်တဲ့ "
ဖေဖေ
ကျိုး ခေါင်းခါလိုက်သည်။ “သူမ မင်းသမီးဖြစ်လာဖို့
ရည်မှန်းချက်ကို မပြောင်းသေးဘူး။ သူ့ကိုယ်ထဲ ဘာဝင်သွားလဲ မသိပါဘူး"
မေမေ
ကျိုးက ပြန်ချေပခဲ့သည်။ "အဲ့တာ ရှင် သူ့ကို အလိုလိုက်ခဲ့လို့လေ"
ဖေဖေကျိုးက
ဤအကြောင်းအရာနှင့် ပတ်သက်၍ ဇနီးဖြစ်သူနှင့် ငြင်းခုံခြင်းမပြုခဲ့ပေ။ သူတို့က သူတို့သမီးကို အရမ်းကြီး အလိုလိုက်ထားမိကြပြီး
အခုတော့ ဘာမှပြောစရာမရှိပေ။
ကံကောင်းထောက်မစွာ
သူတို့သားရဲ့ပညာရေးကိုရောက်လာတော့ သူတို့က တင်းကြပ်တဲ့မူတွေကို လိုက်နာခဲ့သည်။ ကျိုးရှို့လင်းသည် ကျိုး မိသားစုတွင် သူတို့မျိုးဆက်၏
အထူးချွန်ဆုံး ကလေးဖြစ်သည်။
သိပ်မကြာခင်မှာပဲ ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့
ရောက်လာကြသည်။
တစ်ယောက်နဲ့ တစ်ယောက်မတွေ့တာ လဝက်လောက်ရှိပြီဆိုတော့
ကျန်းရှောင် အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။
"မင်္ဂလာပါ အဖေ နဲ့ အမေ"
သူမရဲ့ ကြောက်ရွံ့နေတဲ့ အမူအရာက ဖေဖေကျိုးကို အတိုင်းအတာတစ်ခုအထိ
ရယ်မောစေခဲ့သည်။
ကျိုးရှို့လင်းက
သူမ ရှက်ရွံ့နေတဲ့ အမူအရာကို ကြည့်ပြီး သူမရဲ့လက်ကို ကိုင်ကာ လျှောက်သွားလိုက်သည်။
ဖေဖေကျိုးက
မေးခဲ့သည်။ "ဒီအတောအတွင်း အလုပ်ကိစ္စသွားတာ အဆင်ပြေရဲ့လား"
ကျန်းရှောင်
ခေါင်းညိတ်ခဲ့သည်။ "အဆင်ပြေခဲ့ပါတယ်ရှင့်"
ဖေဖေကျိုး
ပြောလိုက်သည်။ "ညစာစားပြီးရင် ငါနဲ့ စစ်တုရင် ကစားကြမယ်"
"ဟုတ်"
မေမေကျိုး
စကားအများကြီးမပြောဘဲ "ထမင်းစားရအောင်" လို့ မှတ်ချက်ပေးခဲ့သည်။
ကျန်းရှောင်က
သူမကို တိတ်တဆိတ် ကြည့်ပြီး "အမေ၊ ကျွန်မ ကူညီပေးပါရစေ" လို့ ပြောလိုက်သည်။
မေမေကျိုးက
စိတ်ထဲ သက်ပြင်းချလိုက်မိသည်။ ကျန်းရှောင်က အသက် ၂၂ နှစ်သာရှိသေးပြီး ယန်ယန်နှင့် အသက်တူတူပဲဟု
ထင်မြင်ကာ သူမ၏ လေသံမှာ အနည်းငယ် နူးညံ့သွားခဲ့သည်။ " ဂရုစိုက်လုပ်နော် "
ဤထမင်းစားချိန်အတွင်း
ကျန်းရှောင်သည် အနည်းငယ် စိုးရိမ်ပူပန်မှု ခံစားရပြီး ကျိုးရှို့လင်း နောက်မှပြောမည့် စကားထဲ နစ်မွန်းနေခဲ့သည်။ အစားအသောက်က သူမပါးစပ်ထဲမှာ ဖယောင်းလို အရသာရှိသည်။
ကျိုးရှို့လင်း
သူမကို ငါးဟင်းရည်တစ်ပန်းကန် ထည့်ပေးခဲ့သည်။
"ဟင်းရည်သောက်ဦး "
ကျန်းရှောင်
ဟင်းရည်ကို နာခံစွာ သောက်လိုက်သည်။ သူမသည်
ကျိုးရှို့လင်း၏ ညာဘက်ခြမ်းတွင် ထိုင်နေပြီး မကူညီနိုင်ဘဲ သူ့လက်ကို ကိုင်လိုက်သည်။
သူ ဘယ်လိုလုပ် လုံးဝ စိုးရိမ်မှုမရှိရတာလဲ။
ကျိုးရှို့လင်း
ခေါင်း လှည့်လိုက်သည်။ " စားနေတာကို အာရုံစိုက်။
အဖေနဲ့အမေ၊ ယန်ယန် ပြန်လာပြီး အဖေတို့ကို တိုင်တန်းပြီး သူ ဘာပဲညည်းညူပြနေနေ ကိစ္စမရှိဘူး အဲ့တာကို သဘောမတူလိုက်နဲ့"
ဖေဖေကျိုးက
သူပြောတာကို သဘောတူခဲ့သည်။ “ငါ သဘောတူတယ်”
မေမေကျိုးက ပြောလိုက်သည်။ "မင်းက သူ့အကိုကြီးလေ။
မင်း သူမကို နည်းနည်း ကူညီသင့်တာပေါ့ "
"သူမ ခက်ခဲမှုတွေကို အတွေ့အကြုံရှိဖို့လိုတယ်"
ဟု ကျိုးရှို့လင်းက မှတ်ချက်ချခဲ့သည်။
မေမေကျိုးက
ဒေါသတကြီး ပြောခဲ့သည်။ "မင်းလို အစ်ကိုမျိုးရှိရဲ့လား။ မိန်းမနဲ့လက်မထပ်ဘဲ မင်းညီမကို
မေ့ပစ်လိုက်ပြီလား"
ထိုသို့ပြောပြီးနောက်
သူမကိုယ့်ဘာသာကို ရယ်လိုက်သည်။
ကျန်းရှောင်သည်
သူမ၏ ဒူးခေါင်းက စူးခနဲနာကျင်သွားပြီး သူမနှင့် ဘာမှမဆိုင်ကြောင်း သိလိုက်သည်။ ကျိုးရှို့လင်း
သားတစ်ယောက်ရပြီးတော့ သူ့ညီမကို မေ့သွားတာဆိုရင်တော့ သူမ အဲ့တာကို ယုံကြည်နိုင်လိမ့်မည်။
ညစာစားပြီးနောက် ဖေဖေကျိုးက စစ်တုရင်ကစားရန် စာကြည့်ခန်းသို့
ကျန်းရှောင်ကို ခေါ်ခဲ့သည်။ ကျိုးရှို့လင်း
ရုတ်တရက် စကားထပြောလာသည်။ "အမေ နဲ့ အဖေ၊ ကျွန်တော် ပြောစရာရှိတယ်"
ကျန်းရှောင်
သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ "ဖြစ်နိုင်ရင် ကျွန်မတို့
ဘာမှမပြောလို့မရဘူးလား "
ကျိုးရှို့လင်းက
သူမကို စိတ်ချလက်ချရှိအောင် လက်ကိုပုတ်လိုက်သည်။
"အင်း၊ အခုထက် ပိုကောင်းတဲ့ အချိန်ဆိုတာမရှိဘူး"
"ရှင် ရိုက်ခံရမှာ ကျွန်မ ကြောက်တယ်" ဖေဖေကျိုးသည် လူများနှင့် ကိစ္စများအတွက် တင်းကျပ်တဲ့မျှော်လင့်ချက်ရှိကြောင်း
သူမ သိသော်လည်း ကျိုးရှို့လင်း နာကျင်ရမှာကိုတော့ သူမ မခံစားနိုင်ပေ။
ဖေဖေကျိုးနဲ့ မေမေကျိုးတို့ သူ့ကို အတူတူကြည့်ခဲ့ကြသည်။
"ဘာများလဲ"
ကျိုးရှို့လင်း
တည့်တည့် မတ်တပ်ရပ်လိုက်ပြီး သူ့အကြည့်တွေက တည်ငြိမ်နေခဲ့သည်။ "ကျန်းရှောင်မှာ
ကိုယ်ဝန်ရှိနေပြီ"
ဖေဖေကျိုး၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အမြွက်
ထွက်ပေါ်လာပြီး သူ့ပါးစပ်က တွန့်ကွေးသွားခဲ့သည်။
မေမေကျိုး
အံ့အားသင့်သွားပုံရပြီး အလျင်စလိုမေးခဲ့သည်။ "အိုး၊ ပြန်လာတုန်းက ဘာလို့ မပြောခဲ့တာလဲ။ဘယ်တုန်းက
သိတာလဲ၊ ဘယ်လောက်ကြာပြီလဲ"
သူမရဲ့အကြည့်တွေက
အံ့အားသင့်မှုနှင့် ပျော်ရွှင်မှု ရောနှောနေကာ ကျန်းရှောင်ဘက်ကို ချက်ချင်း လှည့်ကြည့်ခဲ့သည်။
ယန်ယန်
ပြောတာ မှန်တယ်၊ သူတို့မှာ ချွေးမတစ်ယောက်ရှိပြီး အခု မြေးတစ်ယောက်လည်း ရှိလာပြီ။ အရာအားလုံးကို အလျင်စလို မလုပ်နိုင်ဘူး၊ ကောင်းကင်ဘုံမှာ
သူတို့ကိုယ်ပိုင် အစီအစဉ်တွေရှိတယ်။
ကျန်းရှောင်
ရှက်သွားပြီး လက်နှစ်ချောင်းကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
ကျိုးရှို့လင်းက
"နှစ်လရှိပြီ" လို့ အသံတိုးတိုးနဲ့ ပြောလိုက်သည်။
ဧည့်ခန်းက တိတ်ဆိတ်သွားခဲ့ပြီး အပြင်ဘက်မှ ဂိမ်းဆော့နေသည့်
ကလေးများ၏ အသံကို တိတ်တိတ်ဆိတ်ဆိတ် ကြားနေရသည်။
မေမေကျိုး မျက်မှောင်ကြုတ်သွားခဲ့သည်။ "အိမ်ထောင်ပြုတာ တစ်လတောင် မပြည့်သေးဘူး"
ကျိုးရှို့လင်းက
ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ "အမေ၊ အဖေ၊
ကျွန်တော် အခုမှ ဒါကိုပြောမိလို့ တောင်းပန်ပါတယ်"
ဖေဖေကျိုးရဲ့မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာပြီး
ပြင်းထန်စွာ ပြောလိုက်သည်။ "ဘာတွေလဲကွာ!" သူ့သားက အိမ်ထောင်ပြုဖို့ အလောတကြီး လုပ်ခဲ့ပြီး
အသက်တစ်သက်ကလည်း ပါလာသည်။
ကျန်းရှောင်
ကြောက်လန့်သွားပြီး အသက်တောင် မရှူရဲတော့ပေ။
သူမရဲ့ မျက်နှာက နီရဲသွားပြီး ရှက်ရွံ့မှုဉ အပြစ်ရှိမှုတွေနှင့် ပြည့်နှက်နေသည်။
ခဏကြာတော့ ဖေဖေကျိုးက အသက်ဖြေးဖြေးလေးရှုထုတ်လိုက်ပြီး
ကျိုးရှို့လင်းကို လက်ညှိုးထိုးခဲ့သည်။
"ငါနဲ့ စာကြည့်ခန်းထဲလိုက်ခဲ့"
ကျန်းရှောင်
ကျိုးရှို့လင်း လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။ "ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"
"အဆင်ပြေပါတယ်။ ခဏလေး ထိုင်နေလိုက်နော်" ကျိုးရှို့လင်းက ငြိမ်သက်စွာ ကြည့်ခဲ့သည်။ "ခဏလေးပဲစောင့် ကိုယ်ပြန်ထွက်လာမယ်"
ကျိုးရှို့လင်း
ဖေဖေကျိုးနောက်ကနေ စာကြည့်ခန်းထဲ လိုက်သွားခဲ့သည်။
"တံခါးပိတ်" ဖေဖေကျိုးရဲ့ အသံက အေးစက်မာကျောသည်။ သူ ကျိုးရှို့လင်းကို ကြည့်လိုက်သည်။ "မင်း ငယ်ငယ်လေးကတည်းက ငါ မင်းကို ဘယ်လိုသင်ပေးခဲ့လဲ"
"အဖေ၊ ကျွန်တော် ဒီအတွက် တကယ်တောင်းပန်ပါတယ်"
"ဒူးထောက်!"
ကျိုးရှို့လင်း
ဒူးထောက်ထိုင်လိုက်ပြီး သူ့နောက်ကျောက တည့်မတ်နေခဲ့သည်။
"ကျိုးရှို့လင်း၊
ငါ မင်းကို ငယ်ငယ်လေးကတည်းက ယောကျ်ားတစ်ယောက်ဆိုတာ တာဝန်ယူတတ်ရမယ်ဆိုပြီး သင်ပေးထားတယ်လေ။
ကျိုး မိသားစုရဲ့ စည်းမျဉ်းတွေက မင်းအတွက် ဘာအဓိပ္ပါယ်မှ မရှိဘူးလား။ မင်း ရုပ်ရှင်နဲ့
ရုပ်မြင်သံကြား ကုမ္ပဏီတစ်ခု လုပ်ချင်တယ်ဆိိုတုန်းက ငါ မင်းကို မတားခဲ့ဘူး။ ဒါပေမယ့်
မင်းဘယ်လိုဖြစ်ပြီး ဒီလိုဟာမျိုးကို လုပ်ရဲရတာလဲ။ ကျန်းရှောင်က မင်းညီမနဲ့ အသက်ရွယ်တူပဲ၊
သူက ငယ်ငယ်ရွယ်ရွယ်နဲ့ နုံအတဲ့သူဖြစ်တာကို မင်းက သူ့ကို အခွင့်ကောင်းယူနေတာ မဟုတ်လား"
ကျိုးရှို့လင်း
သူ့နှာခေါင်းကို ထိလိုက်မိသည်။ "မဟုတ်ပါဘူး"
"ခုထိ မဟုတ်သေးဘူးလား! အရင်က ထွက်ခဲ့တဲ့ ကောလဟာလတွေကော" ကျိုး မိသားစုသည် ၎င်းတို့၏ မိသားစုဂုဏ်သတင်း၏ ပညာရေးကို
အမြဲတန်ဖိုးထားခဲ့ပြီး အမြဲတမ်းထူးချွန်တဲ့ ကျိုးရှို့လင်းသည် ထိုသို့သောကိစ္စကို လုပ်ဆောင်လိမ့်မည်ဟု
သူတို့ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ကြပေ။
ဖေဖေကျိုး
ဒေါသတကြီးဖြစ်နေပြီး ကျိုးရှို့လင်း ကြီးမားတဲ့
အရှုပ်အထွေးထဲသို့ ကျရောက်သွားသည်ကို ခံစားခဲ့ရသည်။
"မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်ကြတာလဲ
"
ကျိုးရှို့လင်းသည်
ကျန်းရှောင်နှင့် သူတို့ရဲ့ တွေ့ဆုံမှုအတွက် သူကိုယ်တိုင် တာဝန်လွှဲပြောင်းယူခဲ့ကြောင်း
ရှင်းပြခဲ့သည်။
ဖေဖေကျိုး မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆို မင်းတို့ရဲ့အိမ်ထောင်ရေးကို လူသိရှင်ကြားကြေညာဖို့
အစီအစဉ် မရှိသေးဘူးလား။ ကလေးရော အနာဂတ်မှာ ဘယ်လိုလုပ်မှာလဲ"
"အဖေ၊ ကျွန်တော့်မှာ ကိုယ်ပိုင် အစီအစဉ်ရှိပါတယ်"
ဖေဖေကျိုး သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဒီတစ်ခါတော့ မင်း ငါ့ကို စိတ်ပျက်စေခဲ့ပြီ။
ငါ အရင်က မင်းကို သတိပေးထားတယ်လေ မင်း ဒီလုပ်ငန်းကို ဝင်ပြီးတာနဲ့ ဘာပဲဖြစ်ဖြစ် သွေးဆောင်မှုကို
တွန်းလှန်ရမယ်လို့ "
ကျိုးရှို့လင်း
တိတ်ဆိတ်နေခဲ့သည်။
ဖေဖေကျိုးက
မျက်နှာထားတင်းတင်းနဲ့ပြောလိုက်သည်။ "ကျိုးရှို့လင်း၊ ကိုယ့်ဘာသာကိုယ် ဂရုစိုက်"
"အဖေ ကျေးဇူးပြုပြီး စိတ်ချပါ" သူ ယုံကြည်ချက်အပြည့်နဲ့ စကားပြောလိုက်သည်။
ကျိုး မိသားစုမှ အမျိုးသားများသည် အမြဲတမ်း သစ္စာရှိပြီး
အိမ်ထောင်ရေးကို မြတ်နိုးကြသည်။ ဒါကို မျိုးဆက်ပေါင်းများစွာ
သက်သေပြခဲ့ပြီးပြီ။
"မင်းရဲ့ အဖိုး အဖွားတွေအတွက်တော့ မင်းကိုယ်တိုင်
ဒီအကြောင်းကို ရှင်းပြရမယ်" ဖိုးဖိုး
ကျိုးနဲ့ ဖွားဖွား ကျိုးတို့ နှစ်ယောက်စလုံးက ပညာတတ်တွေပင်။
ဖိုးဖိုး ကျိုးက ဘီတက္ကသိုလ်မှာ ပါမောက္ခဖြစ်ခဲ့ဖူးပြီး
ကလေးတွေရဲ့ ကိုယ်ကျင့်တရားပညာရေး အပေါ် အလွန်အလေးထားခဲ့သည်။
"ကျွန်တော် သိပါတယ်"
ကျန်းရှောင်င
စာကြည့်ခန်းတံခါးကို စိုက်ကြည့်နေသည်။ အထဲက လှုပ်ရှားသံကို သဲ့သဲ့လေး ကြားလိုက်ရပေမယ့်
သူမ ရူးရူးမိုက်မိုက် မဝင်သွားရဲပေ။
ကျိုး မိသားစုမှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိသည်။
သူမ မေမေ ကျိုးကို အားကိုးတကြီးကြည့်ကာ သူမ မျက်နှာက
တောင့်တင်းပြီး စိုးရိမ်နေခဲ့သည်။ ဖေဖေကျိုး ကျိုးရှို့လင်းကို ရိုက်မှာကို သူတို့ခွင့်မပြုနိုင်ဘူး။
"အမေ၊
ကျေးဇူးပြုပြီး အထဲဝင်ပြီးတော့ အဖေ့ကို ဖျောင်းဖျပေးပါလား.. ရှို့လင်းကို..... အပြစ်မတင်ဖို့
ပြောပေးပါ...."