အပိုင်း ၂၄
Viewers 801

ဟယ်လို မစ္စတာ ကျိုး

 

အပိုင်း ၂၄

 

 

 

 

 

 လက်ထောက် ကျန်း လမ်းလျှောက်လာပြီး ကျန်းရှောင် အနားမှာ ခဏကြာအောင် ထိုင်လာတဲ့အထိ သူတို့နှစ်ယောက် စကားစမြည်ပြောခဲ့ကြသည်။

 

 

 "ကျွန်တော်တို့ လေးစားရတဲ့ ဆရာ ကျင်းနဲ့ သရုပ်ဆောင်စွမ်းရည် ဆွေးနွေးနေတာလား "

 

 

ကျန်းရှောင်ရဲ့ မျက်ခုံးတွေက တွန့်ကွေးသွားခဲ့သည်။

 

 

ကျင်းကျုံးပိုင် ကိုယ်တိုင်စိတ်ထိန်းပြီး ပြောလိုက်သည်။ "ကျန်းရှောင်၊ မင်း ဒီလုပ်ငန်းကို ဝင်ချင်ရင် ငါ ကြိုဆိုပြီး ငါသိသမျှ အရာအားလုံးသင်ပေးမယ်"

 

 

ကျန်းချင်၏ ပါးစပ် တွန့်သွားပြီး သူ ရယ်မောခဲ့သည်။  "ကျွန်တော်တို့ ကုမ္ပဏီရဲ့လက်ထောက်တွေ အတွက် ကျင်းရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဟွားရှမှာ ပရော်ဖက်ရှင်နယ်အဖွဲ့နဲ့ အရင်းအမြစ်တွေရှိတယ်။ ကျန်းရှောင် မင်းသမီးလုပ်ချင်ရင် ကျွန်တော်တို့ စီအီးအိုက သူမကို သေချာပေါက် ပံ့ပိုးပေးမယ်ဆိုတာ စိတ်ချယုံကြည်ထားလို့ရတယ် "

 

 

ကျန်းရှောင် ပြန်ပြောခဲ့သည်။ "... ကျွန်မမှာ မင်းသမီးလုပ်ဖို့ အစီအစဉ်မရှိဘူး"

 

 

ကျင်းကျုံးပိုင် ငြိမ်သွားခဲ့သည်။

 

 

 နာရီဝက်အကြာတွင် ကျင်းကျုံးပိုင် ထွက်သွားခဲ့သည်။  ဒီနေ့ညမှာ သူရောက်ရှိနေခြင်းသည် ကျောက်ရှင်းရန်ကို မျက်နှာသာပေးကြောင်းဖြစ်သည်ကို လူတိုင်းနားလည်ခဲ့ကြသည်။

 

 

ကျောက်ရှင်းရန် နဲ့ ခေါင်းဆောင်မင်းသားတို့  အတူတူထိုင်သောက်ခဲ့ကြသည်။ ခေါင်းဆောင်မင်းသားက ချောတယ်၊ အရပ်ရှည်တယ်။ လွန်ခဲ့သည့်ကာလတွင် ကျောက်ရှင်းရန် အပေါ် သူ့ ရည်ရွယ်ချက်များက ပြတ်သားခဲ့သည်။

 

 

ကျန်းရှောင် ဘေးကနေ ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

 

 

 လက်ထောက် ကျန်းက စကားပြောခဲ့သည်။ "ဒီတစ်ခေါက် ပြန်သွားရင် စီအီးအို ကျိုးက မဒမ်ကို သူ့ဘေးမှာ ထားပြီးတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်အဖြစ် ယာယီ တာဝန်ပေးလိမ့်မယ် "

 

 

ကျန်းရှောင် ခေါင်းလှည့်ပြီး မေးလိုက်သည်။ "ဒါက ကျွန်မက ရှင့်အလုပ်ကို ယူလိုက်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"

 

 

လက်ထောက်ကျန်း လက်ဟန်ပြပြီး ပြောလိုက်သည်။ "ရပါတယ်"

 

 

 "ကျောက်ရှင်းရန် ကကော၊ ကုမ္ပဏီက သူ့ကို ဘယ်လို စည်းရုံးမလဲ "

 

 

 “ကုမ္ပဏီရဲ့ အစီအစဉ်တွေက သူမ လိုက်နာဖို့ပဲ။ စိတ်ချပါ ကုမ္ပဏီရဲ့ အစီအစဥ်တွေက သူ့အတွက် အကျိုးရှိပါတယ်

 

 

 ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။

 

 

 "မဒမ်၊ နောက်ခြောက်လမှာ မဒမ်က စီအီးအိုကျိုး ရဲ့ အနားမှာ ရှိနေရမှာ ဒါက အရင်းအမြစ်တွေ တည်ဆောက်ဖို့ အရေးကြီးတဲ့ကာလပဲ။

အနာဂတ်မှာ မဒမ် ပြန်လာတဲ့အခါကျရင်

လက်ထဲမှာ အရင်းအမြစ်တွေနဲ့ ချိတ်ဆက်မှုတွေ အမြောက်အမြား ရှိလိမ့်မယ်။  စိတ်မပူပါနဲ့ မဒမ်ကထူးချွန်တဲ့ မန်နေဂျာ တစ်ယောက် ဖြစ်လာမှာပါ"

 

 

 ကျန်းရှောင်သည် လက်ထောက် ကျန်းရဲ့ ရုတ်တရက် ပြောင်းလဲသွားတဲ့ လေသံကြောင့် ကြက်သေသေသွားပြီး  "သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်၊ လက်ထောက် ကျန်း" ဟု ပြောဖို့ မိမိကိုယ်ကိုသာ တွန်းအားပေးလိုက်ရသည်။

 

 

 "ရပါတယ်"

 

 

 ကျန်းရှောင် - "......."

 

 

 နောက်တစ်နေ့တွင် ကျောက်ရှင်းရန်နှင့် သူ့အဖွဲ့တို့ ကျင်းချန်ဆီ ပြန်ခဲ့ကြသည်။

 

 

ကျန်းရှောင်က ကားပေါ်မှ တမှေးအိပ်ခဲ့သည်။  သူတို့မနေ့ညက ဆူဆူညံညံနဲ့ မြူးထူးပျော်ရွှင်ပွဲ လုပ်ခဲ့ကြပြီး မိုးလင်းတဲ့အထိ မပြီးသေးပေ။ ၁၁ နာရီတိတိ အချိန်မှာ သူမ ကျိုးရှို့လင်းဆီမှ ဖုန်းလက်ခံရရှိခဲ့သည်။

 

 

 ဒီနေ့ သူမကို လာကြိုဖို့ အချိန်မရလို့ ကျန်းချင်ကို သူမအား အိမ်အရင်ပြန်ပို့ဖို့ တောင်းဆိုထားကြောင်း ပြောခဲ့သည်။

 

 

ကျန်းရှောင် စိတ်လှုပ်ရှားစွာ စကားအနည်းငယ်ပြောပြီး ဖုန်းချလိုက်သည်။

 

 

 ဒီခရီးမှာ သူမ အရမ်းပင်ပန်းခဲ့သည်။ ကိုယ်ဝန်နဲ့ဆိုတော့ သူမ ဒီလိုစိတ်လှုပ်ရှားမှုကို မခံနိုင်ဘူး။

 

 

 အပြန်လမ်းမှာ ကျန်းချင်က မေးခဲ့သည်။ "မဒမ်၊ အခု စီအီးအို ကျိုးကို အရမ်းလွမ်းနေပြီလား"

 

 

ကျန်းရှောင် မျက်စိစွေကြည့်ခဲ့ပြီး  တစ်ဝက်တစ်ပျက် အိပ်ခဲ့သည်။  "အိမ်က အိပ်ယာကို လွမ်းတယ်"  ထိုအိပ်ရာသည် သူမ နှစ်ပေါင်းများစွာ အိပ်ခဲ့တဲ့ သက်တောင့်သက်သာ အရှိဆုံး အိပ်ယာတစ်ခုဖြစ်သည်။

 

 

ကျန်းချင် ပြောလိုက်သည်။ "စီအီးအိုကျိုးလည်း  အဲဒီအိပ်ရာကို ချစ်တယ်။ ကျွန်တော်တို့တွေ အိမ်ရွှေ့တုန်းက သူ အဲဒါကို အတိအကျကို ယူလာတာ။ သူက တခြားအိပ်ယာပေါ်မှာဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရဘူး"

 

 

ကျန်းရှောင်၏စိတ်က တင်းကျပ်လာခဲ့သည်။ "အိုး..." ဒီအချိန်မှာပဲ ကျိုးရှို့လင်း ဆီက ဖုန်းဝင်လာတာကို သူမတွေ့လိုက်ရသည်။

 

 

 "အိမ်ရောက်ပြီလား"

 

 

 "ရောက်ခါနီးပြီ"

 

 

 "အဒေါ် နေ့လည်စာ ပြင်ပေးထားတယ်။ ဒီည ကိုယ်မင်းလာခေါ်မယ် ပြီးရင် မိဘတွေ အိမ်ကို သွားကြမယ်။ နေ့ခင်းဘက် အိမ်မှာပဲ အနားယူ၊ ဘယ်မှ လျှောက်မသွားနဲ့"

 

 

 "ဒီည ပွဲလုပ်ဖို့ စီစဉ်နေတာလား"

 

 

 "သံပူနေတုန်း ထုမှရမယ်။ မိဘတွေက ရက်ပိုင်းအတွင်း နိုင်ငံခြားကို အပန်းဖြေခရီး သွားကြတော့မှာ"

 

 

ကျန်းရှောင်က အပြစ်ကင်းတဲ့ ပုံပေါက်သည်။  "အာ ကျွန်မ ကြောက်တယ်။ ကျွန်မ တစ်သက်မှာ တစ်ခါမှ အမှားမလုပ်ဖူးဘူး၊ ဒီတစ်ခုကတော့ နေရာမှာတင် ဖမ်းခံလိုက်ရပြီ"

 

 

ကျိုးရှို့လင်း တခစ်ခစ်ရယ်လိုက်သည်။ "ပဲပင်ပေါက်လေးကို အမှားလို့ ထင်နေတာလား"

 

 

 "ဘယ်ဟုတ်မလဲ!"  ပဲပင်ပေါက်လေးက ကံကြမ္မာကပေးတဲ့လက်ဆောင်ပင်။

 

 

 "ဒါဆို မကြောက်နဲ့ အများဆုံးကတော့ ကိုယ် အဖေ့ဆူတာကို ခံရမှာပေါ့"ကျိုး မိသားစုက သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို အရမ်းအာရုံစိုက်ပြီး၊ ဆူဆဲတာကို သူ ရှောင်လွှဲလို့ မရနိုင်ဘူးဆိုတာ ကျိုးရှို့လင်း သိသည်။

 

 

 "ဒီည တွေ့မယ်နော်"

 

 

 ကျိုးရှို့လင်း ဖုန်း ချပြီး မပြုံးဘဲ မနေနိုင်ခဲ့ပေ။

 

 

 တီနာ တံခါးခေါက်ပြီး ဝင်လာချိန်တွင် ကျိုးရှို့လင်းက ဒုဥက္ကဌ အများအပြားနှင့် ဆွေးနွေးပွဲ  ပြီးဆုံးခဲ့ပြီဖြစ်သည်။  "ဥက္ကဌ ကျိုးဠ လေးနာရီထိုးပြီ။ ဥက္ကဌပြန်ဖို့ အချိန်ရောက်နေပါပြီ"

 

 

ကျိုးရှို့လင်းက သူ့မှတ်စုစာအုပ်ကို စနစ်တကျသိမ်းလိုက်သည်။  "ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြမယ်။ ဘီ မြို့တော် မှာ အလုပ်တွေ ဆက်လုပ်မယ်။ လျန့်နန် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားစီးတီးရဲ့ ပရောဂျက်အတွက် အစီအစဥ်ကို လာမယ့်အပတ်မှာ ထုတ်ဝေဖို့ စီစဥ်ထားတယ်။ အားလုံးပဲ၊ ကျွန်တော် ဒီနေ့ အိမ်မှာ လုပ်စရာ တစ်ခုခုရှိနေလို့ အရင်သွားနှင့်လိုက်မယ်"

 

 

 စကားပြောပြီးနောက် သူက မတ်တပ်ထရပ်ကာ အစည်းအဝေးခန်းမှ ထွက်သွားခဲ့သည်။

 

 

 တီနာက သူ့နောက်ကို လိုက်သွားပြီး သူတို့ လမ်းလျှောက်ရင်း အလုပ်အကြောင်း အကျဉ်းချုံးပြောခဲ့သည်။

 

 

  "ဥက္ကဌ ကျိုး၊ ယန်ယန်ရဲ့ စီစဉ်ရေး အဆိုပြုချက် အပြီးသတ်ပြီးပါပြီ၊ ဥက္ကဌရဲ့ အီးမေးလ်ဆီ ကျွန်မ ပို့ထားလိုက်ပြီ"

 

 

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "သူမ မကြာသေးခင်ကရော ဘယ်လိုလဲ"

 

 

 " 'Knowing Summer' အတွက် audition မှာ သူ မအောင်ခဲ့တဲ့ပုံပဲ"

 

 

ကျိုးရှို့လင်း ဟန်လုပ်ပြုံးလိုက်သည်။ "ဒါရိုက်တာ ရှု့က ဇာတ်ကောင်အတွက် လိုအပ်ချက်တွေ များတယ်။ သူ့အနေနဲ့ သင့်တော်တဲ့ မင်းသမီးကို ရှာမတွေ့ရင် ဒီဇာတ်ကားကို သူရိုက်မှာ မဟုတ်ဘူး။ ထုတ်လုပ်ရေးထဲကို အရင်းအနှီး ထည့်ဝင်တာက သူ့အမြင်မှာ ထိရောက်မှု မရှိဘူး "

 

 

တီနာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ယန်ယန်က နည်းနည်းတော့ စိတ်ဓာတ်ကျနေတယ်"

 

 

 "နည်းနည်း ဆုတ်ယုတ်မှုက သူမ အတွက် ကောင်းတယ်။ သူမရဲ့ကန့်သတ်ချက်တွေကို သူမကိုယ်တိုင် သိတာက ပိုကောင်းတယ် "

 

 

 တီနာ ခေါင်းညိတ်လိုက်သည်။ "နောက်တစ်ပတ်မှာ တွဲမယ့် လက်ထောက်အသစ်ကို ဘယ်လိုစီစဉ်ရမလဲ "

 

 

ကျိုးရှို့လင်း ခဏလောက် စဉ်းစားလိုက်သည်။  "ဒီကိစ္စကို ကျန်းချင်ဆီ ထားထားလိုက် "  ဒီအချိန်အတိုင်းအတာအတွင်း ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့က သူတို့ရဲ့ ဆက်ဆံရေးလည်း တိုးတက်လာသည်။ 

 

 

ကျန်းရှောင်မှာ စိုးရိမ်ပူပန်မှုများစွာရှိကာ သူတို့ အနာဂတ်မှာ တွေ့ဆုံကြတဲ့အခါ ၎င်းကို သူတို့ တင်းတင်းကျပ်ကျပ်နဲ့ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းထားရမည်။  ပဲပင်ပေါက်လေး နည်းနည်းကြီးလာတဲ့အခါကျရင်.... သုံးလလောက်ကြာတဲ့အထိ စောင့်လိုက်ရအောင်။

 

 

 "ကောင်းပါပြီ ကျွန်မ နားလည်ပြီ"

 

 

 "မနက်ဖြန်၊ အသေးစိတ်ကျတဲ့ စာချုပ်အကြောင်း ကျောက်ရှင်းရန်နဲ့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းပြောပြလိုက် "

 

 

 "စိတ်ချပါ။ သူမက ဟွားရှရဲ့ ကံကောင်းတဲ့ ပန်းတစ်ပွင့်ဆိုတော့ သူမနဲ့ အလုပ်တွဲလုပ်ဖို့ ဆန္ဒမရှိတဲ့သူ တစ်ယောက်မှ မရှိပါဘူး"

 

 

ကျိုးရှို့လင်း အိမ်ပြန်ရောက်တော့ ငါးနာရီထိုးနေပြီ။  တစ်အိမ်လုံး တိတ်ဆိတ်နေတော့ သူ လှည့်ပတ်ကြည့်လိုက်သည်။ သူမရဲ့ ခရီးဆောင်အိတ်က ဧည့်ခန်းထဲမှာ ရှိနေပေမယ့် သူမကို ဘယ်မှာမှ မတွေ့ရသေးပေ။

 

 

 မာစတာ အိပ်ခန်းတံခါးဆီသွားပြီး တံခါးကို နှစ်ကြိမ်ခေါက်လိုပ်သော်လည်း အတွင်းမှ တုံ့ပြန်မှု မရှိခဲ့ပေ။

 

 

 စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ့အကြည့်က ကုတင်ပေါ်တွင် ကွေးကွေးလေးနေနေသည့် ခပ်ပါးပါးလေး ပုံရိပ်ဆီ ကျရောက်သွားခဲ့သည်။

 

 

 ကျိုးရှို့လင်း လမ်းလျှောက်လာရင်း သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။  သူကုတင်အစွန်းမှာ ထိုင်လိုက်သည်။

 

 

 သူမနဲ့ မတွေ့ရတာ လဝက်လောက်ကြာသွားတော့ သူမရဲ့ကိုယ်အလေးချိန် နည်းနည်းလေး တက်သွားပုံရပြီး သူမရဲ့ပါးပြင်တွေက အရင်ကထက် ဝိုင်းလာသည်။ ဒါပေမယ့် ဒီနေ့မှာတော့ တစ်ခုခုကို အိပ်မက်မက်နေသလို သူမ၏ မျက်ခုံးတွေကျုံ့သွားခဲ့သည်။

 

 

မနေ့ညက သူတို့မိုးလင်းပေါက်အထိ ရူးသွပ်နေခဲ့ကြတယ်ဆိုတာ သူကြားထားပြီး သူမရဲ့ ရဲစွမ်းသတ္တိတွေ ကြီးထွားလာတဲ့အတွက် သူမမှာ အပြစ်ရှိတယ်လို့ ခံစားရပြီး ဒီနေ့မှာ သူ့ဆီ မဆက်သွယ်ရဲခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။

 

 

 စောင်အပြင်ဘက်မှာ ထုတ်ထားတဲ့ သူမလက်ကို သူဆုပ်ကိုင်လိုက်သည်။  သူ့လက်ဖဝါးက အေးစက်သွားသလို ခံစားလိုက်ရသည်။

 

 

ကျန်းရှောင်ရဲ့ လက်ချောင်းတွေက သေးသွယ်ပြီး လက်သည်းတွေကို သပ်သပ်ရပ်ရပ် ညှပ်ထားသည်။  သူမ ရုတ်တရက် သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ခဲ့သည်။

 

 

 "ကျန်းရှောင် " သူမ နိုးလာပြီလို့ သူ ထင်လိုက်မိသည်။

 

 

 ကျန်းရှောင် ရေရွတ်လာခဲ့သည်။ "မေမေ....  မေမေ....."

 

 

ကျိုးရှို့လင်းက သူမ သူမရဲ့အမေကို လွမ်းဆွတ်နေမည့် အိပ်မက်မက်နေမှန်း သိလိုက်သည်။ သူ ခါးကိုကိုင်းကာ ဖြည်းညှင်းစွာ သူမကို ပွေ့ဖက်လိုက်သည်။

 

 

 သူမ ကျောရိုးတလျှောက်ကို လက်နှစ်ဖက်ဖြင့် ခြေရာခံရင်း နူးညံ့မှုနှင့် မွှေးရနံ့ကို ခံစားလိုက်ရသည်။

 

 

 သူမက ညဝတ်အိပ်ဝတ်ထားပြီး ကျိုးရှို့လင်းသည် သူ၏ အထိအတွေ့တွင် ချွေးထွက်နေသည့်အရိပ်အမြွက်ကို ခံစားလိုက်ရသည်။ သူမ အိပ်မက်ဆိုးမက်နေတာလား။

 

 

 "ကျန်းရှောင်" သူ ခေါ်ကြည့်လိုက်သည်။

 

 

ကျန်းရှောင်က သူ့ရင်ခွင်ထဲတွင် မှီပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် မျက်ရည်တွေဝဲနေသည့် သူမ၏ မျက်လုံးများကို ဖွင့်ရန် ရုန်းကန်နေရသည်။  "ကျိုးရှို့လင်း  "

 

 

"ကိုယ်ရှိတယ် "  ချွေးစေးတွေထွက်နေတဲ့ သူမရဲ့ ဆံပင်တွေကို သူ့လက်ဖြင့်သပ်ပေးခဲ့သည်။  "ပြန်မအိပ်နဲ့တော့နော်"

 

 

ကျန်းရှောင် မလှုပ်မယှက်ဖြစ်နေပြီး မျက်လုံးတွေက သူ့ကို အာရုံမစိုက်ဘဲ တစ်နေရာကိုသာ စိုက်ကြည့်နေခဲ့သည်။

 

 

 သူမ၏ ဖြူဖျော့နေတဲ့ အသားအရောင်ကို ကြည့်ပြီး ကျိုးရှို့လင်းက သူမ၏ ပါးပြင်ကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ထိလိုက်သည်။  "အိပ်မက်ဆိုးမက်နေတာလား"

 

 

 ကျန်းရှောင် နှုတ်ခမ်းသပ်လိုက်သည်။  "အမေ့ကို အိပ်မက်မက်နေတာ" သူမက  သူမရဲ့အမေကို ဓာတ်ပုံတွေထဲမှာသာ မြင်ဖူးပြီး သူမရဲ့မှတ်ဉာဏ်တွေက ကြာလှပြီ။

 

 

  အိပ်မက်ထဲတွင် သူမသည် နောက်ဘက်မှ ရုပ်ပုံသဏ္ဍာန်တစ်ခုကိုသာ မြင်ခဲ့ရသော်လည်း ထိုခံစားချက်ကို သူမ အသိအမှတ်ပြုခဲ့သည်အဲ့တာက သူမရဲ့အမေ။

 

 

 "ကောင်းပါပြီ၊ အဲ့တာက အိပ်မက်တစ်ခုပါပဲ၊ ကိုယ် ရေတစ်ခွက် သွားယူပေးမယ်"

 

 

 သူရွှေ့ခါနီးမှာ ကျန်းရှောင်က သူ့ကို သူမရဲ့ခွန်အားတွေနဲ့ တင်းကျပ်စွာ ဖက်လိုက်သည်။