Chapter 55
Viewers 2k

♎️Chapter 55




ပေါင်ပေါ်တွင်ထိုင်ကာ Pocky ချောင်းစားခိုင်းခဲ့သလိုမျိုး ထိုသူသည် အေးဆေးတည်ငြိမ်သည့်အမူအရာမျိုးကိုမပြနိုင်တော့။


ယွမ်ယဲ့ကနောက်တကြိမ်ပြောလာပြန်သည်။


"ငါဘာလို့မင်းကိုလာရှာလဲသိလား.."


ဖုယွမ်ကျိုး သိသော်လည်း မသိသလိုပင်၊၊ မျက်လုံးများက ဟိုသည်ရွေ့နေရင်း တည်ငြိမ်ဟန်ဆောင်ကာမေးလိုက်၏။ 


"မင်းရေဆာနေတာလား...ရေယူပေးရမလား..."


သူသည်ကား စကားလမ်းကြောင်းလွှဲရာတွင်မတော်ပေ၊ ယွမ်ယဲ့က ရယ်လိုက်ပြီး မေးကိုအနည်းငယ်မျှပင့်ကာ အတည်ပြောလာခဲ့သည်။


"ငါမင်းကိုကြိုက်တယ်.."


ဖုယွမ်ကျိုးက နောက်တကြိမ်တုန်လှုပ်သွားရပြန်သည်။ သူ၏ညီအစ်ကိုဟောင်းက သူ့ကိုဖွင့်ပြောနေခဲ့သည်။ ရှဲ့လင်သူ့ကိုဖွင့်ပြောခဲ့စဥ်ကထက် မဆိုးပေ၊ ရှဲ့လင်ဖွင့်ပြောခဲ့ချိန်က သူပိုပြီးအရှက်ရခဲ့သည်။


"ငါမင်းကိုအခုဖွင့်ပြောဖို့မရည်ရွယ်ထားခဲ့ဘူး...ဒါပေမဲ့ အခုငါလုပ်လိုက်ပြီ..ဘာမှလည်းကြိုပြီးမပြင်ထားမိဘူး...ငါမင်းဆီကိုတိုက်ရိုက်ပဲလာခဲ့လိုက်တာလေ..."


ယွမ်ယဲ့ကမျက်လွှာချကာပြောလာသည်။ 


"မင်းဘယ်သူ့ကိုမှမရွေးခဲ့ပေမဲ့ ရှဲ့လင်နဲ့ဒိတ်နေတုန်းပဲနော်..."


ဂိမ်းတစ်ပွဲဖြစ်သည့်တိုင် သူကမူ မနာလိုဖြစ်နေမိပြီး ဖုယွမ်ကျိုးက ရှဲ့လင်အပေါ် လေးစားမှုထက်ပိုသည့်ခံစားချက်မျိုးရှိလေမလားဟု သူသိချင်နေမိသည်။ 


"ငါ...ရှဲ့လင်နဲ့ဒိတ်နေတာမဟုတ်ပါဘူး..."

 ဖုယွမ်ကျိုးက ယာယီမျှတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ 

"ဘာလို့လဲဆိုတော့...ငါ..."


"အခုရော...မင်းမိန်းကလေးအိုမီဂါနဲ့ပဲဒိတ်ချင်တာလို့မပြောတော့ဘူးလား..." 

ယွမ်ယဲ့က ဖြတ်ပြောလိုက်သည်။ 

"အရင်မိန်းကလေးအိုမီဂါက အရမ်းလည်းလှတယ်...မင်းကိုလည်းအရမ်းသဘောကျခဲ့တာလေ...ဒါပေမဲ့မင်းကတော့သူ့ကိုစိတ်မဝင်စားခဲ့ဘူး.."


ဤတကြိမ်တွင်မူ ဖုယွမ်ကျိုး အချိန်အတန်ကြာတိတ်ဆိတ်သွားရသည့်အဖြစ်ပင်။ သူနောက်တကြိမ်ပြောလိုက်ချိန်တွင်ပင် မသဲမကွဲဖြစ်နေခဲ့သည်။ 


"ငါနောင်ကျရင်ထပ်ကြိုးစားကြည့်မှာပါ...အခွင့်အရေးမရှိတာတော့မဟုတ်...."


ယွမ်ယဲ့: "ဒါပေါ့...မင်းမှာအခွင့်အရေးတွေအများကြီးရှိသေးတယ်..လူတိုင်းကလည်းမင်းကိုသဘောကျလာမှာ..ဒါပေမဲ့ ငါ့မှာပဲ မရှိတော့တာ...မင်းကလွဲရင်ငါဘယ်သူ့ကိုမှထပ်မရွေးတော့ဘူး...ငါမင်းကိုပဲကြိုက်တော့မှာ..."


ဖုယွမ်ကျိုး တောင့်တင်းသွားပြီး မသိစိတ်အရတုံ့ပြန်လိုက်မိလေသည်။ 


"မင်းငါ့ကိုရွေးစရာမလိုပါဘူး.."


သူကား ဘယ်နေရာမှထူးခြားနေခြင်းမဟုတ်။ ယခင်နှင့်မတူတော့ဘဲ ဤဘဝတွင်သူကအိုမီဂါတစ်ယောက်ဖြစ်နေပြီ။ သူကအိုမီဂါဖြစ်နေ၍သာ ယွမ်ယဲ့ကသူ့အပေါ် ကွဲပြားသည့်ခံစားချက်တစ်ခုရှိနေခဲ့ခြင်းပင်။


"ငါအစတည်းက မင်းအပေါ် အမြင်ကောင်းတွေရှိခဲ့ပါတယ်...ဘာလို့လဲဆိုတော့ မင်းကအိုမီဂါမလို့လေ..." 


ယွမ်ယဲ့ကပြောလိုက်ပါ၏။ 

"ဒါပေမဲ့ အိုမီဂါတွေကအများကြီးလေ..ငါ့မှာမင်းအတွက်ပဲခံစားချက်ရှိတော့တာ...မင်းကအိုမီဂါဖြစ်နေတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့နေရာတွေလည်းအများကြီးပဲ..."


"ငါမင်းကိုကြိုက်ရတဲ့အကြောင်းပြချက်က မနက်နဲသေးလို့ဖြစ်မယ်..ပြီးတော့ ဟော်မုန်းနဲ့လည်းမဆိုင်ဘူးလေ..မင်းကိုကြိုက်ရတဲ့အကြောင်းအရင်းကဘာဖြစ်ဖြစ် တုံ့ပြန်မှုကတူညီနေတုန်းပဲ..."


"မင်းကစိတ်ဝင်စားစရာကောင်းပြီး ငါ့ကိုစိတ်လှုပ်ရှားစေတယ်...မင်းကိုနေ့တိုင်း ပိုပိုပြီးသဘောကျလာတယ်...မင်းကကိုယ့်ရဲ့ဟော်မုန်းကိုပြောင်းလဲပေးလိုက်ပြီး မင်းကပဲပြန်ပြောင်းပေးနိုင်တာ..."


"အခုတော့ ကိုယ်နဲ့လိုက်ဖက်တာမင်းပဲရှိတော့တယ်..."


ယွမ်ယဲ့က ခေါင်းငုံ့ကာ သူ့လက်ချောင်းလေးများကိုအသာနမ်းလိုက်သည်။ သူ့မျက်လုံးများကိုထပ်ပင့်လိုက်ပြီး အကြည့်များကပြောင်းလဲသွားခဲ့သည်၊ ပြင်းပြထက်သန်မှုနှင့် ရမ္မက်အဟုန်တို့တရှိန်ထိုးအုံကြွနေကာ အဆုံးမရှိသလိုပင်။ ယင်းကအိုမီဂါများနှင့်ပတ်သတ်လာလျှင် အယ်လ်ဖာတိုင်း၏ ထိန်းသိမ်းရန်ခက်သည့်ဆန္ဒဇောပင်။


"ဒါကြောင့်လေ...ရှဲ့လင်ကိုထပ်မကြည့်ပါနဲ့တော့ကွာ..."


"ကိုယ့်ကိုပဲကြည့်ပါ...ကိုယ့်ကိုပဲသဘောကျလိုက်ပါ..."


အပြန်အလှန်ဆွဲငင်ရအောင်။


ကိုယ့်ကြောင့်မင်းလည်းခံစားသင့်ပါတယ်။


စတွေ့တည်းက ယွမ်ယဲ့သည် စည်းလွတ်ဝါးလွတ်နေထိုင်သူမှန်း ဖုယွမ်ကျိုးသဘောပေါက်မိပါ၏။ အနှီသူသည် ဂိမ်းမှလွဲပြီး အခြားကိစ္စများအပေါ်စိတ်ထဲထည့်ထားတတ်သူမဟုတ်ပါချေ။ မထီလေးစားဟန်ရှိပြီး လေလိုလွင့်နေတတ်၍ မည်သူကမှဖမ်းမမိဘဲရှိလေသည်။


အချို့မိန်းကလေးများက ယွမ်ယဲ့အားဖွင့်ပြောလာကြသည့်မြင်ကွင်းကို သူအမှတ်မထင်ကြုံခဲ့ရသည့်အချိန်များရှိခဲ့သည်။ ယွမ်ယဲ့ကနားထောင်နေသလိုမျက်လွှာချထားသော်လည်း တကယ်တမ်းတွင် သူတစ်လုံးမှနားထဲမဝင်ပေ။ မိန်းကလေးပြောပြီးသွားချိန်တွင် သူ့တွင်သဘောကျနေသူရှိကြောင်း ပြုံးပြုံးလေးငြင်းပယ်လိုက်သော်လည်း ဖုယွမ်ကျိုးသည် ယွမ်ယဲ့ ဘယ်သူ့နောက်ကိုမှမလိုက်ဖူးမှန်းသိနေခဲ့ပြီး ၎င်းကဆင်ခြေတစ်ခုပင်ဖြစ်ကြောင်းသူရိပ်မိနေခဲ့သည်။


ထို့ကြောင့် ယွမ်ယဲ့သူ့အားဖွင့်ပြောလာသည့်အခါ ဖုယွမ်ကျိုး ရှော့ခ်ရသွားခဲ့ရသည်။ ယခင်က ယွမ်ယဲ့သူ့အပေါ်ကောင်းပေးနေခဲ့သည်မှာ သူ့ကိုသဘောကျနေရုံမက တကယ့်စိတ်အရင်းအမှန်ဖြင့်ဖြစ်နေခဲ့သည်။


ရှဲ့လင်ကအရှေ့တွင်ရှိနေပြီး ယွမ်ယဲ့ကသူ့အနောက်တွင်ရပ်နေသည်။


ဖုယွမ်ကျိုးမှာ ဘယ်လိုမှမတွေးတတ်တော့။ သူစကားမပြောဘဲယွမ်ယဲ့ကိုကြည့်နေခဲ့ပြီး ယွမ်ယဲ့ကလည်းသူ့အားပြန်ကြည့်နေခဲ့သည်။ တခဏမျှ နှစ်ယောက်လုံးတိတ်ဆိတ်နေခဲ့ကြပြီး ယွမ်ယဲ့က အသံတိမ်တိမ်ဖြင့်ပြောလာခဲ့သည်။


"ဘယ်လိုသဘောရလဲ..."


သူအခုလေးတင်ဖွင့်ပြောလိုက်ပြီး သူပုံစံက အတော်လေးစတိုင်ကျနေခဲ့သည်။ အချိန်အတန်ကြာသည်အထိ သူ့နှလုံးကဒုန်းစိုင်းခုန်နေခဲ့ကာ နောက်ဆုံးတော့သူဖွင့်ပြောနိုင်ခဲ့သည်။


သူဖွင့်ပြောပြီးသွားသော်လည်း ဖုယွမ်ကျိုးကတိတ်ဆိတ်နေဆဲဖြစ်ပြီး တဖြည်းဖြည်းနှင့်သူ့ယုံကြည်ချက်များကပျောက်ဆုံးစပြုလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယခုမှသူအချစ်ကိုခံစားဖူးခြင်းဖြစ်ပြီး လူတစ်ယောက်ကိုဖွင့်ပြောခြင်းကလည်းပထမဆုံးပင်။ သို့ဖြစ်၍ သူစိတ်လှုပ်ရှားနေမှုကို မငြင်းနိုင်ပေ။


ငယ်ရွယ်သည့်အယ်လ်ဖာလေးက ယခုလေးတင် ချီတာကျားသစ်နှယ် အရူးအမူးစိတ်လှုပ်ရှားနေခဲ့သော်လည်း ယခုတော့ အပြစ်လုပ်ထားသည့်အိမ်မွေးကြောင်တစ်ကောင်လိုပင်။ ၎င်း၏ချွန်မြနေသည့်လက်သည်းလေးများကိုဝှက်ထားရပြီး ဖုယွမ်ကျိုးကို သခင်ထံမှအချစ်အားတောင့်တနေသလို သနားစရာကောင်းသည့်မျက်လုံးဖြင့်ကြည့်နေလေသည်။


ဖုယွမ်ကျိုးကသူ့အကြည့်ကြောင့် လှည့်ကြည့်လိုက်သည်။ သူသည်ကား အမြဲစိတ်ပျော့ပြီး မာရေကျောရေမရှိပေ။ သူငယ်ချင်းများနှင့်ဆက်ဆံရလျှင် ဆယ်ဆပိုနူးညံ့သွားတတ်ပြီး သူ၏သည်းခံနိုင်သည့်မျဥ်းကြောင်းက ရှေ့တိုးသွားတတ်သည်။


"ငါ့ကိုသဘောကျပေးတာကျေးဇူးတင်ပါတယ်...ဒါပေမဲ့ ငါကတော့မင်းကိုပြန်မကြိုက်နိုင်ဘူး.."


သူထိုစကားကို ပြောမှဖြစ်မည်၊၊ သူယွမ်ယဲ့ကို ကတိကဝတ်ပေးရန်မဖြစ်နိုင်ပေ။ သို့သော် နောင်အနာဂတ်တွင်ယွမ်ယဲ့နှင့်ဘယ်လိုဆက်ဆံရပါမည်နည်း. သူယခင်ဘဝကလို စဥ်းစားဉာဏ်နည်း၍မဖြစ်ပေ။


ထိုအကြောင်းကိုတွေးမိပြီး ဖုယွမ်ကျိုးစိတ်ဓာတ်ကျကာ အကူအညီမဲ့သွားရသည်။ ABO ကမ္ဘာ၏ပြောင်းလဲမှုကြောင့် ယွမ်ယဲ့ကသူ့အားချစ်မိသွားခဲ့သည်။ နောင်တွင် သူ့အချစ်ဆုံးသူငယ်ချင်းနှင့် ဝေးရာတွင်နေရန် သူ့ကိုယ်သူဖိအားပေးရတော့မည်လား။ ဤသူငယ်ချင်းသံယောဇဥ်ကိုဖြတ်တောက်ရန်မှာ သူ့အတွက်အလွန်တရာခက်ခဲနေလေသည်။


"ငါ့ကိုချက်ချင်းအဖြေပြန်မပေးလည်းရပါတယ်...မင်းအေးအေးဆေးဆေးစဥ်းစားဦးပေါ့..."


သူငြင်းလိုက်ချိန်တွင် ယွမ်ယဲ့မျက်လုံးထဲမှ အလင်းရောင်က အနည်းငယ်မှိန်ဖျော့သွားခဲ့သော်လည်း ချက်ချင်းရယ်လိုက်ပြီး စိတ်အေးလက်အေးရှိနေသည့်အသံဖြင့် အတတ်နိုင်ဆုံးပြောလာလေသည်။


 "တကယ်တော့...ငါဝန်မခံသင့်သေးဘူးဆိုတာသိပါတယ်...ငါလည်းမထိန်းထားနိုင်တော့လို့ပါ...စိတ်ချပါ...ငါမင်းကိုဖြည်းဖြည်းချင်းလိုက်မှာပါ...ငါ့ရဲ့သဘောကောင်းပုံမင်းသိသွားရင် ငါ့ကိုမင်းလက်ခံလာလိမ့်မယ်..."


ဖုယွမ်ကျိုးမှာ အတွေးများနှင့်လုံးချာလည်နေပြီး မစဥ်းစားနိုင်တော့ဘဲထုတ်ပြောလိုက်ရသည်။


 "မင်းငါ့ကိုဆက်သဘောကျနေရင် အချိန်ဖြုန်းနေတာပဲရှိလိမ့်မယ်..."


"ငါမင်းကိုသဘောကျတာက ဘယ်လိုလုပ်အချိန်ဖြုန်းတာဖြစ်မလဲ..." 

ယွမ်ယဲ့ကပြောလာလေသည်။

 "ငါမင်းကိုစောစောမတွေ့ခဲ့မိတာကိုနောင်တရတယ်..ငါသာမင်းကိုရှဲ့လင်ထက်အရင်တွေ့ခဲ့ရင် မင်းငါ့ကိုအရင်သဘောကျလောက်မလား..."


ဖုယွမ်ကျိုး: "အဲဒီအတိုင်းဆို မင်းအတွက်ပိုပြီးတောင်အခွင့်အရေးနည်းသွားဦးမယ်..."


"ဘာလို့လဲ.." 

ယွမ်ယဲ့က မျက်ခုံးပင့်လိုက်ချေသည်။


"မင်းအရင်က ရှဲ့လင်ကိုမမြင်ဖူးဘူးလေ..မင်းကငါ့ရဲ့အမြွှာညီအစ်ကိုဆိုရင်တော့တမျိုးပေါ့..."


ဖုယွမ်ကျိုးမွေးကင်းစက ရှဲ့လင်အမေသည် တစ်နှစ်သားရှဲ့လင်ကို သူနှင့်တွေ့ရန်ခေါ်လာခဲ့ဖူးသည်၊၊ သူတို့နှစ်ယောက်ကိုလက်ဆွဲနှုတ်ဆက်ခိုင်းပြီး ၎င်းမှလွဲ၍ရှဲ့လင်နှင့်သူပါ အခြားအမှတ်တရများမရှိခဲ့ပေ၊၊ သက်သေအနေဖြင့် ဓာတ်ပုံအချို့သာရှိခဲ့ပြီး သူတို့မိဘများက အချိန်တိုင်း ထိုအကြောင်းကိုပြောဆိုတတ်ကြ၏။


ယွမ်ယဲ့က စက္ကန့်အနည်းငယ်ခန့်တိတ်ဆိတ်သွားကာ စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

 

"ငါလည်းမင်းကို လက်စွပ်ပေးချင်တယ်..."


ဖုယွမ်ကျိုး: "?!" အဲဒါကလိုကိုမနေဘူး!


သူ့မျက်လုံးများထဲတွင် ငြင်းပယ်မှုများဖြင့်ပြည့်နေလေသည်။ သူသည်ကား သုံးရက်ကျော်ပြီးသည်နှင့် ရှဲ့လင်ကိုလက်စွပ်ပြန်ပေးရန်စိတ်ကူးထားခဲ့၏။ ယွမ်ယဲ့က ဖုန်းထုတ်ကာဂိမ်းထဲဝင်လိုက်ပြီး ခေါင်းငုံ့ကာပြောလိုက်လေသည်။ 


"မပူပါနဲ့...ငါမင်းကိုဂိမ်းထဲမှာပေးမှာ...မင်းဝင်လိုက်တာနဲ့ရပြီ...အခုငါမင်းကိုလွှဲပေးလိုက်ပြီ..."


နှစ်ယောက်သည် မကြာခဏဂိမ်းအတူဆော့ခဲ့ကြဖူးပြီး ဂိမ်းထဲမှ ဇာတ်ကောင်များနှင့်အဆင်ပြေစွာချိတ်ဆက်ကစားနိုင်နေပြီ။ သူတို့အနေဖြင့်ဂိမ်းထဲတွင် စာရင်းသွင်းကာလက်ထပ်နိုင်ပြီး ပစ္စည်းများကိုလည်းအပြန်အလှန်ဖလှယ်နိုင်သည်။


သာမန်ပတ်သတ်မှုမျိုးဆိုလျှင် ဖုယွမ်ကျိုးဘက်မှ ခေါင်းထဲထည့်နေမည်မဟုတ်သော်လည်း ယွမ်ယဲ့ကသူ့အားယခုလေးတင်ဖွင့်ပြောထားသောကြောင့် လက်စွပ်က ဟိုမရောက်သည်မရောက် ပစ္စည်းမျိုးဖြစ်နေသည်။ သူလုံးဝလက်မခံရဲပေ။ သူသည်ကား ကြောင်တောင်တောင်ဖြင့်မတ်တပ်ရပ်နေမိပြီး ယွမ်ယဲ့ကသူ့ကို မိုးရေထဲတွင်လမ်းပျောက်နေသည့်ကြောင်တစ်ကောင်လိုကြည့်နေခဲ့သည်။


"ငါ့လက်စွပ်က ရှဲ့လင်ပေးတာလောက်မကောင်းလို့ မင်းလက်မခံချင်တာလား..."


ဖုယွမ်ကျိုး: "...."


သူ ယောင်ယမ်းပြီးဖုန်းထုတ်လိုက်မိသည်။ သူအသိပြန်ဝင်လာချိန်တွင် ဂိမ်းထဲရောက်နေပြီး ယွမ်ယဲ့ပေးသည့်လက်စွပ်ကို လက်ခံထားပြီးသားဖြစ်နေလေပြီ။


လက်စွပ်၏လုပ်ဆောင်ပုံက မြင့်မားလွန်းပြီး ဂိမ်းထဲတွင် ရှာရအခက်ဆုံး ထိပ်တန်းပစ္စည်းဖြစ်သည်။ ​တကယ့်ပိုက်ဆံဖြင့်ဝယ်ရလျှင်ပင် ဈေးကြီးပေးရမည်ပင်။ လက်စွပ်က အကောင့်နှင့်တိုက်ရိုက်ချိတ်ထားပြီးသားဖြစ်ရာ ယွမ်ယဲ့ထံပြန်ပေးချင်လျှင်ပင် ပေးမရတော့ပေ။


"ပိုက်ဆံပြန်ပေးဖို့မစဥ်းစားနဲ့...ငါကစေတနာနဲ့ပေးတာ..."


သူပါးစပ်ဟလိုက်သည်နှင့် ယွမ်ယဲ့ကသူပြောမည့်စကားကိုသိနေလေသည်။ ၎င်း၏မတိုင်ခင်က အကြည့်ကပြောင်းလဲသွားရကာ ခပ်ဆိုးဆိုးအပြုံးလေးပေါ်လာလေ၏။ 


"မင်းငါ့ကိုတကယ်ကျေးဇူးတင်ချင်ရင်...ငါ့ကိုလာနမ်းလိုက်ပါလား..."


"....." 

ဖုယွမ်ကျိုးကလှည့်ထွက်သွားခဲ့သည်။


"အိုကေ...ငါမင်းကိုထပ်မစတော့ပါဘူး..." 

ယွမ်ယဲ့ကသူ့ကိုလှမ်းဆွဲလာပြီး သူ့အသံက ရုတ်တရက်ပျော့ပျောင်းသွားခဲ့သည်။ 


"မင်းငါ့ကိုစဥ်းစားပေးဖို့မျှော်လင့်ပါတယ်..."


သူလည်း ယွမ်ယဲ့စိတ်မကောင်းဖြစ်အောင်မလုပ်ချင်ပေ။ ပစ္စည်းကဈေးကြီးလွန်း၍ သူလက်မခံနိုင်ရုံသာ၊ သို့ဖြစ်၍ တန်ဖိုးညီမျှသည့် ပစ္စည်းတစ်ခုကိုဝယ်ပြီးယွမ်ယဲ့ကိုလက်ဆောင်ပေးလိုက်သည်၊ လွန်ခဲ့တဲ့နှစ်ရက်က ၎င်းပစ္စည်းမျိုးမရှိသည့်အကြောင်း ယွမ်ယဲ့ကသူ့ကိုပြောပြခဲ့ဖူးသည်။


"ဒါကအချစ်တုံကင်လား..."


ယွမ်ယဲ့ကမငြင်းသည့်အပြင် ပျော်နေပုံပင်ရသေးသည်။ ဖုယွမ်ကျိုးကမျက်လုံးလှိမ့်ကာ အကြင်နာတရားမရှိသည့်စကားဖြင့်တုံ့ပြန်လိုက်၏။ 


"နေ့ခင်းကြောင်တောင်အိပ်မက်မက်နေတာလား..."


"အိပ်မက်မက်တာမဟုတ်ဘူး...စိတ်ကူးယဥ်တာ..."


ယွမ်ယဲ့ကပြုံးပြလာပြီး ပြန်ရန်ပြင်သည်၊၊ ဖုယွမ်ကျိုးကသူ့အား အပြင်အထိလိုက်ပို့ပေးပြီး ၎င်း၏သွယ်လျသည့်နောက်ကျောပြင်ကိုကြည့်နေမိသည်။ သည့်နောက် စိတ်ထဲမှ သက်ပြင်းကျိတ်ချလိုက်၏။ အခါကြီးရက်ကြီးအားလပ်ရက်ဖြစ်ပါလျက် သူစိတ်မပျော်ဖြစ်နေမိပေသည်။


သို့သော်လည်း သူ​ခြံအပြင်ထွက်လာသည်နှင့် ကိစ္စများကဖြေရှင်းရခက်လာမှန်း ဖုယွမ်ကျိုးသဘောပေါက်လိုက်သည်။ တံခါးဝတွင် ရပ်ပြီးစကားပြောနေသည့်လူနှစ်ယောက်ကြောင့် သူ့မျက်နှာကလုံးဝအေးခဲသွားခဲ့လေသည်။


"ရှောင်ကျိုး...အိမ်ပြန်ရောက်ပြီကိုး...မင်းသူငယ်ချင်းလား..."


နှစ်ယောက်အနက်တစ်ယောက်က ဖုယွမ်ကျိုးအမေပင်။ ဖုယွမ်ကျိုးနှင့်ယွမ်ယဲ့ အပြင်ထွက်လာသည်ကိုမြင်သည်နှင့် သူမကပြုံးပြလာသည်။ ယွမ်ယဲ့ကိုလှမ်းကြည့်လိုက်ချိန်တွင် ခင်မင်သည့်အမူအရာပြလာပြီး သူမသားကိုမေးမြန်းလိုက်၏။


"ဟယ်လို..ကျွန်တော်ကယွမ်ယဲ့ပါ...ယွမ်ကျိုးနဲ့သူငယ်ချင်းတွေပါ...အတူတူလည်းထိုင်ကြတယ်.." 


ယွမ်ယဲ့က တဖက်ကိုဖျတ်ကနဲကြည့်လိုက်ပြီး မျက်လုံးကမသိမသာစူးရဲသွားခဲ့ကာ ဖုယွမ်ကျိုးအမေကိုပြန်ကြည့်ပြီးပြုံးပြလာလေသည်။ 


"အစ်မကရော ယွမ်ကျိုးရဲ့အစ်မများလား..."


"အိုး...ဒီကောင်လေး..ဆိုတော့မင်းကယွမ်ယဲ့ပေါ့..ရှောင်ကျိုးက မင်းအကြောင်းပြောနေကျ..သူကမင်းနဲ့သူငယ်ချင်းဖြစ်နေတာလဲမဆန်းတော့ပါဘူး..." 

ပြီးနောက် မာမားဖုကပြုံးလိုက်လေသည်။ 

"ရှောင်ကျိုးက အဒေါ်တို့ရဲ့တစ်ဦးတည်းသောသားပါကွယ်...အန်တီကသူ့အမေပါ.."


"အာ...အန်တီကနုပျိုနေတာကိုးဗျ.." 

ယွမ်ယဲ့က သူမှားသွားသည့်ပုံဖြင့် မျက်တောင်လေးတဖျတ်ဖျတ်ခတ်ပြသည်။ 

"တောင်းပန်ပါတယ်ဗျာ...အန်တီက အရမ်းငယ်ပြီးလှနေတော့ လူကြီးနဲ့ကိုမတူတာပါ.."


သူ့စကားကြောင့် မာမားဖုက အကြီးအကျယ်သဘောကျနေလေ၏။ သူမကပျော်ရွှင်နေပြီး သူ့အားခင်မင်ဟန်ဖြင့်စကားပြောနေခဲ့သည်။ ဖုယွမ်ကျိုးက သူတို့နှစ်ယောက်ကြားကိုစကားဝင်ပြောရန်ပင်မေ့နေခဲ့ပြီး မျက်လုံးများက အခြားတစ်ယောက်အပေါ်တွင်အာရုံစိုက်ထားမိနေလေသည်။