အပိုင်း ၈
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၈

 

 

 

လင်းယွီက သူ့လက္ဖရည်ရောင် မျက်ဝန်းတွေနဲ့ သူ့ကိုမော့ကြည့်လိုက်ချိန် ထိုသူက ဘာမှဆက်မပြောပဲနေရပ်သွားခဲ့သည်။

 

 

လင်းယွီ၏ အကြည့်ကြောင့် ပူပူနွေးနွေးအလုပ်သင် တပည့်တချို့က ပွဲအလယ် သူတို့ကို မီးစလိုက်

ထိုးပြခံရသလို ခံစားလိုက်ရသည်။ လင်းယွီက မျက်လုံးစွေကြည့်လိုက်ပြီး ပြောခဲ့သည်။ " ငါဂရုမစိုက်ဘူး"

 

 

ထိုလူမှာ တောင့်တောင့်ကြီးဖြစ်သွားသည်။

 

 

"ပြီတော့ သူမလည်း သဘောတူဖို့ မဆုံးဖြတ်ရသေးဘူး"

 

 

လင်းယွီ စိုက်ကြည့်နေတာကို ရပ်လိုက်ပြီး ပြတင်းပေါက်ဘက်ကို ခေါင်းလှည့်လိုက်ချိန် အတွေးတချို့ထဲနစ်မြောသွားသည်။ ဖြတ်ခနဲအကြည့်တစ်ချက်မှာ ရင်း‌နီးနေတဲ့ ပုံရိပ်လေးတစ်ခုကို မြင်သွားတော့ ရပ်သွားပြီး သူ့မျက်နှာအမူအရာက ချက်ချင်းအသက်ဝင်သွားသလိုပင်။

 

 

ဒါရိုက်တာတစ်ယောက်က လင်းယွီကြည့်နေတာကို သတိထားမိတော့ ကားပြတင်းပေါက်ကနေ သူကြည့်နေသည့်‌နေရာကို ကြည့်လိုက်ချိန် ခုနကမှ လူရွေးပွဲဝင်ဖြေပြီးပြန်သွားတဲ့ စုချန်ယန်ကို ကြည့်နေတာပင်။

 

 

 အတန်အသင့် ညစ်ပေနေသော ပိုးပြောင်ဝတ်စုံနှင့် ကြက်ကြော်ထုတ်ကို မိသားစု တစ်စုစာပွဲနှင့်

သူမ လက်ထဲမှာ ကိုလာ large size တစ်ခွက် မှာထားပြီး KFC ဆိုင်ထဲ ထိုင်နေတာကို မြင်နေရသည်။ သူမကကြက်ခြေထောက်ရိုးကို ပျော်ရွှင် မြူးထူးသည့်ပုံစံလေးဖြင့် စားနေသည်။

 

 

ဘေးနားက ဒါရိုက်တာလည်း ပြောစရာစကားများပျောက်ဆုံးလျက်ပင်။

 

 

သူမအစားတွေ အများကြီးစားနေတာကို မြင်ပြီးနောက်

သူမ အစားလျှော့စားပြီး ဝိတ်ချဖို့ကို မလုပ်နိုင်လောက်မှန်း ခန့်မှန်းမိပြီး Starlight ဖျော်ဖြေရေးကုမ္ပဏီနဲ့စာချုပ်ချုပ်ဖို့ ငြင်းဆိုလိမ့်ဆိုသည့် ခံစားချက်မျိုးဝင်လာသည်။

 

 

နောက်တစ်နေ့တွင် စုချန်ယန်က Starlight ဖျော်ဖြေရေးကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုရနိုင်ချေရှိသည်ဆိုသည့်သတင်းမှာ ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးကို

အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။

 

 

Weibo(ဆိုရှယ်မီဒီယာ)မှာလည်း ဒီအကြောင်းနဲ့ပက်သက်သည့် ပို့စ်တွေချည်း တက်လာသည်။ စုချန်းယန်တစ်ယောက် အားနေချိန်လေး ခဏ ဖုန်းခဏကိုင်တုန်း

ခေါင်းစဉ်မျိုးမျိုးနှင့် ပို့စ်ပေါင်းစုံကို မြင်လိုက်ရသည်။

 

 

အများစုကတော့ မားကတ်တင်းဌာနကို သက်သက်မဲ့ပိုက်ဆံရှာချင်ကြောင်း အပြစ်တင်ဝေဖန်ကြသည်။

တချို့ကတော့ စုချန်ယန်က သူမကိုယ်သူမ အလုပ်ခွင်မှာ ပရိုမိုးရှင်းဆင်းရင်း သူမရဲ့ ပြစ်ချက်တွေကို ဖာထေးတယ်လို့ စွပ်စွဲကြသည်။ တချို့ကလည်း ယန်ရှို့ရီ၏ ခံစားချက်ကို ထည့်မတွက်သည့် Starlight ဖျော်ဖြေရေးကုမ္မဏီကို အပြစ်တင်ပြောဆိုနေကြပြီး တချို့ကတော့ သူမဘက်က ကာကွယ်ပြောဆိုပေးနေကြသည်။

 

 

စုချန်ယန်က ဝေဖန်မှုတွေကို နည်းနည်းမှ ဂရုမစိုက်သည့်အပြင် ခေါင်းထဲလည်းမထားပါ။

 

 

တခြာသူဆိုလျှင်တော့ အတည်ယူပြီး အတွေးလွန်နေလောက်သည်။ ဒီကိစ္စမှာ ယန်ရှို့ရီ ပါဝင်နေသည်ဆိုသည့်အကြောင်းကိုလည်း လျိုဝမ်နဲ့ ဖုန်းပြောချိန်သိလိုက်ရသည်။ မစ္စတာလင်း လက်မှတ်ထိုးနေတဲ့အချိန်မှာ ယန်ရှို့ရီက ရုံးခန်းထဲဝင်သွားကာ ဒီကိစ္စနဲ့ပက်သက်ပြီး ပြဿနာရှာခဲ့တယ်လို့ သတင်းအစအန ကြားရသည်။

 

 

Starlight‌ ဖျော်ဖြေရေးကုမ္ပဏီကို စုချန်ယန်ရောက်လာတာက သူ့မျက်နှာကို ဖြတ်ရိုက်ခံရသလိုဖြစ်တာမို့ ဒါကိုလုံးဝသည်းမခံနိုင်သည့်ပုံစံပင်။

 

 

လျိုဝမ်ရဲ့ နှစ်ထောင်းအားရဖြစ်နေသည့်အသံကြီးက ဖုန်းထဲက ထွက်လာသည်။

 

 

"  မစ္စတာလင်းက ဖြစ်လာမဲ့ အကျိုးဆက်ကို တွေးပြီး ကျွန်မနဲ့စာချုပ်မချုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား "

 

 

"ဘာတွေတွေးနေတာလဲ မစ္စတာလင်းက အဲ့လောက် မျက်နှာမလိုက်ပါဘူး "

 

 

"အရင်နေ့တွေတုန်းကတော့ သခင်လေးလို့ ခေါ်နေရာကနေ အခုတော့ မစ္စတာလင်းလို့ ပြောင်းခေါ်ပြီပေါ့"

 

 

" အဲ့တော့ ဘာဖြစ်သွားလဲ? "စုချန်ယန်က မေးခဲ့သည်။

 

 

လျိုဝမ်က စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ဆက်ပြောခဲ့သည်။

 " ယန်ရှို့ရီသာ လက်မခံရင် မစ္စတာလင်းကလည်း လျော်ကြေးမတောင်းဘဲ သူနဲ့ချုပ်ထားတဲ့စာချုပ်ကိုဖျက်သိမ်းလိုက်မယ်တဲ့!!!"

 

 

စုချန်ယန်က ပါးစပ်အဟောင်းသားနှင့် ခဏတာမျှ အံ့ဩမှင်သက်သွားသည်။ မစ္စတာလင်းက အဲ့လောက်ထိ တိကျပြတ်သားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ သူမသည် အနည်းငယ် ကြက်သေသေသလိုဖြစ်သွားပြီး မေးလိုက်သည်။" သူ.. သူကစာချုပ်ကို ဖျက်သိမ်းလိုက်တာလား "

 

 

" သူက မယုံနိုင်စရာပဲ! သူ့ရဲ့လက်ရှိအခြေအနေအရ Starlight ဖျော်ဖြေရေး ကုမ္ပဏီကနေ ထွက်လိုက်ရင် လုံးဝ ပြီးဆုံးသွားပြီ။ ချန်ယန် ဒီတစ်ခါတော့ မင်းလုံးဝထီပေါက်တာပဲ တခြားဘယ်သူမှ မင်းနဲ့ ယန်ရှို့ရီကြားကပဋိပက္ခကို မဖြေရှင်းနိုင်ကြဘူး"

 

 

စုချန်ယန်လည်း သူမတကယ် ထီပေါက်သွားသလိုခံစားလိုက်ရသည်။  သူတို့ဘာသာ ဖန်တီးထားတဲ့ လုပ်ဇာတ်ထဲမှာ အကွက်ဆင်ခံရပြီး သူမက တရားခံဖြစ်သွားရလောက်တဲ့ထိ ဘယ်လိုဖြစ်သွားလဲ မတွေးနိုင်အောင်ဖြစ်ခဲ့ရကာ အတင်းအဖျင်းများကြောင့် နောက်ကြောင်း

ပြန်လှည့် ဖြေရှင်းမရသည်အထိ ဖြစ်ခဲ့ရသည်။

 

 

ဒါပေမဲ့ အခုတော့ သူမမှာအခွင့်အရေးတစ်ခုရခဲ့ပြီ

ဖြစ်ပြီး ဒီအခွင့်အရေးကိုလည်း မိမိရရဆုပ်ကိုင်ရမည်ဖြစ်သည်။ အရာရာက သူ့နေရာသူ ရောက်သွားသလိုပင်။

 

 

အိုး မိုင် ဂေါ့ဒ်!!!!"

 

 

ဖုန်းရဲ့ အခြားတစ်ဖက်က လျိုဝမ်က အံ့ဩမှုအပြည့်ဖြင့် ဘုရားတမိနေသည်။

 

 

လျိုဝမ်ရဲ့ အော်သံကိုကြားမိတော့ စုချန်ယန်က ဘာ

ဖြစ်တာလဲ မေးဖို့ကြံနေချိန် သူမ ပြောတာကြားလိုက်ရသည်။ "စုချန်ယန်!! မြန်မြန် weibo ကိုကြည့်လိုက်!"

 

 

"ဟမ် ဘာဖြစ်ပြန်ပြီလဲ" စုချန်ယန်က တည်တည်ငြိမ်ငြိမ် ပြန်မေးလိုက်သည်။

 

 

"ကိုယ့်ဘာသာပဲကြည့်လိုက်တော့"

 

 

"ကောင်းပြီလေ"

 

 

စုချန်ယန်က သူမဖုန်းကို စပီကာဖွင့်ထားပြီး weibo ထဲဝင်လိုက်သည်။

 

 

လျိုဝမ် - အင်း

 

 

" Starlight ဖျော်ဖြေရေး ကုမ္ပဏီလို့ ရှာလိုက်" လျိုဝမ်က ပြောလိုက်သည်။

 

 

စုချန်ယန်လည်း Starlight ဖျော်ဖြေရေး ကုမ္ပဏီလို့ရှာလိုက်ချိန် "Starlight ဖျော်ဖြေရေး ကုမ္ပဏီ၏ တုံ့ပြန်မှု"ဆိုသည့် hashtag ဖြင့် သက်ဆိုင်သည့် ပို့စ်များ ပေါ်လာသည်။ သူမခဏလောက်‌ဘချီတုံချတုံဖြစ်နေခဲ့ပေမဲ့ weibo မှာလည်း Starlight ကုမ္ပဏီဘက်မှ မေးသမျှကို ပြန်လည်ဖြေကြားထားသည့် ပို့စ်များဆက်တိုက်တွေ့လိုက်ရသည်။ သူတို့ဘက်က ဒီလောက်ထိ တုံ့ပြန်ကြလိမ့်မယ်လို့ သူမ ထင်မထားမိပေ။

 

 

သူမ weiboမှ သတင်းခေါင်စဉ် တစ်ခုထဲ ဝင်လိုက်ပြီး ပထမပို့စ်တစ်ခုကတော့ Starlight ဖျော်ဖြေရေး ကုမ္ပဏီ အကောင့်မှ တရားဝင် ထုတ်ပြန်ကြေငြာချက်ဖြစ်သည်။

 

 

Starlight ဖျော်ဖြေရေး ကုမ္ပဏီ official Weibo -

 

 

"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မိန်းကလေးစုနဲ့ အဆက်အသွယ်ရနေခဲ့ပြီး သူမနဲ့ အလုပ်အတူတူလုပ်ဖို့အတွက်လည်း ဆန္ဒရှိပါတယ်။ မိန်းကလေးစုကတော့ ကျွန်တော်တို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ စဉ်းစားနေဆဲဖြစ်ပါ။ သူမကို ထိခိုက်နစ်နာစေတာမျိုး မဖြစ်စေချင်ပါဘူး ကျေးဇူးတင်ပါတယ် "

 

 

လျိုဝမ်က ထုတ်ပြန်ချက်ကို အသံအကျယ်ကြီး ဖတ်ပြခဲ့သည်။ စုချန်ယန်ကတော့ ထခုန်မတတ် စိတ်လှုပ်ရှားသွားသည်။

 

 

Weiboက ပို့စ်ကိုမြင်ပြီးနောက် စုချန်ယန်က အံအားသင့်ကာ အလွန်အမင်း ပျော်‌နေရုံကလွဲပြီး ဘာမှမမြင်တော့ချေ။

 

 

"ချန်ယန် ပွင့်ပွင့်လင်းလင်းပြောရရင် Starlight ကုမ္ပဏီက မင်းနဲ့စာချုပ်ချုပ်ဖို့ကို အရမ်းလိုလားနေကြတာ။ မင်းသာ ဒီလောက်တွန့်ဆု‌တ်နေမယ်ဆိုရင် မလေးစားတတ်ရာ ကျနေမယ်‌နော် " လျိုဝမ်ရဲ့ အသံက သူမ စိတ်ကိုမထိန်းနိုင်ကြောင်း ပြသနေသည်။

 

 

တကယ်တော့ စုချန်ယန်က သူမ ကိုယ်တိုင် သဘောကျသဖြင့် အားလုံး ပုံအပ်ကာ မြေတောင်မြှောက်ပေးခဲ့သည့် အနုပညာရှင်တစ်ဦးပင်။ ပြီးတော့ ဒီနောက်ပိုင်းမှာ စုချန်ယန်အနေနဲ့ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။

 

 

ဒါကြောင့် ချဲ့ကားပြောရလျှင် လျိုဝမ်သည် ဒီမိန်းကလေးအတွက် စိတ်မကောင်းခဲ့ပေ။

အခုချိန်မှာတော့ Starlight ကုမ္ပဏီ၏ တရားဝင်အသိမှတ်ပြုမှုကိုခံရပြီး ယန်ရှို့ရီနဲ့ ပက်သက်သည့်  အရှုပ်တော်ပုံကိစ္စရပ်တွေကိုလည်း ကုမ္ပဏီက ဖြေရှင်းပေးမှာကို ပြောစရာတောင်မလိုတာမို့ သူမရဲ့ ရှေ့လျှောက် အလုပ်အကိုင်မှာ ချောချောမွေ့မွေ့နှင့် အလွန် ခရီးရောက်မည်ဖြစ်သည်။

 

 

စုချန်းယန် - .....

 

 

သူမ ခန္ဓာကိုယ်ကို အစားလျှော့စားကာ ဝိတ်ချခြင်းဖြင့်ထိန်းသိမ်းရမည်မှာ သူမအတွက် သေစေနိုင်လောက်တဲ့ရိုက်ခတ်မှု‌ဖြစ်ပေမယ့် မစ္စတာလင်းရဲ့ သိမ်မွေ့ညင်သာတဲ့ အပြုအမူနဲ့ Weiboမှ ထုတ်ပြန်ကြေငြာချက်အရ စုချန်းယန်သည် စက္ကန့်အနည်းမျှ တုံ့ဆိုင်းနေတာက မလေးစားရာ ကျကြောင်းခံစားမိသည်။

 

 

"အစ်မဝမ် ကျွန်မ အိပ်မက်များ မက်နေတာလား"

စုချန်းယန်က လျိုဝမ်နဲ့ ဖုန်းပြောရင်း ခပ်တိုးတိုးပြောလိုက်သည်။

 

 

Weibo ပို့စ်မှ တရားဝင်ကြေငြာချက်အရ စုချန်ယန်နဲ့စာချုပ်ချုပ်လိုကြောင်း အသိအမှတ်ပြုထားသလို

စုချန်းယန်ကလည်း ကမ်းလှမ်းမှုကို အချိန်ယူစဉ်းစားနေကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမည် ဟူ၍ သုံးနှုန်း ဖော်ပြခဲ့သည်။

 

 

ဤအခြင်းအရာက စုချန်ယန်၏ ဆုံးဖြတ်ချက်အပေါ်  လေးစားသမှု ပြသခြင်းပင်။ ကုမ္ပဏီတစ်ခုထဲမှာ ဖြစ်တဲ့ အနုပညာရှင် ယန်ရှို့ရီနဲ့ ပက်သက်သည့် အရင်က အရှုပ်အရှင်းများကို သက်ရောက်မှု မရှိအောင် နှစ်ဦးနှစ်ဖက်မှ ရွေးချယ်‌ထားကြောင်းလည်း ရည်ညွှန်းနေသည်။

 

 

၎င်းမှာ စုချန်ယန်ပေါ်ထားသည့် ပရိသတ်၏ အမြင်ကို

သေချာပေါက် ရှင်းလင်းစေလိမ့်မည်။

 

 

"လုံးဝ မဟုတ်ဘူး! Starlight ဖျော်ဖြေရေးလို ကုမ္ပဏီမှာထိပ်တန်း အနုပညာရှင်တွေ ချည်းပဲ ရှိတာလည်း သိပ်မထူးဆန်းတော့ဘူး "

 

 

"အမှန်တိုင်းပြောရရင် jumping ship ဖို့တောင် တွေးနေမိသေးတာ Starlight ဖျော်ဖြေရေးက ငါ့ကိုလည်းလက်ခံပါ့မလာမသိဘူး။ ချန်ယန် အစ်မ အစားပြောပေးလို့ရမလားဟင် "

 

 

စုချန်ယန်လည်း သဘောတူသည့်အနေနဲ့ ခေါင်းငြိမ့်ကာ ဖြေလိုက်သည်။  "ရတာပေါ့"

 

 

လျိုဝမ်လည်း ဝမ်းသာသွားပြီး ပြောခဲ့သည်။ " ဟုတ်ပြီ ဒါဆို မစ္စတာလင်းကို ဖုန်းခေါ်လိုက် ဒီအခွင့်အရေးကို လက်မလွတ်စေနဲ့"

 

 

" ကောင်းပြီလေ ကျွန်မ ခေါ်လိုက်ပါ့မယ်"

 

 

ဖုန်းချပြီးနောက် စုချန်ယန်က Weiboမှ ပို့စ်ကို ပြန်ကြည့်ရင်း စိတ်ထဲ အနည်းငယ် ချဉ်သလိုခံစားမိသွားသည်။

 

 

ကောမန့်တွေထဲ ဝင်ကြည့်လိုက်စဉ် လူအများစုမှာ သူတို့ idolရဲ့ လုံခြုံမှုကို အရေးမစိုက်ဘဲ ပြဿနာဖြစ်စေတယ်လို့ Starlight ဖျော်ဖြေရေးကို ဝေဖန်ရှုံ့ချနေကြသည်။

 

 

စုချန်ယန်က အနုပညာနယ်ပယ်ထဲ အဆက်အသွယ်ကောင်းကောင်း ရှိထားကြောင်းလည်း စွပ်စွဲပြောဆိုထားကြသည်။

 

 

အောက်ကို အနည်းငယ် ဆွဲချကြည့်လိုက်တော့

 အကောင့်တစ်ခုက ရေးထားတာတွေ့ခဲ့ရသည်။   "သူမမှာ ဘာအဆက်အသွယ် ကြီးကြီးမားမားမှ မရှိဘူး။  ရှိခဲ့ရင် နာမည်ကြီး အနုပညာရှင်တစ်ယောက်ဆီက အနိုင်ကျင့်ခံစရာလား။ သူမနဲ့ မဆိုင်တဲ့ ကိစ္စအတွက်နဲ့ အပြစ်တင်ခံနေရတာ ဘယ်နှခါတောင်ရှိနေပြီလဲ! ဒီလူရွေးပွဲမှာ အေဂျင်စီတိုင်းက အနုပညာရှင်တွေလည်း ဝင်ပြိုင်ခဲ့တာပဲ စုချန်ယန်လည်း သူတို့ထဲက တစ်ယောက်ပဲ သေချာပေါက် သူမ အရည်အချင်းကြောင့် အရွေးခံရတာပေါ့ "

 

 

စုချန်ယန်က ဒီလိုအခြေနေမျိုးမှာ သူမဘက်က ရပ်တည်ပြောပေးမယ့်သူ ရှိမယ်လို့ မထင်ခဲ့ချေ။ ထပ်စပ်စုချင်တာနဲ့ ပို့စ်ကို နှိပ်ကြည့်လိုက်တော့ သူမနဲ့ကုမ္ပဏီတစ်ခုထဲ အတူတူအလုပ်လုပ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်နေမှန်း မြင်သည့်အခါ အတော်လေးအံ့ဩမိသည်ပင်။

 

 

Skincare ထုတ်ကုန် ကြော်ငြာပို့စ်တစ်ခုက သူမ၏ pageတွင် pin ထောက်ထားကာ ပုံများကို အသေးစိပ်တင်ထားသည်။ စုချန်ယန်က ပုံထဲက ကောင်မလေးကိုမြင်ဖူးသလိုတာကြောင့် အနည်းငယ် သေချာချဲ့ကြည့်လိုက်သည်။

 

 

"ထန်ယွဲ့ ..." စုချန်ယန်က သူမ နာမည်ကို ဖြေးဖြေးချင်း ရေရွတ်မိသွားသည်။