အပိုင်း ၂၄
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၂၄

 

 

 

 

 

 

စုချန်ယန် - "မစ္စတာလင်း စိတ်မပူပါနဲ့ ဒီနယ်ပယ်ထဲကဘယ်သူနဲ့မှ တွဲဖို့စိတ်ကူးမရှိပါဘူး"

 

 

လင်းယွီက သူမကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ"

 

 

သူတို့စကားပြောနေတုန်း ရှုယန်က ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။

 

 

"မစ္စတာ လင်း.. ချန်ယန်"

 

 

"အကိုရှု.." စုချန်ယန်က သူ့ကို နှုတ်ဆက်လိုက်သည်။

 

 

လင်းယွီလည်း ခေါင်းငြိမ့်ပြလိုက်ကာ စုချန်ယန်ကို ပြောလိုက်သည်။ "ချန်ယန် ရသစုံရှိုးပွဲနဲ့ ပက်သက်ပြီး သိထားရအောင် ရက်အနည်းငယ်အတွင်း ကုမ္ပဏီကိုလာစေချင်တယ်။ ကျွန်တော်တို့ အရင်သွားနှင့်လိုက်မယ်"

 

 

"ဟုတ်ကဲ့ပါ"

 

 

သူတို့နှစ်ယောက် ဟိုတယ်မှ ထွက်သွားသည်ကို ကြည့်ပြီးနောက် စုချန်ယန်က ဓာတ်လှေကားထဲ ဝင်လိုက်သည်။

 

 

သူမ ဟိုတယ်ကို ပြန်လာနေတုန်း ရှောင်လုက နိုးနှင့်နေပြီဖြစ်သည်။

 

 

စုချန်ယန် ဝင်လာတာကို မြင်သည်နှင့် သူမလှမ်းခေါ်လိုက်သည်။"ချန်ယန်!"

 

 

"ဟမ် ဘာလဲ? လမ်းကအပြန် အစ်မအတွက် ဘိန်းမုန့်ဝယ်လာတယ်" လို့ပြောကာ ရှောင်လုကို လက်ကမ်းပေးလိုက်သည်။

 

 

"ထုတ်ကုန်တစ်ခုက ယန်ရှို့ရီနဲ့ စာချုပ်ဖျက်သိမ်းကြောင်းနဲ့ သူ့ကို တရားစွဲမယ်ဆိုတဲ့ အကြောင်းကိုကြေငြာထားတာ ကြားပြီးပြီလား!" ရှောင်လုက ထပြောလာသည်။

 

 

"ဪ..ဟုတ်လား?" စုချန်ယန်က သိပ်မတုံ့ပြန်တော့ပေ။

 

 

"နင်ဘာလို့ မအံ့ဩတာလဲ။ ယန်ရှို့ရီမှာ ပေးစရာတွေအများကြီး ရှိလာနေပြီကို။ နင် လုံးဝ ဝမ်းမသာဘူးလား" ရှောင်လု မေးလိုက်သည်။

 

 

စုချန်ယန်က "ကျွန်မ အတော်အသင့်တော့ ပျော်ပါတယ်။ သူ့လို လူအပေါ်မှာ အချိန်ရော စိတ်ကော အပင်ပန်းမခံချင်တော့လို့ပါ" လို့သာ ပြန်ပြောလိုက်သည်။

 

 

ရှောင်လုက အံ့ဩသလိုနှင့် ဆက်မပြောတော့ပေ။ "မင်းမှန်တယ် သူ့လိုအလကားလူအပေါ်မှာ အချိန်ကုန်ခံမနေသင့်ဘူး"

 

 

စုချန်ယန်က ပြုံးကာ ပြောလိုက်သည်။ "တစ်ခုခုအရင်စားရအောင် ပြီးတာနဲ့ Gymသွားစို့"

 

 

"ဟုတ်ပြီ! ဒီဘိန်းမုန့်တွေက တော်တော်စားလို့ကောင်းတာပဲ ကျေးဇူးနော် ချန်ယန်!"ထိုနေ့မှစ၍ ရှောင်လုက စုချန်ယန်ရှေ့ ယန်ရှို့ရီအကြောင်း စကားမဟတော့ပါ။

 

 

စုချန်ယန်လည်း သူ့အချစ်ရေး အရှုပ်တော်ပုံ‌အပေါ်

လုံးဝ အာရုံမစိုက်‌ဘဲ သူမ တက်လမ်းများအပေါ်တွင်သာ အာရုံစိုက်နေလိုက်တော့သည်။

 

 

တခါတလေ စုချန်ယန်နဲ့ ရှောင်လု အပြင်မှာ လေ့ကျင့်ခန်းလုပ်နေစဉ် သူမကို သိသောလူတချို့မှ ဓာတ်ပုံအတူ တွဲရိုက်ပေးရန် တောင်းဆိုလာကြပြီး အရာရာက တည်ငြိမ်အေးချမ်းသည့် ဘက်သို့ ပြောင်းလဲသွားသလိုပင်။

 

 

နေ့လည် တစ်နာရီ၌ စုချန်ယန်နဲ့ ရှောင်လုတို့က ကုမ္ပဏီဆီ ကားမောင်းသွားခဲ့ကြသည်။ လင်းယွီက သူမကို ရသစုံရှိုးအကြောင်းကို လေ့လာစေချင်ပြီး စာချုပ်မှာလက်မှတ်မထိုးခင် ဘာပြဿနာမှ မရှိတာ သေချာအောင် ဒါရိုက်တာနှင့် ပေးတွေ့ပေးကာ အတည်ပြုလိုခြင်းပင်။

 

 

နှစ်ဖက်လုံး၏ စကားပြောဆိုမှုများအရ Starlight ဖျော်ဖြေရေးမှာ ထိုပရိုဂရမ်တွင် ရင်းနှီးမြှုပ်နှံထားသည်ကို သိလိုက်ရသည်။ ၆ပိုင်းသာ ပါတာမို့ သိပ်အရှည်ကြီးတော့ မဟုတ်ပေ။ ဖိတ်ကြားခံထားရသည့် အနုပညာရှင်တချို့မှာလည်း စုချန်ယန်လို မဟုတ်မမှန်သည့် သတင်းများထွက်ကာ သိပ်နာမည်မရသေးသည့် သူများပင်။

 

 

ဘာပြဿနာမှ မရှိဘူးဆိုတာ အတည်ပြုပြီးနောက် စုချန်ယန်က သူတို့နဲ့ စာချုပ်ချုပ်လိုက်သည်။

 

 

စုချန်ယန်က ဒီအတောအတွင်း ပြင်ဆင်ဖို့ ၁လနီးပါး အချိန်ရသည်။ လင်းယွီ တာဝန်က သူမ ဝိတ်ကျဖို့သာဖြစ်သည်။

 

 

ကိစ္စအားလုံး ပြီးဆုံးသွားသည့်နောက် စုချန်ယန်က ကုမ္ပဏီကနေ ချက်ချင်း မပြန်သေးပေ။ ရှောင်လုက မပြန်ခင် ကုမ္ပဏီကို လိုက်ပြကာ ညနေစာကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စားရသည့်ဆိုင်တွင် စားခဲ့ကြသည်။

 

 

မြေအောက် ကားပါကင်နေရာက ရှောင်လု ကားဆီ ရောက်တာနဲ့ စုချန်ယန်က သူမ ဗိုက်ကိုကိုင်ကြည့်ကာပြောလိုက်သည်။ "အသားတွေ အရသာက ဘယ်လိုလဲဆိုတာကို မေ့သလိုလိုတောင် ဖြစ်ချင်နေပြီ"

 

 

စုချန်ယန်က မကျေနပ်သလို ပြောလာပြီးနောက် သူမ မျက်လုံးတွေက အနည်းငယ် နီရဲစပြုလာသည်။

 

 

အတူတူ အချိန်ကုန်ဆုံးတာ ကြာလာတာနှင့်အမျှ ရှောင်လုက စုချန်ယန်အသားစားရတာ ဘယ်လောက်ကြိုက်နှစ်သက်မှန်း နားလည်လာခဲ့သည်။ ဒီလိုပြောလာတာကို ကြားပြီးနောက် သူမလည်း မတတ်နိုင်သလိုသက်ပြင်းချကာ ပြောလိုက်သည်။

 

 

"ငါ လုပ်နိုင်တာဘာမှမရှိဘူး။ အသီးအနှံနဲ့အရွက်တွေကိုတွဲပြီး နေ့တိုင်းစားနေရုံနဲ့တင် မင်းကို ဝိတ်တက်လာစေမယ်လို့ ငါ တကယ် မထင်ထားမိဘူး"

 

 

ထိုသို့ပြောလာသည်ကို ကြားသည်နှင့် စုချန်ယန်က သူမကို နီရဲ စိုစွတ်ကာ မကျေနပ်သည့် မျက်လုံးများနှင့် ကြည့်ပြီး ပြောခဲ့သည်။ "ဘာမှမဆိုင်တဲ့ကိစ္စကို ထပ်မပြောနဲ့"

 

 

မှန်ပါတယ် စုချန်ယန် ဝိတ်ထပ်တက်လာပြီ ဖြစ်သည်။ ဒါတောင် သူမ ဘာအသားမှ မစားရသေးပေ။

 

 

ရှောင်လုလည်း ရီနေရုံက လွဲပြီး ဘာမှမတတ်နိုင်တော့ပေ။ မြေအောက်ကားပါကင်ကနေ ထွက်ခါနီးအချိန်တွင်  သူမတို့ရှေ့ အနက်ရောင် ကားတစ်စီး ပိတ်ရပ်လာစဉ် ရှောင်လုက စုချန်ယန်ကို နှစ်သိမ့်ပေးနေခဲ့သည်။

 

 

ရှောင်လုလည်း မျက်မှောင်ကြုတ်ကာ ဟွန်း၂ခါလောက်တီးလိုက်သေးသည်။ သို့ပေမဲ့ ထိုကားမှာ နည်းနည်းတောင်ရွေ့သည့် အရိပ်အယောင်ပင် မပြချေ။

 

 

"ဘာဖြစ်လို့..." စုချန်ယန်က ရှေ့ကို ဘုမသိဘမသိ ကြည့်နေချိန် ကားညာဘက် ပြတင်းပေါက်မှာ ရုတ်တရတ်  လေးလံသည့် ပစ္စည်းတစ်ခုခုဖြင့် အခွဲခံလိုက်ရသည့် အသံထွက်လာခဲ့သည်။

 

 

"သတိထား!" ရှောင်လုက လျင်မြန်စွာနဲ့ စုချန်ယန် ခါးပတ်ကို ဖြုတ်ကာ သူမနား ဆွဲထားလိုက်သည်။

 

 

"ဒုန်း!"

 

 

စုချန်ယန်က ထင်မှတ်မထားသော အဖြစ်အပျက်ကြောင့် ထိတ်လန့်နေပြီး လူရမ်းကားလို ဘဲခေါင်းပုံစံဦးထုပ်ကို ဝတ်ဆင်ထားကာ လက်ထဲတွင်သစ်သားတုတ်ကိုင်ထားပြီး သူမတို့ကားကို စတင်ထုနှက်နေသည်ကို မှန်မရှိတော့သည့် ပြတင်းပေါက်မှ တစ်ဆင့် လန့်ကာကြောင်ကြည့်နေမိသည်။

 

 

စုချန်ယန်က ထိုလူ့ မျက်လုံးကို ကြည့်မိလိုက်ချိန် သူမမျက်လုံးထဲ ဇာတ်လမ်းပြကွက်တစ်ခုကို ပြန်မြင်ယောင်သလိုမျိုး သတိရလာကာ ကြောက်လန့်ပြီး မလှုပ်မယှက် ဖြစ်သွားရသည်။

"ကျွန်မကို အရင်က ထိခိုက်အောင် တိုက်ခိုက်ဖူးတဲ့သူပဲ"

 

 

တကယ်တော့ စုချန်ယန်က သူမ လက်ရှိဘဝနဲ့ ပက်သက်ပြီး အရင်က မှတ်ဉာဏ်တွေကို မမှတ်မိသေးပေ။ သူမမြင်လိုက်သည့် အကြောင်းအရာများက သူမ စိတ်ထဲမှာပေါ်နေတက်သည့် စနစ် အချက်အလက် ကဒ်ထဲမှလာသည့် အကြောင်းအရာများပင်ဖြစ်သည်။

 

 

အရင် စုချန်ယန်နှင့် ပက်သက်သည့် အကြောင်းအရာများကို မှတ်တမ်းယူထားတာဖြစ်ပြီး အရမ်းအတိအကျကြီးတော့မဟုတ်ချေ။ စုချန်ယန်ကို သူမ၏ မူလအဖြစ်အပျက်အကြောင်း အကြမ်းဖျဉ်း နားလည်ထားစေခြင်းပင်။

 

 

သူမ ထိုမျက်လုံးများကို မြင်လိုက်တာနှင့် တစ်ပြိုင်နက် စုချန်ယန် စိတ်ထဲ ထူးဆန်းသည့် မြင်ကွင်းက ရုတ်တရက် ပေါ်လာခဲ့သည်။

 

 

မြင်ကွင်းထဲ၌ စုချန်ယန်တစ်ယောက် မှောင်မဲနေသည့် စင်္ကြံလမ်းပေါ် လမ်းလျှောက်နေစဉ် ရုတ်တရတ် သူမနောက်မှ အလောတကြီး လိုက်လာနေသည့် ခြေသံကိုကြားလိုက်ရတာကြောင့် ဘာများလဲလို့ လှည့်ကြည့်

မိလိုက်သည်။ ထို့နောက် မျက်နှာဖုံးဝတ်ထားသည့် မျက်လုံးတစ်စုံကို မြင်လိုက်ရပြီး ထိုမျက်လုံးတို့က ယခုမြင်နေရသည့် သူ၏ မျက်လုံးများနှင့် တစ်ထပ်ထဲတူနေခြင်းဖြစ်သည်။

 

 

"ဒုန်း!"

 

 

ထိုလူက စုချန်ယန်ကို တည့်တည့်ကြည့်လာပြီး သစ်သားတုတ်ကို ဝှေ့ယမ်းလိုက်သည်။ ကားမှန်များ ကွဲအက်ကုန်ပြီး ဖန်ကွဲစများက စုချန်ယန်ဆီ လွင့်စင်လာခဲ့သည်။

 

 

"သေစမ်း!" ရှောင်လုက အံတင်းတင်းကြိတ်ကာ

ဂီယာအမြင့်ဆုံးတင်ပြီး သူမရှေ့ရှိ ကားကိုအရှေ့ရောက်အောင် တိုက်ပစ်လိုက်သည်။ အနက်ရောင်ကားမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ မြေအောက်ကားပါကင်နေရာမှာတင် နံရံကိုတိုက်မိကာ အသံလည်း ဟိန်းထွက်သွားသည်။ ထိုကားအင်ဂျင်လည်း အလုပ်မလုပ်တော့ပါ။

 

 

ခုနကလူက ပုံမှန်အတိုင်း အနောက်ကို သွားနေတုန်း

ထိုသို့ဖြစ်သွားတာကို မြင်လိုက်စဉ် သူမတို့ နောက်ကနေ သစ်သာတုတ်ကိုင်ပြီး အပြေးလိုက်လာတော့သည်။

 

 

ကားကို တိုက်ချပြီးနောက် စုချန်ယန့တို့ ကားသည်လည်း လှုပ်ခါသွားခဲ့သည်။ စုချန်ယန်က စတီယာရင်ပေါ် ကျခါနီးတွင် ရှောင်လုက အချိန်မှီထိန်းကာ ဆွဲထားလိုက်နိုင်သည်။

 

 

"ရဲကို အရင်ခေါ်လိုက်"

 

 

ထိုသို့ပြောပြီးနောက် ရှောင်လုက သူမ ခါးပတ်ကိုဖြုတ်ကာ ကားတံခါးဖွင့်လိုက်ပြီး အပြင်ထွက်ဖို့ ပြင်လိုက်သည်။

 

 

စုချန်ယန်က သွေးဆုတ် ဖြူလျော့နေသည့် မျက်နှာဖြင့်သူမ လက်ကိုဆွဲကာ မေးလိုက်သည်။

"ဘာလုပ်နေတာလဲ ဒီလောက်အန္တရာယ်များတဲ့ဟာကို"

 

 

ရှောင်လုက သူမလက်ကို ဖယ်ပြီး ပြန်ပြောလိုက်သည်။

"ငါက အထူးတပ်ဖွဲ့ဆီက နောက်ဆုံး စာမေးပွဲကို

အောင်ထားတဲ့လူလေ။ ဒီလူလောက်ကို မချနိုင်ဘူးထင်လို့လား?"

 

 

"သတိထားဦး သူ့မှာ လက်နက်တွေဘာတွေပါနေဦးမယ်"

 

 

"သိတယ်"

 

 

ထိုသို့ပြောပြီးနောက် ရှောင်လုက ကားထဲမှထွက်ကာ တံခါးကို ဝုန်းခနဲပိတ်လိုက်သည်။

 

 

စုချန်ယန်လည်း အချိန်ထပ်မဖြုန်းတော့ဘဲ ဖြစ်နေ

သည့်အတောအတွင်း ခုံအောက် ကျသွားသည့် ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူမ အလွန်အမင်း ထိန်လန့်ကာ ရှောင်လု ဘေးမကင်းမှာ စိုးရိမ်နေမိသည်။ သူမတစ်ကိုယ်လုံး တုန်ယင်နေသည်မှာ ဖုန်းကို လော့ခ်မဖွင့်နိုင်သည်အထိပင်။ ရုတ်တရတ်ဆိုသလို သူမဆီ ဖုန်းကောလ်တစ်ခု ဝင်လာခဲ့သည်။

 

 

စုချန်ယန်လည်း စဉ်းစားနေဖို့ အချိန်မရှိတာမို့ ပြတင်းပေါက်ဘက် ကြည့်ရင်း ဖုန်းကို အလိုအလျောက် ကိုင်ကာဖြေလိုက်သည်။

 

 

ရှောင်လုက ခုနက လူနား ချဉ်းကပ်သွားပြီး ‌သူ့ခေါင်းကိုနောက်မှ ကန်ချပစ်လိုက်သည်။ ထိုလူသည်လည်း ပြန်ချရန်ပြင်ကာ ရှောင်လု ခေါင်းတည့်တည့်ကို သစ်သားတုတ်ဖြင့် လှမ်းပစ်ပေါက်လိုက်သည်။

 

 

"ချန်ယန် တစ်ခုခုတော့ရှိနေသေး ...."

 

 

"သတိထား!!"

 

 

စုချန်ယန်က ရှောင်လုဆီ သစ်သားတုတ်ဖြင့် ပစ်ပေါက်လိုက်တာကို မြင်တာကြောင့် သွေးလေခြောက်ခြားပြီးတုန်ယင်နေသည်မှာ အသက်တောင် မရှူမိတော့ပေ။

 

 

"ချန်ယန်?" ဖုန်းထဲမှ ဝေခွဲမရသည့်ပုံစံနှင့် အသံမျိုးထွက်လာတော့သည်။

 

 

စုချန်ယန် အသံက ငိုသံပေါက်ပြီး တုန်ယင်နေခဲ့သည်။ "မစ္စတာလင်းလား? ကျွန်မတို့ မြေအောက်ကားပါကင်မှာ အလစ်ဝင်တိုက်ခိုက်ခံနေရလို့ အဲ့လူမှာ လက်နက်ပါတယ် ရှောင်လုက... အားးးး!"

 

 

ရှောင်လုက ထိုလူ့ လက်ထဲရှိ သစ်သားတုတ်ကို ထက်ပိုင်းကျိုးအောင် ဆောင့်ကန်လိုက်သည်။

 

 

လင်းယွီသည်လည်း စိတ်လှုပ်ရှားကာ အသက်ရှူမြန်လာပြီး မေးခဲ့သည်။ " ဘယ်နှယောက်တောင်ရှိတာလဲ?"

 

 

"တစ်ယောက်တည်း ဒါပေမဲ့ သူ့မှာလက်နက်ရှိတယ်

ရဲကိုခေါ်ပြီး ကျွန်မတို့ကို ကူညီပါဦး..."

 

 

ဤအချင်းအရာကို ကြားပြီးနောက် လင်းယွီက စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ပုန်းဖို့တစ်နေရာရာရှာလိုက်ပါ တစ်ယောက်ထဲဆိုရင်ရှောင်လု ဖြေရှင်းနိုင်ပါတယ်။ သူ့ကိုယုံလိုက်ပါ ကျွန်တော် အဲ့ကိုလာခဲ့မယ်"

 

 

ကားတံခါး၏ အပြင်ဘက်တွင် ရှောင်လုက လျင်မြန်သွက်လက်စွာ နှိမ်နင်းကာ ထိုလူ့ကို မြေပြင်ပေါ် တွန်းချပြီး ချုပ်ထားလိုက်သည်။ ထိုလူ့လည်ပင်းကို သူမ ဒူးနှင့်ဖိချထားပြီး မျက်နှာဖုံးကို လက်တစ်ဖက်ထဲဖြင့် ခွာချလိုက်ပြီး ဆံပင်ကို ဆောင့်ဆွဲကာ မျက်နှာကို မော့စေခဲ့သည်။

 

 

"သားလေးက အန်တီ့ရှေ့မှာမှ ထူးထူးဆန်းဆန်း လူပါးလာဝရဲတာလား။ ဟမ်! မင်းရဲ့ဟောဒီက အန်တီက ဘယ်တပ်ထဲက ထွက်လာတယ် ထင်နေလဲ?!" ရှောင်လုက ထိုလူ့ ခေါင်းကိုဆွဲကာ မြေပြင်နဲ့ မျက်နှာကို ခပ်ကြမ်းကြမ်း ရိုက်ကာ မိတ်ဆက်ပေးနေတာကြောင့် ထိုလူ့ဆီမှ ကျယ်လောင်သည့် အော်ဆဲသံနှင့် အော်မြည်းသံများဖြင့် ဆူညံနေတော့သည်။